(002MG)စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းဒေသ အဓိကဆက်သွယ်ထားသည့် ကလေး -သိုင်းငင်းကား လမ်းပိုင်းကို စစ်ကောင်စီတပ်ဖွဲ့က ဆက်လက်ပိတ်ထားခြင်းကြောင့် တီးတိန်မြို့ပေါ် တွင် ကုန်ဈေးနှုန်းမြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။တီးတိန်မြို့ခံ အမျိုးသားတစ်ဦးက “အဓိက ရှုခင်းသာဖက်ကနေ လမ်းပိတ်ထားတယ်။ လမ်းအရမ်းဆိုး တော့ ကားတွေ ကလည်း (၁)ရက်နဲ့မရောက်တော့ဘူး (၂) ရက် (၃) ရက်လောက် ကြာတယ် ပိမ်းပိလမ်း ဖက်မှာကားတွေက နစ်တာကိုး၊ တန်ဆာလဲတော်တော်လေးတက်သွားတယ်။ စားကုန် တွေက တော်တော်လေး ဈေးတက်သွားတယ်။ တခါတလေ ကြက်သားပြတ်လိုက်၊ ကြက်ဥပြတ်လိုက်နဲ့ အဲ့လိုမျိုး တွေရှိတယ်။ ဆန်ဆိုရင် အရင်တုန်းက အများဆုံး (၁) သိန်းခွဲ လောက်ပဲရှိတာ။ တက်တာကတော့ အကုန်လုံးကို တက်နေတော့တာ။”ဟု ပြောသည်။ဇူလိုင် ၁၇ ရက်နေ့မှ စတင်ပြီး ကလေး- သိုင်းငင်း လမ်းမကြီးအား ခရီးသွားပြည်သူများ ပြန်လည် အသုံးပြုသွားလာနိုင် ပြီဖြစ်ကြောင်း CDF- CDM Siyin က ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဖက်က ဆက်လက် ပိတ်ထားဆဲဖြစ် သောကြောင့် ချင်းပြည်နယ်မြောက်ပိုင်းတွင် ကုန်ဈေးနှုန်းမြင့် တက်ခြင်း၊ ခရီးကြန့်ကြာခြင်းများ ကြုံတွေ့နေကြရ ခြင်းဖြစ်သည်။တီးတိန်မြို့ပေါ်တွင် ယခင် ဆန်တအိတ်လျှင် (၁၂၀,၀၀၀) ကျပ်ဖြင့် ဝယ်ယူခဲ့ကြသော်လည်း လက်ရှိတွင် ဧရာမင်း ကော်ချက် ဆန်အသစ် တအိတ်လျှင် (၁၅၀,၀၀၀) ကျပ်၊ ဧရာမင်း ကော်ချက် ဆန် အဟောင်း တအိတ်လျှင် (၁၈၀ ,၀၀၀) ကျပ်၊ ကြက်ဥ တလုံး (၁,၀၀၀) ကျပ်၊ ကြက်သား…
Author: Editor
(004SS) စစ်ကောင်စီ ကျင်ပခဲ့သော ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့ နံနက် ၆ နာရီတွင် စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ အောင်စာရင်းကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ ဝက်ဘ်ဆိုဒ် [www.myanmarexam.org] (http://www.myanmarexam.org) တွင် ဇူလိုင် ၂၇ ရက် မနက် ၄ နာရီမှစ၍ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး၊ အင်တာနက်အဆက်အသွယ် အားနည်းသည့် ဒေသများအတွက် မြန်မာ့အသံရေဒီယိုမှလည်း ကြေညာပေးသွားမည်ဟု သိရသည်။ ထို့အပြင် အောင်စာရင်းနှင့်ပတ်သက်၍ မေးမြန်းလိုပါက မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ဖုန်း – ၀၁-၆၅၃၅၀၉ မှ ဆက်သွယ်စုံ စမ်းနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။ ချင်းပြည်နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဟားခါးနှင့် တီးတိန်မြို့နယ်တွင်သာ ဖြေဆိုခဲ့ကြပြီး၊ ဖြေဆိုသူ စုစုပေါင်း ၄၀၈ ဦးသာ ရှိခဲ့သည်။
(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ အချင်းချင်းစစ်ရေးပဋိပက္ခတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) သည် ၎င်းတို့ဖမ်းဆီးထားသော စစ်ကောင်စီတပ်သားစစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပေးမည်ဟု သဘောတူညီချက်ဖြင့် တိုက်ပွဲအတွင်း အသုံးပြုခဲ့သည်ဟု သိရသည်။ ဇူလိုင်လ ၂၂ ရက်က ချင်းပြည်ဒေသတွင်း သတင်းဌာနဖြစ်သော VOC နှင့် အင်တာဗျူးတွင် ချင်းအမျိုးသားတပ်ဦး (CNF/ CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောဆိုခြင်းဖြစ်သည်။ “အဓိက ဝမ်းနည်းစရာ ကောင်းတာက ဖလမ်းမြို့သိမ်းတုန်းက ထင်ပါတယ်။ (အကြမ်းဖက်) စစ်ကောင်စီတွေ သူတို့ ထိန်းသိမ်း ထားတဲ့ အဲဒီစစ်သုံ့ပန်းတွေကို အသုံးချတဲ့ ကိစ္စပါ။ ဒါကတော့ ဂျနီဗာကွန်ဗန်ရှင်းရဲ့ စစ်ဘက်ဆိုင်ရာလမ်းညွှန်မှုနဲ့လည်း မညီဘူး။ အဲလို လုပ်ရပ်တွေက လူတစ်ဦးချင်းစီးရဲ့ အနေအထားကို လူသားဖြစ်မှုကို မလေးစားဘူး။ သူတို့ကို မေးမြန်းမှုတွေ လုပ်တဲ့အခါမှာ အဲဒီရိခေါဒါရ်ကို သိမ်းပြီးပြီဆိုရင် ခင်ဗျာတို့ ကြိုက်တဲ့နေရာကို ပြန်လွှတ်ပေးမယ်လို့ ကတိတွေ ရှိထားတယ်လို့ ကျနော်တို့ ထိန်း သိမ်းထားတဲ့ စစ်သုံ့ပန်းတွေ ဆီကနေ သိရတယ်။ အဲလိုမျိုးတွေ သူတို့ စစ်ဆင်ရေးလုပ်တဲ့ ပုံစံက (အကြမ်းဖက်) စစ်ကောင်စီတွေလည်း သူတို့ အသုံးချတာရှိတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ ထို့အပြင် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အခြေစိုက် ကူကီးလက်နက်ကိုင်တပ်ဖွဲ့တစ်ခုကိုလည်း CNO/CNDF က ချင်း အချင်း ချင်းကြားက စစ်ရေးပဋိပက္ခတွင် အသုံးပြုမှု ရှိခဲ့ပြီး အဆိုပါကူကီးလက်နက်ကိုင်တပ်ဖွဲ့ဝင် ၃ ဦးကိုလည်း ဖမ်းဆီးရမိသည်ဟု ဆလိုင်းထက်နီက ပြောသည်။ “သူတို့ ထိုးစစ်ဆင်တဲ့…
(004SS) ချင်းပြည် (Chinland) အစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သူနာပြုသင်တန်းကျောင်းအတွက် အတွေ့အကြုံ ရှိသော သင်ကြားရေးဝန်ထမ်း (၃) ဦးအတွက် အလုပ်ခေါ်ယူနေကြောင်း ယနေ့ထုတ်ပြန်သည်။ ချင်းပြည်နယ်တွင် ဆေးဘက်ပညာရှင်များလိုအပ်နေခြင်းအပေါ် တုံ့ပြန်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သူနာပြုသင်တန်းကျောင်းကို တည်ထောင်ခဲ့ခြင်းဖြစ်ကာ ယခုတွင် သင်တန်းသားများကို သင်ကြားပေးနိုင်သော အတွေ့အကြုံရှိ သူနာပြု ၃ ဦးခန့်အပ်ရန် ဖိတ်ခေါ်နေခြင်းဖြစ်သည်။ ၁ နှစ်စာချုပ်ဖြင့် ခန့်အပ်မည်ဖြစ်ပြီး လိုအပ်ပါက တိုးမြှင့်နိုင်မည်ဖြစ်ကာ ဩဂုတ် ၈ ရက် ညနေ ၄:၀၀ အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။ သူနာပြု Diploma သို့မဟုတ် Bachelor ဘွဲ့ရရှိသူ၊ သူနာပြုလက်မှတ်ရှိသူ၊ အနည်းဆုံး ၂ နှစ် ဆေးဘက်/သင်ကြားရေး အတွေ့အကြုံရှိသူနှင့် ပဋိပက္ခဒေသတွင် အလုပ်လုပ်ဖူးသူအား ဦးစားပေးမည်ဟု သိရသည်။ အလုပ်ခန့်အပ်ခံရသူသည် သင်တန်းအတွင်း သီအိုရီနှင့် လက်တွေ့သင်ကြားမှုများ ပြုလုပ်ခြင်း၊ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေးပစ္စည်းများ တည်ဆောက်ခြင်း၊ သင်တန်းသားများကို လေ့ကျင့်ပေးခြင်းနှင့် ကြီးကြပ်ခြင်း၊ ကျောင်းအုပ်၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စာမေးပွဲများ၊ ဆန်းစစ်မှုများ ပြုလုပ်ခြင်း၊ သင်ကြားရေး အတွက် လုံခြုံသော ပတ်ဝန်းကျင် ဖန်တီးခြင်း၊ ဆေးရုံများတွင်လိုအပ်သလိုပါဝင်ကူညီဆောင်ရွက်ခြင်းတို့ လုပ်ဆောင်ရ မည်ဖြစ်သည်။ ကိုယ်ရေးအကျဉ်း၊ အလုပ်အပေါ်စိတ်ဝင်စားသည့်မိတ်ဆက်စာ၊ သူနာပြုလက်မှတ် မိတ္တူနှင့် ဆက်သွယ်ရမည့် ယခင် အလုပ်ရှင်၏ စာ ၂ စောင်တို့ကို dg@chinlandmohs.org နှင့် admin@chinlandmohs.org သို့ ပေးပို့ရမည်ဖြစ်ကာ ချင်းပြည်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏…
(004SS) နယူးဒေလီမြို့က မြန်မာဒုက္ခသည်များသည် UNHCR ရုံးကို ဆန္ဒပြမှု ၁၀ ရက်ကျော်ကြာလာချိန်တွင် ဆန္ဒဖော်ထုတ်မှုကို အရှိန်မြှင့်သည့်အနေဖြင့် UNHCR ၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော Bosco နှင့် SLIC ရုံးများသို့ မြန်မာဒုက္ခသည်များ အနေဖြင့် သွားရောက်ဆက်ဆံခြင်း မပြုဘဲ သပိတ်မှောက်ရန် CRC- New Delhi က ထုတ်ပြန် ကြေညာသည်။ CRC-New Delhi မှဥက္ကဌ မစုထွေးအောင်က “ ကျွန်မတို့ရဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှု ပိုပြီး အားကောင်းအောင်၊ အရှိန်မြန်အောင် အချိန်တိုအတွင်းအောင်မြင်နိုင်ဖို့ဆိုရင် Bosco ရော SLIC ရော ဘယ်သူမှမသွားရဘူး။ အဲဒါမှ ဒီဆန္ဒပြမှုဟာ အောင်မြင်လာ မှာ။ အခု UNO ကိုလဲ စာတွေ ပေးပြီးသားဖြစ်တယ်။ နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကိုလဲ လိပ်မူပြီး စာပို့ထားတယ်။ ကျွန်မတို့က နည်းပေါင်းစုံနဲ့ ကြိုးစားနေတာ ဖြစ်တယ်။ ပြည်သူလူထုကောင်းဖို့အတွက် လူကြီးတွေနဲ့ တိုင်ပင်ပြီး အမြဲတမ်း ကြိုးစားဆောင်ရွက်နေပါတယ်။” ဟု ပြောသည်။ ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ကစ၍ ချင်းဒုက္ခသည်ကော်မတီ-CRC ၏ ဦးဆောင်မှုဖြင့် ဒုက္ခသည်အခွင့်အရေးရရှိရေး တောင်း ဆိုဆန္ဒဖော်ထုတ်မှုကို UNHCR ရုံးရှေ့မှာ စတင်ခဲ့ကြပြီး ယနေ့ဇူလိုင် ၂၁ ရက်နေ့အထိ ဆက်လက်ဆင်နွှဲခဲ့ကြသည်။ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုအား ပိုမိုထိရောက်ရန်အတွက် UNHCR ၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Bosco နှင့် SLIC တို့ကိုပါ အဆက်အသွယ်မလုပ်ဘဲ သပိတ်မှောက်ရန် CRC က စီစဉ်ထားသည်ဟုသိရသည်။ Bosco…
(002MG)စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းဒေသကို အဓိက ဆက်သွယ်ထားသည့် ကလေး -သိုင်းငင်း ကားလမ်းမကြီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-CDM Siyin ကပြန်လည်ဖွင့်ပေးလိုက်သော်လည်း စစ်ကောင်စီတပ် ဖွဲ့က အသုံးပြုခွင့်မပြုဘဲ ကလေးမြို့အထွက်မှ ပိတ်ထားသည်ဟုသိရသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့ နှင့် ချင်းပြည်နယ်အစပ် ခိုင်းကမ်းမြို့အလွန် ရှုခင်းသာနေရာတွင် တပ်စွဲနေရာယူထားကြပြီး ယင်းလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည်ဟု ဒေသခံများထံမှသိရသည်။တီးတိန်မြို့ခံ အမျိုးသားတစ်ဦးက “သောကြာနေ့ တီးတိန်ကနေ ကားတစ်စီး ကလေးကို ဆင်းလာတာ ကလေးမြို့ ရှုခင်းသာမှာရှိတဲ့ စကစ က အဲ့ဒီရှုခင်းသာမှာ စခန်းချပြီးတော့မှ ဘယ်သူမှ ပေးမလွှတ်ဘူး၊ ဆင်းလာတဲ့ သူတွေလဲ ရှုခင်းသာကနေ ပြန်လှည့်ရတာပေါ့၊ အဝင်မခံတာပေါ့။ ဘာအကြောင်းပြချက်မှမပြောဘူး ဝင်လို့မရဘူး လို့ပဲပြောတယ် ။ ဘာမှကိုမဝင်ခိုင်းတာ” ဟု ပြောသည်။စစ်ရေးအခြေအနေကြောင့် (၁) လကျော်ပိတ်ထားခဲ့ရသည့် ကလေး- သိုင်းငင်း လမ်းမကြီးကို ဇူလိုင် ၁၇ ရက်နေ့မှ စတင်ပြီး ပြန်လည်အသုံးပြုသွားလာနိုင်ပြီဖြစ်ကြောင်း CDF- CDM Siyin က ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ဖက်က ဆက်လက် ပိတ်ထားဆဲဖြစ်သည်။လက်ရှိတွင် ကလေး- သိုင်းငင်းလမ်းပိုင်းအား အသုံးပြုနိုင်ခြင်းမရှိသေးသောကြောင့် ချင်းတောင်ဖက် တက်သည့် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်ငယ်များသည် ကွင်းလမ်းဖြစ်သည့် ပိမ်းပိလမ်းသို့လည်းကောင်း၊ ကုန်ပစ္စည်း တင်ဆောင်သည့် ကုန်ကားကြီးများသည် ဝေဘူလ- ဗားရ် လမ်းပိုင်းကိုအသုံးပြုနေရဆဲဟု သိရသည်။မွှာလ်ပီးကျေးရွာမှ တပ်ဆုတ်လာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခိုင်ကမ်းမြို့နှင့် (၅) မိုင်အကွာနှင့် ကိုးမိုင် စစ်ဆေးဂိတ်အနီးအနားရှိ လူမနေထိုင်သော ပြည်သူပိုင်နေအိမ်အချို့တို့ တွင် တပ်စွဲနေရာယူထားကြသည်ဟု ခိုင်ကမ်းမြို့ဒေသခံ…
(006SV) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုငဟားခရိုင်ထဲမှာ မရာလဲန်းနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့(MTC/ MDF) ၏ ဒုတိယဥက္ကဌ BN Sila နှင့် ဒေသခံလူငယ် ၂ ဦးကို စစ်အသုံး အဆောင်ပစ္စည်းများနှင့်အတူ အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးထားသည်ဟု သိရသည်။ ဇူလိုင်လ ၁၇ ရက်က ဆိုင်ဟားခရိုင် Tipa ကျေးရွာတွင် ချင်းညီနောင်အဖွဲ့ဝင်၊ ချင်းတော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် MTC/ MDF ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးနှင့် မီဇိုရမ်ဒေသခံ လူငယ် ၂ ဦးတို့ကို မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်တို့က ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။ ဖမ်းဆီးရမိမှုမှာ ကားပေါ်တွင် ကျည်ကာဦးထုပ်များ၊ ကျည်ကာအင်္ကျီများ၊ ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က နေပြည်တော်မှာ စစ်အာဏာသိမ်း ဒုတိယခေါင်းဆောင် စိုးဝင်းနှင့်အတူ အိန္ဒိယတပ်မတော် ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားရေးမှူး Lieutenant General Shrinjay Pratap Singh, AVSM, YSM ဦးဆောင်သော အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံမှုတွင် နှစ်နိုင်ငံစစ်တပ် ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးရေးတို့ကို ဆွေးနွေးထားသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
(004SS) ချင်းပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများအကြား ဖြစ်ပေါ်နေသော အမြင်ကွဲလွဲမှုများနှင့် ပဋိပက္ခများကို လက်နက်စွဲကိုင်တိုက်ခိုက်ခြင်းထက် “ချင်းဟူသည့်” အမည်နာမအောက်တွင် ညီအကိုဖြစ်ခြင်းကို အခြေခံကာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ချင်းလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့က တိုက်တွန်းသည်။ ချင်းပြည်နယ်အလယ်ပိုင်းရှိ ဟားခါး၊ ထန်တလန်၊ မတူပီမြို့နယ်တို့တွင် အခြေစိုက်သော CDF-Zotung, CDF-Zophei, CDF-Lautu, CDF-Mara နှင့် Senthang Revolution Force တို့ စုစည်းထားသည့် ZZLMS အဖွဲ့က ဇူလိုင် ၂၀ ရက်တွင် ယခုကဲ့သို့ ထုတ်ပြန်ကာ တိုက်တွန်းထားခြင်းဖြစ်သည်။ ချင်းပြည်အတွင်း လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တော်လှန်ရေးရဲဘော်များ အသက်ဆုံး ရှုံးရခြင်း၊ ပြည်သူများ စစ်ဘေးရှောင်တိမ်းရွှေ့ပြောင်းရခြင်းများကို စိတ်မကောင်းဖွယ်တွေ့ရှိရကြောင်း ZZLMS က ဖော်ပြထားသည်။ ထို့အပြင် ချင်းအချင်းချင်း လက်နက်စွဲကိုင် တိုက်ခိုက်မှုများသည် စစ်ကောင်စီ၏ အလိုအတိုင်း တော်လှန်ရေးကို အားနည်းစေခြင်း၊ ပြည်သူများအား စိတ်ဓာတ်ကျစေခြင်း၊ ညီညွတ်မှုကို ပျက်ပြားစေခြင်း စသည့် ဆိုးကျိုးများဖြစ်စေ ကြောင်း အသိပေးထားသည်။ ZZLMS က မိမိတို့၏ လက်နက်ကိုင်တိုက်ပွဲသည် စစ်ကောင်စီနှင့် အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန်သာ ဖြစ်ပြီး၊ အချင်းချင်း ပဋိပက္ခမဟုတ်ကြောင်းကိုလည်း ထပ်လောင်း ဖော်ပြထားသည်။
(002MG)စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ တမူးမြို့ဘက်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါး WY ဆေးပြား ၈ သိန်း နှင့် ငွေသား သိန်း ၁၅၀ ကို Chin National Organization (Upper Chindwin Region ) က ဇူလိုင်လ (၁၈) နေ့တွင် ဖမ်းဆီးရမိခဲ့ သည်ဟု သိရသည်။အဆိုပါ မူးယစ်ဆေးဝါးများကို လူ ၅ ဦးက ဆိုင်ကယ် (၄) စီးဖြင့် သယ်ဆောင်လာကြသည်ကို ကလေးမြို့ နှင့် ရာဇဂြိုလ် မြို့ကြားတွင် CNO-UCR က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဇူလိုင် ၂၀ ရက်နေ့က ထုတ်ပြန်သည်။ မူးယစ်ဆေးဝါးများကို အိန္ဒိယနိုင်ငံ EM ဆိုသူထံပေးပို့ရမည်ဟု သိရပြီး လက်ရှိတွင် ဖမ်းဆီးရမိ သည့် မူးယစ်ဆေးဝါး နှင့် သယ်ဆောင်သူများကိုလည်း ဥပဒေအတိုင်း အရေးယူနိုင်ရန် အမူဖွင့်ထားသည့်အပြင် ဥပဒေအတိုင်း အရေးယူနိုင် ရန်ဆောင်ရွက်နေသည်ဟု သိရသည်။CNO-UCR အနေဖြင့် မူးယစ် ဆေးဝါးသယ်ဆောင်သူ၊ ဖြန့်ဝေသူ၊ သုံးစွဲသူနှင့် ရောင်းချသူများသိရှိပါက ဆက်လက်ဖမ်းဆီးကာ ပြင်းပြင်းထန်ထန် အရေး ယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ကလေးကဘော်ဒေသ CNO-UCR လှုပ်ရှားနယ်မြေအတွင်း လူငယ်များမူးယစ်ဆေးဝါးသားကောင်မဖြစ်ရန် နှင့် ရပ်ရွာသာယာလှပရန် မိဘပြည်သူများ အနေဖြင့်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ကြ ရန် တိုက်တွန်းထားပါသည်။
(006SV) ချင်းအမျိုးသားတပ်ဦး (CNF/ CNA) နှင့် အာဏာသိမ်းစစ်ကောင်စီတို့ကြား တွေ့ဆုံညှိနှိုင်းပြီး “နှစ်ဖက် သဘောတူစာချုပ်” ချုပ်ဆိုထားသည်ဟု လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့လာမှုသည် လုပ်ကြံရေးသားထားသည့် အတုဖြစ်သည်ဟု ချင်းအမျိုး သားတပ်ဦး (CNF/ CNA) က ပြောသည်။ ယနေ့ ဇူလိုင်လ ၂၀ ရက်တွင် “သတင်းအမှား ဖြန့်ဝေမှု တုန့်ပြန်ခြင်း” ဟူ၍ ချင်းအမျိုးသားတပ်ဦး (CNF/ CNA) က ပြည်သူလူထုကို တရားဝင်အသိပေးလာခြင်းဖြစ်သည်။ ဖေ့ဘွတ်ဆိုရှယ်မီဒီယာအကောင့်များဖြစ်သော Aung N Htwe (ဂိုလ်ရှယ်လေး)၊ Chin Net၊ Meifar thuthang စသည့်တို့က “နှစ်ဘက်သဘောတူစာချုပ်” ဟူသော သတင်းဓာတ်ပုံဖြင့် စစ်ကောင်စီနှင့် ချင်းအမျိုးသားတပ်ဦး (CNF/ CNA)တို့ အကြား စာချုပ်ချုပ် ဆိုသည်ဟု လုပ်ကြံရေးသားမှုသည် လုံးဝ မဟုတ်မှန်ကြောင်း မိဘပြည်များသို့ CNF/ CNA က ထုတ်ပြန်အသိပေးသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ချင်းအမျိုးသားတပ်ဦးသည် NCA လမ်းကြောင်းကို စွန့်လွှတ်လိုက်သည့်အပြင် စစ်ကောင်စီ တပ်ဖွဲ့တချို့ကို စစ်မြေပြင်တွင် စစ်ရေးဗျူဟာအရ လက်နက်ချ၊ အလင်းဝင်စေရေး ဖိအားပေး ပြောဆိုမှုမှအပ စစ်ကောင်စီ၏ မည်သည့်အဖွဲ့ ၊ ပုဂ္ဂိုလ်နှင့်မျှ ဆက်သွယ်စကားပြောခြင်း၊ စာချုပ်ချုပ်ဆိုခြင်းများ မရှိခဲ့ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်သည်။ ထိုစာအတုသည် ချင်းအမျိုးသားတပ်ဦး၏ ဂုဏ်သိက္ခာကို ကျဆင်းရန် ရည်ရွယ်ချက် ရှိရှိ လုပ်ကြံရေးသားခြင်းသာ ဖြစ်ပြီး အသက် ပေးစွန့်လွှတ်ခဲ့ကြသော တော်လှန်ရေး ရဲဘော်များကို လေးစားသောအားဖြင့် နောင်နောက်တွင်…
