ဖောက်ဖျက်ပါက ထောင်ဒဏ်၊ ငွေဒဏ်များဖြင့် အရေးယူမည် ချင်းပြည်နယ်၊ လောက်တူဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လူမှုဘဝတည်ငြိမ်အေးချမ်းရေးအတွက် လောင်းကစား လုပ်ငန်းအားလုံးကို မတ်လ ၆ ရက်မှစတင်၍ တားမြစ်ပိတ်ပင်လိုက်ကြောင်း လောက်တူဒေသ ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ (LRPA) က ဒေသန္တရအမိန့် ထုတ်ပြန်လိုက်သည်။ လောက်တူပြည်သူ့ရေးရာကောင်စီ သဘာပတိအဖွဲ့၏ သဘောတူညီချက်အရ ထုတ်ပြန်သည့် အဆိုပါအမိန့်တွင် ဒေသ အတွင်း မည်သည့်နေရာ၌မဆို ငွေကြေး သို့မဟုတ် အဖိုးတန်ပစ္စည်းများဖြင့် ဖဲကစားခြင်း၊ ကြက်တိုက်ခြင်း၊ Digital Game များဖြင့် လောင်းကစားခြင်းနှင့် အခြားသော လောင်းကစားဝိုင်းများ ဖွင့်လှစ်ခြင်းတို့ကို လုံးဝ (လုံးဝ) မပြုလုပ်ရန် တားမြစ် ထားသည်။ ထို့အပြင် လောင်းကစားရန်အတွက် နေရာစီစဉ်ပေးခြင်းနှင့် အကူအညီပေးသူများကိုလည်း တားမြစ်ထားသည်။ ဒေသလုံခြုံရေးတပ်ဖွဲ့ (CDF-Lautu) နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကိုလည်း ရှောင်တခင်စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းတို့ကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားကြောင်း သိရသည်။ သတ်မှတ်ထားသည့် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အနည်းဆုံး ငွေဒဏ် ကျပ်တစ်သိန်းဖြစ်စေ၊ တည်ဆဲ ဥပဒေများအရ ထောင်ဒဏ်/ ငွေဒဏ်ချမှတ်ခြင်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွား မည်ဟု LRPA က သတိပေးထားသည်။ အဆိုပါ ဒေသန္တရအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ အာဏာသက်ရောက်ပြီး ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းမပြု သရွေ့ လောက်တူဒေသတစ်ဝန်းလုံးတွင် အတည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။
Author: Editor
(006SV) ချင်း၊ ကချင်၊ ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများကို တိုင်း/ ဖက်ဒရယ်ယူနစ်နယ်မြေများကို ဖြတ်သန်း ယူဆောင်မည်ဆိုပါက မဟာမိတ်အဖွဲ့အစည်းများအနေဖြင့် NUG အစိုးရ၏ ဖြတ်သန်းခွင့် ပါမှသာ ဖြတ်သန်း သယ်ဆောင်ခွင့်ပြုမည်ဟု သိရသည်။ မိမိတို့ ထိန်းချုပ်နယ်မြေအတွင်းသို့ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး အထွက်လုံးဝ ထွက်ခွင့်မပြုရန် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဒုဥက္ကဌ ၁ ဦးလွင်ကိုလတ် က မတ်လ ၆ ရက် နေ့စွဲဖြင့် လျှို့ဝှက်အမိန့် ညွှန်ကြားချက်အရ သိရသည်။ “ဒီကိစ္စက အဓိက အားဖြင့် အကြမ်းဖက်စစ်တပ်ဘက်ကို လေယာဉ်ဆီတွေ၊ စက်သုံးဆီတွေ ရောက်ရှိမှာ စိုးတဲ့အတွက် ကျနော်တို့ ကြပ်မတ်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ မဟာမိတ်တွေနဲ့ပတ်သက်တဲ့ သယ်ယူပို့ဆောင်မှုတွေ၊ နောက်ပြီး တော့ ပြည်သူတွေ အသုံးပြုဖို့အတွက် သယ်ယူပို့ဆောင်မှုတွေဖြစ်တယ်ဆိုတာ သေချာတယ်ဆိုရင် သက်ဆိုင်ရာဝန်ကြီး ဌာနနဲ့ ညှိနှိုင်းပြီးတော့ ဖြတ်သန်းသယ်ဆောင်ခွင့်ပြုမှာဖြစ်ပါတယ်” ဟု NUG အစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများကို မိမိတို့ တိုင်း/ ဖက်ဒရယ်ယူနစ် နယ်မြေ များကို ဖြတ်သန်းသယ်ဆောင်မည်ဆိုပါက မဟာမိတ်အဖွဲ့အစည်းများမှ NUG အစိုးရနှင့် ညှိနှိုင်းပြီး ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ဖြတ်သန်းခွင့် ပါမှသာလျှင် ဖြတ်သန်းခွင့်ပြုရမည်ဟု သိရသည်။ NUG အစိုးရ ထိန်းချုပ်နယ်မြေများတွင် သက်ဆိုင်ရာ တိုင်း/ ဖက်ဒရယ်ယူနစ်အတွင်းသို့…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ချင်းဆိုင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်သားတစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ Kalay Urban Guerrilla (Kalay UG) အဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်းမတ်လ (၇) ရက် ယနေ့ သတင်းထုတ်ပြန်သည်။ မတ်လ ၅ ရက်နေ့က Kalay UG ရဲဘော်များ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ချင်းဆိုင်ရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်မှ ကိုယ်ပိုင်အမှတ် ပစ/၁၇၀၈၆၇၊ တပ်သား အောင်စိန်သောင်းသည် မူးရစ်ဆေးဝါး အလွန်အကျွံ သုံးစွဲထားသော အခြေအနေဖြင့် လမ်းမှားဝင်ရောက်လာသည်ကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ စစ်ကော်မရှင်တပ်သားထံမှ MA-1 (၁) လက်၊ ကျည်ဘောက် (၄) ခု၊ ၅.၅၆ ကျည် (၇၅) တောင့်ပါ လက်နက်ခဲ ယမ်းများသိမ်းဆည်းရမိခဲ့သည်။ ၎င်းကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေ (International Law on Prisoners of War) နှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားသည့်အပြင် လိုအပ်သည့် စစ်ဆေး မေးမြန်းမှုများအားဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပလက်ဝချာတာ ပြဌာန်းချက်တချို့ကိုလည်း ပြင်ဆင် (006SV) ကြားကာလ ခူမီးချင်းမျိုးနွယ်စုများ ရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) က ကောင်စီတွင်းအပြောင်းအလဲတချို့ပြုလုပ်ကာ စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။ ၂၀၂၅ ခုနှစ် မတ်လမှာ ကျင်းပသည့် ပလက်ဝ ချင်းတော်လှန်ရေး အင်အားစုများ၏ ညီလာခံတွင် စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ် ဆက်ဆံရေးအဖွဲ့တို့ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ ၂၀၂၆ ခုနှစ် ညီလာခံတွင် အမှုဆောင်အပြောင်း အလဲတချို့ ပြုလုပ်ကာ ပြင်ဆင်ဖွဲ့စည်းကြောင်း ကြေညာခြင်းဖြစ်သည်။ ပလက်ဝချင်းတော်လှန်ရေး အင်အားစုများ၏ စစ်ကော်မရှင် ဖွဲ့စည်းခြင်း ပြင်ဆင်ပြောင်းလဲမှုကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်က ပြုလုပ်ခဲ့ကြောင်း ကြားကာလ ခူမီးချင်းမျိုးနွယ်စုများ ရေးရာ အတိုင်ပင်ခံကောင်စီ၊ အထွေထွေအတွင်းရေးမှူး ဆလိုင်း ပေါလ်က ပြောသည်။ “ဒီနှစ်မှာ အမှုဆောင်အပြောင်းအလဲတွေ ရှိတော့ ပြင်ဆင် ဖြည့်စွက်ထားတယ်။ အဓိကက စစ်ကော်မရှင်မှာက IKACC က နိုင်ငံရေး ဦးဆောင်ဦးရွက်ပြုတဲ့ အလွှာက ဖြစ်တယ်။ ပလက်ဝကောင်စီက ဒေသန္တရ အုပ်ချုပ်ရေးကို တာဝန်ယူထားတာ ဖြစ်တယ်။ တပ်မှာ ဆိုရင် CDF – ပလက်ဝ ရှိတယ်။ အဲဒီအလွှာ ၃ ခုမှာ ရှိတဲ့ လူတွေကို ပေါင်းပြီး စစ်ကော်မရှင်ကို ဖွဲ့စည်းတာ ဖြစ်တယ်။ ပြည်သူ့ တော်လှန်ရေး ဆင်နွှဲနေရတဲ့ ကာလဖြစ်တော့ ကျနော်တို့ တပ်ကို အရပ်သားကွပ်ကဲအုပ်ချုပ်မှု အောက်မှာ ထားရှိပြီး စနစ်တကျ သွားချင်တဲ့ ဟာဖြစ်တယ်။…
(004SS) မလေးရှားနိုင်ငံအတွင်း ခိုလှုံနေထိုင်ကြသည့် ဒုက္ခသည်များနှင့် ယာယီခိုလှုံခွင့်ရရှိထားသူများအတွက် ကိုရီးယားနိုင်ငံသို့ ပြောင်းရွှေ့အခြေချကာ မဟာဘွဲ့ (Master’s Degree) တက်ရောက်နိုင်မည့် Global Korea Scholarship (GKS) အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ကြောင်း Alliance of Chin Refugees (ACR) ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါ ပညာတော်သင်ဆု အစီအစဉ်ကို ကိုရီးယားတရားရေးဝန်ကြီးဌာန (MOJ)၊ ပညာရေးဝန်ကြီးဌာန (MOE) နှင့် UNHCR Korea တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဒုက္ခသည်များအတွက် ပညာတော်သင်ဆု နေရာ (၅) နေရာခန့် သတ်မှတ်ထားကြောင်း သိရသည်။ “အခုဟာက ဒုက္ခသည်အားလုံးအတွက် လုပ်ပေးတာ ဖြစ်ပါတယ်။ ကျောင်းဆက်တက်ချင်သူတွေအတွက် လျှောက်လို့ရပါတယ်” ဟု ACR ဉက္ကဌ ဆလိုင်းဂျိမ်စ်းက ပြောသည်။ ရွေးချယ်ခံရသည့် ကျောင်းသားများသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလမှစတင်ကာ ၃ နှစ်ကြာ ပညာသင်ယူခွင့်ရရှိမည် ဖြစ်သည်။ ပထမတစ်နှစ်မှာ ကိုရီးယားဘာသာစကား သင်ယူရမည်ဖြစ်ပြီး ကျန် (၂) နှစ်မှာ Master Programme ကို တက်ရောက်ရမည် ဟု ဆိုသည်။ ခံစားခွင့်များအနေဖြင့် အသွားအပြန် လေယာဉ်လက်မှတ်၊ ကျောင်းလခ အပြည့်အဝ၊ အစားအသောက်နှင့် နေထိုင်စရိတ် (လစဉ်ထောက်ပံ့ကြေး) တို့ ပါဝင်မည်ဟု သိရသည်။ အသက် (၄၀) နှစ်အောက် UNHCR ကတ်ကိုင်ဆောင်ထားသူ ဒုက္ခသည် (သို့မဟုတ်) ယာယီခိုလှုံသူ၊ Bachelor’s Degree (ဘွဲ့တစ်ခုခု) ရရှိထားသူ၊ ပညာအရည်အချင်း…
သုံးလအတွင်း CDF-Zophei ရဲဘော် ၄ ဦး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူခဲ့ရ (004SS) ချင်းပြည်နယ်၊ ကလေး-ဖလမ်း လမ်းပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ – ဇိုဖေ (CDF-Zophei) မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ ယမန်နေ့ မတ်လ ၅ ရက်နေ့က ကလေးမြို့နှင့် ဖလမ်းမြို့အကြားတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကော်မရှင် တပ်များကို ချင်းပူးပေါင်းတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်ခဲ့ရာ Chinland Council အဖွဲ့ဝင်ဖြစ်သော CDF-Zophei တပ်ရင်း (၁) မှ အသက် (၂၁) နှစ်အရွယ်ရှိ ဆလိုင်း ခွာလျန်မာန် သည် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ခြင်း ဖြစ်သည်။ ယခုကျဆုံးမှုသည် CDF-Zophei အတွက် သုံးလတာကာလအတွင်း စတုတ္ထမြောက် အသက်ပေးလှူခဲ့ရသည့် သူရဲကောင်း တစ်ဦး ဖြစ်ကြောင်း ၎င်းအဖွဲ့၏ ယခင်ထုတ်ပြန်ချက်များအရ သိရသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ကလေး-ဖလမ်း လမ်းပိုင်းတိုက်ပွဲအတွင်း တပ်ရင်း (၁) မှ အသက် ၂၁ နှစ်အရွယ် ဆလိုင်း ဘွေဘိတ်ထောင်း ကျဆုံးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဒေးဗစ်စစ်ဆင်ရေး (Mission David) ဟုခေါ်သော ဟားခါးမြို့ပေါ် တိုက်ပွဲတွင် အသက် ၂၃ နှစ်အရွယ်ရှိ တပ်ရင်း (၂) မှ အရာရှိတစ်ဦးဖြစ်သူ ဒုဗိုလ် လျန်ကျဲအိုထန် ကျဆုံးခဲ့သည်။ ၂၀၂၅ ခုနှစ်၊…
(006SV) ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်စခန်းများတွင် ဆေးဝါးလုံလောက်မှု မရှိသောကြောင့် အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင် အားဆေး၊ ကိုယ်ဝန်တားဆေး၊ မီးယပ်သွေးဆေးနှင့် အကိုက်အခဲ ပျောက်ဆေးအပြင် အမျိုးသမီးလစဉ်သုံးများ လိုအပ်နေကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသအခြေအနေနှင့် ပတ်သက်၍ တရားမျှတမှုအတွက် အမျိုးသမီးများ အဖွဲ့အစည်း (WJ) က မတ်လ ၅ ရက်က ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။ စစ်ဘေးရှောင်စခန်းများတွင် ကျား၊ မ မခွဲခြားဘဲ စုပေါင်းနေထိုင်ရပြီး အိပ်ယာ၊ အိမ်သာ၊ ရေချိုးခန်းများ လုံလောက်စွာ မရှိသောကြောင့် အမျိုးသမီးများမှာ မလုံခြုံမှုများ ခံစားနေရကြောင်း WJ ကပြောသည်။ တချို့သော အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ ညစ်ညမ်းပြောဆိုခံရခြင်း၊ စစ်ရှောင်စခန်းတွင် နေ့စဉ် နှင့်အမျှ ဖြစ်ပျက်နေသော အိမ်တွင်းအကြမ်းဖက်မှုများ၊ မိသားစုပြသနာများလည်း မကြာခဏ ဖြစ်ပေါ်သည့် အတွက် စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုများကိုလည်း ယင်းဒေသ စစ်ရှောင်စခန်းမှ အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့ နေရသည်ဟု သိရသည်။ ချင်းနှင့် စစ်ကိုင်းမှာ တစ်လအတွင်း စစ်ကော်မရှင်တပ်ကြောင့် ဒေသခံပြည်သူ ၃၀ ခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၅၀ ကျော် ရှိကြောင်း WJ က ထုတ်ပြန်သည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ချင်း၊စစ်ကိုင်းမှ အမျိုးသမီးများသည် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုခံရပါက တရားရုံးတွင် အမှုရင်ဆိုင် ဖြေရှင်းရန် အသွားအလာ လုံခြုံရေးကို စိုးရိမ်းရခြင်း၊ ဥပဒေစိုးမိုးမှု…
(004SS) ချင်းပြည် (Chinland) အစိုးရသည် ပြည်နယ်အတွင်းရှိ ပညာရေးနှင့် ကျန်းမာ ရေး ကဏ္ဍများ ပိုမိုအား ကောင်းလာစေရန် အတွက် ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် အရာရှိနှင့် ပညာရှင်သစ်များကို ခေါ်ယူလျက်ရှိကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနသည် ပညာဌာနအရာရှိ (ဌာနစိတ်-၃ တာဝန်ခံ) ရာထူးအတွက် အချိန်ပြည့်ဝန်ထမ်း ခေါ်ယူနေသည်။ အဆိုပါ ရာထူးအတွက် လျှောက်ထားသူများသည် Microsoft Office အသုံးပြုမှု ကျွမ်းကျင်ရမည့်အပြင် မြန်မာ ဘာသာ စကား ကျွမ်းကျင်သူဖြစ်ရမည်ဖြစ်ပြီး၊ အင်္ဂလိပ်စာနှင့် စာရင်းကိုင်ပညာရပ် အတွေ့အကြုံရှိသူများကို ဦးစားပေး ရွေးချယ်သွားမည်ဟု ထုတ်ပြန်ထားသည်။ ရွေးချယ်ခံရသူများသည် မြို့နယ်အသီးသီးရှိ ပညာရေးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရ မည်ဖြစ်ပြီး၊ ချင်းပြည်နယ်၏ ပညာရေးမူဝါဒနှင့် သင်ရိုးညွှန်းတမ်းဆိုင်ရာ ကော်မတီများတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူရမည်အပြင် ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းများနှင့် ပညာရေးအချက်အလက်များကို ပြုစုထိန်းသိမ်းရမည့် တာဝန် များလည်း ထမ်းဆောင်ရမည်ဟု သိရသည်။ လုပ်ငန်းခွင်နေရာမှာ ချင်းလုံမြို့တွင် ဖြစ်ပြီး လျှောက်လွှာများကို မတ်လ ၂၇ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ် သည်။ အလားတူ ကျန်းမာရေးဝန်ကြီးဌာနကလည်း ချင်းပြည်နယ်အတွင်း ဆေးဘက်ဆိုင်ရာ ပညာရှင်များ လိုအပ်ချက်ကို ဖြည့် ဆည်းရန် အသစ်တည်ထောင်ထားသော သူနာပြုသင်တန်းကျောင်း အတွက် သင်ကြားရေးဝန်ထမ်း (၃) ဦးကို ခေါ်ယူနေ သည်။ သူနာပြုဘွဲ့ (Bachelor/Master) ရရှိထားပြီး အနည်းဆုံး (၂) နှစ် အတွေ့အကြုံရှိသူများက လျှောက်ထားနိုင်မည်ဖြစ်သည်။ ရွေးချယ်ခံရ သူများသည် သင်တန်းကျောင်းတွင် သီအိုရီနှင့်…
တော်လှန်ရေးအင်အားစုများအတွက် ကြီးမားသော ဒစ်ဂျစ်တယ်လုံခြုံရေး ခြိမ်းခြောက်မှုဟုဆို (004SS) မြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းဖုန်းများ၏ IMEI ကုတ်နံပါတ်များကို မှတ်ပုံတင်ရမည့် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကို ၂၀၂၆ ခုနှစ်၊ မတ်လ ပထမပတ်မှစတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ကြေညာသည်။ အဆိုပါထုတ်ပြန်ချက်အရ လက်ရှိအသုံးပြုနေသော ဖုန်းများကို မတ်လ ၃၁ ရက်နေ့နောက်ဆုံးထားပြီး ဆင်းကတ်ထည့်ကာ အသုံးပြုထားရမည်ဖြစ်ပြီး၊ ဧပြီလ ၁ ရက်နေ့နောက်ပိုင်းမှစ၍ ခွင့်ပြုစာရင်းတွင် မပါဝင်သော ဖုန်းများကို ရက်ပေါင်း ၃၀ သာ ယာယီအသုံးပြုခွင့်ပေးကာ အခွန်နှင့် ဒဏ်ကြေးပေးဆောင်ရမည်ဟု ဆိုသည်။ သို့သော် ဤစနစ်သည် အခွန်ကောက်ခံရန်ထက် ပြည်သူများ၏ ဆက်သွယ်ရေးကွန်ရက်ကို အလုံးစုံထိန်းချုပ်ရန်နှင့် ခြေရာခံရန် ရည်ရွယ်သည့် “ဆက်သွယ်ရေးထောင်ချောက်” တစ်ခုဖြစ်နိုင်ကြောင်း နည်းပညာကျွမ်းကျင်သူများက ဝေဖန်ထားကြသည်။ “ဖုန်းနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေရဲ့ IMEI ကုတ်တွေကို မှတ်ပုံတင်စေတဲ့ CEIR ဆိုတာ နိုင်ငံတကာမှာ ဖုန်းခိုးခံရမှုတွေနဲ့ မှောင်ခိုသွင်းတာတွေကို တားဆီးဖို့ သုံးလေ့ရှိပေမယ့် နိုင်ငံရေး မတည်ငြိမ်တဲ့ အခြေအနေတွေမှာတော့ ဒါဟာ ပြည်သူကို စောင့်ကြည့် ထိန်းချုပ်တဲ့ လက်နက်တစ်ခု အဖြစ် အလွယ်တကူ ပြောင်းလဲသွားနိုင်ပါတယ်။ အခွန်ကောက်ခံခြင်းက ဟန်ပြ ရည်ရွယ်ချက်သာ ဖြစ်ပြီး နောက်ကွယ်က အဓိက ရည်ရွယ်ချက်ကတော့ အလုံးစုံ ဆက်သွယ်ရေး ထိန်းချုပ်မှု (Total Telecommunication Control) ရယူဖို့ ဖြစ်ပါတယ်။ IMEI ကို ပိုင်ရှင်အမည်နဲ့ တွဲသိရင် ဆက်သွယ်ရေးကွန်ရက်ကို ထိန်းချုပ်ထားသူက…
(006SV) ဩစတြေးလျနိုင်ငံ အထက်လွှတ်တော် (ဆီနိတ်) ၏ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကော်မတီထံသို့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ တိုးမြှင်ပေးရန်အပါအဝင် အချက် ၅ ချက်ကို ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) က တောင်းဆိုလိုက်ကြောင်း သိရသည်။ ဩစတြေးလျနိုင်ငံအနေဖြင့် စစ်ကော်မရှင်၏ တရားမဝင်ရွေးကောက်ပွဲနှင့် ၎င်း၏ လုပ်ငန်းစဉ်များကို အသိအမှတ်မပြု၊ ငြင်းပယ်ရန်၊ အရပ်သားများကို တိုက်ခိုက်ရာမှာ အသုံးပြုနေသော လေယာဉ်ဆီများကို ကန့်သတ် တားမြစ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း၍ အစီအမံများ လုပ်ဆောင်ရန်နှင့် နယ်စပ်ဖြတ်ကျော် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးရန်တို့ကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၊ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက တောင်းဆိုခြင်းဖြစ်သည်။ အာဏာသိမ်းစစ်ကော်မရှင်က ကျူးလွန်ထားသော နိုင်ငံတကာ ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (ICC) သို့ လွှဲပြောင်းပေးနိုင်ရေး တိုက်တွန်းအားပေးရန်နှင့် စစ်အုပ်စုကို ဥပဒေကြောင်းအရ တာဝန်ခံမှု ရှိစေမည့် ကြိုးပမ်းမှုများကို ကူညီထောက်ပံ့ပေးရန်တို့ကိုလည်း တောင်းဆိုသည်ဟု သိရသည်။ “ဩစတြေးလျရဲ့ ရပ်တည်ချက်က အရေးကြီးပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး ကိစ္စသက်သက် မဟုတ်ပါဘူး။ ဒါဟာ ကျနော်တို့ ဒေသတွင်းမှာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တာဟာ ပုံမှန်ကိစ္စ တစ်ခု ဖြစ်လာမလားဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လူ့အသိုင်းအဝိုင်းအတွက် ဒါက မူဝါဒဆိုင်ရာ ဆွေးနွေးငြင်းခုံမှုတစ်ခု မဟုတ်ဘူး။ ကျနော်တို့ ဂုဏ်သိက္ခာရှိရှိ ဆက်လက်ရှင်သန်နိုင်မလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်” ဟု…
