Author: Editor

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် CDF-Mindat နှင့် အာဏာသိမ်းစစ်ကောင်စီတို့ကြား အပစ်ခတ်ရပ်စဲမှု ယာယီထပ်မံတိုးမြှင့်ထားပြီး တရားဝင်ရက်သတ်မှတ်ရန် နှစ်ဖက်ဆွေးနွေးမှုများလည်း ရှိလာနိုင်သည်ဟု သိရသည်။ “အချိန်သက်တမ်းတိုးထားတယ်၊ လောလောဆယ် အနည်းဆုံးတစ်ပတ် (၁၀) ရက်ထိ ကျနော်တို့ ရက်စွဲဘာနဲ့တော့ မလုပ်ထားဘူး၊ ကျနော်တို့ သက်တမ်းတိုးတယ်ဆိုတာ (၄) ရက်နေ့ကပြည့်သွားလို့ (၄) ရက်နေ့နောက်ပိုင်း ကျနော်တို့ပြန်မတွေ့ကြသေးဘူး၊ ဒါပေမဲ့ ဒီရက်ပိုင်းတွင်းမှာ ဒီတစ်ပတ် (၁၀) ရက်အတွင်းတော့ ပစ်ခတ်မှုမဖြစ်မှာ တော့သေချာတယ်၊ ကျနော်တို့ (၄) ရက်နေ့နောက်ပိုင်း ပြန်တွေ့ရအုံးမယ်” ဟု မင်းတပ် CDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မင်းတပ်မြို့မိ/မြို့ဖများ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုဖြင့် CDF-Mindat နှင့် စစ်ကောင်စီတို့သည် ဇွန်လ ၂၀ ရက်နေ့ကစ၍ ၁၄ ရက်ကြာ ယာယီအပစ်အခတ်ရပ်စဲမှုသည့် ဇူလိုင် ၄ ရက်နေ့က ပြည့်သွားပြီး မည်သည့်အချိန်ထိ အပစ်အခတ် ဆက်လက်ရပ်စဲကြမည်ကို နှစ်ဖက်တွေ့ဆုံကာ ဆွေးနွေးကြမည်ဖြစ်သည်။ CDF-Mindat နှင့် စစ်ကောင်စီတို့အကြား အချက် ၅ ချက်ပါသော သဘောတူညီချက်ကိုလည်း ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ကြပြီး ယင်းသဘောတူညီချက်တို့မှာ မင်းတပ်မြို့နယ်အတွင်း ဆက်သွယ်ရေးလမ်းကြောင်းနှင့် မြို့ပေါ်တွင် လက်နက်ဖြင့် ကိုင်ဆောင်စောင့်ကြပ်စစ်ဆေး ပစ်ခတ်ခြင်း မပြုလုပ်ရန်၊ အစိုးရဌာဆိုင်ရာ လုပ်ငန်းဆောင်ရွက်ရာတွင် နှောင်ယှက်ခြင်း၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း တာဆီးခြင်း မပြုလုပ်ရန်နှင့် CDM ဝန်ထမ်းများ အတင်းအကြပ်ဖိအားပေး လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်စေခြင်း မပြုလုပ်ရန် စသည်တို့ပါရှိသည်။ ထို့အပြင် ကျောက်ထု-မင်းတပ်-မတူပီလမ်းကြောင်းတွင် ဆိုင်ကယ်/လူ သွားလာသူများ နှောင့်ယှက်ခြင်းတားဆီးခြင်း…

Read More

ချင်းပြည်နယ် ပလက်ဝမြို့က အဖမ်းခံရတဲ့ ချင်းလူငယ် ၅ ဦးကို အာဏာသိမ်းစစ်ကောင်စီက ပုမ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဇွန်လ ၁၈ ရက်နေ့က ပို့ဆောင်ခဲ့ပေမယ့် မိသားစုတွေနဲ့ယနေ့ချိန်ထိ အဆက်အသွယ်မရသေး တာကြောင့် မိသားစုဝင်တွေကစိတ်ပူနေကြပါတယ်။ ပလက်ဝမြို့မှာ မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီဟာ မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းမှာအလုပ်လုပ်ကိုင်နေသူတွေအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပေမယ့် ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့က ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခဲ့ပါတယ်။ အဲဒီအမှုဖွင့်ခံရတဲ့ ချင်းလူငယ် (၅) ဦးကတော့ ကိုအိုက်မင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အာလူးနဲ့ အဂ္ဂပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးရာကျော်တို့ဖြစ်ကြပြီး ၎င်းတို့ ၅ ဦးကို ပလက်မြို့ရဲစခန်းကနေ ဇွန်လ ၁၇ ရက်နေ့က ခလရ (၂၈၉) တပ်ရင်းသို့ ခေါ်ဆောင်ပြီး ဇွန်လ ၁၈ ရက်နေ့မှာတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ဟာ သူတို့ရဲ့ အမှုရုံးချိန်းရက်ဖြစ်ပေမယ့် သက်ဆိုင်ရာအာဏာပိုင်တွေက ရုံးထုတ်တာမျိူးမရှိဘဲ စစ်တပ်လက်ထဲမှာသာရှိနေကြသေးပြီး ဇူလိုင် ၁၄ ရက်နေ့ကို ရုံးပြန်ချိန်းတယ်လို့လည်း ပလက်ဝကလာတဲ့ သတင်းတွေအရ သိရပါတယ်။ အဲဒီလူငယ် ၅ ဦးဟာ မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ…

Read More

ချင်းပြည်နယ် မြောက်ပိုင်းဒေသ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင် ကိုဗစ် ၁၉ ရောဂါကူးစက်မှု ဆက်လက် မြင့်တက်နေပြီး တစ်လကျော်အတွင်း ကိုဗစ်ကြောင့် သေဆုံးမှု ၆၀ နီးပါးခန့်ရှိသွားပြီဟု သိရသည်။ ဖလမ်းမြို့နယ်တွင် ဇွန်လ ၂ ရက်နေ့မှ ဇူလိုင်လ ၆ ရက်နေ့အထိ ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူ ၂၁ ဦးအထိ ရှိခဲ့ပြီး သေဆုံးသူအများစုသည် သက်ကြီးပိုင်းတွေဖြစ်ကြကာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါအခံရှိကြသူများ ဖြစ်ကြသည်ဟု ဖလမ်းကိုဗစ်ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “မြို့ပေါ်မှ သေဆုံးတာ (၁၇) ရိဒ်မှာ (၃) ယောက် Ramtlir မှာ (၁) ယောက်ရှိတယ် အဓိကကတော့ ဒီလိုသေတဲ့ထဲမှာ ရောဂါအခံရှိသူများဖြစ်ကြတယ် (၂၁) ယောက်မှာ (၁၇) ယောက်ကတော့ ရောဂါအခံရှိကြတယ် အဆုတ်ပိုင်းဆိုင်ရာ အသက်ရှုမှုအခက်အခဲပုံစံမျိုးနဲ့ ဆုံးသွားတာများတယ် တချို့တွေက နှလုံးသွေးကြောပိတ်တာတွေ ဆေးချိုသွေးချိုမြင့်နေတဲ့ဟာတွေ ဆိုတော့ ရောဂါအခံရှိတဲ့သူတွေက သေတဲ့သူများလာတဲ့အနေအထားမှာရှိတယ်” ဟု ၎င်းကပြောသည်။ ဖလမ်းမြို့တွင် ယနေ့ဇူလိုင်လ ၆ ရက်နေ့အထိ ကိုဗစ် ၁၉ ရောဂါပိုးရှိမရှိ (၁၀၂၇) ဦးစစ်ဆေးနိုင်ခဲ့ရာ Positive လူနာ (၃၇၇) ဦးရှိကြောင်းသိရသည်။ တွန်းဇံမြို့နယ်မှ တွန်းဇံမြို့နှင့် ကျီခါးမြို့တွင်လည်း ဇူလိုင်လ (၆) ရက်နေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူ (၂၁) ဦးရှိပြီဟု တွန်းဇံမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာထန်ရှန်ကပြောသည်။ “သေဆုံးသူတွေက ကိုဗစ်ကြောင့်သေဆုံးတယ် ရောဂါအခံရှိကြတယ် ကျနော်တို့မှာ အောက်ဆီဂျင်ဘက်ကတော့ အဆင်တော့ပြေပါတယ် လူနာများကလည်း သိပ်မလိုအပ်သေးတော့ကျနော်တို့မှာက ကုသရေးပိုင်းမှ…

Read More

ချင်းပြည်နယ် ထန်တလန်မြို့တွင် ဒလံအကြီးစားဟု နာမည်ကြီးနေသည့် နယ်ထိန်းရဲတစ်ဦးအား ယနေ့ညနေပိုင်း ၃ နာရီခိုင်းတွင် အမည်မသိ လက်နက်ကိုင်တစ်စုမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် နေရာတွင်ပင် သေဆုံးသွားကြောင်းသိရသည်။ “ဒီနေ့ညနေပိုင်းမှာ နယ်ထိန်းရဲတစ်ယောက် အသတ်ခံရတာဟုတ်တယ်၊ ဘယ်သူတွေ သတ်သွားတာလည်းတော့ မသိဘူး၊ သူက ဒလံအကြီးစားလို့ နာမည်ထွက်နေတာကြာပြီ၊ ခါတိုင်းဆို ကားဖြူလေးနဲ့ လိုက်ပတ်နေတာ၊ ဒီနေ့တော့ ဆိုင်ကယ်နဲ့ထွက်လာပုံရတယ်၊ သူက လူတွေကို ဖမ်းပြီး ပိုက်ဆံတောင်းတာတွေလည်း လုပ်လေ့ရှိတယ်လို့ကြားတယ်၊ သူ့ကိုတော်တော်လည်း အမြင်ကပ်ကြတယ်၊ ချင်းတော့မဟုတ်ဘူး ဗမာထင်တယ်”ဟု ထန်တလန်မြို့ခံတစ်ဦးမှ ပြောသည်။ ထန်တလန်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သော်လည်း ယနေ့ ရဲတစ်ဦးအသတ်ခံရမှုမှာ မြို့ထဲတွင် ပထမဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည်။

Read More

ကလေးမြို့တွင် ကိုဗစ် ၁၉ ရောဂါကြောင့် Positive လူနာ ၁ ဦး နှင့် သံသယလူနာ ၁၉ ဦး စုစုပေါင်း အယောက် ၂၀ ယနေ့သေဆုံး ​ကြောင်း ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေး Volunteer အဖွဲ့ထံမှ သိရသည်။ “ယနေ့ သေဆုံဆုံးသူတွေ တာဟန်းရက်ကွက်ဘက်က သေဆုံးမှုနှုန်းကျတယ် ကလေးမြို့ဘက်ကများတယ်ပေါ့ ဒီနေ့ဆိုရင်လည်းအသက်ကြီးပိုင်းပဲများတယ် အခုကအားလုံးမှာပြန့်နေပြီမို့ သေဆုံးမှုတော့ ရှိနေဆဲပါ ဒီနေ့တော့ အိတ်စွတ်ကျေးရွာကွာရန်တင်းစင်တာမှာ သေဆုံးသူတော့မရှိဘူး နေအိမ်ကွာရန်တင်းများတယ်” ဟု ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေး Volunteer တစ်ဦး ကပြောသည်။ ယနေ့ ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူမှာ ကလေးမြို့ပြည်သူ့ဆေးရုံမှ ကုသဆဲပိုးတွေ့လူနာတစ်ဦးဖြစ်ပြီး ကျန်သေဆုံးသူများမှာ နေအိမ်ကွာရန်တင်းများဖြစ်ကြောင်းသိရသည်။ ကလေးမြို့တွင် သံသယလူနာများအပါအဝင် ကိုဗစ် ၁၉ ရောဂါကြောင့် တစ်လအတွင်း လူ ၂၀၀ ကျော်သေဆုံးပြီဟု ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေး Volunteer အဖွဲ့ထံမှသိရသည်။ L

Read More

ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီမှ ဖမ်းစီးထားသူ ၄၀ ဦး ပြန်လည်လွတ်မြောက်လာပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံရသူအများစုပါဝင်ကာ CDM ဝန်ထမ်း ဖမ်းဆီးထားသူများလည်း ပြန်လွှတ်ပေးလိုက်ကြောင်းသိရသည်။ ပြန်လွှတ်ပေးလိုက်သည့် စာရင်းတွင်ပါဝင်သူများမှ ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူများ၊ မိုဘိုင်းဖုန်း စစ်ဆေးရာမှ ဖမ်းဆီးခံရသူများ၊ CDM လှုပ်ရှားမှုတွင်ပါဝင်သူများဖြစ်ပြီး အများစုမှာ ပုဒ်မ ၅၀၅ က ဖြင့် တရားစွဲခံရသူများဖြစ်ကြောင်းသိရသည်။ “အရင်နှစ်ပတ်လောက်တုန်းက ကျနော်တို့ ကြားထားတာက ၄၅ ယောက်လောက်လွှတ်ပေးမယ်လို့ ကြားတာ၊ ဒါပေမယ့် ဘာကြောင့် အယောက် ၄၀ ဘဲ လွှတ်ပေးတာလဲဆိုတာတော့မသိရသေးဘူး၊ ဖောက်ခွဲရေးပစ္စည်းနဲ့ဆက်ဆပ်တာတို့ တစ်ခြားပုဒ်မနဲ့ဆွဲခံရတဲ့သူတို့တော့မပါသေးဘူး”ဟု ဟားခါးမြို့ခံတစ်ဦးမှပြောသည်။ ချင်းပြည်နယ်တွင် ဟားခါးမြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရသူအများဆုံးဖြစ်ပြီး ၂၈၈ဦးအထိရှိပြီး ယနေ့ အယောက် ၄၀ လွှတ်ပေးလိုက်ပြီးနောက် အယောက် ၃၀ ဝန်းကျင် ကျန်ရှိမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဖလမ်းမြို့တွင်လည်း ၅၀၅ (က)ဖြင့် တရားစွဲခံရသူ နှစ်ဦးလည်း ယနေ့တွင် လွှတ်မြောက်ခဲ့ပြီး ၎င်းတို့နှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိထားသဖြင့် လက်ရှိတွင် ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်းသိရသည်။

Read More

ဆလိုင်း တင်မောင်ဦးသည် ၁၉၅၁ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့တွင် ချင်းတိုင်းရင်းသားများဖြစ်ကြ‌သော အဖ ဦးလှဒင် (သံတွဲ-ရခိုင်ပြည်နယ်ဇာတိ) နှင့် အမိ ဒေါ်နှင်းမြိုင် (တောင်ကုတ်-ရခိုင်ပြည်နယ်ဇာတိ) တို့မှ တောင်ငူမြို့‌တွင်မွေးဖွားသော သား/သမီးများအနက် အကြီးဆုံး‌သားဖြစ်သည်။ ဆလိုင်းတင်မောင်ဦးသည် ငယ်စဉ်ကတည်းကပင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် အဒေါ်နှင့်အတူ နေထိုင်ကြီးပြင်လာခဲ့သူသည်။ ဆလိုင်းတင်မောင်ဦးသည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် အသက် (၁၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး ၁၉၆၇ ခုနှစ် အသက် (၁၆) နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းကို အောင်မြင်ခဲ့သည်။ ဆလိုင်းတင်မောင်ဦးသည် အားကစားရေးရာ၌ ထူးချွန်သည်သာမက အနုပညာ၌လည်း တယောကို ကောင်းစွာတီးတတ်သူတစ်ဦးဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားမှုများ ဆလိုင်းတင်မောင်ဦးသည် ၁၉၆၉ ခုနစ် အသက် (၁၈) နှစ်တက္ကသိုလ် ကျောင်းသားဘဝ၊ နိုင်ငံရေးလှုပ်ရှားမှုများ၌ ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။ ဆလိုင်းတင်မောင်ဦး၏ နိုင်ငံရေးလှုပ်ရှားမှုများမှာ ၁၉၆၉ ခုနှစ် ၅ ကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲ‌ ကျောင်းသားလှုရှားမှု၊ ၁၉၇၀ ခုနှစ် ရန်ကုန်တက္ကသိုလ် ရွေရတုအရေးအခင်း ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၂ ခုနစ် ကျောင်းသား/အလုပ်သမားအရေးအခင်းလှုရှားမှု၊ ၁၉၇၂ ခုနှစ် အလုပ်သမားအရေးအခင်းလှုပ်ရှားမှု၊ ၁၉၇၃ ခုနစ် ဦးသန့်အရေးအခင်းလှုပ်ရှားမှု၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်အရေးအခင်းလှုပ်ရှားမှုများတွင် ရှေ့တန်းမှ ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ၁၉၇၂ ရန်ကုန်တက္ကသိုလ် ရွေရတုအရေးအခင်း၊ ကျောင်းသားလှုပ်ရှားမှုတွင်လည်း တတ်ကြွစွာပါဝင်ခဲ့သည်။ ထိုလှုပ်ရှားမှုကြောင့် အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ခြင်းခံခဲ့ရသည်။ သို့ရာတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုအချိန် ၁၉၇၄ ခုနှစ် ဇန်နဝါရီလ…

Read More

ချင်းပြည်နယ် မတူပီမြို့တွင် လွန်ခဲ့သည့် တစ်ပတ်ခန့်ကစပြီး ဆန်သယ်ယူခွင့်ကို အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်လိုက် ပြီး ဆန်ပြတ်လပ်မှုကြုံနေရသည်ဟု သိရသည်။ မတူပီမြို့ရှိ ဆန်ကုန်သည်များသည် မင်းတပ်-မတူပီလမ်းကြောင်း ပိတ်ထားသည့်အတွက် ဟားခါး-မတူပီလမ်းမှ တဆင့် ဂန့်ဂေါဘက်က ဆန်များကိုသယ်လေ့ရှိပြီး လွန်ခဲ့သည့်အပတ်ကစ၍ မတူပီမြို့အခြေစိုက် ခလရ ၁၄၀ နှင့် စစ်အခြေချ ဗျူးဟာတပ်တို့မှ ဆန်များကို မတူပီမြို့တွင်းသို့ ဝင်ရောက်ခွင့်မပြုခြင်းဖြစ်သည်ဟု မတူပီမြို့ခံတစ်ဦးကပြောသည်။ “ မတူပီမြို့ပေါ်မှာ နွေအတွင်းမှာ ဆန်အိတ်ပေါင်း ၂၀၀၀ ဝင်ပြီဆိုတော့ အကုန်လုံလောက်ပြီတဲ့ အခုနောက်ထပ်ဝင်လာ မယ့်ဟာတွေက CDF တွေကို ပံ့ပိုးမယ်ဆိုတဲ့အထင်နဲ့ပေါ့ အခု ဆန်တွေကို မတူပီမြို့ကို ဝင်ခွင့်မပေးတာ’’ ဟု မတူပီမြို့ခံကပြောသည်။ ခလရ ၁၄၀ နှင့် ဗျူဟာတပ်သည် မတူပီမြို့မဝင်ခင် ဟားခါး-မတူပီလမ်း ဖနိုင်၊ ငလိုင်ကျေးရွာအလွန်တွင် တည်ရှိပြီး ယခုလက်ရှိတွင်လည်း ဆန်ကုန်သည်များ၏ ဆန်အိတ် ၁၅၀ ကို ဝင်ခွင့်မပြုဘဲ ဖနိုင်၊ငလိုင်ကျေးရွာတွင် ချထားရသည် ဟု သိရသည်။ ယခုကဲ့သို့ မတူပီမြို့ပေါ်တွင် စစ်ကောင်စီက ဆန်သယ်ယူခွင့်ပိတ်ပင်လိုက်ခြင်းကြောင့် မြို့ပေါ်တွင် ဆန်ပြတ်လပ်သည့် အခြေအနေနှင့်ရင်ဆိုင်နေရသည်ဟု မတူပီမြို့ဒေသခံတစ်ဦးကပြောသည်။ “အခုမြို့ပေါ်မှာ ဆန်ဝယ်ဖို့မရှိတော့ဘူး ဆန်ကိုမရှိတာ တစ်ချို့က လှောင်ဖို့ကြိုတင်ဝယ်ထားတာလည်းရှိတယ်၊ တစ်ချို့က နယ်ဘက်က လာဝယ်ပြီးသယ်သွားကြတာတွေရှိတယ် အခုမြို့ပေါ်မှာ ဆန်ဆိုင်တွေမှာလည်း ဆန်မရှိတော့ဘူး’’ ဟု အထက်ပါဒေသခံကပြောသည်။ ထိုကဲ့သို့ ဆန်ပြတ်လတ်မှုကြုံတွေ့လာရသည့်အတွက် ဆန်သယ်ယူခွင့်ပြုနိုင်ရေးအတွက် မတူပီမြို့ရှိ ဘာသာရေးအသင်းတော်များအနေဖြင့် စစ်ကောင်စီထံသွားရောက်ညှိနှိုင်းရန်ပြင်ဆင်နေကြသည်ဟုလည်း သိရသည်။ အာဏာသိမ်းစစ်ကောင်စီမှ မတူပီမြို့ပေါ်တွင် ဆန်များဝယ်ခွင့်မပြုခြင်းမှာ မတူပီမြို့ပြည်သူ့ကာကွယ်ရေးတပ်(CDF-Matupi) ထံ ရိက္ခာများရောက်ရှိမည်ကို…

Read More

ကလေးမြို့ တောင်ဖီလာရပ်ကွက် နယ်မြေ ၉ တွင် ယမန်နေ့ည ၉ နာရီဝန်းကျင့်ခန့်က စစ်ကောင်စီက ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာထိမှန်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည့် အသက် ၁၉ နှစ်အရွယ် ချင်းအမျိူးသမီးငယ်သည် သေဆုံးသွားခဲ့သည်ဟု သိရသည်။ ချင်းပြည်နယ် ဖလမ်းမြို့နယ် ဇောလ်နူးရွာမှ မ Nuam Za Thiang သည် မိခင်ရှိရာကလေးမြို့သို့ သူငယ်ချင်းဖြစ်သူ Ngun Nei Piang နှင့်အတူ ဆိုင်ကယ်ဖြင့်လာရောက်သည့်အချိန် ဇွန်လ ၂၃ ရက် ည ၉ နာရီခန့်တွင် တောင်ဖီလာရပ်ကွက် ဝန်ထမ်းအိမ်ယာအနီးတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် နှစ်ယောက်စလုံး ကျည်ဆံထိမှန်ကာ Salai Ngun Nei Piang မှာ ထိုနေရာတွင်သေဆုံးကာ မ Nuam Za Thiang သည် ပေါင်တွင်ကျည်ဆံထိမှန်ကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ နောက်နေ့မနက် ဇွန်လ ၂၄ ရက်နေ့တွင် Salai Ngun Nei Piang ၏ ရုပ်အလောင်းကို တောင်ဖီလာရပ်ကွက် နယ်မြေ ၉ တွင် ဒေသခံပြည်သူများက တွေ့ရှိခဲ့ကြသည်။ ပေါင်တွင်ကျည်ဆံထိမှန်သည့် မ Nuam Za Thiang သည်လည်း ဇွန်လ ၂၄ ရက် ၁၀ နာရီခွဲဝန်းကျင်ခန့်တွင် သေဆုံးသွားပြီဟု မိသားစုဝင်များထံ ကလေးမြို့ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) တပ်ဆေးရုံကနေ အကြောင်းကြားခဲ့သည်ဟု သိရသည်။ စစ်ကောင်စီက မ Naum Za Thiang…

Read More

ချင်းတောင်ခြေ၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦးနှင့် ကိုဗစ်သံသယလူနာ ၁၃ ဦး စုစုပေါင်း ၁၇ ဦး သေဆုံးမှုရှိခဲ့သည်ဟု Covid 19 volunteer အဖွဲ့ထံမှ သိရသည်။ “ဒီနေ့ကတော့ ကျနော်တို့မြို့ပေါ်နဲ့ ကလေးမြို့နယ်အတွင်းမှာ (၁၇) ဦးရှိတယ် Positive လူနာကတော့ (၄) ဦး သံသယလူနာ (၁၃) ဦးရှိပြီ ကျနော် ဒီရောဂါကူးစက်သေဆုံးသူတွေမှာ ရောဂါအခံရှိတာများတယ် ကျနော်တို့ volunteers တွေမှာလည်း သဂြိုလ်ပေးဖို့ လူအင်အားမှာ မလောက်တော့သလိုဖြစ်နေတယ် သေဆုံးမှုမြင့်တက်လာတော့” ဟု Covid 19 volunteer တစ်ဦးက ပြောသည်။ ယနေ့သေဆုံးသူများမှာ တာဟန်းရပ်ကွက်မှ (၃) ဦးရှိခဲ့ပြီး၊ ကျန် (၁၄) ဦးမှာ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ အောင်ဇေယျရပ်ကွက်နှင့် စခန်းကြီးရွာတို့ကဖြစ်ကြသည်။ ကလေးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများထားရှိသည့် အိတ်စွတ်ကျေးရွာ အစိုးရဝန်ထမ်းအိမ်ရာတွင်လည်း ပိုးတွေ့လူနာ (၂၅၁) ဦး ကုသမှုခံယူလျှက်ရှိပြီး အဆိုပါလူနာများကို သူနာပြုဆရာမ (၂) ဦးနှင့် Volunteer (၇) ဖြင့်သာ ပြုစုပေးနေရသည့်အပြင် အောက်ဆီီဂျင်မလုံလောက်မှုလည်း မြင့်တက်နေသည့်အတွက် အခက်ကြုံနေရသည်ဟု ယင်းကိုဗစ်ကုသရေးစင်တာမှ တာဝန်ခံ Volunteer ဦးပွီးယာကပြောသည်။ “ကျနော်တို့ မနေ့ကတော့ အောက်ဆီဂျင်ပျက်သွားတာ ကလေးမြို့က အောက်ဆီဂျင်စက်ကလည်း မလည်ပတ်နိုင်ဘူး မလုံလောက်တာကတော့များတယ် ကျနော်တို့ဆီမှာ နည်းနည်းအခြေအနေမကောင်းတဲ့သူတွေကို ကလေးမြို့ ပြည်သူ့ဆေးရုံပို့တယ် ဒီနေ့လည်း ၁၀ ဦးထပ်ပို့တယ် ကလေးမြို့ပြည်သူ့ဆေးရုံမှာ…

Read More