Author: Editor

(006SV) ချင်းတစ်မျိုးသားလုံး၏ အနာဂါတ်နိုင်ငံရေး လမ်းကြောင်းသည် လက်ရှိအချိန်က လွန်စွာအရေးကြီးပြီး တသီးပုဂ္ဂလ ခံစားချက်၊ အဖွဲ့အစည်းစွဲ၊ လူမျိုးစွဲများကို ကျော်လွှားပြီး ချင်းပြည်ကို အတူတကွ ဘက်ပေါင်းစုံမှ တည်ဆောက်ကြရန် လိုအပ်နေကြောင်း ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) က ထုတ်ပြန်သည်။ ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ကျရောက်သည့် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ချင်းပြည်သူ့အစည်းအရုံး / ချင်းပြည်သူ့ တပ်မတော် (CPU/ CPA) မှ ချင်းပြည်သူလူထုသို့ ပေးပို့သော သဝဏ်လွှာတွင် အသိပေးထားသည်။ လက်ရှိကာလသည် ချင်းအမျိုးသားတို့၏ အနာဂါတ်နိုင်ငံရေး လမ်းကြောင်းကို ချင်းတော်လှန်ရေးအဖွဲ့များကြား၊ အခြားတော် လှန်‌ရေး မဟာမိတ်များနှင့်အတူ အပြန်အလှန် အကျိုးပြုပြီး ချင်းပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှု၍ ရွေးချယ် လျှောက် လှမ်းရမည့်အချိန်အခါ ဖြစ်ကြောင်း CPU/ CPA က ကြေညာသည်။ ချင်းတစ်မျိုးသားလုံး၏ အနာဂါတ် နိုင်ငံရေးလမ်းကြောင်းသည် ယခုအချိန်ထက် ပို၍အရေးကြီးသော အချိန်ရှိလိမ့်မည်မဟုတ်ကြောင်း ချင်းပြည်အစည်းအရုံးက သတိပေးထားသည်။ ယနေ့၏ သမိုင်းအချိုးအကွေ့တွင် မိမိတို့၏ တသီးပုဂ္ဂလ ခံစားချက်၊ အဖွဲ့အစည်းအစွဲ၊ ဝါဒအစွဲ၊ လူမျိုးအစွဲ၊ လူမျိုးရေး မုန်းတီးမှု များကို ကျော်လွှာပြီး ရေရှည် လုံခြုံမှုနှင့် အကျိုးစီးပွားကို အာမခံချက် ပေးနိုင်မည့် ချင်းပြည်ကို အတူတကွ ဘက်ပေါင်းစုံမှ တည်ဆောက်ကြရန် လိုအပ်လှပေးသည်ဟု ထုတ်ပြန်သည်။ ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ချင်းတစ်မျိုးသားလုံး၏ အနာဂါတ်ကို မည်သို့စုစည်း တည်ဆောက်ကြ မည်ဆိုသည်မှာ…

Read More

(002MG) ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကော်မရှင်တပ်ဖွဲ့က ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးကို အကြောင်းမဲ့ သေနတ် ဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေရာတွင် ပွဲချင်းသေဆုံးခဲ့ရသည်ဟု သိရသည်။ဟားခါးမြို့ဒေသခံတစ်ဦးက “လျှပ်စစ်ရုံးမှာ ကျုတီကျနေတဲ့သူတွေထဲက ၁ ယောက်ကို ပစ်သတ်တယ်။ ၂ ယောက်ကို လိုက်ဖမ်းနေတယ်လို့ ပြောကြတယ်။ သူတို့ကို သံသယရှိလို့ထင်တယ် အဓိကတော့ ဒီနေ့က ချင်းအမျိုးသားနေ့ အခမ်း အနားကို စုပေါင်းရုံးမှာလုပ်တာ၊ အခမ်းအနားမှာ လူငယ်တွေလားမသိဘူး ဒရုန်းနဲ့ ဗုံး (၂) လုံးချတာ ပေါက်တော့ မပေါက်ဘူး အဲ့နောက်ပိုင်းမှာ သူတို့က တွေ့သမျှကို လိုက်ပစ်တာ၊ လိုက်ဖမ်းတာမျိုးထင်တယ်။” ဟု ပြောသည်။ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက် လျှပ်စစ်ရုံးတွင် တာဝန်ကျကာ နေအိမ်သို့ဆိုင်ကယ်ဖြင့် ပြန်လာသည့် လျှပ်စစ်ဝန်ထမ်း ၃ ဦးအား လုံခြုံရေးယူထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် စစ်ဆေးမေး မြန်းခြင်းမရှိဘဲ သေနတ်ဖြင့်ပစ်ခတ်ခြင်း ဖြစ်သည်ဟု သိရပြီး အမျိုးသားတစ်ဦးမှာ ဦးခေါင်း ကျည်ဆံထိမှန် ကာ သေဆုံးသွားခြင်းဖြစ်သည်။အဆိုပါ သေဆုံးသူအမျိုးသားမှာ လျှပ်စစ်ဝန်ထမ်းဖြစ်သည်ဟု သိရသော်လည်း ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုမူ အတိအကျမသိရသေးပေ။ဖေဖော်ဝါရီ ၂၀ ရက်နေ့သည် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ဖြစ်ပြီး ဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် စုပေါင်းရုံးတွင် အခမ်းအနားကျင်းပခြင်းများရှိခဲ့သော်လည်း ဟားခါးမြို့ခံပြည်သူအများစုသည် ချင်းအမျိုးသားနေ့အား ပါဝင်တက်ရောက်ခြင်းမရှိကြကြောင်း ဟားခါးမြို့ထံမှ သိရသည်။Photo credit

Read More

(006SV/ 004SS) ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့ရှိ ကျေးရွာ ၃ ရွာကို စစ်ကော်မရှင်က ယနေ့ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁ နာရီခန့်က ဟားခါးမြို့နယ် ချင်ခွာ (Cin Khua ) နှင့် ဇိုခွာ (Zokhua) တို့ကို စစ်ကော်မရှင်တပ်က Y – 12 လေယာဉ် အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ကြောင်း၊ ချင်ခွာရွာတွင် ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ၂ ဦးမှာ ဒဏ်ရာ အပြင်းအထန် ရရှိသည်ဟု သိရသည်။ “Y- 12 နဲ့ ဗုံးအများကြီး လာကြဲချတယ်ဆိုတာလောက်ပဲ သိတယ်။ ဇိုခွာမှာတော့ လူဒဏ်ရာ ရတာမျိုး မရှိဘူးလို့ သိရပါတယ်။ အိမ်တွေ နည်းနည်းစီပျက်စီးတာ များတယ်။ ဇိုခွာမှာ မိသားစု တစ်စုရဲ့ အိမ်ပေါ်ကို ကျတာ ၊ ဒါပေမယ့် သူတို့က အမျိုးတွေ အိမ်မှာ အိပ်တဲ့ ညဆိုတော့ လွတ်သွားတယ်တဲ့။ ချင်ခွာမှာက ၃ ဦးလောက် ဒဏ်ရာ ရတယ်။ ၂ ဦးကတော့ နည်းနည်း ဒဏ်ရာ ပြင်းထန်တယ်” ဟု CDF ဟားခါးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဇိုခွာရွာတွင်…

Read More

(006SV) စစ်အာဏာသိမ်းမှု ၅ နှစ်ရှိလာချိန် လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးအင်အားစု တွေဟာ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ ဖွဲ့စည်းပြီး စစ်ရေးနဲ့ နိုင်ငံရေးကို တပြိုက်နက် တည်ဆောက်၊ အကောင်အထည်ဖော်နေပါတယ်။ ချင်းလဲန်းကောင်စီနဲ့ ချင်းပြည်အစိုးရအဖွဲ့ရဲ့ ပထမသက်တမ်း ပြီးဆုံးသွားပြီးနောက် အခုလပိုင်းတွေထဲ ၂၀၂၃ ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ချင်းလဲန်းကောင်စီ၊ လွှတ်တော်၊ အစိုးရ၊ တရားရေး၊ စာရင်းစစ်ချုပ်တို့ကို ပြန်ပြီး ရွေးချယ်ခန့်အပ်မှုတွေ ပြုလုပ်ထားပြီဖြစ်ပါတယ်။ ချင်းပြည်အစိုးရအဖွဲ့ကို ဒုတိယသက်တမ်းအတွက် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးဌာနတွေကို ကျစ်ကျစ်လစ်လစ်နဲ့ ပြန်လည်ရွေး ချယ်တင်မြောက်ပြီး အစိုးရအဖွဲ့ကို ၈ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ လက်ရှိ ချင်းလဲန်းကောင်စီနဲ့ အစိုးရသက်တမ်းကာလအတွင်း ချင်းနိုင်ငံရေးနဲ့ စစ်ရေး အလားအလာတွေ၊ အခင်းအကျင်းတွေနဲ့ပတ်သက်လို့ ချင်းလဲန်းကောင်စီ ဒုတိယဥက္ကဌ ၂ ဒုဥက္ကဋ္ဌ Salai Bawi Kung ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး – ချင်းပြည်အစိုးရအဖွဲ့သစ်ကို ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတာ တွေ့ပါတယ်။ ဘယ်လိုပြင်ဆင်ဖွဲ့စည်းသလဲဆိုတာ သိချင်ပါတယ်။ ဖြေ – ဒါက ပြင်ဆင်ဖွဲ့စည်းတာ မဟုတ်ပဲနဲ့ ကောင်စီ၊ လွှတ်တော်၊ အစိုးရ၊ တရားရေးနဲ့ စာရင်းစစ်ချုပ်တို့ရဲ့ သက်တမ်းက ၂ နှစ်စီပဲ ရှိတာပေါ့နော်။ ၂ နှစ်ဆိုတော့ သက်တမ်းက ကောင်စီက ၂၀၂၅ ဒီဇင်ဘာလ ၆ ရက်မှာ သက်တမ်းတိုး ဖွဲ့စည်းပြီးပြီ။ ပြီးတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁…

Read More

(004SS) အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့၏ နိုင်ငံရေးအမြတ်ထုတ်မှုအတွက် အသုံးချကျင်းပရန် ပြင်ဆင်နေသည့် “ချင်းအမျိုး သားနေ့” အခမ်းအနားသို့ ချင်းပြည်သူများအနေဖြင့် မည်သည့်ပုံစံနှင့်မျှ ပူးပေါင်းပါဝင်ခြင်းမပြုရန် CDF – Hakha က ယမန်နေ့ညက အသိပေးချက် ထုတ်ပြန်သည်။ ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးတို့၏ စည်းလုံးညီညွတ်မှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အထိမ်းအမှတ်ပြုသည့် သမိုင်းဝင်နေ့ရက် ဖြစ်သော်လည်း၊ အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့၏ တရားဝင်မှုရရှိရေးအတွက် အသုံးချ နေခြင်းသာဖြစ်ကြောင်း CDF-Hakha က ဆိုသည်။ CDF-Hakha က “ပြည်သူလူထု၏ သမိုင်းဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်အခွင့်အရေးများကို ကာကွယ်သွားမည်ဖြစ်ပြီး၊ အကြမ်းဖက်အာဏာရူးတို့၏ လုပ်ရပ်များကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်” ဟု ရေးသားဖော်ပြထားသည်။ ဟားခါးမြို့နေဒေသခံပြည်သူများအနေဖြင့် ပြည်သူအားလုံး၏ လုံခြုံရေးကို ဦးစားပေးကာ တစ်ညီတစ်ညွတ်ရပ်တည်ကြရန် CDF-Hakha က တိုက်တွန်းထားသည်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင်ကျရောက်မည့် ၇၈ နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားကို စစ်ကော်မရှင်က ဟားခါးမြို့ စုပေါင်းရုံးတွင် ကျင်းပပြုလုပ်ရန်စီစဉ်နေသည်ဟုသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) ကလည်း ဟားခါးမြို့တွင် စစ်ကောင်စီ၏ အခမ်းအနားမှ ပြန်လာသည့် ရဲတပ်ဖွဲ့ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Read More

(006SV) ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ဗဟိုအလုပ်ကော်မတီ (CWC) ထိပ်ပိုင်း ခေါင်းဆောင်များ တွေ့ဆုံ၍ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၇ ရက်က ချင်းပြည်(Chinland)အစိုးရအဖွဲ့ဝင်များနှင့် NLD ဗဟိုအလုပ်ကော်မတီအဖွဲ့တို့ အွန်းလိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်ဟု ချင်းပြည်အစိုးရအဖွဲ့မှ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး ပူးဇာထောင်းက ပြောသည်။ “NLD CWC တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ချင်းပြည်အစိုးရအဖွဲ့တို အဓိက ဆွေးနွေးတာတော့ ထွေထွေထူးထူး ဆွေးနွေး တာကတော့ မရှိသေးဘူး၊၊ ပထမကြိမ်ဆိုတော့ ၊ နောက်ထပ်ဆက်လက် တွေ့ဆုံဖို့နဲ့ NUG ၊ NUCC တာဝန်ရှိတွေနဲ့ တွေ့ဆုံဖို့၊ ချိတ်ဆက် ဆောင်ရွက်ပေးဖို့နဲ့ နောက်ထပ်ဘာတွေ အတူတကွပူးပေါင်းဆောင်ရွက်နိုင်ဖို့ အဓိက ဆွေးနွေးကြပါတယ်” ဟု ဝန်ကြီး ပူးဇာထောင်းက ပြောသည်။ အဆိုပါပထမဆုံးအကြိမ်တွေ့ဆုံမှုတွင် နှစ်ဖက်သဘောတူညီချက်မျိုး ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း မရှိသော်လည်း NLD ၏ ပေါ်လစီများ၊ လုပ်ဆောင်ချက်များနှင့် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆောင်ရွက်ရန် ရည်မှန်းထားသော လုပ်ငန်းများကို မိတ်ဆက်ရှင်းလင်းခြင်းများလည်း ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။ “ဒီလို တွေ့ဆုံမှုက NLD ပါတီဆိုတာက ကျနော်တို့ တိုင်းပြည်ရဲ့ အင်အားကြီးပါတီဖြစ်သလို ယခု တော်လှန်ရေးမှာလည်း NLD ပါတီရဲ့ ပါဝင်မှုက အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေလို့ပါ။ပြီးရင် NLD ပါတီဆိုတာ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ လမ်းပြပါတီလို့ ဆိုရင်လည်း မမှားဘူး ထင်ပါတယ်။ NLD က…

Read More

ဗိုလ်နဂါးနှင့်တပ်ဖွဲ့ဝင်တချို့သည် ရာဇဝတ်ပြစ်မှု ၇ ခု ကျူးလွန်ထားဟု NUG ထုတ်ပြန် (006SV) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏ အဖွဲ့ခေါင်းဆောင် နိုင်းလင်း (ခေါ်) ဗိုလ်နဂါးသည် ၎င်း၏ မိသားစုဝင်များနှင့်အတူ လက်နက်ခဲယမ်းများဖြင့် အာဏာသိမ်းစစ်ကော်မရှင်ထံ လက်နက်ချပူးပေါင်းသွားကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၈ရက် ညနေ ၄ နာရီ ၅၀ မီနစ်ခန့်တွင် BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးသည် ၎င်း၏ မိသားစုဝင်များနှင့်အတူ လက်နက်မျိုးစုံ ၆ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ကိုင်းတိုင်းထဲရှိ စစ်ကော်မရှင် တပ်ထံသို့ ဆက်သွယ်၍ အလင်းဝင်ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၇ ရက်က ပုလဲမြို့နယ်ထဲတွင် BNRA တပ်ဖွဲ့၏ တပ်စခန်းတချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့များက စီးနင်တိုက်ခိုက်ခဲ့ပြီးနောက် BNRA တပ်ဖွဲ့‌ ခေါင်းဆောင်သည် စစ်ကော်မရှင်ထံ လက်နက်ချပူးပေါင်းသွားခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန ပူးပေါင်းတပ်ဖွဲ့များသည် BNRA တပ်ဖွဲ့က ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတင်းမီဒီယာတချို့တွင် ဖြေကြားထားသည်။ ဖေဖော်ဝါရီလ ၁၈ ရက် မနက်ပိုင်းက ပုလဲမြို့အနီးက သေတ္တရာရွာကို ဝင်ရောက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းက နယ်မြေရှင်းလင်းရေး ကူညီပေးပြီးနောက် BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနှင့် မိသားစုကို စစ်ကော်မရှင်တပ်က…

Read More

(006SV) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက် ဒေသခံပြည်သူ ၂၀၀ ကျော် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၅ ရက် ညနေပိုင်းတွင် ဘုတ်ကန်၊ မင်းသမီး၊ ဇီးဖြူကုန်းကျေးရွာများမှ ဒေသခံပြည်သူများသည် ရပ်ရွာများတွင် အဓမ္မစစ်သားစုဆောင်းခံရမှုများအတွက် ဆန္ဒပြခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၆ ရက်တွင် မလူ၊ ဇီးဖြူကုန်း၊ အောက်သောင်း၊ ရွာသား၊ မင်းသမီး နှင့် ဘုတ်ကန်ကျေးရွာက ဒေသခံပြည်သူ ၂၅၀ ကျော်သည် အာရှလမ်းမပေါ်ရှိ ဘုတ်ကန်ရွာမှာ စုဝေးကာ ကန့်ကွက် ဆန္ဒပြကြောင်း သိရသည်။ “ဖြစ်လာတဲ့ အကြောင်းရင်းက ပြည်သူတွေ အရမ်းပေါက်ကွဲသွားပြီ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ယောကျာ်းတွေ ၊ သားတွေ စိတ်ဆန္ဒ သဘောမပါဘဲနဲ့ အတင်းအဓမ္မခေါ်ဆောင်ခံရလို့ ဖြစ်ကုန်တဲ့ ကိစ္စတွေပါ။ ဒီဘက်မှာ တော်တော် ဆိုးပါတယ်။ လူစုဆောင်းတဲ့ ကိစ္စက အတင်းအဓမ္မတွေ လုပ်တယ်။ နောက်ဆုံး ကင်းပုန်းဝှက်ပြီး ဖမ်းတယ်။ ဆိုင်ကယ် ကယ်ရီသမားတွေ တွေ့ရင် ဖမ်းတယ်။ တွေ့တဲ့ လူကို မထင်ရင် မထင်သလို ဖမ်းတဲ့ အဆင့်တွေ ရောက်ကုန်တာ ပေါ့နော်။ အဆိုးဆုံးက လယ်ထဲယာထဲမှာ အလုပ် လုပ်ကိုင်နေတဲ့ ယောကျာ်းသားတွေကို တွေ့တယ်ဆိုရင် ဝိုင်းဖမ်းတယ်။ ထွက်ပြေးရင် သေနတ်ပစ်ဖောက်ပြီး ဖမ်းတဲ့ အဆင့်အထိ ဖြစ်ကုန်ပါတယ်၊၊ အဲဒါကြောင့်လည်း ပြည်သူတွေ လမ်းပေါ် ထွက်လာပါတယ်။ လွတ်လပ်စွာ ဆန္ဒပြကြပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက…

Read More

(006SV) အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ် ၂၀၂၆ အတွက် ချင်းပြည် (Chinland) အစိုးရ၏ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲသွားမည်ဟု ချင်းလဲန်းကောင်စီထံမှ သိရသည်။ “ပြောလို့ ရတာက ကာကွယ်ရေးကိုပဲ အဓိက ဦးစားပေးပြီး သွားရမှာပါ။ ကျန်တဲ့ ဝန်ဆောင်မှုတွေကတော့ ပညာရေးပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်ဖြစ် သူဟာနဲ့သူ သွားနေမှာဖြစ်တယ်။ သို့သော် သေချာတာကတော့ ကာကွယ်ရေး ဝန်ကြီးဌာနကနေ ကာကွယ် ရေးကိစ္စကို အဓိက ဦးတည်ပြီးတော့မှ၊ ရတဲ့ ဘဏ္ဍာငွေကလည်း များသောအားဖြင့် အဲဒီမှာပဲ အသုံးပြုလိမ့်မယ်လို့ ယူဆပါတယ်။ ကောင်စီက မူဝါဒက ချမှတ်ပေးတယ်။ လမ်းညွှန်တယ်။ ဦးဆောင်တယ်။ တကယ့်အကောင်အထည်ဖော်တာက အစိုးရပါ။ အကုန် လုံးတော်တော်များများမှာတော့ ကျနော်တို့ မူဝါဒတွေ ချမှတ်ထားပါတယ်။ သို့သော် ကျနော်တို့ ကောင်စီကနေ ထပ်ပြီးတော့မှ သွားရမယ့်နေရာမှာ ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်လို့ ဆွေးနွေးခဲ့ပါတယ်” ဟု ချင်းလဲန်းကောင်စီ ဒုတိယဥက္ကဌ – ၂ Salai Bawi Kung က ပြောသည်။ ချင်းလဲန်းကောင်စီ အစိုးရအဖွဲ့အနေဖြင့် တခြားပြည်သူ့ဝန်ဆောင်မှုများ ပေးနိုင်ရန် လိုအပ်သော်လည်း နွေဦး တော်လှန်ရေး ၅ နှစ် ရှိလာချိန်တွင် စစ်ကော်မရှင်တပ်များကို ချင်းပြည်နယ်မှာ ကင်းစင်အောင် မတွန်းလှန်နိုင် သေးသည့်အတွက် ကာကွယ်ရေးကဏ္ဍကို ဦးစားပေးရခြင်းဖြစ်သည်ဟု သိရသည်။…

Read More

(004SS) အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်အများစုနေထိုင်ရာ Sitapuri (စီသာပူရီး) ရပ်ကွက်တွင် ကလေးငယ်တစ်ဦးကို နေ့ခင်းကြောင်တောင် ဖမ်းဆီးခိုးယူရန် ကြိုးပမ်းသည့် ဖြစ်ရပ်တစ်ခု ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ဖြစ်ပွါး ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စီသာပူရီးရပ်ကွက်တွင် နေထိုင်သည့် ချင်းအမျိုးသားတစ်ဦးက “မနေ့က ကျောင်းတက် ချိန်ပေါ့ ၂ တန်း၊ ၃ တန်းအရွယ်ကလေးလေး သူ့အဘိုးက ကျောင်းသွားဖို့ လိုက်ပို့တာ။ လမ်းမှာ လူဆိုး ၂ ယောက်က သူ့ အဘိုးကိုတွန်းပြီးတော့ ကလေးကိုခိုးဖို့လုပ်နေတာပေါ့နော်။ အဲဒါကို ရပ်ကွက်ထဲကလူတွေက ဝိုင်းဖမ်းကြတာ အဲဒီ ၂ ယောက်ထဲက ၁ ယောက်ကို ဖမ်းမိတယ်၊ ရိုက်နှက်ကြပြီး ရဲဆီအပ်တယ်။ အခုတလော နယူးဒေလီမှာ ကလေးပဲမဟုတ်ဘူး လူကြီးတွေပါ အပျောက်များနေတယ်” ဟု ပြောကြားခဲ့သည်။ နယူးဒေလီရဲတပ်ဖွဲ့ (Delhi Police) ၏ Zipnet (Zonal Integrated Police Network) စနစ်မှ ထုတ်ပြန်ချက်များအရ မြို့တော်အတွင်း လူပျောက်ဆုံးမှုနှုန်းမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေကြောင်း သိရသည်။ လက်ရှိတွင် နယူးဒေလီမြို့တော်အတွင်း လူပျောက်ဆုံးမှုနှုန်းမြင့်တက်နေပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အထိ (၁၅) ရက်တာကာလအတွင်းမှာပင် လူပေါင်း ၈၀၇ ဦး လူပျောက်တိုင်ကြားထားရကြောင်း၊ ပျောက်ဆုံးသူများအနက် အသက်မပြည့်ကလေးငယ် (Minors) ၁၉၁ ဦးပါဝင်ကြောင်း သိရသည်။ နယူးဒေလီးရဲတပ်ဖွဲ့မှ ၂၃၅…

Read More