Author: Editor

ချင်းပြည်နယ် အစိုးရအဖွဲ့ သည် ဒေသခံချင်းပြည်သူများ၏ လိုအပ်ချက်များ သိရှိနိုင်ရန်အတွက် ချင်းပြည်နယ်ဒေသ တစ်ချို့ တွင် စတင်ပြီး ကွင်းဆင်းလေ့လာနေပြီဟု သိရသည်။ ၀န်ကြီးချူပ် ဦးဆလိုင်းလျန်လွယ် ဦးဆောင်သော ချင်းပြည်နယ် အစိုးရသစ် သည် ဧပြီလ ၁၄ နှင့် ၁၅ တွင် ထန်တလန်မြို့ နယ်၊ ဧပြီလ ၁၆၊ ၁၇ ၊ ၁၈ တွင် ဖလမ်း နှင့် ရိဒ်ခေါဒါရ်းမြို့နယ်ခွဲရှိ ကျေးရွာများတွင် သွားေ ရာက်လေ့ လာ ခဲ့ကြသည်ဟု ခရီးစဉ်သို့ လိုက်ပါသော ချင်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို ကပြော သည်။

Read More

မီဇိုရမ်ပြည်နယ်အနေနဲ့ မြန်မာနိုင်ငံမှာရှိကြတဲ့ ဇိုးမျိုးနွယ်စုများထံ အတုယူသင့်စရာအများကြီးရှိတယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lal Thanhawla က ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က Congress Bhavan တွင် ယခုလို ပြော ဆိုခြင်းဖြစ် သည်။   ပြီးခဲ့တဲ့ ဧပြီလ ၆-၇ ရက်နေ့တွင် ကလေးမြို့နယ် တာဟန်းရပ်ကွက်တွင် ကျင်းပတဲ့ Chapchar Kut ပွဲတွင် မြန်မာနိုင်ငံ ကို ရောက်ရှိလာတဲ့ Lal Thanhawla က မြန်မာပြည်ရှိ ဇိုးမျိုးနွယ်စုများနေထိုင်သည့် နေရာဒေသအသီးသီးကို သွားရောက်လေ့ လာခဲ့ပြီး သူမြင်တွေ့ခဲ့တဲ့အရာကို ယခုလို ပြောဆိုခြင်းဖြစ်သည်။   “မီဇိုရမ်ပြည်ပမှာရှိကြတဲ့ ဇိုးမျိုးနွယ်စုများဟာ ကိုယ့်အားကို ကိုးပြီး ရပ်တည်တဲ့သူ၊ အချောင်ခိုဖြင့် ငွေကိုရှာတတ်သော သူမျိုး မဟုတ်တဲ့အပေါ် မီဇိုရမ်ပြည်သူတွေအနေနဲ့ အတုယူစရာ၊ သင်ယူစရာ အများကြီးရှိတယ်။ အစိုးရအပေါ် မှီခိုရပ်တည်ရုံ သက်သက် မဟုတ်ပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားသင့်တယ်” လို့ ပြောပါတယ်။   မြန်မာနိုင်ငံအပြင် မဏိပူ၊ တီးပူရား နှင့် အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ ဇိုးမျိုးနွယ်စုများဟာ ကိုယ်လုပ်အားကိုစားချင်သောသူတွေဖြစ်တဲ့အချိန်မှာ မီဇိုရမ်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဇိုးမျိုးနွယ်စုများကတော့ အစိုးရအပေါ်မှာပဲ မှီခိုနေကြတယ်။ အလွယ်တကူ ငွေရချင်ကြတယ်။ မြန်မာနိုင်ငံမှာ ရှိကြတဲ့ ဇိုးမျိုးနွယ်စုများဟာ အစိုးရအပေါ် မမှီခိုပဲ ကိုယ့်အားကို အားကိုးသောသူတွေဖြစ်တယ်လို့ ဝန်ကြီးချုပ် Lalthanhawla က ဆက်ပြောပါ တယ်။   “သူတို့တွေက အစိုးရအပေါ် မမှီခိုပဲ နေထိုင်ကြတယ်။…

Read More

မြန်မာလူမှုရေးအသင်းဦးဆောင်မှုဖြင့် (၉) ကြိမ်မြောက် အတာသင်္ကြန်ပွဲကို မီဇိုရမ်ပြည် နယ်ရောက် မြန်မာ လူမျိုးများနှင့် အ တူ ပျော်ပွဲစား ဥယျာဉ်တွင် ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က သွားရောက်ကျင်းပခဲ့ကြသည်။ ယင်း ကိစ္စနဲ့ပတ် သက်ပြီး မြန်မာ လူမျိုးများရဲ့ တစ်နှစ်မှာ တစ်ကြိမ်ကျင်းပရတဲ့ ရိုးရာပွဲ ယဉ်ကျေးမှုပွဲတခုဖြစ်တဲ့ အတာသင်္ကြန်ပွဲကို မြန်မာလူမျိုးတွေ ရှိတဲ့ မီဇိုရမ်ပြည် နယ်မှာလည်း ပျော်စေချင်လို့ နောက်ပြီးတော့ ဒီရိုးရာပွဲမ ပပျောက်လေအောင် ကျင်း ပ ရခြင်းဖြစ် တယ်လို့ မြန်မာလူမှုရေးအသင်း ဥက္ကဌ ဦးအောင်ရွှေက ယခုလို ပြောပါတယ်။  

Read More

ပြီးခဲ့သည့် ဧပြီလ ၁၅-၁၆ ရက်နေ့များက မီဇိုရမ်ပြည်နယ်အတွင်း ပြင်းထန်စွာတိုက်ခပ်လာသော လေ နှင့် မိုးသီးကြောင့် အိမ်ခြေ ၃၃၀ ကျော် ပျက်စီးခဲ့ကြောင်း သိရပြီး အိမ်ခြေ ၇၀ ခန့်မှာ လူနေလို့မရလောက်အောင် အကုန် ပျက် စီး သွားတယ်လို့ သိရသည်။  

Read More

ဟွာလ်ငိုးသား – ချင်းပြည်နယ်အစိုးရသစ်အနေဖြင့် ချင်းပြည်နယ်မြောက်မှ တောင်ပိုင်းဒေသသို့ တိုက်ရိုက် ချိတ်ဆက်ပေးနိုင်မည့် ကျီခါး – ပလက်ဝမြို့အကြား အဝေပြေးလမ်းမကြီး(High way) ကို ပထမဦးစားပေးတည်ဆောက် သွားရန် စီစဉ်ထားကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြောသည်။

Read More

ဦးဆလိုင်းလျန်လွယ် – ၀န်ကြီးချူပ်၊ ချင်းပြည်နယ် ဦးဆလိုင်းလျန်လွယ်သည် ချင်းပြည်နယ် ဖလမ်းမြို့နယ် အိုင်ရဲဘွာလ်ကျေးရွာတွင် အဖ ဦးထာသင်ထန်း နှင့် အမိ ဒေါ်ဟရန်းဘွလ်ဇိန်းတို့မှ ၁၉၅၄ ခုနှစ်တွင်မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ (LLB) အားရရှိခဲ့သူဖြစ်သည်။ ဥပဒေအရာရှိအနေဖြင့် ၁၉၈၃ ခုနှစ်တွင် ရန်ကုန်မြို့၊ (၁၉၈၄-၈၇)တွင် ကလေးမြို့၊ (၁၉၈၇-၈၉)တွင် ဖလမ်းမြို့၊(၁၉၈၉-၉၂)တွင် မင်းတပ် – မတူပီမြို့၊ (၁၉၉၂-၂၀၀၆)တွင် အမရပူရ၊ (၂၀၀၆-၂၀၁၀)တွင် စစ်ကိုင်းမြို့၊ (၂၀၁၀-၂၀၁၃)တွင် ဖလမ်းမြို့ နှင့် (၂၀၁၃-၂၀၁၄)တွင် တမူးခရိုင်ဥပဒေအရာရှိအဖြစ် အသီးသီး အစိုးရ၀န်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အစိုးရ၀န်ထမ်းမှ အငြိမ်းစားယူပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲ တွင် NLD ပါတီကိုယ် စားလှယ်လောင်းအနေဖြင့် ဖလမ်းမြို့ ပြည်နယ်မဲဆန္ဒနယ်မြေ အမှတ်(၂) တွင် ၀င်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သည်။ သူသည် တက္ကသိုလ်ကျောင်းသားဘ၀တွင်လည်း ဆလိုင်း-မိုင်လှုပ်ရှားမှုကဲ့သို့သော ချင်းကျောင်းသား လှုပ်ရှားမှုများတွင် ချင်းကျောင်းသားခေါင်းဆောင်များဖြစ် ကြသော ဆလိုင်းရမ်းလိန်မှုန်း၊ ဆလိုင်းကစ်ပ်ခိုလျန်တို့နှင့်အတူ တက်ကြွစွာပါဝင် လှုပ်ရှားခဲ့သူဖြစ်သည်။ ဦးဝီကော – စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောသည် ချင်းပြည်နယ် မတူပီမြို့နယ် ရှာတလိုင်းကျေးရွာတွင် အဖ ဦးပေါ်ကြိုး နှင့် အမိ ဒေါ်ပေါကြယ်တို့မှ ၁၉၅၃ ခုနှစ်၌ မွေးဖွားခဲ့သည်။ မူလတန်းကျောင်းကို ရှာတလိုင်းကျေးရွာတွင် (၁၉၅၉-၆၄)၊ အလယ် တန်းကို စာလ်ထောင်ရွာတွင် (၁၉၆၄-၆၇)၊ အထက်တန်းကို ဂန့်ဂေါမြို့တွင် (၁၉၆၇-၇၀)အထိ ပညာသင်ကြားခဲ့ပြီးနောက် (၁၉၇၀-၇၄) ခုနှစ်အထိ စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်တွင် တက်ရောက်ကာ (B.com)…

Read More

မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဖြစ်သော Anti-Narcotics Squad, Excise & Narcotics Department က ဘိန်းဖြူ ၁၀ ဟောင် နှင့်အတူ ချင်းအမျိုးသားတဦးကို ဧပြီလ ၁၃ ရက်နေ့က ဖမ်းဆီးခဲ့သည်။   အဆိုပါ ဘိန်းဖြူနှင့်အတူ ဖမ်းဆီးခံထားရသော ချင်းအမျိုးသားမှာ ကလေးမြို့နယ် တာဟန်း “D” ရပ်ကွက်တွင် နေထိုင်သူဟု ထွက်ဆိုသော Lalropianga (25) ကို ဖမ်းဆီးပြီး NDPS Act 1985 ဖြင့် အမှုဖွင့်ဆိုခဲ့ကြသည်။   ယခုလို ဖမ်းဆီးထားသော ဘိန်းဖြူ ၁၀ ဟောင်၏ ကာလတန်ဖိုးမှာ ရှုပီး ၅ သိန်း ခန့်ရှိသည်။   အလားတူ ဧပြီလ ၁၃ ရက်နေ့ကပဲ မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များဖြစ်ကြသည့် Mizoram Excise and Narcotics department officials နှင့် Supply Reduction Service (SRS) ပူးပေါင်းပြီး ဘိန်းဖြူ ၂၄၈ gms ကာလတန်ဖိုးအားဖြင့် ၉ သိန်းခန့်ရှိသော ဘိန်းဖြူကို Lalnunmawii (44) ထံမှ ဖမ်းဆီးခဲ့သည်။   အဆိုပါ ဘိန်းဖြူ၏ ပိုင်ရှင်အစစ်မှာ ချင်းပြည်နယ် Khawmawi ရပ်ကွက်ရှိ Suiteii ဟာ ဖြစ်ကြောင်း နှင့် အမှတ် (၂) ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် မီဇိုရမ်ကို သယ်ဆောင်လာခြင်းဖြစ်ကြောင်း ဖမ်းဆီးခံထားရသူ Lalnunmawii ၏ ထွက်ဆိုချက်အရ သိရသည်။…

Read More

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသ မီဇိုရမ်ပြည်နယ်သို့ နေထိုင်ကြသော ချင်းလူမျိုးများက သမ္မတ ဦးထင်ကျော် ဦးဆောင်သော NLD အစိုးရသစ်ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် အခမ်းအနားတရပ်ကို အိုင်ဇောလ်မြို့ Sihhmui ရပ်ကွက်တွင် ဧပြီလ ၉ ရက်နေ့က ကျင်းပခဲ့ကြသည်။

Read More

စစ်ကိုင်းတိုင်းဒေ သကြီး ကလေးမြို့နယ်ရှိ ချင်းလူမျိုးအများစု ပညာသင်ကြားရာ ကလေးတက္ကသိုလ် နှင့် ချင်းလူမျိုးများအဓိက အားထားနေ ရသော ၀ယ်စီလီဆေးရုံးကြီး တို့နှင့် လက် တွဲဆောင်ရွက် ရန် ဆန္ဒရှိကြောင်း မီဇိုရမ်ပြည် နယ် ဝန်ကြီးချုပ် Pu Lal Thanhawla က ပြောဆိုလိုက်သည်။

Read More

မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် ချင်လွှတ်တော် အမတ်များကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ မီဇိုး ကျောင်းသားများအဖွဲ့ Mizo Zirlai Pawl (MZP) မှ နေပြည်တော်သို့သွားရောက်ပြီး ဧပြီလ ၃ ရက်နေ့ က ဂုဏ်ပြုလွှာပေး အပ်ခဲ့သည်။

Read More