#Unicode By လားနွန် – ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်သို့ရောက် ရောက်ရှိနေသည့် နို်င်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူထံသို့ တီးတိန်ပြည်သူထုက ခရိုင်ရရှိရေးအပါအဝင် အချက် (၆) ချက်ကို တင်ပြတောင်းဆိုခဲ့ကြသည်ဟု သိရသည်။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် သြဂုတ်လ (၁၂) ရက်နေ့က တီးတိန်မြို့ စကောလမ်းရပ်ကွက် အ.ထ.က (၁) စံကိုက်ညီ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ တီးတိန်မြို့ရှိ မြို့မိမြို့ဖများ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ထိုကဲ့သို့တင်ပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်ဟု Zomi Youth Association (ZYA-Tedim) မှ ကို Nang No ကပြောသည်။ တီးတိန်မြို့ပြည်သူလူထုများ တောင်းဆိုသည့် အချက်များမှာ မဟာဓာတ်အားလိုင်းရရှိရေး၊ တီးတိန်မြို့နယ် ခရိုင်ရရှိရေး၊ ဆေးရုံ ကုတင် (၁၀၀) မှ (၂၀၀) ရရှိရေး၊ စက်မှုသိပ္ပံကျောင်းအား GTI ကျောင်းပြောင်းလဲပေးရေး၊ တီးတိန်မြို့ပေါ်ရေပေးရေဝေရေးတွင် သောက်သုံးရေးလုံလောက်ရေးနှင့် တီးတိန်မြို့ပေါ်တွင် မြို့တော်ခန်းမရရှိရေးစသည်တို့ဖြစ်သည်။ အဆိုပါတောင်းဆိုချက်များနှင့် ပတ်သက်ပြီး နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမှ တောင်းဆိုချက်များအား နိုင်ငံတော်ရန်ပုံငွေနှင့် ပတ်သက်ပြီး ကိုဗစ်ကာလကြောင့် ချက်ခြင်းချက်ခြင်းလုပ်ဆောင်ပေးရန် အခက်အခဲအနည်းငယ်ရှိကြောင်းပြန်လည်ဖြေကြားခဲ့ကြောင်း ကို Nang No ကပြောသည်။ “ကျနော်တို့ လိုချင်တဲ့အချိန်မှာတော့ မရနိုင်ဘူးပေါ့၊ နိုင်ငံတော်က ရန်ပုံငွေတွေလည်း အခုကိုဗစ်ဖြစ်တာနဲ့ ဘတ်ဂျက် အဲလိုမျိုးချမပေးနိုင်တာတို့ ချတော့ချပေးမယ်ပေါ့၊ လျှပ်စစ်မီးနဲ့ပတ်သက်ပြီး သူတို့ ကွင်းဆင်းလေ့လာပြီးတော့မှာ ဂန့်ဂေါကနေ ကလေးကနေ တီးတိန် အဲလိုမျိုး ရိဒ် ကျီခါး တွန်းဇံတို့လည်း ပေးဖို့စဉ်းစားတယ် အဲလိုမျိုးစီစဉ်ထားတာလည်း ဗို့အားကောင်းအောင်းလည်းဆောင်ရွက်နေဆဲဖြစ်တယ်…
Author: Editor
#Unicode By Salai Benezer – ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ ရေပေးဝေရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က (Nawi Tidil) နွယ်ချောင်းတွင် ဆည်တည်ဆောက်မည့် စီမံကိန်းအပေါ် မြေပိုင်ရှင်အချိူ့က လက်မခံသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ကန့်ကွက်စာပေးပို့ထားသည်ဟု သတင်းရရှိသည်။ နွယ်ချောင်းဆည်် စီမံကိန်းဧရိယာတွင် လက်ရှိ စိုက်ပျိုးလုပ်ကိုင်နေသည့် လယ်မြေဧက လေးဆယ်ခန့်ရှိပြီး ဆည်ဆောက်ရန် သဘောမတူသည့် မြေပိုင်ရှင်အချို့ စုပေါင်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ကန့်ကွက်စာ ပို့ထားသည်ဟု လယ်ပိုင်ရှင်တစ်ဦးဖြစ်သည့် ဒေါ် ပါရ်ဟွေးကပြောသည်။ “ဒီဆည်ဆောက်ဖို့အတွက် အစိုးရအနေနဲ့ ကျမတို့ကို လျှော်ကြေးပေးမယ်လို့တော့ပြောတယ်၊ ကျမတို့ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက နေထိုင်ပြီးတော့ ဝမ်းရေးအတွက်လည်း လက်ရှိအချိန်ထိ လယ်လုပ်တဲ့နေရာ ဖြစ်တဲ့အတွက် သူတို့ လျှော်ကြေးပေးရင်လည်း လက်ခံမှာမဟုတ်ဘူး၊ ပြီးတော့ သူတို့က သောက်သုံးရေအတွက်လုပ်မယ်ပြောပေမယ့် နွယ်ချောင်း ရေက သောက်သုံးလို့ရတဲ့အဆင့်ထိ ရှိတယ်လို့မထင်ဘူး၊ မြို့ပတ်လမ်းလုပ်ဖို့ လမ်းဖောက်တော့လည်း နွယ်ချောင်းရဲ့ ရေအရင်းအမြစ်တွေတော်တော်များများ ပျက်စီးသွားတဲ့အတွက် ခုဆို မိုးရွာသီမှာတောင် ရေကနည်းနည်းဘဲ စီးတော့တယ်” ဟု ဒေါ် ပါရ်ဟွေးကပြောသည်။ လူဦရေ ၅ သောင်းကျော်ရှိသည့် ဟားခါးမြို့နယ်တွင် မြို့ပေါ်နေလူဦးရေသည် ၃ သောင်းခွဲခန့်ရှိပြီး ဆက်လက်တိုးလာဖွယ်ရှိသည့်အတွက် မြို့နေပြည်သူများ သောက်သုံးရေလုံလုံလောက်လောက် ရရှိနိုင်ရေးအတွက် နွယ်ချောင်းဆည်စီမံကိန်းကို အကောင်အထည်ဖော်ရခြင်းဖြစ်သည်ဟုု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။ “မြို့ပေါ်မှာက လူဉီးရေများလာတယ် နယ်ကလည်းလာတယ် အခြားဒေသကလည်းလာတယ်၊ လူဉီးရေများလာတာမှာ တောင်ပေါ်ဒေသမှာက ရေအခက်အခဲဖြစ်တာပေါ့၊ အခုလဲ လူတွေက ရေလိုတယ်ဆိုပြီးတော့ အခက်အခဲကိုဘဲပြောနေကြတာ၊ ရေရဖို့အတွက်…
#Unicode By နှင်းနှင်း – အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ နယ်စပ်ကုန်သွယ်ရေးဂိတ်မှတဆင့် နေရပ်ပြန်လာကြသည့် မြန်မာနိုင်ငံသား ၁၀ ဦးကို ကလေးမြို့နှင့် တီးတိန်မြ်ို့တွင် Facility Quarantine ထားရှိရန် ပို့ဆောင်ထားသည်ဟု သိရသည်။ အဆိုပါ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများသည် အမျိူးသား ခြောက်ဦးနှင့် အမျိူးသမီး လေဦးတို့ဖြစ်ပြီး သြဂုတ်လ ၁၂ ရက်နေ့က အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်း ရိခေါဒါရ်-ဇိုခေါထာရ် ဂိတ်မှတဆင့် နှစ်နိုင်ငံအစိုးရအသိအမှတ်ပြုဖြင့် နေရပ်ပြန်လာကြသူများဟု ရိခေါဒါရ်မြို့နယ် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလားပက်လောမ်မာကပြောသည်။ “၁ဝယောက်က မနေ့ကဝင်လာပြီး တယော က်ကိုတော့ တီးတိန် Facility Quarantine ကိုပို့ထားပြီးတော့ ၉ယောက်ကိုတော့ ကလေးမှာပို့ထားတယ် ။သူတုုိ့ကလည်း ဒီဖက်ကိုအကူညီလာတောင်းတယ် ဒီဖက်တာ ဝန််ရှိသူတွေကိုသူတုုိ့ဖက် မီဇိုရမ်တာဝန်ရှိသူတွေကိုလည်းအကူအညီတောင်းပြီးတော့ ကျွန်တော််တို့ လက်ခံတာပါ’’ ဟု ပြန်ဆက်ဦးစီးအရာရှိကပြောသည်။ ၎င်းတို့သည် ချင်းပြည်နယ် ဖလမ်းမြို့၊ ဆအက်ကျေးရွာ၊ တလန်ဇောလ်ကျေးရွာ၊ ဖွန်သဲကျေးရွာ၊ ရမ်းထလိုကျေးရွာ နှင့် စစ်ကို်င်းတိုင်းဒေသကြီး ကလေးမြို့နယ် မြို့လှကျေးရွာ၊ အိတ်စွပ်ကျေးရွာတို့တွင် နေထိုင်သူများဖြစ်ကြသည်ဟု သိရသည်။ #Zawgyi By နှင်းနှင်း – အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ နယ်စပ်ကုန်သွယ်ရေးဂိတ်မှတဆင့် နေရပ်ပြန်လာကြသည့် မြန်မာနိုင်ငံသား ၁၀ ဦးကို ကလေးမြို့နှင့် တီးတိန်မြို့တွင် Facility Quarantine ထားရှိရန် ပို့ဆောင်ထားသည်ဟု သိရသည်။ အဆိုပါ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများသည် အမျိုးသား…
#Unicode ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မဲဆန္ဒနယ်မြေအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းထားသူ ၂၁၁ ဦးရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။ “အမည် လာရောက်တင်သွင်းတာ ပထမ ၂၁၂ ယောက် ရှိတယ်။ပြီးတော့မှ တစ်ယောက်က ပြန်ရုတ်သိမ်း သွားတော့ ၂၁၁ဦးဖြစ်သွားတယ်။ ယောက်၊ အခုလျှောက်လွှာတင်ရက်ကုန်သွားပြီဆိုတော့ တင်သွင်းလို့မရတော့ဘူး။ သူတို့တွေကို သြဂုတ် ၇ ရက်က ကစပြီးကျနော်တို့ စီစစ်နေတယ်” ဟု ဦးလင်းကျော်ကပြောသည်။ ချင်းပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်များသည် ပြည်နယ်လွှတ်တော်နေရာအတွက် ၉၉ ဦး၊ အမျိူးသားလွှတ်တော်နေရာအတွက် ၆၄ ဦးနှင့် ပြည်သူ့လွှတ်တော်နေရာအတွက် ၄၆ ဦး ဖြစ်ကြောင်း သိရသည်။ ယင်းအနက် တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၇ ဦးရှိပြီး ပြည်သူ့လွှတ်တော်တွင် လေးဦး၊ အမျိုးသားလွှတ်တော်တွင် သုံးဦးနှင့် ပြည်နယ်လွှတ်တော်တွင် ၁၀ ဦးရှိသည်ဟု ဆိုသည်။ မြို့နယ်ပေါင်း ကိုး မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေစုစုပေါင်း ၃၉ နေရာရှိပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ ကိုး နေရာ၊ အမျိူးသားလွှတ်တော်မဲဆန္ဒနယ်မြေ ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ ၁၈ နေရာရှိသည်။ ချင်းပြည်နယ်တစ်ပြည်နယ်လုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၄၂၁၄၂ ဦးရှိပြီး မဲရုံပေါင်း ၁၁၀၇ ရုံထားရှိရန်လျာထားကာ ထပ်တိုးနိုင်သည်ဟုလည်း ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။ လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း နိုင်ငံရေးပါတီ ၁၂ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းပါတီများမှာ ချင်းတိုင်းရင်းသားများပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊…
#Unicode လာမည့်နိုဝင်ဘာ ၈ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီက မဲဆန္ဒနယ်မြေ ၅၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သြဂုတ် ၁၀ ရက်ထုတ်ပြန်ကြေညာလိုက်သည်။ CNLD ပါတီအနေဖြင့် ချင်းပြည်နယ်တစ်ပြည်နယ်လုံးအပြင် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မဲဆန္ဒနယ်မြေ ၄၈ နေရာဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြီးခဲ့သည့်ဇူလိုင်လ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့သော်လည်း မဲဆန္ဒနယ်မြေ ကိုးနေရာထပ်တိုးကာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။ “ ဒီအချိန်မှာ ကိုယ့်ချင်းအမျိုးသား ရေးတွေရဲ့ ရပိုင်ခွင့် ပင်လုံမှာကတည်းက ဆုံးရှုံးနစ်နာခဲ့တဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ ဖက်ဒရယ်အရေးနဲ့ တန်းတူရေးတို့ ပြန်လည်ရရှိနိုင်ဖို့အတွက် ဒီချိန်မှာ ကိုယ့်အမျိူးသားပါတီနဲ့ ရပ်တည်ဖို့အလိုအပ်ဆုံးဖြစ်တယ်’’ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။ သြဂုတ်လ ၁၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော CNLD ၏ ကြေညာချက်တွင် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ ၃၇ နေရာ၊ မကွေးတိုင်းဒေသကြီး မင်းလှ၊ မင်းတုန်း၊ ဆော၊ဂန့်ဂေါ၊ တောင်တွင်းကြီး၊ ငဖဲ နှင့် ထီးလင်းမြို့နယ်တို့တွင် ၁၀ နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် လေးနေရာ၊ တမူးမြို့နယ်တွင်သုံးနေရာ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တစ်နေရာစီဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု ဖော်ပြထားသည်။ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီသည် ချင်းပါတီသုံးပါတီ (CPP၊ CNDP၊CLD) တို့ကို ပူပေါင်းဖွဲ့စည်း ထားသည့် ပါတီဖြစ်ပြီး ချင်းပြည်နယ်တွင် NLD နှင့် USDP ပါတီတို့အတွက် အဓိကပြိုင်ဘက်ဖြစ်လာမည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။ ဆလိုင်းကျဲအိုဘိခ်ထောင်က “ ကျွန်တော်တို့က သုံးပါတီကနေ တစ် ပါတီဖြစ်ပွားသွားတဲ့အခါကျတော့ အင်းအားလည်းပို ပြီးတော့တောင့် တင်းခိုင်မာ လာတယ်၊ လူထုကလည်းပဲ စည်းလုံးညီညွတ်မှုအင်းအားကို တခဲနက် ထောက်ခံပြီး ချင်းအမျိုးသားပြန်လည်တည်ဆောက်ရေးနဲ့ကျွန်တော်တို့ ချင်းလူမျိုး များရဲ့ အခွင့်အရေးဆုံးရှုံးနစ်နာ မှုတွေကို…
#Unicode By နှင်းနှင်း – ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဆိုဇန်-ဖူနွမ်းလမ်းပိုင်းမှ ဒိမ်ပီးကျေးရွာအကြား ကျေးရွာချင်းဆက် လမ်းဖောက်လုပ်ရာတွင် မြေစာပုံများကို စနစ်တကျစွန့်ပစ်မှုမရှိသည့်အတွက် ဒေသခံပြည်သူများ၏ ပန်းသီးခြံ (၂၃) ဧက ပျက်စီးသွားသည်ဟု သိရသည်။ အဆိုပါကျေးရွာချင်းဆက်လမ်းကို ချင်းပြည်နယ် ကျေးလက်လမ်းဦးစီးဌာနဘတ်ဂျက်ဖြင့် John and Joshua ကုမ္ပဏီမှ ယခုနှစ်ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကစတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လမ်းဖောက်လုပ်ရာတွင် စွန့်ပစ်မြေစာပုံများကြောင့် ဖူူနွမ်းကျေးရွာမှ တောင်သူ (၁၉) ဦးပိုင်ဆိုင်သော ပန်းသီးစိုက်ဧက (၂၃) ပျက်စီးသွားခဲ့ခြင်းဖြစ်သည်ဟု ဖူနွမ်းကျေးရွာမှ ပန်းသီးစိုက်တောင်သူ မစီစီလျားကပြောသည်။ “အသီးတွေလည်းပျက်ဆီးသွားတယ်ခူးလို့မရတော့ဘူး၊ အပင်တွေပါ အမြစ်တွေ ပါပျက်သွားတာ၊ အဲ့ဒီမြေစာပုံထဲ မှာအကုန်ပါသွားတာ ’’ ဟု မစီစီလျားကပြောသည်။ ယင်းပန်းသီးခြံများကို ဖူနွမ်းကျေးရွာသူရွာသားများက ၁၉၉၀ ခုနှစ်ကတည်းက စတင်စိုက်ပျိူးလာခဲ့ကြပြီး တစ်ဧကလျှင် နှစ်စဉ် ကျပ်သိန်း (၅၀ မှ ၂၀၀) အထိရရှိကြကာ ဒေသတွင်းအသက်မွေးဝမ်းကျောင်းအတွက် အဓိကမှီခိုအားထားနေကြ ရသည်။ “ကျွန်မတို့ဖက်ကတော့အသက်မွေးဝမ်းကျောင်းအဖြစ် အားနေရတယ်ဆိုတော့ ဘာမှစားစရာတောင်မကျန်တော့ဘူး၊ ခုတော့ပန်သီးခြံတွေပျက်ကုန်တော့ ရွာသူရွာသားတွေက လည်း အလုပ်လက်မဲ့ဖြစ်ပြီး ဘေးဝင်ငွေလည်းမရှိတော့ဘူး ဝမ်းစာအတွက် တကယ်ကိုဒုက္ခရောက်နေကြပြီ’’ ဟု မစီစီလျားကပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မိုးရွာသွန်းမှုကြောင့် မြေပြိုကာ ပန်းသီးစိုက်ခင်းပျက်စီးသည့်အပြင် မြေပြိုသည့် မြေစာများ ရှင်းရာတွင်လည်း ပန်းသီးစိုက်ခင်းများအပေါ် စွန့်ပစ်ကြသည့်အတွက် ထပ်မံပျက်စီးကာ ပန်းသီးစိုက်ခင်းအား မှီခိုအားထားနေသည့် တောင်သူများ အငတ်ဘေးဆိုက်မည့်အခြေအနေဖြစ်နေသည်ဟု သိရသည်။ ယခုကဲ့သို့ ပန်းသီးစိုက်ခင်းများ ပျက်စီးမှုအပေါ် ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီဖြေရှင်းဆောင်ရွက်ပေးရန် ပန်းသီးစိုက်တောင်သူများက လိုလားနေကြသည်။ #Zawgyi…
#Unicode နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ကိုယ်စားလှယ်လောင်း (၁၁) ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သတင်းရရှိသည်။ ချင်းရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ (၇) ပါတီ နှင့် တစ်သီးပုဂ္ဂလ (၄) ဦးစုစုပေါင်း (၁၁) ဦးတို့က ရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းတင်ထားကြပြီး ၎င်းတို့မှာ ဦးလားထန်ကြွမ်း (တစ်သီးပုဂ္ဂလ)၊ ဦးတွန့်လမ်းထန် (တစ်သီးပုဂ္ဂလ)၊ ဦးဘွန်းဇနန်း (တစ်သီးပုဂ္ဂလ)၊ ဦးဘွာလ်နှောက် (တစ်သီးပုဂ္ဂလ)၊ ဦးဆန်ထောမ်ထန် (CNLD)၊ ဦးမာန်ခွါးဟုန်း (ညီညွတ်သော ဒီမိုကရက်တစ်ပါတီ)၊ ဒေါ်လါလ်ရင်းမွန် (NLD) ၊ ဦးစံရာအုပ် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တစည)၊ ဦးထန်ဆဲယာ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ ဒေါက်တာဂင်ဟဲ့လျန် (အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ)၊ ဦးလာဘွေ့ဘိခ် (ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ) တို့ဖြစ်ကြသည်။ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် လူငယ်လူလတ်ပိုင်းတစ်ဦးဖြစ်သည့် ဦးလားထန်ကြွမ်းကတော့ အစိုးရနှင့် ချင်းပြည်သူများအကြား ချိတ်ဆက်ပေးနိုင်သော ကိုယ်စားလှယ်ကောင်းလိုအပ်သည့်အတွက် ယခုကဲ့သို့ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်ဟု ပြောသည်။ “ချင်းလူမျိုးတွေရဲ့ကိုယ်စား အစိုးရနဲ့ ချင်းလူမျိုးတွေကြားထဲမှာ ချိတ်ဆက်ပေးတဲ့ကိုယ်စားလှယ်ဖြစ်နိုင်ဖို့အတွက်ပါ အဲဒီဟာက ဒီတိုင်းပြောလိုက်လို့ရှိရင် ဘာမှအဓိပ္ပာယ်မရှိသလိုပဲ ကျနော်တို့ချင်းလူမျိုးတွေက အစိုးရရုံးစိုက်ရာနေရာတွေမှာ ဌာနတွေမှာ ပြောချင်တိုင်းမပြောရဲ တောင်းချင်တိုင်းမတောင်ရဲ ကိစ္စတင်ပြချင်တိုင်းမတင်ပြကြတော့ နစ်နာရတယ်၊ အခြေခံအခွင့်အရေးတွေဆုံးရှုံးနေမှုတွေကို ချင်းပြည်သူလူထုတွေကိုယ်စား သူတို့နဲ့ နီးနီးကပ်ကပ်ရှိနေပြီး သူတို့မှာဘာတွေလိုနေပါတယ် ဘာတွေခက်ခဲနေပါတယ် အစိုးရကဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို ချင်းပြည်သူတွေကိုယ်စားအစိုးရကို ချိတ်ဆက်ညှို့နှိုင်းပေးမယ့်သူအဖြစ်ဆောင်ရွက်ပေးချင်လို့ပါ” ဟု ဦးလားထန်ကြွမ်းကပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းရေးရာဝန်ကြီးနေရာအတွက် ကိုယ်စားလှယ်လောင်း (၁၀) ဦးကျော်ထွက်ပေါ်လာသည့်အပေါ် ကြိုဆိုကြောင်း Area Peace Development Forward မှ…
#Unicode By ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် မီဇိုရမ်ပြည်နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိမှု တဖြည်းဖြည်းမြင့်တက်လာပြီး ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့ ရပ်ကွက်တစ်ချိူ့ကို Lockdown ချထားလိုက်ပြီဟုသိရသည်။ မီဇိုရပြည်နယ်အစိုးရအဖွဲ့ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာန၏ သြဂုတ်လ ၁၁ ရက်နေ့စာရင်းအရ မီဇိုရမ်ပြည်တစ်ပြည်နယ်လုံးတွင် COVID-19 ရောဂါပိုးကူးစက်ခံထားရသူ လူဦးရေ (၆၂၃) အထိ မြင့်တက်လာပြီး ယင်းအနက် (၃၂၃) ဦးသည် သက်သာပျောက်ကင်းကာ (၃၀၀) ဦးသည် ဆေးကုသမှုခံယူနေကြဆဲဟု သိရသည်။ ပြည်နယ်၏ မြို့တော်အိုင်ဇောလ်မြို့သည် ပိုးတွေ့လူနာအများဆုံးဖြစ်ကာ ၂၀၇ ဦးရှိပြီး၊ Lunglei တွင် ၃၆ ဦး၊ Kolasib တွင် ၄၆ ဦး၊ Champhai တွင် ၃ ဦး၊ Serchhip တွင် ၃ ဦး၊ Lawngtlai တွင် ၃ ဦး၊ Hnahthial တွင် ၁ ဦး နှင့် Saitual တွင် ၁ ဦး တို့ ဖြစ်သည်။ မီဇိုရမ်ပြည်နယ်တွင် COVID-19 ရောဂါပိုးကူးစက်ခံထားရသူအများစုမှာ အိန္ဒိယပြည်မဘက်မှ နေရပ်ပြန်လာကာ ကွာရန်တင်းဝင်ထားကြသူများဖြစ်ကြသော်လည်း ယခု ရက်ပိုင်းအတွင်း နေရပ်ပြန်မဟုတ်ဘဲ မြို ့နေလူထုအတွင်း ကူးစက်ပြန့်ပွားမှုများရှိလာသည့်အတွက် အိုင်ဇောလ်မြို့၏ ရပ်ကွက်တစ်ချိူ့ကို Lockdown ချထား ကြသည်ဟု သိရသည်။ Lockdown ချထားသည့် ရပ်ကွက်များမှာ Dawrpui Vengthar, Electric, Kulikawn, Melriat, Mission Vengthlang,…
#Unicode ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်တွင် ဆန်နှင့်အခြားစားသုံးကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိသည့်အတွက် မြို့ပေါ်တွင်နေထိုင်ကြသော ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် အခက်ကြုံတွေ့ နေကြရသည်ဟု ပလက်ဝမြို့နယ် စားနပ်ရိက္ခာဖူလုံရေး အထောက်အကူပြုကော်မတီက ပြောဆိုလိုက်သည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)အကြားဖြစ်ပွားနေသည့် စစ်ရေးပဋိက္ခကြောင့် ရခိုင်ပြည်နယ် ကျောက်တော်နှင့်ဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့ကတည်းက ယနေ့ချိန်ထိ ပိတ်ပင်ထားသည့်အတွက် ဆန်နှင့်အခြားစားသုံးကုန်ပစ္စည်းများ သယ်ယူ၍မရတော့ဘဲ ပလက်ဝမြို့ပေါ်ရှိဒေသခံပြည်သူများသည် နပ်ရိက္ခာပြတ်လပ်မှုကြုံတွေ့နေကြရခြင်းဖြစ်သည်။ ချင်းပြည်နယ်အစိုးရအဖွဲ့အပါအဝင် ကမ္ဘာစားနပ်ရိက္ခာအစီစဉ်(WFP) ကဲ့သို့သော အဖွဲ့အစည်းများက ရိက္ခာဆန်ပြတ်လပ်နေသည့် ပလက်ဝမြို့နယ်အတွက် ဆန်နှင့် အခြားကုန်စည်များ ပို့ဆောင်ပေးမှုရှိနေသော်လည်း စစ်ဘေးဒုက္ခသည်များအတွက်သာဖြစ်ပြီး မြို့ပေါ်နေဒေသခံပြည်သူများမရရှိကြသည်အတွက် ဆန်ပြတ်လပ်နေကြရသည်ဟု ပလက်ဝမြို့နယ် စားနပ်ရိက္ခာဖူလုံရေး အထောက်အကူပြုကော်မတီခေါင်းဆောင် ဦးရာကျော်ကပြောသည်။ ” ပလက်ဝ -ဆမီးဖက်လမ်းကြောင်းကနေ ပို့ပေးတဲ့ဆန်တွေကလည်း စစ်ဘေးရှောင်တွေအတွက် သီးသန့်ဘဲပေးတဲ့အခါကြတော့ သူတို့အတွက်ပဲ လုံလောက်တယ်၊ ကျွန်တော်တို့ပြည်သူတွေအတွက်တော့ မလုံလောက်တော့ဘူး၊ စစ်ဘေးရှောင်တွေတိုးလာတဲ့အခါကြတော့ ကျွန်တော်တို့ ပြည်သူလူထုတွေ ကြတော့ မရတော့ဘူးပေါ့ ” ဟု ဦးရာကျော်ကပြောသည်။ ပလက်ဝမြို့နယ်သည် ၂၀၁၅ ခုနှစ်မှစပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ နှစ်ဆန်းပိုင်းတွင် တိုက်ပွဲများပိုမိုပြင်းထန်လာကာ ပလက်ဝ- ကျောက်တော် ယာဉ်လိုင်းပြေးဆွဲမှုလည်း ရပ်နားခဲ့ရသည်။ ထိုကဲ့သို့ ယာဉ်လိုင်းပြေးဆွဲမှုမရှိတော့သည့်အတွက် အခြေခံစားသောက်ကုန်အတွက် ရခိုင်ပြည်နယ်ကို အဓိက အားထားနေရသည့် ပလက်ဝမြို့နယ်တွင် ကုန်စည်စီးဆင်းမှုရပ်တန့်သွားပြီး ကုန်စျေးနှုန်းအဆမတန်မြင့်တက်သွားသည့်အပြင် ဆန်ဆိုလျင် ဝယ်စရာတောင်မရှိသည့်အတွက် ပလက်ဝမြို့ပေးရှိ အိမ်ထောင်စု (၁၇၇၁) စု လူဦးရေ (၈၃၀၃) တို့သည် စားနပ်ရိက္ခာပြတ်လပ်၍ အခက်အခဲများ…