Author: Editor

ချင်းပြည်နယ် ဟားခါးမြို့ ပြည်တော်သာရပ်ကွက်တွင်ရှိသော ဆောက်လုပ်ရေးရိပ်သာ ၂ ထပ်တိုက်တစ်လုံးသည် ယနေ့နံနက်ပိုင်း ၂ နာရီကျော်ကျော်ခန့်က မီးလောင်းမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ ဆောက်လုပ်ရေးရိပ်သာသည် ဟားခါးမြို့ ဝမ္မသူးမောင်အားကစားကွင်းအပေါ်နားတွင်တည်ရှိပြီး ယနေ့နံနက်ပိုင်း ၂ နာရီကျော်ကျော်ခန့်မှစ၍ ၃ နာရီခန့်အထိ မီးလောင်ပျက်စီးသွားသည်ဟု ဟားခါးမြို့ခံ တစ်ဦးကပြောသည်။ ဖုန်းအားသွင်းရာမှ အပူလွန်ကဲမှုကြောင့် မီးစတင်လောင်ကျွမ်း ခြင်းဖြစ်သည်ဟု သိရသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။ ယင်းဆောက်လုပ်ရေးရိပ်သာတွင် သီမစ်တံတားတည်ဆောက်ရန် တည်းခိုနေသူအချိူ့လည်းရှိသည်ဟုသိရပြီး မီးလောင်မှုကြောင့် လူတချိူ့ပျောက်ဆုံးနေသည်ဟုလည်း သိရသည်။

Read More

ချင်းပြည်နယ် ဟားခါးမြို့ ၆ လမ်းဆုံ ဟားခါး ထာရ်ရပ်ကွက်ဘက်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့ ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယနေ့ နံနက်ပိုင်း ၆ နာရီခန့်ကစ၍ ဟားခါးထာရ်ရပ်ကွက်ဘက်တွင် နှစ်နာရီကျော်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲကာ နေအိမ်အတွင်း ထမင်းစားနေကြသော ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ “ဒီမနက်မှာ ဟားခါးထာရ်ရပ်ကွက် ၆ လမ်းဆုံမှာ လူငယ်တွေနင့် စစ်ကောင်စီဘက် အပြန်လှန်ပစ်ခတ်ကြတယ်၊ နည်းနည်းတော့ကြာတယ်။ သူတို့ပစ်ခတ်တာကတော့ စကစဘက်ကလည်းလက်နက်ကြီးတွေနဲ့ သူတို့ထင်ရာဆိုင်းပစ်ခတ်တာပေါ့” ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။ ထိခိုက်ဒဏ်ရာရရှိသူများကို ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ကုသမှုခံယူလျှက်ရှိကြသည်ဟု သိရသည်။ ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီရမ်းသမ်းပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး သြဂုတ်လ ၁၀ ရက်နေ့ကလည်း အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးအား ထိမှန်သေဆုံးသွားခဲ့သည်။

Read More

မီဇိုရမ်ပြည်နယ် အထူးမှုခင်းစုံစမ်းရေးဌာနခွဲ (CID) မှ အိုင်ဇောလ်မြို့ ITI ရပ်ကွပ်ရှိ ကမ္ဘာ့ဘဏ်လမ်းတွင် သတင်းအရ စစ်ဆေးမှုများလုပ်ရာမှာ မြန်မာနိုင်ငံ အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြားအလုံး ၂၀,ဝ၀ဝ ကျော်ကို သြဂုတ်လ ၂၉ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိကြောင်း မီဇိုရမ် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ထိုဆေးပြားများသယ်ဆောင်သူမှာ စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန် F-ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၀ အရွယ် မာလ်ဆောမ်ဒေါင်းငါ (Malsawmdonga) ဖြစ်ပြီး မီဇိုပြည်နယ် အိုင်ဇောမြို့ (Hunthar) ရပ်ကွပ်တွင်နေကြောင်း သိရသည်။ ၎င်းဆေးပြား၏တန်ဖိုးမှာ နိုင်ငံတကာဈေးကွပ်အရ ရူပီး သိန်း ၆၀ဝ ကျော်တန်ဖိုးရှိကြောင်း သိရသည်။ ထိုထိန်းသိမ်းရမိသော မူးယစ်ဆေးများကို မီဇိုရမ်အထူးမူးယစ်ဆေးတားမြစ်ရေးအဖွဲထံ လွဲအပ်ပြီး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

Read More

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် တိရိစ္ဆန်ဆရာဝန် ဒေါက်တာမြင့်ဝင်းအား အမည်မသိလူတစ်စုက သြဂုတ်လ ၂၇ ရက်နေ့က သေနတ်နှင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားသည်ဟု သိရသည်။ ဒေါက်တာမြင့်ဝင်းသည် ကလေးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဒုတိယညွှန်မှူးဖြစ်ပြီး ၎င်းမှာ ရုံးဝန်းအတွင်း မိသားစုလိုက် နေထိုင်သူဖြစ်ကာ ဩဂုတ်လ ၂၇ ရက်က တိရစ္ဆာန်ဆေးကုပြီး အပြန်မှာ အသတ်ခံရခြင်းဖြစ်သည်ဟု ကလေးဒေသခံများထံမှ သိရသည်။ ဒေါက်တာမြင့်ဝင်း ကုပေးခဲ့ဖူးသော တိရိစ္ဆန်ပိုင်ရှင်တစ်ဦးက “ဆရာဆုံးသွားတယ်ကြားတော့ စိတ်မကောင်းဘူး။ သူက သဘောကောင်းတယ်။ ကျွန်မခွေးကလေး နေမကောင်းဖြစ်တော့ သူဆီပြဖြစ်တာ။ ဟိုတခေါက်တုန်းကဆို အိမ်ထိ လာရောက်ကြည့်ပေးသေးတာ” ဟု ပြောသည်။ ဒေါက်တာမြင့်ဝင်းသည် အလုပ်ကိစ္စမှအပ အပြင်ကိုထွက်လေ့မရှိဘဲ မိသားစုနှင့် ရုံးဝန်းထဲတွင်သာ နေထိုင်သူဖြစ်ပြီး ပစ်သတ်ခံရတာနဲ့ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်သည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ သူ၏ ရုပ်အလောင်းကို ယမန်နေ့က သင်္ဂြိုလ်ခဲ့ကြသည်ဟု သိရသည်။

Read More

FactCheck ဒီသတင်းအမှားကို ယိမ်းနွဲ့ပါးနဲ့ အရူးလွယ်အိတ်ဆိုတဲ့ Facebook အကောင့်ကနေ “အိန္ဒိယနိုင်ငံအစိုးရမှလည်း အကြမ်းဖက် အဖျက်သမား ပြည်ပြေးများကို ဖမ်းဆီးပေးနေပြီဖြစ်သောကြောင့် ပြေးစရာမြေသာရှာကြပေတော့” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီဖမ်းဆီးမှုကို သေချာစုံစမ်းတဲ့အခါမှာ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ချူရာချန်ပူရ်ခရိုင်ထဲမှာ ယက္ကန်းလုပ်ငန်းလုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ ပါရှိတဲ့သူတွေဟာ သာမန်ယက္ကန်းသမားတွေသာဖြစ်ကြပြီး အကြမ်းဖက်သမားတွေ မဟုတ်ကြပါဘူး။ မဏိပူရ်ပြည်နယ်ထဲမှာတော့ ယခုလို ယက္ကန်းသမားတွေ ဖမ်းဆီးချုပ်နှောင်မှုတွေကတော့ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ အဲဒီမှာရှိတဲ့ ယက္ကန်းသမားတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသားတွေဟာ စစ်ကောင်စီရဲ့ဘေးရန်ကနေလွတ်မြောက်ဖို့ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်ကို အများစု ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်းမရှိတာကြောင့် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံကြတဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေကို နေရပ်ပြန်ပို့ဖို့ မီဇိုရမ်ပြည်နယ်အစိုးရကို အိန္ဒိယဗဟိုအစိုးရက ဖိအားပေးတာမျိုးရှိခဲ့ပါတယ်။ ဒါပေမဲ့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်ငါက သူ့ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေကို ပြန်လည်ပို့ဆောင်မှာမဟုတ်ဘူးလို့ အိန္ဒိယဗဟိုအစိုးရကို တုံ့ပြန်ခဲ့ပြီး ဒီနေ့အချိန်ထိ လက်ခံကြိုဆိုပြီး စစ်ဘေးရှောင်စခန်းတွေဖွင့်လှစ်ကာ ပြုစုစောင့်ရှောက်ထားတာဖြစ်ပါတယ်။ ယိမ်းနွဲ့ပါးနဲ့ အရူးလွယ်အိတ်ဆိုတဲ့ Facebook အကောင့်ကနေ ဖော်ပြထားသလို အိန္ဒိယနိုင်ငံအစိုးရမှလည်း အကြမ်းဖက် အဖျက်သမား ပြည်ပြေးများကို ဖမ်းဆီးပေးနေတာမဟုတ်ပါဘူး။ စာဖတ်ပြည်သူများအနေဖြင့် Facebook အကောင့်တွေကနေတင်တဲ့ သတင်းအားလုံးကို မယုံကြည်သင့်ပါဘူး။ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာမှတင်တဲ့ သတင်းများနဲ့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှ ထုတ်ပြန်ထားတဲ့ သတင်းထုတ်ပြန်ချက်တွေကို စောင့်ကြည့်ဖတ်ရှူပြီး…

Read More

FactCheck ဒီသတင်းအမှားကို ယိမ်းနွဲ့ပါး နဲ့ အရူးလွယ်အိတ် ဆိုတဲ့ Facebook အကောင့်ကနေ “အိန္ဒိယနိုင်ငံ၊ မီဇိုရမ်းပြည်နယ်၊ အိုင်ဇောလ်မြို့ကနေထွက်လာတဲ့ ကားတစ်စီးကို လခရတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရာ မီဇိုရမ်းပြည်နယ်သားယာဉ်မောင်းအပါအဝင် ထန်တလန်မြို့နယ်နဲ့ ဟားခါးမြို့နယ်က အကြမ်းဖက်နှစ်ဉီး Galatine ဖောက်ခွဲရေးသုံးကိရိယာ – ၇၈၀၀ ခု၊ Detonator ၄၀၆၃ ခု၊ ဖျူးကြိုး ၇၀၀ တို့ကို သိမ်းဆီးရမိတယ်လို့” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ Serchhip ခရိုင်ရဲတပ်ဖွဲတွေက “အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြိုကနေထွက်လာတဲ့ ကားတစ်စီးပေါ်မှာ သြဂုတ် ၁၀ ရက် နေ့လည် ၁ နာရီခွဲတွင် ရပ်တန့်စစ်ဆေးရာ ဖောက်ခွဲရေးပစ္စည်း အများအပြား ဖမ်းဆီးရမိတယ်လို ရဲတပ်ဖွဲက ထုတ်ပြန်ထားတာဖြစ်ပါတယ်။” ယိမ်းနွဲ့ပါးနဲ့ အရူးလွယ်အိတ်ဆိုတဲ့ Facebook အကောင့်ကနေ ဖော်ပြထားသလို မြန်မာနိုင်ငံ ခရိုင်ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းမိတာမဟုတ်ပါဘူး။ ပြီးတော့ ဖမ်းဆီးခံရတဲ့သူတွေဟာ အကြမ်းဖက်သမားများဖြစ်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့များရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာမျိုး မရှိပါဘူး။ စာဖတ်ပြည်သူများအနေဖြင့် Facebook အကောင့်တွေကနေတင်တဲ့ သတင်းအားလုံးကို မယုံကြည်သင့်ပါဘူး။ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာမှတင်တဲ့ သတင်းများနဲ့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှ ထုတ်ပြန်ထားတဲ့ သတင်းထုတ်ပြန်ချက်တွေကို စောင့်ကြည့်ဖတ်ရှူပြီး သတင်းအမှား/အမှန် စိစစ်သင့်ပါတယ်။

Read More

FactCheck ဒီသတင်းအမှားကို ယိမ်းနွဲ့ပါး နဲ့ အရူးလွယ်အိတ် ဆိုတဲ့ Facebook အကောင့်ကနေ “ယော PDF အချင်းချင်းအဝေမတည့်ကာ ယော PDF တစ်ဉီးမှ ယော PDF ရုံးခန်းအား မီးနဲ့ရှို့ကာထွက်ပြေးသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများရှိခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ထားတာ ကျပ် ၃၀၀ ခန့်လို့ ထုတ်ပြန်ထားပေမယ့် လည်း ပျက်စီးတဲ့ပစ္စည်းများဟာ အစုတ်များသာဖြစ်တယ်လို့” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ လက်နက်ခဲယမ်းတွေမီးလောင်မှုဖြစ်ပွားခဲ့တယ်ဆိုတာတော့ မှန်ကန်ပေမယ့် အချင်းချင်းအဝေမတည့်လို့ မီးရှိုခံရတာမဟုတ်ဘူးလို့ YPDF က ကြေညာချက်ထုတ်ပြန်ပြီး ပြန်လည်ရှင်းလင်းထားပါတယ်။ ဇူလိုင်လ (၃၁) ရက်နေ့ ညနေပိုင်းက လက်နက်ခဲယမ်းဂိုဒေါင်က ယမ်းများအပူလွန်ကဲရာမှတဆင့် မီးလောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ ထိခိုက်မှုမရှိခဲ့ကြောင်း မီးလောင်ကျွမ်းခဲ့တဲ့အတွက် ကျပ်သိန်း (၃၀၀) ဖိုးခန့်ဆုံးရှုံးခဲ့တယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ထုတ်ပြန်ထားပါတယ်။ မီးလောင်မှုကြောင့် ငွေသားကျပ်သိန်း (၄၀) ကျော်၊ ဆက်သွယ်ရေးစက်များ၊ ဆိုင်ကယ်များ၊ Laptop၊ ဒိုင်နမို၊ ယမ်းအမျိုးမျိုးနှင့် ခါးချိုးကျည် အတောင့် (၂၀၀၀) ကျော် စုစုပေါင်း ကျပ်သိန်း (၃၀၀) ကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ အများပြည်သူ လှုဒါန်းထားတဲ့ ငွေကြေးပစ္စည်းများ အလဟဿဆုံးရှုံးသွားတဲ့အတွက် ပြည်သူများနဲ့ အလှုရှင်များကို YPDF မှ အနူးအညွတ်တောင်းပန်ထားပါတယ်။ အခုလိုဆုံးရှုံးမှုများ မဖြစ်အောင် အထူးဂရုစိုက်ပြီး လုပ်ဆောင်သွားမှာဖြစ်ပြီး ပစ္စည်းများ အစားထိုးဝယ်ယူနိုင်ရေးအတွက် ထပ်မံလှုဒါန်းပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ဒါကြောင့် ယိမ်းနွဲ့ပါး နဲ့ အရူးလွယ်အိတ် ဆိုတဲ့ Facebook…

Read More

ချင်းပြည်နယ်၊ တီးတိန်မြို့၊ လေးလုမ်းရပ်ကွက်တွင် ယမန်နေ့ညက စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) ရုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယနေ့တွင် လုံးခြုံရေးတင်းကြပ်ကာ စစ်သားများ ကားနှင့် လှည့်လည်နေသည်ဟု ဒေသခံများထံမှ သိရသည်။ ဒေသခံတစ်ဦးက “မနေ့ညက ဗုံးပေါက်ကွဲပြီး ဒီနေ့တော့ ကားနှင့် စကစ စစ်သားတစ်ချို့ လက်နက်တွေကိုင်ပြီး မြို့ထဲလှည့်လည်ပြီး လမ်းသွားလမ်းလာတစ်ချို့ကိုလဲ စစ်ဆေးမေးမြန်းတာတွေလုပ်တယ်” ဟု ပြောသည်။ တီတိန်းမြို့ရှိ စသုံးလုံးရုံးသည် ရုံးတက်သူမရှိ၍ လူနေထိုင်ခြင်းမရှိဘူးလို့ သိရပြီး ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒါဏ်ရာရရှိသူ မရှိဘူးလို့လဲ သိရသည်။ ဒေသခံတစ်ဦးက “မနေ့ညက အသံအကြယ်ကြီးနဲ့ ဗုံးပေါက်ကွဲသံ ကြားရတယ်၊ မြေကြီးတောင် ခါသွားတယ်။ အဆောက်အအုံကတော့ ပျက်ဆီးသွားတယ်။ အဲရုံးက လမ်းမကြီးရဲ့ အထက် တောင်ကုန်းပေါ်မှာရှိတာဆိုတော့ အနီးအနား ထိခိုက်တာတော့ မရှိဘူး။ လမ်ပေါ်ထိ ပြတင်းပေါက်မှန်ကွဲစတွေတော့ လွင့်သွားတာတော့ ရှိတယ်။ ဘယ်အဖွဲ့က လာရောက်ဖောက်ခွဲတယ် ဆိုတာတော့ မသိရသေးဘူး။” ဟု ပြောသည်။ စစ်ကောင်စီဝါဒဖြန့် သတင်းဌာနတစ်ခုဖြစ်တဲ့ Fiftytwo Media ကတော့ ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး လူနေထိုင်ခြင်းမရှိတဲ့ စသုံးလုံးရုံးအား CDF တွေက လာရောက်ဗုံးထောင် ဖောက်ခွဲခြင်းဖြစ်သည်ဟု ၎င်းတို့၏ Telegram စာမျက်နာပေါ်တွင် ဖော်ပြသည်။

Read More

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ရောင်းချသူတစ်ဦးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူ ၈ ဦးကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရန် သြဂုတ်လ ၂၄ ရက်နေ့က ၎င်းတို့ထံ လာရောက်လွဲပြောင်းခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ မူးယစ်ဆေးဝါးရောင်းချသုံးစွဲသူ ၉ ဦးနှင့်အတူ မူးယစ်ဆေးဝါးပင်နီစလင် ၂ လုံး၊ ဆေးထိုးအပ်တစ်ချောင်းနှင့် မူးယစ်ဆေးဝါးရောင်းချရာတွင်အသုံးပြုသော ဆိုင်ကယ် ၃ စီးလည်းပါဝင်ပြီး ကလေးမြို့နယ် တရားရေးအဖွဲ့သို့ တရားစွဲတင်နိုင်ရေး ဆောင်ရွက်ထားသည်ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ သြဂုတ်လ ၂၂ ရက်နေ့ကလည်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့နှင့် CDF-KKG တပ်ရင်း ၃ မှ တပ်ဖွဲ့ဝင်များနှင့်အတူ မူးယစ်ဆေးဝါးရောင်ချသူတစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ ကာလတန်းကြေး ကျပ် ၈ သိန်းခန့်ရှိသော ဘိန်းဖြူ ဆပ်ပြာခွက် ၂ ခွက်၊ ကျပ်ငွေ သုံးသောင်းခန့်တန်ဖိုးရှိသော ဘိန်းဖြူပင်နီစလင် ၁ လုံး၊ ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်း ၂ လုံးဖမ်းဆီးရခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

Read More

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ယနေ့မနက်ပိုင်းက အင်အား ၄၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါဝင် ၃ ဦးသေဆုံးခဲ့သည်ဟု PDF (Kalay) က ထုတ်ပြန်သည်။ ကလေးမြို့တက္ကသိုလ်ဘက်မှ ဗိုလ်ချုပ်လမ်းအတိုင်း အရှေ့ဘက်ကို ခြေလျှင်ဖြင့်ဆင်းလာသော အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ကို စက်မှုဇုန်တံတားအနီးတွင် PDF (Kalay) ၏ မြို့ပြပျောက်ကျား စစ်ဆင်ရေးတပ်ဖွဲ့က အသင့်တတ်ဆင်ထားသော မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိတစ်ဦးအပါအဝင် ၃ ဦးဆေသုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒရာရရှိခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့သည် ကြောက်လန့်တကြား ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး အနီးပတ်ဝန်းကျင်မှ ပန်းရံလုပ်သား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ ယနေ့မနက် မိုင်းဆွဲတိုက်ခိုက်ရာနေရာအနီးတွင် ဖြတ်သန်းသွားလာသော ပြည်သူတစ်ဦး မိုင်းထိမှန်ခဲ့ပြီး ယင်းအတွက် အနူးအညွတ်တောင်းပန်ကြောင်းနှင့် ပြည်သူများအနေဖြင့် လုံခြုံရေးအထူးသတိပြု၍ စစ်ကောင်စီတပ်ဖွဲ့ကို ဝေးဝေးမှ ကြိုတင်ရှောင်ရှားကြပါရန်လည်း PDF (Kalay) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Read More