#Unicode By လားနွန် – မလေးရှားနိုင်ငံတွင် သေဆုံးသည့် အသက် (၂၁) နှစ်အရွယ် မိုင်ရွှေလှေတီာလ်၏ ရုပ်အလောင်းအား ဇာတိမြို့ ချင်းပြည်နယ် ထန်တလန်မြို့သို့ဝင်ခွင့်မပြုဘဲ မြို့အပြင်လမ်းဘေးတွင် မြေမြုပ်ခိုင်းခဲ့သည့် ထန်တလန်မြို့မှ သက်ဆိုင်ရာတာဝန်ရှိ သူများကို ထိထိရောက်ရောက်အရေးယူရန် ချင်းကျောင်းသား/လူငယ်အဖွဲ့အစည်းအပေါင်း (၁၃) ဖွဲ့က တောင်းဆို လိုက်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထန်တလန်မြို့ခံ (ရပ်မိရပ်ဖ၊ လူငယ်) အဖွဲ့အစည်းများ ပါဝင်သော လွတ်လပ်သည့်စုံစမ်းစစ်ဆေးမှုအဖွဲ့(Independent Inquiry) တရပ်ကိုဖွဲ့စည်းကာ မိုင်ရွှေလှေတီာလ်ရုပ်ကလပ် အား ထန်တလန်မြို့တွင်းသို့ ဝင်ခွင့်မပြုခြင်းနှင့် ဂုဏ်သိက္ခာရှိစွာအသုဘချခြင်းမရှိအောင် တားဆီးပိတ်ပင်သည့် တာဝန်ရှိသူများကို အများပြည်သူ သိရှိနိုင်ရေးချပြပေးပါရန်နှင် ထိရောက်စွာအရေးယူဆောင်ရွက်မှုများလုပ်ဆောင်ပေးရန် ချင်းကျောင်းသား/လူငယ် အဖွဲ့အစည်း (၁၃) ဖွဲ့က အောက်တိုဘာလ (၇) ရက်နေ့က ပူးတွဲကြေညာချက်တစ်ဆောင်ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။ ဗဟိုချင်းလူငယ်များအဖွဲ့အစည်း၏ ဥက္ကဌ Salai An No Bik က “ရုပ်ကလာပ်ကို သံတမန်ရေးအရ မလေးရှာကနေ၊ ရန်ကုန်ထိ၊ ရန်ကုန်ကနေ ထန်တလန်မြို့အထိတောင်မှသယ်လာနိုင်ပြီး ဘာဖြစ်လို့ ကိုဗစ်ကော်မတီက ထန်တလန်မြို့ ထဲကို ဘာလို့ဝင်ခွင့်မပြုတာလဲ ဒါကို ကျနော်တို့ကန့်ကွက်ရှုချတယ်၊ ကျနော်သိရသလောက်ကတော့ အဲဒီထန်တလန် ကိုဗစ်ကော်မတီက ဗမာတွေကြီးပဲ အဲမှာက သူတို့က ချင်းဓလေ့ထုံးတမ်းစဉ်လာကိုနားမလည်ဘဲနဲ့ ကိုဗစ်ကိုအကြောင်း ပြပြီးမှ အဲလိုလုပ်တာတော့ ကျနော်တို့ လုံးဝလက်မခံနိုင်ဘူး၊ နောက်တစ်ခါဆိုရင်တော့ ကျနော်တို့ခွင့်လွတ်မှှာမဟုတ်ဘူး၊ ကျနော်တို့ တောင်းဆိုထားတဲ့အတိုင်းလုပ်စေချင်တယ် အဲဒါမလုပ်ပေးဘူးဆိုရင် ကျနော်တို့ မြို့နယ် (၉) မြို့က လူငယ်တွေ ဆန္ဒဖော်ထုတ်တာလုပ်နိုင်တယ်” ဟု ခိုနူမ်းသုန်ကိုပြောသည်။ မိုင်ရွှေလှေတီာလ်…
Author: Editor
#Unicode By နှင်းနှင်း – နယ်မြေလုံခြုံရေးအခြေအနေကြောင့် ဆမီးမြို့တွင်သောင်တင်နေသော ဒီဇယ်ဆီများ သယ်ယူ၍မ ရသေးသည့်အတွက် ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အားမဖြန့်ဖြူးပေးနိုင်သေးကြောင်း ပလက်ဝမြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူး ဦးအောင်လောဟာကပြောသည်။ “ မီးက ခုထိမပေးနိုင်သေးဘူး၊ ဆီသယ်လို့မရလို့ဘူး၊ လမ်းပန်းဆက်သွယ်ရေးရော လုံခြုံရေးအရရော သွားလို့လာလို့ မလွတ်လပ်တာလည်းပါတယ် ” ဟု ဦးအောင်လောဟာကပြောသည်။ ပလက်ဝမြို့နယ်သည် မဟာဓာတ်အားလိုင်းမရောက်ရှိနိုင်သေးသည့်အတွက် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး ဦးစီးဌာနမှ ဒီဇယ်ဆီအသုံးသော မီးစက်ဖြင့် ယခင်က တစ်ရက်လျှင် (၄) နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလေ့ရှိသော်လည်း ဒီဇယ်ဆီပြတ်လတ်သွားသည့်အတွက် အောက်တိုဘာလ ၁ ရက်နေ့စ၍ ဓာတ်အားဖြန့်ဝေမှုပြတ်တောက်သွားခဲ့ခြင်းဖြစ် သည်။ ပလက်ဝမြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာတွင် အသုံးပြုရန် ဒီဇယ်ပေပါ (၁၂၀) လုံးသည် ဆမီးမြို့တွင် သောင်တင်နေပြီး နယ်မြေလုံခြုံရေးအခြေအနေကြောင့် ယခုချိန်ထိ သယ်ယူရန်အခက်အခဲရှိနေကြခြင်းဖြစ်သည်။ ယခုကဲ့သို့ ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အားမရရှိကြတော့သည့်အတွက် မြိုခံပြည်သူများလည်း အခက်ကြုံနေကြရ သည်ဟု ပလက်ဝမြို့ဒေသခံ ဆရာမအောင်မဖြူကပြောသည်။ “ မီးမရတာ ( ၇) ညရှိပြီ ဆိုလာမီးရှိတဲ့သူတွေက အဆင်ပြေတယ်၊ ဆိုလာမရှိတဲ့သူတွေက အဆင်မပြေဘူး မီးက အခက်အခဲဖြစ်နေတယ်၊ ပြီးတော့ လျှပ်စစ်ကိုအသုံးပြုပြီး လုပ်ရတဲ့အလုပ်တွေလည်း အကုန်ထိခိုက်ကုန်တယ်” ဟု ဆရာမအောင်မဖြူကပြောသည်။ ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော် (AA ) တို့ စစ်ဖြစ်ပွားရာဒေသဖြစ်ပြီး နယ်မြေတည် ငြိမ်မှုမရှိသောကြောင့် စက်သုံးဆီများ သယ်ယူရန်် အခက်အခဲဖြစ်နေသည့်အတွက် ပလက်ဝမြို့နယ်တွင် လျှပ်စစ်မီး ပြတ်တောက်မှုမကြခဏဖြစ်ပွားလေ့ရှိသည်။ #Zawgyi By နှင်းနှင်း – နယ်မြေလုံခြုံရေးအခြေအနေကြောင့် ဆမီးမြို့တွင်သောင်တင်နေသော…
#Unicode By Benezer – မလေးရှားနိုင်ငံတွင် တိုက်ပေါ်မှပြုကျသေဆုံးခဲ့သည့် ချင်းအမျိူးသမီးငယ်တစ်ဦး၏ရုပ်အလောင်းကို ဇာတိမြို့ဖြစ်သည့် ထန်တလန်မြို့တွင် သဂြိုလ်ရန်သယ်ဆောင်လာပြီး မြို့တွင်းသို့အဝင်မခံဘဲ မြို့ပြင်ကားလမ်းဘေးတွင် မြေမြှပ်သဂြိုလ်ခိုင်း သည့်ဖြစ်ရပ်အပေါ် ဝေဖန်မှုမြင့်တက်နေသည်။ ဖြစ်စဉ်မှာ မိုင်ရွှေလှေတီာလ် (၂၁) နှစ်မှာ စက်တင်ဘာလ (၂၉)ရက် ည (၈)နာရီခန့်အချိန်တွင် မလေးရှားနိုင်ငံရှိ (၈) ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ပြီး ထန်တလန်မြို့တွင် မြေမြုပ်သဂြိုလ်ရန် မလေးရှားမှ ရန်ကုန်လေဆိပ်၊ မန္တလေး၊ ဟားခါး အဆင့်ဆင့် သယ်ဆောင်လာပြီးနောက် ထန်တလန်မြို့အဝင်တွင် သက်ဆိုင်ရာအာဏာပိုင်များက တားမြစ်ကာ မြို့ထဲသို့ အဝင်မခံဘဲ လမ်းဘေးတွင်ပင် သဂြိုလ်ခိုင်းခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဆလိုင်းဒိုခါရ်က “ဒီကိစ္စက လုံးဝမတရားဘူး၊ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံခြားကနေတောင် စာရွက်စာတမ်းအစုံအလင်နဲ့ လာပြီးတော့မှ အဆင့်ဆင့်ဖြတ်ကျော်လာပြီးမှ ထန်တလန်ရောက်တဲ့အချိန်ကျမှ လမ်းဘေးမှာဒီတိုင်း မြှပ်ခိုင်းတဲ့ဟာကတော့ မတရားဘူးလို့မြင်တယ်၊ သင်္ချိုင်းက မြို့ပတ်လမ်းကနေ သွားလို့ရတာဖြစ်တဲ့အတွက် ရဲလုံခြုံရေးယူပြီးတော့ သင်္ချိုင်းမှာ သွားမြုပ်လို့ရတဲ့အခြေအနေရှိတယ်၊ တစ်ခြားဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေလည်း အများကြီးရှိတယ်၊ အဲဒီလမ်းဘေးမှာ မြုပ်တဲ့ကိစ္စကတော့ တော်တော်ခံပြင်းစရာကောင်းတယ်၊ စည်ပင်ဉပဒေမှာလဲ သင်္ချိုင်းမြေပေါ်မှာဘဲ အလောင်း မြုပ်နှံခွင့်ရှိတဲ့အတွက် ဒီကိစ္စက ဉပဒေနဲ့လည်းမညီဘူး” ဟုပြောသည်။ ယခုကဲ့သို့ အလောင်းအား မြို့ထဲသို့ မဝင်ခိုင်းဘဲ လမ်းဘေးတွင် သဂြိုလ်ခိုင်းခြင်းမှာ ကိုဗစ်ဖြစ်ပွားနေသည့် ကာလဖြစ်ခြင်း ကြောင့်ဟု အာဏာပိုင်များမှ အကြောင်းပြသော်လည်း ထန်တလန်မြို့ရှိ သင်္ချိုင်းမှာ မြို့ထဲသို့မဝင်ဘဲ မြို့ရှောင်လမ်းမှ သွားလို့ရသည့်အနေအထားတွင်ရှိသည်ဟု ထန်တလန် မြို့ခံများကပြောသည်။ ထန်တလန်မြို့ခံ Siang Ceu က “ဒီကိစ္စအပေါ်မှာတော့ ကျနော်တို့မွေးထားတဲ့…
#Unicode BY လားနွန် – နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်တွင် ဟောပြောထုတ်လွှင့်မည့် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီ၏ မူဝါဒ၊သဘောထား၊ လုပ်ငန်းစဉ်ပါအကြောင်းအရာစာသားတစ်ချိူ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြင်ဆင်ပယ်ဖျက်သည့်အတွက် ဟောပြောထုတ်လွှင့်တော့မည်မဟုတ်ကြောင်း CNLD ပါတီကပြောဆိုလိုက်သည်။ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်၏ ပါတီမူဝါဒ၊ သဘောမထားများ နှင့် လုပ်ငန်းစဉ်များမှ အဓိကအရေးပါသော စာသားတစ်ချိူ့ပယ်ဖျက်ခံလိုက်ရသည့်အတွက် နိုင်ငံပိုင်ရေဒီိယိုနှင့် ရုပ်မြင်သံကြားတွင် ဟောပြောထုတ်လွှင့်မှုအစီစဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်ဟု CNLD ပါတီအထွေထွေအတွင်းရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။ “၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာလည်းပဲ ကျနော်တို့တင်ပြထားတဲ့ တော်တော်များများ ရွေးကောက်ပွဲကော်မရှ င်ကနေပြီးတော့ ပယ်ဖျက်ခံရလို့ ဆင်ဆာလုပ်လို့ ကျနော်တို့ သပိတ်မှောက်ခဲ့ပြီးပြီ၊ အခုလည်း နောက်တစ်ကြိ်ဖြစ်နေတယ် ဒီ NLD သက်တမ်းအတွင်းမှာ ကျနော်တို့ ရုပ်မြင်သံကြားအစီအစဉ်မှာ ကျနော်တို့ ဟောပြောထုတ်လွှင့်မှုမလုပ်တော့ဘူး၊ ဒါကဒီနိုင်ငံရေးပါတီတွေရဲ့ နိုင်ငံရေးသမားတွေရဲ့ လွတ်လပ်စွာ ကိုယ့်ရဲ့နိုင်ငံရေးမူဝါဒ ပြောဆိုခွင့်ကို သူတို့က ပိတ်ပင်ထားတာဖြစ်လို့ ဒီမိုကရေစီစံချိန်စံနှုန်းကို ချိုးဖောက်တာဖြစ်သလို တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးရပ်တည်ချ က်တွေကိုလည်း လုံးဝမျက်ကွယ်ပြုတာဖြစ်လို့ ကျနော်တို့ ကန့်ကွက်ပါတယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့သည် CNLD ပါတီ၏ မူဝါဒ၊ သဘောထားများထဲမှ စာပိုဒ် (၇)၊ အပိုဒ် (၁၊ ၂၊ ၃၊ ၄) တို့မှ စာသားတစ်ချိူ့ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်ပြီး ယင်းအပိုဒ်များသည် ချင်းတစ်မျိူးသားလုံးအတွက် မဖြစ်မနေကြိုး ပမ်းဆောင်ရွက်ရမည့် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်၏ အဓိကစွဲကိုင်ထားသော မူဝါဒနှင့် သဘောထားများ ဖြစ်သည်ဟု အောက်တိုဘာလ ၃ ရက်နေ့ကထုတ်ပြန်သော CNLD ပါတီ၏ကြေညာချက်တွင်ဖော်ပြထားသည်။ “အဓိကတော့ ကျနော်တို့ တိုင်းရင်းတွေက လက်နက်ကိုတပ်ဖွဲ့တွေရော…
#Unicode By နှင်းနှင်း – ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့က ဖမ်းဆီးထားသည့် ချင်းလူငယ်တစ်ဦး ဆလိုင်းအောင်စိုးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဗဟိုချင်းလူငယ်အဖွဲ့အစည်း (Central Chin Youth Organization) က အောက်တိုဘာလ (၃) ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။ ချင်းလူမျိုးများနှင့် ချင်းလူငယ်များအား မတရားဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို ကျုးလွန်သည့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၏ လုပ်ရပ်ဟူသမျှ ဗဟိုချင်းလူငယ်အဖွဲ့အစည်းမှ အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး AA တပ်ဖွဲ့အနေဖြင့်လည်း ဆလိုင်းအောင်စိုးကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုသည်ဟု ဗဟိုချင်းလူငယ်အဖွဲ့အစည်း ဥက္ကဌ ဆလိုင်းနိုဘိခ်ထန်ကပြောသည်။ “ကျနော်တို့ ချင်းလူငယ်တစ်ဦးဖြစ်တဲ့ ဆလိုင်းအောင်စိုးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေကမှ ချင်းလူမျိူး၊ ချင်းလူငယ်တွေကို နောက်ထပ်ဖမ်းဆီးတာမျိူး မလုပ်ဖို့ ဒီကနေ လေးလေးနက်နက်တောင်းဆိုပါတယ်’’ ဟု ဆလိုင်းနိုဘိခ်ထန်ကပြောသည်။ ဆလိုင်းအောင်စိုးအပါအဝင် ချင်းလူငယ် (၄) ဦးတို့သည် ပြီးခဲ့သည့်ဇူလိုင်လ (၂၉) ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့အပြန် ငသရိုင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ (၄) ဦးအနက် (၃) ဦးကို သြဂုတ်လ (၂၅) ရက်နေ့က ပြန်လွှတ်တော်ပေးခဲ့သော်လည်း ဆလိုင်းအောင်စိုးသည် ယနေ့ချိန်ထိ ပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးပေ။ #Zawgyi By နှင်းနှင်း – ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့က ဖမ်းဆီးထားသည့် ချင်းလူငယ်တစ်ဦးဆလိုင်းအောင်စိုးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဗဟိုချင်းလူငယ်အဖွဲ့အစည်း (Central Chin Youth Organization) က အောက်တိုဘာလ (၃) ရက်နေ့စွဲဖြင့် ကြေညာ…
#Unicode By လားနွန် – မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကို ယနေ့အောက်တိုဘာလ ၁ ရက်နေ့ကစတင်၍ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာရာ ချင်းပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၀၀၀ ကျော်လျှော့သွားသည်ဟု သိရသည်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကတ်ထားကြေညာခဲ့ရာတွင် ချင်းပြည်နယ်၌ မဲဆန္ဒရှင် ၃၄၂၁၃၇ ဦးရှိခဲ့ပြီး ယခုဒုတိယကြိမ်တွင် ၃၃၂၆၉၈ သာရှိပြီး မဲဆန္ဒရှင် ၉၄၃၉ ဦးလျှော့သွားခြင်းဖြစ်သည်။ ချင်းပြည်နယ် ရွေးကောက်ပွဲကောင်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးလင်းကျော်က “ ကျနော်တို့ ပထမအကြိမ်မဲ စာရင်းကပ်တဲ့အချိန်မှာတော့ ပုံစံ (၃) နဲ့ လျှောက်တဲ့ဟာရှိတယ်လေ တိုးလာတယ်၊ ပြီးလို့ရှိရင် Door to Door နဲ့ တစ်အိမ်တက်ဆင်းစီစစ်တဲ့အခါမှာ အုပ်ချုပ်ရေးပိုင်းတွေနဲ့ ပေါင်းပြီးတော့ စီစစ်တဲ့အခါမှာ တိုးတဲ့ဟာတွေရှိတယ် ပြီးရင် ပုံစံ (၄) နဲ့ ကန့်ကွက်လို့ လျော့သွားတဲ့ဟာရှိတယ်၊ Door to Door ဆောင်ရွက်လို့ မိသားစုတွေလိုက်မရှိတော့ဘူး စီစစ်တဲ့အခါမှာမရှိတော့ဘူး တစ်ချို့ကလည်း ကွယ်လွန်သွားတဲ့ဟာရှိတယ်၊ တစ်ချို့ကလည်း နိုင်ငံခြားကို အပြီးပြောင်းနေတဲ့သူတွေရှိတယ်၊ အဲဒါတွေကို ကျနော်တို့ နှုတ်လိုက်တဲ့အခါမှာ အခုဒုတိယအကြိမ်မဲစားရင်းကတော့ အဲလိုဖြစ်သွားတယ် လျော့သွားတယ်” ဟု ပြောသည်။ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကတ်ထားကြေညာမည်ဖြစ်ပြီး မဲစာရင်းတွင် မိမိနာမည်ပါမပါ သေသေချာချာကြည့်စေချင် ကြောင်း အကယ်၍ မိမိနာမည်မပါသည်ဖြစ်စေ နာမည်မှားယွင်းသည်ဖြစ်စေ ပုံစံ(၃) ပုံစံ(၄) တို့ဖြင့် ပြန်လျှောက်လို့ရ…
#Unicode By Benezer – ချင်းပြည်နယ် ဖလမ်းမြို့ဒေသခံပြည်သူတွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရင်ခုန်သံက ဘယ်လိုရှိနေပါသလဲ။ ဘယ်လို လွှတ်တော်ကိုယ်စားလှယ်မျိုးကို သူတို့လိုချင်နေတာပါလဲ။ ဘယ်လိုအစိုးရမျိုးကိုသူတို့မျှော်လင့်နေကြတာပါလဲ။ အသစ်တက်လာမည့် အစိုးရသစ်ကို ဘာတွေလုပ်ပေးစေချင်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖလမ်းမြိုပ်ါက အရပ်ဘက်အဖွဲ့အစည်းတွေ ဒေသခံပြည်သူတစ်ချို့ရဲ့သဘောထားအမြင်တွေကို စုစည်းတင်ပြလိုက်ရပါတယ်။ Rev. Thawng Bik (ဖလမ်းနှစ်ချင်းအသင်းတော်/ ချင်းလူမှုသိပ္ပံကျောင်း CISS ဦးဆောင်သူ) ကျနော်တို့ ချင်းပြည်နယ်အတွက်ဆိုရင် ကျနော်တို့ လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ့နော် ဒါကို ဒီအစိုးရအနေနဲ့ အကောင်အထည်ဖော်ပေးမယ်လို့ ကျနော်တို့မျှော်လင့်တယ် တက်လာတဲ့ဘယ်အစိုးရပဲဖြစ်ဖြစ် ဒါအရေးကြီးဆုံးလို့ ထင်တယ် ဖလမ်းအတွက်ဆိုရင်လည်း နိုင်ငံတကာတွေ တက်လို့ရတဲ့ ကျောင်းတစ်ခု ဥပမာ အိန္ဒိယအစိုးရနဲ့ လုပ်မလား နယ်စပ်လည်းဖြစ်တယ် နိုင်ငံတကာကျောင်းတစ်ခုခုပေါ့ ဒါကိုအကောင်အထည်ဖော်ပေးစေချင်တယ် နောက်တစ်ခုက ပညာရေးကိုအဓိကကျဆုံးလို့ကျနော်မြင်တယ် ဒီနိုင်ငံတွေအပြောင်းအလဲလုပ်တဲ့အခါမှာ အဓိက လူသားအရင်းမြစ်ကို အားဖြည့်ကျတာပေါ့နော်အခုလက်ရှိက ချင်းပါတီတွေမှာဒါဟာကိုသိပ်ပြောတာမတွေ့ဘူး NLD အနေနဲ့လည်း ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်နေတယ် ဒါ General အနေနဲ့တော့လုပ်နေတယ် ဘယ်ပါတီပဲဖြစ်ဖြစ် သိပ်အားရစရာမကောင်းသေးဘူး ဒီထက်ပိုပြီးတော့မှ လူသားအရင်းမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဒီပညာရေးကို ဇောင်းပေးတော့မှလုပ်စေချင်တယ်။ ပါတီလည်းအရေးကြီးတယ်လို့ထင်ရပေမဲ့ အဓိကကျတာကလူပါပဲ ဒီလူသည် သူ့ရဲ့ နောက်ကြောင်းရာဇ၀င်မှာ စိတ်ချရတဲ့လား ဘယ်လိုအကျင့်မျိုးရှိလဲ ဘယ်လိုစိတ်ထားရှိလဲ ပြီးတော့ သူ့ရဲ့အကျင့်စာရိတ္တရောကောင်းရဲ့လား ဆိုတော့ ဒီလိုမျိုးအကျင့်စာရိတ္တကောင်းတဲ့လူတွေပေါ့ လူတွေမှာတော့မပြည့်စုံဘူး ဟုတ်တယ် သို့သော်များလည်း အပြစ်ကင်းစင်တဲ့လူတော့ရှိမှာမဟုတ်ဘူး သို့သော်အနည်းဆုံး ဒါကို ကျနော်တို့ကြိုးစားပြီးတော့မှ စိတ်ချရဲ့တဲ့လူကိုပဲ ရွေးပြီးတော့ မထည့်စေချင်ပါတယ် ခေါင်းဆောင်ဆိုတာ လူပုဂ္ဂိုလ်ပါပဲ အရေးအကြီးဆုံးကလူပါပဲ။ ဆရာမမေရီ (အလယ်တန်းပြဆရာမ) အသက်သိပ်မကြီးပဲနဲ့…
#Unicode By နှင်းနှင်း – စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ယမန်နေ့ညက ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသည့် လူနာသစ်( ၉ ) ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ကလေးမြ်ို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးကပြောသည်။ ကလေးမြို့တွင် ကွာရင်တင်းဝင်နေသည့် သံသယလူနာများထဲမှ စက်တင်ဘာလ ၂၉ ရက်နေ့က ၈၆ ဦး၊ စက်တင်ဘာလ ၃၀ ရက်နေ့က ၅၆ ဦး စုစုပေါင်း အယောက် ၁၀၀ ကျော်၏ SWAB နမူနာများအား စစ်ဆေးခဲ့ရာမှ ရောဂါကူးစက်ခံရသူ (၉) ဦး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။ “ဒီတရုတ်ကနေပြန်လာတဲ့တဦးကနေကူးတာလား ၊ ကံကြီးရွာနှစ်ဦးကနေကူးတာလား ၊ ဒီစမ်းမြို့ ရပ်ကွက်က ၁ရနှစ်သမီးအရွယ်ကနေစကူးတာလားဆိုတာ ကျမတို့အတိအကျမပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ ကားအတူစီးလာတဲ့ အတွက် ၁ရနှစ်သမီးကနေပြီးတော့ ကားထဲကနေကူးလာ တာလားဆိုတာ ဆုံစမ်းနေတယ်။ ကျမတို့ကလည်းဒီပိုးကို မမြင်ရတဲ့ပိုးဆိုတော့လေ ။ ဒီစမ်းမြို့ရပ်ကွက်ကတော့ ၁ရနှစ်သမီးဆီကနေ ပြန့်သွားတဲ့သဘောရှိတယ်” ဟု ဒေါ်ရှားမီး ကပြောသည်။ အသစ် ထပ်မံတွေ့ရှိခဲ့သည့် ကိုဗစ်-၁၉ လူနာ (၉) ဦးအနက် (၈) ဦးမှာ စမ်းမြို့ရပ်ကွက်ကဖြစ်ပြီး လက်ရှိအချိန်ထိ စမ်းမြို့ရပ်ကွက်တွင် တွေ့ရှိခဲ့သည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀ ဦးထိရှိပြီဖြစ်ကာ လက်ပံချောင်းကျေးရွာမှ ၁ဦး နှင့် နတ်ချောင်းကျေးရွာမှ ၁ဦး ထည့်တွက်ပါက လက်ရှိတွင် ကလေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ ၂၂ ဦးရှိပြီဖြစ်သည်။ လက်ရှိတွင် ကိုဗစ်-၁၉ပိုးတွေ့လူနာ (၂၂) ဦးထိရှိနေသည့် စမ်းမြို့ရပ်ကွက်ကို Stay at home ဒေသအဖြစ်…
#Unicode By ရစ်ချက် – အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် Mamit ခရိုင် Phuldungsei ကျေးရွာတွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသော လက်နက်ခဲယမ်းများကို အိန္ဒိယနယ်စပ်လုံခြုံရေးတပ် (Border Security Force) အဖွဲ့က ဖမ်းဆီးရမိသည်ဟုသိရသည်။ မီဇိုရမ်ပြည်နယ်အခြေစိုက် နယ်စပ်လုံခြုံရေးတပ် (Border Security Force) အဖွဲ့တို့သည် စက်တင်ဘာ ၂၈ ရက်နေ့ည (၁၁) နာရီ ခန့်က Mamit ခရိုင် Phuldungsei ကျေးရွာအထွက်တွင် ကားနှစ်စီးအား မသင်္ကာမှုဖြင့် စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံမှ သယ်ဆောင်လာသော လက်နက် AK-47 (၂၈ ခု)၊ AK-56 ( ၁ လက်)၊ US carbine (၁ လက်)၊ magazine (၂၈ ခု) နှင့် ကျဉ်ဆံ ၇၈၉၄ ထောင့် ဖမ်းဆီးခဲ့ကြောင်း ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ အဆိုပါလက်နက်များမှာ မြန်မာနိုင်ငံမှ တရားမဝင်သယ်ဆောင်လာသော လက်နက်များဖြစ်ပြီး မီဇိုရမ်ပြည်နယ်ကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်အတွင်းရှိ ခွဲထွက်ရေးသူပုန်အဖွဲ့များထံ ရောင်းချသွားမည့် လက်နက်များဖြစ်သည်ဟု The Aizawl Post သတင်းစာတွင်ဖော်ပြထားသည်။ ယင်းလက်နက်များနှင့်အတူ ပိုင်ရှင်ဟုယူဆရသော မီဇိုရမ်နိုင်ငံသား (၃) ဦး Lalhuapzauva (56), Vanlalruata (25) နှင့် Liansanga (46) တို့ကိုလည်း ဖမ်းဆီးပြီး Arms Act 1959 ဖြင့် အမှုဖွင့်ဆိုထားသည်ဟုသိရသည်။…