Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖမ္းဆီးခံရမႈ ၃ လျပည့္ေနၿပီျဖစ္သည့္ ဆလိုင္းေအာင္စိုးအား အျမန္ဆုံးလႊတ္ေပးရန္ေတာင္းဆို

ဖမ္းဆီးခံရမႈ ၃ လျပည့္ေနၿပီျဖစ္သည့္ ဆလိုင္းေအာင္စိုးအား အျမန္ဆုံးလႊတ္ေပးရန္ေတာင္းဆို

0
By Editor on October 31, 2020 Headline

#Unicode

By Benezer – ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ချင်းလူငယ်တစ်ဦးဖြစ်သည့် ဆလိုင်းအောင်စိုးသည် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့၏ ဖမ်းဆီးခံခဲ့ရသည်မှာ အောက်တိုဘာလ ၂၉ ရက်နေ့က ၃ လတင်းတင်းပြည့်သွားပြီဖြစ်ကာ အမြန်ဆုံးပြန်လွှတ်ပေးရန် အရပ်ဘက်အဖွဲ့အစည်းနှင့် မိသားစုဝင်များက တောင်းဆိုလိုက်ကြသည်။

“ကျမတို့အနေနဲ့ ကိုအောင်စိုး အဖမ်းခံရမှုနဲ့ပတ်သတ်ပြီးတော့ ထုတ်ပြန်ချက်တွေလည်း အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သတ်ဆက်နွယ်မှုမရှိတဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာမျိုး ဆိုလို့ရှိရင် AA ဆိုလို့ရှိရင် International Humanitarian Law ရယ် Geneva Convention ရဲ့ စည်းကမ်းတွေကို လိုက်နာတယ်လို့ ကျမတို့သိထားတယ်၊ အဲဒါကြောင့် လက်နက်ကိုင်နဲ့မဆိုင်တဲ့ အရပ်သားပြည်သူကို ဖမ်းဆီးခြင်းသည် လုံးဝမသင့်တော်တဲ့ လုပ်ရပ်ဖြစ်တယ်၊ အဲဒါကြောင့် အမြန်ဆုံးလွှတ်ပေးစေချင်တယ်၊ မိသားစုဝင် တွေလည်း အရမ်းစိတ်ပူနေကြပြီ” ဟု ခူမီးချင်းမျိူးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC မှ မနန်းဝေက ပြောသည်။

ဆလိုင်းအောင်စိုးအပါအဝင် ချင်းလူငယ် (၄) ဦးတို့သည် ပြီးခဲ့သည့်ဇူလိုင်လ (၂၉) ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့အပြန် ငသရိုင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျန် (၃) ဉီးမှာ လွတ်မြောက်လာပြီဖြစ်သော်လည်း ဆလိုင်းအောင်စိုးမှာ ယနေ့အချိန် လွတ်မြောက်လာခြင်း မရှိသေးခြင်း ဖြစ်သည်။

ဆလိုင်းအောင်စိုးနဲ့အတူ အဖမ်းခံရသူ (၃) ဉီးမှာ လွတ်မြောက်လာပြီဖြစ်သဖြင့် ဆလိုင်းအောင်စိုး၏ စိတ်ပိုင်းဆိုင်ရာလည်း စိုးရိမ်စရာရှိနေပြီး AA တပ်ဖွဲ့အနေဖြင့် ဆလိုင်းအောင်စိုးနှင့်ပတ်သတ်သည့် အလုံးစုံတွင် တာဝန်ရှိကြောင်း မိုင်နန်းဝေ ကပြောသည်။

ဆလိုင်းအောင်စိုးဖမ်းဆီးခံရသည့်အပေါ် ယောက်ဖတော်ဆက်သူ ကိုရမ်နှင်းမှ “သူကကိုယ်ပိုင်စီးပွားရေးလေးလုပ်ပြီး အသက်မွေးတဲ့သူဖြစ်တယ်၊ လူငယ်ဖြစ်တော့ လူငယ်အဖွဲ့အစည်းတွေထဲပါတဲ့ဟာတော့ရှိရင်ရှိမှာပေါ့၊ ဒါပေမယ့် သူ့ကိုဖမ်းရတဲ့အကြောင်းကို လုံးဝနားမလည်ဘူး အိမ်မှာက သူ့မိဘတွေဘဲရှိတော့၊ အရမ်းစိတ်ပူကြတယ်၊ မောင်နှမတွေကလည်း အရမ်းဆိုးရိမ်ကြတယ်၊ သူကကျမ်းမာရေးကလည်းသိပ်ကောင်းတဲ့သူမဟုတ်ဘူး၊ အဲဒါကြောင့်အမြန်ဆုံးလွှတ်ပေးစေချင်တယ်” ဟု ပြောသည်။

KACC ၏ စာရင်းအရ ပလက်ဝမြို့နယ်တွင် ၂၀၁၅ ခုနှစ်မှ လက်ရှိအချိန်ထိ ရက္ခိုင့်တပ်တော် AA မှ ဖမ်းဆီးထားသည့် အရပ်သားအားလုံးပေါင်း ၁၀၅ ဉီးအထိရှိခဲ့ပြီး ၈၄ ဉီးမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကာ လက်ရှိတွင် လွတ်မြောက်ခြင်းမရှိသေးသူ ၂၂ ဉီးရှိကြောင်း သိရသည်။

#Zawgyi

ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္မွ ခ်င္းလူငယ္တစ္ဦးျဖစ္သည့္ ဆလိုင္းေအာင္စိုးသည္ ရကၡိဳင့္တပ္ေတာ္(AA) တပ္ဖြဲ႔၏ ဖမ္းဆီးခံခဲ့ရသည္မွာ ေအာက္တိုဘာလ ၂၉ ရက္ေန႔က ၃ လတင္းတင္းျပည့္သြားၿပီျဖစ္ကာ အျမန္ဆံုးျပန္လႊတ္ေပးရန္ အရပ္ဘက္အဖြဲ႔အစည္းႏွင့္ မိသားစု၀င္မ်ားကေတာင္းဆိုလိုက္ၾကသည္။ 

“က်မတို႔အေနနဲ႔ ကိုေအာင္စိုး အဖမ္းခံရမႈနဲ႔ပတ္သတ္ၿပီးေတာ့ ထုတ္ျပန္ခ်က္ေတြလည္း အႀကိမ္ႀကိမ္ထုတ္ျပန္ခဲ့ၿပီး ျဖစ္တယ္၊ လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ပတ္သတ္ဆက္ႏြယ္မႈမရွိတဲ့ အရပ္သားျပည္သူေတြကို ဖမ္းဆီးတာမ်ိဳး ဆိုလို႔ရွိရင္ AA ဆိုလို႔ရွိရင္ International Humanitarian Law ရယ္ Geneva Convention ရဲ့ စည္းကမ္းေတြကို လိုက္နာတယ္လို႔ က်မတို႔သိထားတယ္၊ အဲဒါေၾကာင့္ လက္နက္ကိုင္နဲ႔မဆိုင္တဲ့ အရပ္သားျပည္သူကို ဖမ္းဆီးျခင္းသည္ လုံးဝမသင့္ေတာ္တဲ့ လုပ္ရပ္ျဖစ္တယ္၊ အဲဒါေၾကာင့္ အျမန္ဆုံးလႊတ္ေပးေစခ်င္တယ္၊ မိသားစုဝင္ ေတြလည္း အရမ္းစိတ္ပူေနၾကၿပီ” ဟု ခူမီးခ်င္းမ်ဴိးႏြယ္စုမ်ားေပါင္းစပ္ညွိႏိႈင္းေရးေကာင္စီ KACC မွ မနန္းေဝက ေျပာသည္။

ဆလိုင္းေအာင္စိုးအပါအဝင္ ခ်င္းလူငယ္ (၄) ဦးတို႔သည္ ၿပီးခဲ့သည့္ဇူလိုင္လ (၂၉) ရက္ေန႔က ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕မွ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္သို႔အျပန္ ငသရိုင္းေက်းရြာအနီးတြင္ AA တပ္ဖြဲ႕က ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး က်န္(၃)ဉီးမွာ လြတ္ေျမာက္လာၿပီျဖစ္ေသာ္လည္း ဆလိုင္းေအာင္စိုးမွာ ယေန႔အခ်ိန္ လြတ္ေျမာက္လာျခင္း မရွိေသးျခင္း ျဖစ္သည္။ 

ဆလိုင္းေအာင္စိုးနဲ႔အတူ အဖမ္းခံရသူ (၃) ဉီးမွာ လြတ္ေျမာက္လာၿပီျဖစ္သျဖင့္ ဆလိုင္းေအာင္စိုး၏ စိတ္ပိုင္းဆိုင္ရာလည္း စိုးရိမ္စရာရွိေနၿပီး AA တပ္ဖြဲ႕အေနျဖင့္ ဆလိုင္းေအာင္စိုးႏွင့္ပတ္သတ္သည့္ အလုံးစုံတြင္ တာဝန္ရွိေၾကာင္း မိုင္နန္းေဝ ကေျပာသည္။

ဆလိုင္းေအာင္စိုးဖမ္းဆီးခံရသည့္အေပၚ ေယာက္ဖေတာ္ဆက္သူ ကိုရမ္ႏွင္းမွ “သူကကိုယ္ပိုင္စီးပြားေရးေလးလုပ္ၿပီး အသက္ေမြးတဲ့သူျဖစ္တယ္၊ လူငယ္ျဖစ္ေတာ့ လူငယ္အဖြဲ႕အစည္းေတြထဲပါတဲ့ဟာေတာ့ရွိရင္ရွိမွာေပါ့၊ ဒါေပမယ့္ သူ႔ကိုဖမ္းရတဲ့အေၾကာင္းကို လုံးဝနားမလည္ဘူး  အိမ္မွာက သူ႔မိဘေတြဘဲရွိေတာ့၊ အရမ္းစိတ္ပူၾကတယ္၊ ေမာင္ႏွမေတြကလည္း အရမ္းဆိုးရိမ္ၾကတယ္၊ သူကက်မ္းမာေရးကလည္းသိပ္ေကာင္းတဲ့သူမဟုတ္ဘူး၊ အဲဒါေၾကာင့္အျမန္ဆုံးလႊတ္ေပးေစခ်င္တယ္”ဟု ေျပာသည္။ 

KACC ၏ စာရင္းအရ ပလက္၀ၿမိဳ႕နယ္တြင္ ၂၀၁၅ ခုႏွစ္မွ လက္ရွိအခ်ိန္ထိ ရကၡိဳင့္တပ္ေတာ္ AA မွ ဖမ္းဆီးထားသည့္ အရပ္သားအားလုံးေပါင္း ၁၀၅ ဉီးအထိရွိခဲ့ၿပီး ၈၄ ဉီးမွာ ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္ကာ လက္ရွိတြင္ လြတ္ေျမာက္ျခင္းမရွိေသးသူ ၂၂ ဉီးရွိေၾကာင္း သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.