Author: Editor
Read More
Benezer – ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်မှ မတရားအာဏာသိမ်းလိုက်ပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒေဖာ်ထုတ်သူများ၊ CDM ဝန်ထမ်းများ၊ အပြင်မဲ့ပြည်သူများအား နည်းမျိုးစုံဖြင့် စစ်ဆေးမေးမြန်းခြင်း၊ နှောက်ယှက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့် စစ်အာဏာရှင် စစ်ကောင်စီရန်မှ ကာကွယ်ရန် ချင်းပြည်နယ် (၉) မြို့နယ်နှင့် ပြည်နယ်ပြင်ပရှိ ချင်းအမျိုးသားများမှ Chinland Defense Force (CDF) ကို ဧပြီလ (၄) ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။ “ကျနော်တို့ အဖွဲ့ဖွဲ့တာက ဧပြီလ ၄ ရက်ကတည်းက ဖွဲ့ပြီးဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးအကြောင့် မကြေညာဖြစ်သေးတာပါ၊ ဒီအဖွဲ့က တပ်မတော်(Army) ပုံစံမျိုးနဲ့ သွားမှာမဟုတ်ဘူး၊ အဓိကတော့ တော်လှန်ရေးကာလမှာ ပြည်သူ့လုံခြုံရေးကို နှောက်ယှက်တာတွေ အကြမ်းဖက်တာတွေကို ကာကွယ်သွားဖို့ ဖွဲ့တာဖြစ်ပါတယ်၊ CDM လုပ်တဲ့သူတွေကို နှောက်ယှက်တဲ့သူတွေ၊ သတင်းပေးတဲ့ ဒလံတွေကို အဓိကထားပြီးတော့ စီရင်တာတွေလုပ်သွားမှာပါ” ဟု Chinland Defense Force အဖွဲ့ဝင်တစ်ဦးမှ ပြောသည်။ CDF မှ အာဏာသိမ်းသည့် စစ်ကောင်စီအား လုံးဝလက်မခံ အသိမှတ်မပြုအကြောင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ်သာ သတ်မှတ်ပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းအရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ချင်းလဲန်းဒေသအတွင်း တရားစီရင်ရေး၊ ဥပဒေပြုရေး၊ လုံခြုံးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာများကို ချင်းအက်ဥပဒေနှင့် ချင်းရိုးရာ ဓလေ့ထုံးတမ်းဖြင့် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းထားသည်။ CDF အဖွဲ့ဝင်တစ်ဦးမှ “ကျနော်တို့အဖွဲ့အနေနဲ့က ချင်းပြည်နယ် ကိုးမြို့နယ်လုံးကို အခြေခံပြီးဖွဲ့စည်းထားတာဖြစ်တယ်၊…
Read More
Benezer – ချင်းပြည်နယ် မင်းတပ်မြို့တွင် ဧပြီ ၂၄ ရက် ယမန်နေ့ည ၉ နာရီဝန်းကျင်က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သားအချို့ဒဏ်ရာရကာ ပြည်သူ ၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။ “မနေ့က အပြန်အလှန်ပစ်ကြခတ်ကြတယ်၊ စစ်သားတွေဒဏ်ရာရလို့ ဆေးရုံတက်ရတယ်၊ စစ်အာဏာသိမ်းမှုကို မကြိုက်တဲ့ပြည်သူတွေနဲ့ ပစ်တာပါ၊ ပြည်သူ ၃ ဦး အဖမ်းခံရတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးမှ ပြောသည်။ မင်းတပ်မြို့ ယမန်နေ့ည ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသကြောင်းကိုသာသိရပြီး နောက်ဆက်တွဲ မသိရှိရတော့ဘဲ ယနေ့တွင် အခြေအနေငြိမ်သက်လျက်ရှိကြောင်း သိရသည်။ မင်းတပ်မြို့တွင် ယမန်နေ့ နေ့လည်ပိုင်းတွင်လည်း အမျိုးသားညီညွတ်ရေး အစိုးရအား ထောက်ခံကြောင်း စာရွက်သပိတ်လုပ်ရန် စာကပ်နေသည့် အမျိုးသမီး ၄ ဦး နှင့် အမျိုးသား ၃ ဦး စုစုပေါင်း ၇ ဦး အဖမ်းခံခဲ့ရကြောင်းသိရသည်။ ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း ဧပြီလ ၂၃ရက် ညပိုင်းတွင် ဝန်ကြီးအိမ်ယာတွင် လုံခြုံရေးယူသည့် စစ်ကောင်စီ တပ်သားအချင်းချင်းပစ်ခတ်ရာမှ အနည်းဆုံး ၂ ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။
Read More
မေးမြန်းသူ – လားနွန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေ ဧပြီလ ၁၆ ရက်နေ့က အမျိူးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကိုဖွဲ့စည်းလိုက်ပါပြီ။ ဒီကြားကာလ အစိုးရဖွဲ့စည်းတဲ့အပေါ်မှာ ချင်းနိုင်ငံရေးပါတီများ၊ ချင်းအရပ်ဘက်အဖွဲ့အစည်း များ၏ သဘောထားအမြင်ကို စုစည်းတင်ဆက်လိုက်ပါတယ်။ ဆလိုင်းကျဲအိုဘိခ်ထောင် (အတွင်းရေးမှူး – ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) “နံပတ် (၁) ချက်ကတော့ သူတို့ရဲ့ ဖွဲ့စည်းတဲ့ ဖွဲ့စည်းမှုထဲမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေ တိုင်းရင်းသားတွေပါဝင်မှု အခန်းကဏ္ဍတွေမြင့်မားနေတယ်ပေါ့လေ ဆိုတော့ နိုင်ငံတော်အစိုးရအကြီးအကဲအမြင့်ဆုံး အာဏာပိုင်ပုဂ္ဂိုလ်ထဲမှာ တိုင်းရင်းသားတွေပေးတယ် နေရာပေးတယ်ဆိုကတည်းက တော်တော်လေးကို အပြုသဘောဆောင်တဲ့ အရာလို့မြင်တယ် ဒုတိယကတော့ ဒီတိုင်းပြည်မှာပြည်သူလူထုက လက်ရှိအချိန်မှာ ပြည်သူလူထုကမျှော်လင့်နေတဲ့လိုလားနေတဲ့အရာက အရပ်သားအစိုးရပေါ့လေ အရပ်သားအစိုးရကို လိုလားနေကြတယ် ပြည်သူလူထုကလိုလားတဲ့ဟာကိုဖော်ဆောင်ပေး တယ်ဆိုကတည်းက ဒါကြိုဆိုရမယ့်အရာပဲ ကျနော်တို့အမြဲတမ်းပြောသလို ၂၀၂၀ ရွေးကောက်ပွဲဟာ တချို့အပိုင်းလေး တွေမှာ မဲမသမာမှုလေးတွေတချို့ဟာတွေရှိပေမဲ့ ခြုံငုံကြည့်တဲ့အခါမှာ ဒီရွေးကောက်ပွဲဟာ အတန်အသင့် Free and Fair ဖြစ်ပါတယ် အဲဒါကြောင့် မည်သူမဆို ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုဖို့လိုအပ်သလို ၂၀၂၀ ရွေးကောက်ပွဲရ လဒ်ကို လေးစားလိုက်နာဖို့လိုတာပေါ့ ဒါကျနော်တို့ တိုင်းရင်းသားအတိုက်ခံနိုင်ငံရေးပါတီတစ်ရပ်တောင်မှ အဲလို ကျနော်တို့မြင်တယ် ဆိုတော့ အဲဒီရလဒ်အရ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ အစိုးရဖွဲ့ဖို့ကတော့ NLD ပါတီဦးဆောင်ပြီး ဖွဲ့ဖို့က သူတို့မှာတာဝန်ရှိတယ်လေ ပြည်သူလူထုက အဲဒီတာဝန်ကိုပေးထားတာကို အဲဒီတာဝန်ကို သူတို့တာဝန်ကျေပွန် အောင်တော့လုပ်ရမှာပေါ့ တကယ်တကယ်အကောင်ထည်ဖော်တဲ့နေရာမှာ အကောင်ထည်ဖော်နိုင်မလား လက်တွေ့ ကျသလား ဒါကတော့ နောက်ပိုင်းမှမြင်တွေ့ရမယ့်အပိုင်းပေါ့ လောလောဆယ်အနေအထားထိကတော့ ဒါမှန်ကန်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့လမ်းကြောင်းလို့ကျနော်ကတော့မြင်တယ်’’ ကိုလျန်တွောင်…
Read More
မာဂရက် – စစ်ကိုင်းတိုင်း ကလေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ဆန္ဒဖော်ထုတ်သည့် လူထုစစ်ကြောင်းအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းစဉ်တွင် ကျည်ဆံထိမှန်ကာ စစ်ဆေးရုံ၌ ကုသမှုခံယူပြီး ခြေတစ်ဖက်ဖြတ်လို က်ရပြီးနောက် ကလေးမြို့အကျည်းထောင်သို့ ပို့ခံရသည့် အသက် (၂၀) အရွယ် ကို Pau Min Lun သည် ယနေ့ချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသည့်အတွက် စိုးရိမ်ပူပန်နေကြသည်ဟု သိရသည်။ ကို Pau Min Lun သည် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့ဖြစ်ပွားခဲ့သည့် တာဟန်းသပိတ်စစ်ကြောင်း ဖြိုခွင်းမှုဖြစ်စဉ်တွင် အာဏာသိမ်း စစ်ကောင်စီများ၏ ပစ်ခတ်မှုကြောင့် ပေါင်တွင်ကျည်ဆံထိမှန်ကာ ကလေးမြို့ ဒေသကွက်ကဲရေးစစ်ဌာန ချုပ်ဝင်းအတွင်း စစ်ဆေးရုံသို့ ဆေးဝါးကုသမှုခံယူ၍ မတ်လ ၁၉ ရက်နေ့တွင် ခြေတဖက်ဖြတ်ခံလိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ခြေတစ်ဖက်ဖြတ်ခံရပြီးနောက် ဧပြီလ ၆ ရက်နေ့တွင် ဆေးရုံမှဆင်းသော်လည်း နေအိမ်သို့ပြန်ခွင့်မပြုဘဲ ကလေးမြို့ မြို့မရဲစခန်းတွင် တစ်ညချုပ်ထားပြီးနောက် ဧပြီလ ၇ ရက်နေ့တွင် ကလေးအကျည်းထောင်သို့ ပိ်ု့ဆောင်ခဲ့ခြင်းဖြစ်သည်။ “၇ ရက်နေ့က ထောင်ကိုရောက်သွားတာ အဲ့နောက်ပိုင်းတွေ့လည်း မတွေ့ရတော့ဘူး၊ ဘာမှလည်း မသိရတော့ဘူး၊ သူနဲ့လည်း အဆက်အသွယ်မရဘူး၊ ပစ္စည်းတွေကိုတော့ ခန့်မှန်းပြီးတော့ စားစရာ၊ သောက်စရာတွေတော့ သွားပေးတာ (၃) ခေါက်ရှိပြီ၊ ပစ္စည်းတွေကို ဂိတ်ပေါက်ကနေပေးပြီးတော့ သူတို့က အထဲသွင်းပေးလိုက်တာပဲရှိတယ် ဘာမှပြောခွင့်မရှိဘူး တွေ့လည်းမတွေ့ရဘူး ကျမခံ စားရတယ် အခုထောင်ထဲမှာလည်း ဘယ်လိုနေမလဲ အဆင်ပြေလား မပြေဘူးလားဆိုတာ စိတ်ပူရ တာပေါ့ တွေ့လို့လည်းမရ၊ ပြောလို့လည်းမရဆိုတော့…
Read More
Read More
Benezer – ချင်းပြည်နယ် ဖလမ်းမြို့နယ် နှင့် ချင်းပြည်နယ်ပြင်ပ (ကလေး-ကဘော်ဒေသ) နှင့် နိုင်ငံတကာရှိ ချင်းလူမျိုး များတွေ့ဆုံကာ နိုင်ငံရေးဦးဆောင်အဖွဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization) နှင့် ကာကွယ်ရေးတာ ဝန်ထမ်းဆောင်ရန် ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (Chin National Defense Force) ကို ၂၀၂၁ခုနှစ် ဧပြီလ (၁၃) ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဧပြီလ ၂၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ ချင်းအမျိုးသား တို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ရယူရေး၊ ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း တည်ဆောက်ရေးနှင့် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့်အတူ နိုင်ငံရေးသဘောတူညီချက်များကို လက်တွဲ အကောင်အထည်ဖော်နိုင်ရေးတို့ကို အဓိက ရည်ရွယ်ပြီး ယခုကဲ့သို့ ဖွဲ့စည်းရခြင်းဖြစ်သည်ဟု CNO/CNDF ပြောခွင့်ရပုဂ္ဂိုလ် Salai William Chin ကပြောသည်။ “အဓိကတော့ လွတ်လပ်တဲ့ ချင်းပြည်ကြီး ထူထောင်သွားဖို့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်၊ CNO ဆိုတဲ့ဟာက လောလောဆယ် ဖလမ်းမြို့နယ်နဲ့ ဒေသအချို့ကိုဘဲ အခြေပြုထားတယ်၊ နောက်ပိုင်းမှာ တော်လှန်ရေး ဘယ်အဖွဲ့စည်းမဆိုနဲ့ သဘောထားခြင်း မူဝါဒခြင်းတူတဲ့သူနဲ့ ပူးပေါင်းပြီးမှ လှုပ်ရှားသွားဖို့ရှိပါတယ်၊ ချင်းပြည်သူတွေအနေ နဲ့ အားပေးကူညီပေးဖို့ ဖိတ်ခေါ်လိုပါတယ်”ဟု Salai William Chin က ပြောသည်။ CNO/CNDF အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) မှဖွဲ့စည်းလိုက်သော အမျိူးသား ညီညွတ် ရေးအစိုးရ (NUG)၊ တိုင်းရင်းသားနိ််ုင်ငံရေးအင်အားစုများ၊…
Read More
#Unicode မာဂရက် – ချင်းပြည်နယ် ထန်တလန်မြို့နယ် ချင်းအမျိူးသားတပ်ဦး(CNF) ဗဟိုဌာနချုပ် ဝိတိုရိယစခန်းသွားရာလမ်းကြောင်းပေါ်ရှိ Vanzang တောင်ကြောက ကျေးရွာ ၅ ရွာကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ဧပြီလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ အပြင်မထွက်ရ အမိန့်(Curfew) ထုတ်ပြန်လိုက်သည်ဟုသိရသည်။ “ညမထွက်ရက ဟိုးအရင်ကတည်းကထုတ်ထားပြီးသား အခုတော့ နေ့ရောညပါ အပြင်မထွက်နဲ့ဆိုတဲ့ အမိန့်ပဲ ရွာဘက်သွားတဲ့သူတွေကိုလည်း လမ်းတဝက်ကနေ ပြန်လှည့်ခိုင်းတယ်” ဟု ထန်တလန်မြို့ဒေသခံတစ်ဦးကပြောသည်။ ထန်တလန်မြို့နယ် Vanzang တောင်ကြောတွင် ကျေးရွာ ၆ ရွာရှိပြီး ယခုအပြင်မထွက်ရအမိန့် ထုတ်ပြန်ထားသော ကျေးရွာ ၅ ရွာမှာ Vanzang, Farrawn, Lungding, Tlangpi, Tlanglo ကျေးရွာတို့ ဖြစ်ကြောင်းသိရသည်။ Vanzang တောင်ကြောမှ ကျေးရွာတစ်ရွာဖြစ်သည့် Sopum ကျေးရွာမှာမူ လွန်ခဲ့သည့် ၃ လကတည်းက အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားပြီး Curfew ထုတ်ထားခြင်းမရှိဘဲ ရွာအဝင်အထွက်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က စစ်ဆေးမှုများပြုများပြုလာကာ ဖြတ်သန်းသွားလာသူများကို နေရပ်ပြန်လှည့်ခိုင်းနေသည်ဟု ထန်တလန်ဒေသခံ ကပြောသည်။ ထန်တလန်မြို့မှ ချင်းအမျိူးသားတပ်ဦး (CNF) ဗဟိုဌာနချုပ် ဝိတိုရိယစခန်းကို သွားမည်ဆိုပါက ယခုအပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားသည့် ကျေးရွာများကို ဖြတ်သန်းသွားလာရသည်။ ချင်းအမျိူးသားတပ်ဦး CNF သည် ယခင်ဦးသိန်းစိန်အစိုးရလက်ထက် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်အရ ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် စခန်းချနေထိုင်ခြင်းဖြစ်သည်။ ယခုကဲ့သို့ CNF ဌာနချုပ်ရှိရာအနီးရှိ ကျေးရွာများအား စစ်ကောင်စီဘက်မှ အပြင်မထွက်ရအမိန့်ထုတ်ပြန်ရသည့် အကြောင်းရင်းကိုမသိရသော်လည်း စစ်အာဏာရှင်ဆန့်ကျင်သည့် CDM ဝန်ထမ်းများ၊ လူငယ်ခေါင်းဆောင်များ…
Read More
#Unicode Civil Disobedience Movement- CDM လှုပ်ရှားမှုတွင်ပါဝင်ပြီး မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်သည့် ကျောင်းဆရာမတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း မဝတ်ရည်စိုး (အမည်လွဲ) သည် ကရင်ပြည်နယ် ဘားအံမြို့နယ်က ကျေးလက်ဒေသရှိ ကျေးရွာတစ်ရွာမှာ မူလတန်းပြ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး ၂၀၂၀ ခုနှစ်နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်သော ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲရုံဝန်ထမ်းအဖြစ်တာဝန်ထမ်းခဲ့သူတစ်ဦးလည်းဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တပ်မတော်က လက်မခံသည့်အတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာသိမ်း ယူလိုက်ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာပြည်သူလူထုများသည် “လှဲနေလှေအောင်းမြင်းစောင်းမကျန်” လမ်းမပေါ်ထွက်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒဖော်ထုတ်မှု ဆင်နွှဲခဲ့ကြပြီး မဝတ်ရည်စိုးသည်လည်း စစ်အာဏာရှ င်ဆန့်ကျင်သည့် CDM လှုပ်ရှားမှုတွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ကစတင်ပါဝင်ခဲ့သည်။ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သည့်အတွက် လုံခြုံရေးအခြေအနေစိုးရိမ်ရသောကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အိုင်ဇောလ်မြို့သို့ ထွက်ပြေးခိုလုံလာသည့် မဝတ်ရည်စိုးကို ခိုနူမ်းသုန်သတင်းဌာနက တွေ့ဆုံမေးမြန်းထား သည်။ မေး။ ။ ကျောင်းဆရာမတစ်ယောက်အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ဘယ်လိုဖြစ်ပြီးတော့ ဝင်ပါဖြစ်သွားလဲ။  ဖြေ။ ။ ပထမကတော့ ဘာမှမသိဘူး ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဖုန်းအဆက်အသွယ်တွေ ဖြတ်လိုက်တယ်ပေါ့နော် နောက်ပြီးတော့ မဲခိုးတယ်လို့ပြောတဲ့အတွက် ဆရာမတွေ မဲခိုးတယ်လို့ပြောရင် အသေစိတ်ပေါက်တယ် ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုတိုင်ပင်ပန်းခဲ့တယ် မဲရုံမှာ ဘယ်လိုတာဝန်ထမ်းဆောင်ခဲ့လဲ အကုန်လုံးသိတယ် သိတဲ့အတွက် မဲခိုးတယ်လို့စွတ်စွဲမခံနိုင်ဘူး လက်မခံနိုင်ဘူး ဆရာမတွေအကုန်လုံးအတွက်လည်း လက်မခံနိုင်ဘူး သူတို့အားလုံးကိုယ်စားလည်း ကိုယ်ကသည်းမခံနိုင်ဘူး ဖြစ်တယ်လေ အဲလိုမျိုးဆိုတော့ ဆန္ဒတွေကအလိုလိုပြချင်လာတယ် ဖြစ်လာတယ် အဲလိုမျိုးနဲ့ ပါဝင်လာတာပါ။ မေး။ ။…
Read More
COVID-19 ဗိုင်းရပ် (စ်) ဟာ တစ်ကမ္ဘာလုံးမှာသာမက အခုဆိုရင်မြန်မာနိုင်ငံမှာလည်း ပြန့်နှံ့မှုက လျှင်မြန်လာပါတယ်။ ဒီလိုအခါမျိုးမှာ မိသားစုလိုက်ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒီလိုမျိုးဂရုစိုက်နေတဲ့ကြားက မိဘနှစ်ပါးလုံးရောဂါပိုးရှိတဲ့သူတွေနဲ့ထိတွေမိပြီး ကူးစက်နိုင်ခြေရှိလို့ quarantine ဝင်ရတဲ့အခြေနေမျိုးတွေကြုံလာတဲ့အခါ မိမိအိမ်မှာ ကိုယ့်ရဲ့သားသားမီးမီးပဲကျန်ခဲ့မယ်ဆိုရင် ဘယ်လိုဖြေရှင်းကြမလဲ။ ကလေးတွေနားလည်အောင် ဘယ်လိုရှင်းပြမလဲ။ ကိုယ်နဲ့ ဝေနေစဉ်ကာလအတွင်းမှာကြုံရမယ့်အခက်ခဲတွေကိုရင်ဆိုင်ဖြေရှင်းတတ်အောင် ဘယ်လိုကူညီပေးရမလဲဆိုတာနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တစ်ချို့ကိုဝေမျှခြင်ပါတယ်။ ၁) ကိုယ့်ကလေးတွေက မူကြိုနဲ့ မူလတန်းရွယ်ကလေးတွေဖြစ်မယ်ဆိုရင် ဖေဖေမေမေတို့က သားသားမီးမီးတို့ အအေးမိမှာဆိုလို့ ရက် ၁၄ ခွဲနေကြောင်းပြောပြပါ။ အဲ့ဒါအပြင် ဖေဖေမေမေတို့ဆီကနေ ဘယ်သူကိုမှအအေးမိတာမကူးစက်စေချင်လို့ခွဲနေရကြောင်းသေချာရှင်းပြပါ။ ၂) ကျောင်းနေအရွယ်ကလေးတွေဖြစ်မယ်ဆိုရင် ဒီထက်ပိုတိကျစွာရှင်းပြပါ။ ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုအတွက် ပြီးတော့ဒီလိုခွဲနေခြင်းဟာ လူမှုအဖွဲ့စည်းပေါ်မှာလည်းအကျိုးပြုကြောင်း၊ ကောင်းတဲ့လုပ်ရပ်ဖြစ်ကြောင်း နားအောင်ရှင်းပြပါ။ ရောဂါနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အချက်တွေကိုလည်းဝေမျှပေးပါ။ ၃) အဓိကပြောရမှာက ဖေဖေမေမေတို့က ဆိုးဆိုးရွားရွားဖျားနာတာမဟုတ်ဘူး။ ဖေဖေမေမေတို့ဆီကနေ တခြားသူတွေမကူးစက်အောင်သီးသန့်ခွဲနေတာဖြစ်ကြောင်းသေချာရှင်းပြပါ။ ရက် ၁၄ ပြီးရင်အရင်လိုအတူတူပြန်နေမယ်၊ အခုတော့ ဘိုးဘိုးဖွားဖွား၊ ဘဘ ဒေါ်လေးတို့နဲ့ခဏနေရမယ်၊ ဖေဖေမေမေတို့ကိုလွမ်းရင် ဗီဒီယိုကောလ်ခေါ်ပြီးစကားပြောကြမယ် ဆိုတာတွေကို နားလည်အောင်ရှင်းပြသင့်ပါတယ်။ မိဘများအနေနဲ့လည်း ကိုယ်တိုင်စိုးရိမ်ထိတ်လန့်မှုတွေ၊ ကလေးများအတွက်ပူပန်မှုတွေရှိနေမှာဖြစ်ပါတယ်။ ဒါပေမယ့်ဒီလိုခွဲနေခြင်းဟာ အကောင်းဆုံးဖြစ်တယ်ဆိုတာကို လက်ခံရပါမယ်။ ကို်ယ်တိုင်လည်း သားသမီးတွေကိုလွမ်းစွတ်ဒဏ်ကိုခံနိုင်ရည်ရှိရပါမယ်။ မတော်တဆ တစ်သက်လုံးမခွဲရဖို့ အခုခွဲနေခြင်းဟာ ယာယီပဲဖြစ်တယ်ဆိုတာ စိတ်ထဲဆွဲမှတ်ထားမယ်ဆိုရင် ကလေးတွေခွန်အားရှိအောင်ကိုယ်တိုင် လက်တွေ့ကျကျကူညီပေးနိုင်မှာဖြစ်ပါတယ်။ ခွဲနေပြီး ၁၄ ရက်ပြည့်ရင် ပျော်ပျော်ရွှင်ရွှင်ပြန်ဆုံကြရမှာဖြစ်လို့ စိတ်ဓာတ်မကျပဲလက်တွေ့ကျကျလုပ်ဆောင် သင့်ပါတယ်။ တချို့ကလေးတွေဟာမိဘနဲ့ခွဲနေရလို့ မကျေနပ်ဖြစ်ပြီးနည်းနည်းအစွန်းရောက်တဲ့တုန့်ပြန်မှုတွေဖြစ်တဲ့ ကြောက်စိဝင်တာ၊ စိတ်ဓာတ်ကျတဲ့လက္ခာတွေ၊ တစ်ယောက်တည်းငြိမ်နေပြီး ကုပ်ခြစ်နေမယ်၊ ခဏခဏငိုမယ်၊ အစားမစားဘူး၊ အိပ်လည်းမအိပ်ဘူး၊ စိတ်တိုနေမယ်၊ တွေ့ရာနဲ့ကောက်ပေါက်နေမယ်၊ လူကြီးတွေထိန်းရခက်လာမယ်ဆိုရင် ကလေးစိတ်ပညာရှင်တွေနဲ့ပြပြီးကုသမှုခံယူရမှာဖြစ်တယ်။ သူတို့တွေဟာသင့်ကလေးကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး အကြံဉာဏ်တွေပေးနိုင်…
Read More