Author: Editor

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ တပ်ကုန်းတွင် ဇန်နဝါရီ ၂၅ ရက်နေ့ည ၉းဝဝ နာရီခန့်က လက်နက်ကြီး ၄ ကြိမ်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ရုန်းရင်းဆန်ခပ်ဖြစ်ပွားခဲ့ပြီး တဖက်မီဇိုရမ်ပြည်နယ် ဇိုးခေါထားတွင် ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ကြသည်ဟုသိရသည်။ ဗုံးဖောက်ခွဲရခြင်းအကြောင်းရင်းကို သေချာမသိရသော်လည်း ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ တပ်ကုန်းတွင် မကြာခင်ရက်ပိုင်း က စစ်သားအယောက် ၅၀ ရောက်ရှိလားပြီး အဆိုပါ စစ်သားများက ပြည်သူလူထုကို ခြိမ်းခြောက်သည့်အနေဖြင့် ယခုလို ဗုံးဖောက်ခွဲလိုက်တာဖြစ်နိုင်သည်ဟု ရိခေါဒါရ်မြို့ဒေသခံများကပြောသည်။ ရိခေါဒါရ်မြို့သည် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသည့်မြို့ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟုဆိုကာ ရွာသား အများစုသည် တဖက်မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ အရင်ပတ်ကတည်းက ပစ္စည်များကိုလည်း ကြိုတင်သယ်ဆောင်ထားခဲ့ကြသည်ဟု သိရသည်။

Read More

၁. ၁၂-၁-၂၀၂၂ ရက်မှ ၂၂-၁-၂၀၂၂ အထိ (၁၀) ရက်အတွင်း တီးတိန်မြိုနယ်၊ Hiangzing ရွာအနီးတွင် အာဏာလု စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများ နေ့စဉ်တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်။ ၂. တိုက်ပွဲတွင် ZFU/PDF-Zoland, CDM-Siyin, PDF-Kalay, CNDF, Zogam Army, Zomi-PDF, PDA, CNA, CDF-KKG စသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများ အတူတကွတိုက်ပွဲဝင်ခဲ့ကြပါသည်။ ၃. (၁၀) ရက်တိုက်ပွဲအတွင်း အာဏာလုစစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်၊ စစ်လေယာဉ်များအသုံးပြု၍ ရက်စက်ယုတ်မာစွာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသည်။ ၄. ဂျီနီဗာသဘောတူညီချက်ကို မျက်ကွယ်ပြု၍ ဇိုမီးလူငယ်များပညာသင်ကြားရာ ခိုင်ကမ်း (ကလေးမြို့) တက္ကသိုလ် ဝင်းထဲမှ လက်နက်ကြီးများဖြင့် အနည်းဆုံးအချက် (၁၀၀) ကျော်၊ စစ်လေယာဉ် ၂ စီးဖြင့် ၄ ကြိမ် မနက်၊ နေ့ခင်း၊ ညနေ ဆက်တိုက် ပစ်ခတ်ခဲ့သည်။ ၅. လက်နက်အင်အား၊ လူအင်အား မတန်တဆအသုံးပြုကာ ဝေဟင်၊မြေပြင် အနီးအဝေးမှ ဆက်တိုက် တိုက်ခိုက်ခဲ့ပါသည်။ တီးတိန်မြိုနယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များသည် ပြည်သူများ၏ဆုတောင်းပေးမှုကြောင့် လည်းကောင်း၊ နယ်မြေကျွမ်းကျင်မှုကြောင့်လည်းကောင်း၊ အချိန်နှင့်တပြေးညီ ပူးပေါင်းလုပ်ရှားကာ ပြည်လည် တိုက်ခိုက်ခဲ့သောကြောင့် (၁၀) ရက်တာ တိုက်ပွဲအတွင်း စကစ ၈ဝကျော်ကို ရှင်းလင်းသုတ်သင်နိုင်ခဲ့ပါသည်။ ၆. (၁၀)တာ ရက်တိုက်ပွဲအတွင်း ပြည်သူနှင့်ပြည်သူ့ပိုင်ပစ္စည်းများကို မထိခိုက်စေရန်နှင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် အထူးဂရုပြုတိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးဗျူဟာ ပြောင်းလဲကာ တီးတိန်မြိုနယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များသည် မိမိတို၏စခန်းများသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။…

Read More

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဇန်နဝါရီလ ၂၂ နဲ့ ၂၃ ရက်နေ့ ၂ ရက်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တပ်ရင်းမှူးအပါအဝင် ရဲဘော် ၅ ဦး ကျဆုံးခဲ့ရသည်ဟုသိရသည်။ ယမန်နေ့ဇန်နဝါရီလ ၂၃ ရက်နေ့က ချင်းပြည်နယ် မတူပီ၊ ကန်ပက်လက်နဲ့ ဖလမ်းမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြရာမှာ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဘက်က တပ်ရင်းမှူးတစ်ဦးအပါအဝင် ရဲဘော် ၃ ဦး ကျဆုံးခဲ့ပါတယ်။ မတူပီမြို့နယ် ရေဇွာမြို့အနီးမှာ ယမန်နေ့က စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး CDF-Matupi တပ်ရင်း ၂ က ဆလိုင်း San Thar ကျဆုံးခဲ့ပြီး ခုချိန်ထိအလောင်းပြန် မရသေးဘူးလို့ CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးက ခုလိုပြောဆိုပါတယ်။ “ကျနော်တို့ ရဲဘော်တစ်ယောက်ကျသွားတယ် မနေ့ကဖြစ်တဲ့တိုက်ပွဲမှာ ၃ နာရီလောက်စဖြစ်တယ် ၄ နာရီလောက်မှာ ကျသွားတာပါ ခုထိကိုအလောင်းမရသေးဘူး သူရှိတဲ့အလောင်းနေရာက CDF ရှိတဲ့နေရာနဲ့ အလောင်းရှိတဲ့နေရာကြားမှ စစ်ကောင်စီက နေရာယူထားတော့ အလောင်းကိုသွားမယူနိုင်သေးဘူး” လို့ သူကပြောပါတယ်။ ဆလိုင်း San Thar ဟာ CDF-Matupi တပ်ရင်း ၂ မှာ တပ်ရင်းမှူးအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သလို ရေဇွာမြို့အနီး တိုက်ပွဲမှာ စစ်ကြောင်းမှူးအဖြစ် တာဝန်ယူထားသူဖြစ်တယ်လို့လည်း သိရပါတယ်။ စစ်ဗျူဟာအခြေစိုက်တဲ့နေရာဖြစ်တဲ့ မတူပီမြို့မှာ မကြာသေးခင်ရက်ပိုင်းက စစ်ကားအစီး ၉၀ လောက် ထပ်မံရောက်ရှိလာပြီး ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်တယ်လို့လည်း သိရပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်းနယ်စပ်ဘက်မှာလည်း မနေ့က စစ်ကောင်စီနဲ့…

Read More

ထိုသတင်းအမှားကို ချင်းတောင်တန်းနှင့် ချင်းတောင်ဇလပ် Chin Group မှ “တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးဆပ်ခဲ့သည့် CNA ချင်းအမျိုးသားတပ်မတော် ချင်းသူရဲကောင်း Salai Benezar လေးစားဦးညွတ်ပါတယ်။ အဖဘုရား၏ ကောင်းကင်နိုင်ငံတော်မှာ ငြိမ်းချမ်းစွာအနားယူပါတော့…. စစ်ခွေး ၁၉ ကောင်နဲ့ မတန်လိုက်တာ ကျန်ရစ်သူမိသားစုနဲ့ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ယခုလက်ရှိ ချင်းပြည်နယ်မှာ ချင်းအမျိူးသားတပ်မတော်အပါအဝင် ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေပြင်းထန်လျှက်ရှိပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အဲဒီသတင်းမှာဖော်ပြထားသလို Salai Benezar ဟာ တိုက်ပွဲမှ ာကျဆုံးခြင်းမရှိပါဘူး။ အဲဒီသတင်းအမှားနဲ့ပတ်သက်ပြီး Salai Benezer က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ “ငါမသေပါဘူး၊ ဘယ်ကောင်လက်ကမျင်းတာလဲဟ’’ ဆိုပြီးရေးသားထားတာတွေ့ရပါတယ်။ ဒီလို သတင်းအရင်းမြစ်မမှန်ကန်တဲ့ သေဆုံးမှုသတင်းများဟာ သက်ဆိုင်သူမိသားစုများကို ထိတ်လန်မှုနဲ့ ဝမ်းနည်မှုဖြစ်စေနိုင်ပါတယ်။ ထိုသတင်းအမှားကို ချင်းတောင်တန်းနှင့် ချင်းတောင်ဇလပ် Chin Group မှရက်ပိုင်းအတွင်း ပြန်လည်ဖြုတ်ချခဲ့ပေမယ့်လည်း စာဖတ်သူများအနေနဲ့ အရပ်သားပြည်သူ သေဆုံးမှုများ၊ CNF/CDF ကျဆုံးသွားတဲ့ ရဲဘော်သတင်းများ တွေ့ရှိမယ်ဆိုရင် ကိုယ်နဲ့သိတဲ့မိတ်ဆွေ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သတင်းရင်းမြစ်မှန်ကန်မှသာ ပြန်လည်ဝေမျှဖို့ တိုက်တွန်းလိုက်ရပါတယ်။

Read More

ချင်းပြည်နယ် တီးတိန်မြ်ို့နယ် ကလေး-တီးတိန်ကားလမ်းမပေါ်က ဟိန်ဇိန် (Hiangzing) ကျေးရွာအနီး သိုင်းငင်ကျေးရွာ အောက်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယနေ့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လူအင်အား လက်နက်အင်အား မမျှမှုကြောင့် သိုင်းငင်ရွာကို စွန့်ခါွလိုက်ရတယ်လို့ CDM- Siyin က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ယနေ့မနက်ပိုင်း ၇ နာရီလောက်ကစပြီး ကလေးမြ်ို့တက္ကသိုလ်ကျောင်းဝင်းထဲကနေ အဝေးပစ်လ က်နက်ကြီးတွေဖြစ်တဲ့ ၆၀ မမ၊ ၁၂၀ မမ နဲ့ ၁၅၅ မမ တွေနဲ့ ဟိန်ဇိန်ကျေးရွာအနီးတဝိုက်ကို အနည်းဆုံးအကြိမ် ၂၀ လောက် ပစ်ခတ်ခဲ့သလို ရဟတ်ယာဉ် ၂ စီးနဲ့ လေကြောင်းကနေပါ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဟိန်ဇိန်ကျေးရွာအနီး သိုင်းငင်ကျေးရွာအောက်နားမှာ ရှေ့ဆက်မတိုးနိုင်ပဲသောင်တင်နေပြီး သိုင်းငင်ကျေးရွာဘက်ကို ရှေ့ဆက်တိုးနိုင်ဖို့အတွက် ယခုလိုလက်နက်ကြီးနဲ့ လေကြောင်းကနေပါ ပစ်ကူနေတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်အားအလုံးအရင်းနဲ့ သိုင်းငင်ကျေးရွာဘက်ကို ဆက်လက်ထိုးစစ်ဆင်လာပြီး ယနေ့မနက် ၈ နာရီကျော်ကျော်လောက်ကနေ ညနေပိုင်း ၅ နာရီအထိတိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိ ရပါတယ်။ သိုင်းငင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စစ်ကူဖို့အတွက် တီးတိန်မြို့ဘက်ကနေ Zomi Revolutionary Army (ZRA) နဲ့ စစ်ကောင်စီဘက်က စစ်ကူအယောက် ၁၀၀ ဝန်းကျင်လောက်ဟာ တီးတိန်-ကလေး လမ်းကြောင်းအတိုင်းခြေလျင်နဲ့ဆင်းလာနေတဲ့အတွက် ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ခုခံကာ ကွယ်တိုက်ခိုက်ဖို့ အင်အားမျှခဲ့ရတယ်လို့သိရပါတယ်။ ဒါကြောင့် ညနေပိုင်း ၅ နာရီဝန်းကျင်လောက်မှာ လူအင်အား၊ လက်နက်အင်အားမမျှတာကြောင့် ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ သိုင်းငင်ကျေးရွာကို စွန့်ခွါခဲ့ရတယ်လို့…

Read More

မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်များအား မီဇိုရမ်ပြည်နယ်အတွင်း ပိုမိုလုံခြုံမှုရှိစေရေးအတွက် မီဇိုရမ်အစိုးရက Refugee ID ကဒ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါကိစ္စကို မီဇိုရမ်အစိုးရမှ စစ်ဘေးရှောင်များအတွက် ဖွဲ့စည်းလိုက်သော DC, Home department နှင့် DM&R စုပေါင်းဖွဲ့စည်းထားသည့် Task Group အဖွဲ့က ဇန်နဝါရီ ၁၉ ရက်နေ့က အိုက်ဇောလ်မြို့ရှိ စစ်ဘေးရှောင်စခန်းများကို သွားရောက်ကြည့်ရှုခဲ့ရာတွင် အဖွဲ့၏ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။ “မီဇိုရမ်ရောက် စစ်ဘေးရှောင်များ မီဇိုရမ်ပြည်နယ်အတွင်း ပိုမိုလုံခြုံမှုရှိစေရေးအတွက် ID ထုတ်ပေးမယ်။ စစ်ဘေးရှောင် စခန်းတွင်နေထိုင်သူများအတွက်သာမဟုတ်ဘဲ အပြင်မှာ နေထိုင်နေတဲ့ စစ်ဘေးရှောင်အားလုံးအတွက် လုပ်ပေးဖို့ အစီအစဉ်ရှိကြောင်းနှင့် မကြာခင် အကောင်ထည်ဖော်ဆောင်ရွက်သွားမယ်။” လို့ ပြောသည်။ အဆိုပါအဖွဲ့အစည်းက ဇန်နဝါရီ ၁၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီက Sihphir ရပ်ကွက်တွင်ရှိသော CDM စစ်ဘေးရှောင်စခန်းကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည့်အကူအညီများလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားဖို့ ပြောသွားခဲ့သည်။ ဆက်လက်ပြီး နေ့လည် ၂ နာရီတွင် လွတ်တော်အမတ်များရှိရာစခန်းကို ဆက်လက်သွားရောက်ကြည့်ရှုခဲ့ပြီး လွတ်တော်အမတ်များက လိုအပ်တဲ့အကူအညီများ တင်ပြဆွေးနွေးခဲ့ရာ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အတူတကွ လက်တွဲလုပ်ဆောင်သွားကြဖို့ ပြောဆိုခဲ့သည်။ အဆိုပါအဖွဲ့အစည်းက ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း Sihhmui နှင့် Sairang ရပ်ကွက်ရှိ စစ်ဘေးရှောင်စခန်းများကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရပြီး၊ နယ်စပ်ဒေသများရှိ စစ်ဘေးရှောင်စခန်းများကိုလည်း ကိုဗစ်ရောဂါအခြေအနေ ကောင်းမွန်တဲ့အခါ သွားရောက်ကြည့်ရှုဖို့ အစီအစဉ်ရှိကြောင်း သိရသည်။

Read More

ချင်းပြည်နယ် တီးတိန်မြ်ို့နယ် ကလေး-တီးတိန်ကားလမ်းမပေါ်က ဟိန်ဇိန် (Hriangzing) ကျေးရွာအနီးအဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် ဘီးတပ်အမြောက်လက်နက်ကြီးတွေနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ယနေ့မနက်ပိုင်း ၇ နာရီလောက်ကစပြီး ကလေးမြ်ို့တက္ကသိုလ်ကျောင်းဝင်းထဲကနေ ဘီးတပ်အမြောက်လက်နက်ကြီးတွေနဲ့ ဟိန်ဇိန်ကျေးရွာအနီးတဝိုက်ကို အနည်းဆုံး အကြိမ် ၂၀ လောက် ပစ်ခတ်ခဲ့ပြီးနောက် ရဟတ်ယာဉ် ၂ စီးနဲ့ လေကြောင်းကနေပါ တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ PDF- Zoland ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ “ဒီနေ့မနက် ၇ ခွဲလောက်ကနေ ကလေးမြိ့တက္ကသိုလ်ကျောင်းဝင်းထဲကနေ အမြောက် ၃ လက်နဲ့ တောက်လျှောက်ထုနေတယ် အကြိမ် ၂၀ လောက်တော့ထုမယ် ၈ နာရီခွဲလောက်ကျတော့ ဟတ်စကီး ၂ စီးနဲ့ ကျနော်တို့ ရှိတယ်လို့ ထင်တဲ့နေရာတွေကို သူတို့ပတ်ပြီးတော့ လှမ်းပစ်တာပေါ့” အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဟိန်ဇိန်ကျေးရွာအနီး သိုင်းငင်ကျေးရွာအောက်နားမှာ ရှေ့ဆက်မတိုးနိုင်ပဲသောင်တင်နေပြီး သိုင်းငင်ကျေးရွာဘက်ကို ရှေ့ဆက်တိုးနိုင်ဖို့အတွက် ယခုလိုလက်နက်ကြီးနဲ့ လေကြောင်းကနေပါ ပစ်ကူနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်က အမြောက်လက်နက်ကြီးနဲ့ လေကြောင်းကနေပါ ထိုးစစ်ဆင်ပစ်ကူခဲ့ပြီးနောက် ဟိန်ဇိန်ကျေးရွာအနီးမှာ သောင်တင်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရှေ့ဆက်တိုးလာနေပြီး ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ သိရပါတယ်။ “၈ နာရီကျော်ကျော်မှာလေယာဉ်နဲ့လာထုတယ် အဲဒါထုပြီးပြီးချင်း သူတို့ခြေလျင်နဲ့တက်လာတယ် အခုကတောက် လျှောက်ပစ်နေတုန်းပဲ” တချိန်ထဲမှာပဲ တီးတိန်မြို့အခြေစိုက် စစ်ကောင်စီတပ်သားတွေဟာ ဒီမနက်ပိုင်းမှာပဲ တီးတိန်မြို့ကနေ ကလေးမြို့ဘက်သို့ ဆင်းလာနေပြီး ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အရှေ့နဲ့အနောက်ကနေ ကြားညှပ်ဖိတိုက်လာနိုင်တယ်လို့ ယူဆရပါတယ်။ ဟိန်ဇိန်ကျေးရွာအနီးမှာ…

Read More

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့က ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဇန္နဝါရီလ ၂၀ ရက် ယမန်နေ့ညက ဖမ်းဆီးခဲ့ပြီး ယနေ့မနက်တွင် ကတိခံဝန်ချက် လက်မှတ်ထိုးစေပြီး ပြန်လည်လွတ်ပေးလိုက်သည်ဟု သိရသည်။ “မနေ့က ၃ နာရီလောက်မှာ စစ်သားတွေ အလုံးအရင်းနဲ့ ရောက်လာတယ်။ ညနေပိုင်းကနေ အပြင်ထွက်သမျှလူတွေကို ရိုက်နှက်ပြီးမှ ဖမ်းနေတာ။ ရဲစခန်းရောက်တာ ၄ ယောက်ပဲ။ ဒီမနက်ပဲ ၁၀ နာရီလောက်မှာ ၄ ယောက်စလုံးလွတ်ပြီ။ အာမခံချက်တွေ လက်မှတ်တွေထိုးတယ်။ သူတို့က ပြစ်မှုမကျူးလွန်ဘူး။ ခိုဘွေရပ်ကွက်ကတွေ။” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ အဆိုပါဖမ်းဆီးခံရသူ ၄ ဦးမွာ အရှေ့ခိုဘွေရပ်ကွက်တွင် နေထိုင်ကြသည့် ဦးခင်မောင်၊ ဦးယောဘ၊ ဦးဆန်းအောင်နှင့် ဦးအောင်သူတို့ဖြစ်ကြပြီး ၎င်းတို့သည် အိိမ်ပြန်လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့၏ ရိုက်နှက်ခြင်းကိုလည်း ခံရသည်ဟု သိရသည်။ ယခုလက်ရှိ မတူပီမြို့နယ်တွင် CDF ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ထောက်ပို့လုပ်သည်ဟု သံသယဖြင့် ဖမ်းဆီခံရသည့် ပြည်သူ ၁၉ ဦးရှိပြီး မတူပီ အချုပ်ခန်းတွင် ထားရှိသည်ဟုလည်း သိရသည်။ ဇန္နဝါရီလ ၂၀ ရက်နေ့က မင်းတပ်မြို့မှ စစ်ကောင်စီ စစ်ယာဉ်တန်း ၉၀ ကျော်သည် မတူပီမြို့သို့ ရောက်ရှိနေလာပြီး မြို့တွင်း စစ်တပ်အင်းအား တိုးချဲ့ထားသည့်အပြင် ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းနှင့် သေနတ်ပစ်ဖောက်ခြင်းများကိုလည်း ပြုလုပ်ကြကြောင်း သိရသည်။

Read More

ချင်းပြည်နယ် ဖလမ်းမြို့က အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် စစ်ကိ်ုင်း တိုင်း ကလေးမြို့က လွှတ်တော်ကိုယ်စားလှယ် ၂ ဦးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ချိတ်ပိတ်လိုက် တယ်လို့ သိရပါတယ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်မှာရှိတဲ့ ပြည်နယ်လွတ်တော်အမတ် Pu Ral Hnin (ပူးရာလ်နှင်း) နေအိမ်ကို ယနေ့ဇန်နဝါရီလ ၁၉ ရက်နေ့မှာ စစ်ကောင်စီက ချိတ်ပိတ်လိုက်တာလို့ ဖလမ်းဒေသခံတစ်ဦးကပြောပါတယ်။ “နိုင်ငံတော်အပို်င် သိမ်းတော့မယ်။ ရောင်းဝယ်ခြင်းတွေ မလုပ်ရဆိုပြီး စာကပ်လိုက်တာ။ တခြားအိမ်တွေကို မကပ်ဘူး။ သူ့တစ်ယောက်ထဲအိမ်ပဲ ကွက်ပြီး တော့ကပ်တာ၊” လို့ ဖလမ်းမြို့ခံတစ်ဦးက ပြောပါတယ်။ Pu Ral Hnin ဟာ ၂၀၁၅ ခုနှစ်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ဖလမ်းမြို့နယ်၊ အမှတ် (၁) ပြည်နယ်လွတ်တော်အမတ်အဖြစ် ရွေးချယ်ခံရသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD ပါတီမှ ထပ်မံရွေးချယ်ခံရ သူဖြစ်ပါတယ်။ အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ကလေးမြို့က ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခေါ်) ဒေါ်ရှားမီးရဲ့ နေအိမ်နဲ့ ကလေးမြို့၊ လှိုင်သာယာရပ်ကွက်က တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ်ဒေါ်သန့်ဝေကျော် နေအိမ်တို့ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့ပါတယ်။ “ရဲနှင့် တပ်ပေါ့ ၂ ခုစလုံးကားနဲ့လာပြီး သူတို့အိမ်မှာ စာလာကပ်သွားတယ်” လို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။ ဒေါ်ရှားမီးနှင့် ဒေါ်သန့်ဝေကျော်တို့ဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွေမှာ မျိူးသားဒီမိုကရေစီအဖွဲ့ချုပ်…

Read More

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး-တီးတိန်အကြားမှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီလ ၁၃ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်စည်စီးဆင်းမှုရပ်တန်သွားပြီး တီးတိန်၊ တွန်းဇံ စတဲ့မြို့တွေမှာ ကုန်စျေးနှုန်း ၂ ဆလောက်မြင့်တက်နေတယ်လို့ သိရပါတယ်။ “အခုရက်ပိုင်းမှာပဲ ဆားသုံးဆီ အရင်က ပုံးအဝါ တစ်ပုံးကို ၅ သောင်းကျော်ပဲရှိတာ။ ဒီနေ့မနက်ဆိုရင် ၁ သိန်းလောက်ရှိပြီ။ ပစ္စည်းကလည်း ပြတ်နေပြီ။ စျေးကအဆမတန်တက်နေတာ။ ၂ ဆလောက်တက်တယ်ဆိုတော့ သိပ်အဆင်မပြေဘူး။ အသကုန်ဝယ်ထားကြလို့ ဝယ်ဖို့က သိပ်မရှိတာ။ အဓိက သိုင်းငင်ဖက်မှာ တိုက်ပွဲဖြစ်ကြောင့်။ သွားလို့မရတာ ရက်သတ္တပတ် ကျော်ကြာပြီ။ အလုပ်လု ပ်ဖို့လည်းအဆင်မပြေဘူး၊ ခရီးလည်းသွားလို့မရဘူး” ဟု တီးတိန်ဒေသခံတစ်ဦးက ပြောပါတယ်။ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့ ကလေး-တီးတိန်ကားလမ်းမှာ ဇန်နဝါရီလ ၁၃ ရက်နေ့စပြီး ကလေးမြို့ကနေ တီးတိန်မြို့ဘက်သို့ ကုန်ပစ္စည်းဝင်ရောက်မှု မရှိတော့တာကြောင့် တီးတိန်မြို့မှာ ကုန်ပစ္စည်းတွေ အလုအယှက်ဝယ်ယူနေမှုတို့ကြောင့် လောင်စာဆီတွေလည်း စျေးမြင့်တက်နေပြီး ကုန်ပစ္စည်းအများစုကတော့ ပြတ်လပ်တော့မယ့်အနေအထား ရှိနေပြီလို့သိရပါတယ်။ အလားတူ တွန်းဇံမြို့နယ်မှာလည်း ကုန်ခြောက်ပစ္စည်းများ ဝယ်စရာကုန်နေပြီး အသားငါး ဝယ်ယူစားသုံးရန်အတွက်ပါ ခက်ခဲနေတယ်လို့ တွန်းဇံမြို့က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။ “လမ်းက ဘယ်အချိန်လောက်ဖွင့်မလဲဆိုတာ မသေချာတော့ ကုန်စျေးနှုန်းတွေ အကုန်တက်သွားတာ။ အခုချိန်မှာ ပိုက်ဆံရှိတယ်ဆိုရင်တောင် ဝယ်လို့မရတော့ဘူး အသားတို့၊ ဘာတို့လည်း ဝယ်လို့မရဘူး။ ကျမတို့ မိသားစုတောင်မှ ဒီလိုသတင်းတွေ သိပ်မကြားတော့ ဆန်က တအိတ်တောင်မှမရှိဘူးဖြစ်နေတာ မရတော့ဘူး။ တစ်လ၊ နှစ်လ ပိတ်ရင်တော့ တော်တော်လေးကို ခက်ခဲမှာပဲ” လို့…

Read More