Author: Editor

#Unicode By လားနွန် – စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ရင်ဆိုင်နေကြရသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ ဒေသခံပြည်သူများထံသို့ ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့က အတင်းအဓမ္မ ဆန်တောင်းယူမှုများရှိနေသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က သတင်းထုတ်ပြန်သည်။ ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလဝက်လောက်ကစ၍ ပလက်ဝမြို့မြောက်ဘက် ကုလားတန်မြစ်ကမ်းဘေးက ငါးရှားကျေးရွာအုပ်စုရှိ ကျေးရွာ (၅) ရွာထံမှ တစ်အိမ်ထောင်လျှင်ဆန် (၂) တင်းနှုန်းဖြင့် အတင်းဓမ္မကောက်ခံကာ ထိုကဲ့သို့ကောက်ယူသော ဆန်များကို တစ်ရွာလျင် ရွာသား (၁၀) ဦးစီဖြင့် ၎င်းတို့စခန်းနှင့် အနီးတစ်ဝိုက်သို့ သယ်ယူပို့ဆောင်ခိုင်းခဲ့ကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့က ထုတ်ပြန်သော CHRO ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ “ AA တွေက စက်တင်ဘာလ ၁၄ ရက်ကနေ ဆက်ကြေးကောက်တယ် တစ်အိမ်ကို ဆန်နှစ်တင်းစီပေးရ တယ်လို့ သိရတယ်၊ ဆန်ကိုတစ်တင်းအတွက် ကျပ်(၁၀၀၀၀) တော့ပြန်ပေးတယ်လို့ပြောတယ်ပြီးတော့ ဆန်ကို ငသိန်းရွာ အကျော်အထိ ထမ်းပို့ပေးရတယ်၊ ထမ်းအနေနဲ့တစ်တင်းအတွက် ကျပ် ၂၀၀၀ ပေးတယ်လို့ပြောပါတယ် ဆန်ကောက်တာက ငရှားရွာကနေ ရေချမ်းသာရွာအထိအကုန်ပါတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး၏ ပြောစကားကို ကိုးကား၍ CHRO ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့စစ်မက်ဖြစ်ပွားရာ ချင်းပြည်တောင်ပိုင်း ပလက်ဝမြ်ို့နယ်တွင် လုံခြုံရေးအခြေအေ နကြောင့် ရေလမ်း ကုန်လမ်းများပိတ်ဆို့ကာ ကုန်စည်ဝင်ရောက်မှုမရှိတော့သည့်အတွက် ယခုလက်ရှိတွင် ပလက်ဝမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀၀ ကျော်ဆန်ပြတ်လပ်မှုဒဏ်ကြုံတွေ့နေကြရခြင်းဖြစ်သည်။ ထိုကဲ့သို့ ရိက္ခာပြတ်လပ်မှုကြောင့် စားဝတ်နေရေးအတွက် အခက်ကြုံနေကြရသည့်အချိန်တွင် ယခုကဲ့သို့ ဒေသခံပြည်သူများထံ…

Read More

#Unicode နှင်းနှင်း – အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၄ ဦးထပ်မံတွေ့ရှိပြီး ယခုအခါတမူးမြို့တွင် ပိုးတွေ့လူနာစုစုပေါင်း ၆ ဦးရှိပြီဟု စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန် ရေးကော်မတီ၏ အောက်တိုဘာ ၂၁ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ “အခုထပ်တွေ့တဲ့သူတွေထဲက ၃ ယောက်က တမူး Case 1 နဲ့ ထိတွေ့တဲ့သူတွေပါ။ ကျန်တဲ့၁ယောက်ကတော့ သူ့ဘာသာကျန်းမာ ရေးမကောင်းလို့ အနံ့မရလိုဆိုပြီး ဆေးရုံလာပြတာ ခရီးသွားရာဇဝင်လည်းမရှိဘူး ။ ဒါပေမယ့် ပိုးတွေ့ တယ်။ လက်ရှိမှာတော့ တမူးပြည်သူ့ဆေးရုံ ICU သီးသန့်အဆောင်မှာထားတယ်။”ဟု တမူးခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးတွယ်ဆွင်းဗန်ကပြောသည်။ တမူးမြို့တွင် အသစ်တွေ့ရှိသည့် လူနာ ၄ဦးမှာ မြို့မ(၁၂/က)ရပ်ကွက်မှ အသက်(၃၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၁၀)လသား အရွယ် ကလေးငယ် တစ်ဦး၊ မြို့မ(၁၃)ရပ်ကွက်မှအသက်(၆၁)နှစ် အမျိုးသား တစ်ဦး နှင့် အနံ့မရသဖြင့် တမူးခရိုင် ပြည်သူ့ဆေးရုံတွင် အာခေါင်တို့ဖတ် နမူနာ ယူပြီးပေးပို့သူ မြို့မ(၅)ရပ်ကွက်မှ အသက်(၂၃)နှစ် အမျိုးသား တစ်ဦးတို့ ဖြစ်ကြောင်းသိရသည်။ ပြည်ပခရီးသွားရာဇဝင်မရှိပဲ အနံ့မရသူနှစ်ဦးနှင့်ထိတွေ့ဆက်စပ်ခဲ့သူ (၁၃)ဦးကိုလည်း တမူးမြို့အဝင် စော်ဘွားကွာရန်တင်းစင်တာတွင်ထားရှိ ပြီးဖြစ်ကြောင်းသိရသည်။ လက်ရှိတမူးမြို့တွင် Facility Quarantine ဝင်သူ အယောက် (၅၀) ဝန်းကျင်ရှိသည်ဟုသိရသည်။ယြခု လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၂၅ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ၂၇၅ ဦးအထိရှိခဲ့ပြီး…

Read More

#Unicode ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကွာရန်တင်းဝင်ရောက်နေကြသည့် ပြည်သူများအနေဖြင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးလုပ်ငန်းစဉ်ဆောင်ရွက်မှုအပိုင်းတွင် အခက်အခဲတစ်ချိူ့ရှိနေသည် ဟု သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှသိရသည်။ ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထောင်ဇဆန်းက “သူတို့အနေနဲ့ ပုံစံ ၁၅ ကိုလျှောက်ထား တဲ့နေရာမှာ ကွာရန်တင်းဝင်နေတဲ့ မဲဆန္ဒရှင်ကိုယ်တိုင်ကလက်မှတ်ထိုး ရတယ်၊အဲ့တာတွေကို ကြားထဲကနေပြီး မှဆောင်ရွက်ပေးတာ နည်းနည်းအခက်အခဲရှိတယ်၊ သက်ဆိုင်ရာ ကွာရန်တင်းစင်တာ ကြီးအမှုးတွေကလည်း ဆောင်ရွက်ပေးဖို့ကသူတို့လည်း နည်းနည်းလန့်နေတဲ့အနေအထားမှာရှိတယ်၊ ကွာရန်တင်းစင်တာကို ကြိုတင်မဲရယူဆက်သွယ်ဆောင်ရွက််တဲ့နေရာမှာ ပုံမှန်လုပ်ငန်းစဉ်အ တိုင်းမဟုတ်ပဲ ကိုဗစ်ကာကွယ််ရေးလုပ်ငန်းစဉ်တွေကုုိ ထပ်ပြီးတော့လုပ်ဆောင်ရတဲ့အတွက် အဲ့ဒီအပိုင်းမှာဝန်ထုပ်ဝန်ပိုး ကပိုပြီးတော့များသွားတာပေါ့” ဟု ပြောသည်။ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် အောက်တိုဘာလ ၂၅ ရက်နေ့ကစ၍ ကွာရန်တင်း(အသွားအလာကန့်သတ်ထားသူ)ဝင်ရောက်နေသူများအားလုံးကြိုတင်ဆန္ဒမဲပေးနိုင်ရေးကို သက်ဆိုင်ရာ ရပ်ကျေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် ကွာရန်တင်းစင်တာရှိတာဝန်ရှိပုဂ္ဂိုလ်တို့မှ ဆောင်ရွက်သွားကြ မည်ဖြစ်သည်။ “ ဒီလ ၂၅ ရက်နေ့ကနေ ဝင်တဲ့သူတွေကို စပြီးတော့ ကျွန်တော်တို့ ကြိုတင်မဲဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ကွာရန်တင်းဝင်တဲ့ကာလက ၁၄ ရက်ဆိုတော့ ဒီလ ၂၅ ရက်နေ့မှာ ကွာရန်တင်းထပ်ဝင်တဲ့သူက ရွေးကောက်ပွဲနေ့ကို မှီတော့မှာမဟုတ်တဲ့အတွက် ၂၅ ရက််နေ့နောက်ပိုင်းဝင်တဲ့သူအားလုံးကို ကျွန်တော်တို့ သူရဲ့သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်တွေ နဲ့ချိတ်ဆက်ခိုင်းပြီးတော့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်” ဟု ဦးထောင်းဇဆန်းကပြောသည်။ ကိုဗစ်-၁၉ ရောဂါမှကာကွယ်နိုင်ရန်နှင့် ကူးစက်နိုင်ခြေအနည်းဆုံးဖြစ်စေရန်အတွက် အသက် ၆၀ အထက် မဲဆန္ဒရှင်ပြည်သူများသည်လည်း အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ပေးသွွားမည်ဟု…

Read More

#Unicode By Benezer – ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင်အတွင်းရှိ ရွှေအောင်သာကျေးရွာ၏ မဲဆန္ဒရှင်လူဦးရေစာရင်းအချက်အလက်များ အား မကွေးတိုင်းဒေသကြီး ဂန့်ဂေါ်ခရိုင် ထီးလင်းမြို့နယ်၏အခြေခံမဲဆန္ဒရှင်စာရင်းသို့ လွဲပြောင်းထည့်သွင်းမှုကို လက်မခံ နိုင်ကြောင်း ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီကပြောဆိုလိုက်သည်။ ရွှေအောင်သာကျေးရွာသည် သမိုင်းအစဉ်အဆက် ချင်းပြည်နယ်နယ်နိမိတ်အစိတ်အပိုင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲအထိ ချင်းပြည်နယ် မင်းတပ်ခရိုင် မင်းတပ်မြို့နယ် မဲဆန္ဒနယ် လှေ့ချမ်းအုပ်စု မဲဆန္ဒရှင်စာရင်းတွင် ထည့်သွင်းမဲပေးခဲ့ခြင်းဖြစ်ရာ NLD အစိုးရသက်တမ်းတွင် ထိုကဲ့သို့ဆောင်ရွက်ခြင်းသည် ချင်းလူမျိူးအတွက်ဆုံးရှုံးနစ်နာမှု ကြီးဖြစ်သောကြောင့် ရွေးကောက်ပွဲကော်မရှင်နှင့် အာဏာပိုင်များက မူလအတိုင်းပြန်လည်ဆောင်ရွက်ပေးရန် အောက်တိုဘာလ ၁၉ ရက်နေ့စွဲဖြင့်ထုတ်ပြန်သော CNLD ပါတီ၏ကြေညာချက်တွင်ဖော်ပြထားသည်။ CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က “ ဒီကိစ္စကို ကျနော်တို့ကတော့ လက်မခံနိုင်ဘူး သမိုင်းအစဉ်ဆက်ကိုပြန်ကြည့်ရင် ဦးသန်းရွှေကလုပ်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတောင်မှ ချင်းပြည်နယ်ပဲ၊ ဦးသိန်းစိန်လုပ်ပေးထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်းပဲ ချင်းပြည်နယ်ပဲ အခု ၂၀၂၀ ဒေါ်အောင်ဆန်းစုကြည်လုပ်ပေးတဲ့ ရွေးကောက်ပွဲမှာ ဒီလိုဖြစ်သွားတာကတော့ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာလား၊ အဲလိုဆိုရင်တော့ ချင်းနယ်နိမိတ်အက်ကြောင်းကို သူတို့ဖန်တီးလိုက်ပြီပေါ့ဗျာ’’ ဟု ပြောသည်။ ရွေအောင်သာကျေးရွာသည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့စွဲဖြင့် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ထုတ်ဝေခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နေပြည်တော်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ ကျေးရွာများစာအုပ်အရ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အောင်းကျေးရွာအုပ်စုအတွင်းသို့ ထည့်သွင်း ခံရသည်ဟု သိရသည်။ ယခုကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး ဦးလင်းကျော်က “ကျနော်တို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဆောင်ရွက်တဲ့အခါမှာတော့…

Read More

#Unicode By နှင်းနှင်း – ချင်းပြည်နယ်၊ ဟားခါးမြို့တွင်ကိုဗစ်ပိုးတွေ့လူနာများလာပြီး ပြည်သူ့ဆေးရုံတွင်မဆံ့ပါက ဟားခါးမြို့ရှိ တိုင်းရင်းဆေးရုံတွင်ထားရှိနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ချင်းပြည်နယ် ပြည်နယ်ကျန်းမာရေးမှုး ဒေါက်တာအောင်ငွေစံကပြောသည်။ “လောလောဆယ်ဟားခါးပြည်သူ့ဆေးရုံမှာအတွင်းလူနာ ၅ယောက်ရှိနေပြီဆိုတော့ ကိုဗစ်ပိုးတွေ့လူနာများလာရင် ဆေးရုံ ထပ်မံလိုအပ်လာမယ်ဆိုပြီးတော့ ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့ ကျွန်တော်တို့တိုင်းရင်းဆေးရုံအဖွဲ့တွေပူးပေါင်းပြီးတော့ တိုင်းရင်းဆေးရုံကိုကြိုတင်ပြီးတော့ လျာထားပါတယ်” ဟု ဒေါက်တာအောင်ငွေစံကပြောသည်။ COVID-19 ရောဂါသည် မြန်မာနိုင်ငံတွင်သာမက ချင်းပြည်နယ်ဒေသအတွင်း ကူးစက်မှုမြင့် တက်လာ သောကြောင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ လမ်းညွန်ချက်များ အတိုင်းပြည်သူများ အနေဖြင့် လိုိက်နာကြရန်လိုအပ်သည်ဟု ပြည်နယ်ကျန်းမာရေးမှုးက ဆက်ပြောသည်။ ဟားခါးမြို့နယ်ရှိ မြို့အဝင် အထွက်နေရာများတွင် ကုန်တင်ကားမောင်းသူများအား Rapid Test Kid ဖြင့် ကိုဗစ်-၁၉ ပိုးရှိမရှိ စစ်ဆေးခြင်းအားဆောင်ရွက်နေပြီး အောက်တိုဘာ ၁၉ ရက်နေ့တွင် ဂန့်ဂေါဘက်မှ ပြန်လာသည့် ကုန်တင်ကားမောင်းသူနှင့် ယာဉ်ပိုင်ရှင်ဖြစ်သူတို့အား စစ်ဆေးရာ ယာဉ်ပိုင်ရှင်ဖြစ်သူထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် ဖလမ်းမြို့တွင်လည်း ကွာရင်တင်းဝင်နေသူများအား Rapid Test Kid ဖြင့် စစ်ဆေးရာ လေးဦးထံတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ပြီး ၎င်းတို့မှာ ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းတက်နေသည့် တင်တန်းသားတစ်ဦး၊ အိန္ဒိယပြန်နှစ်ဦး နှင့် ချင်းပြည်နယ်ပြင်ပမှ ပြန်လာသည့် ဆရာမ တစ်ဦး တို့ဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်ထိ ချင်းပြည်နယ်တွင် ကိုဗစ်ပိုးဓာတ်ခွဲအတည်ပြုလူနာ (၆၀)ဦးထိရှိသည့်အနက် ၄၂ ဦးဆေးရုံမှဆင်းသွားပြီ ဖြစ်ကာ တစ်ဦးသေဆုံး၍ ယခုလက်ရှိ ၁၇ ဦး ကုသမှုခံယူလျက်ရှိကြောင်းသိရသည်။ #Zawgyi By နှင်းနှင်း – ချင်းပြည်နယ်၊…

Read More

#Unicode By လားနွန် – နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဌ ဦးကျော်မြင့် အဖမ်းခံရသော်လည်း ချင်းပြည်နယ်အတွင်းရှိ နှင်းဆီပါတီကိုယ်စားလှယ်လောင်းများနှင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းအပေါ် အဟန့် အတားမရှိဘဲ ပါတီဝင်အင်အားတောင်တိုးလာသည်ဟု ချင်းပြည်နယ် ပါတီတာဝန်ခံ ဦးသွမ်ခန်ကပ်ကေ ပြာသည်။ “ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့အပေါ်ရိုက်ခတ်တာ အဟန့်အတားတွေမရှိပါဘူး၊ သူ့တစ်ဦးတစ်ယောက်ရဲ့ ကိစ္စတွေပဲဖြစ်တော့ ပါတီကိစ္စမဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ အဟန့်အတားတာတွေမျိုးမရှိပါဘူး သူ့ကိစ္စကိုတော့ ပါတီဥက္ကကပဲ ဖြေရှင်းပါလိမ့်မယ်၊ ကျနော်တို့ပါတီကိစ္စက အများပိုင်ပါတီဖြစ်နေတဲ့အတွက် ကိ်ုယ့်ရပ်ကွက် ကိုယ့်ဒေသမှာ ကြိုးစားနေကြတဲ့အတွက်ကြောင့် အဟန့်အတားမရှိပဲနဲ့ ပိုတောင်မှ နိုင်ငံရေးစိတ် တက်ကြွပြီးတော့မှ ပါတီအင်အား တိုးလာတာပဲရှိတယ် လျော့တာမရှိဘူး” ဟု ချင်းပြည်နယ်နှင်းဆီပါတီတာဝန်ခံ ဦးသွမ်ခန်ကပ်ကပြောသည်။ UDP ပါတီဥက္ကဌ ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ကျော်မြင့် ဟွာဟူသည် ထောင်ပြေးမှုဖြင့် ပြီးခဲ့သည့် စက်တင်ဘာ လ ၂၉ ရက်နေ့က အဖမ်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။ ချင်းပြည်နယ်အမျိူးသားလွှတ်တော်အမှတ် (၁၂) မဲဆန္ဒနယ်မြေတွင် နှင်းဆီပါတီကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှ ဉ်ပြိုင်မည့် ဦးကျဲအိုလိန်းကလည်း ပါတီဥက္ကဌအဖမ်းခံရမှုကြောင့် လွှတ်တော်ကိုယ်စားလောင်း တွေအပေါ် ရိုက်ခတ်မှုမရှိကြောင်း ပြောဆိုပါသည်။ “ ကျနော်တို့ပါတီပိုင်းဆိုင်ရာရော၊ ကိုယ်စားလှယ်ပိုင်းမှာဘဲဖြစ်ဖြစ် ထိခိုက်တာ အဟန့်အတားဖြစ်စေတာမျိူး ဘာမှမရှိပါဘူး” ဟု ပြောသည်။ ယခုကဲ့သို့ ပါတီဥက္ကဌအဖမ်းခံရသော်လည်း ပါတီ၏မူဝါဒအတိုင်း ကိုယ့်နည်းကိုယ့်ဟန့်ဖြင့် ပါတီစည်းရုံးရေး များဆက်လက်လုပ်ဆောင်နေသည်ဟု ချင်းပြည်နယ် UDP ပါတီတာဝန်ခံကပြောသည်။ “ ပါတီလုပ်ထုံးလုပ်နည်းအရ ပါတီစည်းရုံးရေးကွင်းဆင်းတာတွေပုံမှန်လုပ်နေပါတယ်၊ ကျနော်တို့ဟာနဲ့ကျနော် တို့ ကိုယ့်ဟာကိုအိတ်စိုက်ပြီးတော့မှ စည်းရုံးကွင်းဆင်းတယ်…

Read More

#Unicode CNLD လွှတ်တာ်ကိုယ်စားလှယ်လောင်း ဆလိုင်းမျိူးချစ်နဲ့ အင်တာဗျူး နိုဝင်ဘာလ ၈ ရက်နေ့အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် အမျိူးသား လွှတ်တော်မဲဆန္ဒနယ်မြေအမှတ်(၅)ကနေ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဆလိုင်းမျိူးချစ်ကို ယခုလိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မေး – လူငယ်တစ်ယောက်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရတာလဲ။ ဖြေ – အနာဂတ်ပုံဖော်တဲ့အချိန်မှာ လူကြီးပိုင်းကြီးကပဲ ပုံဖော်ပြီးတော့ ပြောနေတဲ့ဟာတွေက အနာဂတ်မှာ တကယ်တမ်း ကြုံတွေ့ရတဲ့အဆိုးအကောင်းတွေ ကြုံရတဲ့သူဟာ လူငယ်တွေအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးဖြစ်ပါတယ်။ အဲလို မျိုးဖြစ်လာတဲ့အခါကျတော့ ကျနော်တို့ အနာဂတ်ကို ပုံဖော်တဲ့အချိန်မှာ ကျနော်တို့လူငယ်တွေလည်း ဘာဖြစ်လို့ ဆုံးဖြတ်ချက် ချပိုင်ခွင့်မရှိရမှာလဲ။ နိုင်ငံရေးသမားတွေကသော်လည်းကောင်း လွှတ်တော်ကသော်လည်းကောင်း သူတို့တစ်ခုခုဆုံးဖြတ်လိုက်တာ၊ ပြဌာန်းလိုက်တဲ့ဟာတွေရဲ့ အကျိုးအဆက်တော်တော် များများဟာ လူငယ်တွေလည်း ခံစားရတာပါပဲ။ အဲဒါကြောင့် ဒီလိုမျိုးဆုံးဖြတ်ပြောဆိုနေကြတဲ့ လွှတ်တော်ထဲမှာ လူငယ်တွေရဲ့ အသံဟာ တိုက်ရိုက် ရောက်ဖို့ အရမ်းအရေးကြီးပါတယ်။ ကျနော်တို့လူငယ်တွေဟာ ဘယ်လိုပဲဖြစ်ဖြစ် ချင်းနိုင်ငံရေးမှာ အပြင်ကနေပဲမဟုတ် လက်တွေ့ ကိုယ်တိုင်ကိုယ်ကျေ ဆာင်ရွက်ဖို့ အရမ်းအရေးကြီးပါတယ်ဆိုတဲ့ဟာ ပြချင်တယ်။ မေး – လွှတ်တော်သုံးရပ်ရှိတဲ့အထဲက အမျိုးသားလွှတ်တော်မှာ ဝင်ပြိုင်ဖို့ဘာကြောင့်ရွေးချယ်ရတာလဲ။ ဖြေ – ပုံမှန်အားဖြင့် ဒီမိုကရေစီတိုင်းပြည်မှာ အထက်လွှတ်တော်ဆိုတဲ့ ဒီအမျိုးသားလွှတ်တော် မြန်မာပြည်မှာတော့ အထက်လွှတ်တော်ပေါ့ဗျာ၊ လူမျိုးနဲ့ ဆိုင်တဲ့အရာတွေ သီးခြားကိုအာဏာပေးပြီးတော့ လူမျိုးတွေနဲ့ သက်ဆိုင်တဲ့လုပ်ပိုင်ခွင့် ပြောဆိုခွင့် ဥပဒေပြုခွင့် ဒီအကြောင်းအရာတွေဟာ အထက်လွှတ်တော်က ပိုပြီးတော့ အာဏာယူရပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ (အထက်လွှတ်တော်)အမျိုးသားနှင့်…

Read More

#Unicode မန်မာ့တပ်မတော်နှင့် ရက္ခိိုင့်တပ်တော်(AA) တို့အကြားဖြစ်ပွားနေသော စစ်ရေးပဋိပက္ခကြောင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မကျင်းပနိုင်မည်ကို အထူးစိုးရိမ်မိ သည်ဟု ခူမီးချင်းမျိူးနွယ်စုအဖွဲ့အစည်းများက အောက်တိုဘာလ ၁၄ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက် သည်။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ကစ၍ ယနေ့ချိန်ထိ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ထိုကဲ့သို့ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခကြောင့် ရွေးကောက်ပွဲအပေါ် ထိခိုက်မှုဖြစ်ပွားမည်ကို အထူးစိုးရိမ်ကြောင်း ပြည်တွင်းပြည်ပအခြေစိုက် ခူမီချင်းမျိူးနွယ်စုအဖွဲ့ အစည်း (၇) ဖွဲ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ခူမီးချင်းမျိူးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) မှပြောရေးဆိုခွင့်ရှိသူ ကိုစောမြက “ကျနော်တို့နယ်မှာ အေအေ တွေလည်းလှုပ်ရှားနေတုန်းဆိုတော့လေ မဲဆွယ်စည်းရုံးရေးတွေလည်းကောင်းကောင်းမလုပ်နိုင်ဘူး၊ ရွေးကောက်ပွဲအသိပညာပေးမှုတွေလည်းကောင်းကောင်းမလုပ်နိုင်ဘူး ရွေးကောက်ပွဲကော်မရှင်တွေရဲ့ လုပ်ငန်းစဉ်တွေမှာ လည်းနှောင့်နှေးတယ်ပေါ့ဗျာ အစိုးရတပ်ဖက်ကလည်း သွားလာဖို့ လုံခြုံရေးအရကန့်သတ်ထားတာတွေရှိတယ် အဲဒါကြောင့်ရွေးကောက်ပွဲမဖြစ်မှာကို ကျနော်တို့အထူးစိုးရိမ်မိတယ်’’ ဟုပြောသည်။ ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်တွင် မဲဆန္ဒရှင်အများဆုံးရှိသည့် မြို့နယ်ဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲ တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ (၆၂၈၄၅) ဦးရှိသည်ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယအကြိမ်မဲ စာရင်းကြေညာချက်အရသိရသည်။ လွှတ်တော် မဲဆန္ဒနယ်မြေ (၅) ခုရှိသည့် ပလက်ဝမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၆) ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပခြင်းသည် ဒီမိုကရေစီရှင်သန်ရေးအတွက် အခရာကျသည့်လုပ်ငန်းစဉ်ဖြစ်သကဲ့သို့ လူထု၏အခွင့်အရေးများကို တောင်းဆိုတင်ပြပေးနိုင်သည့် နိုင်ငံရေးလမ်းစဉ်တစ်ခုဖြစ်သောကြောင့် ရွေးကောက်ပွဲမကျင်းပဖြစ်ပါက ဒေသတွင်းကိုယ်စားပြုမှုပျောက်ဆုံးသွားနိုင်မည့်အရေးကို များစွာစိုးရိမ်မိကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။ “ တကယ်လို့…

Read More

#Unicode By လားနွန် – ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကျင်းပရန် လပိုင်းသာလိုတော့သော်လည်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့န ယ်အတွင်းရှိ ဒေသခံပြည်သူများသည် စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းပါးသည်ဟု လေ့လာစောင့်ကြည့်သူများကပြောဆိုကြသည်။ ပလက်ဝမြို့နယ်တိုက်ပွဲရှောင်နှင့်သဘာဝဘေးကူညီရေးအဖွဲ့ဥက္ကဌ ဦးဇာနီက ပလက်ဝမြို့နယ်ပြည်သူများသည် ဝမ်းရေးအတွက် ပူပင်နေကြရပြီး ရွေးကောက်ပွဲထက် ဆန်ရရှိရေးကိုသာ ပိုစိတ်ဝင်စားကြသည်ဟု ပြောသည်။ “ရွေးကောက်ပွဲထက်ပြောရမယ်ဆိုရင် ဆန်တွေပြတ်လပ်နေတဲ့အတွက်ကြောင့် ရွေးကောက်ပွဲထက် စားရေးက ပိုပြီးတော့ အာရုံစိုက်တာလို့ပြောလို့ရပါတယ်၊ အခုဆိုရင်လည်းပဲ ဒီတိုက်ပွဲရှောင်တွေအတွက် ဝန်ကြီးဦးစိုးထက်ကနေပြီးတော့ တပ်မမှာ ချေးဌားပေးထားတဲ့ဆန်က (၃) ရက်စာပဲပေးနိုင်တယ် ဒီနေ့ဆိုကုန်ပြီ၊ ဒီကြားမှာ အခုဆမီးဘက်က ကားအဝင်အထွက်က ဘယ်လိုလဲတော့မသိဘူး လုံခြုံရေးကကျနော်တို့မသိဘူး ဒါနဲ့ပဲ ဆမီးဘက်က ကားအဝင်အထွက်မရှိတဲ့အတွက်ကြောင့် အခုဆန်အခက်အခဲကြုံရတော့ ပြည်သူတွေက ဒီရွေးကောက်ပွဲ မဲဆန္ဒပေးတာထက် ဒီစားဝတ်နေရေးက သူတို့ပိုပြီးတော့ စိတ်ပူတယ်” ဟု ဦးဇာနီကပြောသည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့စစ်မက်ဖြစ်ပွားရာ ချင်းပြည်တောင်ပိုင်း ပလက်ဝမြ်ို့နယ်တွင် လုံခြုံရေးအခြေအေ နကြောင့် ရေလမ်း ကုန်လမ်းများပိတ်ဆို့ကာ ကုန်စည်ဝင်ရောက်မှုမရှိတော့သည့်အတွက် ပလက်ဝမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀၀ ကျော်ဆန်ပြတ်လပ်မှုဒဏ်ကြုံတွေ့နေကြရခြင်းဖြစ်သည်။ ပလက်ဝဒေသခံပြည်သူများသည် လမ်းပန်းဆက်သွယ်ရေးကန့်သတ်ခြင်း၊ လုံခြုံမှုမရှိခြင်း၊ ကပ်ရောဂါကြောင့် မဲဆွယ်စည်းရုံးရေး အသိပညာပေးမှုအားနည်းခြင်းတို့ကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု လျှောနည်းလာပြီး နေ့စဉ်စားဝတ်နေရေးအတွက်ကိုသာ စိတ်ပူနေကြသည်ဟု ပလက်ဝမြို့နယ် ချင်းအမျိူးသမီးအဖွဲ့မှ ဦးဆောင်သူ တစ်ဦးကပြောသည်။ “ ပလက်ဝအတိုင်းအတာမှာတော့ တစ်ချို့က စိတ်ဝင်စားတယ် တစ်ချို့ကတော့ စိတ်မဝင်စားဘူး၊ နိုင်ငံရေးပါတီ တွေကလည်း စည်းရုံးရေးကျယ်ကျယ်ပြန့်ပြန့်လုပ်လို့မရဘူးလေ၊ ကျမတို့အနေနဲ့ လူငယ်တွေကို ရွေးကောက်ပွဲအသိပညာပေးဖို့စီစဉ်တယ်ဒါပေမဲ့ တစ်နေရာ နှစ်နေရာလောက်ပဲလုပ်ပေးနိုင်တယ်၊ ကိုဗစ်ကြောင့်…

Read More

#Unicode By နှင်းနှင်း – ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ အသက်မပြည့်သေးသူ အမျိုးသမီးငယ်တစ်ဦးအား မုဒိမ်းမှုကျူး လွန်ခဲ့သည့်အပေါ် ဥပဒေအတိုင်းအရေးယူဆောင်ရွက်ပေးရန် ကန်ပက်လက်အရပ်ဘက်အဖွဲ့အစည်းများက အောက်တိုဘာ ၁၄ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။ ဖြစ်စဉ်မှာ ကန်ပလက်မြို့၊ အမှတ် (၁) မြို့မရပ်ကွက်နေ အသက်(၁၇) နှစ်အရွယ်အမျိုးသမီးတစ်ဦးအား ကန်ပလက်မြို့ ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ပြီးခဲ့သည့် စက်တင်ဘာ(၁၃)ရက်နေ့က အလိုမတူပဲအဓမ္မပြုကျင့်ခဲ့ပြီး အမှုဖွင့်တိုင်ကြား ခဲ့သော်လည်း ချက်ခြင်းလက်မခံခဲ့ကြောင်း ယင်းအမှုကိုလိုက်ပါဆောင်ရွက်ပေးနေသော ခေါ်နူးစုမ်ကျေးလက်ဒေသ လူမှုဖွံ့ဖြိုးရေးအဖွဲ့ (KRDO) မှ ဦးကီးဘူကပြောသည်။ “ အဓိကဒီသက်ငယ်မုဒိမ်းမှုကို အမှုဖွင့်ပေမယ့် အမှုကိုတော်တော်နဲ့မဖွင့်ပေးဘူး ၊ နောက်တခုက သူတို့ပိုက်ဆံနဲ့ကျေးအေး ဖို့ကြိုးစားတယ်၊ ပြစ်မှုကျုးလွန်တဲ့သူကရဲဆိုတော့ ရဲတွေအနေနဲ့ဒီဟာကိုသေ ချာဥပဒေအတိုင်း ကိုယ်တွယ်မှုအားနည်း တယ်လို့ ကျွန်တော်တို့မြင်တယ်” ဟု ဦးကီးဘူကပြောသည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ပြည်သူများ၏ လုံခြုံရေးကို စောင့်ရှောက်ရမည့်အစား လူသားမဆန်စွာ အသက်မပြည့်သေးသည့် ကလေးသူငယ်အား မုဒိမ်းမှုကျူးလွန်ခြင်းသည် ကန်ပက်လက်မြို့နယ်အတွင်း တရားဥပေဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ လုံခြုံရေးကို အလွန်စိုးရိမ်မိကြောင်း ကန်ပက်လက်အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။ ဦးကီးဘူက “သူက ရဲတပ်ဖွဲ့အနေနဲ့ပထမ ကျေအေးပါ့မယ်လို့သွားပြောတယ်ပေါ့နော်၊ ကလေးမရဲ့ဆွေးမျိုးတော်စပ်တဲ့သူ က လက်မခံပဲ ပထမ ၃သိန်းပေးတယ် လို့ပြောတယ်၊အဲ့မှာသူအလုပ်လုပ်တဲ့ဆိုင်က ၃သိန်းနဲ့ဘယ်ရမလဲ ဆိုတော့ ၅သိ်န်းတိုးပေးတယ်၊ လကုုုုန်မှပေးမယ်၊ လကုန်တဲ့အခါကြတော့လည်း ၅သိန်းကိုမပေးဘူး ၊မုဒိမ်းမှုဆိုတဲ့သက်သေ အထောက်အထားတွေရှာလို့မရတော့တဲ့ချိန်မှာ ပေးလည်းမပေးဘူး တိုင်ရင်လည်းဘာမှထူးမှာမဟုတ်ဘူးဆိုပြီးရဲတွေက အဲ့လိုလုပ်လိုက်တယ်” ဟုပြောသည်။ ယခုကဲ့သို့ မုဒိမ်းမှုကျူးလွန်သူနှင့် ငွေကြေးအသုံးပြုပြီး အမှုကိုဖုံးဖိရန် ကြိုးပမ်းသူများအား ထိရောက်စွာ အရေးယူပေးရန်နှင့်…

Read More