Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»NLD ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားစာရင္း ယေန႔ထုတ္ျပန္ေၾကညာ

NLD ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားစာရင္း ယေန႔ထုတ္ျပန္ေၾကညာ

0
By Editor on July 24, 2020 Khonumthung

#Unicode

By ဒိမ် – လာမည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

NLD ပါတီအနေဖြင့် မဲဆန္ဒနယ်မြေ (၃၉) နေရာရှိသည့် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော်တွင် (၁၂) ဦး၊ ပြည်သူ့လွှတ်တော်တွင် (၉) ဦးနှင့် ပြည်နယ်လွှတ်တော်အတွက် (၁၈) ဦးတို့ဖြစ်သည်။

ချင်းပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် NLD ၏ လွှတ်တော်ကိုယ်စားလှယ်ထဲတွင် ယခုလက်ရှိလွှတ်တော်အမတ်များနှင့် ဝန်ကြီးများ အများစုပြန်လည်ပါဝင်လာပြီး အပြောင်းအလဲအနည်းငယ်အချိူ့တော့ရှိခဲ့သည်။

ချင်းပြည်နယ် ဟားခါးမြို့နယ် အမတ်လောင်း ရွေးချယ်မှုကိုမူ အပြောင်းအလဲလုပ်ပြီး ကျန်သည့် မြို့နယ်များကိုမူ မြို့နယ်အဆင့် ရွေးချယ်မှုအတိုင်း ဗဟိုက အတည်ပြုကြောင်း ဟားခါးမြို့နယ် NLD ဥက္ကဌ ဦးဗန်ပဲန်းကပြောသည်။

“မြို့နယ်အဆင့် အမတ်လောင်းရွေးချယ်မှုမှာ လက်ရှိချင်းပြည်နယ် NLD ဥက္ကဌ ဦးဇိုဘွဲကို ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်အမတ် အမှတ် (၁) မှ ဝင်ပြိုင်ဖို့ ရွေးချယ်သော်လည်း ဗဟိုကနေ ပြည်သူ့လွှတ်တော်အမတ်အဖြစ်ဝင်ဖို့ ပြောင်းလိုက်တယ်၊ အမှတ် (၁) နေရာမှာ ဝင်ပြိုင်ဖို့ ဦးတိလ်လိန်းကို အစားထိုးထားတယ်” ဟု ဦးဗန်ပဲန်းကပြောသည်။

လက်ရှိ ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ထန်တလန်မြို့ နယ် အမျိူးသားလွှတ်တော်တွင်၎င်း၊ ချင်းပြည်နယ် ဝန်ကြီးချူပ်ဆလိုင်းလျန်လွယ်သည် ဖလမ်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ် (၂) တွင်၎င်း၊ လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့သည် ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင်၎င်း ထပ်မံဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

#Unicode

By ဒိမ္ – လာမည့္ ၂၀၂၀ ခုႏွစ္ နိုဝင္ဘာလ (၈) ရက္ေန႔တြင္ က်င္းပမည့္ ပါတီစုံအေထြေထြေရြးေကာက္ပြဲတြင္ ဝင္ၿပိဳင္မည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က ယေန႔ထုတ္ျပန္ေၾကညာလိုက္သည္။

NLD ပါတီအေနျဖင့္ မဲဆႏၵနယ္ေၿမ (၃၉) ေနရာရွိသည့္ ခ်င္းျပည္နယ္တြင္ မဲဆႏၵနယ္ေျမအားလုံးကို ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး အမ်ိဳးသားလႊတ္ေတာ္တြင္ (၁၂) ဦး၊ ျပည္သူ႔လႊတ္ေတာ္တြင္ (၉) ဦးႏွင့္ ျပည္နယ္လႊတ္ေတာ္အတြက္ (၁၈) ဦးတို႔ျဖစ္သည္။

ခ်င္းျပည္နယ္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ NLD ၏ လႊတ္ေတာ္ကိုယ္စားလွယ္ထဲတြင္ ယခုလက္ရွိလႊတ္ေတာ္အမတ္မ်ားႏွင့္ ဝန္ႀကီးမ်ား အမ်ားစုျပန္လည္ပါဝင္လာၿပီး အေျပာင္းအလဲအနည္းငယ္အခ်ိဴ႕ေတာ့ရွိခဲ့သည္။

ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕နယ္ အမတ္ေလာင္း ေရြးခ်ယ္မႈကိုမူ အေျပာင္းအလဲလုပ္ၿပီး က်န္သည့္ ၿမိဳ႕နယ္မ်ားကိုမူ ၿမိဳ႕နယ္အဆင့္ ေရြးခ်ယ္မႈအတိုင္း ဗဟိုက အတည္ျပဳေၾကာင္း ဟားခါးၿမိဳ႕နယ္ NLD ဥကၠဌ ဦးဗန္ပဲန္းကေျပာသည္။

“ၿမိဳ႕နယ္အဆင့္ အမတ္ေလာင္းေရြးခ်ယ္မႈမွာ လက္ရွိခ်င္းျပည္နယ္ NLD ဥကၠဌ ဦးဇိုဘြဲကို ဟားခါးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမတ္ အမွတ္ (၁) မွ ဝင္ၿပိဳင္ဖို႔ ေရြးခ်ယ္ေသာ္လည္း ဗဟိုကေန ျပည္သူ႔လႊတ္ေတာ္အမတ္အျဖစ္ဝင္ဖို႔ ေျပာင္းလိုက္တယ္၊ အမွတ္ (၁) ေနရာမွာ ဝင္ၿပိဳင္ဖို႔ ဦးတိလ္လိန္းကို အစားထိုးထားတယ္” ဟု ဦးဗန္ပဲန္းကေျပာသည္။

လက္ရွိ ဒု သမၼတ ဦးဟင္နရီဗန္ထီးယူသည္ ထန္တလန္ၿမိဳ႕ နယ္ အမ်ိဴးသားလႊတ္ေတာ္တြင္၎၊ ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဴပ္ဆလိုင္းလ်န္လြယ္သည္ ဖလမ္းၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ေျမအမွတ္ (၂) တြင္၎၊ လႊတ္ေတာ္ဥကၠဌ ဦးဇိုဘြဲ႕သည္ ဟားခါးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ေျမတြင္၎ ထပ္မံဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.