Author: Editor

အင်္ဂလန် အခြေစိုက် Inter Mediate (Imo1 Ltd) အဖွဲ့က မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း၊ လက်ရှိ Mizo National Front (MNF) ဥက္ကဌ Pu Zoramthanga အား မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အောင်မြင် လာစေရေးအတွက် ကြားဝင် ကူညီဆောင်ရွက်ပေးရန် ဖိတ်ခေါ်ထားသည့်အတိုင်း ယမန်နေ့ က မြန်မာနိုင်ငံ သို့  ထွက်ခွားခဲ့ ကြောင်း သိရသည်။

Read More

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းများကို ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမပတ် ကစတင်ပြီး ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ လိုက်လံဖျက်ဆီးခဲ့ရာ ယခုလ ၇ ရက်နေ့အထိ ဘိန်းစိုက်ခင်း ၅၆၆.၈၁ ဧက ဖျက်ဆီးနိုင်ခဲ့ကြသည် ဟုသိရသည်။

Read More

(အခင်းဖြစ်ပွားသည့်အိမ်) အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ဇန်န၀ါရီလ ၉ ရက်ည ၈ နာရီခန့်က ငါးလောင်း ပြိုင် လူသတ်မှုဖြစ်ပွားခဲ့သည်။

Read More

ချင်းတိုးတက်ရေးပါတီ၏ ဒုတိယအကြိမ် ပါတီညီလာခံကို စစ်ကိုင်းတိုင်း ဒေသ ကြီး ကလေးမြို့တွင် ဇန်န၀ါရီလ ၈ ရက်မှ ၁၀ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမည်ဟုသိရသည်။

Read More

တရားဝင် မှတ်ပုံတင်မရှိခြင်းကြောင့် အပိတ်ခံခဲ့ရသည့် ဟားခါးပိုစ့် နှင့် တီးတိန်ပိုစ့် သတင်းစာကို ချင်းပြည်နယ် အစိုးရက ပုံနှိပ် ထုတ်ဝေခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဟု သိရသည်။

Read More

ချင်းအမျိုးသမီးများ ဘ၀တိုးတက်မြှင့်မားစေရေးအတွက် ရည်စူးပြီး ချင်းလူထု ဖွံ့ဖြိုးရေးကွန်ယက်(NCCD)အဖွဲ့၏ ဦးဆောင်မှုဖြင့် ချင်းပြည်နယ်မြောက်ပိုင်း မြို့နယ် သုံး မြို့နယ်တွင် အမျိုးသမီးများ စွမ်းရည် မြှင့်သင်တန်း များ ပြုလုပ် ခဲ့ကြသည်ဟု သိရသည်။

Read More

(ဆလိုင်းရောဘတ်) စာမေးပွဲမေးခွန်းလွှာမှာ မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ၁၄ ခု အနက် အဆင်းရဲဆုံးပြည်နယ်ကို ပုံ နှင့် တကွ ဖော်ပြ ဖြေဆိုပါ ဟု  တိုးလာယင် ချင်းပြည်နယ် ဟု တညီ တညွတ်တည်း ဖြေဆိုကြမှာ ဧကန်မလွဲပင်၊ အလား တူ တက္ကသိုလ် ၀င်တန်းအောင်ချက် အနည်းဆုံးပြည်နယ်ကို ဖော်ပြပါ ဟု ပါလာယင် ချင်း ပြည်နယ် ဟုပင် ဖြေဆိုကြမှာပါ။ အဘယ့်ကြောင့်ဆိုသော် United Nations Development Program (UNDP) ၏ စစ်တမ်းအရ လက်ရှိ အခြေအနေတွင် ချင်းပြည်နယ်သည် တနိုင်ငံလုံးတွင် အဆင်းရဲဆုံးပြည်နယ်နှင့် ပညာရေးတွင်လည်း တက္ကသိုလ်ဝင်တန်း အောင်ချက် အနည်းဆုံးပြည်နယ် ဖြစ်ခဲ့ရလို့ ပဲ။ ယင်းကဲ့သို့ ဖက်ပေါင်းစုံ အနှုတ်လက္ခဏာ တံဆိပ်ခပ်ခံရခြင်းသည် ချင်းပြည်နယ်အတွက် နမိတ်ကောင်းတော့ မဟုတ်ပေ။ ချင်းပြည်နယ်သည် အဘယ့်ကြောင့် ပညာရေးကဏ္ဍတွင် နိမ့်ကျနေရသနည်းဆိုသည့် အဖြေကို ရှာဖွေ ပြီး ပညာရေး ကဏ္ဍတိုးတက်မြင့်မားလာစေရေးအတွက် ၀ိုင်းဝန်းအဖြေရှာကြရမည်မှာ ချင်းလူမျိုးတိုင်း၏ တာဝန်ဖြစ်သည်။  ချင်းပြည် နယ်အစိုးရအနေဖြင့်လည်း ယင်းကိစ္စကို အလေးအနက်ထားရှိပြီး ချင်းပြည်နယ် ပညာရေးမြှင့်တင်ရေးနည်းဗျူဟာ စီမံကိန်း များ လေ့လာရေးဆွဲပြီး စနစ်တကျအကောင် ထည်ဖော်ဆောင် ရတော့မည့်အချိန်ဖြစ်သည်။ ဒီနေရာတွင် ပြည်နယ် အစိုးရ နှင့် ချင်းပြည်သူလူထုအနေဖြင့် သိထားသင့်ရမည် မှာ  မွန်ပြည်နယ်သည် မြန်မာနိုင်ငံတိုင်း နှင့် ပြည်နယ်များအနက် တက္ကသိုလ်ဝင် တန်းအောင်ချက် အမြင့်ဆုံးပြည်နယ်အဖြစ်ရပ်တည်လာခဲ့သည်မှာ ၅ နှစ်…

Read More

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ဒေသ အာသံပြည်နယ် Haflong မြို့၌ ယနေ့ စတင်ကျင်းပပြုလုပ်သော Zofest (ဇို (ချင်း) ယဉ်ကျေးမှုပွဲတော်)သို့ ချင်း ယဉ်ကျေးမှုအဖွဲ့ Fidi Art & Culture Forum (FACF) လည်း ပါဝင် တက်ရောက် ကြသည်ဟုသိရ သည်။

Read More

မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်းအောင်ချက် အနိမ့်ဆုံးအဖြစ် ရပ်တည်လျက်သော ချင်းပြည်နယ်၏ ပညာရေးအခြေ အနေ တိုးတက်ကောင်းမွန်လာစေရေးအတွက် လိုအပ်သော အခြေခံအဆောက်အဦးများကို ပြည်နယ်အစိုးရ နှင့် ပြည် ထောင်စုအစိုးရတို့မှ အလေးပေးဆောင်ရွက်ပေးရန် ဗဟိုချင်း(လိုင်) ကျောင်းသားများ သမဂ္ဂ -မြန်မာက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တောင်းဆို လိုက်သည်။ ဗဟိုချင်း(လိုင်) ကျောင်းသားများသမဂ္ဂ-မြန်မာ၏ ပထမအကြိမ်ကျောင်းသားညီလာခံကို ချင်းပြည်နယ် ထန်တလန် မြို့တွင် နိုဝင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့ အထိ ကျောင်းသားကျောင်းသူပေါင်း ၁၅၀ ကျော်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြပြီးနောက် နိမ့်ကျနေသော ချင်းပြည်နယ်၏ ပညာရေးအခြေအနေနှင့် ပတ်သက်၍ ကြေညာ ချက်တစ်စောင်ထုတ်ပြန်ကာ ယခုကဲ့သို့ တောင်း ဆိုလိုက်ကြခြင်းဖြစ်သည်။ “ ချင်းပြည်နယ်သည် မြန်မာတနိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းအောင်ချက်အနိမ့်ဆုံးအဖြစ် ရပ်တည်နေပြီး၊ အောင်ချက် မြှင့် တင်ရေးအတွက် လိုအပ်သည့် အခြေခံ အဆောက်အဦးပြည့်စုံရေး၊ ဆရာအရေအတွက် လုံလောက်စွာရရှိရန် နှင့် ဆရာ များ၏အရည်အသွေးပြည့်မှီရန် ပြည်နယ်အစိုးရ နှင့် ပြည်ထောင်စုအစိုးရမှ အလေးပေးဆောင်ရွက်ရန် လိုအပ်သည်’’ ဟု ချင်းကျောင်းသားများ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ ပြီးခဲ့သည့် ၂၀၁၃ -၂၀၁၄ ပညာသင်နှစ်အတွင်း ချင်းပြည်နယ်တွင် ၁၀ တန်းစာမေးပွဲဖြေဆိုသူ ၈၇၂၁ ဦးရှိခဲ့ပြီး ယင်း အနက်  ၇၀၄ ဦးသာအောင်မြင်ကြသည်။ ယင်းအောင် ချက်ပမာဏသည် ယခင် ၂၀၁၂-၁၃ ပညာသင်နှစ် တက္ကသိုလ် ၀င်ခွင့် စာမေးပွဲ အောင် ချက်ရာခိုင်နှုန်းထက် အဆမတန် ကျဆင်းခဲ့သည်။ ထို့အပြင် တိုင်းရင်းသားစာပေများအား…

Read More

ယခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့ မှ စပြီး ချင်းပြည်နယ်၊ မြို့တော်ဟားခါးမြို့ တွင်း ဗိုလ်ချုပ်လမ်း တိုးချဲ့မည့် အစီအမံအပေါ် လမ်းဘေးနေ ဒေသခံပြည်သူများ ကန့်  ကွက်နေကြသည်။

Read More