Author: Editor

(004SS) စစ်ကော်မရှင်စစ်တပ်၏ နေ့စဉ်ဗုံးကြဲ၊ သတ်ဖြတ်မှုများနှင့် လာမည့်ရွေးကောက်ပွဲအတွက် စစ်အင်အားဖြည့်တင်းမှုများကြောင့် ဟားခါးမြို့ပေါ်တွင် သုံးလကျော်ကြာ ညမထွက်ရအမိန့် (Night Curfew) ကို CDF- ဟားခါး ဗဟိုကောင်စီက ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ အဆိုပါ ညမထွက်ရအမိန့်ကို မနက်ဖြန် အောက်တိုဘာ ၂၉ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ည ၇:၀၀ နာရီမှ နံနက် ၅:၀၀ နာရီအကြား အပြင်မထွက်ရန် လုံးဝ (လုံးဝ) တားမြစ်ထားသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ညမထွက်ရအမိန့် ထုတ်ပြန်ရခြင်းမှာ ရွေးကောက်ပွဲကို အကြောင်းပြကာ အကြမ်းဖက်စစ်တပ်သည် အချိန်မရွေး ညသန်းခေါင်အချိန်များတွင်ပါ လူနေအိမ်များ ဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးခြင်း၊ ချင်းပြည်အနှံ့သာမက ချင်းပြည်နယ် မြို့တော် ဟားခါးကိုပါ လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် စစ်အင်အား ဖြည့်တင်းနေခြင်းများကြောင့် ပြည်သူ့လုံခြုံရေးအတွက် အမိန့် ထုတ်ပြန်ရခြင်းဟု CDF- ဟားခါး ဗဟိုကောင်စီက ဆိုသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စိတ်ရှည်သည်းခံစွာ ပူးပေါင်းပါဝင်ပေးရန် အမိန့်ကို လိုက်နာရန် ပျက်ကွက်သူများကို ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်ခံရပါက တာဝန်ယူဖြေရှင်းမည်မဟုတ်ဟုလည်း CDF-ဟားခါး ဗဟိုကောင်စီက သတိပေးထားသည်။

Read More

(006SV) ချင်းပြည်နယ်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အောက်တိုဘာလအတွင်း ကလေးငယ် များ အပါ အဝင် ၉ ဦးထက်မနည်း သေဆုံးပြီး ၅၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိကာ တချို့ဒေသမှာ လေကြောင်းရန်ကြောင့် မြို့နှင့်ရပ်ရွာကို ထွက်ခွာတိမ်းရှောင်မှုများ ဖြစ်နေသည်ဟု သိရသည်၊၊ အောက်တိုဘာလအတွင်း မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ဟားခါး၊ တွန်းဇံ စသည့်မြို့နယ်များတွင် ကလေးငယ်များ စာသင် နေသော ကျောင်းအဆောက် အဦးများ၊ ဌာနဆိုင်ရာ အဆောက်အဦးများ၊ လူနေအိမ်များ၊ ပွဲအခမ်းအနားများကို ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် ပြည်သူများ ပိုမိုသေဆုံးရသည်ဟု ချင်းတော်လှန်ရေး အင်အားစုများက ပြောသည်။ ကန်ပက်လက်မြို့ပေါ်ကို အောက်တိုဘာလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ၁၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လက်ရှိမှာ ကတုတ်ကျင်းများ ထပ်ထပ်တူးကြရန်နှင့် ပွဲအခမ်း အနားများ ကျင်းပခြင်း မပြုလုပ်ရန် ကြေညာထားရသည်။ “ကျနော်တို့ ကျင်ဒွေးနဲ့ ကန်ပက်လက်ကို ပြန်လည်သိမ်းပိုက် ရယူပြီးနောက်ပိုင်းမှာ စစ်ကောင်စီက သူတို့ လက်လွှတ်ဆုံးရှုံးရလို့ ဖြစ်မယ်၊၊ ကျနော်တို့ကို လေကြောင်းကနေ အကြိမ်ကြိမ်နဲ့ ပြန်တိုက်ခိုက်နေတာ ရှိတယ်။ စစ်ကောင်စီရဲ့ ဒီဆိုးဝါးတဲ့ တိုက်ခိုက်မှု တွေမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်းတွေ များစွာ ဆုံးရှုံးရတာတွေ ရှိတယ်။ အဲဒါကြောင့် လေကြောင်းရန် ကာကွယ်တဲ့ ကတုတ်ကျင်းတွေ…

Read More

(004SS) အာဏာသိမ်း စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၂ ဦး၏ နေအိမ်ကို CDF-Tonzang တပ်ဖွဲ့က အောက် တိုဘာလ ၂၅ ရက်နေ့တွင် ချိတ်ပိတ်လိုက်သည်ဟု ဒေသခံများထံမှသိရသည်။ နေအိမ်ချိတ်ပိတ်ခံရသူ နှစ်ဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်း Pu Cin Tung Mang နှင့် ဇိုမီးအမျိုးသား ပါတီကိုယ်စားလှယ်လောင်း Pa Nang Khan Zam တို့ ဖြစ်ကြောင်း သိရသည်။ တွန်ဇံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီးတော့ တွန်ဇံ CDF က Pu Cin Tung Mang နဲ့ Pa Nang Khan Zam တို့ နေအိမ် ၂ လုံးကို ချိတ်ပိတ်ထားပါတယ်။ သူတို့ချိတ်ပိတ်ရတဲ့ အကြောင်းအရင်း ကတော့ အရင်ကတည်းက သူတို့ဟာ စစ်ကော်မရှင်တွေနဲ့ ပူးပေါင်းတယ်ပေါ့နော်။ အဲဒါတင်မကဘူး အခု ရွေးကောက်ပွဲ မှာပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်နေတာပေါ့နော်” ဟုပြောသည်။ Pu Cin Tung Mang သည် ချင်းပြည်နယ်အမျိုသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်မြေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး၊ Pa Nang Kan Zam သည်လည်း ချင်းပြည်နယ်အမျိုသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်မြေမှာ ဇိုမီးအမျိုးသားပါတီကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သည်။ Pu Cin Tung Mang နှင့် Pa Nang Khan Zam တို့သည်…

Read More

(005MK) အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ နှင့် နေထိုင်ခွင့်လက်မှတ်မရှိဘဲ နေထိုင်ကြသူများ အား မောင်းထုတ်သွားမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်က ပြောဆိုခြင်းမှာ Inner Line Permit(ILP) မရှိဘဲ မီဇိုရမ် ပြည်နယ် အတွင်းသို့ ဝင်ရောက်နေထိုင်ကြသော အိန္ဒိယနိုင်ငံသားများကို ဆိုလိုခြင်းဖြစ်သည်ဟုသိရသည်။ မကြာသေးခင်ရက်ပိုင်းက ချင်းသတင်းဌာနတချို့တွင် မီဇိုရမ်ပြည်နယ်အတွင်း တရားမဝင်နေထိုင်ကြသူများအားလုံးကို ပြည်နယ်အစိုးရက မောင်းထုတ်မည်ဟု ရေးသားဖော်ပြမှုကြောင့် မီဇိုရမ်ပြည်နယ်တွင်နေထိုင်ကြသော မြန်မာနိုင်ငံသား များအကြား စိုးရိမ်မှုမြင့်တက်ခဲ့ကြသည်။ အိုင်ဇောလ်ခရိုင် Sakawrdai ကျေးရွာတွင် ကျင်းပသော Young Mizo Association(YMA) အထွေထွေညီလာခံကြီး မှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက တရားမဝင်ပြောင်းရွှေနေထိုင်ကြသူများအား မောင်းထုတ် ရေးအတွက် အိန္ဒိယ ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးများနှင့်လည်း ဆွေးနွေးပြီးဖြစ်သည်ဟု ပြောဆိုကြောင်း ချင်း သတင်းဌာနများတွင်ဖော်ပြကြသည်။ သို့သော်လည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်မှ ပြောဆိုသွားသည့်အဓိကဆိုလိုရင်းမှာ Inner Line Permit(ILP) မရှိဘဲ မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်ကြသော အိန္ဒိယပြည်မဘက်ကလာသော ဌာနေတိုင်းရင်းသားမဟုတ်သူများ အထူး သဖြင့် ဒေသအခေါ် (Vai) ဟုခေါ်ဆိုကြသော အိန္ဒိယလူမျိုးများကို မောင်းထုတ်ရန် ပြောဆိုသွားခြင်းဖြစ်သည်။ ဌာနေတိုင်းရင်းသားများမဟုတ်သည့် အိန္ဒိယနိုင်ငံသားများသည် မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်မည်ဆိုပါက တရားဝင် ခရီးသွားလက်မှတ်အထောက်အထား ILP ကို ပြုလုပ်ရပြီး ယင်း ILP လက်မှတ်ပါမှသာ မီဇိုရမ်ပြည်နယ်အတွင်းသို့ ဝင်ရောက်နေထိုင်ခွင့်ရှိသည်။ ယခုလက်ရှိတွင် မီဇိုရမ်ပြည်နယ်တွင် ILP မရှိဘဲ တရားမဝင် နေထိုင်ကြသော အိန္ဒိယနိုင်ငံသားအမြောက်အများရှိနေ ကြသည့်အတွက် ထိုသူများကို ပြည်နယ်အစိုးရနှင့် YMA တို့ပူးပေါင်းပြီး ရပ်ကွက်အလိုက်…

Read More

(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့တွင် စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် တပ်အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။ ယမန်နေ့အောက်တိုဘာ ၂၆ နှင့် ယနေ့ ၂၇ ရက်နေ့တွင် စစ်ကော်မရှင်တပ်သည် ကလေးမြို့မှတစ်ဆင့် MI-17 ရဟတ်ယာဉ် အမျိုးအစားဖြင့် ၅ ကြိမ်ခန့် တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်စခန်းကို အင်အား ဖြည့်တင်းခဲ့သည်ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောသည်။ “ ရဟတ်ယာဉ်‌ဆင်းတယ်၊ တီးတိန်ခရိုင်မှူးရောက်တယ်လို့ပြောတယ်။ သူနဲ့အတူ စစ်သားတွေ အင်အားတိုးပေးတယ်။ မနေ့ က စစ်သားအင်အား ရဟတ်ယာဉ်နဲ့ ၅ ခေါက်လာချသွားတယ်။ ဒီနေ့ကျတော့ ၄ ခေါက်လာချတယ်။ နောက် သိပ်မကြာသေးခင်က ဂျက်ဖိုက်တာ တစ်စီး ပျံဝဲနေတယ်။ ဘယ်ကိုဦးတည်ချင်တာလဲတော့ မသိသေးဘူးပေါ့နော်” ဟု ၎င်းကပြောသည်။ ရဟတ်ယာဉ်တစ်စင်းလျှင် စစ်သား ၂၀ ဦးဝန်းကျင် ပါလာနိုင်တာကြောင့် လက်ရှိ တီးတိန်သို့ ချပေးသည့် အင်အားသည် တစ်ရာဝန်းကျင်ရှိနိုင်ကြောင်း ၎င်းကပြောသည်။ လက်ရှိတွင် တီးတိန်မြို့ပေါ်မှာ ပုံမှန်အတိုင်းဖြစ်သော်လည်း ယခုကဲ့သို့ စစ်သားအင်အားဖြည့်တင်းလာခြင်းကြောင့် ပြည်သူ များနေဖြင့် စိုးရိမ်ပူပန်ခြင်းမရှိဘဲ သတိရှိစွာ သွားလာနေထိုင်ကြရန် တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ပြောရေး ဆိုခွင့်ရှိသူကပြောသည်။ “စစ်တပ်က အင်းအားအများအပြား ဖြည့်တင်းလာတာဆိုတာ သူတို့တွန်းဇံကို ပြန်သိမ်းချင်လို့ ဖြစ်နိုင်သလို။ တစ်ဖက်မှာ ရွေးကောက်ပွဲ နီးလာပြီးဆိုတော့ ဘယ်သူမှ မနှောက်ယှက်ရဲအောင်ဆိုပြီး အင်အား ဖြည့်တင်းတာလဲ ဖြစ်နိုင်တယ်လို့ ယူဆမိပါတယ်။ ဆိုတော့ ပြည်သူတွေ အနေနဲ့ စစ်ဖြစ်တော့မလားဆိုပြီး ကြောက်လန့်စရာမလိုပေမဲ့ အသွားအလာ…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်ဖွဲ့သည် ယနေ့အောက်တိုဘာ ၂၇ ရက်နေ့တွင် ကျွန်းချောင်းကျေးရွာကို ဝင်ရောက်ပြီး နေအိမ်တချို့မီးရှိုသွားသည်ဟု သိရသည်။ ကလေးမြို့နည်းပညာတက္ကသိုလ်-GTC ကျောင်းဝန်းအတွင်းအခြေချတပ်စွဲထားသော စစ်ကော်မရှင်တပ်ဖွဲ့သည် အင်အား ၁၀၀ ကျော်ဖြင့် ယနေ့တွင် ထောက်ကြံရွာမြောက်ဖက် ကျွန်းချောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးကာ နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် နေအိမ်တချို့ကို မီးရှိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “မနေ့က တနေကုန်မြောက်ဖက်ကနေ နည်းပညာ တက္ကသိုလ်ဖက်ကို ကား (၁၅) စီးနဲ့ လက်နက်ခဲယမ်းတွေ၊ အမြောက်တွေကော ပါတယ်။ ဒီမနက်တော့ ဒရုန်းတွေနဲ့ ဗုံးတွေချနေတယ်၊ ဒရုန်းနဲ့ ချလိုက် ပစ်လိုက် တိုးလိုက်ပဲ” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ စစ်ကော်မရှင်တပ်ဖွဲ့သည် ယမန်နေ့ အောက်တိုဘာလ (၂၆) ရက်နေ့လယ်ပိုင်းမှာ ကလေးမြို့မှ စစ်ကား (၂၁) စီးဖြင့် လက်နက်ခဲ ယမ်း၊ ရိက္ခာများနှင့် အင်အားအများအပြားကို နည်းပညာတက္ကသိုလ်ဝန်းအတွင်း ဖြည့်တင်းခဲ့သည့်အပြင် ညနေပိုင်းတွင် သံပြားကာ (၃) စီးအပါအဝင် ကားကြီး (၁၀) စီးဖြင့် ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးများ၊ ၁၂၀ မမ၊ ၁၀၅ မမ လက်နက် ကြီးများနှင့် ဆက်စပ်ကျည်သေတ္တာများဖြည့်တင်းခဲ့သည်ဟု သိရသည်။ ထိုကဲ့သို့ စစ်အင်အားဖြည့်တင်းပြီးနောက် ယနေ့အောက်တိုဘာလ ၂၇ ရက်နေ့တွင် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ကျေးရွာပေါင်း ၁၅ ရွာက ပြည်သူထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Read More

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်နေသောကြောင့် ဗုံးခိုကျင်းများ လုပ်ဆောင်ရန်နှင့် လူစုလူဝေးဖြစ်စေမည့် ပွဲအခမ်းအနားများ ကျင်းပခြင်း မပြုလုပ်ကြရန် ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာသည်။ စစ်ကော်မရှင်တပ်သည် ဒေသခံပြည်သူနှင့် တော်လှန်ရေအဖွဲ့ကို ခွဲခြားခြင်း မရှိဘဲ အဆုံးစွန်ထိ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသောကြောင့် လေကြောင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် လတ်တလော ရှောင်းရှာနိုင်ရန် အောက်တိုဘာလ ၂၆ ရက်မှာ ထုတ်ပြန်သည်ဟု သိရသည်။ “ဒီ ၂၄ ရက်၊ ၂၅ ရက်မှာကိုပဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေ အများကြီး ထိခိုက်တာ ရှိတယ်၊၊ အဲဒါကြောင့် ပြည်သူတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်။ လေကြောင်းကနေ ခပ်စိပ်စိပ် တိုက်ခိုက်လာတာတွေ ရှိတဲ့အတွက် လူစုလူဝေးတွေ အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ဖို့ လိုတယ်။ သာရေး၊ နာရေးက လွဲလို့ပေါ့နော်။ ပွဲလမ်းတွေကို၊ လူစုလူဝေးတွေကို မပြုလုပ်ကြဖို့ ပြည်သူတွေကို တိုက်တွန်းနှိုးဆော်တဲ့အနေနဲ့ ဒီထုတ်ပြန်ချက်ကို ထုတ်ထားတာ ဖြစ်တယ်။ အဓိကက ပြည်သူတွေ အန္တရာယ်ဘေးကင်းဖို့အတွက်ပါ၊၊ ဒီဟာကို အတတ်နိုင်ဆုံး ပြည်သူတွေအနေနဲ့ ပူးပေါင်းပြီးမှ ဝိုင်းဝန်းလိုက်နာပေးဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု CDF – ကန်ပက်လက်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ စစ်ကော်မရှင်တပ်သည် ကန်ပက်လက်မြို့မ ၂ ရပ်ကွက်ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးများဖြင့် အောက်တိုဘာလ ၂၄ ရက် နံနက် ၉ နာရီခွဲခန့်က တိုက်ခိုက်သည်ဟု သိရသည်။ အောက်တိုဘာလ ၂၅…

Read More

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနီးကို ယနေ့မနက်ပိုင်းက စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ပြီး ဗုံးကြဲတိုက်ခိုက်သွားသည်ဟု CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “လေကြောင်းတိုက်ခိုက်ခံရတာ ဟုတ်ပါတယ်။ ၂ ကြိမ်တိုက်ခိုက်ခံရတယ်။ ပထမတစ်ကြိမ်က တစ်လုံးနဲ့ ဒုတိယတစ်ကြိမ်က ၂ လုံးနဲ့ တိုက်ခိုက်ပါတယ်။ မြေပြင်အနေအထားကတော့ သတင်းအချက်အလက်တွေ အတည်ပြုလို့တော့ မရသေးပါဘူး” ဟု CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာသန်းရွှေက ပြောသည်။ ယနေ့ အောက်တိုဘာလ ၉ နာရီ ၂၀ မိနစ်ခန့်တွင် ကန်ပက်လက်မြို့အနောက်ဘက်ကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ရာ ပထမတစ်ကြိမ်မှာ ဗုံး ၁ လုံး၊ ဒုတိယအကြိမ်တွင် ဗုံး ၂ လုံးဖြင့် တိုက်ခိုက်သွားသည်ဟု သိရသည်။ ဂျက်ဖိုက်တာ ၂ စီးဖြင့် ကန်ပက်လက်မြို့နယ် တစ်နေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားသည်ဟု အဆိုပါဖြစ်စဉ်ကို သိရှိသော ဒေသခံ တစ်ဦးကလည်း ပြောသည်။ အောက်တိုဘာလအတွင်း မင်းတပ်၊ မတူပီ၊ ဟားခါး၊ တွန်းဇန်မြို့နယ်တိုမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးငယ်အပါအဝင် ၆ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ အများအပြား ရှိကြောင်း၊ အရပ်သားနေအိမ်များနှင့် အဆောက်အဦးများလည်း ပျက်စီးကြောင်း သိရသည်။

Read More

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က မင်္ဂလာဆောင်ပွဲတစ်ခုကို စစ်ကော်မရှင်တပ်က ယနေ့မနက်ပိုင်းက ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။ ယနေ့ အောက်တိုဘာလ ၂၄ ရက် မနက်ပိုင်း ၉ နာရီ ၂၀ မီနစ်ခန့်တွင် ကန်ပက်လက်မြို့အနီးက မင်္ဂလာဆောင်တစ်ခုကို စစ်တပ်က လေကြာင်းတိုက်ခိုက်မှု ပြုလုပ်ရာ ပထမတစ်ကြိမ်မှာ ဗုံး ၁ လုံး၊ ဒုတိယအကြိမ်မှာ ဗုံး ၂ လုံးဖြင် တိုက်ခိုက် သည်ဟု ဒေသခံသတင်း ရင်းမြစ်များက ပြောသည်။ “ဗုံးကြဲခံရတာက မင်္ဂလာဆောင်နေရာပါ။ အထိအခိုက်များတယ်လို့ ကြားရပါတယ်။ ကန်ပက်လက်မြို့ အနောက်ဘက်က မြို့အနီးအနားကို ကြဲသွားတာပါ။ သူတို့က မင်္ဂလာဆောင် ဖိတ်စာတွေကို အသိတွေကိုလည်း ဝေငှာတာ ဆိုးသွားတယ်။ အဲဒီကို တိုက်ခိုက်တာပါ” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အဆိုပါ မင်္ဂလာဆောင်သည် CDF – ကန်ပက်လက် စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်း၏ မင်္ဂလာဆောင်ဖြစ်ကြောင်း ဒေသခံက အတည်ပြုပြီး ထိခိုက်သေဆုံးမှု များကြောင်း သိရသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ပြောသည်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် NLD လွှတ်တော်အမတ်ဟောင်း ဦးစံခင်၏ သား ဦးခင်မာင်ရင်အပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦး သေဆုံးကြောင်း ချင်းသတင်းဌာန VOC က ရေးသားသည်။ ထိခိုက်ဒဏ်ရာ ရရှိသူလည်း ၁၅ ဦးထက်မနည်း ရှိနေပြီး…

Read More

Headline….. စစ်ကော်မရှင်က ဦးဆောင်ကျင်းပပေးမယ့် ရွေးကောက်ပွဲမှာ NLD အစိုးရခေတ်က ချင်းပြည်နယ်ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးထက်၊ ဦးပေါင်လွန်းမင်ထန်၊ လူသိများတဲ့ ချင်းနိုင်ငံရေးသမား ပူးနိုးထန်ကပ်နဲ့ ပူးဇိုဇမ်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမယ်လို့ သိရပါတယ်။ ချင်းပြည်နယ်၊ ဆဲန်ထန်ဒေသ၊ ဇာထာလ် (Zathal) ကျေးရွာ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းတွေအားလုံး ယာယီပိတ်ထားတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသ၊ ကလေးမြို့မြောက်ပိုင်း ကလေး-တမူး လမ်းပိုင်းကို စစ်ကော်မရှင်တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

Read More