Author: Editor

(006SV) အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြောက်၍ စစ်အစိုးရအဖွဲ့ အသစ်ကို ဖွဲ့စည်းကာ အာဏာတာဝန်ကို ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အာဏာသိမ်းစစ်ကော်မရှင်အဖွဲ့နှင့် စစ်တပ် ဒုတိယခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်က နောင်ဝိုး၊ ကျိုင်းခမ်းနှင့် မိုင်းပျဉ်းတပ်နယ်တို့ကို ရောက်ရှိပြီး တပ်မိသားစုများနှင့် တွေ့ဆုံရာမှာ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။ မတ်လ ၁၆ ရက်နှင့် ၁၈ ရက်တို့တွင် တတိယအကြိမ်မြောက် ပြည်သူ့တော်လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးများ ကျင်းပရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယစစ်ခေါင်းဆောင်က ပြောသည်။ လွှတ်တော်ခေါ်ယူ၍ အစည်းအဝေး ကျင်းပနိုင်ရန်အတွက် စစ်ကော်မရှင် အစိုးရနှင့် တိုင်းနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင် ဆင် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သော စစ်ကော်မရှင်က ဦးဆောင် ကျင်းပပေးသည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ ပါဝင်နိုင်ရေး ဆောင်ရွက်ပေးရာတွင် ပါတီငယ်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ လွှတ်တော်နိုင်ငံရေး စင်မြင့်တွင် ပါဝင်လာနိုင်စေရန် FPTP စနစ်နဲ့ PR စနစ်တို့ ကို ကျင့်သုံးခဲ့သောကြောင့် တိုင်းရင်းသားပါတီးများမှ ကိုယ်စားလှယ်များနှင့် ပါတီငယ်များမှ ကိုယ်စားလှယ်များ ပိုမိုပါဝင်လာ သည်ဟု ဒုတိယစစ်ခေါင်းဆောင်က ပြောသည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၁၆ ရက်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ…

Read More

(006SV) ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာရှိ ဈေးဆိုင်းတန်းကို စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူ ၁၈ ဦးအထိ သေဆုံးရှိလာပြီး ၎င်းတို့ထဲမှာ ကလေးငယ်နှင့် အမျိုးသမီး ၁၄ ဦးအထိ အများဆုံးပါဝင်နေကြောင်း ULA/ AA က သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၄ ရက် နေ့လယ် ၂ နာရီခန့်က စစ်ကော်မရှင်သည် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာမှ ဈေးဆိုင်တန်းကို ဂျက်ဖိုက်တာဖြင့် ပစ်မှတ်ထားပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည်ဟု ULA/ AA ၏ လူသားချင်းစာနာထောက်ပံ့မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ထားသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ ဦး၊ အမျိုးသမီး ၉ ဦးအပါအဝင် ဒေသခံပြည်သူ ၁၇ ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း၊ ၁၄ ဦးခန့်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ယင်းတို့အထဲတွင်း ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်နေပြီး အရပ်သားနေအိမ်များနှင့် ဈေးဆိုင်အချို့လည်း ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း သိရသည်။ ယနေ့တွင် ထိခိုက်ဒဏ်ရာရရှိသူများထဲက အမျိုးသမီး ၁ ဦးထပ်မံ သေဆုံးသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ရေးနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိသော ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုသည် နိုင်ငံတကာစစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုကို ကျူးလွန်းခြင်းဖြစ်ကြောင်း၊ ဂျီနီဗာကွန်ဗင်းရှင်ပါ အရပ်သားများကို ကာကွယ်စောင့်ရှောက်ရမည့် အခြေခံမှုများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း HDCO ရုံးက ဖေဖော်ဝါရီလ ၂၄ ရက်က…

Read More

(006SV) ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးတိုက်ပွဲများနှင့် ကလေးမြို့နယ်၊ မှန်တောရွာအနီး တိုက်ပွဲများတွင် ချင်းကာကွယ်ရေး တပ်ဖွဲ့ CDF – KKG မှ ဒုတပ်ရင်းမှူး အပါအဝင် ရဲဘော် ၃ ဦးသည် ယခု ဖေဖော်ဝါရီလအတွင်း ကျဆုံးကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်က ဖလမ်းမြို့နယ် တိုက်ပွဲတွင် CDF – KKG တပ်ရင်း (၇) မှ ဒုတပ်ရင်းမှူး Dal Sian Khai ကျဆုံးရသည်ဟု CDF – KKG တပ်ဖွဲ့က ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်က ထုတ်ပြန်သည်။ CDF – KKG တပ်ရင်း (၇) မှ ရဲဘော် Thian Lal Piang သည်လည်း ဖလမ်းမြို့နယ် တိုက်ပွဲတွင် တိုက်ပွဲဝင်ရင်း ဖေဖော်ဝါရီလ ၂၂ ရက်က ကျဆုံးခဲ့ရသည်ဟု သိရသည်။ CDF – KKG တပ်ရင်း (၄) မှ ရဲဘော် မင်းဇော် (ခ) မွှေးတု သည် စစ်ကိုင်း- ချင်းမကွေးအစပ် ကလေးမြို့နယ်၊ မှန်တောရွာ တိုက်ပွဲတွင် ဖေဖော်ဝါရီလ ၂ ရက်က ကျဆုံးရသည်ဟု သိရသည်။ ယင်းတပ်ဖွဲ့ဝင်တို့သည် စစ်အာဏာရှင်ကို တိုက်ခိုက်ချေမှုန်းပြီး စစ်အာဏာရှင်စနစ် ပပျောက်ရေး၊ ပြည်သူလူထု ကာကွယ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ကျဆုံးခြင်းဖြစ်ပြီး တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုအပေါ် CDF –…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ ပျံသန်းပြေးဆွဲနေသော လေကြောင်းလိုင်းများသည် ရပ်နားခြင်းမရှိဘဲ ယခင်အတိုင်း ပုံမှန် ပြေးဆွဲနေသည်ဟု လေယာဉ်အရောင်းဌာနထံမှသိရသည်။ ကလေးမြို့တွင် ပုံမှန်ပြေးဆွဲနေသော လေကြောင်းလိုင်း ၂ လိုင်းရှိပြီး ယင်းတို့မှာ မြန်မာ့လေကြောင်းလိုင်း MNA နှင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း-MAI(ယခင်ကမ္ဘောဇ) တို့ဖြစ်သည်။ မြန်မာ့လေကြောင်းလိုင်း MNA တွင် (MNA Flight) UB နံပါတ် ၃ လုံးပါနှင့် UB နံဘတ် ၄ လုံးပါဟူ၍ လေကြောင်းလိုင်း ၂ မျိုးရှိပြီး UB နံဘတ် ၄ လုံးပါ လေကြောင်းလိုင်းသာ ရပ်နားခြင်းသာဖြစ်သည်။ လေကြောင်းအားလုံးရပ်နားခြင်းမဟုတ် ပေ။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့က မြစ်ကြီးနားလေဆိပ်တွင် မြန်မာ့လေကြောင်းလိုင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး နောက် ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစ၍ မြန်မာ့လေကြောင်းလိုင်း UB နံဘတ် ၄ လုံးပါ လေယာဉ်မှာ ကလေးမြို့သို့ အကန့်သတ်မရှိ ပြေးဆွဲမှု ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကလေးမြို့မှတဆင့် မုံရွာ၊ မန္တလေး၊ ရန်ကုန် မြို့များသို့ မြန်မာ့လေကြောင်းလိုင်း MNA Flight -UB နံဘတ် ၃ လုံးပါ လေကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI တို့မှာ ယခင်အတိုင်းပုံမှန်ပြေးဆွဲပျံသန်းနေ ကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနမှသိရသည်။ လက်ရှိတွင် လေယာဉ်စီးခမှာ တဦးလျှင် ကလေး-မန္တလေး (၅၃၀၀၀၀) ကျပ်၊ ကလေး- ရန်ကုန် (၇၀၉၀၀၀) ကျပ် ရှိသည်ဟု သိရ သည်။…

Read More

(005MK) မီဇိုးအမျိုးသမီးများအနေဖြင့် လူမျိုးခြားနှင့် လက်ထပ်ထိမ်းမြားပါက မီဇိုးလူမျိုးဖြစ်ခြင်းမှ ရပ်ဆိုင်းခံရမည့် ဥပဒေကြမ်းကို မီဇိုရမ်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သည်။ ယနေ့ကျင်းပသော ၉ ကြိမ်မြောက် မီဇိုရမ်ပြည်နယ်လွှတ်တော် ဘတ်ဂျက်အစည်းအဝေးမှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma က “၂၀၂၆ ခုနှစ်၊ မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာ (ပြင်ဆင်ချက်) ဥပဒေကြမ်း” “The Mizo Marriage and Inheritance of Property (Amendment) Bill, 2026 ကို တင်သွင်းခဲ့သည်။ ယင်းဥပဒေကြမ်းကို ကန့်ကွက်သူမရှိဘဲ လွှတ်တော်ကိုယ်စားလှယ်အားလံုံးက တညီတညွတ်တည်း သဘောတူ အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာ (ပြင်ဆင်ချက်) ဥပဒေကြမ်းအရ မီဇိုးအမျိုးသမီးများ သည် လူမျိုးခြားကို လက်ထပ်ထိမ်းမြားပါက မီဇိုးလူမျိုးဖြစ်ခြင်းမှ ရပ်ဆိုင်းခံရမည်ဟု ဝန်ကြီးချုပ်ကပြောသည်။ ထို့အပြင် ၎င်းတို့မွေးလာမည့် သားသမီးများအနေဖြင့်လည်း Tribal (ဌာနေတိုင်းရင်းသားမျိုးနွယ်စု)ဖြစ်ခြင်းကို ဆက် လက်ခံယူ၍ ရတော့မည်မဟုတ်ကြောင်း မီဇိုရမ်ဝန်ကြီးချုပ်ကပြောသည်။ လူမျိုးခြားလက်ထပ်သည့် မီဇိုးအမျိုးသမီးများသည် ယခုပြင်ဆင်သည့် မီဇိုးလက်ထပ် ထိမ်းမြား ခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေအောက်တွင် အကျုံးဝင်တော့မည်မဟုတ်ကြောင်းသိရသည်။ တချိန်တည်းမှာပဲ မီဇိုးအမျိုးသားများက လူမျိုးခြားအမျိုးသမီးကို လက်ထပ်လျှင်မူ ယင်းဥပဒေအောက်တွင်ဆက်လက်အကျုံးဝင်ပြီး ၎င်းတို့၏ သားသမီးများလည်း မီဇိုးအဖြစ်ဆက်လက်ခံယူနိုင်သည်ဟု သိရသည်။ ပုံစာ- မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က လွှတ်တော်မှာ ဥပဒေကြမ်းတင်သွင်းနေစဉ်

Read More

(002MG)မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော – ကျောက်ထု – မင်းတပ်လမ်းပိုင်းအား လုံခြုံရေးအခြေအနေကြောင့် အချိန်အကန့်အသတ်ဖြင့် ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားသည်ဟု ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) က ဖေဖော်ဝါရီလ (၂၁) ရက်တွင် သိပေးထုတ်ပြန်သည်။ဆော-ကျောက်ထု -မင်းတပ် လမ်းပိုင်းအား ည (၈:၃၀) နာရီမှ မနက် (၆:၀၀) နာရီအတွင်း ဖြတ်သန်းသွားလာခြင်း (လုံးဝ) မပြုလုပ်ရန် ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ယင်းသတိပေးချက်သည် ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) နယ်မြေအတွင်း သွားလာလှုပ်ရှားနေထိုင်ကြသည့် မိဘပြည်သူများ နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးအား အကြောင်းကြား အသိပေးခြင်းဖြစ် သည်ဟု သိရသည်။၎င်းလမ်းပိုင်း လုံခြုံရေးဂိတ်များတွင် လုံခြုံရေးများအရ စစ်ဆေးမှုများ ပြုလုပ်နေသောကြောင့် မိဘပြည်သူများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ကြည်ဖြူစွာ ပူးပေါင်း ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထားသည်။ထို့အပြင် ကန့်သတ်ထားသည့် နယ်မြေနှင့် အချိန်အတွင်း ဂန့်ဂေါခရိုင်အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့များမှလွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမဆို သက်ဆိုင်ရာ ခရီးသွားလာခွင့် (MO) ပါရှိမှသာလျှင် ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ် ကြောင်းသိရသည်။ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်း အရေးပေါ်ကိစ္စများဖြင့် ဖြတ်သန်းသွားလာရန် လို အပ်ပါက ဂန့်ဂေါ ခရိုင် တပ်ရင်း (၁၃) ထံသို့ အ ကြောင်းကြားသတင်းပို့ရန် နှင့် သတ်မှတ်ထားသော ကန့်သတ်ချိန် အတွင်း တပ်ရင်း (၁၃) ထံ သတင်းပို့ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ…

Read More

(004SS) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တွီကင်းဝကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၀ လုံး ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီ ၂၁ ရက်၊ နေ့လယ် ၃ နာရီခန့်တွင် တွီကင်းဝကျေးရွာရှိ ဦးကျော်သာဦး၏ နေအိမ်၌ ရေနွေးတည်ရာမှတစ်ဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဟု သိရသည်။ တွီကင်းဝဒေသခံနှင့် နီးစပ်သူတစ်ဦးက “ဟုတ်ပါတယ်။ အသေးစိတ်တော့ မသိရသေးပေမဲ့ ရေနွေးတည်ရာကနေ စလောင်သွားတာ။ လူကတော့ ထိခိုက်မှုမရှိဘူးလို့ ကြားတယ်။ နေအိမ်ကတော့ ၁၀ လုံးလောက် လောင်သွားတယ်လို့ ပြောတယ်” ဟု ပြောသည်။ ထို့နောက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ မီးသတ်ဌာနနှင့် ဒေသခံများ ပူးပေါင်ကာ မီးငြိမ်းးသတ်ခဲ့ကြရာ ညနေ ၅ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း Arakan Princess Media ကဖော်ပြသည်။ အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ အိမ်ပိုင်ရှင်ဖြစ်သူအား တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) မှ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်မည်ဟုလည်း ဖော်ပြထားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ပါသေးသည်။

Read More

(006SV) ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များကို တပ်သားသစ် စတင်စုဆောင်း‌တော့မည်ဖြစ်ပြီး စစ်မှုမထမ်းလိုပါက နယ်နှင်ဒဏ် ပေးမည်ဟု တွန်းဇံမြို့နယ်ကောင်စီက ကြေညာသည်။ ဖေဖော်ဝါရီလ ၂၂ ရက်မှ စတင်၍ တွန်းဇံမြို့နယ်အတွင်းရှိ လူငယ်များ၊ တွန်းဇံမြို့နယ်အတွင်းသို့ ရောက်ရှိလာသော အသက် ၁၆ နှစ်မှ အသက် ၃၅ နှစ်အကြားရှိ လူငယ်များကို CDF – တွန်းဇံဇိုတပ်ဖွဲ့နှင့် ချင်းလဲန်းကောင်စီ (CC) တပ်ပေါင်းစုအတွက် တပ်သား သစ် စုဆောင်းမည်ဖြစ်သည်။ တပ်သားသစ် စုဆောင်းရေးကိစ္စသည် ချင်းလဲန်းကာကွယ်ရေးဌာနက အတည်ပြု ပြဌာန်းထားသည့် မူဝါဒဖြစ်ပြီး လက်ရှိ CDF တွန်းဇံတပ်ဖွဲ့ တစ်ခုတည်းသာ မဟုတ်ဘဲ ချင်းလဲန်း ကာကွယ်ရေးဌာနအောက်ရှိ အဖွဲ့ဝင်တိုင်း အကျုံးဝင်ဖော်ဆောင်ရမည်ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Salai Nai John Kim က ပြောသည်။ “တပ်သားစုဆောင်းရေးကိစ္စက ချင်းပြည်ချင်းလဲန်းကာကွယ်ရေးဌာနကနေ အတည်ပြု ပြဌာန်းထားတဲ့ မူဝါဒတွေ ဖြစ်ပါတယ်။ ဒီဟာတွေက တွန်းဇံပဲ မဟုတ်ပါဘူး။ ကာကွယ်ရေးဌာနအောက်မှာ ရှိတဲ့ တပ်ဖွဲ့ဝင်အဖွဲ့တိုင်းအတွက် အသုံးဝင်ပါတယ်။ လက်ရှိမှာ ကျနော်တို့ အားလုံး လူငယ်တိုင်းမှာ တာဝန်ထမ်းဆောင်ရမယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဒီဟာက လူတိုင်းမှာ တာဝန်ရှိတယ်။ လက်တွေ့လုပ်ဆောင်နိုင်ဖို့က လူငယ်တိုင်းမှာ တာဝန်ရှိတယ်။ ဒီဟာတွေကို အားလုံး နားလည်ဖို့ လိုတယ်။ ချင်းပြည်ကို လွတ်မြောက်စေချင်ရင်တော့…

Read More

စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို (006SV) အာရက္ခဒေသ၊ အိမ်နီးနားချင်းနှင့် မြန်မာနိုင်ငံအနှံ့မှ ချင်းညီအစ်ကိုများအနေဖြင့် မိမိတို့အချင်းချင်းအကြားတွင် “ချင်း” နှင့် “ရက္ခိုင်” လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်တစ်ခု ရေးထိုးကြရန် ချင်းအမျိုးသားနေ့မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းသည်။ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ကျရောက်သည့် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) က ပေးပို့အပ်သော သဝဏ်လွှာတွင် ယင်းကဲ့သို့ ထည့်သွင်း တိုက်တွန်းထားခြင်းဖြစ်သည်။ ယမန်နေ့က ကျရောက်သော ချင်းအမျိုးသားနေ့မှသည့် ချင်းလူမျိုး၊ ချင်းမျိုးနွယ်စုများအနေဖြင့် အမျိုးသား တန်းတူရေးနှင့်အတူ အာရက္ခတိုင်းပြည် တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကဏ္ဍများတွင် အတူတကွ ပါဝင် တည်ဆောက်သွားကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားသည်။ အာရက္ခဒေသ၊ အိမ်နီးနားချင်းနှင့် မြန်မာနိုင်ငံအနှံ့မှ ချင်းညီအစ်ကိုများအနေဖြင့် မိမိတို့ အချင်းချင်းအကြား ရရှိပြီးသား ချစ်ခင်မှု၊ နားလည်မှု၊ ယုံကြည်မှု၊ စည်လုံးညီညွတ်မှုများကို တန်ဖိုးထားပြီး ချင်းနဲ့ ရက္ခိုင်လူမျိုး နှစ်မျိုးအကြား သမိုင်းသစ်တစ်ခု ရေးထိုးကြရန်လည်း တိုက်တွန်းကြောင်း ULA က ထုတ်ပြန်သည်။ အာရက္ခဒေသအတွင်းနှင့် အပြင်ဖက်တွင် နေထိုင်ကြသော ချင်းလူမျိုးအပါအဝင် အခြားသော မျိုးနွယ်စု၊ လူမျိုးများသည် နှစ်ပေါင်းများစွာကပင် ဤဒေသနှင့်အတူ ရှည်လျားသော သမိုင်းကြောင်း၊ ပြောင်းလဲ၍ မရသော ပထဝီကြော တည်ရှိမှုအနေအထားအောက်တွင် အတူတကွ မှီတင်းနေထိုင်ခဲ့ကြသော “အာရက္ခညီအစ်ကို မောင်နှမရင်းချာများ” နှင့် “အိမ်နီးနားချင်း ညီအစ်ကိုမောင်နှမများ” ပင်ဖြစ်သည်ဟု ထုတ်ပြန်သည်။ သို့သော် မိမိတို့ လူမျိုးနှစ်မျိုးအပါအဝင်…

Read More

ညီညွှတ်မှုရှိရင် အာဏာရှင်များ မရပ်တည်နိုင်ဘူးဆိုတာ နှလုံးသွင်းကြရန် ချင်းလဲန်းကောင်စီ ဥက္ကဌပြော (006SV) လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ ကဏ္ဍအသီးသီးမှာ ချင်းပြည်ကာကွယ်ရေးနှင့် ချင်းပြည်ရှင်သန် ရပ်တည်ရေးအတွက် ပါဝင်ဆောင်ရွက်ကြရန် ချင်းလဲန်းကောင်စီ (CC) က ကြေညာသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျရောက်သော ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့နှင့်ပတ်သက်၍ ချင်းပြည်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ တိုက်တွန်းနှိုးဆော်ထားသည်။ စစ်အာဏာရှင်တော်လှန်ရေးကာလတွင် မိမိတို့ ဌာနေဒေသကို စွန့်ခွာ၍ ရေကြည်ရာ မြက်နုရာ ရှာဖွေခြင်းသည် လွယ်ကူသော ရွေးချယ်မှု ဖြစ်နိုင်သော်လည်း မိမိတို့၏ အမျိုးသားတော်လှန်ရေးအတွက် မှန်ကန်သော ရွေးချယ်မှု မဟုတ်ကြောင်း ချင်းလဲန်း ကောင်စီက ထုတ်ပြန်သည်။ ချင်းပြည်ကို ချင်းအမျိုးသားပြည်သူများ၏ အသက်၊ သမိုင်းနှင့် အနာဂါတ်တို့ဖြင့် ရင်းနှီးပြီး တည်ဆောက် ထားခြင်းဖြစ်ကြောင်း၊ ယင်းကြောင်း ယခုကာလမှာ အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ ကဏ္ဍအသီးသီးမှ ချင်းပြည် ကာကွယ်ရေးနှင့် ချင်းပြည် ရှင်သန်ရပ်တည်ရေးအတွက် ပါဝင်ကြရမည်ဟု ချင်းလဲန်းကောင်စီက အသိပေးနှိုးဆော်သည်။ မြန်မာမှာ စစ်တပ်ကြီးစိုးသော စနစ်သည် ချင်းအမျိုးသားများ၏ နိုင်ငံရေးစနစ်နှင့်ဆန့်ကျင့်သည့်အတွက် ပြည်သူ့ဆီမှာ အာဏာရှိသော ဒီမိုကရေစီ ရရှိသည့်အထိ တိုက်ပွဲဝင်သွားရမည်ဟု ချင်းလဲန်းကောင်စီဥက္ကဌ ပူးဇင်ကျုံးက ချင်းအမျိုးသားနေ့ မိန့်ခွန်းမှာလည်း ထည့်သွင်းပြောကြားသည်။ “၇၉ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုတဲ့နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘာတည်သရွေ့ စစ်တပ် တည်ရှိနေမှာဖြစ်ပြီး ၊ စစ်တပ်တည်ရှိသရွေ့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရမယ်…

Read More