(004SS) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်တက္ကသိုလ် (MZU) နှင့် ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs – ICA) တို့ ပူးပေါင်းဖွင့်လှစ် သည့် မြန်မာဘာသာစကားနှင့် ဆက်သွယ်ရေးကျွမ်းကျင်မှု ဒီပလိုမာသင်တန်း (Diploma in Burmese Language and Communication Skills) ၏ တတိယအသုတ်ကို လာမည့် ဧပြီလအတွင်း စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် သင်တန်းသားသစ်များအတွက် ဝင်ခွင့် (Admission) လက်ခံနေပြီဖြစ်ကာ သင်တန်းစတင်မည့် ရက်အတိအကျ ကိုမူ မကြာမီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းသည် မြန်မာလူမျိုးများအတွက် မဟုတ်ဘဲ မြန်မာစကားကို လေ့လာလိုသည့် နိုင်ငံခြားသားများအတွက် သီးသန့်ရည်ရွယ်၍ ပြင်ဆင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ ICA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန်ဆွီးစံက “MZU ကတော့ ဧပြီလအတွင်းမှာ စမယ်လို့ပြောတယ်။ ရက်အတိအကျတော့ မသိရသေးဘူး။ အခု admission လက်ခံနေတယ်။ လောလောဆယ်တော့ လျှောက်ထားတဲ့သူ ၆ ယောက်လောက်ထိရှိ တယ်။ သူတို့က ဒီအိန္ဒိယ မီဇိုရမ်အစိုးရမှာ တာဝန်ထမ်းဆောင်နေတဲ့ အကြီးပိုင်းတွေဖြစ်ကြတယ်” ဟု ပြောသည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ကီလိုမီတာ ၁,၆၀၀ ခန့် ထိစပ်နေသည့် နယ်စပ်ဒေသများရှိခြင်းကြောင့် အစိုးရ အချင်း ချင်း ဆက်သွယ်မှုများနှင့် သတင်းအချက်အလက် (Intelligence) ပိုင်းဆိုင်ရာ လုပ်ငန်းများတွင် မြန်မာဘာသာစကား ကျွမ်းကျင်မှုသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ “အခုလို နိုင်ငံခြားမှာ မြန်မာဘာသာစကားကို Diploma course အနေနဲ့…
Author: Editor
(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မိသားစုကိစ္စဖြင့် သွားလာနေသည့် လူငယ် ၃ ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးကာ လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ရှုတ်ချကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha) က ယနေ့ မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်နေ လူငယ် ၃ ဦးသည် လေသေနတ် (Air Gun) တွင် အသုံး ပြုသည့် မှန်ပြောင်း(Scope) တစ်ခုနှင့်အတူ မိသားစုကိစ္စဖြင့် မြို့ပြင်သို့ ထွက်ခွာလာစဉ် GTI ကျောင်းအောက်ဘက်ရှိ စစ်တပ်ခန့် လွှတ်တော်ဥက္ကဌသစ် ဦးကောလ်လျန်ထန်း၏ နေအိမ်အနီး၌ ဖမ်းဆီးခံခဲ့ကြရကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ CDF-Hakha တာဝန်ရှိသူတစ်ဦးက “ သူတို့က နှီလ်လောန်းရွာဘက်သွားမယ်၊ ငှက်လဲပစ် မယ် ဆိုပြီးတော့ Air gun မှာသုံးတဲ့ Scope တစ်ခုပါတယ်။ စစ်တပ်ဘက်က စစ်ဆေးတဲ့အခါ အိတ်ထဲကနေ Scope ကို တွေ့ သွားလို့ သတ်ပစ်တာဖြစ်မယ်လို့ ယူဆရတယ်။ ဦးကောလ်လျန်ထန်းအိမ်နားကနေ ဖမ်းတာဆိုတော့ အဲဒီမှာ လုံခြုံရေး တာဝန်ကျတဲ့သူတွေ ဖမ်းတာပဲဖြစ်ဖို့များပါတယ်” ဟု ပြောသည်။ ဖမ်းဆီးခံရသည့် လူငယ်များကို စစ်ကော်မရှင်တပ်က တရားဥပဒေနှင့်အညီ စစ်ဆေးမေးမြန်းခြင်းမျှ မပြုလုပ်ဘဲ ရိုက်နှက် သတ်ဖြတ်ခဲ့သည့်အပြင် လက်ရှိအချိန်ထိ ရုပ်အလောင်းများကို မိသားစုထံ ပြန်လည်ပေးအပ်ခြင်း မရှိသေးကြောင်း သိရသည်။ “အခုထိ အလောင်းပြန်မရသေးဘူး။ ဟားခါးက…
(006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မန်းချောင်း ကြောင်နွားသိုးဆည်အနီးတွင် ယာယီတပ်စွဲထားသော စစ်ကော်မရှင်တပ်ကို CDF – အရှိုနှင့် လူ့ဘောင်သစ်တပ်မတော်တို့ ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးကြောင်း သိရသည်။ မတ်လ ၂၅ ရက် သန်းခေါင်ယံ ၁၂ နာရီခန့်က မန်းချောင်းဆည် (ကြောင်နွားသိုး) ရေပိုလွှဲ အရှေ့ဘက် မီတာ ၉၀၀ ကျော်အတွင်း ယာယီတပ်စွဲထားသော စစ်ကော်မရှင်တပ်ကို ချင်းကာကွယ်ရေးတပ် – အရှို နှင့် လူ့ဘောင်သစ် တပ်မတော် (NSA) တို့ ပူးပေါင်း၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု CDF – အရှို့က မတ်လ ၂၆ ရက်က ထုတ်ပြန်သည်။ ငဖဲမြို့အနောက်ဘက် တောရကျောင်းတွင် တပ်စွဲထားသော အင်အား ၅၀ ကျော်ပါသော စစ်ကော်မရှင် စစ်ကြောင်းသည် ငဖဲမြို့နယ်၊ မန်းချောင်း (ကြောင်နွားသိုး) ဆည်သို့ စစ်ကြောင်းထိုးလာပြီး ယာယီတပ်စွဲစဉ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ တိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရရှိရသည်ဟု CDF – အရှိုက ထုတ်ပြန်သည်။ မတ်လအတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် CDF – အရှိုမှ ရဲဘော် ၃ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားနေသော ဒေသများ ပါဝင်နေသည့် မကွေးတိုင်းအနောက်ခြမ်း၊ နတ်ရေကန် ဗျူဟာနှင့် အမ်း- ပဒါန်းက စစ်မြေပြင်မှာ…
(006SV) စစ်အာဏာသိမ်း ၅ နှစ်ကျော်ရှိလာချိန်မှာ ချင်းပြည်နယ်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲမှုအပါအဝင် နည်းအမျိုးမျိုးဖြင့် သတ်ဖြတ်မှုကြောင့် ကလေးငယ် ၁၀၀ ကျော် သေဆုံးရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ယနေ့မှာ ကြေညာသည်။ ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၆ မတ်လအထိ စစ်ကော်မရှင်တပ်သည် ချင်းပြည်နယ်တွင် နို့စို့အရွယ်ကလေးငယ်မှ အသက် ၁၈ နှစ်အတွင်းရှိ ကလေးငယ် ၁၀၆ ဦးကို သတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး ၎င်းတို့ထဲက ထက်ဝက်နီးပါးဖြစ်သော ၅၃ ဦးသည် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသည်ဟု မတ်လ ၂၇ ရက်မှာ CHRO က ထုတ်ပြန်သည်။ ချင်းကလေးငယ် ၃၈ ဦးသည် စစ်ကော်မရှင်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် ပေါက်ကွဲစေတတ်သော ဗုံးများကြောင့် သေဆုံးရပြီး ကလေးငယ် ၁၅ ဦးသည် စစ်ကော်မရှင်တပ်ဖွဲ့၏ ပစ်ခတ်မှုနှင့် သတ်ဖြတ်မှုကြောင့် သေဆုံးရသည်ဟု သိရသည်။ လက်ရှိတွင် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့များနှင့် ချင်းပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေရာ လေးလကျော်ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သည် ဖလမ်းမြို့နှင့် ကျေးရွာတချို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် ဓာတ်ဆီတစ်ဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် အချို့တွင် အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည်ဟု ကလေးမြို့ခံများထံမှ သိရ သည်။ ကလေးမြို့ခံက “ဓာတ်ဆီက တစ်ဂါလံ (၄၈,၀၀၀) လောက်ရှိပြီ တဆိုင်နဲ့ တဆိုင်တော့ ဈေးမတူဘူး လီတာနဲ့ဆိုရင် တစ်လီတာကို ၁၁,၀၀၀၊ ၁၂၀၀၀ အထိ ဈေးတက်သွားတယ်။ နောက်ပြီး ဆီဆိုင်တွေမှာ တော့ ငါးထောင်ဖိုး၊ တစ်သောင်းဖိုး ဆိုပြီးထည့် ပေးတယ်။ အခုလောလောဆယ်အထိ ဆီကတော့ ပြတ် လပ်တာမျိုးတော့ မရှိသေးဘူး။” ဟုပြောသည်။ ကလေးမြို့တွင် ကောင်းသန့်ဆီဆိုင်၊ မြတ်တ္တာမွန်ဆီဆိုင် (BOC)၊ စန္ဒာထွန်း၊ အိုဆီ၊ ရွှေလမင်း ဆီဆိုင် တို့တွင် စက်သုံးဆီများအား ပုံမှန်ရောင်းချပေးနေသော်လည်း ပုံးဖြင့်ဝယ်ခြင်းမပြုပဲ ဆိုင်ကယ်တစ်စီး လျှင် ၁၀,၀၀၀ ကျပ်၊ ၈,၀၀၀ ကျပ်၊ ၅,၀၀၀ ကျပ်တို့ဖြင့်သာ ဝယ်ယူခွင့်ရရှိနေကြသည်ဟု သိရသည်။ ကလေးမြို့ပေါ်တွင် စက်သုံးဆီများ မတ်လ အစပိုင်းတွင် တစ်လီတာလျှင် (၈,၀၀၀) ကျပ်ဖြင့် ဝယ်ယူခဲ့ ကြရာမှ ဈေးတက်သွားခြင်းဖြစ်သည်။ ဓာတ်ဆီဈေးအဆမတန်မြင့်တက်လာခြင်းကြောင့် ဆိုင်ကယ်အရောင်းအဝယ် နည်းပါးလာပြီး စက်ဘီး နှင့် လျှပ်စစ်ဆိုင်ကယ်များ ဝယ်ယူမှုများပြားလာကြောင်း မြို့ခံများက ပြော သည်။ ၎င်းအပြင် ဓာတ်ဆီဝေးမြင့်တက်မှုကြောင့် ဆိုင်ကယ်ဖြင့် ရွာစဉ်ထိုးကုန်စိမ်း ရောင်းဝယ် သူများ၊ ကြံရည်စက်လုပ်ငန်း အပါအဝင် နေ့စားအလုပ် သွား အပြန် အခြေခံလူတန်းစားများအနေဖြင့် အခက်အခဲကြုံတွေ့နေကြရကြောင်း သိရသည်။ လက်ရှိတွင် စက်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့် ကလေး- မန္တလေး၊ ရန်ကုန်မြို့…
(006SV) ချင်းပြည်နယ်၊ လောက်တူဒေသမှာ ဘွေနူးမြစ်ထဲ လျှပ်စစ်ရှော့တိုက် ငါးဖမ်းဆီးနေသည့် ဒေသခံပြည်သူ ၂ ဦးနဲ့ ပါဝင်ပတ်သက်သူ ၂ ဦး၊ စုစုပေါင်း ၄ ဦးတို့ကို ဖမ်းဆီးပြီး ငွေကျပ် ၁၀ သိန်း ပြစ်ဒဏ်ချ အရေးယူကြောင်း လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာပါတယ်။ အဆိုပါ ကျူးလွန်သူ ၄ ဦးကို မတ်လ ၂၄ ရက်မှာ ယခုနှစ်အတွက် ပထမအကြိမ်ပညာပေးအဖြစ် ငွေဒဏ် ကျပ် ၁၀ သိန်းဖြင့် အရေးယူထားပြီး ငါးဖမ်းကိရိယာပစ္စည်းများကို သိမ်းဆည်းထားကြောင်း မတ်လ ၂၅ ရက်မှာ လောက်တူ ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဒေသခံပြည်သူ ၄ ဦးသည် တားမြစ်ထားသည့် ဘက်ထရီသုံး ငါးဖမ်းဒိုင်နမို တစ်စုံကို အသုံးပြု၍ ဖေဖော်ဝါရီလ ၁၆ ရက်က ဘွေးနူးမြစ်ထဲမှာ လျှပ်စစ်ရှော့တိုက်ငါးဖမ်းဆီးခဲ့ကြောင့် အရေးယူရခြင်းဖြစ်ကြောင်း သိရသည်။ အရေးယူမှုမှ ရရှိသော ငွေများကို လမ်းပြုပြင်ရေးတွင် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ပြီး လက်ရှိတစ်ကြိမ် ပညာပေးအနေဖြင့် ဒဏ်ခတ်အရေးယူပြီးနောက် ကျူးလွန်သူ မည်သူ့ကို မဆို ပိုမိုပြင်းထန်သော အရေးယူခြင်းများ ပြုလုပ်သွားမည်ဟု အသိပေးသည်။ ငါးဖမ်းခြင်းဆိုင်ရာ တားမြစ်ချက်များကို ထိရောက်စွာ ကြပ်မတ်ဆောင်ရွက်နိုင်ရန် ကျူးလွန်သူများကို ဖော်ထုတ် သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သူများကို ကျပ်ငွေ ၃သိန်းတိတိ ချီးမြှင့်သွားမည်ဟု သိရသည်။ ဓါတ်ပုံ – ဘွေနူးမြစ်။
(006SV) စစ်ကိုင်းတိုင်း၊ တမူးဒေသ အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) သည် NUG အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ တပ်ရင်းများအဖြစ် ပြောင်းလဲရပ်တည်လိုက်ကြောင်း သိရသည်။ မတ်လ ၂၀ ရက်က NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသကွက်ကဲမှု၏ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းများအဖြစ် ကူးပြောင်းရပ်တည်၍ ကွပ်ကဲမှု ခံယူကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ မတ်လ ၂၆ ရက်မှာ ထုတ်ပြန်သည်။ ကွပ်ကဲမှု ခံယူခြင်း အခမ်းအနားတွင် အလံတော်ကို အလေးပြုခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဘက်တံဆိပ်များ အပ်နှင်းတပ်ဆင်ခြင်း အစရှိသည့် အခမ်းအနား အစီအစဉ်များ ကျင်းပပြုလုပ်သည်ဟု သိရသည်။ Myanmar Federal Army (MFA) အမည်ဖြင့် စတင်ဖွဲ့စည်းပြီး ၂၀၂၁ ဩဂုတ်လ ၂၃ ရက်က ပထမဆုံး တိုက်ပွဲကို တိုက်ခိုက်ခဲ့ကာ ၂၀၂၃ မတ်လ ၅ ရက်တွင် အမျိုးသားလွတ်မြောက်ရေးတပ်တော်အဖြစ် စတင်ပြောင်းလဲ ဖွဲ့စည်းခဲ့ကြောင်း၊ လက်ရှိတွင် NUG အစိုးရ၏ PDF တပ်ရင်းများအဖြစ် ဆက်လက် တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း သိရသည်။ NUG ကာကွယ်ရေးဌာန၏ ကွက်ကဲမှုအောက် မရောက်ရှိသေးသော ဒေသကာကွယ်ရေးတပ်ဖွဲ့များကိုလည်း ကွပ်ကဲမှုအောက် တာဝန်ထမ်းဆောင်ရန်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များနှင့်အတူ စစ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုဆိုလျက်ရှိကြောင်း NUG အစိုးရက ထုတ်ပြန်သည်။ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)သည် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) အဖွဲ့ဝင် ဖြစ်ခဲ့ပြီး…
လိုက်နာခြင်းမရှိပါက ထောင်ဒဏ်၊ ငွေဒဏ်ဖြင့် ထိရောက်စွာ အရေးယူမည်ဟုဆို (004SS) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများ ရှိနေသည့်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး၊ ဘိန်းစိုက်ပျိုးခြင်းမပြုရန်နှင့် လိုက်နာမှုမရှိပါက ထောင်ဒဏ်၊ ငွေဒဏ်များဖြင့် ထိရောက်စွာ အရေးယူသွားမည်ဟု CNO/CNDF က ယနေ့ မတ်လ ၂၆ ရက်နေ့တွင် အသိပေးချက် ထုတ်ပြန်သည်။ ဖလမ်းမြို့နယ် အရှေ့ဘက်ခြမ်းနှင့် နယ်စပ်အနီးတစ်ဝိုက်တွင် ဘိန်းများကို အဓိကစိုက်ပျိုးလာနေကြောင်း သိရသည်။ ယခင်က မြို့သိမ်းတိုက်ပွဲများနှင့် စစ်ရေးအရှိန်မြှင့်တင်နေရသည့်အတွက် ဘိန်းစိုက်ပျိုးခြင်းကို ထိရောက်စွာ ကိုင်တွယ် နိုင်ခြင်းမရှိခဲ့သော်လည်း ယခုအခါ ပြည်သူလူထု၏ တိုင်ကြားချက်များအရ ထိရောက်စွာ အရေးယူဆောင်ရွက်တော့မည် ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ Salai Timmy က ပြောသည်။ “အထူးသဖြင့် ၂၀၂၄ နောက်ပိုင်းပေါ့။ ပြည်သူကတော့ စားဝတ်နေရေး အခက်ခဲ၊ နိုင်ငံရေးအခက်အခဲကြောင့် စိုက်ကြ တယ်ပေါ့လေ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ထုတ်ပြန်တဲ့နေ့ကစပြီး မစိုက်ကြတော့ဖို့ပေါ့နော်။ တွေ့ရှိရင်လဲ ဖျက်ဆီးပြီး အရေးယူဖို့ရှိပါမယ်။ ကျွန်တော်တို့မှာ စိုက်တဲ့သူ၊ စိုက်တဲ့ နေရာရော ဒေတာ အကုန်ရှိတယ်။ ဒီနှစ်ထဲမှာဆိုရင် ပိုပြီးတော့ စိုက်ကြတာပေါ့လေ။ ကျွန်တော်တို့ဘက်ကလဲ စစ်ကြောင်းတွေရှိတော့ စစ်ရေးနဲ့ အလုပ်များတဲ့အတွက် ဒီဘက်ပိုင်း ကိုင်တွယ်ဖို့ အားနည်းတဲ့ဟာတွေရှိတယ်။ ဒါပေမဲ့အခု ပြည်သူဘက်ကလဲ ကျွန်တော်တို့ရွာမှာ ဘယ်လိုဘယ်လို စိုက်ကြ တယ်ဆိုတာတွေ တိုင်ကြားတာရှိလာတဲ့အတွက် အခုအသိပေးထားတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ ယခင်ကလည်း ဖလမ်းမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများကို အကြိမ်ကြိမ်တားမြစ် သတိပေးခဲ့ပြီးဖြစ်သည်ဟုလည်း ဆိုသည်။ ထို့အပြင်…
(006SV) ချင်းပြည်နယ်၊ လောက်တူဒေသအတွင်း လုံခြုံရေးအတွက် ညအိပ်အခြေပြုသည့် ဧည့်သည်များ ရောက်လာကပါက သတင်းပို့ တိုင်ကြားရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်း မပြုလျှင် အရေးယူမည်ဟု လောက်တူဒေသ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ယနေ့ မတ်လ ၂၅ ရက်မှာ ကြေညာသည်။ ဒေသတွင်း လုံခြုံရေးအတွက် လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းများ စနစ်တကျ ကြပ်မတ် ဆောင်ရွက်နိုင်ရန် ဒေသခံပြည်သူများ အနေဖြင့် မိမိထံ ညအိပ်မည့် ဧည့်သည်များကို အိမ်ရှင်၊ တည်းခိုခန်းတာဝန်ရှိသူများ ကိုယ်တိုင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံ ခေါ်ဆောင်၍ သတင်းပို့ မှတ်တမ်းတင်ရမည်ဟု ထုတ်ပြန်သည်။ ညအိပ်မည့်သူဖြစ်ပါက ညနေ ၆ နာရီ မတိုင်မီ သတင်းပို့ရမည်၊ ည ၁၀ နာရီ မတိုင်မီ ရောက်ရှိသူဖြစ်ပါက ၁ နာရီအတွင်း သတင်းပို့ရမည်၊ ည ၁၀ နာရီကျော်မှ ရောက်ရှိလာပါက နောက်နေ့ မနက် ၈ နာရီ နောက်ဆုံးထား သတင်းပို့ရမည်ဖြစ်ပြီး သတင်းပို့ခြင်း မပြုဘဲ ထွက်ခွာခြင်း မပြုရဟု သတ်မှတ်ထားသည်။ ဒေသခံပြည်သူများက ဒေသတွင်း တခြားရပ်ကျေးသို့ သွားရောက်ပါက သတင်းပို့ရန် မလိုသကဲ့သို့ ဒေသပြင်ပကို ရောက်ရှိနေသူများ မိမိဒေသကို ပြန်လာပါကလည်း သတင်းပို့ရန် မလိုကြောင်း သိရသည်။ တော်လှန်ရေးတာဝန် ထမ်းဆောင်သူများကို လူကိုယ်တိုင် ခေါ်ဆောင်ရန် မလိုအပ်ဘဲ သီးခြားသတ်မှတ်နည်းဖြင့် သတင်းပို့နိုင်ပြီး ၎င်းတို့ကို သံသယ ဖြစ်ဖွယ် တွေ့ရှိပါက လူကိုယ်တိုင်းသတင်းပို့စေရမည်ဖြစ်ကြောင်း၊ NGO အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်ဖြစ်ပါကလည်း သတင်းပို့ရမည်ဟု ထုတ်ပြန်သည်။…
(004SS) အိန္ဒိယသတင်းဌာနတစ်ခုက CNO/CNDF ကို မူးယစ်ဆေးဝါးလုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု ရေးသားဖော်ပြမှုသည် အခြေအမြစ်မရှိသော စွပ်စွဲချက်သာဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် CNO က မတ်လ ၂၄ ရက်နေ့တွင် တုန့်ပြန်ပြောဆိုလိုက်သည်။ အိန္ဒိယအခြေစိုက် The Quint မီဒီယာက မတ်လ ၂၁ ရက်နေ့က “Inside NIA Arrests: A Global Web of Drugs & War Driving Conflict in Northeast” ဆိုသည့်ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါးတစ်ပုဒ်ရေးသားထုတ်ပြန်ခဲ့သည်။ ထိုဆောင်းပါးတွင် CNO/CNDF ၏ ဒုတိယဥက္ကဋ္ဌ-၁၊ ဆလိုင်းပီတာထန်းကို မူးယစ်ဆေးဝါးမှောင်ခိုမှု၊ လက်နက်ပွဲစားလုပ်မှု နှင့် အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးထားသည့် နိုင်ငံခြားသားများနှင့် တိုက်ရိုက်ပတ်သက်မှု ရှိသူအဖြစ် ဖော်ပြထားသည်။ ထို့အပြင် CNDF သည် မူးယစ်ဆေးဝါးလုပ်ငန်းမှ ရရှိလာသောငွေကြေးများဖြင့် လက်နက်ဝယ်ယူခြင်း၊ စစ်ဆင်ရေးများ ဆောင်ရွက်နေကြောင်း အိန္ဒိယသတင်းစာက စွပ်စွဲထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ CNO က “ အခြေအမြစ်မရှိဘဲ ဂုဏ်သိက္ခာညှိုးနွမ်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံထားခြင်း” ဖြစ်ကြောင်း မတ်လ ၂၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး တုန့်ပြန်ခဲ့သည်။ CNDF သည် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများကို လုံးဝလုပ်ဆောင် ခြင်းမရှိသလို၊ ထိုသို့သော တရားမဝင်လုပ်ငန်းများမှ ရန်ပုံငွေရယူခြင်း လုံးဝမရှိကြောင်း ကြေညာချက်တွင်ဖော်ပြထား သည်။ CNO/CNDF ၏ ဒုတိယဥက္ကဋ္ဌ-၁ ၊ ဆလိုင်းပီတာထန်းအနေဖြင့် မူးယစ်ဆေးဝါး မှောင်ခိုမှု…
