Author: Editor

(004SS) အမေရိကန်ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ်၊ Florence မြို့တွင် နေအိမ်မှ ပျောက်ဆုံးသွားသည့် အသက် (၉) နှစ်အရွယ် အော်တစ်ဇင် ဝေဒနာရှင် ချင်းကလေးငယ် Jenny Dim သည် နေအိမ်မှ ပျောက်သွားပြီးနောက် ရေကန်တစ်ခုအတွင်း၌ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် သောကြာနေ့ မတ်လ ၁၃ ရက် ညနေ ၅ နာရီခန့်တွင် သူမသည် နေအိမ်မှ တိတ်တဆိတ်ထွက်ခွါကာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ကင်တပ်ကီပြည်နယ်ရဲတပ်ဖွဲ့ (KSP) က အရေးပေါ်သတိပေးချက် (IAN Alert) ထုတ်ပြန်ကာ ရဲတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက တစ်နေကုန် တစ်ညလုံး လိုက်လံရှာဖွေခဲ့ကြသည်။ ထို့နောက် စနေနေ့ နေ့လယ် ၁၂ နာရီခန့်မှစ၍ ၎င်းတို့ နေအိမ်နှင့် တစ်ဖာလုံခန့်အကွာရှိ ရေကန်တွင် အာရုံစိုက်ရှာဖွေခဲ့ကြ ရာ ညနေ ၇ နာရီခွဲ ခန့်တွင် ရေနစ်လျက်သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ သူမသည် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ဆီအာလမ်း(Sialam) ရွာသား ဦးဆန်အုပ်လျန်း၏ သမီးဖြစ်ပြီး မောင်နှမ ၃ ယောက်ထဲတွင် အလတ်ဖြစ်ကြောင်း သိရသည်။ Jenny Dim ၏ ရုပ်အလောင်းကို ခရစ်ယာန်ဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ လာမည့် မတ်လ ၂၁ ရက်နေ့တွင် သဂြိုဟ် သွား မည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ကလည်း အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊…

Read More

(002MG) စစ်ဘေးရှောင်ပြည်သူအမြောက်အများ ခိုလှုံကြသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် အိမ်ငှားရန်ရှားပါးလာသည့် အပြင် အိမ်ငှားရမ်းခဈေးနှုန်းမှာလည်း အဆမတန်မြင့်တက်လာသည်ဟု မြို့တွင်း အိမ်ငှားနေထိုင်သူများထံမှ သိရ သည်။ “စစ်ရှောင်တွေများလာတော့ ငှားဖို့ အိမ်‌က ပိုပိုရှားလာတာပေါ့လေ။ အခု ငှားတဲ့အိမ်ဆိုရင် စနေတုန်းက ရှစ်သောင်းလေ အခုတဖြည်းဖြည်းတက်လာတာ တစ်သိန်းခွဲအထိရှိလာပြီ။ ဒီနှစ်စမှာ (၃) လစာ ကြို တောင်းတယ်။ (၁) လစာတောင် မနည်းရှာပြီးပေးရတဲ့အချိန်မှာ ကျမတို့အတွက် တော်တော် အခက် တွေ့တယ်။” ကလေးမြို့ပေါ်တွင် နှစ်ရှည်အိမ်ငှား နေထိုင်သူ အမျိုးသမီးက ပြောသည်။ ချင်းပြည်နယ် နှင့် ကလေး-ကဘော်ဒေသများတွင်ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ကလေးမြို့ပေါ်သို့ စစ် ဘေးရှောင်များတနေ့ထက်တနေ့များလာသောကြောင့် အိမ်ပိုင်ရှင်များကလည်း အိမ်ငှါးခဈေးနှုန်းများ အဆ မတန်မြှင့် တင်ထားကြသည့်အပြင် ငွေများများပေးနိုင်သူများကို အိမ်ငှါးပေးလေ့ရှိကြသည်ဟု သိရသည်။ “မြို့ပေါ်ကိုပဲ အားလုံးက လာနေကြတော့ အိမ်တွေက လွတ်တဲ့အိမ်ကို မရှိတော့တာ။ တချို့နေရာမှာ တိုက်ပွဲမဖြစ် တော့ ဘူးဆိုပေမယ့် သူတို့ကရွာတွေကို မပြန်ကြဘူးလေ ရွာမှာ လုပ်ကိုင်စားသောက်ဖို့က ဒီမှာထက်ခက်တော့ မြို့ပေါ် မှာပဲ ရှိတဲ့အလုပ်လေးတွေလုပ်ပြီးနေကြတာ။ နေ့တိုင်း ငှားဖို့ ရှာတဲ့သူတွေပဲ အခုအိမ်ငှားထွက်ရင် အခုဝင် မယ့်သူက အဆင့် သင့်ကို ရှိနေတော့တာ။ အခုထိလည်း ဖလမ်းဖက်က စစ်ရှောင်တွေ ထပ်လာကြတာ ရှိတယ်လေ အဲ့လိုနဲ့ အိမ်ငှား အလွတ်တွေက အခုနှစ်ထဲမှာကို ပိုရှားလာ တယ်။” ဟု ကလေး မြို့မှ အိမ်ငှားပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ လက်ရှိ…

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်ထဲတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေပြီး တစ်ပတ်အတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များမှ ဗိုလ်ကြီး အပါအဝင် ၈ ဦး ကျဆုံးကြောင်း သိရသည်။ ကလေး- ဖလမ်းမြို့ကြားတွင် ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်ဖွဲ့များကို ချင်းပူးပေါင်းတပ်က ခုခံတိုက်ခိုက်လျက်ရှိရာ CDF – ဇိုဖေ၊ တပ်ရင်း (၁) မှဆလိုင်း ဗျက်လှေကျုံးသည် မတ်လ ၁၅ ရက်က တိုက်ပွဲတွင် ကျင်းဆုံးသွားသည်ဟု CDF – Zophei ထံမှ သိရသည်။ CDF – Zotung တပ်ဖွဲ့ဝင် ဆလိုင်းခင်ဘွေး (မာစတာ)သည်လည်း စစ်ကော်မရှင်တပ် စစ်ကြောင်းကို ကလေး- ဖလမ်းကြားရှိ စစ်ဆင်ရေးတွင် မတ်လ ၁၅ ရက်က ကျဆုံးသွားသည်ဟု သိရသည်။ အလားတူ မတ်လ ၁၅ ရက်နေ့မှာပဲ CDF-Hualngoram မှ အသက် ၂၃ နှစ်အရွယ် ရဲဘော် Vanneihhlua ကျဆုံးကာ ချင်းအမျိုး သားတပ်ဦး (CNF/ CNA) မှ အသက် ၁၈ နှစ်အရွယ် ရဲဘော် မောင်ကြီးတို့ ရှေ့တန်း စစ်မြေပြင် တစ်နေရာတွင် ကျဆုံးခဲ့သည်ဟု သိရသည်။ မတ်လ ၁၃ ရက်ကလည်း ဖလမ်းမြို့တွင် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ချင်းအမျိုုးသား တပ်မတော် (CNA) မှ ဗိုလ်ကြီး ဥာဏ်လင်းအောင်၊ ဒုတပ်ကြပ် ရဲမေ မန်ဒိတ်နွမ်နှင့် ရဲဘော် ရှန်းဗျက်တို့ ကျဆုံးရသည်ဟု…

Read More

(004SS) ချင်းပြည်နယ်၊ တွန်ဇံမြို့နယ်တွင် လှုပ်ရှားနေသော Zomi Revolutionary Army- Eastern Command (ZRA-EC) သည် စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းကာ စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များကို ပေါ်ပေါ်တင်တင် လုပ်ဆောင်နေပြီဟု Zomi Federal Union (ZFU) / PDF-Zoland က ယမန်နေ့ မတ်လ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ယခင်က ZRA-EC သည် စစ်ကော်မရှင်နှင့် လျှို့ဝှက်စွာ ဆက်သွယ်ခြင်း၊ လက်နက်ခဲယမ်း အကူအညီရယူခြင်းများ ရှိခဲ့သော်လည်း ယခုအခါ စစ်ကော်မရှင်၏ လက်အောက်ခံအဖြစ် ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုထင်ရှားလာကြောင်း သိရသည်။ PDF-Zoland မှ တာဝန်ရှိသူတစ်ဦးက “သူတို့က နဂိုတည်းက စစ်ကော်မရှင်နဲ့ အတူပူးပေါင်းပြီးသား ဖြစ်ပါတယ်။ အရင်ကတော့ လျှို့ဝှက်ပြီးဖြစ်စေ၊ လက်နက်ခဲယမ်းထောက်ပံ့တာဖြစ်စေ ပေါ်ပေါ်တင်တင် မဟုတ်ဘဲ လက်တွဲ လုပ်ဆောင်တာတွေ ရှိခဲ့တယ်။ အခုတော့ တီးတိန်မြို့ ခလရ ၂၆၉ မှာ အတူနေထိုင်တာ၊ စစ်ကော်မရှင်ရဲ့ ယူနီဖောင်းဝတ်ပြီး အတူသွားလာလှုပ်ရှားတာတွေအထိ အထင်အရှား တွေ့ရလို့ ပြည်သူတွေသိအောင် ထုတ်ပြန်ရခြင်းဖြစ်တယ်” ဟု ပြောကြားသည်။ PDF-Zoland ၏ ထုတ်ပြန်ချက်တွင် ZRA-EC သည် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များနှင့် အတူတကွ စားသောက်၊ နေထိုင်၊ သွားလာလျက်ရှိကြောင်း၊ ၎င်းတို့သည် ပြည်သူ့ဘက်တော်သား လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်တော့ဘဲ စစ်ကော်မရှင်၏ လက်ပါးစေများသာ ဖြစ်သွားပြီဖြစ်ကြောင်း ပြည်သူအား အသိပေးလာခြင်း ဖြစ်သည်။ Zomi Revolutionary Army…

Read More

(006SV) အာဏာသိမ်းစစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲများအပြီး နေပြည်တော်တွင် ယနေ့မှာ ပြည်သူ့လွှတ်တော်အစည်းအဝေး စတင်ကျင်းပခဲ့ရာ စစ်တပ် ကျောထောက်နောက်ခံပြုထားသည့် ကြံခိုင်ရေးပါတီ ဥက္ကဌ ခင်ရီသည် ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌအဖြစ် လက်ရှိ အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်ကြားရေးဝန်ကြီးဖြစ်သည့် ဦးမောင်မောင်အုန်းက ရွေးကောက်တင်မြောက်ခံရသည်ဟု သိရသည်။ ယနေ့ မတ်လ ၁၆ ရက် ရက်တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးကို သဘာပတိအဖြစ် ဦးနန္ဒကျော်စွာက ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ၃၇၃ ဦးတို့သည် ရာနှုန်းပြည့် တက်ရောက်သည်ဟု သိရသည်။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားသည့် ဟူသော စွပ်စွဲ ချက်များဖြင့် ၂၀၂၁ ဖေဖော်ဝါရီလအတွင်း လွှတ်တော်စတင်ခေါ်ရန် ရက်ပိုင်းအလိုတွင် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ ခေါင်းဆောင်များအပါအဝင် တာဝန်ရှိသူများကို ဖမ်းဆီးကာ အာဏာသိမ်းမှု ပြုလုပ်ခဲ့ပြီးနောက် ၅ နှစ်ကျော်အကြာတွင် အငြင်းပွားဖွယ် ရွေးကောက်ပွဲများ ကျင်းပ၍ တတိယအကြိမ်လွှတ်တော်ကို စတင်ခေါ်ယူခြင်းဖြစ်သည်ဟု သိရသည်။

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်မှာ ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခံထားရသည့် နိုင်ငံ ရေးအကျဉ်း သား ကိုဝင်းမြင့်စိုးသည် ထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုံလောက်စွာမရရှိ သောကြောင့် မတ်လ (၁၃) ရက်နေ့က သေဆုံးခဲ့ရသည်ဟု မိသားစုနဲ့နီးစပ်သူ အမျိုးသားတဦးက ပြောသည်။ “ရောဂါစဖြစ်တာ တစ်နှစ်ကျော်တယ်။ ဆေးကုသခွင့်ရပေမယ့် အသည်းခြောက်တာ၊ ရေဖျင်းဆွဲတာက အပြင်မှာ နေတဲ့သူတောင်မှ မလွယ်ဘူးလေ။ထောင်ဆိုတော့ ကန့်သတ်ချက်ရှိတာပေါ့ ဆေးကုသခွင့်က ထောင်ကျနေတဲ့ တစ်ယောက် နိုင်ငံရေးအကျဉ်းသားတယောက်ဆိုတော့ အပြင်ကလို လွတ်လွတ်လပ်လပ်၊ ထိထိရောက်ရောက် ကောင်းမွန်စွာ ကုသခွင့်မရှိဘူးလေ” ဟု မိသားစုနှင့်နီးစပ်သူ အမျိုးသားတဦးက ပြောသည်။ အသက် (၅၄) နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးသည် ကလေးအကျဉ်းထောင်အတွင်း ပြစ် ဒဏ်ကျခံနေရ စဉ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အသည်းခြောက်ခြင်းနှင့် ရေဖျဉ်းစွဲခြင်းဝေဒနာ ပြင်းထန်စွာခံစားခဲ့ရပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါ ရီလတွင် ကလေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း ဆေးရုံမှဆင်းခွင့်ရပြီး ထောင်သို့ ပြန်ရောက်သည့်ညမှာပင် အသက်ရှူကျပ်ကာ ဝေဒနာပြန်လည် ပြင်းထန်လာသောကြောင့် ဆေးရုံသို့ ထပ်မံတင်ပို့ခဲ့ ရပြီး ဆေးရုံအချုပ်ဆောင်တွင် ကုသနေစဉ်အတွင်း သေဆုံးခဲ့ရ ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဩဂုတ် (၁၅) ရက်တွင် ကိုဝင်းမြင့်စိုးသည် ဖမ်းဆီးခံရပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ – က တို့ဖြင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံထားရသူဖြစ်သည်…

Read More

ချင်းပြည်နယ် ဖလမ်းမြို့နယ်နယ် လုံးဟော့ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် အရပ်သားပြည်သူ လူငယ် ၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။ စစ်ကော်မရှင်တပ်သည် လုံးဟော့ကျေးရွာကို မတ်လ ၁၄ ရက်မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်တွင် ၂ ကြိမ်ဗုံးကြဲခဲ့ခြင်းဖြစ် ဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၄) နှစ်အရွယ် Van Lian Thawng ၊ အသက် (၁၇) နှစ်အရွယ် Henry Kap Nei Sang နဲ့ အသက် (၂၀) နှစ်အရွယ် Hrang Lun Sang တို့ သေဆုံးခဲ့ပြီး၊ ၄ ယောက်ခန့်ဒဏ်ရာရရှိကြောင်း သိရသည်။ ထို့အပြင် နေအိမ် (၄)လုံးခန့်လည်းပျက်စီးခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း လုံးဟော့ကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ပြီး အသက် ၁၉ နှစ်အရွယ်ချင်းအမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့ပြီး မိခင်ဖြစ်သူမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Read More

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသား တပ်မတော်-CNA ဗိုလ်ကြီးအပါဝင် ၃ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ မတ်လ ၁၃ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ စစ်ကော်မရှင်က ဖလမ်းမြို့အနီးတစ်နေရာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် ရဲဘော်တချို့ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကပြောသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတပ်မတော်-CNA ဗိုလ်ကြီးညဏ်လင်းအောင်၊ ဒုတပ်ကြပ် ရဲမေ မန်ဒိတ်နွမ် နှင့် ရဲဘော် ရှန်းဗျက်တို့ ကျဆုံးခဲ့ပြီး ရဲဘော်တချို့လည်း မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ စစ်ကော်မရှင်တပ်ဖွဲ့သည် ဖလမ်းမြို့ကို ပြန်လည်သိမ်းရန်အတွက် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည် မှာ ၅ လနီးပါးရှိလာပြီဖြစ်သည်။ လက်ရှိတွင် ဖလမ်းမြို့အနီး Sumhrang ၊ Khuangli နှင့် သိုင်းငင်း-ဖလမ်းကြားတွင် တပ်စွဲထားကြသည်။ ယခုရက်ပိုင်းအတွင်း ဖလမ်းမြို့နယ်ထဲကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေပြီး အရပ်သားသေဆုံးမှုများလည်း မြင့်တက်လာနေကြောင်းသိရသည်။

Read More

(006SV) တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ အခြားအင်အားစုများနှင့် လက်တွဲပြီး “ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ” ကို မကြာမီ အကောင်အထည်ဖော် ဖွဲ့စည်းတော့မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ သိရသည်။ NUG အစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက မကွေးဖက်ဒရယ် ယူနစ်လွှတ်တော် ဧကဒသမပုံမှန် အစည်းအဝေးသို့ မတ်လ ၁၂ ရက်က ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် NUG အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ အခြားအင်အားစုများနှင့် လက်တွဲပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်စီကို ဖွဲ့စည်းနိုင်ရန် အလေးထား ကြိုးပမ်းလျက်ရှိကြောင်း NUG အစိုးရ ယာယီသမ္မတကြီးက ပြောသည်။ မကြာမီကာလတွင်း အကောင်အထည်ဖော် ဖွဲ့စည်းနိုင်တော့မည်ဖြစ်ကြောင်း သတင်းစကား ပါလိုပါကြောင်း ၎င်းက ပြောသည်။ တော်လှန်ရေး အင်အားစုများအကြား နိုင်ငံရေးအရ စုစည်းမှုများသည် ဘုံရည်မှန်းချက် ပန်းတိုင်ဆီသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်ရာတွင် အဓိကကျသော အလှည့်အပြောင်းတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ကြောင်း အသိပေးထားသည်။ တော်လှန်ရေး ခရီးစဉ်အတွင်း ပိုမိုကြီးမားသော စိန်ခေါ်မှုများ ရှိလာနိုင်သည့်အတွက် ညီညွတ်ရေးသည် တော်လှန်ရေး အင်အားစုများ၏ အကြီးမာဆုံးသော လက်နက်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ နွေဦးတော်လှန်ရေး ၅ နှစ်တာတွင် NUG အစိုးရအနေဖြင့် လူထု၏ ဆန္ဒကို အကောင်အထည်ဖော်ရန် ကြိုးပမ်းရာတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ရသော်လည်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံတဝန်းရှိ တော်လှန်ရေး အင်အားစုများ အားလုံးနှင့်…

Read More

(006SV) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့တို့ တွေ့ဆုံပြီး လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်း (Division of Competency) နှင့်ပတ်သက်၍ သဘောတူညီချက် ၉ ရပ်ကို အတည်ပြု ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။ မတ်လ ၁၀ ရက်က NUG အစိုးရအဖွဲ့နှင့် စစ်ကိုင်းဖက်ဒရယ် ယူနစ်ကြားကာလအစိုးရအဖွဲ့တို့သည် လွတ်မြောက် နယ်မြေ တစ်နေရာမှာ လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်းနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးသည်ဟု သက်ဆိုင်ရာအစိုးရအဖွဲ့များက ယနေ့ မတ်လ ၁၂ ရက်မှာ ကြေညာသည်။ နှစ်ဘက်တာဝန်ရှိသူများက လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးရာ သဘောတူညီချက် ၉ ရပ်ကို ချမှတ်နိုင်ခဲ့ပြီး ကျန်ရှိနေသော ကဏ္ဍများအပေါ်တွင် ပြင်ဆင်ရန် လိုအပ်သော အချက်များ၊ ဖြည့်စွက်ရန် လိုအပ်သော အချက်များကိုလည်း ဆွေးနွေးသည်ဟု သိရသည်။ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တို့နှင့် ပတ်သက်၍လည်း ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို NUG အစိုးရနှင့် စစ်ကိုင်းအစိုးရအဖွဲ့တို့ကြား အပြန်အလှန် နှီးနှောတိုင်ပင်ခဲ့သည်ဟု သိရသည်။ ယင်းအစည်းအဝေးသို့ NUG အစိုးရမှ ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ လူမှုကူညီရေး အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးခွန်စောဖူးနှင့် ရုံးအဖွဲ့ဝင်များ တက်ရောက်သည်ဟု သိရသည်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့မှ…

Read More