Author: Editor
မာဂရက် – ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ရှိ စာသင်ကျောင်းနှင့် ရဲစခန်းတို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်တပ်စွဲထားကြပြီး တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်ကြသည့်အတွက် တစ်မြို့လုံးနီးပါးသည် ထွက်ပြေးတိမ်းရှောင်နေကြရဆဲဟု သိရသည်။ ကန်ပက်လက်မြို့တွင် မေလ ၁၃ ရက်နေ့ညက အာဏာသိမ်းစစ်ကောင်စီနှင့် ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲဆက်လက်ဖြစ်ပွားမှုမရှိတော့သော်လည်း စစ်ကောင်စီသည် ရဟတ်ယာဉ် ဖြင့် စစ်အင်အား တိုးချဲ့ကာ ကန်ပက်လက်မြို့တွင် မေလ ၁၆ ရက်နေ့ကစ၍ တပ်စွဲလာခဲ့ခြင်းဖြစ်သည်။ “အပစ်အခတ်တွေကြောင့် တောဖက်၊ ရွာဖက်ထွက်ပြေးတိမ်းရှောင်နေကြတယ်၊ ဒီနေ့မနက်ကနေ နည်းနည်းပါးပါးပြန်တက်လာကြပြီး မြို့ထဲမှာ အသွားအလာတော့နည်းနည်းရှိလာတယ်၊ အရင်ကလိုကြီးတော့ မဟုတ်သေးဘူး၊ ဆိုင်ကယ်သံလေးတွေတော့ နည်းနည်းပြန်ကြားရပြီ၊ နေအိ မ်ကိုပြန်လာကြည့်တဲ့သဘော လောက်ပဲရှိတယ်၊ ခနတဖြုတ် အိမ်ကိုပြန်လာကြည့်ပြီး စားနပ်ရိက္ခာ လာပြန်ယူတာလောက်ပဲရှိတယ်’’ ဟု ကန်ပက်လက်မြို့ခံတစ်ဦးကပြောသည်။ မေလ ၁၇ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီနှင့် ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူများ၊ ကန်ပက်လက်မြို့မိမြို့ဖများတွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။ ယင်းဆွေးနွေးပွဲတွင် စစ်ကောင်စီအနေဖြင့် ပြည်သူများမြို့ပေါ်တွင်သွားလာသောအချိန်တွင် စစ်ဆေးမေးမြန်းခြင်း၊ ဖမ်းဆီးခြင်းများမပြုလုပ်ရန်၊ CDM တွင်ပါဝင်သူများကိုလည်း အိမ်တိုင်ရာရောက်သွား ရောက်ဖမ်းဆီးခြင်း၊ အနှောက်အ ယှက်ပေးခြင်းမပြုလုပ်ရန် နှင့် မြို့ပေါ်တွင် လက်နက်ကို်င်ဆောင်ပြီး သွားလာခြင်းမျိုးမလုပ်ရန် ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတောင်းဆိုခဲ့ကြပြီး၊ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဖက်မှလည်း ကန်ပလက်မြို့ပေါ်တွင် တပ်စွဲခွင့်ပြုရန်နှင့် ရေများပြည်လည် လွတ်ပေးရန်တောင်းဆိုကာ သဘောတူညီမှုရရှိခဲ့ကြ သည်ဟု ကန်ပက်လက်မြို့ခံကပြောသည်။ “လက်ရှိအခြေအနေမှာတော့ အဆင်ပြေတယ်၊ ငြိမ်နေတယ်လို့ပြောရမလား ရင်တထိတ်ထိတ်နဲ့ပေါ့ မဖောက်လာဖို့ လိုတယ်” ဟု ကန်ပက်လက်မြို့ခံကပြောသည်။
Read More
မေ (၁၇) ရက်နေ့က ချင်းပြည်နယ် မင်းတပ်နှင့် မတူပီလမ်း မိုင် ၃၀ နှင့် ၄၀ ကြားတွင်ဖြစ်သောတိုက်တွင် အာဏာသိမ်းစစ်​ကောင်စီတပ်များအသုံးပြုသော လက်နက်များသည် ဓာတုလက်နက်များဖြစ်နိုင်ဟု သံသယဖြစ်ဖွယ်ရှိကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ စကစမှ အသုံးပြုသည့် ယင်းလက်နက်ကြီးများသည် ယခင်လက်နက်ကြီးများနှင့် မတူဘဲ CDF-Mindat ရဲဘော်အချို့သည် ဗုံးဆံများမထိ၊ ပြင်ပဒဏ်ရာများမရှိသော်လည်း မူးဝေခြင်း၊ အော့အန်ခြင်း၊ အရုပ်ကြိုးပြတ် အားနည်းခြင်းများဖြစ်၍ တွဲကူထမ်းထုတ်ရသည့် အခြေအနေများ တွေ့ကြုံရ​ကြောင်း ထုတ်ပြန်ထားသည်။ “ကျနော်တို့ရဲဘော်တွေက ဘာဒဏ်ရာမှလည်းမရဘဲနဲ့ မူးဝေပြီး အော့အံကြတယ် အသက်ရှုရတာခက်ကြတယ် အဲလိုမျိုးဖြစ်ကြတယ်” ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။ ယခုအခါတွင်.. မြို့တွင်းတိုက်ပွဲ၊ မြို့အရှေ့တိုက်ပွဲများ မရှိတော့သော်လည်း.. မြို့အနောက်ပိုင်း မင်းတပ်-မတူပီ လမ်းတွင် ယမန်နေ ့ကတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မေလ ၁၂ ရက်နေ့က မတူပီမှ ဆင်းလာသော စစ်ကား (၆) စီးသည် လမ်းတွင်အကြိမ်ကြိမ်ဖြတ်တိုက်ခံရပြီး မင်းတပ်မြို့သို့ မရောက်နိုင်ဖြစ်လေရာ.. မေလ ၁၅ ရက်တွင် မတူပီဗျူဟာမှ စစ်ကူ စစ်ကားနောက်ထပ် (၇) စီး ထပ်မံဆင်းလာကာ စကစတပ်များသည် RPG များ၊ လောင်ချာများ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးများကို တောက်လျှောက်သုံးလာခဲ့သည်။
Read More
မာဂရက် – ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ယနေ့ မေလ ၁၆ ရက် ညနေ ၄ နာရီခန့်က စစ်ရဟတ်ယာဉ် ၃ စီး ဆင်းသက်ခဲ့ပြီး အင်အား ၅၀ ကျော်ခန့်ရှိသော အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့မဘောလုံးကွင်းတွင်နေရာယူထားကြသည်ဟု သိရသည်။ “ခုနတုန်းကပဲ လေယာဉ် ၂၊ ၃ စီးလောက်ရောက်လာနေတယ်၊ ဘယ်လိုဖြစ်လာမလဲမသိသေးဘူး၊ လေယာဉ်က အရှေ့ဘောလုံးကွင်းမှာ ဆိုက်တယ်၊ ရဲစခန်းကို သွားကြမလား၊ ပစ်ခတ်တာတွေရှိမလား မသေချာသေးဘူး၊ အခုအကုန်လုံးက ပြေးသူကပြေး အဲ့လိုမျိုးလုပ်နေကြတာ၊ ကျွန်တော်တို့လည်း အခုချိန် ပြောင်းရွေ့ရေးလုပ်နေကြတာ” ဟု မြို့ခံတစ်ဦးကပြောသည်။ မေလ ၁၃ ရက်နေ့ ည ၉ နာရီတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကန်ပက်လက်ပြည်သူ့လုံခြုံရေး တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ကန်ပက်လက်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ပြည်သူများအနေဖြင့် လုံခြုံရေးအရ မြို့မဘောလုံးကွင်း၊ ရဲစခန်း နှင့် မြန်မာ့စီးပွားရေးဘဏ်ရုံး အနီးသို့ သွားလာခြင်းများ မပြုလုပ်ရန်၊ အနီးအနားတွင် နေထိုင်သော ပြည်သူများအနေဖြင့်လည်း ဘေးကင်းရာသို့ ကြိုတင်ရွှေ့ပြောင်းပေးနိုင်ရန်နှင့် နံနက် (၈) နာရီမှ နေ့လည် (၁၂) နာရီအတွင်းသာ စျေးဝယ်ခြင်းများပြုလုပ်ရန် ယ​နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
Read More
စစ်ကောင်စီက မင်းတပ်ကို လက်နက်ကြီးဖြင့်အကြိမ် (၆၀) ထက်မနည်းပစ်ခတ်ပြီး မြို့ပေါ်လူနေအိမ်များကိုချိူးဖျက်ကာ ယောကျာင်္းမှန်သမျှကို ဖမ်းဆီမှုများရှိနေပြီး ပြည်သူများထိခိုက်မည်ကို စိုးရိမ်သည့်အတွက် နောက်ဆုပ်ပေးလိုက်ရသည်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ အာဏာသိမ်းစစ်ကောင်စီသည် ယနေ့တစ်ရက်တည်းတွင် မင်းတပ်မြို့သို့ ရဟတ်ယာဉ်ဖြင့် စစ်အကူ၊ လက်နက်အင်အား အကြိမ် ၃၀ ခန့် လာရောက်ဖြည့်တင်းခဲ့ပြီး နံနက်ပိုင်း ၇ နာရီမှ ညနေပိုင်း ၃ နာရီခန့်အထိ မြို့ပေါ်လူနေရပ်ကွက်များထိ လက်နက်ကြီးများ မနားတမ်းပစ်ခတ်နေသည့်အတွက် ဗုံးဆံထိမှန်သော ပြည်သူများ ဆေးကုသ၍မရဖြစ်နေသည်ဟု သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းတပ်မြို့ပေါ်ရှိပြည်သူများကိုလည်း ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုထားသည်ဟု သိရသည်။ ထို့ကြောင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးဖွဲ့အနေဖြင့် ပြည်သူများ၊ အိမ်၊ စျေးဆိုင်များထိခိုက်မည်စိုးရိမ်သည့်အတွက် နောက်ဆုတ်ပေးလိုက်ရသည်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
Read More
By လားနွန် – စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ ပြည်သူများ အိမ်တွင်းထွင်းဖောက်ပြီး ယောက်ျားမှန်သမျှ ဖမ်းဆီးမှုများရှိပြီး လက်နက်ကြီးများဖြင့် မြို့ထဲထိ ပစ်ခတ်မှုတွေရှိဆဲဖြစ်ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။ “မြို့ထဲက အိမ်တွေခြေထောက်နဲ့ ကန်ဖွင့် ဖျက်ဆီးဖွင့် အဲဒီမှာ ယောက်ျားဘယ်သူရှိလဲ ဘာတွေရှိလဲ ရှိရှိသမျှဖမ်းတဲ့သဘောရှိနေတော့ ကျနော်တို့လည်းတောထဲပြေးနေရတဲ့သဘောရှိတယ် အဲလိုဖမ်းတော့ ယောက်ျားမှန်သမျှတော့ တောထဲပြေးနေရတယ် မြို့ထဲမှာ သက်ကြီးပိုင်းနဲ့ ကလေးသူငယ် အမျိုးသမီးများလောက်သာကျန်နေကြတယ်” ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။ မင်းတပ်မြို့ထဲရှိ ဖမ်းဆီးခံရသူများကိုလည်း အာဏာသိမ်းစစ်ကောင်စီများမှ လူသားဒိုင်းကာအဖြစ်ထားပြီး မြို့ထဲပတ်ကာ Sniper သမားနှင့် ပတ်နေရကြောင်းသူကဆက်ပြောသည်။ ယခုချိန်တွင် အာဏာသိမ်းစစ်ကောင်စီများ လာသည့် ကုန်းလမ်းနှင့် လာသမျှကိုထိုးစစ်ကားများ တားဆီးနိုင်သော်လည်း ရဟတ်ယာဥ်ဖြင့် တစ်နေ့ထဲတွင် အခေါက် ၃၀ လောက်သယ်ယူပြီး မြို့ထဲတွင် လက်နက်များနှင့်စစ်သားများတပ်ဖြန့်နေကြဟုလည်းသိရသည်။ မင်းတပ်မြို့ကို မနက် ၇ နာရီမှ အာဏာသိမ်းစစ်ကောင်စီအဖွဲ့များက မကွေးတိုင်း ကျောက်ထုမှ အမြှောက်တပ်ဖြင့်အဆက်မပြတ်အမြှောက်ကြီးဖြင့် ပစ်ခတ်နေရပြီး အကြိမ် (၆၀) မည်ဟုလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။ အများပြည်သူများနေထိုင်သည့် မြို့လယ်လူနေအိမ်ထဲအထိ လက်နက်ကြီးတွေများကျကာ ကလေးသူငယ်များနှင့်အမျိုးသား အမျိုးသမီးအချို့ထိခိုက်မှုတွေလည်းရှိသည်။ မြို့ထဲလမ်းသွားလမ်းလာသမျှကိုလည်း စနိုက်ပါနှင့် ပြည်သူတွေကို တောက်လျှောက်ပစ်ခတ်နေကြောင်းသိရသည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “သူတို့လုပ်ရက်က KNU KIA AA တို့လိုမျိုး အင်အားကြီးတဲ့လက်နက်အဖွဲ့ကိုယ်တောင်မှ တစ်နေ့ထဲ ရဟတ်ယာဉ် အခေါက် ၂၀ / ၃၀ သုံးတာမရှိဘူး မြို့ထဲမှာ ရမ်းသန်းပြီးမှ တကယ်လက်နက်ကြီးတွေကို ၆၀/၇၀ လောက် တနေကုန်နီးပါး ပစ်ပြီးမှ…
Read More
Read More
#Unicode မာဂရက် – ချင်းပြည်နယ်၊ မတူပီမြို့တွင် အာဏာသိမ်းစစ်ကောင်စီက Joseph Oxygen ပရဟိတအသင်းပိုင်ကားများကို သိမ်းယူထား သည့်အတွက် မတူပီမြို့နယ်အတွင်းရှိ အရေးပေါ်လူူ နာများပို့ဆောင်ရေးပိုင်းတွင် အခက်အခဲကြုံနေရကြောင်းသိရသည်။ မတူူပီမြိုိ့တွင် Joseph Oxygen ပရဟိတအသင်းကို ၂၀၁၈ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး အသင်း၏ ဥက္ကဌ ဦးထွန်းလင်းဦးကို ဧပြီလ ၇ ရက်နေ့ ည ၁၀ နာရီအချိန်တွင် အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခဲ့ပြီီး ပရဟိတတွင် အသုံးပြုသော ကား (၈) စီးနှင့် ကားလိုင်စင်များကိုပါသိမ်းယူခဲ့ခြင်းဖြစ်သည်။ “ကားလိုင်စင်၊ ကားသော့ရော အကုန်လုံးသိမ်းတယ် ပြီးတော့ အခုသူတို့သုံးနေတာ (၃) စီး လောက်သုံးနေတယ်၊ လူကိုလည်းဖမ်းကြတယ်၊ ကားတွေရောအကုန်သိမ်းတဲ့အခါကြတော့ အများ ကြီးတော့ အခက်အခဲရှိတာပေါ့ သာရေး၊ နာရေးဖက်၊ အရေးပေါ်လိုမျိုးဖက် အရမ်းအခက်ခဲရှိတယ်၊ လူက အသက်က မဆုံးရှုံးသင့်ပဲ အကုန်ဆုံးရှုံးရတယ်ပေါ့နော၊ ဥပမာ- ကားတွေမရှိလို့ နည်းနည်း နောက်ကျသွားလို့ပေါ့ အသက်ဆုံးရှုံးတဲ့ဟာမျိုးတွေလည်းရှိတယ်၊ အရေးပေါ်ဖြစ်တဲ့ လူနာတွေကို လည်း အောက်ပြည်မှာ ပို့ဖို့အခုကားတွေလည်း မရှိဘူး၊ အရင်ကတုန်းကဆိုရင် သာရေး၊ နာရေး တွေဆိုရင်လည်း Joseph Oxygen ပရဟိတက အမြဲတမ်းကူညီတယ်၊ အရေးပေါ်ကား သူရှိတော့ အရမ်းအဆင်ပြေတယ်၊ ပြည်သူလူထုအတွက်လည်း အရမ်းအဆင်ပြေတယ်၊ အခုသူက အဖမ်းခံရ၊ ကားတွေလည်း အသိမ်းခံရတဲ့အချိန်မှာ ပြည်သူတွေလူထုတွေအတွက်လည်း အရမ်းအခက်အ ခဲဖြစ်တယ်၊ နယ်ဖက်မှာဆိုရင် မသေသင့်ဘဲနဲ့ လမ်းတဝက်မှာ အရေးပေါ်အရမ်းသွေးထွက်လွန်လို့၊ အချိန်မမှီလို့ အသက်ဆုံးရှုံးတဲ့သူတွေလည်းရှိတယ်” ဟု မတူပီမြို့ခံတစ်ဦး ကပြောသည်။ Joseph…
Read More
#Unicode မာဂရက် – ချင်းပြည်နယ်၊ မတူပီမြို့တွင် မေလ ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန်က အသက်မပြည့်သေးသော တက္ကသိုလ်ကျောင်းသား လူငယ်တစ်ဦးကို စန်ဘောင်ရပ်ကွက်၊ ဟားခါး လမ်းဖက်တွင် အာဏာသိမ်း စစ် ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသည်ဟုသိရသည်။ “ညနေ ၅ နာရီလောက်မှာ အဖမ်းခံရတာ၊ ဟားခါးလမ်းသွားတဲ့ဖက်နားမှာ၊ သူက ၁၈ နှစ်မပြည့် သေးဘူး၊ တက္ကသိုလ်တက်တာက ပထမနှစ်မပြီးသေးဘူး၊ အခုသူ့ကို ရဲစခန်းမှာပဲထားတယ်၊ မနေ့ည အချုပ်ထဲမှာထည့်ပြီးတော့ ဒီနေ့မနက်ကြတော့ အသက်မပြည့်သေးလို့ဆိုပြီးမှ အပြင်ပြန်ထုတ်တယ် ရဲစခန်းဝန်းမှာပဲရှိတယ် ဒီနေ့ ၁၂ နာရီ ၁ နာရီလောက်ကြရင် သူတို့ စစ်သားတွေက ပြန်ပြီးတော့ အမှုစစ်မယ်လို့ပြောတယ်” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ အဆိုပါအဖမ်းခံရသူမှာ ဆလိုင်းဟေဇကီဆန်းဖြစ်ပြီး မည်သည့်ကိစ္စကြောင့် ဖမ်းဆီးသည်ကိုမသိရှိရေ သးကြောင်း၊ ဖမ်းဆီးချိန်တွင် ရိုက်နှက်ခံရပြီး လက်ရှိတွင် မတူပီမြို့ ရဲစခန်းတွင်ထားရှိကြောင်း သိရသည်။ အလားတူ မတူပီမြို့တွင် ဧပြီလ ၇ ရက် ၈ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီများ၏ ဖမ်းဆီးမှုခံခဲ့ ရသော လူငယ် ၅ ဦးကိုလည်း (၃) ကြိမ်တိုင်တိုင် ရုံးထုတ်ခဲ့သော်လည်း ဘာမှထူးခြားမှုမရှိသည့်အပြင် မေလ ၁၉ ရက်နေ့တွင် ထပ်မံရုံးပြန်ချိန်းလိုက်သည်ဟု သိရသည်။ #Zawgyi မာဂရက် – ချင်းပြည်နယ်၊ မတူပီမြို့တွင် မေလ ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန်က အသက်မပြည့်သေးသော တက္ကသိုလ်ကျောင်းသား လူငယ်တစ်ဦးကို စန်ဘောင်ရပ်ကွက်၊…
Read More
စစ်ကောင်စီနှင့် အပစ်ရပ်စဲမှုပျက်ပြယ်ပြီးနောက် မင်းတပ်မြို့တွင် ယမန်နေ့ညကစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားကာ အာဏာသိမ်းစစ်ကောင်စီက ကျောက်ထုမြို့မှ လက်နက်အကြီး၊ အမြောက်ကျည်ဆံများဖြင့် မင်းတပ်မြို့သို့ တောက် လျှောက်ပစ်ခတ်မှုကြောင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဦး ကျဆုံးကာ ၄ ဦးဒဏ်ရာရရှိကြသည်ဟု သိရသည်။ “ဒီမနက် ၆ နာရီလောက်က တိုက်နေတာ သူတို့ဘက်က ကျောက်ထုလေယာဉ်ကွင်းကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတယ် ပစ်လိုက်တက်လာလိုက်လုပ်နေတယ် ကျနော်တို့ကလည်း အသက်နဲ့ရင်းပြီး မြို့ကို ကာကွယ်ထားပါတယ် မြို့ပေါ်ကိုတော့ လက်နက်ကြီးနဲ့မပစ်ဘူး ကျနော်တို့ CDF တပ်ဖွဲ့တွေရှိတဲ့နေရာလောက်ကိုပေါ့ ၃ မိနစ်ခြားတစ်ခါလောက် ပစ်နေတာ’’ ဟု မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သော အမြောက်ဆံကျည်ထိမှန်မှုကြောင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ရပြီး ၄ ဦးဒဏ်ရာရရှိသော်လည်း စိုးရိမ်စရာမရှိကြောင်း ၎င်းကဆက်ပြောသည်။ ကျောက်ထုမြို့သို့ စစ်ကူ စစ်ကား ၃ စီးထပ်မံရောက်ရှိနေပြီး မင်းတပ်မြို့ဘက်သို့ စစ်ကား ၂ စီးတက်လာ နေသည်ဟု သိရသည်။ ယခုလက်ရှိအခြေအနေအရ ချင်းပြည်နယ်မြို့နယ်များအားလုံးအနေဖြင့် အတူတကွပူးပေါင်းပါဝင်လှုပ်ရှားရန် အရေးကြီးပြီ ဟုလည်း မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။ “ကျနော်တို့ ဘာကြောင့် ခုချိန်ထိအတူတူမလှုပ်ရှားသေးတာလဲ ကျနော်တို့ညီနောင်တွေအားလုံး အချင်းချင်းပါဝင်မယ် တိုက်ခိုက်မယ်ပြောထားရဲ့သားနဲ့ ကျန်နေသေးတဲ့မြို့တွေဘာကြောင့်မလှုပ်ရှားကြသေးတာလဲ’’ ဟု သူကပြောသည်။ အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ဆန္ဒဖော်ထုတ်မှုကြောင့် အဖမ်းခံရသည့် မင်းတပ်မြို့ဒေသခံ ၅ ဦးကို စစ်ကောင်စီဘက် က ပြန်လည်လွှတ်ပေးခြင်းမရှိသည့်အတွက် မေလ ၁၂ ရက်နေ့မွန်းလွဲပိုင်းကစ၍ စစ်ကောင်စီနှင့် မင်းတပ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့အကြား သဘောတူထားသည့် အပစ်ခတ်ရပ်စဲမှုသည့် ပျက်ပြယ်သွားခဲ့ပြီး မေလ ၁၂ ရက်ညက မင်းတပ်မြို့တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။ ယမန်နေ့ညက…
Read More
ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီ၏ ဖမ်းစီးမှုကြောင့် သေဆုံးခဲ့သူမှာ နှစ်ဦးဖြစ်ကြောင်း ယနေ့ညနေပိုင်းမှသာ မိသားစုထံ အကြောင်းကြားခဲ့ပြီး နောက်တစ်ဦးမှာ Thang Zang ကျေးရွာမှ ဟားခါးသို့ ခေတ္တ အလည်လာသူ Pu Khamh Bawi ဖြစ်ကြောင်း သိရသည်။ “ဒီညနေပိုင်းလောက်မှာ တပ်ဘက်ကနေ ပါစတာတစ်ယောက်ကိုဖုန်းဆက်တယ်၊ Pu Tler Ling သေပြီး သိပ်မကြာခင်မှာ ဆုံးသွားတာကြောင့် အတူတူမီးရှို့လိုက်တယ်လို့ပြောတယ်၊ သူက Thang Zang ဘက်ကနေ ဒီကိုခဏလာတာလို့ပြောတယ်၊ သူ့အမေကတော့ ဒီမှာဘဲ၊ သူတို့အိမ်က ဟားခါးသာရ် ခြောက်လမ်းစုံဘက်မှာ၊ စစ်သားတွေက အဲဘက်မှာ ဟိုးသွားဒီသွားလုပ်နေတော့ သူတို့အိမ်ကို ရပ်ကွက်က အသုဘ စောင့်ပေးဖို့လည်း မသွားရဲကြဘူးပြောတယ်” ဟု ဒေသခံတစ်ဦးမှပြောသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာဖြစ်သည့် မြန်မာ့အလင်း သတင်းစာမှ ဟားခါးမြို့တွင် မေလ ၁၀ ရက်နေ့က မသင်္ကာဖွယ် အမျိုးသားနှစ်ဦးအား ဖမ်းဆီးခဲ့ပြီး ဦးကီလ်လိန်းမှာ သွေးတိုးရောဂါနှင့် သေဆုံးပြီး ကျန်တစ်ဦးဖြစ်သည့် ဦးဘွေအားမှာ ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ တစ်ကယ့်ဖြစ်စဉ်မှာ Pu Khamh Bawi အား မေလ ၉ ရက်နေ့မနက်ပိုင်း ၉ နာရီခန့်တွင် ဟားခါးမြို့ ဂေါက်ကွင်းအနီးရှိ နေအိမ်တွင်ဖမ်းဆီးခဲ့ပြီး Pu Tler Ling အား ညနေပိုင်းတွင် နွယ်ချောင်းဘက်ရှိ ၄င်း၏ ယာတဲထဲတွင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ၏ ဖမ်းဆီးမှုကြောင့်သေဆုံးခဲ့ရသည့် Pu Tler Ling နှင့် Pu Khamh Bawi…
Read More