မီဇိုရမ်ပြည်နယ်ရှိ နိုင်ငံရေးပါတီတစ်ခုဖြစ်သော Mizo National Front (MNF) အနေဖြင့် နိုင်ငံတကာရှိ Zofate ဇိုး(ချင်း)မျိုးနွယ်စုများ နေထိုင်သည့် နယ်နမိတ်အားလုံး အုပ်ချုပ်မှုတစ်ခုအောက်တွင်ရှိရေး လုပ်ဆောင်လျှက်ရှိပြီး ဆက်လက်ဆောင်ရွက်သွားမည်ဟု ပါတီ ဒု-ဥက္ကဌ Dr R Lalthangliana က ပြောသည်။ အဆိုပါကိစ္စကို ဒီဇင်ဘာ ၆ ရက်နေ့၌ ကျန်ဖိုင်းမြို့တွင် ပြုလုပ်ကျင်းပခဲ့သည့် Socio Economic Development Policy (SEDP) သင်တန်းပြုလုပ်ရာတွင် ဧည့်သည်တော်ကြီးအဖြစ် ဖိတ်ကြားထားခြင်းခံရသည့် MNF ပါတီ ဒုဥက္ကဌက ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း မီဇိုရမ်ဒေသထုတ် The Aizawl Post သတင်းစာတွင် ဖော်ပြသည်။ “လာမယ့် ၂၀၁၈ ခုနှစ်တွင် MNF ပါတီ အစိုးရဖြစ်လာပါက အနယ်နယ်အရပ်ရပ်မှာရှိနေကြတဲ့ ဇိုး(ချင်း)မျိုးနွယ်စုများ တလုံးတဝ တည်းရှိနိုင်ရေးအတွက် International Zofa Convention နှင့် Cultural Meet တို့ကို ပြုလုပ်သွားရန် SEDP အနေဖြင့် ရည်ရွယ် ထားတယ်” လို့ ပြောသည်။ ၄င်းကိစ္စကို အကောင်ထည်ဖော်ဆောင်နိုင်ရန်အတွက် ဇိုး(ချင်း)မျိုးနွယ်စု အများစုနေထိုင်သည့်နေရာများကို သွားရောက်ကြရန် အစီအစဉ်များရှိကြောင်း Dr R Lalthangliana ပြောဆိုခဲ့ပြီး Tripura ပြည်နယ်ကို MNF ပါတီ ဥက္ကဌ Pu Zoramthanga သွားရောက်ရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို senior ဒု-ဥက္ကဌ Pu Tawnluaia နှင့် ဘဏ္ဍာထိန်း Pu Vanlalzawma တို့…
Author: Editor
မြန်မာတပ်မတော်နှင့်ရခိုင်တပ်မတော် (အေအေ) တို့အကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပလက်ဝမြို့နယ်အတွင်း တည်ငြိမ်မှု မရှိသည့်အပေါ် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံတွင်း စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံထားသည့် Act East Policy ကို ထိခိုက်လာနိုင် ကြောင်း သတင်းရရှိသည်။ မြန်မာတပ်မတော်နှင့် အေအေ တို့အကြား ပစ်ခတ်တိုက်ခိုက်သည့်နေရာသည် ပလက်ဝမြို့နယ်အတွင်းမှာ ဖြစ်နေသည့်အတွက် ဒီနေရာဒေသတွင် အမြန်ဆုံးနယ်မြေတည်ငြိမ်မှုမရှိပါက Act East Policy နှောင်းနှေးလာနိုင်သလို ကုန်သွယ်ရေးခက်ခဲမှု ရှိလာနိုင်တယ်လို့ မီဇိုရမ်ဒေသထုတ် The Aizawl Post သတင်းစာတွင် ဖော်ပြသည်။ ရေးကြောင်းအားဖြင့် အိန္ဒိယ-မြန်မာကို ကုန်သွယ်ပေးရန်အတွက် Kaladan Multi Modal Transport Project ခေါ် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း အောက်မှာ အဓိကဖြစ်သည့် ပလက်ဝမြို့တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်မှုမှာ ပြီးသလောက်ရှိနေပြီဖြစ်သော်လည်း တိုက်ပွဲကြောင့် လုပ်ငန်းယာယီရပ်နားထားရတယ်လို့ မြန်မာနိုင်ငံမှ သတင်းရရှိကြောင်း အဆိုပါ သတင်းစာတွင် ထပ်မှန်ဖော်ပြသည်။ ကုလားတန်မြစ်ကြောင်းစီမံကိန်းသည် မြန်မာနိုင်ငံရခိုင်ပြည်နယ်တွင် ရေနက်ဆိပ်ကမ်းတည်ဆောက်ခြင်း၊ ယင်းမှ ပလက်ဝမြို့အထိ ပြည်တွင်းရေကြောင်းကို အသုံးပြုကာ ပလက်ဝမြို့မှစတင်၍ အဝေးပြေးလမ်းမှတစ်ဆင့် အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်အထိ ဆက်သွယ်မည့် စီမံကိန်း တစ်ခုဖြစ်သည်။ ယင်းကုလားတန်စီမံကိန်းသည် စုစုပေါင်း ကန်ဒေါ်လာ ၂၁၄ သန်းခန့်ကုန်ကျနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားပြီး စီမံကိန်း တစ်ခုလုံးအား အိန္ဒိယဘက်မှ အကုန်အကျခံ ဆောင်ရွက်နေခြင်းဖြစ်ပြီး ၄င်းမှာ အိန္ဒိယမှ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံထားသည့် အကြီးဆုံးသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတစ်ခုလည်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားသည့်နေရာများတွင်ရှိသော ပြည်သူများကို အေအေတပ်မတော်မှ လက်ရှိအခြေအနေမှာ ရေကြောင်းအားဖြင့်…
By CL ထန်းငါ – ၀န်ကြီးဦးရွှေထီးအို (ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန) ကျွန်တော်တို့အစိုးရတက်ကတည်းက ချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးရေးကို အဓိကထားပြီးလုပ်နေပါတယ်။ လမ်းမိုင်ပေါင်း ၅၀၉ မိုင်ရှည်လျားတဲ့ ပလက်ဝ-ကျီခါးလမ်းကို နွေမိုးဆောင်းသွားလုပ်ရအောင် စီမံကိန်းချပြီး ပြည်နယ်လွှတ်တော်ရဲ့ အဆုံးအဖြတ်နဲ့ ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ သဘောတူညီမှုဖြင့် လျာထားပြီးသားဖြစ်ပါတယ်။ အခုလုပ်ငန်းဆောင်ရွက်နေတုန်းလည်းဖြစ်တယ်။နောက်ပြီးတော့ လမ်းတံတား ပျက်စီးလွယ်တဲ့နေရာမှာ ကျောက်ချောခင်းတယ်၊ မြောင်းစနစ်တကျနဲ့ လုပ်တယ်။ တချို့နေရာမှာ Retaining Wall လုပ်မယ်၊ လမ်းသားတွေကို သာမန် ၃၄ ပေကနေ ၇၀ ပေအထိ လမ်းချဲ့ဖို့လည်းရှိတယ်။ ဒီဥစ္စာကို ဒုတိယ၀န်ကြီးကလည်း လမ်းညွှန်ပြီးသားဖြစ်ပါတယ်။ ပြီးတော့ ကလေး-ဖလမ်း-ဟားခါး လမ်းကို ၂၀၁၈ ခုနှစ် နွေရာသီလောက်မှာတော့ World Bank အကူညီနဲ့ ကတ္တရာခင်းဖို့ ရှိပါတယ်။ အခုလည်း ဒီလိုဖြစ်နိုင်ဖို့အတွက် လမ်းသားချဲ့တာတို့ မြောင်းဖောက်တာတို့ လုပ်နေတုန်းဖြစ်ပါတယ်။ စွန့်ပစ်မြေနဲ့ ပတ်သတ်ပြီး ဒီနှစ်ကနေစပြီး သယ်ပစ်စနစ် သုံးတော့မယ်။ မြေစာတွေ တစ်နေရာမှာမထားဘဲ သယ်ပြီးတော့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လမ်းပိုင်းကျွမ်းကျင်လူနဲ့ ညှိနှိုင်းပြီးတော့ ပစ်မယ့်နေရာသတ်မှတ်ထားမယ်။ အရင်တုန်းက ရတဲ့ငွေပေါ်မူတည်ပြီးတော့ ဥပမာ သိန်း ၁၀၀ ရတယ်ဆိုရင် သိန်း ၁၀၀ တန်အောင်ဆိုပြီး အဲဒီနေရာမှာပဲ ပစ်တယ်။ ၁၀ မိုင်လုပ်တဲ့နေရာမှာ ၁၀ မိုင်အပြည့်လုပ်လို့ရတယ်ဆိုတဲ့သဘောပါ။ ဆိုတော့ မြေစာက လေးတဲ့ခါကျတော့ စွဲသွားတယ်၊ အိသွားတယ်၊ ပြိုသွားတယ်။ အခုမှာတော့ ၁၀ မိုင်လုပ်မယ့်ဥစ္စာကို ၆ မိုင်ခွဲ ၇ မိုင်လောက်ပဲ လုပ်လို့ရမယ်။ ရန်ပုံငွေပေါ်မှာ…
https://youtu.be/oTBQ2qTdcMM
ချင်း (ဇိုမျိုးနွယ်စု)များအတွက် အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့် တမူးမြို့နယ် ခမ်းပတ်ကျေးရွာတွင် တည်ရှိသော ညောင်ပင်အို (Bungpui) အကြောင်းနှင့် မြန်မာနိုင်ငံရှိ မီဇိုးလူမျိုးများ၏သမိုင်းအကြောင်းအရာကို ရေးသားပြုစုထားသည့် စာအုပ် Khampat Bungpui နှင့် History of Mizo in Burma ဆိုသည့် စာအုပ်ကို မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့၌ ဖြန့်ချီခဲ့ကြောင်း သိရသည်။ အဆိုပါ စာအုပ်ဖြန့်ချီခြင်းအခမ်းအနားကို မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်မြို့ရှိ Zonet Studio တွင် ခမ်းပတ် ညောင်ပင်အို ထိန်းသိမ်းစောင်ရှောက်ရေး ကော်မတီမှ ပြုလုပ်ခဲ့ပြီး Art & Cultural director R.Hmingthanzuala က စာအုပ်ကိုဖြန့်ချီ ပေးခဲ့ကြောင်း မီဇိုရမ်ဒေသထုတ် The Aizawl Post သတင်စာတွင် ဖော်ပြသည်။ ချင်း(ဇိုး) မျိုးနွယ်စုများရဲ့ အမွေနှစ်ဖြစ်သည့် ခမ်းပတ်ညောင်ပင်အိုအကြောင်းနှင့် ကော်မတီရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုပုံစံများကို ရေးသားပြုစုထားပြီး ယခုလို စာအုပ်ဖြစ်အောင် ထုတ်ဝေနိုင်ခြင်းဟာ ချင်း(ဇိုး)မျိုးနွယ်စုများအတွက် ကောင်းမွန်သည့်အရာဖြစ်ပြီး မျိုးဆက်သစ်လူငယ်များအတွက် အကျိုးရှိတဲ့ စာအုပ်ဖြစ်မယ်လို့လည်း Art & Cultural director က ပြောသည်။ ခမ်းပတ်ညောင်ပင်အိုထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ မှတ်တမ်းပြုစုချက်အရာ အဆိုပါ ညောင်ပင်အို ထိန်းသိမ်းဖို့အတွက် ငွေကြေးအများဆုံး လှူဒါန်းသူမှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ပူးဇိုးရမ်းထန်းငါ ဖြစ်ပြီး ရူပီး ၅ သိန်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ၂၀၀၇ ခုနှစ်က ရေတိုက်စားမှုကြောင့် ထိုညောင်ပင်အိုကြီးမှာ ပျက်ဆီးသွားနိုင်သောကြောင့် အချိန်မှီ…
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော် (AA) နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲများကြောင့် မီဇိုရမ်ပြည်နယ် ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင် မြန်မာဒုက္ခသည်များ တိုးလာကြောင်း သိရသည်။ မီဇိုရမ်တောင်ပိုင်း လောင်တလိုင်မြို့ရှိ ရဲမှတ်တမ်းပြုစုချက်အရ နိုဝင်ဘာ ၂၇ ရက်နေ့မှာ စစ်ဘေးရှောင် ပြည်သူ ၁၃၀၀ ခန့်ရှိကြောင်း ဖော်ပြပြီး ယခုအခါ နိုဝင်ဘာ ၃၀ ရက်နေ့အထိ စာရင်းအရ လူဦးရေ ၁၆၁၅ ဦးအထိ တိုးလာကြောင်း ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ လောင်တလိုင်မြို့နယ်ရှိ ကျေးရွာ လေးရွာတို့တွင် ထွက်ပြေးတိမ်းရှောင်လာကြသော ဒုက္ခသည်များအတွက် မီဇိုရမ်အစိုးရမှ refugee စခန်းပြုလုပ်ပေးခဲ့ပြီး အဆိုပါ ဒုက္ခသည် အများစုကိုတော့ ထို refugee camp တွင် ထားရှိနေပြီဖြစ်ကြောင်း သိရသည်။ လောင်တလိုင်မြို့နယ်ရှိ ရဲမှတ်တမ်းအရ Zochachhuah ကျေးရွာတွင် (၇၀၇ ဦး)၊ Laitlang ကျေးရွာတွင် (၄၄၃ ဦး)၊ Dumzautlang ကျေးရွာတွင် (၂၄၀ ဦး) နှင့် Hmawngbuchhual ကျေးရွာတွင် (၂၂၅ ဦး) အသီးသီးရှိပြီး ၄င်းအပြင် ရွာထဲကို ရောက်မလာသေးဘဲ အိန္ဒိယ-မြန်မာနယ်စပ်ဒေသတစ်ဝိုက်တွင်လည်း ဒုက္ခသည်များရှိနေသေးကြောင်းနှင့် အဆိုပါ ဒုက္ခသည်များ ကို စာရင်းပြုစုလို့မရသေးကြောင်း ထပ်မှန်သိရသည်။ ယခုလို မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အဝတ်အစားများကို Central Young Lai Association မှ လောင်တလိုင်မြို့တွင် ကောက်ခံလျှက်ရှိကြောင်း သိရသည်။
https://youtu.be/Q0vadRVCA4U
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်း – ဟားခါးမြို့အထိ ဆက်သွယ်ထားသော ကားလမ်းမကြီးကို နိုင်လွန်ကတ္တရာခင်းရန်အတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၆၀ ထုတ်ချေးမယ့်အစီစဉ်ကို ပြန်ရုပ်သိမ်းခြင်းမဟုတ်ဘဲ တင်ပြတဲ့အဆင့်သာရှိသည်ဟု ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယိုကပြောသည်။ “ရုပ်သိမ်းတယ်ဆိုတဲ့ဥစ္စာက မဟုတ်သေးပါဘူး၊ လေ့လာရေးအဖွဲ့တစ်ဖွဲ့လာပြီးတော့ သူတို့ရဲ့တင်ပြချက်အရ လယ်ယာတွေ ပျက်စီးပါတယ်၊ ကျောင်းတွေပျက်စီးပါတယ်၊ တကယ်တော့ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးတဲ့ဟာကို လျော်ကြေးတွေရလားလို့မေးတယ် ဖြေတဲ့သူကလည်းအခြေအနေကိုမသိတော့မရတဲ့အကြောင်းတွေဖြေတယ်၊ အဲဒီလူကနေပြီးတော့ Country Director ဆီကို စာရေးတယ်၊ Country Director ကနေပြီးတော့ ဆောက်လုပ်ရေးပြည်ထောင်စုဝန်ကြီး မပေးသင့်ဘူး ပြည်သူလူထုနစ်နာပါတယ်ဆိုပြီးတော့ စာရေးအကြောင်းကြားတယ်၊ ရုပ်သိမ်းတယ်မရုပ်သိမ်းဘူးဆိုတာ မရှိသေးပါဘူး’’ ဟု ၀န်ကြီးဦးရွှေထီးယိုကပြောသည်။ ကလေး-ဖလမ်း-ဟားခါး ကားလမ်းတိုးချဲ့ဖောက်လုပ်ခြင်းကို ဆောင်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူပြီး ၂၀၁၆ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းကားလမ်းတိုးချဲ့ဖောက်လုပ်မှုကို လေ့လာရေးအဖွဲ့တစ်ဖွဲ့မှ သွားရောက်လေ့လာရာတွင် သဘာဝပတ်ဝန်းကျင် နှင့် လူမှုဘ၀ထိခိုက်နစ်နာမှုများတွေ့ရှိရသည်ဟုတင်ပြချက်အရ ကမ္ဘာ့ဘဏ်မှ Country Director Ellen A. Goldstein က ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်ထံ ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့က စာရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ် တာဝန်ရှိသူများအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ရေးဝန်ထမ်းများ ထံ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ် ၊ နိုဝင်ဘာ နှင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလများတွင် လိုအပ်သည့် သင်တန်းများပို့ချပေးပြီးဖြစ်သော်လည်း အမှန်တကယ်လုပ်ငန်းအကောင်အထည်ဖော်သည့်အချိန်တွင် လုပ်ငန်းအပေါ် ဂရုစိုက်မှုအားနည်းခြင်း၊ လုပ်ငန်းအပေါ် ကျေပွန်မှုမရှိခြင်း၊ ကျန်းမာရေးပိုင်းထိခိုက်စေနိုင်ခြင်းနှင့် အမှိုက်မြေဇာများ စနစ်တကျစွန့်ပစ်မှုမရှိခြင်းတို့ကို တွေ့မြင်ရသည်ဟု…
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကုန်ုပြင်ရွာမှ စစ်ဘေးဒုက္ခသည်များအား နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စားနှိပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့သည်။ အဆိုပါ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကူညီခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၆ ရက်နေ့မနက်ပိုင်းက ပလက်ဝမြို့တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ချင်းပြည်နယ်၊ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်၊ နိုင်ငံကျော် ပရဟိတမင်းသား ဝေဠုကျော်၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းမှတာဝန်ရှိသူများ၊ တိုက်ပွဲရှောင်ပြည်သူများ စုစုပေါင်း ၇၅ဦး တက်ရောက်ခဲ့ကြသည်။ တိုက်ပွဲရှောင်ပြည်သူ မိသားစု ၆၇စု၊ လူဦးရေ ၃၃၄ဦးအတွက် အစိုးရမှ ဆန် ၁၀၄ အိတ်၊ ချင်းပြည်နယ်အစိုးရနှင့်ပူးပေါင်း၍ လှူဒါန်း ကြသော အလှူရှင်များမှ ဆန် အိတ် ၂၀၀၊ ဆီ ၆၇ပိဿ၊ ဆား၆၇ပိဿ၊ ပဲ ၆၇ပိဿနှင့် မြန်မာ့တပ်မတော်မှ ဆန် ၁၀အိတ် စသည်တို့ လှူဒါန်းခဲ့ကြကြောင်း သိရပြီး ယခုကဲ့သို့ လှူဒါန်းခဲ့သော စားနှိပ်ရိက္ခာတန်းဖိုးမှာ ကျပ်ငွေ ၇၆၉၇၇၀၀ ကျပ် ရှိကြောင်း သိရသည်။ ပလက်ဝမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်များမှာ ကူညီထောက်ပံ့မှုများ လိုအပ်နေသော်လည်း လုံခြုံရေးကြောင့် မြန်မြန်ဆန်ဆန် ကူညီမထောက်ပံ့နိုင်ခြင်းဖြစ်ကြောင်း လွန်ခဲ့သည့်ရက်ပိုင်းအနည်းငယ်က ချင်းပြည်နယ်၊ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဆလိုင်း အိုက်ဇက်ခင် က ပြောဆိုခဲ့ပြီး ယခုအခါ တိုက်ပွဲရှောင်မိသားစုများအတွက် ပထမဆုံးရရှိသော အကူအညီဖြစ်ကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း ပလက်ဝမြို့နယ်တွင် အစိုးရတပ်မတော်နှင့် ရက္ခိုင်တပ်မတော်ကြား စစ်ပွဲများကြောင့် ဒုက္ခရောက်ခဲ့ရသည့်…
ချင်းပြည်နယ်အတွင်းရှိ ပြည်သူများလုံခြုံရေးနှင့် အရပ်သားများကို အကာအကွယ်ပေးရေးအတွက် လုပ်ဆောင်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် နိုဝင်လဆန်းပိုင်းကစတင်ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အရပ်သားများသေဆုံးမှုရှိသကဲ့သို့ ဒေသခံပြည် သူ ၃၀၀ ကျော် နေရပ်စွန့်ခွါစစ်ဘေးရှောင်တိမ်းနေရသည့်ကိစ္စနှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့က ကြေညာချက်တစ်ထောင်ထုတ်ပြန်ပြီး CNF ကပြောဆိုလိုက်ခြင်းဖြစ်သည်။ CNF လက်ထောက်အထွေထွေအတွင်းရေးမှူး(၃) ပူးထက်နီက “ AA အနေနဲ့ ချင်းပြည်နယ်မှာ မနေတော့တာ အကောင်းဆုံးပဲ၊ သူတို့ကို စစ်ရေးရှောင်ဖို့၊ လူထုကို ဒုက္ခရောက်အောင်မလုပ်ဖို့ ပြောထားပြီးသားပါ။ လူထုလုံခြုံ ရေးကို မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်သွားရမှာပဲ’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။ သို့ သော်လည်း မည်ကဲ့သို့ လုပ်ဆောင်သွားမည်ကို အသေးစိတ်ပြောဆိုခြင်းမရှိပေ။ ပြည်သူလူထု၏ လူမှုဘ၀လုံခြုံရေးနှင့် အရပ်သားများ အကာအကွယ်ပေးခြင်းကို မည်သည့်အခြေအနေတွင်မ ဆို မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့မှ အပြည့်အ၀ လုပ်ဆောင်ရမည်ဖြစ်သည်ဟုလည်း CNF ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ AA နှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု စုံစမ်းသိရှိရပြီး အဆိုပါတိုက်ပွဲများကြောင့် နိုဝင်ဘာလ ၈ ရက်နှင့် ၁၁ ရက်နေ့က အရပ်သား ၂ သေဆုံးပြီး ပလက်ဝမြို့နယ် ကုန်ပြင်ကျေးရွာနှင့်အနီးတ၀ိုက်ရှိ ဒေသခံပြည်သူ ၃၀၀ ကျော်တို့သည် စစ်ဘေးတိမ်းရှောင်နေကြရသည်။ ယင်းသည် ပလက်ဝမြို့နယ်တစ်ခုတည်း၏ ပြသနာမဟုတ်ဘဲ ချင်းပြည်နှင့် ချင်းလူမျိုးတစ်ရပ်လုံး၏ အရေးပြသနာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ ချင်းအမျိုးသားများအားလုံး ၀ိုင်းဝန်းပံ့ပိုးကူညီကြရန်လည်း CNF က တောင်းဆိုထားသည်။…