By မိုးကျော်- အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံသို့တရားမဝင်ခိုးဝင်လာသော ဘင်္ဂါလီ (၃) ဦးကို အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်မြို့တွင် ဇွန်လ ၁၈ ရက် နေ့က ဖမ်းဆီးရမိသည်ဟု သိရသည်။ ရိခေါဒါရ်မြို့ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် တစ်ဖက်အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံဖက်သို့ နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂါလီများ ခိုးဝင်လာကြောင်း သတင်းရရှိပြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် တီအိုချောင်းအနီး၌ စောင့်ဆိုင်းနေစဉ် နှစ်နိုင်ငံနယ်စပ်တံတား၏ မြောက်ဘက် (၁)ဖာလုံခန့်အကွာတွင် နယ်စပ်ချောင်းအား ဖြတ်ကျော် လာပြီး အထောက်အထားမဲ့ဝင်ရောက်လာသော ဘင်္ဂလားဒေရှ့်နိုင်ငံမှ ရိုဟင်ဂျာ အမျိုးသား တစ်ဦးနှင့် အမျိုး သမီး နှစ်ဦးတို့အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ရိခေါဒါရ်မြို့ အမှတ် (၁) ရပ်ကွက် အုပ်ချူပ်ရေးမှူးဦးချန့်လျန်နာက “ ဖမ်းတာဟုတ်ပါတယ်၊ မနေ့ကဖမ်းတာပါ ဒီနေ့မှာ ဖလမ်းရဲစခန်းကို လွဲပြောင်းလိုက်တယ်’’ ဟု ပြောသည်။ အဆိုပါ ခိုးဝင်လာသူသုံးဦး တို့သည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စီတောင်းကျေး ရွာတွင် နေထိုင်သော မောင်ဆာဟာနာဇ်အာမစ်၊ မမူနီနာဘယ်ဂမ်လာစတာ (အသက် ၂၆ နှစ်)၊ နှင့် မဘာဘလီဘယ်ဂမ်လာစတာ ( အသက် ၂၀ နှစ်၊)၊ တို့ဖြစ်သည်ဟု သိရသည်။ ၎င်းတို့သည် ဘူးသီးတောင်မြို့နယ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား (Coxbezar)ခရိုင်၊ ကူတူအာလောင်ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ပြီး နှစ်လနီးပါး ခန့် နေထိုင်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ (Silchar) မြို့သို့လည်းကောင်း၊ အာသံပြည်နယ်မှတစ်ဆင့် မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၊ ကျန်ဖိုင်းမြို့များနှင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် (အိန္ဒိယဘက်ခြမ်း) ဇိုခေါထာရ်ကျေးရွာအထိ အမည်မသိပွဲစား တစ်ဦးက လမ်းပြခေါ်ဆောင်လာ၍ မော်တော်ယာဉ်များဖြင့် အဆင့်ဆင့်…
Author: Editor
By လားနွန် – ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်အတွင်းရှိ ဘာသာရေးဆုတောင်းဆောင်တစ်ခုတွင် ခရစ်ယာန် တရားဟောဆရာ ဦးဆွမ်ဇမုန်က အသက် (၁၁) နှစ်အရွယ် (၆) တန်းကျောင်းသူကို အဓမ္မပြုကျင့်သည့် ဖြစ်ရပ် ဇွန်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ကလေးမြို့ မြို့မရဲစခန်းမှသိရသည်။ ကလေးမြို့နယ် ကြို့သုံးပင်ရပ်ကွက်နေ (၆) တန်းကျောင်းသူ မ…..သည် လိမ်မာရေးခြားရှိစေရန်နှင့် အန္တရာ ယ်ကင်းစေရန်ဟုဆိုကာ အဒေါ်ဖြစ်သူက ကြို့သုံးပင် နယ်မြေ(၉) ရပ်ကွက်နေ Fuller Assemble Of God ဖူလာ A.G (အထူးသီးသန့် အသင်းတော်)မှ ပါစတာ(တရားဟောဆရာ) အသက် (၄၅) နှစ်အရွယ် ဦးဆွမ်ဇမုန်ထံသို့ အပ်နှံရာ ပါစတာမှ ဆိုင်ကယ်ဖြင့် တောင်ဖီလာရပ်ကွက် အသင်းတော် ၏ဆုတောင်းဆောင်သို့ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည် ရဲစစ်ချက်မှတ်တမ်းအရသိရသည်။ ယင်းကဲ့သို့ အဓမ္မပြုကျင့်မှုသည် ဘုရားသခင်စေခိုင်းချက်အရ ပြုလုပ်ရခြင်းဖြစ်ကြောင်း မည်သူမျှပြန်မပြောရန် ပါစတာက ပြောကြားကာ နေအိမ်သို့ပြန်လိုက်ပို့ခဲ့သည်ဟု သိရသည်။ ထို့နောက် ည ၇ နာရီတွင် နယ်မြေ (၆) ရပ်ကွက်နေ အဒေါ်ဖြစ်သူထံ သွားရောက်ပြီး ညနေပိုင်းက တောင်ဖီလာဆုတောင်းဆောင်အခန်း၌ ပါစတာမှ သားမယားပြုကျင့်ခဲ့ကြောင်းပြောပြကာ ရဲစခန်း၌တိုင်ကြားခဲ့ပြီး ၁၆ ရက်မနက် ၉ နာရီဝန်းကျင်တွင် အဆိုပါစတာကို ကလေးမြို့ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။ တရားဟောဆရာ ဦးဆွမ်ဇမုန်ကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် အမှုဖွင့်အရေးယူထားပြီး ကလေးမြို့ မြို့မရဲစခန်းတွင် ချူပ်နှောင်ထားသည်ဟု သိရသည်။ ပြီးခဲ့သည့် ၂၀၁၉…
အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ လောင်တလိုင်ခရိုင်နယ်စပ်ဒေသတွင် သွားရောက်ခိုလှုံနေကြသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ရခိုင်တိုင်းရင်းသား စစ်ဘေးရှောင်ပြည်သူများကို နေရပ်ပြန်ပို့ရန် မီဇိုရမ်အစိုးရက စီစဉ်နေသည်ဟုသိရသည်။ အဆိုပါစစ်ဘေးရှောင်ပြည်သူများသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်တပ်ဖွဲ့ (အေအေ) တပ်ဖွဲ့တိုက်ပွဲဖြစ်ပွားမှုကြောင့် မီဇိုရမ်ပြည်နယ်ဘက်သို့ နေရပ်စွန့်ခွါ ထွက်ပြေးခိုလှုံသူများဖြစ်ကြပြီး ယခုလက်ရှိတွင် လောင်တလိုင်ခရိုင် နယ်စပ်ကျေးရွာ Hmawngbuchuah ကျေးရွာတွင် နေထိုင်လျက်ရှိကြသည်။ အစကနဦးပိုင်းတွင် အဆိုပါဒေသသို့ ထွက်ပြေးတိမ်းရှောင်သူများသည် လူဦးရေထောင်ဂဏာန်းအထိရှိခဲ့ပြီး အများ စုမှာ နေရပ်သို့ပြန်သွားကြပြီဖြစ်သည်။ ယခုအခါ ရခိုင်တိုင်းရင်းသား အိမ်ထောင်စု (၅၄) စု လူဦးရေ (၂၁၉) ဦးသာ ကျန်ရှိနေပြီး မီဇိုရမ်ပြည်နယ်အစိုးရက ဇွန်လ ၁၅ ရက်နေ့က ၎င်းတို့နေရပ် ချင်းပြည်နယ်ဘက်သို့ပြန်ပို့ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ Vanglaini တွင်ဖော်ပြထားသည်။ သို့သော်လည်း ရာသီဥတုအခြေအနေနှင့် အခြားသောအကြောင်းကြောင်းကြောင့် အဆိုပါအစီစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။ မီဇိုရမ်အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့ကို မည်သည့်အတွက်ကြောင့် နေရပ်ပြန်ပို့ရန် စီစဉ်သည်ကိုမူ မသိရပေ။ စစ်ဘေးရှောင်ပြည်သူများကတော့ “နေရပ်ကိုမပြန်ချင်ကြဘူး” ဟု ပြောဆိုကြကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြထားသည်။
By လားနွန် – ချင်းပြည်နယ်အစိုးရအဖွဲ့၏ တတိယ (၁) နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို လာမည့်ဇွန်လ (၂၄) ရက်နေ့တွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး သတင်းသွားယူမည့် မီဒီယာများကို မေးခွန်းကြိုပို့ခိုင်းထားသည်။ ယင်းသတင်းစာရှင်းလင်းပွဲတွင် မီဒီယာ (၁) ဖွဲ့လျှင် မေးခွန်းအများဆုံး (၃) ခုသာမေးမြန်းခွင့်ရှိပြီး မေးမြန်းမည့် မေးခွန်များကို ချင်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်/ဆက်) သို့ ဇွန်လ (၁၇) ရက်နေ့နောက်ဆုံးထားပြီး ကြိုတင်ပေးပို့ရမည်ဟု အစိုးရအဖွဲ့၏ ဖိတ်ကြားစာတွင် ဖော်ပြထားသည်။ ဟားခါးမြို့အခြေစိုက် The Hakha Post သတင်းဌာနမှ အယ်ဒီတာချူပ် ကိုပါပွီးကတော့ အစိုးရအနေနဲ့ သတင်းစာရှင်းလင်းပွဲများပြုလုပ်ပေးသည့်အပေါ် ကြိုဆိုသော်လည်း ယခုကဲ့သို့ မေးခွန်းကြိုတောင်းခြင်းသည် မလုပ်သင့်ကြောင်း ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သင့်သည်ဟု သုံးသပ်ပြောဆိုပါသည်။ “ ဒီဟာက သတင်းစာရှင်းလင်းပေးတာလုပ်ပေးတာတော့ ကျနော်တို့ မီဒီယာအနေနဲ့ ကြိုဆိုပါတယ် ဒါပေမဲ့ သူတို့ သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုရင် ဖြစ်နိုင်ရင် ဒီလိုမျိုး ကြိုတင်မေးခွန်းမတောင်းသင့်ဘူးလို့ ကျနော်ထင်ပါတယ် သတင်းစာရှင်းလင်းပွဲဆိုတာက သူတို့ဖက်က ပွင့်လင်းမြင်သာမှုရှိတဲ့ အပိုင်းကိုသူတို့ဖော်ပြသင့်တယ်ပေါ့ အဲဒါကိုဖော်ပြတဲ့အနေနဲ့ ဒီလိုမျိုးမေးခွန်းတွေကို ကြိုတင်မတောင်းဘဲနဲ့ မီဒီယာတွေရှေ့မှာပေါ့နော် ပွင့်လင်းမြင်သာစွာ သူတို့ရဲ့ အဖြစ်မှန်ကို ပွင့်လင်းမှုနဲ့ဖြစ်စေချင်တယ် ပြီးတော့ ကျနော်တို့မီဒီယာအနေနဲ့လည်း မေးခွန်းကြိုမေးတာတော့ ကျနော်တို့မီဒီယာအလေ့အထမဟုတ်ပါဘူး အဲဒါကြောင့် ဒီတစ်ခေါက် ချင်းပြည်နယ်အစိုးရအနေနဲ့ သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုရင် မီဒီယာတွေကို မေးခွန်းကြိုမတောင်းပဲနဲ့ လွတ်လွတ်လပ်လပ်နဲ့ သူတို့ သတင်းစာရှင်းလင်းပွဲလုပ်ရင်တော့ ကောင်းမယ်လို့ ကျနော်ထင်တယ်” ဟု The Hakha Post…
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ မြွေတောင်ဒေသမှ အဖိုးတန်သတ္တုများအား တရားမ၀င် ခိုးယူတူးဖော်နေသည်ဟုဆိုကာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ညောင်ကုန်းကျေးရွာနေ ဦးသန်းဆောင်ကို ဇိုးမီးတော်လှန်ရေးတပ်မတော် (Zomi Revolutionary Army) က ကျည်ဆံတစ်တောင့်နှင့် သတိပေးစာတစ်စောင်ကို ဇွန်လ ၁၃ ရက်နေ့က ပေးပို့သည်ဟု သိရသည်။ ZRA အရှေ့ပိုင်းတိုင်း စစ်ကြောင်းမှူး ဗိုလ်မှူး ဇိုထန် မှ လက်မှတ်ရေးထိုးသည့် အဆိုပါ သတိပေးစာထဲတွင် ဦးသန်းဆောင်သည် ဇိုမီးလူမျိုးတို့၏ ဘိုးဘွားပိုင် မြွေတောင်ဒေသမှ အဖိုးတန် သတ္တုရတနာများကို ကြိမ်ဖန်များစွာ တရားမ၀င် ခိုးယူ တူးဖော်နေကြောင်း ခိုင်လုံစွာ သတင်းရရှိပြီး နောက်နောင်တွင် မိမိတို့ ဇိုမီးတော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း)၏ မျက်ကွယ်တွင် ထပ်မံကျူးလွန်ပါက တော်လှန်ရေး လုပ်ထုံး၊ လုပ်နည်းအတိုင်း အရေယူမည်ဖြစ်ကြောင်း ပထမဆုံးအကြိမ်နှင့်နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်စွာသတိပေးလိုက်သည် ဟု ဖော်ပြထားသည်။ ဇိုမီးတော်လှန်ရေးတပ်မတော်သည် အိန္ဒိယအရှေ့မြောက်ဒေသ မဏိပူရပြည်နယ်တွင် အခြေစိုက်သည့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ မဏိပူရပြည်နယ် Churachandpur ဒေသတွင်အဓိကခြေကုပ်ယူလှုပ်ရှားပြီး မြန်မာပြည်ဘက်ခြမ်းသို့ ၀င်ရောက်လှုပ်ရှားလေ့မရှိပေ။ အိန္ဒိယဗဟိုအစိုးရနှင့်လည်း ငြိမ်းချမ်းရေးရယူထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ ယခု သတိပေးခံရသည့် ဦးသန်းဆောင်သည် မြွေတောင်ဒေသရှိ အဖိုးတန်သတ္တုများကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကတည်းက တရားမ၀င်တူးဖော်လေ့ရှိသည်ဟု နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် တခြားနာမည်ဖြင့် ဆက်လက်တူးဖော်မှုများပြုလုပ်နေသည့်အတွက် ယခုကဲ့သို့ သတိပေးခံရခြင်းဖြစ်နိုင်သည်ဟု မြွေတောင်းအရေးလှုပ်ရှားနေသူတစ်ဦးကပြောသည်။ ဘူမိဗေဒပညာရှင်များ၏ လေ့လာခန့်မှန်းချက်အရ မြွေတောင်ဒေသတွင် အဖိုးတန်သတ္တုများဖြစ်သည့် နီကယ်၊ သံ၊ ခရိုမိုက် စသည့် မက်ထရစ်တန်ချိန်ပေါင်းများစွာထွက်ရှိနိုင်သည်ဟု သိရသည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အစောပိုင်းကလာတွင် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် North Mining…
By လားနွန် – မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) တိုက်ပွဲကြောင့် နေရပ်စွန့်ခွါခဲ့ကြသည့် ချင်းပြည်နယ် ၊ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် မလေးရှားနိုင်ငံသို့ရောက်ရှိနေကြသော ချင်း community မှ ကျပ်ငွေ (၁၈၉) သိန်းကို လှူဒါန်းခဲ့သည်ဟု သိရသည်။ မလေးရှားရောက် ချင်းမျိုးနွယ်စုအဖွဲ့အစည်းအသီးသီးတို့ပူးပေါင်းဖွဲ့စည်းထားသော (Chin Emergency Relief Committee of Malaysia (CERCM)) အမည်ဖြင့် အလှူငွေများကောက်ခံကာ ရရှိလာသည့် အလှူငွေ သိန်း (၁၈၉) ကို စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့မှုဆောင်ရွက်နေသည့် ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်ဟု CERCM မှာ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဆလိုင်းယောမာန်ကပြောသည်။ “ကျနော်တို့ သွေးချင်းညီအစ်ကိုများ(ပလက်ဝ) အခုလိုစစ်ဘေးဒုက္ခခံစားနေရတာဟာ ကျနော်တို့အနေဖြင့် ထပ်တူထပ်မျှခံစားရတယ်၊ သူတို့ခံနေတဲ့ဟာကို ကိုယ်ချင်းစာတယ်၊ သူတို့ဖက်မှာ ကျနော်တို့ရှိနေတယ်ဆိုတာကို မေတ္တာပြတဲ့အနေနဲ့ ကူညီတာဖြစ်တယ်၊ တပ်မတော်ရော AA အနေနဲ့ စစ်ပွဲအစား ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာစေချင်တယ်၊ စစ်ပွဲဟာ ဘယ်သူ့ကိုမှ ကောင်းကျိုးမပေးသလို ဘယ်အဖွဲ့အစည်းကိုမှ ကောင်းကျိုးမပေးဘူး၊ အပြစ်မဲ့ပြည်သူတွေကိုပဲ ထိခိုက်နစ်နာစေတယ်၊ စစ်တိုက်ပြီး ကုန်ကျစရိတ်ကို ငြိမ်းချမ်းရေးအသုံးစရိတ်မှာ အသုံးပြုပြီး ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာစေချင်တယ်၊ AA အနေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စစ်ပွဲမဖန်တီးသင့်ဘူး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးထိခိုက်စေတယ်” ဟု ဆလိုင်းယောမာန်ကပြောသည်။ (CERCM) အဖွဲ့အစည်းတွင် CNF Regional Committee (Malaysia) ၊ ချင်းဒုက္ခသည်ကွန်မြူနီတီများဖြစ်ကြသော ACR, CRC, DAI, FRO, ZAM (၅) ဖွဲ့၊ မလေးရှားချင်းခရစ်ယာန်မိတ်သဟာယနှင့်အသင်းတော်များ၊ Chin Christian…
By လားနွန် – ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးတက္ကသိုလ်သို့ ပညာဆက်လက်သင်ယူရန် အခက်အခဲဖြစ်နေသည့် ချင်းကျောင်းသား/သူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်မည့် အစီစဉ်တရပ်ကို The Hills Education နှင့် The Chinbridge Institute တို့က စတင်လိုက်ပြီဖြစ်သည်။ တက္ကသိုလ်ဆက်တက်ချင်သော်လည်း အခြေနေတရပ်ရပ်ကြောင့် မတက်ရောက်နိုင်သည့် ချင်းကျောင်းသား/သူ များ၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် The Hills Educatioan နှင့် ပူးပေါင်းပြီး ယခုကဲ့သို့ ပညာသင်ထောက်ပံ့ကြေးကို ပေးအပ်ရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်ဟု The Chin bridge Institute မှ ညွန်ကြားရေးမှူးချူပ် ဗန်ကျူံးလျန်ကပြောသည်။ “ကျောင်းတက်ချင်ပေမဲ့မတက်နိုင်တဲ့ကျောင်းသူ၊ ကျောင်းသားတွေကို သူတို့ဆန္ဒတွေဖြစ်စေဖို့ တတ်နိုင်ဖို့ ကျနော်တို့ အဲဒါကိုကြိုးစားပေးတယ် နောက်တစ်ခုကတော့ ဒီပညာသင်ထောက်ပံ့စရိတ်ကိုရတဲ့သူက အဲဒီပိုက်ဆံတစ်ခုတည်းကိုမပေး ပဲနဲ့ သူတို့ကို ရှေ့ဆောင်လမ်းပြမှုတွေကိုပါ ပေးမှာ သူတို့ရဲ့ ပညာသင်စွမ်းရည်ကျွမ်းကျင်မှုတွေကိုပါ ပေးမှာ၊ ဆိုတော့ ကျနော်တို့ရည်ရွယ်ချက်ကတော့ ကျနော်တို့ဒီချင်းကျောင်းသူ၊သားတွေကနေ နောင်မှာတစ်ကယ့် ပညာရှင်လို့ပြောမလား နိုင်ငံရေးအသိုင်အ၀ိုင်းမှာပဲဖြစ်ဖြစ် ပညာရှင်အသိုင်းအ၀ိုင်းမှာပဲဖြစ်ဖြစ် ပါဝင်လာနိုင်တဲ့ ကျောင်းသူကျော င်းသားတွေ မွေးထုတ်ဖို့ ကျနော်တို့ရည်ရွယ်ပြီးလုပ်တာဖြစ်တယ်” ဟု ဗန်ကျုံးလျန်ကပြောသည်။ ၂၀၁၉ ခုနှစ်အတွက် ပေးအပ်မည့် ပညာသင်ထောက်ပံ့ကြေးအစီစဉ်တွင် ကျောင်းသား/သူ (၂) ဦးသာ ရွေးချယ်မည်ဖြစ်ပြီး ထောက်ပံ့ကြေးတစ်ဦးစာသည် အမျိုးသမီး(မိန်းကလေး)များအတွက် သီးသန့်လျာထားကာ၊ ကျန်ထောက်ပံ့ကြေးတစ်ဦးစာသည် အမျိုးသားနှင့် အမျိုးသမီးများအတွက် လျာထားသည်ဟု သိရသည်။ အဆိုပါထောက်ပံ့ကြေးကို www.thehillseducation.com (သို့) info@thehillseducation.com သို့ လျှောက်ထားမေးမြန်းနိုင်ပြီး ဇူလိုင် (၃၁) နေ့အထိ မည်သူမဆိုလျှောက်ထားနိုင်သည်ဟု…
မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) တို့အကြား တိုက်ပွဲပြင်းထန်မှုကြောင့် ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးခိုလုံလာသည့် စစ်ဘေးရှောင်ပြည်သူ ၇၀၀ ကျော်ရှိနေပြီဟု သိရသည်။ ယခုလက်ရှိတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားမှုမရှိသော်လည်း ဇွန်လ ၇ ရက်နှင့် ၈ ရက်နေ့များက ပလက်ဝမြို့မှ ၇ မိုင်ကျော်ကျော် ခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ပိန္နဲတပင်၊ သဲမချောင်းထဲ၊ ကျောက်ပျဉ်ထောင့်၊ ကြွေသောင်နှင့် လောင်းတင် စသည့်ကျေးရွာ (၅) ရွာမှ ဒေသခံပြည်သူ အိမ်ထောင်စု ၁၄၃ စု၊ လူဦးရေ ၇၂၂ ယောက်တို့ ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးခိုလုံလာကြသည်ဟု ပလက်ဝမြို့နယ် လူမှုကူညီရေး ပရဟိတအဖွဲ့၏ စာရင်းအရသိရသည်။ ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်ပြည်သူအများစုသည် နီးစပ်ရာဆွေမျိုးအိမ်တွင် နေထိုင်ကြပြီး တစ်ချို့ကိုတော့ NLD ရုံး၊ ကြံ့ခိုင်ရေးရုံးနှင့် အင်္ဂလီကန်အသင်းတော်ပိုင်ဝန်းထဲတွင် နေရာချပေးထားသည်ဟု သိရသည်။ ယခုလက်ရှိအခြေအနေတွင် ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့က စစ်ဘေးရှောင်ပြည်သူများကို တစ်ရက်လျှင် မိသားစုတစ်ခုအတွက် ကျပ်ငွေနှစ်ထောင်စီ၊ လူတစ်ယောက်စာအတွက် ဆန် ၂ ဖူးစီဖြင့် ကူညီထောက်ပံ့ပေးလျက်ရှိသည်ဟု လူမှုကူညီရေးပရဟိတအသင်းမှ ကိုကျော်ခင်ကပြောသည်။ “အလှူရှင်တွေက လှူထားတဲ့ဟာတွေနဲ့ခွဲတမ်းချပြီး ထောက်ပံ့ပေးနေရတယ်၊ မနေ့ကလည်း နှစ်ခြင်းအသင်းတော်က ငွေကြေး ၅ သိန်းလှူထားတယ် ပြည်နယ်အစိုးရကလည်း ဆန်အိတ်ပေါင်း ၅၀၀ လှူထားတာရှိတယ်ပေါ့နော် အဲဒါတွေနဲ့ ခွဲတမ်းချပြီးထုတ်ပေးနေတယ် လောလောဆယ်တော့ ဒီလိုနဲ့ပဲဖြေရှင်းနေကြရတယ်၊ တစ်ချို့ကျတော့ အ၀တ်အစားတွေပါမလာတဲ့သူတွေရှိတော့ အ၀တ်စားလိုအပ်ချက်တွေရှိတယ်၊ဘယ်ချိန်ထိနေကြမလဲဆိုတာလည်းပြောမရတော့ ကြာလာရင်တော့ ခက်ခဲလာနိုင်တယ်’’ ဟု ကိုကျော်ခင်ကပြောသည်။ ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့၏ စာရင်းအရ ပလက်ဝမြို့နယ်တွင်…
By လားနွန် – ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်နှင့် စည်ပင်ဝန်ကြီးဟောင်း ဆလိုင်း အိုက်ဇက်ခင်တို့ကို အွန်လိုင်းမှတဆင့် ခြိမ်းခြောက်ခံရမှုကို စုံစမ်းစစ်ဆေးနေပြီး ခိုင်လုံသော သက်သေ အထောက်အ ထားရရှိပြီးပါက အရေးယူမည်ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။ “လူမှုကွန်ယက်မှာ လူတစ်ဦးတစ်ယောက်ကိုခြိမ်းခြောက်ပြီးတော့ ဓာတ်ပုံနဲ့ ခြိမ်းခြောက်လုပ်တာတွေကို အရေးယူဖို့ ဆောင်ရွက်နေပါတယ် ဘယ်သူတွေလုပ်မယ်ဆိုတာလည်း ကျနော်တို့သိပါတယ် ကျန်းမားရေးဝန်ထမ်းတွေပါတယ် ပညာရေးဝန်ထမ်းတွေပါတယ် အဲဒီလိုလက်တစ်ဆုပ်စာလူတွေက လုပ်နေတာ ကျနော်တို့ဒီချင်းပြည်နယ် ပလက်ဝမှာ ရခိုင် နဲ့ ချင်း အမုန်းတရားပွားအောင်ဒီလူတွေက ဖန်တီးနေတာ အဲဒါမျိုးတွေကိုကျနော်ဖော်ထုတ်ပြီး အရေးယူဖို့၊ ကျနော်တို့သတင်းအချက်အလက်တွေကို စုနေတယ် စုံလို့ရှိရင် ခိုင်လုံတဲ့ သက်သေအထောက်အထားရှိတဲ့အချိန်မှာ အရေးယူမယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ ၀န်ကြီးဦးစိုးထက်နှင့် ဆလိုင်းအိုက်ဇက်ခင်တို့သည် Paletwa Township News အွန်လိုင်းစာမျက်နှာတွင် “ခွေး နှစ်ကောင်ထဲက ခမီးတစ်ကောင်ကို ငရဲပြည်ပို့ပေးရမယ်” “မကြာမီ မျှော်” ဟု ဇွန်လ ၆ ရက်နေ့က ဓာတ်ပုံနှင့်တကွတင်ထားပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရခြင်းဖြစ်သည်။ အွန်လိုင်းမှတဆင့် ခြိမ်းခြောက်သူများသည် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) ကို ထောက်ခံသူလူတစ်စုနှင့် ပလက်ဝမြို့ပေါ်ရှိ အစိုးရ၀န်ထမ်းတစ်ချို့လည်းပါဝင်ပြီး ဒေသတွင်းဆူပူအောင်နှင့် လူမျိုးရေးမုန်းတီးရေးဖြစ်ပွားအောင် ဖန်တီးသူများကို လက်ခံနိုင်စရာအကြောင်းမရှိဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။ ယခုကိစ္စနှင့်ပတ်သက်၍ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှို့နှိုင်းရေးကော်မတီ (KACC) က ဇွန်လ (၈) ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ယခုကဲ့သို့ အသက်အန္တရာယ် ခြိမ်းခြောက်မှုပြုလုပ်သည့်လုပ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း မလိုလားအပ်သည့် နားလည်မှုလွဲမှားခြင်း၊ အမုန်းတရားများ မကြီးထွားစေရေးအတွက် ချင်းနှင့်ရခိုင် တိုင်းရင်းသားဘာသာရေးခေါင်းဆောင်များ…
By လားနွန် – ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်လိုက်ပြီး ချင်းပြည်နယ်သည် ယခင်နှစ်ထက် အောင်ချက်တိုးလာသော်လည်း တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် အောင်ချက်အနိမ့်ဆုံးပြည်နယ်ဖြစ်သည်။ ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၁၀၇၇၁ ဦးရှိသည့်အနက် ၂၁၁၀ ဦးအောင်မြင်ပြီး အောင်ချက်အားဖြင့် ၁၉.၅၉ ရာခိုင်နှုန်းရှိသည်။ ဂုဏ်ထူးဖြင့်အောင်မြင်သူ ၂၅၃ ဦးရှိပြီး ငါးဘာသာ (၁) ဦး၊ လေးဘာသာ (၁) ဦး၊ သုံးဘာသာ (၄) ဦး၊ နှစ်ဘာသာ (၃၉) ဦးနှင့် တစ်ဘာသာ (၂၀၈) ဦးရှိသည်ဟု သိရသည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ချင်းပြည်နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ဦးရေ ၁၀၁၆၈ ဦးရှိခဲ့ပြီး ၁၆၉၂ ဦးအောင်မြင်ပြီး ရာခိုင်နှုန်းဖြင့် ၁၆.၆၄ အောင်ချက်ရှိခဲ့သည်။ ယခုနှစ်အောင်ချက်သည် ယမန်နှစ်အောင်ချက်နှင့် နှိုင်းယှဉ်ကြည့်ပါက ၃ ရာခိုင်နှုန်းခန့်တိုးလာသည်ကို တွေ့ရသည်။ သို့သော်လည်း တစ်နိုင်ငံလုံးအောင်ချက်အတိုင်းအတာနှင့် ယှဉ်ကြည့်ပါက ချင်းပြည်နယ်သည် အောင်ချက် အနိမ့်ဆုံးပြည်နယ်ဖြစ်ပြီး မွန်ပြည်နယ်သည် ၃၇.၅၄ ရာခိုင်နှုန်းဖြင့် အောင်ချက်အမြင့်ဆုံးပြည်နယ်ဖြစ်သည်။ ချင်းပြည်နယ်သည် ယမန်နှစ်ထက် အောင်ချက်တိုးတက်မှုရှိလာသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြားတိုင်းနှင့်ပြည်နယ်ကျော်လွှားနိုင်ရန်အတွက် ကျောင်းသားတွေမှာလည်းအများကြီးမူတည်ကာ မိဘ၊ ဆရာများ၏ ကူညီပံ့ပူးမှုသည်လည်းအများကြီး လိုအပ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့် ထန်ကပြောသည်။ “ချင်းပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာမှာတော့ တိုးတက်မှုရှိတယ် ပြီးခဲ့တဲ့နှစ်တုန်းကထက်ပေါ့နော် အခု ၁၉ ကျော်သွားပြီဆိုတော့ နည်းနည်းတော့တက်တယ် ဒါပေမဲ့တစ်နိုင်ငံလုံးအတိုင်းအတာ ပြန်ကြည့်မယ်ဆိုရင် ပလက်ဝကတော့မတက်လာနိုင်သေးဘူး ဒါလည်းအကြောင်းများကြီးရှိပါတယ် ကျောင်းဆရာ၊မ…
