Author: Editor

ချင်းလူငယ်အဆိုတော် Israel Van Sui Lian နှင့်တွေ့ဆုံခြင်း (Interview) ချင်းလူငယ်တွေအကြားကျယ်ကျယ်ပြန့်ပြန့်ရေပန်းစားလာတဲ့ ချင်းမျိုးဆက်သစ်လူငယ် အဆိုရှင်တစ်ဦးရှိပါတယ်။ သူကတော့ အသက် ၂၇ နှစ်အရွယ် Israel Van Sui Lian လို့ခေါ်တဲ့ Israel Vsl ဘဲဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဂီတကို ၀ါသနာပါခဲ့တဲ့ Israel ဟာ ၂၀၀၈ ခုနှစ်ကပြီး ဂီတလောကထဲကို ထဲထဲဝင်ဝင်နဲ့ စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ယခုချိန်ထိတော့ တေးအလ်ဘမ် ၂ ခွေထုတ်ဝေထားပြီး ပရိတ်သတ်အားပေးမှုလည်း အတိုင်းအတာတစ်ခုထိ ရနေတဲ့သူပါ။ ဂီတလောကထဲကို သူဘယ်လိုရောက်ရှိ လာတာလဲ၊ ယခုအခြေအနေကိုရောက်ဖို့ ဘယ်လိုမျိုးဖြတ်သန်းခဲ့ ရသလဲ၊ စတဲ့စိတ်ဝင်စားစရာကောင်းတဲ့ သူ့အကြောင်း တွေသိရှိနိုင်ဖို့ Israel Van Sui Lian ကို ခိုနူမ်းသုန်သတင်းဌာနမှ သတင်းထောက် Lalnuna က တွေ့ဆုံမေးမြန်းထား ပါတယ်။ မေး။    ။ ဂီတလောကထဲကို ဘယ်လိုနဲ့ စတင်ဝင်ရောက်ခဲ့တာလဲ ဖြေ။       ။ ကျတော်က ၂ တန်းကတည်းကနေ ဂီတာတီးခဲ့တယ် တီးတော့မတီးတတ်သေးဘူး ၂တန်းဆိုတော့လူကလည်း သေးတာပေါ့ ဂီတာလည်းမနိုင်ဘူး ပေါင်ပေါ်မှာတောင်မတင်နိုင်ဘူး ဒါမယ့်အကိုတွေဆီမှာ နည်းနည်းလိုက်သင်တယ် ပြီးတော့ သူများတီးတာ အသံကြားပြီးဆိုရင် သွားပြေးကြည့်တာပဲ။ သူဘာလုပ်လဲ သူ့လက်အဲလိုလှုပ်တယ် ဒီလိုခတ်တယ် အော်.. မှတ်ထားတယ် တစ်ကွက်လောက်ကိုသေချာမှတ်ထားတယ် အဲလိုလေးနဲ့ လေ့လာပြီးတော့  ၄တန်းလောက်ကျ တော့ ကောင်းကောင်းတီးနိုင်တယ် ဒီလိုရိုးရိုးသီချင်းလေးတွေကို ကိုယ်တိုင်လည်းဆိုနိုင်တယ်  အဲနောက်ပိုင်းတော့ တောက်လျှောက်ပဲ။ ဂီတာလေးဝယ်တယ်  ကိုယ့်ဟာကိုအိမ်မှာတီးတယ်…

Read More

ပြည်သူလူထုမှ ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များကို လူထုအနေဖြင့် ခိုင်းတတ်ရန်လို အပ်ကြောင်း ကလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဥက္ကဌလည်းဖြစ် ကလေးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ရှားမီးက ပြောသည်။ အဆိုပါကိစ္စကို ဧပြီလ ၂၂ ရက်နေ့ ကလေးမြို့နယ် ပျဉ်းခုံကြီးကျေးရွာတွင် ပြုလုပ်သော ဒေါ်ရှားမီး၏ ဖခင် ဦးဒိုထောင်း (၁၉၉၀ NLD အမတ်) အား အောက်မေ့ဘွယ်အခမ်းအနားတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ပြည်သူတွေကြောင့် ကျမတို့ MP ဖြစ်တယ်၊ ကျမတို့မှာလည်း လိုအပ်ချက်ရှိသလို ပြည်သူဘက်ကလည်း လုပ်ဆောင်ရမယ့်အရာတွေရှိတယ်။ ခိုင်းတတ်ရင် ကောင်းကောင်းမွန်မွန် အလုပ် လုပ်နိုင်မယ်၊ မခိုင်းတတ်ရင် တော့ လွှတ်တော်မှာ အိပ်ငိုက်ရုံဘဲရှိတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကျမတို့ကို ခိုင်းတတ်ဖို့ လိုတယ်” ဟု ဒေါ်ရှားမီးကပြောသည်။ ထို့အပြင် ဒေါ်ရှားမီးက လွှတ်တော်နှင့်အစိုးရကဲ့သို့ အရေးကြီးသည့်အရာမှာ ရပ်မိရပ်ဖများ၊ ရပ်ကွက်လူကြီး များဖြစ်ပြီး ရပ်ရွာလိုအပ်ချက်များကို တင်ပြကာ လုပ်ဆောင်ပေးဖို့ရန် ကျမတို့ကို အရွေးချယ်ခံရ တာဖြစ်ကြောင်း ဆက်ပြောသည်။ “ပြည်သူတွေ တင်ပြတဲ့အရာကို ကျမ ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်။ ပြည်ထောင်စုအဆင့်မှာ တင်ပြဆွေးနွေးမဲ့ ကိစ္စဆိုရင် ပြည်ထောင်စုအဆင့်မှာ တင်ပြမယ်၊ ကလေးမြို့ အရာရှိများနဲ့ ဆွေးနွေး တိုင်ပင်ရမဲ့ကိစ္စဆိုရင် သူတို့နဲ့ ဆွေးနွေးမယ်၊ ဒါကြောင့် ယုံကြည်စွာ ရွေးချယ်ထားသည့်အရာကို နောင်တမရရှိလေအောင် ကျမ အစွမ်းကုန် လုပ်ဆောင်သွားမယ်” ဟု ဒေါ်ရှားမီးက ပြောသည်။ ပျဉ်းခုံကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျင်းပပြုလုပ်သော…

Read More

မြန်မာနိုင်ငံ ရဲ ၊စစ်တပ်၊ လဝက၊ မကဖ၊ မူးယစ် လူကုန်တား အဖွဲ့ (၆)ဖွဲ့မှ ပူးပေါင်း၍ အိန္ဒိယနိုင်ငံ မိုရေးမြို့မှတစ်ဆင့် မြန်မာနိုင်ငံသို့ ခိုးဝင်လာသူ ဘင်္ဂလီအမျိုးသားတစ်ဦးကို တမူးခရိုင် ခမ်းပတ်မြို့၌ ဧပြီလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့သည်။ အဆိုပါ ဘင်္ဂလီမှာ ကောင်ဆော့ (၁၉) ဖြစ်ပြီး အိန္ဒိယနိုင်ငံ မိုးရေးမြို့မှတဆင့် တမူး၊ ကလေးမြို့ကို ဖြတ်ကျော်ပြီး ရန်ကုန်ကို သွားမည်ဟု သိရသည်။ ဖြစ်ပုံမှာ မိုးရေးမြို့တွင်နေထိုင်သူ ဦးမောင်လေးမှ လွန်ခိုဂင်း အသက်(၃၇) မြို့မ(၁၄)ရပ်ကွက်၊ တမူးမြို့နေထိုင်သူကို ဆိုင်ကယ်ကယ်ရီခ ကျပ်ငွေ လေးသိန်းဖြင့် ထိုဘင်္ဂလီတစ်ဦးကို သယ်ဆောင်ခိုင်းပြီး ယခုလို ခမ်းပတ်မြို့တွင် ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုတွင် ဖော်ပြသည်။ ဘင်္ဂလားဒေ့ရှ် မှ အိန္ဒိယ၊ အိန္ဒိယမှ တဆင့် ခိုးဝင်ဘင်္ဂလီကုလားနှင့်အတူ ကယ်ရီသမား ချင်းလူမျိုးနှစ်ဦးကို ခမ်းပတ်ရဲစခန်း၌စစ်ဆေးလျှက် ရှိကြောင်း တမူးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Read More

အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ ဇိုခွါထာ(အိန္ဒိယဘက်ခြမ်း) တွင် ကုန်တင်ကုန်ကျလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေကြသည့် အဖွဲ့အစည်း ၂ ခုအကြား အငြင်းပွားမှုပြသာနာကြောင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် တရားသူကြီးက နယ်စပ်ဖြတ်ကျော်ပြီး ကုန်သွယ်ရေးလုပ်ငန်းလည်ပတ်မှုကို ခေတ္တရပ်ဆိုင်းရန် ၁၈ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်သည်ဟုသိရသည်။ အဆိုပါအမိန့်အရ ဇိုခေါထာမှတဆင့် နှစ်နိုင်ငံကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး၊ ကုန်တင်ကုန်ချ လုပ်ငန်း၊ နယ်စပ် ကုန်သွယ်ရေးနှင့်စပ်လျဉ်းသည့် မည်သည့်ကုန်သွယ်ရေးလုပ်ငန်းမဆို မီဇိုရမ်အစိုးရဘက်က ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ကုန်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသော နှစ်နိုင်ငံကုန်သည်ကြီး များကိုလည်း အသိပေးအကြောင်းကြားထားပြီး၊ ယခုအမိန့်သည် တစုံတရာအပြောင်းအလဲမရှိပါက ၁ လ ကြာ အသက်ဝင်မည်ဖြစ်သည်ဟု ကျန်ဖိုင်းခရိုင်တာဝန်ရှိသူများထံမှသိရသည်။ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးမှတဆင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် ကုန်တင်ကုန်ချလုပ်ငန်း ကို ဦးဆောင် လုပ်ကိုင်ရန် ဇိုခေါထာကျေးရွာ(အိန္ဒိယဘက်ခြမ်း)မှ အဖွဲ့ ၂ ဖွဲ့အကြား အငြင်းပွားမှုပြသာ နာပေါ်ပေါက်လာသည့်အတွက် အလွယ်တကူ ပြသာနာဖြေရှင်းနိုင်မည့် အလားအလာမရှိ သည့်အပြင် အငြင်းပွားမှုပိုမိုကြီးထွားလမလာနိုင်စေရေးအတွက် မီဇိုရမ်ပြည်နယ်အစိုးရက ယခုကဲ့သို့ နှစ်နိုင်ငံကုန်သွယ်ရေး ခေတ္တရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ မီဇိုရမ်အစိုးရဘက်မှ အမိန့်ထုတ်ပြန်ပြီး ကုန်သွယ်ရေးရပ်ဆိုင်းမှုကြောင့် ကုန်တင် ကုန်ကျလုပ်ငန်းများ လုပ်ကိုင်နေကြသော မြန်မာဘက်ခြမ်းမှအလုပ်သမားများလည်း အခက်ကြုံနေကြရ သည်ဟု ရိခေါဒါရ်မြိ့ တီအိုချောင်းဒေသခံတစ်ဦးကပြောသည်။ “ဒီမှာက ကူလီထမ်းတဲ့ အလုပ်သမားတွေများတယ်လေ၊ ဒီဘက်ကနေ ဟိုဘက်ကမ်းကို ကုန်ပစ္စည်း တွေထမ်းပို့ပြီး ၀မ်းစာရှာနေကြတာလေ၊ ဟိုဘက်ခြမ်းက ပိတ်လိုက်တော့ ကုန်ပစ္စည်း အ၀င်အထွက်မရှိတော့ သူတို့တွေ အတွက် အလုပ်မရှိတော့ဘူးလေ’’ ဟု ဒေသခံကပြောသည်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးအခြေစိုက်ရာ ဇိုခေါထာကျေးရွာတွင်ကုန်တင်ကုန်ချလုပ်ငန်း နှင့်ပတ်သတ်ပြီး ဒေသခံ အဖွဲ့အစည်း…

Read More

ဆလိုင်းအွခ်လားဘိခ်(မတူပီ) – ပြောတော့ပြောချင်ပေမဲ့ မပြောရဲတာတွေ၊ ရေးတော့ရေးချင်ပေမဲ့ မရေးရဲတာတွေဖုံးကွယ်ထားတာရက်လနှင့်ချီ၍ နှစ်သို့တိုင်ရှည်ကြာနေပါပြီ။ ကျွန်တော်သည် စာဖတ်စာရေးဝါသနာထုံသည်။ ခရီးထွက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ပုဂ္ဂိုလ်ထူးများအား တွေ့ဆုံဆွေးနွေးခြင်း၊ အခမ်းအနားတက်ရောက်ခြင်း၊ လူမှုဝန်ထမ်းများပါဝင်ကူညီခြင်း၊ သာရေးနာရေး၌ ပါဝင်လှုပ်ရှားခြင်း၊ တေးသီချင်းနားထောင်ခြင်းတို့လည်း ထမင်းဟင်းမေ့ပစ်သည်အထိ ၀ါသနာပါလေသည်။ အထုံဝါသနာအရ တွေ့ရသမျှစာအုပ်စာပေများဖတ်ရှုသည်။ စာအုပ်ဆိုင်၊ စာကြည့်တိုက်များသို့လည်းဝင်ကာ ပညာရှာမှီးခဲ့ သည်။ သတင်းစာ၊ ဂျာနယ်စာစောင်များဝယ်ယူဖတ်ရှုသည်။ လောကီလောကုတ်စာပေသာမက သုတရသစာပေများပါ ဖတ်ရှုလေ့လာသည်။ အဓိကအားဖြင့် သမိုင်းဆိုင်ရာ၊ အတ္ထုပတ္တိဆိုင်ရာနှင့် မျိုးဆင်းသက်ပျံ့နှံ့လာပုံများ ဦးစားပေးဖတ်ရှု လေ့လာခဲ့သည်။ ထို့အပြင် သမိုင်းပညာရှင်များ၊ စာရေးဆရာနှင့် ကဗျာဆရာများနှင့်လည်း တွေ့ဆုံကာ အမြင်ချင်းဖလှယ်ခဲ့သည်။ လူကြီး လူကောင်းများထံ ချဉ်းကပ်ကာ ဘ၀ဖြစ်ရပ်များ၊ ထိုသူတို့လုပ်ဆောင်ချက်များမေးမြန်းမှတ်သားခဲ့သည်။ ဤသည် အထုံဝါသနာကြောင့် စာရေးဆရာ တက္ကသိုလ်စိန်တင်၊ ဒေါက်တာသက်လွင်၊ သန်းဝင်းလှိုင်တို့အား ၀မ်းသာအားရစွာဖြင့် လက်ဆွဲနှုတ်ဆက်ခဲ့ဘူး၏။ နိုင်ငံကျော်စာရေးဆရကြီးများကလည်း တန်ဖိုးဖြတ်၍မရသည့် စာအုပ်များ အမှတ်တရအဖြစ် ပေးကမ်းခဲ့၏။ တစ်ဖန်၂၀၁၇ ခုနှစ်မတ်လ (၁၇)ရက် ဗုဒ္ဓဟူးနေ့တွင် မတူပီမြို့၊ ဘုံတလာခန်းမဆောင်ဝင်း၌ချင်းဂျာနယ်(Khonumthung) အယ်ဒီတာ ဆလိုင်းရောဘတ်နှင့် အမှတ်မထင်တွေ့ဆုံပြီး ချင်းဂျာနယ်နှင့် ဆလိုင်းဗန်ကျူံးလျန်(ယူကေ) ရေးသားတဲ့ သူရဲကောင်း ဗိုလ်ကြွန်ဘိခ်အတ္ထုပတ္တိစာအုပ်ကို မေတ္တာလက်ဆောင်အဖြစ်ပေးအပ်ရင်း စာမူတောင်းခံခြင်းကိုလည်း တရိုတသေဖြင့် ဤသည် ချင်းသမိုင်းကြောင်းထဲက ဖြစ်ရပ်လေးများကို ပင်ပန်းနစ်နာခံကာ ကလောင်သွေးနေရခြင်း ဖြစ်သည်။ သာစေနာစေ မနောဆိုးသဘောပုပ်ဖြင့် သူတစ်ပါး၏ အပြစ်အနာအဆာနှင့် အားနည်းချက်တို့ကို ထိုးနှက်ပြသခြင်း၊ ဝေဖန်ပုပ်ခတ်ခြင်းလုံးဝမဟုတ်၊ အရှိကိုအရှိအတိုင်း ၀န်ခံကာ အမှန်တရားကို ချစ်မြတ်နိုးရန်ဆန္ဒဖြင့် ချင်းသမိုင်းဖြစ်ရပ်မှန် ပေါ်ထွက်ရန်၊ မျိုးချစ်နိုင်ငံရေးသမားများပေါ်ထွန်းရန်၊ မျိုးဆက်သစ်တက်လူငယ်များက ချင်းသမိုင်းကြောင်းလေ့လာသိရှိ…

Read More

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို အရင်စစ်အစိုးရ ခေတ်အဆက်ဆက်များကဲ့သို့ ချင်းပြည်နယ်တွင် ၀န်ကြီးချုပ်ဦး ဆောင်မှုဖြင့် ပြည်နယ်အစိုးရမှ ကျင်းပပြုလုပ်ရန် စီစဉ်သည့်အပေါ်စိုးရိမ်ဖွယ်ရာများရှိနေပြီး ရပ်တန့်ရန် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်မှ ချင်းပြည်နယ် ၀န်ကြီးချူပ်ထံ အိပ်ဖွင့်ပေးစာပေးပို့လိုက်သည်။ သင်္ကြန်သည် အစဉ်အလာအရ ဗုဒ္ဓဘာသာ/ဗမာလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အားလျော်စွာ လူမျိုးနှင့် ဘာသာခြားများဖြစ်သော ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုး နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသူ/သားများအား ပြည်နယ်အစိုးရက နိုင်ငံတော်ယန္တရား (State Mechanism) အသုံးပြု၍ ကပြဖျော်ဖြေခိုင်းစေခြင်းသည် ဘာသာနှင့်လူမျိုး မတူကွဲပြားမှုကို လေးစားတန်ဖိုးထားခြင်း မပြုရာရောက်သည်ဟု အိပ်ဖွင့်ပေးစာတွင် ဖော်ပြ ထားသည်။ ထို့အပြင် တည်ဆဲဥပဒေတွင် သင်င်္ကြန်ပွဲတော်ကို နိုင်ငံတော်အစီအစဉ်ဖြင့် အစိုးရက ကျင်းပပြုလုပ်ရန် ပြဋ္ဌာန်းထားခြင်းမရှိ သည့်အတွက် အစိုးရရုံးချိန်ပြင်ပနှင့် နိုင်ငံတော် ရုံးပိတ်ရက်များတွင် ဤကဲ့သို့ နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသူ/သား များကို ကပြဖျော်ဖြေ ခိုင်စေခြင်းသည် သင့်တော်မှုမရှိသည့်အပြင် အတင်းအဓမ္မ ခိုင်းစေခြင်းဆိုရာ ILO စာချုပ် (Convention) အမှတ် ၂၉ နှင့် ကိုက်ညီမှုမရှိဟု ယူဆကြောင်း ပြည်နယ်အစိုးရအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေကို သင်္ကြန်ပွဲကျင်းပဖို့ သုံးစွဲလျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများ၊ လုပ်ငန်းရှင်များနှင့် ပုဂ္ဂိုလ်တစ်ချို့ထံ ယခုလို ရန်ပုံငွေ ကောက်ခံခြင်းသည် ဒီမိုကရေစီအစိုးရအနေဖြင့် လုံးဝ မလုပ်သင့်မလုပ်အပ်သော အရာဖြစ်ပါသည်ဟု ဆက်လက်ဖော်ပြထားသည်။ အကယ်၍ ရပ်တန့်ခြင်းမပြုပဲ ဆက်လက် ကျင်းပပြုလုပ်မည်ဆိုပါက ချင်းပြည်နယ်တွင် လူများစုဖြစ်သော ချင်းလူမျိုး/ခရစ်ယာန် ပြည်သူများ၏ နေ့ထူးနေ့မြတ် ခရစ်စမတ်ပွဲတော် (Christmas)ကိုလည်း အစိုးရ အစီအစဉ်ဖြင့် တစ်ပြည်နယ်လုံးတွင် ကျင်းပပြုလုပ်ပေး ရန်…

Read More

ချင်းပြည်နယ်ဝန်ကြီးချူပ် ဦးဆလိုင်းလျန်လွယ်သည် ဖလမ်းမြို့လေယာဉ်ကွင်း(ဆူရ်ဘုန်) တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ထန်တလန်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြီးခဲ့သည့် ဧပြီလ ၈ ရက်မှ ၁၁ ရက်နေ့က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဧပြီလ ၈ ရက် နံနက်ပိုင်းက ဖလမ်းလေယာဉ်ကွင်း(ဆူရ်ဘုန်) တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သော ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးနှင့်တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီတည်ဆောက်ပြီးစီးနိုင်ရေး၊ လူနှင့်စက်ယန္တရားများ ထိခိုက်ပျက်စီး ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊စက်ယန္တရားများနှင့် လုပ်သားလူအင်အား အချိုးညီညွတ် မျှတစွာ အသုံးပြုဖောက် လုပ်တည်ဆောက်သွားရေးတို့ကို လမ်းညွှန်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်ဟု ချင်းပြည်နယ် ပြန်ကြားရေးဌာန အွန်လိုင်းစာမျက်နှာတွင်ဖော်ပြသည်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်မှ ၁၁ ရက်နေ့များတွင် ထန်တလန် မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ထပ်မှန်ကြည့်ရှုစစ်ဆေးခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧပြီ ၁၀ ရက် ညနေပိုင်းတွင် ကြည်ရိန် Kyi Riang ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် လျက်ရှိသော ဟရိန်ခန်းကျေးရွာနှင့် သီကီရ်ကျေးရွာကြားရှိ ထန်ဆဲတံတားကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ လုပ်ငန်းလိုအပ်ချက်တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ထန်တလန်မြို့နယ်သီကီရ်ကျေးရွာအနီး၌ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသော သီကီရ် ရေလှောင်တမံစီမံကိန်းသို့ ရောက်ရှိကြရာ ဆည်မြောင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့်…

Read More

ချင်းပြည်နယ် ဟားခါးမြို့တွင် ပထမဆုံးအကြိမ် ကလေးစာပေပွဲတော်ကို ဟားခါးမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကောင်း ဗိုလ်ကြွန်ဘိခ်ခန်းမတွင် ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ သည်။ အဓိကအားဖြင့် ကလေးများ ဥာဏ်ရည်ဥာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရန်၊ ကလေးများ တီထွင် ဖန်တီးလိုစိတ်များ ရှင်သန်လာစေရန်နှင့် ကလေးများ ပျော်ရွှင်စေရန် ရည်ရွယ်လျက် ယခုကဲ့သို့ ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကလေးစာပေပွဲတော် အခမ်းအနားကို ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ် ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်ဆုမ်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း Hakha Iprd facebook စာမျက်နှာတွင် ဖော်ပြသည်။ ယင်းအခမ်းအနားကို ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ တစ်ဦးချင်းနှင့် အဖွဲ့လိုက် ဂိမ်းကစားပွဲများနှင့် စာအုပ်ပြပွဲ၊ ကလေးစာဖတ်ခန်းများဖြင့် ကလေးများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

Read More

ယခုရက်ပိုင်းအတွင်း ရေရှားပါးမှုဒဏ်ကြောင့် သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရသည့် ဟားခါး-ဖလမ်း ကားလမ်းမပေါ်ရှိနေ ထိုင်သော ဟားခါးမြို့ အမှတ် (၁) မြို့သစ်ရပ်ကွက်နေပြည်သူများထံ ချင်းပြည်နယ် ဟားခါးမြို့ မြို့နယ် မီးသတ်တပ်ဖွဲ့မှ သောက်သုံးရေ များ ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရသည်။ ဟားခါးမြို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစာရုံမန်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ ရေဂါလံ (၃၂၀၀) ကို ယခုလ မတ်လ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။ အလားတူ ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က ချင်းပြည်နယ် ရဲတပ်ဖွဲ့ဝင်များမှလည်း ရေရှားပါးမှုကြောင့် အခက်အခဲ ဖြစ်နေသည့် အိမ်ထောင်မိသားစုများထံ သောက်သုံးရေများ အိမ်တိုင်ရာရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြကြောင်း အင်တာနက် website တစ်ခုတွင် ဖော်ပြသည်။ အဆိုပါ သောက်သုံးရေလှူဒါန်းမှုကို ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ်၊ ပြည်နယ် အကူတပ်ဖွဲ့ခွဲမှူး ဒု-ရဲမှူးကြီး မြင့်နိုင်၊ ဟားခါးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ဝင်းတိုမှ ဦးဆောင်ပြီး တပ်ဖွဲ့ဝင်အင်အား (၇၀) ဦးတို့မှ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။ ဖြန့်ဝေလှူဒါန်းခဲ့သော အရေအတွက်မှာ ရေဂါလံ (၁၈၀၀) ဆန့် ရေသယ်ဘောက်ဆာယာဉ်တစ်စီးနှင့် ရေသယ်ယာဉ် (၄) စီး တို့ဖြင့် ရပ်ကွက်နေပြည်သူများအား သောက်ရေသန့်ဘူး (၅၀) နှင့် သုံးရေ (၅) ဂါလံပုံး (၁၅၀) တို့ကို အိမ်တိုင်ရာရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြသည်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး ယခုကဲ့သို့ ရေရှားပါးနေသည့်အချိန်တွင် ယခုလို လာရောက်ပြီး အိမ်တိုင်ရာရောက် ကူညီပေးခဲ့ကြသော ရဲတပ်ဖွဲ့နှင့်မီးသတ်တပ်ဖွဲ့တို့အပေါ် ရပ်ကွက်နေပြည်သူများက အထူးကျေးဇူးတင်ရှိကြကြောင်း သိရသည်။

Read More