Author: Editor

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စက်သုံးဆီအလုအယက်ဝယ်ယူခြင်းကြောင့် မြို့တွင်းရှိ ဓာတ်ဆီဆိုင်အချို့ ပိတ်ထားရသည်အထိ ဖြစ်လာသည်ဟု ကလေးမြို့ခံများထံမှ သိရသည်။ ကလေးမြို့ခံတဦးက “ဆီပြတ်မှာစိုးလို့ အလုအယက်ဝယ်နေကြတာ မနေ့ကတည်းကဆိုတော့ အခု တာဟန်းဖက် ပြီးရင် မြို့ထဲက အိုဆို ဆီဆိုင်ဆိုရင် ပိတ်ထားပြီ။ ဝယ်စရာတောင် မရှိတော့ဘူး။ အားလုံး က စိုးရိမ်တော့ ဆီလှောင် ထားကြတာနေမှာ ဒါမှမဟုတ်ရင် မြန်မြန်ဆန်ဆန် ကုန်မှာ မဟုတ်ဘူးလေ” ဟု ပြောသည်။ ကလေးမြို့တွင် ကောင်းသန့်ဆီဆိုင်၊ မြတ်တ္တာမွန်ဆီဆိုင် (BOC)၊ စန္ဒာထွန်း ဆီဆိုင်တို့တွင် စက်သုံး ဆီ များအား ပုံမှန်ရောင်းချပေးနေသော်လည်း ဓာတ် ဆီဈေးမှာ တဂါလံလျှင် (၂၉၀၀၀) ကျပ်မှ (၃၀၀၀၀) ကျပ် အထိ ဝယ်ယူ သုံးစွဲနေကြရသည်ဟု သိရသည်။ ကလေးမြို့ပေါ်ရှိ ပြည်သူများသည် စက်သုံးဆီပြတ်လပ်လာမည်စိုးရိမ်သော ကြောင့် ဆိုင်ကယ်၊ ကားများတွင်သာမက အလုအယက်ဝယ်ယူကာ ပုံးများဖြင့်သိုလောင်ထားခြင်းကြောင့် ဓာတ်ဆီဈေးနှုန်းမြင့် တက်လာသည့်အပြင် ပြတ်လပ် လာခြင်းများ ဖြစ်သည်ဟု သိရသည်။ အဆိုပါ စက်သုံးဆီပြတ်လပ်လာခြင်းနှင့် ဈေးနှုန်းမတည်ငြိမ်မှုများကြောင့် ဆိုင်ကယ်ဖြင့်ကုန်စိမ်း ရောင်းဝယ်သူများ၊ ကြံရည်စက်လုပ်ငန်းအပါအဝင် နေ့စားအလုပ်သွားအပြန် အခြေခံလူတန်းစားများအနေဖြင့် အခက်အခဲ ပိုကြုံတွေ့လာကြရသည်။

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ဖမ်းဆီးရမိသော စစ်ကော်မရှင်တပ်မှ စစ်သုံ့ပန်းအပါအဝင် အရပ်ဖက်အကျဉ်းသား ၃၀ ကို အာရက္ခတပ်တော် ULA/AA က လွတ်ငြိမ်းခွင့် ပေးလိုက်ကြောင်း သိရသည်။ ယနေ့ မတ်လ ၄ ရက် က ပလက်ဝမြို့နယ်အတွင်း ULA/ AA ဖမ်းဆီးရမိထားသော စစ်ကော်မရှင်တပ်မှ စစ်သုံ့ပန်း ၁၆ ဦး၊ ရဲသုံ့ပန်း ၁ ဦး၊ ၎င်းတို့၏ မိသားစုဝင် ၅ ဦးနှင့် အရပ်ဖက်ပြည်သူ ၈ ဦးတို့ကို လွတ်ငြိမ်းခွင့် ပေးလိုက်ခြင်းဖြစ်သည်ဟု ရခိုင်အခြေစိုက်သတင်းဌာနတွေက ရေးသားထားသည်။ စစ်သုံ့ပန်းနှင့် အရပ်ဖက်အကျဉ်းသားများကို လူသားချင် စာနာထောက်ထားပြီး ပြန်လည်လွှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ အာရက္ခတပ်တော် ULA/ AA သည် ပလက်ဝမြို့နယ်တွင် စစ်သုံ့ပန်းနှင့် အကျဉ်းသားများကို လွတ်ငြိမ်းခွင့် ၁၀ ကြိမ်ခန့် ပေးထားပြီးဖြစ်ကြောင်း၊ ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်မှာ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် အကျဉ်းသားများကို လွတ်ငြိမ်းခွင့် ပေးခြင်းသည် လူဦရေး ၂၀၀၀ နီးပါး ရှိကြောင်း သိရသည်။ ဓါတ်ပုံ – We love Paletwa

Read More

ချင်းနှင့်မကွေးမှာ လွတ်မြောက်နယ်မြေ ပိုမိုဖန်တီးရေးကိစ္စလည်း ဆွေးနွေးခဲ့ဟုဆို (006SV) ချင်းလဲန်းကောင်စီ၊ ချင်းပြည်မဏ္ဍိုင် ၃ ရပ် အကြီးအကဲများနှင့် မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ တာဝန်ရှိသူတို့ တွေ့ဆုံပြီး စစ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးကြောင်း သိရသည်။ “အခုကတော်လှန်ရေးကာလဆိုရင် တော်လှန်ရေးကို ဘယ်လိုနည်းနဲ့ ချဉ်းကပ်ရင် ပိုကောင်းလာနိုင်မလဲ၊ ကျနော်တို့ ဒီတော်လှန်ရေးမှာ အချိတ်အဆက် မိမိ၊ ဘာတွေပူးပေါင်းလို့ ရသလဲ၊ စစ်ရေးကဏ္ဍမှာ ဖြစ်ဖြစ်၊ ပြည်သူ့ကဏ္ဍမှာ ဖြစ်ဖြစ် ဘာတွေ ပူးပေါင်းလို့ ရသလဲဆိုတာ ကျနော်တို့ ဆွေးနွေးဖြစ်တယ်။ အတူတကွ ပြည်သူ့ဝန်ဆောင်မှုကို ဘယ်လို လုပ်ကြမလဲ၊ အဓိကက မကွေးဖက်ဒရယ်ယူနစ်နဲ့ ချင်းပြည်ချင်းလဲန်းက နယ်မြေချင်းကလည်း ထိစပ်နေတော့ လမ်းပန်းဆက်သွယ်ရေးပဲ ဖြစ်ဖြစ်၊ ကုန်စည်စီးဆင်းတဲ့ နေရာမှာ ဘာတွေ လုပ်လို့ ရမလဲ၊ ချင်းလဲန်းဘက်ကကော သူတို့အတွက် ဘာတွေ ပံ့ပို့ပေးလို့ ရမလဲဆိုတာကို အလွတ်သဘော ဆွေးနွေးကြတာပါ။ အပြန်အလှန် ဘာတွေ ကူညီနိုင်ကြမလဲဆိုတာကို ဆွေးနွေးကြတာဖြစ်ပါတယ်” ဟု ချင်းပြည်အစိုးရအဖွဲ့၊ ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီး Pu Za Thawng က ပြောသည်။ ချင်းပြည်ကောင်စီနှင့် ချင်းပြည်အစိုးရအပါအဝင် မဏ္ဍိုင် ၃ ရပ်မှ အကြီးအကဲများနှင့် ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော် ဦးဆောင်သော မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့မှ တာဝန်ရှိသူတို့သည် ဖေဖော်ဝါရီလ ၂၈ ရက်က ချင်းပြည်နယ်၊ ချင်းလုံမြို့တွင် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။ ချင်းနှင့် မကွေးတို့၏ တော်လှန်ရေးအစိုးရ နှစ်ရပ်ကြား အချိတ်အဆက်မိမိဖြင့် စစ်ရေးကဏ္ဍ၊ တခြားပြည်သူ့…

Read More

(004SS) ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း သားငှက်တိရိစ္ဆာန်များအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ငှက်သိုက်များ ဖျက်ဆီး ခြင်းများမပြုလုပ်ရန် တားမြစ်ထားပြီး ကျူးလွန်ပါက ထိရောက်စွာ အရေးယူသွားမည်ဟု ထန်တလန်မြို့နယ်ကောင်စီ (CDF-Thantlang) က မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။ ကျေးငှက်များ မျိုးပွားသားပေါက်သည့်ကာလဖြစ်သော မတ်လ ၁ ရက်မှ မေလ ၃၁ ရက်အထိ ငှက်သိုက်ဖျက်ဆီးခြင်းနှင့် ငှက်ဖမ်းခြင်းကို လုံးဝ (လုံးဝ) မပြုလုပ်ရန် တားမြစ်ထားသည်။ အလားတူ တောရိုင်းတိရိစ္ဆာန်များအတွက် ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိကို ဘေးမဲ့ကာလအဖြစ် သတ်မှတ်ထားပြီး အမဲလိုက်ခြင်းနှင့် ထောင်ချောက်ဆင်ခြင်းများကို ပိတ်ပင်ထားသည်။ ယခုကဲ့သို့ တားမြစ်ချက်ထုတ်ပြန်ရခြင်းမှာ တောရိုင်းတိရစ္ဆာန်များ လုံခြုံစွာ သားပေါက်နိုင်ရန်နှင့် ဒေသတွင်း သဘာဝအလှအပများ မပျောက်ပျက်စေရန်အတွက်ဖြစ်ကြောင်း ထန်တလန်မြို့နယ်ကောင်စီက ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိပါက လက်နက်ကိရိယာ သိမ်းဆည်းခြင်းအပြင် ပြင်းထန်စွာအရေးယူမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။ “ယခုတားမြစ်ကာလအတွင်း လေသေနတ်၊ ယမ်းသေနတ်၊ မြှားနှင့် အခြားအမဲလိုက်ကိရိယာများ ကိုင်ဆောင်ကာ တောထဲသို့ သွားလာခြင်းမပြုရန်နှင့် စစ်ဆေးတွေ့ရှိပါက အဆိုပါကိရိယာများအား သိမ်းဆည်းသွားမည်။ စည်းကမ်းချက်များ မလိုက်နာဘဲ သားငှက်တိရိစ္ဆာန် သတ်ဖြတ်မှုကျူးလွန်သူများအား ဥပဒေနဲ့အညီ ထိရောက်စွာ ဒဏ်ခတ် အရေးယူသွားမည်” ဟု ထန်တလန်မြို့နယ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယခုထုတ်ပြန်ချက်သည် ထန်တလန်မြို့နယ်ကောင်စီ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ မိဘပြည်သူများအားလုံးနှင့် သက်ဆိုင်သည်ဟု ဖော်ပြထားသည်။

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် မတ်လ ၁ ရက်နေ့ကစ၍ သောက်သုံးရေသန့်ဈေးများမြင့်တက်သွား ကြောင်းသိရ သည်။ သောက်ရေသန့်စက်ရုံသုံး အခြေခံပစ္စည်းများဖြစ်သော စက်သုံးစီ၊ ရေသန့်ဗူး ၊ပါကင်လိပ်နှင့် လုပ်အား ခများ မြင့်တက်ခြင်းကြောင့် သောက်ရေသန့်ဈေးမှာလည်း မြင့်တက်သွားခြင်းဖြစ်ပြီး ၂၀ လီတာ ဗူးကြီး တစ်ဗူးလျှင် လက်လီ (၂၀၀၀) ကျပ်နှင့် လက်ကား (၁၇၀၀) ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ကလေးမြို့သောက်ရေသန့် လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။ ကလေးမြို့ဒေသခံတဦးက “ရေသန့် ဈေးတက်မယ်ကြားမိတော့ (၅၀၀) လောက် သက်သာဆိုပြီး လေးဗူးလောက် ဝယ် ထားတယ်။ အခုရှေ့လျှောက်က နွေရာသီရောက်လာပြီလေ နေပူရင် ရေလဲပိုသောက်ရတယ်လေ မိသားစုများတဲ့ သူတွေအတွက်တော့ တရက်တစ်ဗူးလောက်ကုန်တယ်နော်။ အခုက ဈေးထပ် တက်မယ်ဆိုတော့ ရေကျက်အေး တလှည့် ရေသန့်တလှည့် အဲ့လိုပဲ သုံးရမယ့်အပြင် သောက်ရေအတွက် သတ်သတ်ကို ပိုက်ဆံစုရတော့မယ်” ဟု ပြောသည်။ လက်ရှိကလေးမြို့တွင် သောက်ရေသန့်များကို တောင်ဇလပ်၊ New Life၊ Carmel၊ Wesley၊ ရွှေကလေး၊ မြနဒီ၊ ကျန်း မာချမ်းသာ ၊ နန်ခိုင်၊ B2၊ နန်းထိုက်စံ၊ 7 Star၊ MST၊ Morning Star Aguo၊ Happy time စသည့် ရေသန့်ကုမ္ပဏီ များက ဖြန့်ဝေပေးလျက်ရှိသည်။ အဆိုပါကုမ္ပဏီများသည် ကလေးမြို့အတွင်းရှိရပ်ကွက်နှင့် ကျေးရွာများတွင် ကားဖြင့်လှည့်လည်ကာ အိမ်တိုင်ရာ ရောက် ရေသန့်ဗူးများဖြန့်ဝေပေးကြပြီး ယခင်က သောက်ရေသန့် (၂၀) လီတာဗူးကြီး…

Read More

(002MG) စစ်ကော်မရှင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်း ထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ယနေ့လွတ်မြောက်လာသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) က ညနေပိုင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယနေ့မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အထိမ်း အမှတ်အနေဖြင့် စစ်ကော်မရှင်က နိုင်ငံ တဝန်းအကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား တစ်သောင်းကျော်ကို လွှတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။ ထိုအထဲတွင် ကလေးမြို့အကျဉ်းထောင်မှ အကျဉ်းသား ၁၁၅ ဦးလွတ်မြောက်လာခဲ့ပြီး ယင်းအနက် နိုင်ငံရေးအကျဉ်းသား ၈၁ ဦး နှင့် နိုင်ငံရေးအကျဉ်းသူ ၂၅ ဦး စုစုပေါင်း ၁၀၆ ဦး ပါဝင်သည်ဟု ဖော်ပြထားသည်။ အဆိုပါ ပြန်လွတ်မြောက်လာသူများထဲတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ချခံရသူများ၊ သပိတ်တွင်ပါဝင်သူများနှင့် ပရဟိသမားများ ပါဝင်သည်ဟုသိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက်(PPNM) ၏ ပြုစုထားသော စာရင်းအရ ယနေ့ လွတ်‌မြောက် လာသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် အကျဉ်းထောင် (၂၅) ခုမှ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ (၁၈၉၅) ဦး လွတ်မြောက်လာသည်ဟု ဖော်ပြထားသည်။

Read More

(004SS) ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်၊ ကလေး-ဖလမ်းလမ်းမပေါ်ရှိ လုမ်းဘန်ကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် နေအိမ် ၄ လုံးခန့်ပျက်စီးခဲ့ကြောင်း သိရသည်။ ယမန်နေ့ မတ်လ ၁ ရက်၊ နေ့လယ် ၁၁ နာရီဝန်းကျင်တွင် စစ်ကော်မရှင်တပ်၏ ဂျက်ဖိုက်တာ တစ်စင်းသည် လုမ်းဘန် ကျေးရွာအတွင်းသို့ နှစ်ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဗုံးတစ်လုံးမှာ လုမ်းဘန်တိုက်နယ်ဆေးရုံအနီးသို့ ကျရောက်ခဲ့ပြီး နောက်ထပ် တစ်လုံးမှာ ရွာအဝင်ရှိ နေအိမ်တစ်လုံးပေါ်သို့ တိုက်ရိုက်ကျရောက်ခဲ့ကာ စုစုပေါင်း နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ “ဂျက်ဖိုက်တာ ၁ စင်းက ပေါင် ၅၀၀ ဗုံး ၂ လုံးပစ်ချတာ။ တစ်လုံးက လုမ်းဘန်တိုက်နယ်ဆေးရုံအနီးမှာကျတယ်။ အဲဒီ ဆေးရုံကတော့ ပိတ်ထားတာကြာပြီပေါ့နော်။ အနီးအနာထိခိုက်တာတော့ မရှိဘူး။ နောက်ဗုံးတစ်လုံးက ရွာအဝင်နားက နေအိမ်တစ်လုံးပေါ်ကျတယ် တိုင်တောင်ရစရာမရှိတော့ဘူး ကျေမွကုန်တယ်။ အနီးနားက နောက်ထပ် နေအိမ် ၃ လုံးကလဲ ပျက်စီးသွားတယ်။” ဟု မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ဒေသခံများမှာ ဘေးလွတ်ရာသို့ ထပ်မံတိမ်း ရှောင်နေကြရကြောင်း သိရသည်။ “ပြည်သူတွေကတော့ အထိအခိုက်မရှိဘူးပေါ့နော်။ ပြီးခဲ့တဲ့တစ်ခေါက်ဗုံးကြဲတုန်းကလဲ အကုန်လုံးတော့မဟုတ်ပေမဲ့ ရွာသားတွေ စစ်ဘေးရှောင်ကြတယ်။ အခုကအားလုံးနီးပါရှောင်ကြပြီ။ ဒါပေမဲ့ နေအိမ်ခဏလာကြည့်တာတို့ ဘာတို့တော့ ရှိတာပေါ့နော်” ဟု ၎င်းက ဆက်ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်၊ မနက်ပိုင်းတွင်လည်း စစ်ကော်မရှင်တပ်သည်…

Read More

(002MG) စစ်ကော်မရှင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်း ထောင်မှ အကျဉ်းသားတစ်ရာကျော် ယနေ့လွတ်မြောက်လာပြီး ယင်းအနက် အနိုင်ငံရေးအကျဉ်းသား ၁၂ ဦးသာပါဝင်ကြောင်းသိရသည်။ ယနေ့မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အထိမ်း အမှတ်အနေဖြင့် စစ်ကော်မရှင်က နိုင်ငံ တဝန်းအကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား တစ်သောင်းကျော်ကို လွှတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။ ထိုအထဲတွင် ကလေးမြို့အကျဉ်းထောင်မှ အကျဉ်းသား ၁၁၅ ဦးလွတ်မြောက်လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၈ ဦး နှင့် အကျဉ်းသူ ၄ ဦး စုစုပေါင်း ၁၂ ဦးသာပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက်(PPNM) က ကနဦးထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက်(PPNM) ၏ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအတိုင်း အတာ ဖြင့် ပေါင်းတည်အကျဉ်းထောင်မှ အမျိုးသား (၆) ဦး အမျိုးသမီး (၃) ဦး၊ သာယာဝတီအကျဉ်းထောင်မှ အမျိုးသား (၁၈) ဦး၊ အမျိုးသမီး (၁၃)၊ ဒိုက်ဦးအကျဉ်းထောင်မှ အမျိုးသား (၁၀) ဦး အမျိုး သမီး (၁၆) ဦး၊ မအူပင်အကျဉ်းထောင်မှ အမျိုး သား (၃၈) ဦးအမျိုးသမီး (၈) ဦး၊ ကော့သောင်းအကျဉ်းထောင်မှ (၆) ဦး၊ ပခုက္ကူအကျဉ်းထောင်မှ (၈၀) ဦး၊ ပြည်အကျဉ်း ထောင်မှ (၂၄) ဦး၊ သထုံအကျဉ်းထောင်မှ အမျိုးသား (၆၁) ဦး နှင့် မြိတ် အကျဉ်း ထောင်မှ အမျိုးသား (၁၆) ဦးနှင့် အမျိုး…

Read More

(004SS) ချင်းပြည်နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည့် Chinland Defense Force – Zotung တပ်ဖွဲ့ဝင် တစ်ဦးသည် လွတ်မြောက်နယ်မြေတစ်နေရာမှာ နှစ်နှစ်ကြာ ဆေးဝါးကုသမှု ခံယူနေရာမှကွယ်လွန်သွားကြောင်း သိရသည်။ CDF – Zotung တပ်ဖွဲ့ဝင် ရဲဘော် ဆလိုင်းဝင်းမြင့်ဦးသည် ကျောက်ကပ် ရောဂါဝေဒနာကို လွတ်မြောက် နယ်မြေ တစ်နေရာတွင် နှစ်နှစ်ကြာ ဆေးဝါး ကုသမှုခံယူရင်း ၂၀၂၆ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ကွယ်လွန်သွားခဲ့ကြောင်း CDF-Zotung က မတ်လ ၁ ရက်မှာ ထုတ်ပြန်သည်။ ရဲဘော်ဆလိုင်းဝင်းမြင့်ဦးသည် မိမိတို့ယုံကြည်ချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျောက်ကပ်ဝေဒနာ စတင်ခံစားခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ “လက်နက်ကိုင်တော်လှန်ရေးထဲ စဝင်ကြတော့ ကျနော်တို့တပ်ရင်းမှာ ဒီညီလေးက အငယ်ဆုံးပဲ။ ဘယ်နှစ်ရက်ခံ မလဲဆိုပြီး စောင့်ကြည့်ခဲ့ကြပေမယ့် အပြိုအကွဲတွေကြားမှာ သူက ကြံ့ကြံ့ခိုင်ပြီး ၂၀၂၁ ကနေ ၂၀၂၄ ဇွန်လအထိ တိုက်ပွဲတိုင်းမှာ သတ္တိရှိရှိ ပါဝင်ခဲ့သူပါ။ တစ်နှစ်ကျော်ကြာကျောက်ကပ်ဆေးခဲ့ရတာ မတ်လ ၁ ရက်နေ့မှာ ကွယ်လွန်သွားပါပြီ။” ဟု CDF-Zotung ပြောရေးဆိုခွင့်ရှိသူ Salai Danny က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားသည်။ ကျဆုံးသွားသူ ဆလိုင်းဝင်းမြင့်ဦးသည် ဆေးရုံတွင် ရောဂါဝေဒနာ ခံစားနေရသော်လည်း ပြုံးပြုံးရွှင်ရွှင်ဖြင့်သာ နေထိုင်ခဲ့သူဖြစ်ကြောင်း ၎င်းက ဆိုသည်။ CDF-Zotung အနေဖြင့် ရဲဘော်ဆလိုင်းဝင်းမြင့်ဦး ဆေးရုံတက်ကုသစဉ်အတွင်း ဝိုင်းဝန်းကူညီပေးခဲ့ကြသော အဖွဲ့အစည်းများနှင့်…

Read More

(004SS) ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း တောမီးလောင်ကျွမ်းမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ရွှေ့ပြောင်းတောင်ယာမီးရှိုခြင်းကို ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားမီးရှို့ကြရန် ထန်တလန်မြို့နယ်ကောင်စီ (TPC) က အသိပေးထုတ်ပြန်သည်။ ထန်တလန်မြို့နယ်အတွင်း ယာခင်းလုပ်ကိုင်သူများအနေဖြင့် မတ်လ (၁၀) ရက် နောက်ဆုံးထား မီးရှို့ရန်နှင့် ရွှေ့ပြောင်းတောင်ယာ လုက်ကိုင်သုများအနဖြင့် ဧပြီလ (၃၀) ရက်နေ့ နောက်ဆုံးထား၍ အပြီးသတ်မီးရှို့ ထားကြရန် တောင်ယာအမျိုးအစားအလိုက် မီးရှို့ရမည့် ကန့်သတ်ရက်များကို ထန်တလန်မြို့နယ်ကောင်စီ (TPC) က ဖေဖော်ဝါရီလကုန်ပိုင်းက ထုတ်ပြန်သည်။ မီးရှို့ခြင်း မပြုမီ ကျေးရွာများအနေဖြင့် မီးတားလမ်း (Firebreak) များကို စနစ်တကျ ကြိုတင် ဖော်ဆောင်ထားရမည်ဖြစ်ပြီး၊ ရွှေ့ပြောင်းတောင်ယာများအတွက် မီးမရှို့မီ နှစ်ပတ်အလိုကတည်းက ပြင်ဆင်ထားရန် ညွှန်ကြားထားသည်။ ထို့အပြင် မီးရှို့သည့်အချိန်တွင်လည်း သက်ဆိုင်ရာ ဧရိယာအလိုက် ကြိုတင်အကြောင်းကြားရန် လိုအပ်ကြောင်း ပါရှိသည်။ အဆိုပါ သတ်မှတ်ရက်စွဲများအတိုင်း မဆောင်ရွက်ဘဲ စနစ်တကျ မရှိသည့်အတွက် တောမီးကူးစက်လောင် ကျွမ်းခြင်းများ ဖြစ်ပေါ်လာပါက သတ်မှတ်ထားသော ဥပဒေအတိုင်း ထိရောက်စွာ အရေးယူ အပြစ်ပေးသွားမည်ဟု ပြတ်သားစွာ သတိပေးထားသည်။ တောင်ယာမီးရှို့ခြင်းများ ကန့်သတ်သည့်အပြင် မိသားစုအလိုက် နေအိမ်နှင့် ကျေးရွာများ မီးဘေးလုံခြုံစေရန် အတွက်လည်း စနစ်တကျ ပြင်ဆင်ထားကြရန် ညွှန်ကြားထားသည်။ အထူးသဖြင့် မတ်လ (၁) ရက်မှ မေလ (၃၁) ရက်အတွင်း နေအိမ်တိုင်းတွင် မီးသတ်ပစ္စည်းများဖြစ်သော ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် အိတ်များ၊ ရေဖြည့်ထားသော ရေပုံးများ၊ အဝတ်စုတ်ဖြင့်…

Read More