(004SS) ထန်တလန်မြို့အပါအဝင် ချင်းပြည်နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းအားလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ရည်မှန်းချက်တူ မဟာမိတ်တပ်ဖွဲ့များနှင့် လက်တွဲကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထန်တလန်မြို့နယ်ကောင်စီ/CDF-Thantlang က ထုတ်ပြန်ကြေညာသည်။ ဧပြီလ ၆ ရက်နေ့တွင် ထန်တလန်မြို့နယ်ကောင်စီ/CDF-Thantlang တည်ထောင်ခြင်း ၅ နှစ်ပြည့် အခမ်းအနားကို ထန်တလန်မြို့နယ် တစ်နေရာတွင် အောင်မြင်စွာကျင်းပခဲ့ကြရာမှာ ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။ တော်လှန်ရေးကာလ ၅ နှစ်ရှိလာချိန်တွင် စစ်ရေးအရှိန်မြှင့်တင်မှုနှင့်အတူ ပြည်သူ့အုပ်ချုပ်ရေးနှင့် နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်စေရန်အတွက် ရည်မှန်းချက်တူ မဟာမိတ်အဖွဲ့အစည်းများနှင့် ခိုင်ခိုင်မာမာ ဆက်လက်လက်တွဲသွားမည်ဟု CDF-Thantlang က ဆိုသည်။ “CDF-Thantlang ၅ နှစ်ပြည့် အခမ်းအနားကို ဒီဧပြီ ၆ ရက်နေ့က ကောင်းကောင်းမွန်မွန် ကျင်းပနိုင်ခဲ့တယ်။ ဆက် လက်ပြီး ကျွန်တော်တို့ စစ်ရေး၊ နိုင်ငံရေး အုပ်ချုပ်ရေးအောင်မြင်နိုင်ဖို့ကျတော့ ကျွန်တော်တို့ ချင်းပြည် ချင်းလဲန်း ဖယ်ဒရယ် ဒီမိုကရေစီရရှိဖို့ လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆက်လက် ပူးပေါင်းပြီးတော့မှ ဆောင်ရွက်သွားမယ်လို့ ရည်ရွယ်ပြီး ထုတ်ပြန်ထားတာပါ” ဟု CDF-Thantlang အထွေထွေအတွင်းရေးမှူးက ပြောသည်။ ထန်တလန်မြို့နယ်အတွင်း ကျန်ရှိနေသေးသည့် စစ်ကော်မရှင်စခန်းများကို အပြီးတိုင် တိုက်ထုတ်နိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ကာ စစ်ရေးပြင်ဆင်မှုများကို ယခင်ကထက် ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ထို့နောက် ချင်းလူမျိုးစုများအကြား စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရန်လည်း ကြိုးပမ်းသွားမည်ဟုလည်း သိရသည်။ တော်လှန်ရေး (၅) နှစ်တာကာလအတွင်း စစ်ကော်မရှင်တပ်၏ လက်ချက်ကြောင့် ရဲဘော်အများအပြား၊ အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရသည့်အပြင် အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း CDF-Thantlang…
Author: Editor
(006SV) အာဏာသိမ်း စစ်ကော်မရှင်သည် တရားဝင်မှု အပေါ်ယံလွှာကို ဖန်းတီးနိုင်ရေးအတွက် အတုအယောင် ရွေးကောက်ပွဲ များကိုသာ ကျင်းပခဲ့ခြင်းကြောင့် လက်ရှိ တက်လာသော စစ်အစိုးရသစ်သည်လည်း အတုအယောင် ရွေးကောက်ခံ စစ်အစိုးရသာဖြစ်ကြောင်း BNI က ထုတ်ပြန်သည်။ ” ရွေးချယ်ခွင့်မဲ့ မဲဆန္ဒရှင်များ” ဟု အမည်ပေးထားသော မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများရှိ ရွေးကောက်ပွဲဆိုင်ရာ ဖြစ်ရပ်များဆန်းစစ်ခြင်း အစီရင်ခံစာကို ဧပြီလ ၆ ရက်က အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့ရာ တွေ့ရှိချက်များထဲ Burma News International မှ တာဝန်ရှိသူများက ထည့်သွင်းပြောခြင်းဖြစ်သည်။ “၂၀၂၅ ရွေးကောက်ပွဲတွေက ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ လုံးဝ ကိုက်ညီမှု မရှိဘူးဆိုတာကို အားလုံးက သိပြီးသာဖြစ်တယ်။ စစ်အုပ်ချုပ်ရေး ပုံစံကိုပဲ နောက်ထပ် ပြောင်းလဲဖို့အတွက် ဖန်တီးထားတဲ့ လုပ်ငန်းစဉ် တစ်ခုပဲ ဖြစ်တယ်ဆိုတာကို အခိုင်အမာ ပြောချင်တယ်။ မဲပေးခွင့် ရှိတဲ့ သူ ၃၅ ရာခိုင်နှုန်းကျော်ကို စာရင်းကနေ ပယ်ဖျက်ခဲ့တာ၊ အတိုက်အခံပါတီတွေကို ဖျက်သိမ်းခဲ့တာနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ ကြိုတင်မဲတွေနဲ့ပဲ ဒီရွေးကောက်ပွဲကို နိုင်အောင် လုပ်ခဲ့တာတွေကြောင့် တရားဝင်မှု အပေါ်ယံလွှာကို ဖန်တီးထားတာထက် မပိုဘူးဆိုတာကို ထောက်ပြချင်ပါတယ်။ အခုတက်လာတဲ့ အစိုးရဟာလည်း အတုအယောင် ရွေးကောက် ပွဲကနေ တက်လာတဲ့ အစိုးရပဲ ဖြစ်တဲ့အတွက် သူတို့ကို အတုအယောင် အစိုးရလို့ပဲ သတ်မှတ်ရမှာ ဖြစ်တယ်။ အတုအယောင် အစိုးရလို့ပဲ တောက်လျှောက်ခေါ်သွားရမှာပါ” ဟု ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ မအာမီက…
ရကားရွာမှာ ကျင်းပသည့် ရွာပေါင်းစုံဘောလုံးပြိုင်ပွဲမှာ မရာလူငယ်အများအပြား စစ်မှုထမ်းရန် ခေါ်ဆောင်ခံရဟုဆို (006SV) ချင်းပြည်နယ်၊ မရာဒေသတွင် စစ်ကော်မရှင်တပ်အပါအဝင် ရန်သူအမျိုးမျိုး၏ ရန်မှ ကာကွယ်နိုင်ရေး အင်အား ဖြည့်တင်းရန် အရေးပေါ်လိုအပ်နေသည့်အတွက် မရာလူမျိုးတိုင်း စစ်မှုထမ်းရမည်ဟု MTC/ MDF က ယနေ့ဧပြီလ ၈ ရက်မှာ ကြေညာသည်။ မရာဒေသနယ်မြေလုံခြုံရေးနှင့် ဆက်စပ်သည့် စစ်မှုထမ်း ဥပဒေကို ဒုတိယအကြိမ်၊ မရာပြည်သူ့ညီလာခံသက်တမ်း၊ ဒုတိယအကြိမ် ဗဟိုကောင်စီအစည်းအဝေးတွင် မရာဒေသအတွင်း နေထိုင်သော သတ်မှတ်ထားသည့် အသက်ပြည့် ပြီးသူ မရာလူမျိုးတိုင်း စစ်မှုထမ်းရန် ဆုံးဖြတ်ခဲ့သည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်း ကာကွယ်ရေး တပ်ဖွဲ့ (MTC/ MDF) က ထုတ်ပြန်သည်။ “ဒီဟာက ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ကျနော်တို့ ပြဌာန်းထားပြီးသားပါ” ဟု MTC/ MDF ပြောရေးဆိုခွင့်ရှိသူ ကိုဓူဝံက ပြောသည်။ ဗဟိုကောင်စီအစည်းအဝေး၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နေခြင်းဖြစ်၍ မရာလူထုတစ်ရပ်လုံးက MTC/ MDF ၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ပူးပေါင်းပါဝင်ကြရန်နှင့် အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရန် အသိပေးသည်။ လက်ရှိတွင် စစ်ကော်မရှင်တပ်သည် အင်အားစုဆောင်း၍ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများကို မြေပြင်၊ ဝေဟင်မှ အပြင်းအထန် ထိုးစစ်ဆင်နေပြီး နယ်မြေပြန်လည် ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ကာလ ဖြစ်သည်ဟု MTC/ MDF က ဆိုသည်။ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်း စစ်ကော်မရှင်တပ်၏ ထိုးစစ်ကို ခုခံတွန်းလှန်နိုင်ရန် ပြင်ဆင်နေသည့် ကာလ ဖြစ်သည့်…
(006SV) လက်ရှိ စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွင်းထန်ကိုပင် စစ်အစိုးရသစ်၏ ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမည်စာရင်း တင်သွင်းပြီး ဆက်လက်ခန့်အပ်ခဲ့သည်ဟု သိရသည်။ ဧပြီလ ၆ ရက်က ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အာဏာသိမ်း စစ်အုပ်စု၏ တတိယအကြိမ်၊ ချင်းပြည်နယ် လွှတ်တော်၊ ပထပုံမှန် အစည်းအဝေး တတိယနေ့ကို ကျင်းပရာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒေါက်တာ ဝုန်ဆွင်းထန်ကို အမည်စာရင်း တင်ပြပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရန် မရှိ အတည်ပြုသည်ဟု သိရသည်။ ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာ ဝုန်ဆွန်းထန်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် အာဏာသိမ်း စစ်ကော်မရှင်က ခန့်အပ်ခဲ့ပြီး စစ်ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်နေခဲ့ရာ လက်ရှိ အတုအယောင် ရွေးကောက်ပွဲများ အလွန်တွင်လည်း ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဆက်လက်ခန့်အပ်ခံရခြင်းဖြစ်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ ဝုန်ဆွန်းထန်ကို ဆက်ခန့်အပ်ရန်နှင့် ချင်းပြည် နယ်အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၇ ခုဖြင့် ဖွဲ့စည်းရန် ညွှန်ကြား အဆိုပြုခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရန် မရှိသည့်အတွက် ချင်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးကောလ်လျန်ထန်က အတည်ပြုသည်ဟု သိရသည်။ ချင်းပြည်အစိုးရအဖွဲ့ကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ လူမှုရေးရာ ဝန်ကြီးဌာန၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း…
(002MG) စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုကြောင့် မတ်လအတွင်း အမျိုးသမီး (၈၈) ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၅၄) ဦးအထိ ရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂမှ ယနေ့ ဧပြီလ (၇) ရက်တွင် သတင်းထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မတ်အတွင်း မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်ကော်မရှင်၏ လေ ကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၅၇) ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် (၂၁) ဦး ၊ မီးရှို့သတ်ဖြတ်ခြင်းကြောင့် (၄) ဦး၊ လက်နက်ကြီးကြောင့် (၃) ဦး၊ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကြောင့် (၁) ဦး အကျဉ်းထောင်တွင်း ဆေးကုသမှုခံယူခွင့်မရရှိခြင်း ကြောင့် (၁) ဦး နှင့် မြေမြုပ်မိုင်းကြောင့် (၁) ဦး စုစုပေါင်း (၈၈) ဦး တို့ အ သက်ဆုံးရှုံးခဲ့ကြရသည်ဟု သိရသည်။ အဆိုပါသေဆုံးသူများထဲတွင် အသက် (၁၈) နှစ်အောက် အမျိုးသမီးငယ် (၂၀) ဦး နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး (၃) ဦး ပါဝင်သည်ဟု ဖော်ပြထား သည်။ ထို့အပြင်လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၄၈) ဦး၊ လက်နက် ကြီးပစ်ခတ်ခံရမှုကြောင့် (၁) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၄) ဦး နှင့် ကျဉ်ထိခိုက်မှုကြောင့် အမျိုးသမီး (၁) ဦး စုစုပေါင်း (၅၄) ထိခိုက် ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။ စစ်ကိုင်းတိုင်းတွင် အမျိုးသမီးသေဆုံးမှု (၃၇)…
(006SV) မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့ပေါ်နှင့် ရုံးဌာနတချို့ကို လုံခြုံရေးနှင့် စစ်ဆေးရေးအဖြစ် ဝင်ရောက်ခဲ့ပြီး ပြည်သူနှင့် အနီးကပ်ဆုံးမှာ တည်ရှိနေကြောင်း ပြသခဲ့သည်ဟု CDF – အရှိုတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။ ဧပြီလ ၄ ရက် ညပိုင်းတွင် ငဖဲမြို့နယ်အတွင်းရှိ မြို့နယ်ပညာရေးမှူးရုံးနှင့် ကြံ့ခိုင်ရေးပါတီရုံးများသို့ CDF – အရှို စစ်ကြောင်းမှူး မြွေပွေး ဦးဆောင်၍ ဝင်ရောက်ခြင်းဖြစ်ပြီး မြို့ပေါ်တိုက်ပွဲ ဖော်ဆောင်သော စစ်ဆင်ရေး မဟုတ်ဘဲ မြို့တွင်းအင်အားပြခြင်းသာ ဖြစ်ကြောင်း သိရသည်။ “မြို့တွင်းကို ဝင်ပြီး အခုလို အင်အားပြရတယ်ဆိုတာက ပြည်သူတွေအနေနဲ့ လက်ရှိလည်း စစ်တပ်က အာဏာ သိမ်းထားဆဲပဲ၊၊ စစ်အစိုးရစနစ်နဲ့ အုပ်ချုပ်နေဆဲ ဆိုတာကို မေ့လျော့မသွားအောင်လို့ ပြည်သူကို သတိပေးတဲ့အနေနဲ့ ကျနော်တို့ မြို့တွင်းကို ဝင်ရောက်တာ ဖြစ်ပါတယ်။ နောက်တစ်ခုက ပြည်သူနဲ့ အနီးစပ်ဆုံးမှာ ရှိနေပါတယ်ဆိုတဲ့ စိတ်ဓါတ်ကိုလည်း ပြချင်တာလည်း ပါပါတယ်။ တချို့ထင်ထားတာက တော်လှန်ရေး ၅ နှစ်ကျော် ရှိလာပြီ ဆိုပေမယ့်လည်း တော်လှန်ရေးလုပ်တဲ့ လူတွေက မြို့နဲ့အဝေးဆုံး တောတောင် ရေမြေတွေ၊ လူသူ အရောက်အပေါက် နည်းတဲ့ နေရာတွေမှာပဲ နေထိုင်နိုင်တယ်၊ တည်ရှိကြတယ်လို့ သိထားတဲ့ အရပ်သား ပြည်သူတွေ ရှိတဲ့အတွက် အဲလို မဟုတ်ဘူးဆိုတဲ့အကြောင်း ပြည်သူတွေနဲ့ အနီးနားဆုံးမှာ ကျနော်တို့ ရှိနေတယ်ဆိုတဲ့အကြောင်း ပြည်သူကို မက်ဆေ့ပေးချင်တဲ့အတွက်ကြောင်း မြို့ထဲကို ဝင်ရောက်တဲ့ စစ်ဆင်ရေးကို ကျနော်တို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။…
(004SS) ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၃) ကြိမ်မြောက် Asian Business Forum ၌ ချင်းအမျိုးသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ Pa Do Khan Tuang က အာဆီယံဒေသတွင်း ထူးချွန်ဆုနှစ်ဆုကို တစ်ပြိုင် နက်တည်း ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ချင်းပြည်နယ်အခြေစိုက် လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ယခုကဲ့သို့ အာဆီယံအဆင့် စီးပွားရေးထူးချွန်ဆုများကို ပထမဆုံး အကြိမ်အဖြစ် ရရှိခဲ့ခြင်းလည်း ဖြစ်သည်ဟု သိရသည်။ ၎င်းရရှိခဲ့သည့် ဆုများမှာ “ASEAN Outstanding Visionary Leader of the Year 2026” (အာဆီယံအဆင့် ထူးချွန်အမြော်အမြင်ရှိသော ခေါင်းဆောင်ဆု) နှင့် “ASEAN Outstanding Business Leader Award 2026” (အာဆီယံအဆင့် ထူးချွန်စီးပွားရေးခေါင်းဆောင်ဆု) တို့ ဖြစ်သည်။ အသက် ၄၀ အရွယ်ရှိသည့် Pa Do Khan Tuang သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇံသွီး (Zaangtui) ကျေးရွာဇာတိ ဖြစ်သည်။ ၎င်းသည် လက်ရှိတွင် ကလေးမြို့၌ အခြေစိုက်ကာ ပညာရေး၊ မီဒီယာနှင့် လူမှုကူညီရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍမှ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေသူတစ်ဦး ဖြစ်ကာ ပညာရေး၊လူမှုရေး၊ စီးပွါးရေးနှင့် သတင်းမီဒီယာကဏ္ဍ အသီးသီးကို ဦးစီဦးဆောင်ပြုနေသူတစ်ဦး ဖြစ်သည်။ ကလေးမြို့တွင် အရည်အသွေးမြင့် ပညာသင်ကြားပေးနေသည့် Bridge International School (BIS) ကို တည်ထောင်ကာ ကျောင်းသားဦးရေ (၅၀၀) ကျော်အားပညာသင်ကြားပေးနေခြင်း၊ Helping…
ချင်းညီနောင်ကို အင်အားကြီး တပ်တစ်ခုဖြစ်အောင် တည်ဆောက်ရန် ကြိုးစားနေဟု ဆို (006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော PDF – Zoland စစ်ဦးစီးချုပ် Gideon သည် ချင်းညီနောင် (CB) အဖွဲ့၏ စစ်ဦးစီးချုပ်အသစ် ဖြစ်လာကြောင်း သိရသည်။ လွန်ခဲ့သည့် ၂ နှစ်က ချင်းညီနောင်ကို စတင်ဖွဲ့စည်းစဉ် CDF – Mindat စစ်ဦးစီးချုပ် ထန်းချွန်ဖေက ချင်းညီနောင် စစ်ဦးစီး ချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ စတင်၍ PDF – Zoland စစ်ဦးစီးချုပ်ထံသို့ ချင်းညီနောင်အဖွဲ့ဝင် စီမံအုပ်ချုပ် မှုအစုအဖွဲ့၏ သဘောတူဆုံးဖြတ်ချက်ဖြင့် လွှဲပြောင်းခြင်းဖြစ်သည် ဟု သိရသည်။ “တာဝန်အပြောင်းအလဲက အရင်က CB စစ်ဦးစီးချုပ်ဆီကနေ ချင်းညီနောင်အုပ်ချုပ်မှုအစုအဖွဲ့ကနေ ဆုံဖြတ်ချက်အရ တာဝန်ယူ ရခြင်းဖြစ်တယ်။ ၂၀၂၆ ဇန်နဝါရီလပိုင်းမှာ စတင်တာဝန်ထမ်းဆောင်တာဖြစ်တယ်။ ချင်းညီနောင်မှာက စစ်ရေးကော်မတီ ရှိတယ်။ စစ်ရေးကော်မတီကနေ ချင်းညီနောင် စစ်ရေးကို ဆွေးနွေးကြတယ်။ ဘယ်လို ပုံဖော်ကြမလဲပေါ့၊ ၊ အထူးသဖြင့် ချင်းညီနောင်က စစ်ရေးပိုင်းမှာ ပိုအားကောင်းအောင် တည်ဆောက်တယ်။ မဟာမိတ်ကဏ္ဍ၊ ပြီးရင် တပ်ဘက်ပိုင်းမှာ တည်ဆောက်ရေးကို ကြိုးစားနေတယ်” ဟု CB စစ်ဦးစီးချုပ်အသစ် Gideon က ပြောသည်။ မေလ ၄ ရက်က အွန်လိုင်းမှတဆင့် ပြုလုပ်သည့် ချင်းညီနောင်၏ မြို့သိမ်းတိုက်ပွဲများအတွက် ရန်ပုံငွေ ရှာပွဲမှာ ချင်းညီနောင် (CB) အဖွဲ့၏ စစ်ဦးစီးချုပ်အသစ်…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား (၅) ဦး သည် ဧပြီလ (၃) ရက်နေ့က လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။ လွတ်မြောက်လာသူများမှာ အသက်(၂၅) နှစ်အရွယ် ကိုအောင်နိုင်လင်း၊ အသက် (၂၈) နှစ်အရွယ် ကိုရှော၊ အသက် (၂၈) နှစ်အရွယ် မဗန်ဆွေဒိမ်း၊ အသက် (၂၉) နှစ်အရွယ် ကိုဇလိတ်ဘွဲ့ တွမ်ထန်း နှင့် အသက် (၃၁) နှစ်အရွယ် မတာချင်နှယ် တို့ဖြစ်ကြသည်။ ၎င်းတို့သည် စစ်အာဏာသိမ်းပြီးနောက်၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခြင်းကြောင့်ဟုဆိုကာ ဖမ်းဆီးခံရသူများ ဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် (၅) နှစ် အသီးသီး ချမှတ်ခံထားရသူများ ဖြစ်ကြသည်။ လက်ရှိ ကလေးမြို့၊အကျဉ်းထောင်တွင် ကဗျာဆရာ ကိုကြယ်စင်ရောင်၊ ကလေးမြို့ အမျိုးသမီးလူထုသပိတ်ခေါင်းဆောင် မအိစံ ၊ကလေးမြို့ လူထုသပိတ်အဖွဲ့ဝင် ကိုမျိုးကို လူထုသပိတ်အဖွဲ့ဝင် ကိုဂွတို၊ ကလေး PDF ဆေးတပ်ဖွဲ့ဝင် မမန်လွန်း ဒိမ်း၊ မညောင် ဒွန့်ကျင်၊ မမားလ် ဆောမ်ဒေါင်း အီး၊ မလားလ်တန်လွေးအီ၊ မဇမ်ဇိုးဇာမ်၊ မလားလ်လွန်စန်းအီး၊ မလားလ် မွမ်းကိမ်းအီး၊ မဗန်လားရွန်း အီးနှင့် မလားလ်ပျန်းဖဲလ်အီး တို့အပါအ ဝင် နိုင်ငံရေးအကျဉ်းသားရာကျော်ကျန်ရှိနေသေး ကြောင်းသိရ သည်။ ပြီးခဲ့သည့် မတ်လ (၂) ရက်နေ့ကလည်း…
(006SV) ၂၀၂၁ စစ်အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ကျင်းပပြုလုပ်သော အတုအယောင် လွှတ်တော်အစည်းအဝေးတွင် ကြိုတင်စီမံထားသည့်အတိုင်း ထောက်ခံမဲအပြတ်အသတ်ဖြင့် သမ္မတအဖြစ် ရွေးချယ်လိုက်ကြောင်း သိရသည်။ ပြည်သူ့လွှတ်တော်မှ ကိုယ်စားပြု၍ အရွေးခံသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထောက်ခံမဲ ၄၂၉ မဲ၊ အမျိုးသား လွှတ်တော်မှ ကိုယ်စားပြု၍ အရွေးခံသော ဒေါ်နန်းနီနီအေးသည် ထောက်ခံမဲ ၂၉ မဲနှင့် စစ်တပ်မှ ကိုယ်စားပြု အရွေးခံသော ဗိုလ်ချုပ်ကြီးဟောင်း ညိုစောက ၁၂၆ မဲ ရရှိသည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးအောင်လင်းဒွေးက ကြေညာသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ၊ ဦးညိုစောက ဒုသမ္မတ ၁ နှင့် ဒေါ်နန်းနီနီအေးက ဒုသမ္မတ ၂ ဖြစ်လာမည်ဟု သိရသည်။ ယနေ့ ဧပြီလ ၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်တွင် သမ္မတရွေးချယ်တင်မြှောက်ရေး ကျင်းပပြုလုပ်ခဲ့ပြီး သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဖွဲ့စည်းကာ ပြည်သူ့လွှတ်တော်၊ အမျိးသားလွှတ်တော်နှင့် စစ်တပ် စသည်တို့မှ သမ္မတလောင်း ၃ ဦးကို လွှတ်တော်ကိုယ်စားလှယ်များက မဲပေးရွေးချယ်သည်ဟု သိရသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သည်ဟု စွပ်စွဲပြီး ၂၀၂၁ ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းခဲ့ခြင်း၏ ၅ နှစ်ရှိလာချိန် ၂၀၂၅ ခုနှစ်မှာ စစ်ပွဲအပြင်းအထန် ဖြစ်ပွားနေသော နိုင်ငံတဝန်းမှာ ရွေးကောက်ပွဲ ၃ ကြိမ်ကျင်းပကာ သမ္မတ လုပ်လာခြင်းဖြစ်သည်။ တပ်ချုပ်ရာထူးကို…
