Author: Editor

ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့်သူများအား PDF-Zoland သတိပေး (004SS) အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပမည့် ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့် ကွက်ပြီး ပြည်သူလူထု နှင့်အတူ လက်တွဲကာ ဆက်လက်ပိတ်ပင်တားဆီးသွားမည်ဟု PDF-Zoland က ထုတ်ပြန်ကြေညာလိုက်သည်။ စစ်ကော်မရှင်၏ ရွေးကောက်ပွဲအစီအစဉ်သည် ပြည်သူလူထုအကျိုးအတွက်မဟုတ်ဘဲ ၎င်းတို့၏ အာဏာရှင်စနစ် ဆက်လက်တည်မြဲအောင် ကြိုးပမ်းခြင်းသာဖြစ်သည်ဟု PDF- Zoland က ဆိုသည်။ ထို့ကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့က PDF-Zoland ၏ သတိပေးကြေညာချက်အတိုင်း ယခု ၂၀၂၅ ခုနှစ်ရွေးကောင်ပွဲကိုလည်း ဒီမိုကရေစီဆန္ဒမပါရှိဘဲ အာဏာရှင်စနစ်အား အသွင်ပြောင်းရန် ရည်ရွယ်ချက်ဖြင့်သာ ကျင်းပ မည်ဖြစ်သောကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ရေး ပြည်သူလူထုနှင့်အတူ ရပ်တည်ကာ ဆက်လက် ပိတ်ပင်သွားမည်ဟု PDF-Zoland က ဩဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်သည်။ ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲသည် ပြည်သူလူထု၏ ဆန္ဒနှင့် ဆန့်ကျင်ကာ ဒီမိုကရေစီလမ်းစဉ်နှင့် ကိုက်ညီခြင်းမရှိဘဲ၊ အမှန်တရားနှင့် တန်းတူညီမျှရေး မရှိသည့် ရွေးကောက်ပွဲဖြစ်သောကြောင့် ဤရွေးကောက်ပွဲတွင် ပါဝင်ယှည်ပြိုင်ရန် ပြင်ဆင်နေသော နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်များနှင့် ပါဝင်ကူညီပေးသူများကို ပြည်သူလူထုအား ဆန့်ကျင်သူများဟု ရာသက်ပန်သတ်မှတ်ခံရမည်ဟုလည်း PDF-Zoland က သတိပေးထားသည်။ ပြည်သူလူထု၏ လိုအင်ဆန္ဒ အခက်အခဲများကို လစ်လျူရှုပြီး စစ်အာဏာရှင်စနစ်အားကောင်းလာစေရေး အကြောင်း အမျိုးမျိုးပြကာ စစ်ကော်မရှင်နှင့်အပေါင်းအပါများသာ ပါဝင်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများကိုလည်း PDF- Zoland က…

Read More

(002MG) စစ်ကော်မရှင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်မည့်အစား ပဋိပက္ခများကို ပိုမိုနက်ရှိုင်းစေနိုင်သောကြောင့် ဆန့်ကျင်ကန့်ကွက်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က ယနေ့ ဩဂုတ်လ (၁၉) ရက် ယနေ့ တွင် သတင်းထုတ်ပြန်သည်။စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ကော်မရှင် နှင့် ၎င်းတို့၏အသိုင်းအဝိုင်းကိုသာ ကိုယ်စားပြုပြီး ပြည်သူ့ဆန္ဒအား အမှန်တကယ် ကိုယ်စားပြုနိုင်မည်မဟုတ်သောကြောင့် နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများ အနေဖြင့်လည်း အတုအယောင် ရွေးကောက်ပွဲအား လုံးဝလက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ပေး ကြရန် နှင့် အသိအမှတ်မပြုကြရန် ကြားကာလ ချင်း အမျိုး သား အတိုင်ပင်ခံကောင်စီ (ICNCC) မှ ပန်ကြားထားသည်။ထိုအတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်းသည် တရားဝင်အစိုးရ မဟုတ်သော စစ်အာ ဏာရှင်စနစ် အာဏာသက်ဆိုးရှည်ရန် ကူညီခြင်း၊ အပြစ်မဲ့ပြည်သူများအပေါ် ရက်စက်စွာသတ်ဖြတ် မှုများ ဆက်လက်ကျူးလွန်နိုင် ရန် အားပေးရာရောက်ပြီး စစ်ကော်မရှင် ကျူးလွန်သော ရာဇဝ တ်မှုများ တွင် ကိုယ်တိုင်ပါဝင်ကျူးလွန်နေသူ များ အဖြစ် ပြည်သူများ၏ သတ်မှတ်ခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ စစ်ကော်မရှင်သည် အာဏာသိမ်းသည့်နေ့မှစတင်ကာ အပြစ်မဲ့ပြည်သူများအား ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခြင်း၊ သောင်းနှင့်ချီ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ လူသားဒိုင်း (human shield) အဖြစ် အသုံးပြုခြင်း၊ လူနေအိမ်များ၊ ဘုရားကျောင်းများ မီးရှို့ဖျက်စီးခြင်း၊ စာသင်ကျောင်းများ၊ ကျေးရွာများ အပေါ်ဗုံးကြဲခြင်း၊ အတင်းအဓမ္မ စစ်သားစု ဆောင်းခြင်း စသော ရာဇဝတ်မှုများကို ယနေ့အထိ နေ့စဉ် ရက်ဆက် ကျူးလွန်နေကြောင်း…

Read More

(004SS) ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ဩဂုတ်လ ၁၆ ရက်နေ့က စက်လှေတစ်စီးတိမ်းမှောက်၍ အသက် ၁ နှစ်ကျော် သမီးငယ်အပါအဝင် မိသားစုဝင် ၄ ဦး ရေနစ်သေဆုံးခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။ ဖြစ်စဉ်မှာ ပလက်ဝမြို့နယ် ခွေးခေါင်းကျေးရွာမှ အင်တာနက်ရရှိ‌သော ဂါရာပြင်ရွာသို့ ဦးစိုးနိုင်အောင်တို့ မိသားစု ၄ ဦးနှင့် ဆွေမျိုးများအပါအဝင် ရွာသား ၈ ဦးတို့သည် အင်တာနက်သုံးစွဲရန် စနေနေ့ မနက် ၉ နာရီခန့်က ဟွန်ဒါစက်လှေဖြင့် လေမြို ချောင်းအတိုင်း ထွက်ခွာသွားရာ စုတ်ချောင်းတောင် (ဒေသအခေါ် အနူတောင်) တွင် ရုတ်တရက် စက်လှေမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဦးစိုးနိုင်အောင်ရဲ့ အကိုဖြစ်သူ ဦးစိုးလှအောင်က “သူတို့ ဘယ်လိုမှောက်သွားလဲဆိုတာ တိတိကျကျတော့ မသိနိုင်ဘူးပေါ့။ ညီလေးက အခုဆုံးသွားတဲ့ သမီးလေးကိုပိုးပြီး စက်လှေမောင်းတယ်လို့ပြောတယ်။ သူတို့မှောက်တဲ့နေရာက စုတ်ချောင်းတောင်၊ ဒေသအခေါ် အနူတောင်လို့လဲခေါ်တယ်။ အဲဒီနေရာကလဲ တော်တော်ဆိုးတယ်၊ ရေစီးသန်တယ်လို့ပြောတယ်။ မှောက်တော့ ကျွန်တော့်ညီလေးရယ်၊ သူ့မိန်းမရယ်၊ သူ့သမီးရယ်၊ သူ့သားလေးရယ်၊ နောက် တူမလေးရယ်ပေါ့ သူတို့ပျောက်သွားပြီးမှ ပထမ အလောင်းတွေ့တာက ညီလေးသမီးပေါ့၊ နောက် သားလေးကို အသက်ရှင်လျက် ပြန်တွေ့တယ်။ နောက်ကျမှ ညီလေးရယ် သူ့မိန်းမရယ် အလောင်းပြန်တွေ့တာပေါ့နော်။ တူမလေးကျတော့ မတွေ့သေးဘူးလို့ကြားတယ်” ဟု ပြောသည်။ စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသွားသူများမှာ စက်လှေမောင်းနှင်သူ စက်လှေပိုင်ရှင် ဦးစိုးနိုင်အောင်နှင့် ၎င်း၏ အမျိုးသမီးဖြစ်သူ အသက် ၃၁ နှစ်ရှိ ဒေါ် ‌ထက်ထက်ခိုင်…

Read More

(004SS) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသတွင် တိုက်ပွဲအတွင်းကျဆုံးသွားသော ရဲဘော်တစ်ဦး၏ ရုပ်အလောင်းရှာဖွေရန် သွားရောက်ခဲ့သော အရပ်သား ၅ ဦးကို စစ်ဆေးမေးမြန်ရန် ဖမ်းဆီးထိန်းသိမ်းပြီးနောက် ကောင်း မွန်စွာ ပြန်လွှတ်ပေးလိုက် ပြီဟု CDF-Hualngoram တာဝန်ရှိသူတစ်ဦးကပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက ရိခေါဒါရ်မြို့တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကျဆုံးသွားသော CNDF ရဲဘော် Uk Lian Piang ၏ ရုပ်အလောင်းကို ရှာဖွေရန် မိသားစုဝင် ၅ ဦးက ရိခေါဒါရ်မြို့ဘက်ကို လာရောက်သည့်အချိန် ဩဂုတ်လ ၁၆ ရက်နေ့ မှာ CDF- Hualngoram က လျန်နှာကျေးရွာ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ ၅ ဦးကို ရိခေါဒါရ်စခန်းတွင် စစ်ဆေးမေးမြန်းပြီးနောက် တစ်ညအိပ်စေကာ နောက်တနေ့ ဩဂုတ်လ ၁၇ ရက်နေ့ တနင်္ဂနွေနေ့ မနက်ပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း CDF-Hualngoram မှ တာဝန်ရှိသူ ကိုဗဲင်ပွီးအားက ပြောသည်။ “ကျွန်တော်တို့လောလောဆယ်မှာ CNO/CNDF နဲ့ ငြိမ်းချမ်းရေးစာချုပ်လဲ မချုပ်ဆိုနိုင်သေးဘူးပေါ့နော်၊ ဆိုတော့ ကျွန် တော်တို့ ဒေသမှာ လုံခြုံရေးအရ သူစိမ်းဖြစ်ဖြစ် အဝင်အထွက်တင်းကြပ်ထားတာရှိတယ်ပေါ့နော်။ ဒါနဲ့ သူတို့လုံခြုံ‌ရေးဂိတ် ဖြတ်လာတော့ အရက်ကလဲ တအားမူးကြတယ်။ မေးတဲ့အခါကျတော့ သူတို့ထဲက ၃ ယောက်လောက်က CNDF ပါလို့ ပြောတယ်။ နောက်လူကျတော့ CDF-Ngawn ပါ လို့ပြောပြန်တဲ့အခါကျတော့ ဗီဒီယိုပြန့်သွားတဲ့ဟာလဲ အဲဒါပဲပေါ့နော်။ ကျွန်တော်တို့ ရဲဘော်တွေကလဲ စစ်ဆေးမေးမြန်းလို့ရအောင်…

Read More

(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း တစ်သောင်းတန် ငွေစက္ကူအတုများ ပျံ့နှံ့မှု ဖြစ်ပွားခဲ့၍ သိန်း ၁၀၀ ကျော်ကို ဖမ်းဆီးရမိပြီးနောက် ပြည်သူများအနေဖြင့် ငွေအတုများကို သတိထားရှောင်ရှားကြရန် တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ တီးတိန်မြို့နယ်အတွင်း ကျေးရွာတစ်ရွာတွင် တစ်သောင်းတန်ပိုက်ဆံအတုများ အသုံးပြုနေခြင်းကို ဒေသခံပြည်သူများနှင့် ဈေးဆိုင်ပိုင်ရှင်များက သိရှိ၍ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက စုံစမ်းရာ တစ်သောင်းတန် အတု သိန်း ၁၀၀ ကျော်ကို ဩဂုတ်လ ၈ ရက်က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ “ကျနော်တို့ တီးတိန်မြို့နယ်ထဲက ဈေးဆိုင်တချို့မှာ ပိုက်ဆံအတုတွေကို အဲဒီဆိုင်ရှင်တွေက ပြတော့ အဲဒီပိုက်ဆံတွေက ဘယ်ကနေ ရတာလဲဆိုပြီး အဲဒီကနေ စပြီးတော့ စုံစမ်းခဲ့တယ်။ စုံစမ်းရင်းနဲ့ နောက်ဆုံးမှာ သူတို့ ရတဲ့ နေရာကို တွေ့လိုက်တော့ အဲဒီပိုက်ဆံအတု ပွဲစားလုပ်တဲ့ လူကို ကျနော်တို့ ဖမ်းတယ်။ သူကို စစ်ဆေး မေးမြန်းတော့ ကျနော်တို့ စုံစမ်းရသလောက်က သူမှာ ရှိတဲ့ ပိုက်ဆံ အတုတွေကို ရွာထဲမှာပဲ ဖြစ်ဖြစ်၊ အပြင်မှာပဲ ဖြစ်ဖြစ် ပိုက်ဆံကို အတိုးမယူပဲနဲ့ သုံးချင်တဲ့ လူရှိရင် ကျနော် ငွေချေးပေး တယ်ဆိုပြီး သူက ပိုက်ဆံ လိုက်ချေးပေးတာပါ” ဟု တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ကျူးလွန်သူသည် ပိုက်ဆံအတုများကို အဆိုပါကျေးရွာတွင် ရွာသူ/သားများကို အတိုးမယူဘဲ လိုသလောက် ချေးငှားပေးနေခဲ့ပြီး ယင်းကျေးရွာက ဒေသခံများ သွားရောက်သည့် ဒေသများတွင်ပါ…

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (MRO/ CDF-MATUPI) ထိန်းချုပ်ဒေသတွင် မိမိဆန္ဒမပါဘဲ အဓမ္မစစ်မှုထမ်းစေခိုင်းခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ဩဂုတ်လ ၆ ရက်မှ လက်ရှိအချိန်အထိ မတူပီမြို့နယ်၊ အိုင်ဒါပ်တိုက်နယ်အတွင်းရှိ ခြန်းပြန်း (က)၊ ခြန်းပြန်း (ခ)၊ ဟာလ်တူး၊ ရမ်တိန်းနှင့် မွှင်တုန်ကျေးရွာတွင် MRO/ CDF – မတူပီသည် ဒေသခံပြည်သူများ စစ်မှုထမ်းအမိန့်ဖြင့် အတင်းဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း ပြုလုပ်ခဲ့သည်ဟု အိုင်ဒါပ်တိုက်နယ်အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ ၁၃ ရက်မှာ ထုတ်ပြန်သည်။ MRO/ CDF -မတူပီ၏ ဖမ်းဆီးခံထားရသော ကျောင်းသူ/သားများ၊ ကျောင်းဆရာ/ မများ၊ ဘာသာရေး အမှုဆောင်သူများနှင့် လူငယ်လူရွယ်များကို မိမိဆန္ဒမပါဘဲ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခြင်းကို လုံးဝ ကန့်ကွက်ပါကြောင်း အိုင်ဒါပ်တိုက်နယ်အုပ် ချုပ်ရေးမှူးက လက်မှတ်ထိုးထုတ်ပြန်သည်။ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ဒေသခံအားလုံးကို ဩဂုတ်လ ၁၅ ရက် နောက်ဆုံးထားပြီး ခြွင်းချွက်မရှိ ပြန်လွှတ်ပေးပါရန်လည်း တောင်းဆိုထားသည်။ “MRO/ CDF – မတူပီဟာ သူတို့ ထိန်းချုပ်ဒေသတွေမှာ စစ်မှုထမ်းအမိန့်နဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်နေတာတွေ ရှိတယ်။ ဒါပေမယ့် ဘယ်လိုခေါ်နေသလဲဆိုတာ အသေးစိတ်တော့ မသိဘူး” ဟု မတူပီဒေသခံတစ်ဦးက ပြောသည်။ ယင်းအခြေအနေများကို MRO/ CDF – မတူပီတာဝန်ရှိသူထံ ခိုနူမ်းသုန်က ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ သို့သော်လည်း MRO/CDF-Matupi ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က “ငါတို့ဟာ ဒီမိုကရေစီစနစ်ကရလာမယ့် အခွင့်အရေး…

Read More

(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်မှုမရှိခဲ့သော်လည်း နေအိမ် (၅) လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။ ဩဂုတ်လ ၁၇ ရက် မနက်ပိုင်းက နေပြည်တော်အေလာ လေတပ် မှတက်လာသည့် ဂျက်ဖိုက်တာတစင်းဖြင့် ကန်ပက်လက်မြို့ပေါ်ကို ၂ ကြိမ်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ ”မနက်ပိုင်းမှာ လာကြဲတာ လူတော့မသေဘူး။ နေအိမ်က တအားပျက်တာ တော်တော်လေးထိတယ် စာသင်ကျောင်းနား။ မြို့ထဲ မြို့လယ်ခေါင်ချတာ နေအိမ် တွေကတအားပျက်တာ၊ လုံးလုံးရစရာမရှိအောင်ပျက်တာက (၅) အိမ်၊ လူမနေတဲ့အိမ်တွေဖြစ်တယ်။ လူတွေက ဥယျာဉ်ခြံတွေမှာ စစ်ဘေးရှောင်နဲ့ နေနေကြတယ်” ဟု ကန်ပက်လက်ဒေသခံတစ်ဦးကပြောသည်။ ချင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ကန်ပက်လက်မြို့သည် စစ်တပ် ကင်းစင်သွားပြီဖြစ်သော်လည်း ဒေသခံပြည်သူများသည် မြို့ထဲတွင် အနည်းငယ်သာနေထိုင်ကြပြီး အများစုမှာ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့မှစတင်ကာ စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြို့နယ်များအား စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

Read More

(006SV) အာဏာသိမ်းစစ်ကော်မရှင်က ချင်းပြည်နယ်ရှိ မြို့နယ် ၉ ခုလုံးတွင် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ခြင်း မရှိစေရန် တားဆီးသွားမည်ဟု ချင်းတော်လှန်ရေး အင်အားစုများက ပြောသည်။ စစ်ကော်မရှင်သည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း – ၁ ကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပမည် ဖြစ်ပြီး ချင်းပြည်နယ်ရှိ မြို့နယ်အားလုံးကို လွှတ်တော်သုံးရပ်အတွက် မဲဆန္ဒနယ်များ သတ်မှတ်ထား ကြောင်း စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သည်။ ချင်းပြည်နယ်တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လုပ်ဆောင်မှု မှန်သမျှကို လက်ခံမည် မဟုတ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “ကျနော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ စစ်ကော်မရှင် လုပ်ဆောင်မှု မှန်သမျှက ကျနော်တို့က လုံးဝ လက်ခံတာ မဟုတ်ဘူး။ အခု ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြေပြင်မှာ သူလုပ်နိုင်ဖို့အတွက် သတ်မှတ်ပြီးတော့ ချင်းပြည်နယ် ၉ မြို့နယ် စလုံးကို လုပ်နိုင်ဖို့ ပြင်ဆင်တယ်ဆိုတဲ့ဟာက တကယ့်ဖြစ်နိုင်ချေက လုံးဝ နည်းတယ်။ ဖြစ်နိုင်မှာလည်း မဟုတ်ဘူး။ မဖြစ် အောင်လည်း ကျနော်တို့က အတတ်နိုင်ဆုံး တားဆီးသွားမှာပဲပေါ့။ အဲဒီလိုလုပ်တဲ့နေရာမှာ စစ်ကောင်စီ ရွေးကောက်ပွဲ အောင်မြင်ဖို့ ပံ့ပိုးနေတဲ့ ပြည်သူတွေ သေချာလေး ပြန်စဉ်းစားဖို့၊ ဖြစ်လာမယ့် အကျိုးဆက်ကတော့ သူတို့မှာ တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိရမှာဖြစ်တယ်” ဟု ချင်းအမျိုးသားတပ်ဦး…

Read More

လွှတ်တော် အသီးအသီးအတွက် ရွေးကောက်ပွဲ အပိုင်း ၁ ကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပမည်ဟု စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ထုတ်ပြန်ကြေညာသည်။ ဒီဇင်ဘာ ၂၈ ရက်မှာ စတင်မည့် ကောက်ပွဲသည် အပိုင်း ၁ အနေဖြင့် ပြုလုပ်မှာဖြစ်ပြီး ဆက်လုပ်မည့် အပိုင်းလိုက်နေ့ရက်များကို ဆက်ပြီး ထုတ်ပြန်သွားမည်ဟု ရွေးကောက်ပွဲကော်မရှင်ကဆိုသည်။ စစ်ကောင်စီကိုဖျက်သိမ်းပြီး စစ်ကော်မရှင်အနေဖြင့် အသွင်ပြောင်းထားသော အာဏာသိမ်းစစ်တပ်သည် ရွေးကောက်ပွဲကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း အပိုင်းလိုက်ကျင်းပရန်စီစဉ်ထားသည်။

Read More

ပလက်ဝကို ပလက်ဝမြို့နယ်လူထုကိုသာ အုပ်ချုပ်ခွင့်ပေးရန် တောင်းဆို (006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို ULA/AA က ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် ထည့်သွင်းလိုက်ပြီး ဥပဒေပြု၍ အုပ်ချုပ်ရေးဖော်ဆောင်မှုကို လက်မခံကြောင်း ချင်းလဲန်းကောင်စီ (CC)၊ ဒုဥက္ကဌ၊ Salai Bawi Kung က ပြောသည်။ ပလက်ဝမြို့နယ်နှင့်ပတ်သက်၍ ULA/AA ၏ မူဝါဒရပ်တည်ချက် ထွက်ပေါ်လာပြီးနောက် ချင်းလဲန်းကောင်စီ၊ ဒုဥက္ကဌက ၎င်း၏ သဘောထားကို ပြောဆိုခြင်းဖြစ်ပြီး ချင်းလဲန်းကောင်စီ၏ သဘောထားကို အစည်းအဝေးထိုင်ပြီးမှသာ သိနိုင်မည်ဟု ၎င်းက ပြောသည်။ “အရင်က စာနဲ့မဟုတ်ပဲ ပါးစပ်နဲ့ပဲ ပြောတယ်။ အုပ်ချုပ်ရေးက မြေပြင်မှာ လုပ်တယ်ဆိုတာ သိပေမယ့် ဒီတစ်ခါက သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ ခေါ်ခေါ်၊ သူတို့ရဲ့ ဥပဒေပဲ ခေါ်ခေါ်၊ သူတို့ရဲ့ ရခိုင်ပြည်ရဲ့ တော်လှန်ရေးကာလမှာ ULA/AA ရဲ့ အုပ်ချုပ်ရေးမှာ အသုံးပြုတဲ့ ဥပဒေနဲ့ စည်းနှောင်းထားတဲ့ ဟာဖြစ်တဲ့အတွက် ဒီဟာက တရားဝင်နဲ့ ချင်းပြည်နယ်မှာ ပါဝင်တဲ့ ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်ထဲ သွက်သွင်းလိုက်တယ်လို့ ဥပဒေလမ်းကြောင်းအရ ပြောရင် မှန်သွားတာဖြစ်တယ်။ သူတို့က ဘာပြောဦးမလဲ မသိပေမယ့် သူတို့က ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်အတိုင်အတာထိ ပလက်ဝကို ခရိုင်တစ်ခုအနေနဲ့ သတ်မှတ်ပြီး တော့မှ ULA/AA ရဲ့ အုပ်ချုပ်ရေး အောက်မှာ ထားသလဲ၊ တစ်သက်လုံးလားဆိုတာ ပြောလို့ မရပေမယ့် ဥပဒေလမ်းကြောင်း အရတော့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ULA/ AA ကနေ…

Read More