#Unicode By Benezer – ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ချင်းလူငယ်တစ်ဦးဖြစ်သည့် ဆလိုင်းအောင်စိုးသည် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့၏ ဖမ်းဆီးခံခဲ့ရသည်မှာ အောက်တိုဘာလ ၂၉ ရက်နေ့က ၃ လတင်းတင်းပြည့်သွားပြီဖြစ်ကာ အမြန်ဆုံးပြန်လွှတ်ပေးရန် အရပ်ဘက်အဖွဲ့အစည်းနှင့် မိသားစုဝင်များက တောင်းဆိုလိုက်ကြသည်။ “ကျမတို့အနေနဲ့ ကိုအောင်စိုး အဖမ်းခံရမှုနဲ့ပတ်သတ်ပြီးတော့ ထုတ်ပြန်ချက်တွေလည်း အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သတ်ဆက်နွယ်မှုမရှိတဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာမျိုး ဆိုလို့ရှိရင် AA ဆိုလို့ရှိရင် International Humanitarian Law ရယ် Geneva Convention ရဲ့ စည်းကမ်းတွေကို လိုက်နာတယ်လို့ ကျမတို့သိထားတယ်၊ အဲဒါကြောင့် လက်နက်ကိုင်နဲ့မဆိုင်တဲ့ အရပ်သားပြည်သူကို ဖမ်းဆီးခြင်းသည် လုံးဝမသင့်တော်တဲ့ လုပ်ရပ်ဖြစ်တယ်၊ အဲဒါကြောင့် အမြန်ဆုံးလွှတ်ပေးစေချင်တယ်၊ မိသားစုဝင် တွေလည်း အရမ်းစိတ်ပူနေကြပြီ” ဟု ခူမီးချင်းမျိူးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC မှ မနန်းဝေက ပြောသည်။ ဆလိုင်းအောင်စိုးအပါအဝင် ချင်းလူငယ် (၄) ဦးတို့သည် ပြီးခဲ့သည့်ဇူလိုင်လ (၂၉) ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့အပြန် ငသရိုင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျန် (၃) ဉီးမှာ လွတ်မြောက်လာပြီဖြစ်သော်လည်း ဆလိုင်းအောင်စိုးမှာ ယနေ့အချိန် လွတ်မြောက်လာခြင်း မရှိသေးခြင်း ဖြစ်သည်။ ဆလိုင်းအောင်စိုးနဲ့အတူ အဖမ်းခံရသူ (၃) ဉီးမှာ လွတ်မြောက်လာပြီဖြစ်သဖြင့် ဆလိုင်းအောင်စိုး၏ စိတ်ပိုင်းဆိုင်ရာလည်း စိုးရိမ်စရာရှိနေပြီး AA တပ်ဖွဲ့အနေဖြင့် ဆလိုင်းအောင်စိုးနှင့်ပတ်သတ်သည့် အလုံးစုံတွင် တာဝန်ရှိကြောင်း မိုင်နန်းဝေ ကပြောသည်။…
Author: Editor
#Unicode ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ကျေးရွာအုပ်စုပေါင်း ၁၂ စုသည် ရွေးကောက်ပွဲကျင်းပပြုလုပ်နိ်ု င်သည့်အနေအထားရှိသည့်အတွက် ရွေးကောက်ပွဲကျင်းပပြုလုပ်ပေးရန် ခူမီးချင်းမျိူးနွယ်စုပေါင်း စပ်ညှိနှိုင်းရေးကောင်စီ(KACC) တောင်းဆိုလိုက်သည်။ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သည် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း (၉၄) အုပ်စုတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန်အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများကျင်းပခြင်းပြုလုပ်မည်မဟုတ်ကြောင်း အောက်တိုဘာလ ၂၇ ရက်နေ့ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကျေးရွာအုပ်စုပေါင်း ၉၄ စုအနက် ပလက်ဝနှင့် ဆမီးမြို့အနီးတစ်ဝိုက်တွင်ရှိသည့် အနည်းဆုံး ၁၂ အုပ်စုတွင် ရွေးကောက်ပွဲကို ကောင်းမွန်လုံခြုံစွာကျင်းပနိုင်ရန် လုံလောက်သောအခြေအနေများရှိသည်ဟု KACC ၏ အောက်တိုဘာလ ၂၈ ရက်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ “ ကျနော်တို့ပြန်ပြီးမှတောင်းဆိုတာက ၁၂ အုပ်စုပေါ့၊ အဲဒီ (၁၂) အုပ်စုက မြို့နဲ့လည်းနီးတယ် သွားရေးလာရေးအဆင်ပြေ တယ်၊ လုံခြုံရေးအရလည်းကောင်းတယ်၊ အဲလိုမျိူးနေရာတွေကို တော့လုပ်ပေးနိုင်မယ်ဆိုရင်အရမ်းကောင်းမယ်’’ ဟု KACC ညှိနှိုင်းရေးမှူး ဆလိုင်းပိန်နန်းကပြောသည်။ ရွေးကောက်ပွဲကျင်းပပေးရန် KACC မှပြန်လည်တောင်းဆိုသောကျေးရွာအုပ်စုများမှာ သမန်းသား၊ တွီလင်းဝ၊ ဘောင်းဝီ၊ မီးချောင်းသားဝ၊ တိုင်ဝ၊ ပါမောင်း၊ (စိုးနီ)ကနောင်၊ ဆင်အိုးဝ၊ အထက်ဘလိုင်၊ ဝါးရုံ၊ ရွှေလိုက်ဝ၊ ကုန်ပြင်ကျေးရွာတို့ဖြစ် သည်ဟု သိရသည်။ ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်သည့်အနေအထားရှိသော ကျေးရွာအုပ်စုအတော်များများရှိသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပလက်ဝမြို့၊ ဆမီးမြို့ နှင့် ရှင်းလက်ဝကျေးရွာအုပ်စုကိုသာ ခွင့်ပြုလိုက်သည့် အတွက် အဆိုပါဒေသအနီးတဝိုက်တွင်ရှိသော ကျေးရွာအုပ်စုများကို တောင်းဆိုပေးရခြင်းဖြစ်သည်ဟု KACC မှပြောရေးဆိုခွင့်ရှိသူ မနန်းဝေကပြောသည်။ “ဆမီးနဲ့ မတူပီကြားက လူတွေတောင်သွားလို့ရနေတယ်လေ ကုန်ပစ္စည်းလည်းပို့လို့ရတယ် အဲဒီကြားမှာတိုက်ပွဲမရှိဘူး၊ မဲရုံပစ္စည်းတွေလည်းတောက်လျှောက်ပို့နေတယ် နောက်လိုင်လင်းပီနဲ့ ရှင်းလက်ဝကြားလည်းတောက်လျှောက်ဆန်တွေ ပို့နေတာပဲ၊ နောက်…
#Unicode By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ဆက်သွယ်ရေးအင်တာနက်လိုင်းများ ယနေ့ချိန်ထိ ပိတ်ပင်ထားသည့် အတွက် ရွေးကောက်ပွဲ၊ ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက်များအချိန်မှီသိရှိမှုပိုင်းတွင် အခက်အခဲဖြစ်နေကြ သည်ဟု သိရသည်။ ပလက်ဝမြို့ပေါ်ရှိ ချင်းအမျိူးသမီးအဖွဲ့မှဦးဆောင်သူတစ်ဦးက “ အခုအင်တာနက်ကလည်း မရတော့ ဘာသတင်းတွေမှ လည်းမသိရဘူး၊ အဆက်အသွယ်လည်းလုပ်လို့မရတော့ဘူး ကိုရိုနာဗိုင်းရပ်စ်ကိစ္စတွေ လည်းမသိရဘူး၊ ရွေးကောက်ပွဲ ကိစ္စတွေလည်း ဘာမှမသိရဘူး’’ ဟု ပြောသည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ စစ်မက်ဖြစ်ပွားရာဒေသ ရခိုင်ပြည်နယ် (၈) မြို့နယ် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လိုင်လ (၂၁) ရက်နေ့ကစ၍ ဆက်သွယ်ရေး အင်တာနက်လိုင်းများကို အစိုးရက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ပလက်ဝမြို့နယ်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT အော်ပရေတာကတ်များကို အဓိကအသုံးပြုနေကြပြီး ယခုလက်ရှိတွင် အင်တာနက် 4G ကွန်ယက်အပြည့်အဝမရရှိဘဲ 2G ကွန်ယက်အဆင့်သာဖွင့်ပေးသော်လည်း အသုံးပြု၍အဆင်မပြေကြောင်းသိရသည်။ ချင်းစစ်ဘေးရှောင်ကူညီးရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) မှ ဒေါ်နန်းဝေက “ သတင်းအချက်အလက် တွေမရနိုင်တော့ဘူး အစိုးရဌာနကအလုပ်ခေါ်စာတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက အလုပ်ခေါ်စာတွေထုတ်တဲ့ အခါမှာ သတင်းအချက်အလက်မသိရတော့ဘူး Access to Information မဖြစ်တော့ဘူး၊ ကိုဗစ်နိုင်တင်းအချက်အ လက်တွေ၊ အချိန်မီမသိရှိနိုင်တော့ဘူး” ဟုပြောသည်။ အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ခြင်းသည် ပြည်သူလူထုအား သတင်းအမှောင်ချခြင်းဖြစ်သည့်အပြင် လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊ သိရှိပိုင်ခွင့်ကို ချိူးဖောက်ရာရောက်သည့်အတွက် အမြန်ဆုံးပြန်လည်ဖွင့်ပေးသင့်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့၏ Field Director ဆလိုင်းတေရကပြောသည်။ “တကယ်ဆိုရင် ဒီလိုအင်တာနက်ဖြတ်တောက်တာက ပြည်သူတွေကို…
#Unicode စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ နှင်းဆီပါတီ(ခေါ်) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) ပါတီအနေ ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့အထွေထွေရွေးကောက်ပွဲတွင် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီကို ဝန်းရံသွားမည်ဟု ကလေးမြို့နယ် UDP ပါတီ ဥက္ကဌ ဦးဟုန်းထန်းကပြောသည်။ ဦးဟုန်းထန်းက “ကျွန်တော်တို့ပါတီထူထောင်လာတယ်ဆိုတာက ကျွန်တော်တို့ အနိုင်ရချင်လို့ ပါတီထူထောင်တာဖြစ်တယ်။ ချင်းပါတီကလည်းအနိုင်ရချင်လို့ ချင်း ပါတီထူထောင်တာဖြစ်သလို အနိုင်ရပြီးရင် ကျွန်တော်တို့ချင်းလူမျိုး၊ ချင်းရှိတဲ့ရပ်ကွက် ၊အုပ်စုတွေကို အတတ်နိုင်ဆုံး ပါဝင်ပြီး ဖွံ့ဖြိုးပေးဖို့ အတွက် ကျွန်တော်လည်း ချင်းတိုင်းရင်းသားဖြစ်အတွက် ချင်းပါတီကိုလည်းနှစ်သက်ပါတယ်။ ဒါကြောင့် နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲမှာ နှင်းဆီပါတီကမဲထည့်မဲ့ ချင်းလူမျိုး ၄၈၀၀၀ နဲ့ဝန်းရံပေးမှာဖြစ်ပါတယ်” ဟုပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး အောက်တိုဘာလ ၂၉ ရက်နေ့ညနေပိုင်းက ကလေးမြို့နယ် CNLD ပါတီရုံးတွင် နှစ်ဖက်ပါတီမှ တာဝန်ရှိသူများက သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။ ကလေးမြ်ို့နယ်တွင် ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) တွင် ပါတီဝင်အင်အား ချင်းလူမျိူး ၄၈၀၀၀ ခန့်ရှိသည်ဟု သိရသည်။ UDP ပါတီဥက္ကဌ ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ကျော်မြင့် ဟွာဟူသည် ထောင်ပြေးမှုဖြင့် ပြီးခဲ့သည့် စက်တင်ဘာ လ ၂၉ ရက်နေ့က အဖမ်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။ ထို့နောက် UDP ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၇ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။ #Zawgyi စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ နှင်းဆီပါတီ(ခေါ်) ညီညွတ်သော…
#Unicode By Benezer – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်၏ ကျေးရွာအုပ်စုအားလုံးနီးပါးတွင် ရွေးကောက်ပွဲမကျင်းပရန်ကြေညာလိုက်သည့်အတွက် ပလက်ဝမြ်ို့နယ်၏ အထွေထွေရွေးကောက်ပွဲသည် ပြည်သူ တရပ်လုံး၏ ဆန္ဒထင်ဟပ်နိ်ုင်မည်ဟုတ်ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက ဝေဖန်လိုက်ကြသည်။ “ပွင့်ပွင့်လင်းလင်းပြောရရင် ၁၀၀ ရှိတဲ့ထဲမှာ ၉၄ ခုလောက်ကဖျက်ပြီးတော့ နည်းနည်းပဲလုပ်တယ်ဆိုတာက ပြည်သူလူ ထုရဲ့ဆန္ဒကိုမထင်ဟပ်တော့ဘူး၊ ရာခိုင်နှုန်း အင်မတန်နည်းတဲ့ နေရာလောက်ဘဲ ရွေးကောက်ပွဲလုပ်တယ် ဆိုလို့ရှိရင် တစ်နယ်လုံးရဲ့ ဆန္ဒကို ထင်ဟပ်မှုရှိလားဆိုတာ မေးခွန်းထုတ်စရာဖြစ်သွားတာပေါ့၊ အဓိကတော့ ပြည်သူတွေရဲ့ Right to Vote ဆုံးရှုံးသွားတာပေါ့၊ ပြည်သူလူထုရဲ့ Power Distribution က ရွေးကောက်ပွဲကနေသွားတာဆိုတော့ အများစုက မဲမထည့်ရတဲ့အခါမှာ သူတို့ရဲ့ကိုယ်စားပြုမှု မပီပြင်တော့ဘူး”ဟု ရွေးကောက်ပွဲလေ့လာစောင့်ကြည့်မှုများလုပ်ဆောင် နေသည့် Civic Development Institute မှ ဆလိုင်းဘွေရိုဆန်ကပြောသည်။ ပလက်ဝမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၁၀၂အုပ်စုရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကျေးရွာအုပ်စု ၉၄ ခုတွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း ကြေညာခဲ့သဖြင့် တစ်မြို့နယ်လုံး၏ ၇ ရာခိုင်နှုန်းခန့်မှာသာ ရွေးကောက်ပွဲကျင်းပနိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ ပလက်ဝမြ်ို့နယ်ကျေးရွာအုပ်စုအများစုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်တော့မည့်အပေါ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မလာမှာကို ဒေသခံအချို့က စိုးရိမ်မှုများရှိ နေကြောင်း သိရသည်။ အမည်မဖော်လိုသူ ပလက်ဝဒေသခံတစ်ဉီးမှ “အကုန်လုံးတော့ လွတ်လပ်တဲ့ရွေးကောက်ပွဲတော့ ဖြစ်မှာမဟုတ်ဘူး၊ အကုန်လုံးရဲ့ ဆန္ဒနဲ့ ရွေးချယ်တင်မြောက်မှာမဟုတ်တော့ လုံခြုံရေးအခြေအနေပေါ်မှာ လုပ်ရတာဖြစ်တဲ့အတွက်ကြောင့် အကုန်လုံးရဲ့ ဆန္ဒမဲဖြစ်တဲ့ဟာတော့ ရမှာမဟုတ်ဘူး၊ အခုက ရတဲ့နေရာတွေလောက်ဘဲလုပ်မှာဆိုတော့…
#Unicode By Benezer – ချင်းပြည်နယ် ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အစိုးရနှင့် ကမ႓ာ့စားနပ်ရိက္ခာအစီစဉ် (WFP) တို့မှ ဆန်ထောက်ပံ့မှုများရှိနေသော်လည်း အကန့်အသတ်ဖြစ်သာရရှိသဖြင့် အခက်အခဲဆက်လက်ကြုံနေရကြောင်း စစ်ဘေးရှောင်ပြည်သူများအား အကူအညီပေးနေသူများထံမှ သိရသည်။ “လက်ရှိအခြေအနေကတော့ ဆန်ခက်ခဲတာပေါ့၊ လက်ရှိကတော့ အစိုးရကနေပြီးတော့ ၁၄ ရက်နေမှာပေးထားတဲ့ ဆန် ၁၀ ရက်စာလောက်တော့ ပေးထားတယ်၊ အဲဒီအပြင် WFP ကနေပြီးတော့ ၁၉ ရက်နေ့မှာ ၄ ရက်စာထပ်ပေးတယ်၊ အဲဒီတော့ သူတို့ရဲ့ ရိက္ခာဖူလှုံမှုက ၂၈ ရက်နေ့ထိတော့လုံလောက်တယ်၊ ခုတော့ကုန်နေပြီ၊ WFP ကနေပေးထားတဲ့ ၃သောင်းစီက ပိုက်ဆံတော့ရှိတယ်၊ ဒါပေမယ့် ပလက်ဝမြို့ပေါ်မှာ ဆန်က အများကြီးမရှိဘူး၊ အဲဒီတော့ လောလောဆယ် ဆန်အခက်အခဲရှိနေတယ်” ဟု စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ပေးနေသူတစ်ဉီးကပြောသည်။ ပလက်ဝမြို့စစ်ဘေးရှောင်စန်းတွင်ရောက်ရှိနေကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက် WFP မှ ဆန်အစား ဒုက္ခသည်တစ်ဉီးကို ကျပ်ငွေ ၃ သောင်းစီလှူဒါန်း ပေးထားသော်လည်း ပလက်ဝမြို့ပေါ်တွင် ဆန်တစ်အိတ် ၇ သောင်းခွဲအထိ ဈေးရှိနေသည့်အပြင် ဝယ်ယူရန်လည်း လုံလုံလောက်လောက်မရှိသဖြင့် အခက်အခဲရှိနေကြောင်းသိရသည်။ “အခုလက်ရှိမှာတော့ ဆန်ထောက်ပံပေးထားတာအချို့ရှိတယ်၊ WFP ကနေ တစ်ယောက်ကို သုံးသောင်းစီပေးပေမယ့်၊ ဒီမှာက ဝယ်စရာမရှိဘူးလေ၊ အစိုးရကနေပြီးတော့ ဒီရက်ပိုင်းအတွင်းမှာ ကားငါးစီးနဲ့ ဆန်သယ်ဖို့ရှိတယ်လို့တော့ ကြားရတယ်၊ အတိအကျတော့မသိသေးဘူး၊ ပြီးတော့ နေရေးထိုင်ရေးပိုင်းမှာ တဲတွေက ကျဉ်းကျဉ်းလေးဆိုတော့ မိသားစုများတဲ့သူတွေဆိုအဆင်မပြေဘူး၊ ပြီးရင် တာလပတ်နဲ့ဘဲ ကားထားတာဆိုတော့ နောက်ပိုင်းအခက်အခဲရှိလာနိုင်တယ်”ဟု ပလက်ဝချင်းအမျိုးသမီးအဖွဲ့မှ ဆရာမ အောင်မဖြူကပြောသည်။ ပလက်ဝမြို့နယ်တွင် မြန့်မာတပ်မတော်နှင့်…
#Unicode ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း (၉၄) အုပ်စုတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန်အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများကျင်းပခြင်းပြုလုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၇ ရက်နေ့ကထုတ်ပြန်လိုက်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်က “ကျနော့သုံးသပ်ချက်အရ ကတော့ နယ်မြေဒေသ အခြေအနေလုံခြုံမှုမရှိတဲ့အခါမှာ မဲရုံတွေကိုအများကြီးဖွင့်လိုက်လို့ရှိရှင် ပြည်သူလူထုပဲထိခိုက်မ ယ်လေ ပါတီတွေမထိခိုက်ဘူး ကိုယ်စားလှယ်တွေမထိခိုက်ဘူး ပြည်သူတွေကြားညှပ်ပြီးတော့ ဒုက္ခရောက်သွားနိုင်တယ်၊ ကျင်းပလို့မယ်နေရာက ပလက်ဝမြို့ပေါ်၊ ဆမီးမြ်ို့ပေါ်နောက် ရှင်းလက်ဝအုပ်စုပေါ့၊ ဒါတော့ ကျနော်တို့ကျင်းပဖို့အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေစီမံဆောင်ရွက်နေပြီ၊’’ ဟု ပြော သည်။ ပလက်ဝမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၁၀၂ အုပ်စုရှိသည့်အနက် မဲဆန္ဒနယ်အမှတ် (၁) တွင် ၄၅အုပ်စု၊ အမှတ်(၂) တွင် (၅၇) အုပ်စုရှိပြီး ပလက်ဝမြို့ပေါ်ရှိ ရပ်ကွက် (၄) ခု၊ ဆမီးမြို့ပေါ်ရှိ ရက်ကွက် (၃) ခုနှင့် ရှင်းလက်ဝကျေး ရွာအုပ်စုစသည့် (၈) နေရာတွင်သာ ရွေးကောက်ပွဲကျင်းပကြမည်ဖြစ်သည်။ ချင်းပြည်နယ်တွင် လူဦးရေနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအများဆုံးဖြစ်သည့် ပလက်ဝမြို့နယ်တွင် ယခုကဲ့သို့ ကျေးရွာအုပ်စု ပေါင်း ၉၄ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပမည်ဟုတ်သည့်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅ သောင်းကျော်က မဲပေးခွင့်ဆုံးရှုံးသွားမည်ဖြစ်ပြီး လူဦးရေ တစ်သောင်းနီးပါးကသာ မဲပေးခွင့်ရရှိနိုင်မည်ဖြစ်သည်။ သို့သော်လည်းရွေးကောက်ပွဲ ကျင်းပခွင့်ရရှိသည့်နေရာများသည် မဲဆန္ဒနယ်မြေ (၂) နေရာစလုံးပါသည့်အတွက် ပလက်ဝမြို့နယ်ပြည်သူများအနေဖြင့် ကိုယ်စားလှယ်လောင်း ဆုံးရှုံးမည်မဟုတ်ကြောင်း ဦးလင်းကျော်ကဆက်ပြောသည်။ “ မဲဆန္ဒနယ် (၂) နယ်လုံးပါတဲ့ ရပ်ကွက်နဲ့ကျေးရွာအုပ်စုတွေဖြစ်တဲ့အတွက်ကြောင့် မဲဆန္ဒရှင်ပြည်သူတွေအတွက်ကတော့ ကိုယ်စားလှယ်လောင်း ၅ ယောက်လုံးရသွားမယ် လွှတ်တော် ၃…
#Unicode By Benezer – ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့ရှိ စစ်ဘေးရှောင်ပြည်သူများနေထိုင်ကြသည့် ယာယီဝါးအိမ် ၅၀၀ ခန့်သည့် ပိုးထိုးပြီးပြိုကျမှုများရှိလာသည့်အတွက် နေထိုင်ရေးပိုင်းတွင် အခက်အခဲကြုံနေကြရသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် ဆမီးမြို့မှဉီးပြည်ဆုကပြောသည်။ “လက်ရှိအခက်အခဲကတော့ နေရာထိုင်ခင်းအခက်အခဲ ကြုံနေရပါတယ်၊ တန်းလျားတွေ လုံးချင်းအိမ်လေးတွေကို ဝါးနဲ့ဆောက်ခဲ့တာဆိုတော့ ပိုးထိုးတဲ့အချိန်မှာ ပြိုပျက်တာတွေတွေ့ရတယ်၊ နောက်ပြီးတဲ့ အသိမိတ်ဆွေအိမ်မှာ ငှားပြီးနေတဲ့သူတွေရှိတယ်၊ အိမ်ငှားခဲ့တာကလည်း အိမ်လွတ်နေလို့ ငှားထားတာမျိုးမဟုတ်ဘဲနဲ့ သက်ညှာတဲ့အနေနဲ့ငှားထားတာဖြစ်တယ် သူတို့က တစ်နှစ်စာဘဲငှားထားတာဆိုတော့ အဲဒီနောက်ပိုင်းမှာတော့ အိမ်ရှင်တွေက မနေခိုင်းကြတော့ဘူး၊ အဲဒါသူတို့ ဘယ်မှာနေရမလဲဆိုတာ စိတ်ပူနေရတယ်” ဟု ဉီးပြည်ဆုကပြောသည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အကြားတိုက်ပွဲကြောင့် ဆမီးမြို့ပေါ်သို့ စစ်ဘေးရှောင်အဖြစ် ရောက်ရှိလာကြသည့် စစ်ဘေးရှောင်ပြည်သူများနေထိုင်ရန်အတွက် ချင်းပြည်နယ်အစိုးရနှင့် စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုဖြင့် ယာယီဝါးအိမ်များဆောက်လုပ်ပေးကာ နေရာချထားသော်လည်း ယခုအခါအဆိုပါဝါးအိမ်များသည် ပိုးထိုးကာ အများစုသည် နေထိုင်ရန်မသင့်တော့ခြင်းဖြစ်သည်။ ဆမီးမြို့ရှိ စစ်ဘေးရှောင်ပြည်သူများကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သည့် ပြည်သူ့မျှော်လင့်ချက် လူမှုဖွံ့ဖြိုးရေးအသင်း (People Hope) ဒါရိုက်တာကိုဇော်လီအောင်က “မမျှော်လင့်ဘဲနဲ့ အစုလိုက်အပြုံလိုက် ဒုက္ခသည်တွေရောက်လာတဲ့အတွက် အရေးပေါ်အနေနဲ့ သူ့ရာသီမဟုတ်ဘဲနဲ့ ဝါးကိုသုံးပြီးဆောက်တဲ့အခါကျတော့ ပိုးထိုးပြီးတော့ ကြံ့ခိုင်မှုမရှိဘူး၊ ပိုဆိုးတာက တန်းလျားတွေကပိုဆိုးတယ်၊ မိုးကာကလည်း ဟောင်းလာတဲ့အခါကျတော့ မိုးရွာရင် နေလို့မရတော့ဘူး၊ နေပူရင်လည်း နေပူဒဏ်မခံနိုင်တဲ့အတွက် တော်တော်များများ အခက်အခဲကြုံတာတွေရှိတယ်”ဟု ပြောသည်။ အဆိုပါ နေထိုင်ရေးအခက်အခဲဖြစ်နေသည့် စစ်ဘေးရှောင်များအား ကူညီပေးရန် အစိုးရမှ ကနဉီးဆောင်ရွက်ရန်လိုအပ်ပြီး အစိုးရမှ အစီအစဉ်ချမှတ်ပြီးမှသာ ကျန်သည့်အဖွဲ့အစည်းနှင့် အလှူရှင်များမှ ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ “ကျနော်တို့အနေနဲ့ အစီအစဉ်ချမှတ်ထားတာတော့မရှိသေးပေမယ့် အစိုးရက…
#Unicode ချင်းအမျိူးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ယခုလက်ရှိမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၊ ၂၀၂၀ ရွေးကောက်ပွဲကနေ အသစ်တက်လာမည့်အစိုးရသစ်အပေါ် မျှော်လင့်ချက် နဲ့ ပလက်ဝအခြေအနေတို့နဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားသည်။ မေး။ ။ ကြံံခိုင်ရေးနဲ့ NLD အစိုးရသက်တမ်း နှစ်ခုမှာ CNF အနေနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့တာဆိုတော့ လက်ရှိ ဖြစ်နေတဲ့ ငြိမ်းချမ်းရေးအနေအထားအပေါ် အားရကျေနပ်မှုရှိလား။ ဒီအစိုးရနှစ်ခုအကြား ငြိမ်းချမ်းဆောင်ရွက်မှုပိုင်းမှာ ဘယ်လိုကွာခြားမှုတွေရှိနေလဲ။ ဖြေ။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ အစိုးရနဲ့ မိမိတို့အကြား လုပ်ငန်းချိတ်ဆက်မှုပိုင်းမှာတော့ ကြ့ံခိုင် ရေး အစိုးရနဲ့ ဆောင်ရွက်ရတာ ပိုပြီး အားရတယ်။ ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်က ကြံ့ခိုင်ရေးအစိုးရကနေ စတင်လာတာ ဆို တော့လုပ်ငန်း နဲ့ပါတ်သက်ပြီး ပိုမို နားလည်တာလည်းပါမှာပေါ့။ NLD အစိုးရ လက်ထက်ကျတော့ ပိုမို နှောင့်နှေး သွား တယ်၊ ချုံပြောရယင် ငြိမ်းချမ်းရေးဖြစ်စဉ် သယ်ဆောင်မှုက အားရကျေနပ်စရာ မကောင်းဘူးလို့ပြောရမှာပဲ။ တိုးတက် မှုဆိုလို့ ပထမအကြိမ်၊ ဒုတိယအကြိမ်ပင်လုံအထိ တိုးတက်တယ်လို့ ပြောချင်တယ်၊ တတိယ အကြိမ် ပင်လုံ ကနေ ယနေ့အထိ အရွေ့တော့ ရှိတယ်၊ မတိုးတက်ဘူး၊ ဒါကြောင့် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးဖြစ်စဉ်ကို တက်လာတဲ့ အစိုး ရသစ်နဲ့ အတူ ဖော်ဆောင်နိုင်ဖို့ ရှေ့လုပ်ငန်းစဉ်တွေ ကြိုတင်ချမှတ်တာဖြစ်ပါတယ်။ မေး။ ။ အသစ်တက်လာမည့် အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးနှင့် ပါတ်သက်ပြီး ဘာတွေ ဆောင်ရွက်စေချင်သလဲ။ ဖြေ။ ။…