Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းကိရိယာများ မရောက်နိုင်သည့်အတွက် ပလက်ဝတွင် အထက်တန်း တစ်ကျောင်းသာ ဖွင့်နိုင်သေး

ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းကိရိယာများ မရောက်နိုင်သည့်အတွက် ပလက်ဝတွင် အထက်တန်း တစ်ကျောင်းသာ ဖွင့်နိုင်သေး

0
By Editor on July 28, 2020 Headline

#Unicode

By လားနွန် – စစ်ရေးပဋိပက္ခကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းကိရိယာများ မရောက်နိုင်သည့်အတွက် အခြေခံပညာအထက်တန်း ကျောင်းတစ်ကျောင်းသာဖွင့်လှစ်နိုင်သေးသည်ဟု ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။

“အထက်တန်းကျောင်း တစ်ကျောင်းဖွင့်တယ် အ.ထ.က (၂) ပလက်ဝ ကျနော်တို့ ဒီနေ့စပြီးဖွင့်တယ်၊ ကျန်တဲ့ကျောင်းတွေကတော့ A အဆင့်ရအောင် ကျနော်တို့ကြိုးစားတုန်းဖြစ်သေးတယ်၊အဲဒီ ကိုဗစ် – ၁၉ နဲ့ ပတ်သက်တဲ့ပစ္စည်းကိရိယာတွေ ကျနော်တို့ဆီမှာမရောက်နိုင်သေးလို့ ဒါပေမယ့် အ.ထ.က (၂) ကျတော့ မြို့ပေါ်က ဆရာဝန်တွေ၊ ကျန်းမာရေးဌာနတွေက ၀ိုင်းပြီးတော့ ကူညီပံ့ပိုးပေးကြလို့ခုလိုဖွင့်နိုင်တာပါ’’ ဆလိုင်းအောင်မင်းကပြောသည်။

အခြေခံပညာအထက်တန်းကျောင်းပေါင်း ၃၈ ကျောင်းရှိသည့် ပလက်ဝမြို့နယ်တွင် စစ်ရေးပဋိပက္ခ လုံခြုံရေးအခြေအနေကြောင့် အ.ထ.က ကျောင်း (၁၅) သာဖွင့်လှစ်ရန်လျာထားကြသော်လည်း နှာခေါင်းစည်း၊ အပူချိန်တိုင်းကိရိယာ၊ မျက်နှာဖုံး၊ လက်ဆေးဆပ်ပြာများ စသည့် ကိုဗစ်-၁၉ ကာကွယ်ရေးအတွင် အဓိလိုအပ်သည့် ပစ္စည်းကိရိယာများ မရောက်နိုင်သည့်အတွက် ကျောင်းအများစုမဖွင့်နိုင်းခြင်းဖြစ်သည်ဟု ပညာရေးမှူးကပြောသည်။

အခြေခံပညာအထက်တန်းကျောင်းများပြန်လည်ဖွင့်နိုင်ရန်အတွက် ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက A,B,C ဆိုပြီးအဆင့်သုံးဆင့်သတ်မှတ်ကာ A အဆင့်ရှိသည့်ကျောင်းများကိုသာ ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်ကစ၍ ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ပလက်ဝမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းအများစုသည် လက်ရှိအခြေအနေအရ C အဆင့်မှာသာရှိကြပြီး B အဆင့်ရောက်အောင်ကြိုးစားနေရသည့်အနေအထားဟု ပလက်ဝမြို့နယ် ပညာရေးမှူးကပြောသည်။

“ကျနော်တို့က C အဆင့်တွေပဲရှိတယ် B အဆင့်တောင်မရောက်နိုင်သေးဘူး’’ ဟု ပညာရေးမှူးကပြောသည်။

ချင်းပြည်နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၂၁၆) ရှိသည့်အနက် ဇူလိုင်လ (၂၁) မှစ၍ ကျောင်းပေါင်း (၂၁) ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့ ဇူလိုင်လ (၂၈) ရက်နေ့စာရင်းအရ ချင်းပြည်နယ်တွင်အထက်တန်းကျောင်းစုစုပေါင်း (၁၁၁) ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ချင်းပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူကပြောသည်။

#Zawgyi

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply

The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.