Author: Editor

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ဖယ်ဒရယ်ပညာရေးစနစ်ကို ဦးတည်သော ကြားကာလ ပြည်သူ့အခြေပြု ကျောင်းပညာရေးအား ကျေးရွာပေါင်း ၆၀ ကျော်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာတွင် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရသည်။ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်ဖြင့် ကြားကာလပြည်သူ့အခြေပြုကျောင်းများကို ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆၀ ကျော်တွင် ယခုနှစ် ဇူလိုင်လမှ စတင်ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်ပြီး အထူးသဖြင့် ကျောင်းသုံးကိရိယာ သင်ထောက်ကူပစ္စည်းများ အခက်အခဲဖြစ်နေသည်ဟု ပလက်ဝ မြို့နယ်ပညာရေးဘုတ်အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျောင်းမှာသုံးမယ့် ကျောင်းသုံးပရိဘောကတွေ၊ ကျောင်းသင်ထောက်ကူပစ္စည်းတွေ ဗလာစာအုပ်ကအစ ပုံနှိပ်စာအုပ် တွေကအစအကုန်လုံးမလုပ်ပေးနိုင်ဘူး အခုတောင်မှ ပုံနှိပ်စာအုပ်တွေဆိုရင် နှစ်ယောက်သုံးယောက်ကပေါင်းပြီးမှ ကြည့် ခိုင်ရတယ် နောက် ကျောင်းဝတ်စုံတွေဆိုရင်လုံးလုံးကိုမရှိတော့ဘူး ခုနောက်ပိုင်းဆိုရင် ဒီတိုင်းပဲရိုးရိုးပုံစံနဲ့ပဲကျောင်းတက် ခိုင်းနေရတယ်” ဟု ၎င်းကပြောသည်။ ယခုလက်ရှိတွင် မူလတန်းနှင့် အလယ်တန်းအဆင့်သာ အကောင်အထည်ဖော်ဆောင်နိုင်သေးပြီး ကျောင်းဆရာ၊ ဆရာမ ၁၆၀ ဦးဖြင့် ကျောင်းသား အယောက် ၅၀၀၀ ခန့်ကို သင်ကြားပေးလျက်ရှိသည်ဟု သိရသည်။ ကလေးငယ်များအား ပညာသင်ကြားပေသည့် ဆရာ/ဆရာမ အများစုမှာ ပလက်ဝမြို့နယ်မှဒေသခံပြည်သူ စေတနာ့ ဝန်ထမ်း (Voluntary) များဖြစ်ကြပြီး ဆရာဖြစ်သင်တန်း (ToT) များအား အဆင်ပြေသလိုပို့ ချပြီးနောက် သင်ကြားစေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ၎င်းတို့အတွက် ညာဏ်ပူဇော်ခအဖြစ် တစ်လလျှင် ကျပ်ငွေ ငါးသောင်းစီ ပေးအပ်ရန်စီစဉ်ထားသော်လည်း ဘဏ္ဍာရေးအခက်အခဲကြောင့် တစ်သောင်းစီသာ ပေးအပ်နိုင်သည်ဟု ပလက်ဝ မြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက ပြောသည်။ “ဆရာ/ဆရာမတွေကို ငါးသောင်းစီပေးဖို့လျာထားပေမယ့် အဆင်မပြေတဲ့အခါကျတော့ တစ်ယောက်ကို တစ်သောင်းနှုန်းနဲ့ပဲ…

Read More

ချင်းပြည်နယ်တွင် လောင်စာဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာပြီး လိုသလောက် ဝယ်ယူ၍မရတော့သည့်အတွက် ပြည်သူများ အခက်ကြုံနေကြရကြာင်း ဒေသခံများထံမှ သိရသည်။ လမ်းပန်းဆက်သွယ်ရေးအတွက် ဆိုင်ကယ်ကို အဓိကအသုံးများသော ချင်းပြည်နယ်တွင် ယခုကဲ့သို့ ဓာတ်ဆီဈေးနှုန်း များမြင့်တက်လာသည့်အပြင် ဝယ်ယူရန်ပင်ရှားပါးလာခြင်းကြောင့် ခရီးသွားလားခြင်း၊ အငှါးယာဉ်လိုင်းပြေးဆွဲခြင်းလုပ်ငန်းများတွင်လည်း အခက်အခဲများ ကြုံတွေနေကြရသည်။ ဟားခါးမြို့ဒေသခံတစ်ဦးက “မနေ့က သူငယ်ချင်းကဝယ်ခိုင်းလို့ ၅ ဂါလံကို ကျပ် (၈) သောင်းနဲ့ တချို့နေရာဆိုရင် (၉) သောင်းလောက်ရှိတယ်၊ ဝယ်ဖို့က ရှိတော့ရှိသေးတယ် အဲ့လောက်အများကြီးတော့ မဟုတ်ဘူး၊ ဆိုင်ပိတ်တဲ့သူတွေလည်းရှိတယ် သူတို့ရောင်းဖို့ မရှိတော့ဘူးဆိုပြီးမှ။ ဟားခါးဖက်ဆိုရင်တော့ ဓာတ်ဆီကုန်တယ်ဆိုရင်တော့ ဆိုင်ကယ်သမား၊ ကားသမားဆိုရင်တော့ အခက်အခဲတွေအများကြီးရှိတာပေါ့” ဟု ပြောသည်။ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင်လည်း ဓာတ်ဆီတစ်လီတာကို ကျပ်ငွေ ၅၀၀၀ အထိပေးဝယ်နေရသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ဓာတ်ဆီဈေးက တစ်လီတာကို (၅) ထောင်ကနေ (၇) ထောင်ပတ်ဝန်းကျင်လောက်ရှိမယ်၊ မနေ့ကမေးကြည့်တော့ တဆိုင်နဲ့တဆိုင်လည်း မတူဘူး အဲ့လိုဖြစ်သွားတယ်။ ဝယ်ဖို့က မရှိဘူး သယ်ဖို့တောင်မှ အရမ်းခက်ခဲတယ်၊ တစ်လီတာတောင်မှ ရဖို့က အနိုင်နိုင်ဖြစ်နေတယ်” ဟု မတူပီဒေသခံက ပြောသည်။ တီးတိန်မြို့တွင်လည်း ဓာတ်ဆီဈေးမြင့်တက်နေပြီး တစ်လီတာကို ကျပ်ငွေ ၃၇၀၀ ခန့်ရှိပြီး လိုသလောက်ဝယ်ယူ၍မရကြောင်း ဒေသခံတစ်ဦးကပြောသည်။ “တီးတိန်ကတော့ ဓာတ်ဆီတစ်လီတာကို ၃၇၀၀ ကျော်ကျော်လောက်ရှိတယ်၊ နာရီပိုင်းလိုက်ဈေးနှုန်းကလည်း တက်နိုင်တယ် ပြောလို့မရဘူး ဆိုင်ကယ်ပါလာမှ ဆိုင်ကယ်တိုင်ကီထဲ အပြည့်ထည့်ပေးတယ် ပါဆယ်ဆွဲလို့မရဘူး ကားဆိုရင်လည်း ဒီလိုပါပဲ ဆီဆိုင်တွေကတော့ ပိတ်တာတော့မရှိသေးဘူး ဒါပေမယ့် သိပ်မများလောက်တော့ဘူးထင်တာပဲ” ဟု တီးတိန်ြမို့ခံတစ်ဦးက…

Read More

Chin National Organization (CNO) ၏ ကျန်းမာရေးဌာနမှ ကြီးမှူးသည့် Suangdawn ကုတင် (၅၀) ဆံ့ ဆေးရုံဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ သြဂုတ်လ (၂၀) ရက် နံနက် (၁၀) နာရီက ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် ကျင်းပခဲ့ရာ တာဝန်ရှိပုဂ္ဂိုလိများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) စစ်ဦးစီးချုပ် ဆလိုင်းပီတာထန်းဦးဆောင်၍ ချင်းအမျိုးသားအလံအလေးပြုခြင်း၊ ကျဆုံးအာဇာနည်ရဲဘော်များအား အလေးပြုခြင်း၊ ချင်းအမျိုးသားသီချင်းသီဆိုကာ ဒေသခံဆရာတော်မှ ဆုတောင်းခြင်းဖြင့် အခမ်းအနားစတင်ခဲ့ပြီးနောက် CNO အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလျံချင်းက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ICNCC မွ ပေးပို့သည့်သဝဏ်လွှာကို CNO တွဲဖက်အတွင်းရေးမှူး (၂) ဆလိုင်းဂျိုးဆက်မှ ဖတ်ကြားခဲ့ပါသည်ဟု သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်။ ဆက်လက်ပြီး Suangdawn ဆေးရုံသစ်အတွက် ဆုတောင်းဆက်ကပ်အပ်နှံပြီး CNO တွဲဖက်အတွင်းရေးမှူး (၁) နှင့် CJDC အတွင်းရေးမှူးဖြစ်သူ ဆလိုင်းတီမီမွ မိန့်ခွန်းပြောကြားခဲ့ပြီး မြို့မိ/မြို့ဖကိုယ်စား ပူးကြွန်ဘွဲ့မှ အမှာစကားပြောကြားကာ ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပါသည်။ ဒေါက်တာမျိုးသူ၊ PDF-kalay စစ်ဦးစီးချုပ် Jelly တို့မှလည်း အမှာစကားအသီးသီးပြောကြားခဲ့ပြီး CNO ကျန်းမာရေးဌာန၏ အတွင်းရေးမှူး ဆလိုင်းလိုင်လျန်မှုန်းမှ ကျေးဇူးတင်စကားပြောကြားကာ အပိတ်ဆုတောင်းခြင်းဖြင့် အခမ်းအနား ရုတ်သိမ်းခဲ့ပါသည်။ ယခုဖွင့်လှစ်သည့် ဆေးရုံသည် ၂၀၂၁ ခုနှစ် CNO/CNDF ဖွဲ့စည်းခဲ့သည့်အချိန်မှ စတင်ပြီး ဆေးကုသပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ဆေးရုံအဖြစ်သို့ တိုးချဲ့ကာ PDF-kalay…

Read More

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) က ခန့်အပ်ထားသည့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်ကို တာဝန်မှရပ်နားပြီး ဒေါက်တာဝုန်ဆွန်းထန်ကို ချင်းပြည်နယ်ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်သည်။

Read More

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ခိုးဆိုးလုယက်မှုများလာပြီး အိမ်ရှေ့နှင့် အိမ်ထဲတွင်ထားရှိသော ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းများအား ပေါ်ပေါ်တင်တင် ခိုးယူမှုများလာသည်ဟု ဒေသခံများထံမှသိရသည်။ သြဂုတ်လ ၁၇ ရက်နေ့က တီးတိန်မြို့နယ် ရွာတစ်ရွာမှ ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်သို့ ဈေးဝယ်ရန် ခေတ္တရောက်လာသူတစ်ဦးသည် အိမ်ရှေ့တွင်ရပ်ထားသည့် ၎င်း၏ Kenbo R 125 ဆိုင်ကယ်တစ်စီးကို လူငယ်နှစ်ဦးက ခိုးယူမောင်းထွက်သွားသည်ဟု သူကပြောသည်။ “ဆိုင်ကယ်ကို အိမ်ရှေ့ကပ်ရပ်မှာ ဇက်သော့ခတ်ပြီး ရပ်ထားတာ၊ ဆိုင်ကယ်မပျောက်ခင် ကောင်လေးနှစ်ယောက်က ကျွန်တော်တည်းတဲ့ အိမ်ဆိုင်မျာ ဆေးလာဝယ်တယ်၊ ခဏနေ ဆိုင်ကယ်စက်နိုးသံကြာတော့ အဲ့..အဲ ဆိုင်ကယ်သံ က… ဆိုပြီး သံသယစိတ်နဲ့ ပြေးကြည့်လိုက်တာ အဲ့လူငယ်နှစ်ယောက်က ကျွန်တော့မျက်စိရှေ့မှာတင် ကျွန်တော့ဆိုင်ကယ်နဲ့ထွက်ပြေး သွားတယ်။” ဟု ၎င်းကပြောသည်။ ယခုရက်ပိုင်းအတွင်း ကလေးမြို့ ရပ်ကွက်အတော်များများတွင် အုပ်စုအဖွဲ့လိုက်သော်လည်ကောင်း၊ နှစ်ယောက် သုံးယောက်ဖြင့်သော်လည်း ခိုးဆိုးလုနှိုက်မှုဖြစ်စဉ် ကြားနေရပြီး ခိုဆိုးလုနှိုက်သူများသည် လက်လုပ်လက်နက်ဖြင့် ချိန်ခြောက်မှုများလည်းရှိသည့်အပြင် အိမ်ထဲသို့ ရေသောက်မည်ဟုဆိုကာ မလို့ရသောပစ္စည်းများကို ပေါ်တင်ဝင်ခိုးခြင်း စသည့် ခိုးနည်းအမျိုးမျိုးဖြင့် လှုပ်ရှားနေကြသည်ဟု သိရသည်။ မကြာသေးခင်ရက်ပိုင်းကလည်း အမည်မသိလူူနှစ်ယောက်က ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ အိမ်တစ်အိမ်ကို ချိန်းခြောက်ကာ ငွေကြေးနှင့် ရွေဆွဲကြိုးတစ်ကွင်းပါဝင်သော ပစ္စည်းများကို လုယူခဲ့သည်ဟုလည်း သိရသည်။ လွန်ခဲ့သော တစ်ပတ်ခန့်ကလည်း အမျိုးသမီးနှစ်ဦးသည် ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ရေဆာလို့ ရေဗူးလေး ဖြည့်ပါရစေဟုဆိုကာ အိမ်ရှင်ရှိလျက်ပင် အားသွင်းထားသည့် ဖုန်းနှစ်လုံးအား ခိုးယူထွက်ပြေးသွားသည်ဟု သိရသည်။ ပြီးခဲ့သည့် မေလ၊ ဇွန်လတုန်းကလည်း တာဟန်းရပ်ကွက်ဘက်တွင် ညသန်းခေါင်ယံ…

Read More

ချင်းပြည်နယ်မှာ အကြီးဆုံးဘာသာရေးအဖွဲ့အစည်းဖြစ်တဲ့ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Chin Baptist Convention) အနေနဲ့ ချင်းပြည်နယ်သူများအတွက် ဥပဒေအထောက်အကူပြုအစီစဉ်ကို ပြီးခဲ့တဲ့ ဧပြီလကစပြီး လာမည့် ၂၀၂၃ ခုနှစ် မတ်လအထိ လုပ်နေပြီလို့ သိရပါတယ်။ ဘာကြောင့် ခုလိုလုပ်ဆောင်လာရတာပါလဲ။ အဓိက ဘာတွေလုပ်ဆောင်ပေးမှာပါလဲ။ ဘယ်လိုဥပဒေအထောက်အကူပြုမျိူးတွေလုပ်ဆောင်ပေးမှာလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာ လောဟာလိန်းကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေနဲ့ ဥပဒေဆိုင်ရာ အထောက်အကူပြုမှု လိုအပ်နေသူတွေကို ကူညီဆောင်ရွက်နိုင်ဖို့ ဥပေဒအထောက်အကူပြုအစီစဉ်စပြီးလုပ်ဆောင်နေတယ်လို့သိပါတယ်။ အဲဒီအခြေအနေကို ရှင်းပြစေချင်ပါတယ်။ ဖြေ။ ကျွန်တော်တို့ အစပဲရှိသေးတယ်ပေါ့ လုပ်ငန်းကတော့ စနေပါပြီနောက်ဒီဟာကိုလုပ်တဲ့အခါမှာ ကျွန်တော်တို့ က UNDP နဲ့ပူးပေါင်းပြီးတော့ ပူးတွဲပြီးတော့ ပရောဂျက်အနေနဲ့လုပ်တာဖြစ်တယ်၊ လုပ်တယ်ဆိုတဲ့အခါမှာ ပထမအဆင့် အနေနဲ့ ကျွန်တော်တို့ လူထုတွေကို ဥပဒေနဲ့ဆိုင်တဲ့ ပညာပေးလုပ်ငန်းတွေ၊ ကျွန်တော်တို့ လက်လှမ်းမှီသလောက် ပညာပေးလုပ်ငန်းတွေလုပ်တယ် ပညာပေးဝေစာလေးတွေကအစ၊ နောက်တစ်ခုက အကယ်၍ ထိတွေ့အဖမ်းအဆီး တွေရှိတဲ့အခါကြရင်လည်း အကျိုးအကြောင်းမေးမြန်းတာပေါ့လေ၊ နောက်လိုအပ်ရင် ရှေ့နေတွေနဲ့ အထောက်အကူလိုတဲ့ ဖမ်းဆီးခံတဲ့ပုဂ္ဂိုလ်များရဲ့အနေအထားကဘာများဖြစ်မလဲပေါ့လေ ဒါလည်း ရှေ့နေတွေနဲ့ လက်လှမ်းမှီ သလောက် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်၊ အခုကတော့ စလုပ်ဖို့ အဆင့်ပဲရှိပါသေးတယ်။ မေး။ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေနဲ့ အဓိက ဘာတွေကို ဘယ်လိုကူညီပြီး လုပ်ဆောင်ပေးသွားမှာလဲ။ ဖြေ။ ဥပမာ ဖမ်းဆီးခံတဲ့အခါမှာ ကျွန်တော်တို့ လက်လှမ်းမှီသလောက်ပေါ့ သူတို့ဘယ်မှာရှိလဲ၊ နောက် ဘယ်ပုဒ်မ၊ ဘယ်လိုကိစ္စနဲ့ ဖမ်းဆီးခံရတယ်။ ကျွန်တော်တို့ ဥပဒေပိုင်းဆိုင်ရာကနေ ဘာတွေကူညီနိုင်တာရှိမလဲပေါ့၊ ဥပမာ…

Read More

Salai Vakok “လက်နက်ခဲယမ်းရှိလို့ တိုက်တာမဟုတ်ပါဘူး။ တိုက်ရင်းနဲ့ရှာတယ်။ ရှာရင်းနဲ့တိုက်တယ်” ဤစကားတွေမှာ ရင်နင့်ဖွယ်ဖြစ်ရပ်တွေရှိနေသည်။ နိုင်ငံအနှံ့အပြားက လူထုသည် စစ်တပ်၏ အာဏာသိမ်းမှုကို လက်မခံဘဲ ဒီမိုကရေစီနှင့် ဖက်ဒရယ်အတွက် လက်နက်စွဲကိုင် တော်လှန်နေသည်မှာ ရက်ပေါင်း ၅၆၀ ကျော်လာပါပြီ။ မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်၊ ကလေးဒေသတွင် စစ်ရေးလှုပ်ရှားသည် Vakok–CNDF မှာလည်း စစ်အာဏာသိမ်းမှုကို တော်လှန်နေသော ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ပေါင်းများစွာထဲက တစ်ဖွဲ့ဖြစ်သည်။ ဩဂုတ်လဆန်းက ကလေးမြို့နယ်တောင်ပိုင်းတွင် Vakok – CNDF အပါအဝင် ပူးပေါင်းတပ်ဖွဲ့ (၅) ဖွဲ့သည် အင်အား (၁၅၀) ခန့်ရှိသော စစ်အာဏာသိမ်းတပ်နှင့် (၃) ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ လက်နက်ကြီးများဖြင့် တပန်းသာသော စစ်အာဏာသိမ်းတပ်နှင့် အနီးကပ်တိုက်ပွဲတွင် နောက်ဆုံးနေ့မှာ Vakok – CNDF တို့ ပူးပေါင်းအဖွဲ့သည် လက်နက်ခဲယမ်း မလောက်ငှမှုဖြစ်ပွားခဲ့ပြီး သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာများပြားခဲ့သည်။ Vakok – CNDF တို့ ပူးပေါင်းတပ်ဖွဲ့မှာ ပျှမ်းမျှ (၁၈) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး (၃) ကျဆုံးခဲ့သည်။ လက်မောင်း၊ ခြေသလုံး စသဖြင့် နေရာတွေမှာ ဒဏ်ရာများ ရရှိခဲ့ပြီး ၁၉ နှစ်အရွယ် လူငယ်တွေလည်း ပါဝင်သည်။ ထိုနေ့က ကျဆုံးသူတချို့မှာ Sniper ဖြင့် အပစ်ခံရခြင်းဖြစ်သည်ဟု Vakok – CNDF စခန်းတာဝန်ခံ ကိုအုပ်ပီးက ပြောသည်။ “၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်တော့ အားလုံးက ကျည်မလောင်ငှမှု ဖြစ်သွားတယ်။…

Read More

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Chin Baptist Convention) က ချင်းပြည်သူများအတွက် ဥပဒေအထောက်အကူပြုအစီစဉ် စတင်ဆောင်ရွက်နေပြီး ဥပဒေဆိုင်ရာ အထောက်အကူပြုမှု လိုအပ်နေသူများအတွက် အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်သည်ဟု သိရသည်။ ယင်းဥပဒေအထောက်အကူပြု အစီစဉ်ကို လာမည့် ၂၀၂၃ ခုနှစ် မတ်လအထိ လုပ်ဆောင်မည်ဖြစ်ပြီး ချင်းပြည်နယ် ၉ မြို့နယ်အပြင် ကလေး-ကဘော်ဒေသ၊ ယောဒေသများလည်း လွှမ်းခြုံနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည်ဟု ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ထံမှ သိရသည်။ ယခုကိစ္စနှင့်ပတ်သက်၍ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာလောဟာလိန်းက “ကျွန်တော်တို့လုပ်ငန်းကတော့ စနေပါပြီ။ ကျွန်တော်တို့ က UNDP နဲ့ပူးပေါင်းပြီးတော့ ပူးတွဲပြီးတော့ ပရောဂျ က်အနေနဲ့လုပ်တာဖြစ်တယ်။ ပထမအဆင့်အနေနဲ့ ကျွန်တော်တို့ လူထုတွေကို ဥပဒေနဲ့ဆိုင်တဲ့ ပညာပေးလုပ်ငန်းတွေ၊ ကျွန်တော်တို့ လက်လှမ်းမှီသလောက် ပညာပေးလုပ်ငန်းတွေလုပ်တယ်၊ နောက်တစ်ခုက အကယ်၍ ထိတွေ့အဖမ်းအဆီး တွေရှိတဲ့အခါကြရင်လည်း အကျိုးအကြောင်းမေးမြန်းတာပေါ့လေ၊ နောက်လိုအပ်ရင် ရှေ့နေတွေနဲ့ အထောက်အကူလိုတဲ့ ဖမ်းဆီးခံတဲ့ပုဂ္ဂိုလ်များရဲ့ အနေအထားကဘာများဖြစ်မလဲပေါ့လေ ဒါလည်း ရှေ့နေတွေနဲ့ လက်လှမ်းမှီ သလောက် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။” ဟု ပြောသည်။ ဥပဒေဆိုင်ရာ အကူအညီလိုအပ်နေသူများအနေဖြင့် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ထံ အချိန်မရွေးအကူအညီတောင်းခံနိုင်ပြီး အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဟု သိက္ခာတော်ရဆရာတော်က ပြောသည်။ “ဥပမာ ဖမ်းဆီးခံတဲ့အခါမှာ ကျွန်တော်တို့ လက်လှမ်းမှီသလောက်ပေါ့ သူတို့ဘယ်မှာရှိလဲ၊ နောက် ဘယ်ပုဒ်မ၊ ဘယ်လိုကိစ္စနဲ့ ဖမ်းဆီးခံရတယ်၊ ကျွန်တော်တို့ ဥပဒေပိုင်းဆိုင်ရာကနေ ဘာတွေ ကူညီနိုင်တာရှိမလဲပေါ့၊ ဥပမာ ရှေ့နေငှါးပေးတာကအစပေါ့ ကျွန်တော်တို့ ဘယ်လောက်အထိ ပံ့ပိုးနိုင်တဲ့ဟာဖြစ်မလဲ၊ မိသားစုတွေကို ဘာတွေကူညီပေးနိုင်မလဲ အသေးအမွှားကအစ ကျွန်တော်တို့ တရားဝင်…

Read More

ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်း ရိခေါဒါမြို့အကြား မော်တော်ယာဉ်လိုင်းများကို မနက်ဖြန် သြဂုတ်လ ၁၉ ရက်နေ့ကစ၍ ပြန်လည်ပေးဆွဲနိုင်ပြီဟု CDF-Hualngoram ယနေ့ထုတ်ပြန်သည်။ ကလေး-ရိ ကားလမ်းကို နယ်မြေလုံခြုံရေးအခြေနေကြောင့် သြဂုတ်လ ၁၄ ရက်နေ့ကစ၍ CDF-Hualngoram တပ်ဖွဲ့က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းမကြီးဖြစ်သော ကလေး-တီးတိန်-ရိ ကားလမ်ကို သြဂုတ်လ ၁၉ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးမည်ဆိုသော်လည်း စစ်ရေးအရ လိုအပ်လျှင် လိုအပ်သလို ပြန်ပိတ်မည်ဟု CDF-Hual ngoram ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read More

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာပြီး အချို့သောဆီဆိုင်များတွင် ဝယ်ယူရန်မရှိတော့ဘဲ ပြတ်လပ်နေပြီဖြစ်သောကြောင့် ပြည်သူများ အခက်အခဲဖြစ်နေကြောင်း ဒေသခံတွေထံမှ သိရသည်။ ယနေ့တွင် ကလေးမြို့ရှိ BOC အစရှိသော ပန့်ဆိုင်ကြီးများအချို့ စက်သုံးဆီများရောင်းပေးရန် မရှိတော့ဘဲ ပိတ်လိုက်ရကြောင်းကို ဆီတည့်ရန်သွားသော ဒေသခံတစ်ဦးထံမှ သိရသည်။ “တာဟန်းကနေ ဆိုင်ကယ်ဆီထည့်ဖို့ သွားတယ်၊ ဘူတာလမ်းခွဲပန့်ဆိုင်က ပိတ်ထားတော့ ဆက်သွားတာပေါ့၊ BOC လဲရောက်ရော အဲမှာလဲ ရောင်းစရာမရှိတော့လို့ ပိတ်လိုက်တာဆိုပြီး ပြောလွှတ်လိုက်တယ်။ ဒါနှင့် ကျွန်တော်လဲ အရင်ဖြည့်ဖူးနေကျ ဆိုင်မှာ သွားဖြည့်တာ ၃၀၀၀ဖိုးပဲရခဲ့တယ်။ ဟာ… ပိုက်ဆံရှိရင်တောင် လိုသလောက်မရနိုင်တဲ့ အဖြစ်ပါလား၊ ရှေ့ဆက်အခက်တွေ့ပြီပဲ” ဟု ပြောသည်။ ကလေးမြို့တွင် ဓာတ်ဆီ Octane 92 တစ်ဂါလံ ၁၆၀၀၀-၁၈၀၀၀ ကြားရှိပြီး Octane 95 တစ်ဂါလံ ၁၈၀၀၀ နှင့်အထက်တွင် ရှိနေကြောင်းသိရပါသည်။ ဒေသခံ အိမ်ရှင်မတစ်ဦးက “ကျွန်မသမီးလေး ရှေ့ရေးအတွက် မူကြိုပို့ထားရတာ၊ နေ့တိုင်းအကြိုအပို့ လုပ် နေရပါတယ်၊ အခုလို စက်သုံးဆီဈေးတွေ ဆက်တိုက် အဆမတန် မြင့်တက်လာရင်တော့ ပုံမှန်ဝင်ငွေမရှိတဲ့ ကျွန်မတို့လို လူက ဟိုငယ်ငယ်တုန်းကလိုမျိုး အချိန်ယူပြီး ခြေလျှင်လျှောက်ဖို့ပဲ တတ်နိုင်တော့မယ်” ဟု ပြောသည်။ ကလေမြို့သည် ဆိုင်ကယ်အသုံးများသည့် မြို့တစ်မြို့ဖြစ်ပြီး ယခုကဲ့သို့ ဓာတ်ဆီဈေးနှုန်းများ မြင့်တက်လာသည့်အပြင် ပြတ်လပ်သည့်အခြေအနေ ရောက်နေသည့်အတွက် ဒေသခံပြည်သူများ အခက်ကြုံနေရသည်ဟု သိရသည်။ ကလေးမြို့မှ ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ပြေးဆွဲနေသူ ကားဆရာတစ်ဦး ပြောပြချက်အရ…

Read More