(005MK) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသအတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိသဖြင့် လိုင်တွီးရွာနှင့် ရိဒ်ခေါဒါရ်မြို့အကြား လမ်းမကြီးအား သတ်မှတ်ထားသည့် အချိန်ကာလများ၌သာ ဖြတ်သန်းသွားလာခွင့်ပြု မည်ဖြစ် ကြောင်း CDF-Hualngoram (War Office) က ယနေ့ (မေလ ၂၁ ရက်) တွင် ထုတ်ပြန်သည်။ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုင်တွီးရွာနှင့် ရိဒ်ခေါဒါရ်မြို့အကြား လမ်းမကြီးကို နံနက် ၆ နာရီမှ ၁၀ နာရီအထိ နှင့် ညနေ ၅ နာရီမှ ည ၉ နာရီအတွင်းသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု ဆိုသည်။ လမ်းပိတ်ဆို့ထားသည့် အချိန်များအတွင်း လူ၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ အားလုံး ဖြတ်သန်းသွားလာခြင်း မပြုရန် တားမြစ်ထားပြီး၊ လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ပြီးစီးပါက လမ်းကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ဒေသခံပြည်သူများနှင့် ခရီးသွား မိဘပြည်သူများအနေဖြင့် လုံခြုံရေးအရ သတ်မှတ်ထားသည့် လမ်းပိတ်ချိန်နှင့် လမ်းဖွင့်ချိန်များကို အလေးထားလိုက်နာကြရန် တိုက်တွန်းထားသည်။ ထုတ်ပြန်ချက်ကို မလိုက်နာဘဲ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ကိစ္စရပ်များအပေါ် တာဝန်ယူမည်မဟုတ်ကြောင်း CDF-Hualngoram ကပြောဆိုထားသည်။
Author: Editor
(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ZFU/PDF-Zoland က ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံ စစ်သင်တန်းတက်ရောက်ရန်စေလွှတ်သော ရဲဘော် Tg. Mung Sian Tuang သည် ကျန်းမာရေးအခြေအနေကြောင့် ဆုံးပါးသွားပြီး လိုင်ဇာမြို့မှာပဲ သင်္ဂြိုဟ်ခဲ့ကြသည်ဟု သိရသည်။ ဖြစ်စဉ်မှာ Tg. Mung Sian Tuang သည် PDF-Zoland တပ်ဖွဲ့က စစ်မှုထမ်းရန်အတွက် ပြီးခဲ့သည့် မတ်လတုန်းက ခေါ်ဆောင်သွားပြီးနောက် ကချင်လွတ် လပ်ရေးတပ်မတော် KIA ထံစစ်သင်တန်းတက်ရောက်ရန်ပို့ဆောင်ခဲ့သည်ဟု သိရသည်။ ထို့သို့ ပိုဆောင်ပြီးနောက် စစ်သင်တန်းတက်နေစဉ်မှာ ကျန်းမာရေးမကောင်းသည့်အတွက် လိုင်ဇာမြို့ဆေးရုံးမှာ ကုသမှုခံယူနေစဉ် မေလ ၁၆ ရက်နေ့က ကွယ်လွန်သွားခြင်းဖြစ်သည်ဟု Tg. Mung Sian Tuang ၏ အမဖြစ်သူထံမှသိရသည်။ ရုပ်အလောင်းကို ဇာတိမြေချင်းပြည်နယ်သို့ ပြန်လည်သယ်ယူရန်အခြေအနေအရ မဖြစ်နိုင်သောကြောင့် မေလ ၁၈ ရက် နံနက် ၁၁ နာရီခန့်တွင် ကချင်နှစ်ခြင်းဆရာတော်များကို ပင့်ဖိတ်ကာ လိုင်ဇာဒေသမှာ မြေမြုပ် သင်္ဂြိုဟ်ခဲ့ကြသည်ဟု အမဖြစ် သူကပြောသည်။ “အဖေဆို နေ့ရောညရော ထမင်းတောင်မစားနိုင်ဘူး။ အလောင်းတော့ ပြန်ရချင်တယ်ပြောလိုက်တော့ သူတို့ကလမ်းခရီး အရမ်းဝေးတယ်ပေါ့နော်။ ကချင်ပြည်နယ်လိုင်ဇာဆေးရုံမှာဆိုတော့လေ။ ပြီးတော့ အဲဒီနေ့မှာပဲ မဆုံးခင် မောင်လေးက အသက်ရှူခက်ခဲနေတယ် နေမကောင်းဘူးလို့ အကြောင်းကြားလာတယ်။ နောက် ၅ မိနစ်တောင် မကြာဘူး ဆုံးသွားပြီဆိုပြီး ပြောတယ်။ကချင်နှစ်ခြင်းဆရာတွေခေါ်ပြီးတော့ မြေမြုပ်သဂြိုလ်ပေးမယ်လို့ ပြောတာ မောင်လေးကို မနေ့က ဂြိုလ်လိုက် တယ်လို့ ပြောပါတယ်။ သဂြိုလ်တာကတော့…
(004SS) မလေးရှားသို့အသွား လမ်းခုလတ်တွင် သူငယ်ချင်းဖြစ်သူ ကွယ်လွန်မှုကြောင့် ထိုင်းနိုင်ငံ၌ ထိန်းသိမ်းခံခဲ့ရသည့် ချင်းလူငယ် ၃ ဦးကို ယနေ့ ညနေပိုင်းတွင် ထိုင်းလူဝင်မှုကြီးကြပ်ရေး (Immigration) စခန်းမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ချင်းလူငယ် ၃ ဦးသည် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့မှစတင်ကာ ဆောင်ခလာပြည်နယ်၊ Khuan Meed ရဲစခန်း တွင် ၁၄ ရက်ကြာထိန်းသိမ်းခံခဲ့ရပြီးနေက် ဧပြီလ ၂၄ ရက်နေ့တွင် Danok Sadoa လူဝင်မှုကြီးကြပ်ရေးစခန်းသို့ ပြောင်း ရွှေ့ခံခဲ့ရပြီး ၁ လခန့်အကြာ ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံဘက်သို့ပြန်လည်ပို့ဆောင်လိုက်ပြီဟု အမှုလိုက်ပါဆောင်ရွက် ပေးသူ ဆရာအာဒမ်ကပြောသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က ချင်းလူငယ် Tg. Pau Lam Kim သည် သူငယ်ချင်း ၃ ဦးနှင့်အတူ ထိုင်းနယ် စပ်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်စဉ် မြန်မာလုပ်သားများ ပြည့်ကြပ်စွာ တင်ဆောင်လာသည့် ကားပေါ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ကားမောင်းသမားသည် ရုပ်အလောင်းအား ပင်လယ်ထဲသို့ စွန့်ပစ်ရန် ကြိုးစားခဲ့သော်လည်း အတူပါလာသည့် သူငယ်ချင်း ၃ ဦးက အပြင်းအထန် တားဆီးခဲ့ကြသဖြင့် ရုပ်အလောင်းနှင့်အတူ ၎င်းတို့ ၃ ဦးကို ဆောင်ခလာကမ်းခြေ အနီးတွင် ချန်ထားခဲ့ခြင်းဖြစ်ပြီး၊ ရုပ်အလောင်းနှင့်အတူ ကျန်ရစ်စဉ် လမ်းသွားလမ်းလာများကို အကူအညီတောင်းခံရာမှ တစ်ဆင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း…
(004SS) စစ်ရေးအခြေအနေကြောင့် ကလေးမြို့ဘက်သို့ စစ်ဘေးရှောင်နေကြသည့် ဖလမ်းမြို့ဒေသခံပြည်သူများနှင့် ဝန်ထမ်း မိသား စုဝင်အချို့သည် Falam Pawlpi Falam ၏ စီစဉ်ပေးမှုဖြင့် ယနေ့ မေလ ၂၀ ရက် မနက်ပိုင်းတွင် ကားအစီး ၂၀ ခန့်ဖြင့် ဖလမ်းမြို့သို့ ပြန်သွားကြသည်ဟုသိရသည်။ “ဒီနေ့ ဖလမ်းစစ်ရှောင်တွေ နေရပ်ပြန်ကြတယ်။ သိုင်းငဲန်းလမ်းအတိုင်း ပြန်ကြတာပါ။ မော်တော်ကား အစီး ၂၀ လောက် ရှိမယ်။ ဘယ်လောက်အထိ များမလဲဆိုတာတော့ အတိအကျ သေချာမသိရသေးဘူး။ ၁၂ ဘီးကား၊ ၁၀ ဘီးကားတွေ၊ Forland ကားတွေနဲ့ နေရပ်ပြန်လာကြတယ်” ဟု ဖလမ်းမြို့ဒေသခံတစ်ဦးကပြောသည်။ နေရပ်ပြန်သူများသည် မော်တော်ယာဉ်များအပြင် ဆိုင်ကယ်ကိုယ်စီဖြင့်လည်း အစုအဖွဲ့လိုက်ဖြင့် ဖလမ်းမြို့သို့ပြန်သွားကြ သည်ဟု သိရသည်။ ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ပြီးနောက် တစ်လခန့်အကြာမှာ ဒုတိယသုတ်အနေဖြင့် စစ်ဘေးရှောင်များနေရပ်ပြန်ကြခြင်းဖြစ်ဟုသိရသည်။ နေရပ်ပြန်ရန်အခက်အခဲရှိသူများကို Falam Pawlp အဖွဲ့အစည်းမှ နိုင်ငံတကာရောက် ချင်းလူမျိုးများထံ အလှူငွေတောင်းခံပြီးနောက် နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟု သိရသည်။ ယခင်ပထမသုတ်တွင် ကလေးမြို့ဘက်သို့ ရောက်ရှိနေသည့် Non-CDM ဝန်ထမ်းများကို အာဏာသိမ်းစစ်တပ်က ဖလမ်းမြို့သို့ ဧပြီလကုန်းပိုင်းက ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ နေရပ်ပြန်ရေးနှင့် ပတ်သက်၍ လက်ရှိကျောင်းဖွင့်ချိန် ရောက်ရှိလာခြင်း၊ ပြန်လည်ထူထောင်ရေးအတွက် ကုန်ကျမည့် စရိတ်များရှိခြင်းနှင့် အဖွဲ့အစည်းက စီစဉ်ပေးသည့် အစီအစဉ်တွင်လည်း အကန့်အသတ်ရှိခြင်းတို့ကြောင့် လတ်တလော ဖလမ်းမြို့သို့ မပြန်ဖြစ်သေးသူများလည်းရှိနေသည်။ ယခု နေရပ်ပြန်သူများထဲတွင် ဌာနဆိုင်ရာအကြီးအကဲများ၊ အစိုးရဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်…
(Guns Under Law: Legitimacy, Resistance Governance, and Nation-Building) ရေး- Salai Van Lian Thang • ယခုတလော ချင်းတော်လှန်ရေးနယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ စိတ်မကောင်းစရာ အခြေအနေမျိုးကို လူတစ်ဦးချင်းစီ သို့မဟုတ် အဖွဲ့အစည်းတစ်ခုတည်းရဲ့ ပြဿနာသက်သက်အဖြစ် လွယ်လွယ်မမြင် သင့်ပါဘူး။ ဒါဟာ လက်ရှိ ချင်းပြည်တွင်းမှာ ကြီးမားနေတဲ့ လုံခြုံရေးဟာကွက် (Security Gap)၊ အုပ်ချုပ်ရေးဟာကွက် (Governance Gap) နဲ့ ဥပဒေရေးရာဟာကွက် (Legal Gap) တွေကို မီးမောင်းထိုး ပြနေတဲ့ နိုင်ငံရေးသင်ခန်းစာ တစ်ရပ်ပဲ ဖြစ်ပါတယ်။ • ဒီအခြေအနေကနေ အခြေခံမေးခွန်းတွေကို ကျွန်တော်တို့ ပြန်မေးရပါမယ်။ ဘာကြောင့် ခုခံတော်လှန် ရေး စတင်ခဲ့တာလဲ? ဘာကြောင့် တော်လှန်ရေးအုပ်ချုပ်မှု (Resistance Governance) လိုအပ်တာလဲ? ဘာကြောင့် သေနတ်ကို ဥပဒေအောက်မှာ ထားရမှာလဲ? ဘာကြောင့် တရားစီရင်ရေးမရှိတဲ့ တော်လှန်ရေး ဟာ အမျိုးသားတည်ဆောက်ရေး (Nation-building) မဖြစ်နိုင်တာလဲ? • တော်လှန်ရေးဆိုတာ အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ရုံနဲ့ မပြီးပါဘူး။ အာဏာရှင်စနစ်ထက် ပိုမိုမြင့်မားတဲ့ နိုင်ငံရေးယဉ်ကျေးမှု၊ ဥပဒေစိုးမိုးမှု၊ တာဝန်ခံမှုနဲ့ ပြည်သူ့ကာကွယ်ရေးကို တည်ဆောက် နိုင်မှသာ Nation-building စတင်နိုင်မှာ ဖြစ်ပါတယ်။ ◈ ၁။ ယနေ့ ချင်းပြည်ဟာ ဘယ်လို နိုင်ငံရေးနယ်ပယ် (Political Space) ထဲ ရောက်နေတာလဲ?• ယနေ့ ချင်းပြည်ဟာ ပုံမှန်အုပ်ချုပ်ရေးစနစ် တစ်ခုတည်းက…
(002MG) အိန္ဒိယ- မြန်မာနယ်စပ် တမူးခရိုင်တွင် (၄) လတာကာလအတွင်း စစ်တပ်ကြောင့် အရပ်သား (၁၀) ဦး သေဆုံးခဲ့ရပြီး အကြောင်းမဲ့ဖမ်းဆီးခံရသူ (၁၈) ဦးခန့်ရှိခဲ့ကြောင်း Kuki Women Human Right Organization က မေလ (၁၈) ရက်နေ့က ထုတ်ပြန်သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မှ ဧပြီလအထိ (၄) လတာအတွင်း အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေ ကြောင်းတိုက်ခိုက်မှုအပါအဝင် ပျူစောထီးများ၏ သတ်ဖြတ်မှုကြောင့် အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၄) ဦး၊ အမည်မဖော်ပြနိုင်သူ (၁) ဦး စုစုပေါင်း (၁၀) ဦးသေဆုံးခဲ့သည်ဟုဆိုသည်။ ထို့အပြင် လေကြောင်း ဗုံးကြဲမှု၊ လက်နက်ကြီးကျည်ထိမှန်မှုနှင့် အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူ (၇) ဦးရှိခဲ့ပြီး ပျူစောထီးများမှ အကြောင်းမဲ့ဖမ်းဆီးငွေညှစ်မှုနှင့် စစ်မှုထမ်းဥပဒေအရ ဖမ်း ဆီးပေါ်တာဆွဲခံရသူ (၁၈) ဦးရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ လက်ရှိ တမူးခရိုင်တွင် ဒေသအတွင်းတိုက်ပွဲများဖြစ်ပွားမှုမရှိသော်လည်း လက်နက်ကိုင်များ၏ အဘက်ဘက်မှ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ညှင်း ပန်းနှိပ်စက်မှုများ လျော့ပါးမသွားဘဲ ဆက်လက်မြင့် တက်နေဆဲဖြစ်သည့်ပြင် တမူးမြို့တွင် အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းများက ညအချိန်မတော် ပြည် သူနေအိမ်သို့ မျက်နှာဖုံးများစွပ်၊ အတင်းအဓမ္မဝင်ရောက်ကာ ဓား ပြတိုက် ဖမ်းဆီးရိုက်နှက်မှုလည်း ပိုမိုများပြားလာသည်ဟု သိရသည်။ ပြည်သူများသည် စစ်ပွဲ၏ နောက်ဆက်တွဲ အကျိုးအဆက်များဖြစ်သော အသက်မွေးဝမ်းကျောင်း၊ ကုန်ဈေးအဆမတန်မြင့် တက် ခြင်း၊ စားနပ်ရိက္ခာပြတ်လပ်ခြင်း၊…
(006SV) အာဏာသိမ်းစစ်တပ်က ချင်းပြည်တောင်ပိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်ဆောင်ရွက်နေစဉ် နိုင်ငံတကာရောက် ချင်းပြည်သူများအနေဖြင့် ချင်းပြည်အရေးပေါ်ကာကွယ်ရေး ရန်ပုံငွေ ထည့်ဝင်ကြရန် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည် သူ့တပ်မတော် (CPU/ CPA) က တိုက်တွန်းနှိုးဆော်နေသည်။ ချင်းပြည်သူ့အစည်းအရုံး ဗဟိုကော်မတီနှင့် နိုင်ငံတကာ ထောက်ပို့အဖွဲ့အစည်းများသည် မေလ ၃ ရက်က ကျင်းပပြုလုပ်သော အစည်းအဝေးဆုံးဖြတ်ချက်အရ ချင်းပြည်အရေးပေါ် ကာကွယ်ရေး ရန်ပုံငွေ ထည့်ဝင်ကြရန် နိုင်ငံတကာချင်းအသိုင်းအဝိုင်းထံ တောင်းဆိုစာများ ထွက်ပေါ်လာခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံရှိ ချင်းပြည်သူများနှင့် ချင်းတော်လှန်ရေး ညီအစ်ကိုမောင်နှများထံသို့လည်း တစ်ဦးချင်းအနေဖြင့် စင်္ကာပူဒေါ်လာ ၁၀၀ စီ ထည့်ဝင်၍ မိမိတို့၏ ဘိုးဘွားပိုင် အမိမြေကို ကာကွယ်ရာမှာ မြေပြင်ရှိ တော်လှန်ရေး ရဲဘော်ရဲဘက်များနှင့် တသားတည်း ရပ်တည်၍ ပူးပေါင်းပါဝင်ကြရန် မေလ ၁၁ ရက်မှာ CPU/ CPA က ကြေညာချက်ထုတ်၍ တိုက်တွန်းသည်။ အရှေ့အလယ်ပိုင်းနိုင်ငံများရှိ ချင်းတော်လှန်ရေး ညီအစ်ကိုမောင်နှမများ၊ ချင်းပြည်သူများနှင့် ချင်းပြည်သူ့အစည်းအရုံး ကိုယ်စားလှယ်များတို့သည် မေလ ၁၀ ရက်က တွေ့ဆုံ၍ ချင်းပြည်အရေးပေါ် ကာကွယ်ရေး ရန်ပုံငွေအတွက် ထည့်ဝင်ကြရန် မေလ ၁၈ ရက်မှာ ကြေညာချက်ထုတ်၍ တောင်းဆိုသည်။ အရှေ့အလယ်ပိုင်းဒေသ (Middle East) ရောက် ပြည်သူများအနေဖြင့် တစ်ဦးချင်း မြန်မာငွေ ကျပ်သုံးသိန်းစီ ထည့်ဝင်၍ မိမိတို့၏ ဘိုးဘွားပိုင် အမိမြေကို ကာကွယ်ရာမှာ ပူးပေါင်းပါဝင်ကြရန် ချင်းပြည်သူ့အစည်းအရုံးက တိုက်တွန်းသည်။ ချင်းတောင်ပိုင်းအစပ်ဒေသရှိ မကွေး၊ ဆောမြို့တွင် စစ်တပ်သည် အင်အားထောင်ဂဏန်းဖြင့်…
(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုများကြောင့် ယနေ့တွင် တွန်းဇံမြို့ကို ချင်းပူးပေါင်းတပ်များသည် ယာယီလက်လွှတ်ခဲ့ရကြောင်း သိရသည်။ တွန်းဇံမြို့ကို ပြန်လည်း ရရှိနိုင်ရေးအတွက် စစ်ကောင်စီတပ်နှင့် ၎င်း၏လက်ပါးစေ ZRA—EC ပူးပေါင်းတပ်သည် တီးတိန်မြို့နှင့် ကျီခါးမြို့ဘက်သို့မှ နှစ်ဖက်ညှပ်၍ အင်အားရာချီ အသုံးပြု၍ ဒရုန်း၊ လေကြောင်းပစ်ကူများ အဆမတန် အသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “တွန်းဇံကို လေကြောင်းပစ်ကူ၊ ဒရုန်းတွေနဲ့ အပြင်းအထန်တိုက်တယ်၊ မြေပြင်မှာလည်း အပြင်းအထန်တိုက်ပွဲဖြစ်ပြီး ဒီနေ့ ညနေပိုင်းမှာတော့ ချင်းပူးပေါင်းတပ်တွေ တပ်ဆုတ်ပေးလိုက်ရပါတယ်” ဟု ၎င်းက ပြောသည်။ ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသော ဖလမ်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်းသိမ်းပိုက်ပြီး တစ်လနီးပါး အကြာတွင် တွန်းဇံမြို့ကို ချင်းတော်လှန်ရေးတပ်များက ထပ်မံ ဆုံးရှုံးရခြင်းဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီတပ်နှင့် ZRA ပူးပေါင်းတပ်များသည် တီးတိန်မြို့နှင့် ကျီခါးမြို့တို့တွင် စစ်ရေးစုဖွဲ့ပြင်ဆင်ပြီးနောက် မေလ ၁၁ ရက်က စတင်စစ်ကြောင်းထိုးလာခဲ့ကြောင်း၊ မေလ ၁၃ ရက်မှစတင်၍ ဒရုန်းနှင့် အပြန်အလှန်ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ယင်းသို့ ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက် မေလ ၁၇ ရက်မှ စတင်၍ နှစ်ဖက်တပ်များအကြား အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့ မေလ ၁၉ ရက် ညနေပိုင်းမှာ ချင်းပူးပေါင်းတပ်သည် မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားရာမှ ဆုတ်ခွာပေးခဲ့ရ သည်ဟု သိရသည်။ စစ်ကောင်စီတပ်အင်အား…
ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော CDF-Hakha တပ်ဖွဲ့ အရာရှိအချင်းချင်းအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပွား၍ ဒုတိယဥက္ကဌဟောင်း Salai Sang Ling ကျဆုံးသွားသည်ဟု သိရသည်။ မေလ ၁၅ ရက်နေ့က CDF ဟားခါး၏ အထွေထွေအတွင်းရေးမှူး Salai Za Cung Lian နှင့် ဒုဥက္ကဋ္ဌ (ဟောင်း) Salai Sang Ling တို့အကြား အငြင်းပွားရာကနေ အတွင်းရေးမှူးက သေနတ်နှင့်ပစ်ခတ်ကာ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု CDF-Hakha နှင့်နီးစပ်သူတစ်ဦးကပြောသည်။ “သူတို့ဘာကြောင့် အငြင်းပွားရတယ်ဆိုတော့ အတိအကျမသိရဘူး၊ အတွင်းရေးမှူးက သေနတ်နဲ့ပစ်လို့ ကျဆုံးသွားတာပါ၊ အပြန်အလှန်ပစ်ခတ်မှုမျိုးတော့မဟုတ်ဘူး” ဟု CDF-Hakha နှင့်နီးစပ်သူတစ်ဦးကပြောသည်။ ဖြစ်စဉ်အသေးစိတ်အခြေအနေကို မသိရသေးဘဲ၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ CDF-Hakha ဘက်မှလည်း တစ်စုံတစ်ရာ အသိပေးထုတ်ပြန်ခြင်းမရှိသေးပေ။ Salai Sang Ling သည် မြို့ပြအင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း ဟားခါးမြို့ လူထုသပိတ်များတွင် ဦးဆောင်ပါဝင်ခဲ့သူဟုသိရသည်။ ထို့နောက် CDF-Hakha ကိုစတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်ပြီး ဒုတိယဥက္ကဌတာဝန်အထိထမ်းဆောင်ခဲ့သည်ဟု သိရသည်။ Salai Sang Ling သည် ချင်းပြည်နယ်က စစ်ဆင်ရေးအများအပြားတွင် ရှေ့တန်းမှဦးဆောင်တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး CDF-Hakha အတွက် အဓိကအားထားရသူဖြစ်ကြောင်းသိရသည်။ ပုံစာ – ကျဆုံးသွားသော Salai Sang Ling
(006SV) ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း ထိန်းချုပ်နိုင်ရေးအတွက် ဖလမ်းနှင့် ဟားခါး မြို့ တို့မှ နှစ်ဖက်ညှပ်စစ်ကြောင်းထိုးလာနေသော စစ်တပ်ကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်ရာ ဗျူဟာမှူးအပါအဝင် အရာရှိ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိပြီး ၄ ဦး သေဆုံးကြောင်း သိရသည်။ ဖလမ်းမြို့မှ အင်အား ၅၀၀ ခန့်ဖြင့် ဟားခါးမြို့သို့ ဦးတည်စစ်ကြောင်းထိုးလာနေသော အာဏာသိမ်းစစ်တပ်သည် ချွန်ကျုံး ကျေးရွာ ကို ရောက်ရှိနေစဉ် ဟားခါးအခြေစိုက်၊ ဗျူဟားမှူး ပါဝင်သော စစ်တပ်စစ်ကြောင်းက ချွန်ကျုံးရွာဘက်ကို ထိုးစစ်ဆင်လာချိန်မှာ ဒရုန်း၊ လက်နက်ကြီး များဖြင့် ယမန်နေ့ မေလ ၁၄ ရက်က တိုက်ခိုက်ခဲ့သည်ဟု CDF – ဟားခါးဥက္ကဌက ပြောသည်။ ယင်းတိုက်ခိုက်မှုတွင် ဟားခါးမြို့ ခလရ ၂၆၆ တပ်ရင်းက စစ်တပ်၏ ဗျူဟားမှူး အပါအဝင် အရာရှိ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိပြီး တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်သေဆုံးခြင်းဖြစ်သည်။ “မနေ့က ၁၀ နာရီကျော်ကျော်လောက်မှာ ချွန်ကျုံးရွာကို စစ်ခွေးတွေ ဝင်တယ်။ အဲဒါ ဟားခါးဘက်ကနေ ကြိုတဲ့ စစ်ကြောင်းလည်း ရှိတယ်။ ဗျူဟာမှူး ဦးဆောင်ပြီးတော့ လာတယ်။ အဲဒါကို ကျနော်တို့က ဒရုန်းနဲ့ လက်နက်ကြီးနဲ့ တိုက်ခိုက်တော့ သူတို့ အရာရှိကြီး တွေ နေရာကို သွားကျတယ်။ အဲဒါနဲ့ ဗျူဟာမှူးလည်း ဒဏ်ရာ ရတယ်။…
