Author: Editor

ဆလိုင်းရောဘတ် – မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်အသီးသီးအနက် အဆင်းရဲဆုံးပြည်နယ်ကို ပုံနှင့် တကွဖော်ပြပါဟု စာမေးပွဲမေးခွန်းလွှာ တွင်ပါလာပါက ဖြေဆိုမည့် ကျောင်းသား/သူများအနေဖြင့် ချင်းပြည်နယ်ဟု တညီတညွတ် တည်း ဖြေဆိုကြမည်ဖြစ်သည်။ အလားတူ တိုင်း နှင့် ပြည်နယ်အသီးသီးအနက် တက္ကသိုလ်ဝင်တန်းအောင်ချက် အနည်းဆုံးပြည်နယ်ကို ဖော်ပြပါ ဟု မေးမြန်းလာပါက ချင်းပြည်နယ်ဟုပင် ထပ်မံဖြေဆိုကြဦးမည်သာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ချင်းပြည်နယ်သည် ယခုလက်ရှိအခြေအနေတွင် UNDP ၏ စစ်တမ်းအရ အဆင်းရဲဆုံးပြည်နယ် အဖြစ်သတ်မှတ်ခံထားရပြီး၊ ပညာရေးတွင်လည်း ပြီးခဲ့သည့် ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး၏ တက္ကသိုလ်ဝင် တန်း အောင်ချက်အနည်းဆုံးပြည်နယ်ဖြစ်ခဲ့ရခြင်းကြောင့်ဖြစ်သည်။ ၂၀၁၅-၁၆ ပညာသင်နှစ်၌ ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူ (၉၈၄၆) ဦးရေရှိသည့်အနက် (၁၄၁၄) ဦးသာ အောင်မြင်ခဲ့ကြခြင်းဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့်ကြည့်မည်ဆိုလျင် (၁၄.၃၆) ရာခိုင် နှုန်းသာရှိသည်။ ချင်းပြည်နယ်သည် ယခင်နှစ်များကဲ့သို့ပင် မြန်မာနိုင်တစ်နိုင်ငံလုံးတွင် အောင်ချက်အနည်းဆုံး ပြည်နယ်အဖြစ် ဆက်လက် ရပ်တည်နေပြီး အောင်ချက်ရာခိုင်နှုန်း ၃၉.၃၇ရှိသော မွန်ပြည်နယ်သည် တစ်နိုင်ငံလုံး၏ အောင်ချက် အများဆုံးဖြစ်သည်။ ယင်းကဲ့သို့ အနှုတ်လက္ခဏာဆောင်သော တံဆိပ်များကပ်ခံရခြင်းသည် ချင်းပြည်နယ်အတွက် နမိတ်ကောင်းတော့ မဟုတ် ပေ။ ထို့ကြောင့်လည်း ချင်းပြည်နယ်သည် အဘယ့်ကြောင့် ပညာရေးကဏ္ဍတွင် နိမ့်ကျနေရသလဲဆိုသည့် အဖြေကို ရှာဖွေ ပြီး ပညာရေးကဏ္ဍတိုးတက်မြင့်မားလာစေရေးအတွက် ၀ိုင်းဝန်းအဖြေရှာကြရမည်မှာ ချင်းလူမျိုးတိုင်း၏ တာဝန်ဖြစ်သည်။ ချင်းပြည်နယ်အစိုးရအနေဖြင့်လည်း ယင်းကိစ္စကို အလေးအနက်ထားရှိပြီး ချင်းပြည်နယ်ပညာရေးမြှင့်တင်ရေးနည်းဗျူဟာ စီမံကိန်းများလေ့လာရေးစွဲပြီး စနစ်တကျအကောင်ထည်ဖော်ဆောင်ရတော့မည့်အချိန်ဖြစ်သည်။ ဒီနေရာတွင် ပြည်နယ် အစိုးရ နှင့် ချင်းပြည်သူလူထုအနေဖြင့် စဉ်းစားသင့်သည့်…

Read More

အိန္ဒိယပြည်မဘက်ကို တင်ပို့မည့် ရူပီးသိန်း ၂၃၀ ကျော်တန်ဖိုးရှိ ရွှေပြား(၄၆)ပြားကို မြန်မာနိုင်ငံသား ချင်း အမျိုးသား ၂ ဦးထံ ဇွန်လ ၁၁ ရက်နေ့က မီဇိုရမ်ပြည်နယ်တွင် ဒေသအာဏာပိုင်များက ဖမ်းဆီးခဲ့သည် ဟုသိရသည်။ မီဇိုရမ်ပြည်နယ် Anti-Smuggling Unit, Aizawl Customs Division အဖွဲ့က ပြည်နယ်၏မြို့တော် အိုင်ဇောလ်မှ ဂိုဟာတီ မြို့ဘက်သို့ ပြေးဆွဲသော NETWORK မှန်လုံးကာတစ်စီးကို မြို့ပြင် Rangvamual ရပ်ကွက်တွင် စစ်ဆေးခဲ့ရာ ကီလို 7.659 ဂရမ် အလေးချိန်ရှိ ရွှေပြား (၄၆) ပြားကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရွှေပြားနှင့်အတူ ပိုင်ရှင်ယူဆရသော ကလေးမြို့တွင် နေထိုင်သူ ချင်းအမျိုးသားနှစ်ဦးဖြစ်သည့် U Thang Zom Mang (29) နှင့် U Man Jay (24) တို့ကိုပါ ဖမ်းဆီးခဲ့ပြီး 02/CL/IMP/CUS/ASAAIZ/2016-17 ပုဒ်မဖြင့် အမှုဖွင့်အရေးယူထား သည်ဟုသိရသည်။ ယင်းရွှေပြားများကို မြန်မာနိုင်ငံမှ ဝယ်ယူပြီး အိန္ဒိယနိုင်ငံ ပြည်မမြို့သို့ ရောင်းချရန်ဖြစ်ကြောင်း၊ ရွှေပြားများကို ခရီးစောင်အိတ် နှင့် ဘွတ်ဖိနပ်အောက်တွင် ဖွတ်ပြီး သယ်ဆောင်လာခဲ့ကြခြင်းဖြစ်သည်။ အလားတူ ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့က အိန္ဒိယဘက်သို့ ရောင်းချရန် မြန်မာနိုင်ငံမှ တရားမဝင် သယ်ဆောင်လာ သော ရူပီး သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ရွှေတုံးကို မီဇိုရမ်ပြည်နယ်…

Read More

(ဟွာလ်ငိုသား) – စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ တာဟန်းရပ်ကွက်အတွင်းရှိ သုသာန်မြေဟောင်းနေရာတွင် မကြာသေးမီ ရက်ပိုင်း (ဇွန်လ ၆ ရက်နေ့) ကစပြီး  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စွန့်ပစ်ထားသော အမှိုက်ပုံကြီးအား ပြန်လည် ရှင်းလင်းပေး ရန် ဒေသခံများကလိုလားနေကြသည်။ အဆိုပါအမှိုက်စွန့်ပစ်သည့်နေရာသည် လူနေအိမ်များနှင့် နီးကပ်စွာရှိနေပြီး စွန့်ပစ်အမှိုက်များမှ ထွက်ရှိလာသော အနံ့ သက်ဆိုး များကို အနီးနားရှိဒေသခံများက နေ့စဉ်ရှူရှိုက်နေရသဖြင့် ကျန်းမာရေးအတွက် စိုးရိမ်မှုများ ရှိလာသည်ဟု ယင်းနေရာ အနီး နေထိုင်သူတစ်ဦး ဦးတလွားငါက ပြောသည်။ “ဇွန်လ ၆ ရက်နေ့ကစပြီး စည်ပင်အဖွဲ့တံဆိပ်ပါ အပြာကား အစီး ၇ စီးလောက်နဲ့ နေ့စဉ် အမှိုက်တွေ လာပစ်ခဲ့ကြတယ်။ ဒီကိစ္စအပေါ်သက်ဆိုင်ရာရပ်ကွက်တာဝန်ရှိသူတို့လည်း တွေ့ဆုံပြီး တာဆီးဖို့အထိတာင်းဆိုတင်ပြလိုက်တယ်။ ဒါပေမယ့် ဇွန် ၁၀ ရက်နေ့အထိတော့ ထူးခြားမှု မရှိသေးဘူး ” ဟု ဦးတလွားငါကပြောသည်။ စွန့်ပစ်အမိုက်များကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေပြီး ပြည်သူများ၏ကျန်းမာရေးပါ ထိခိုက်နိုင်သဖြင့် သက် ဆိုင် ရာ တာဝန်ရှိသူများ မှ အမြန်ဆုံးရှင်းလင်းပေးသင့်သည်ဟု သက်ရှိသတ္တ၀ါနှင့် ပတ်ဝန်းကျင် ဆက်စပ်မှု အခြေအနေ လေ့လာသူ ဦးပက်မွန်ကျွား ကပြောသည်။ “ဒီသင်္ချိုင်းမြေကို ကလေးမြို့ တမြို့လုံးရဲ့ အမှိုက်စွန့်ပစ်ရာနေရာအဖြစ် စတင်အသုံးပြုလာတာဟာ အနာဂတ်မှာ ပတ်ဝန်းကျင်ကို အလွန်ညစ်ညမ်းအကျည်းတန်စေလာလိမ့်မယ်” ဟု သူကပြောသည်။ ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် ဘာသာပေါင်းစုံသုသာန်မြေ (ဟောင်း)နေရာဖြစ်သော ယခု အမှိုက်စွန့်ပစ်ရာ နေရာသည်တာဟန်းရပ်ကွက်၏အနောက်ဘက် တာဟန်း-ပျဉ်းတောဦး ကားလမ်း ညာဘက်ခြမ်းတွင်တည်ရှိသည်။ ယခင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ Cabinet…

Read More

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမလုပ်ဘဲ ပြည့်စုံ သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲဖြစ်လာမည်မဟုတ်သလိုပြည့်စုံ                                            သည့် ပြည်တွင်းငြိမ်းချမ်းရေးလည်း ဖြစ်လာ မည် မဟုတ်ကြောင်း သိရပါသည်။ ၂၀၁၆ခုနှစ် ဇွန်လ (၉-၁၁) ရက်နေ့အထိ ချင်းပြည်နယ် ဟားခါးမြို့ ကာဆင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံ ဘုံသဘောတူညီချက် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ တတိယကြိမ်မြောက် အစည်းအဝေးတွင် ချင်းအမျိုးသားတပ်ဦး ဥက္ကဌ ပူးဇင်ကျူံး က အခုလိုပြောကြားခြင်းဖြစ်သည်။ “တိုင်းရင်းသားလက်နက်ကိုင် အင်အားစုအားလုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပြုလုပ်နိုင်ရေးအတွက် ကျနော်တို့ အားလုံး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမှာ ဖြစ်သလို လက်ရှိအာဏာရ အစိုးရနဲ့ စစ်တပ်အနေနဲ့ တဖွဲ့မကျန် ပါဝင်လာအောင် လက်ခံဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။ လက်နက်စွန့်ရမည်ဆိုသည့် ချဉ်းကပ်ပုံ ချဉ်းကပ်နည်းသည် မအောင်မြင်တော့သည့် ချဉ်းကပ်နည်းဖြစ်သည့် အတွက် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက် ဆက်လက်ဆောင်ရွက် ရန် လက်ရှိအစိုးရနှင့် တပ်မတော်အား အလေးအနက် တိုက်တွန်းလိုကြောင်း ပူးဇင်ကျူံးက အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ဘုံသဘောတူညီချက် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီသည် ၂၀၁၃ခုနှစ် ဟားခါးမြို့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံ ဘုံသဘော တူညီချက် (၁၅၁) ချက်ကို လက်တွေ့အကောင်အထည် ဖေါ်ဆောင်ရွက်သည့်အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင် (၄၅) ဦးဖြင့် ဖွဲ့စည်းခဲ့ရာ လုပ်ငန်းပိုမိုအကောင်အထည်ဖေါ်နိုင်ရေးအတွက် အဖွဲ့ဝင် (၅၀) ကျော်ဖြင့် ပြန်လည်…

Read More

၂၀၁၅ – ၁၆ ညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို တစ်နိုင်ငံလုံးရှိ ပြည်နယ် တိုင်းဒေသကြီးများ စာစစ် ဌာနများ တွင် ယနေ့ ဇွန်လ(၁၁)ရက်နေ့တွင် ထုတ်ပြန်ကြေငြာလိုက်ရာ ချင်းပြည်နယ်၏အောင်ချက်ရာခိုင်နှုန်းသည် ၁၄.၃၆ ရာ ခိုင်နှုန်း သာ ရှိသည်။ ယင်းအောင်ချက်ပမာဏသည် ယခင်နှစ် အောင်ချက်ထက် ၃ ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့ သည်။ ချင်းပြည်နယ်တွင် ၂၀၁၅-၁၆ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူ (၉၈၄၆) ဦးရေရှိ သည့်အနက် (၁၄၁၄) ဦးသာ အောင်မြင်ခဲ့ကြခြင်းဖြစ်သည်။ ယင်းအထဲတွင် ၅ ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ၄ ဘာ သာဂုဏ်ထူးရှင် ၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၈ ဦး၊ ၂ ဘာသာဂုဏထူးရှင် ၃၇ ဦး နှင့် ၁ ဘာသာဂုဏ်ထူးရှင် ၂၁၀ ဦး ရှိသည်။ ယမန်နှစ် ၂၀၁၄-၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းစားမေးပွဲတွင် ချင်းပြည်နယ်၌ ဖြေဆိုသူ ကျောင်းသားဦးရေ စုစုပေါင်း ၉၆၃၉ ဦးရှိသည့် အနက် စုစုပေါင်း ၁၇၂၀ ဦးအောင်မြင်ခဲ့ကြပြီး ရာခိုင်နှုန်းအားဖြင့် ၁၇.၈၄ အထိမြင့်တက်ခဲ့ သော်လည်း ယခုနှစ် တွင် ပြန် လည် ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ တီးတိန်မြို့နယ်သည် ၂၂.၆၆ ရာခိုင်နှုန်းဖြင့် ချင်းပြည်နယ်၏ အောင်ချက်အမြင့်ဆုံးမြို့နယ်ဖြစ်ပြီး ဖလမ်းမြို့နယ်သည် ၁၈.၃၂ ရာခိုင်နှုန်းဖြင့် ဒုတိယဖြစ်သည်။ ထန်တလန်မြို့နယ်သည် ၅.၆၀ ရာခိုင်နှုန်းဖြင့် အောင်ချက် အနိမ့်ဆုံးမြို့နယ် ဖြစ်သည်ဟု…

Read More

ဆလိုင်းရောဘတ် – ချင်းနိုင်ငံရေး ပါတီကြီး ၃ ခု ချင်းတိုးတက်ရေးပါတီ (CPP) ၊ ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ(CNDP) နှင့် ချင်း ဒီမိုကရေ စီအဖွဲ့ချူပ် ပါတီ(CLD) တို့သည် တစ်ပါတီ အနေဖြင့်ပေါင်းစည်း ရန် မေလ ၂၁ ရက်နေ့က သဘောတူ လိုက်ကြပါပြီ။ လက် တွေ့ပိုင်း တွင် တကယ်ဖြစ်နိုင်ခြေ ရှိမရှိ မသိရသေးသော် လည်း ပေါင်းစည်းရေးအတွက် စတင်ခြေလှမ်းလာသည့် အပေါ် ကြိုဆိုရ မည်ဖြစ် သည်။ ပါတီပေါင်းစည်းရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာပါတီကြီး ၃ ခုမှ ခေါင်းဆောင်များသည် မေလ ၂၁ ရက်နေ့က ရန်ကုန် မြို့ Happy Noodle Café ရှိမြစ်ကြီးနားခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ယင်းတွေ့ဆုံမှုသည် ဒုတိယအကြိမ် ဖြစ်ပြီး ပါတီပေါင်းစည်းရေး အတွက် သဘောတူညီနိုင်ခဲ့ကြခြင်းဖြစ်သည်။ CLD ပါတီအတွင်းရေးမှူး ဆလိုင်းပီပီက “ ကျနော်တို့အစကတည်းကပေါင်းစည်းဖို့ရည်ရွယ်ချက်ရှိပြီးသားပေါ့နော်၊ ကျနော် တို့ပါတီအားလုံးအနေနဲ့ တချိန်ချိန် မှာ ပေါင်း စည်းဖို့လို အပ်လာတယ်ဆိုတာ အားလုံးကသိရှိခံစားပြီးသားဖြစ်တယ်၊ အချိန် မကျရောက်သေးလို့သာလျင် မပေါင်း စည်းနိုင် တာဖြစ်တယ်၊ ချင်းတစ်မျိုးသားလုံးအတွက်လိုအပ်လာတယ်၊ ချင်းတစ်မျိုး သားလုံးကလည်း ပူးပေါင်းဖို့ ဆန္ဒရှိကြ တယ်၊ ကျနော် တို့ကိုယ်၌က ပူးပေါင်းရမယ် ပူးပေါင်းဖို့လိုအပ်တယ်၊ ပူးပေါင်းသင့် တယ်ဆိုတဲ့ခံယူချက်နဲ့ ပေါင်းစည်းဖို့ သဘောတူလိုက်ကြတာပါ’’ ဟု ပြောသည်။ ချင်းနိုင်ငံရေးပါတီများ တစ်ပါတီအဖြစ် ပေါင်းစည်းရေးသည် ချင်းပြည်သူလူထုများမှ နှစ်ရှည်လများမျှော်လင့်စောင့်စားခဲ့ကြ သည့်…

Read More

မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Mizoram Excise & Narcotics Department ၏ မှတ်တမ်းအရ ၂၀၁၅ ခုနှစ်ထက် ၂၀၁၆ ခုနှစ်တွင် မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် သေဆုံးသူဦးရေ ပိုများကြောင်း သိရသည်။ ယင်းမှတ်တမ်းအရ ၂၀၁၆ ခုနှစ် မေလ ၃၀ ရက်နေ့အထိ မူးယစ်ဆေးဝါးကြောင့် သေဆုံးသူဦးရေမှာ ၃၀ ဦး ရှိနေပြီဖြစ်ကြောင်းနှင့် ပြီးခဲ့ သည့် ၂၀၁၅ တစ်နှစ်လုံးတွင် သေဆုံးသူဦးရေ (၂၇) ဦးသာရှိကြောင်း သိရသည်။ ယခုနှစ်အတွင်း မူးယစ်ဆေးဝါးကြောင့် သေဆုံးသူများမှာ အမျိုးသား ၂၅ ဦး နှင့် အမျိုးသမီး ၅ ဦး ဖြစ်ကြောင်းသိ ရပြီး သေ ဆုံးသူများ အနက် ၁၄ ဦး မှာ ဘိန်းဖြူသုံးစွဲမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသထုတ် The Aizawl Post သတင်းစာတွင် ဖော်ပြသည်။ မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် သေဆုံးမှုအများဆုံးနှစ်မှာ ၂၀၀၄ ခုနှစ်ကဖြစ်ပြီး လူဦးရေ ၁၄၃ ဦး သေဆုံးခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် (၁၃၉) ဦး၊ ၂၀၀၃ ခုနှစ်တွင် (၁၃၆) ဦးရှိခဲ့ကြောင်းသိရသည်။ အဆိုပါ မှတ်တမ်းဖော်ပြချက်အရ ၁၉၈၄ ခုနှစ်မှ ယခုချိန်အထိ မူးယစ်ဆေးဝါးကြောင့် မီဇိုရမ်အတွင်း သေဆုံးသူ ဦးရေ ၁၃၇၂ ဦးရှိနေပြီဖြစ်ကြောင်းနှင့် ၄င်းအနက် ၁၂၂၆ ဦးမှာ အမျိုးသားများဖြစ်ပြီး ကျန် ၁၄၆ ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။

Read More

ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်းရှိ သဘာဝအလျောက်ဖြစ်ခဲ့သော မြေပြိုကန်ကြီးသည် တစ်နှစ် အတွင်း ကျိုးပေါက်နိုင် သည်ဟု နီပေါနိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသဘက်စုံ ဖွံ့ဖြိုးရေးဌာန (ICIMOD ) အဖွဲ့ မှ ပညာရှင် များက ပြော ဆိုလိုက် သည်။ (ICIMOD) မှ ပထဝီ သတင်းအချက်အလက်စနစ်နှင့် ပတ်သက်သည့် ပညာရှင်သုံးဦးသည် သစ် တောဦးစီး ဌာနမှ တာဝန် ရှိသူများနှင့် အတူ မေလ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ မြေပြိုဆည်သို့ သွားရောက်လေ့ လာ ဆန်း စစ်ခဲ့ကြပြီး မေလ ၃၀ ရက်နေ့က ၎င်းတို့လေ့လာတွေ့ရှိမှုနှင့်ပတ်သက်၍ နေပြည်တော်၌ ဆွေးနွေး တင်ပြရာ တွင် ယခုကဲ့သို့ပြော ဆိုလိုက်ကြ ခြင်းဖြစ် သည်။ သဘာဝမြေပြိုဆည်များ၏ ကိုးဆယ်ရာခိုင်နှုန်းသည် သဘာဝအားဖြင့် တစ်နှစ်ခန့်အကြာတွင် အလိုအ လျောက်ကျိုးပေါက် လေ့ ရှိကြောင်း၊ ဘူမိသွင်ပြင်အရ တမံမှာ ယှေလကျောက်နှင့် သဲကျောက်တို့ဖြင့် ဖွဲ့စည်းထားသဖြင့် အချိန်ကြာလာ သည် နှင့် အမျှ ရေစိမ့် ဝင် မှု များပြားလာမည်ဖြစ်ကြောင်း၊ တမံနိမ့် ကျလာ သော် လည်း ရေမျက်နှာပြင်သည် မိုးရာသီတွင် မြင့်တက်လာမည် ဖြစ်၍ ဆည် ကျိုးပေါက်ရန် အခြေ အနေ ပိုများလာကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက (မေလ ၃၁ ရက်) ရက်စွဲဖြင့် ထုတ်ပြန်သောကြေညာချက်တွင်ဖော်ပြထားသည်။ ယင်းကဲ့သို့အခြေအနေများကြောင့်…

Read More

Salai Van Cung Lian (UK) –  မြန်မာနိုင်ငံတွင် ယနေ့ခေတ်တိုင်တွေ့မြင်နိုင်သည့် နယ်ချဲ့ဗြိတိသျှတော်လှန်ရေး ခံတပ်များဆိုလို့ ချင်းပြည်နယ်ရှိ ရှာလ်လုမ်းခံတပ်၊ မင်းလှမြို့ရှိ မင်းလှခံတပ် နှင့် အင်းဝရှိ သပြေတန်းခံတပ် တို့လောက်ဘဲကျန်တော့တယ်။ ရှာလ်လုမ်းခံ တပ် သည်နယ်ချဲ့ဗြိတိ သျှစစ် တပ် နှင့် စီးယင်းမျိုးနွယ်စုမှ ချင်းစစ်သည်တော်များပြင်းပြင်းထန်ထန် တိုက်ပွဲ ဆင်နွှဲခဲ့ကြတဲ့ခံ တပ်ဖြစ်ပါတယ်။ ဤတိုက်ပွဲတွင် ချင်းသူ ရဲကောင်း စစ်သည် ၂၇ ဦး တို့သည် ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်ခဲ့ သည့် မြေကိုကာကွယ်ရင်း အသက်ပေး လှူခဲ့ကြရ သည်။ ဗြိတိ သျှစစ်တပ်မှလည်း အရာရှိတစ်ဦး နှင့် စစ်သား ၃ ဦး ကျရှုံးခဲ့ရသည်။ ဤတိုက်ပွဲတွင် ပါဝင်ခဲ့ဆင်နွှဲခဲ့သော ဗြိတိသျှအရာရှိ Surgeon Captain Ferdinand Le Quesne သည် လည်း ကမ္ဘာ့စစ်ဘက် သူရသတ္တိဆိုင်ရာ စွမ်းရည်ဘွဲ့တံဆိပ်များတွင် အမြင့်မား ဆုံးဖြစ်သော Victoria Cross (V.C) တံဆိပ်ဖြင့်ဂုဏ်ပြုခြင်းခံရသည်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သမိုင်းဝင် ရှာလ်လုမ်းခံတပ်သို့ ကျွန်တော် သွားရောက်လည်ပတ်ခွင့်ရရှိခဲ့ပါတယ်။ ဒီခံတပ် နှင့် တိုက်ပွဲ အကြောင်းကို ဆောင်းပါအဖြစ်မနှစ်တုန်းက ကျွန်တော်ရေးခဲ့ပြီး ချင်းဂျာနယ်မှာထုတ် ခဲ့ဘူးပါတယ်။ နောက်ပြီး RFA ရေဒီယို နဲ့ တီဗီမှာလဲ ဆလိုင်း B.A Thang နဲ့အတူထုတ်ဖြစ်ခဲ့တယ်။ ဒီတစ်ခေါက်တော့ ဇာတိမြို့ဖြစ်တဲ့ တစ်ချိန်တုန်းက ချင်းဝိသေ သတိုင်းမြို့တော် ဖလမ်းမြို့သို့သွားရောက် လည်ပတ်ရင်း အချိန်ရလို့…

Read More

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအစိုးရတို့မှ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများ အမြန်ဆုံး အကောင် ထည်ဖော်ပြီးစီးရန် အိန္ဒိယဗဟိုအစိုးရကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က တောင်းဆို လိုက်သည်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ရောက်ရှိနေသော မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်းထန်ဟောလ်လာသည် အိန္ဒိယ ပြည်ထဲ ရေးဝန်ကြီး Rajnath Singh နှင့် မေလ ၂၄ ရက်နေ့က တွေ့ဆုံစဉ် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မီဇိုရမ်ဝန်ကြီးချူပ်သည် ပြည်ထဲရေးဝန်ကြီးနှင့်တွေ့ဆုံစဉ်တွင် ဧပြီလအတွင်းက မြန်မာနိုင်ငံသို့ သူသွားရောက်လာပတ်ခဲ့ သည့် အခြေအနေများ ကိုလည်းတင်ပြခဲပြီး မြန်မာနိုင်ငံနှင့် ကောင်းမွန်သည့်ကုန်သွယ်မှုများဖန်တီးနိုင်ရန် Kaladan Multi Modal Transit Transport Project ခေါ် ကုလာတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို စောလျင်စွာ အပြီးသတ်ရန်လို အပ်ကြောင်းပြော ဆိုခဲ့သည်ဟု မီဇိုရမ်နေ့စဉ် ထုတ်သတင်းစာတွင်ဖော်ပြထားသည်။ “ ဒီစီမံကိန်းဟာ မီဇိုရမ်နှင့် မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးပိုမိုကောင်းမွန်လာမယ့်အပြင် မြန်မာနိုင်ငံက ပေါကြွယ်ဝလှတဲ့ သယံဇာ တတွေကို အိန္ဒိယနိုင်ငံကလည်း အကျိုးခံစားလာနိုင်မှာဖြစ်လို့ အမြန်ဆုံး အပြီးသတ်ရန် လိုအပ်ပါတယ် ” ဟု ဝန်ကြီးချုပ် က ပြောဆိုခဲ့ သည်။ အိန္ဒိယပြည်ထဲရေးဝန်ကြီးကလည်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်မှ တောင်းဆိုသည့်ကိစ္စသည် အမှန်တကယ် အရေးကြီး ကြောင်း ပြော ဆိုခဲ့ပြီး စီမံကိန်းလုပ်ငန်းများ စောလျင်စွာပြီးမြောက်နိုင်ရေးအတွက် အလေးထားဆောင်ရွက် သွားမည် ဖြစ်ကြောင်းပြောဆိုခဲ့သည်။ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းသည် အိန္ဒိယအစိုးရမှ အမေရိကန်ဒေါ်လာသန်း (၂၁၄) အကုန်ကျခံတည်ဆောက် လျက်ရှိ သည့် စီမံကိန်း တစ်ခုဖြစ်ပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် မီဇိုရမ်ပြည်နယ်ကို…

Read More