အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မဏိပူရ်ပြည်နယ်တွင် Kuki ပြည်နယ် ရရှိရေး အတွက် လှုပ်ရှားနေကြသော Kuki State Demand Committee (KSDC) အဖွဲ့၏ လှုပ်ရှားမှုကို အားပေးထောက်ခံကြောင်း မီဇိုရမ်ပြည်နယ်ရှိ အစိုးရ မဟုတ်သော NGO များက ပြောဆို လိုက်သည်။
Author: Editor
ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ပေါ်ရှိ ဟားခါး ချင်းလူငယ် (၄) ဖွဲ့ ပြီးခဲ့ တဲ့ ဖေဖေါ်ဝါရီ ၀၂ ရက်နေ့ က ချင်းလူငယ် အဖွဲ့ ချုပ် ( Chin Youth Organization ) ဟူ၍ ပေါင်းစည်း ဖွဲ့စည်းခဲ့ကြ ပြီဖြစ်သည်။ ဟားခါးမြို့ Carson Hall တွင် Hakha Youth Organization, Vazuun, Hero, Toe စသည့် မြို့ပေါ် အခြေစိုက်ချင်း လူ ငယ် အဖွဲ့ အစည်း ကိုယ်စားလှယ် အင်အား ၄၀ ကျော် တွေ့ ဆုံ ဆွေးနွေး ခဲ့ကြပြီး ယခုကဲ့သို့ တဖွဲ့တည်း ပေါင်း စည်း လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ အဆိုပါ လူငယ်အဖွဲ့တွေ တဖွဲ့တည်းပေါင်းစည်းရေး ဆန္ဒရှိခဲ့ကြတာ ကြာပြီ၊ ခု က အခြေအနေအနေအထားက ပေါင်း စည်းဖို့ ဖြစ်လာလို့ ယခုလို ပေါင်းစည်း တာဖြစ်တယ်”ဟု လူငယ်ခေါင်းဆောင် တဦးက ပြောသည်။ အဓိက မူးယစ်ဆေး ၀ါးတားဆီးရေး၊ သာရေးနာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စာပေ၊ ယဉ်ကျေးမှု မြှင့်တင် ထိန်းသိမ်းရေး ရည်ရွယ်ချက်များဖြင့် ထူထောင်ခဲ့ကြသည့် ဟားခါးလူငယ်အဖွဲ့ ယခုကဲ့သို့ ပေါင်းစည်းခြင်း အပေါ် အထူး ၀မ်းမြောက် ၀မ်းသာဖြစ်ကြကြောင်း သိရသည်။“
ဇန္န၀ါရီလ ၃၁ ရက်နေ့က ဒေါက်တာမှုထန်း ( ညောင်နှစ်ပင်ညီလာခံ တက်ရောက် ခဲ့သူ) အပါအ၀င် ဟားခါးမြို့ပေါ် လူငယ် မြို့မိမြို့ဖ ၁၅ ဦးတို့ ပါဝင်ပြီး ချင်းတောင် တွင် နိုင်ငံခြား သားများ အပန်းဖြေ စခန်းအတွက်နေရာလေ့ လာမှုပြုကြကြောင်း သိရသည်။
၂၀၁၃ ခုနှစ်ဖေဖေါ်ဝါရီ (၂၀) တွင် ကျင်းပမည့် ၆၅ နှစ်မြောက် ချင်းအမျိုး သားနေ့ ပွဲတော် သဘင် တွင် ချင်းပြည်နယ်ရှိ ပညာရေး ၀န်ထမ်း များ၊ ကျောင်း သူကျောင်းသားများ ပါဝင်ဆင်နွှဲနိုင်မည် မဟုတ်ကြောင်း သိရသည်။ ပြည်ထောင်စု အစိုးရနှင့် ချင်းအမျိုး သား တပ်ဦးတို့ ဆွေးနွေး သဘော တူညီချက်အကျိုးဆက်အဖြစ် ချင်းအမျိုးသားနေ့တွင် အစိုးရ၀န်ထမ်းများ တက်တက်ကြွကြွ ပါဝင် ဆင်နွှဲ့နိုင်ရေး အတွက် ချင်းပြည် နယ်အတွင်း ရုံးပိတ်ပေးရန် ၁၉၊ ၁၂၊ ၂၀၁၂ ရက်နေ့ က ပြည် နယ်အစိုးရ၊ ပြည်နယ် လွှတ်တော် နှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား ဆွေးနွေးခဲ့ကြသည်။ “ ပြည်နယ်အစိုးရနဲ့ စီအဲန်အက်ဖ် ဆွေးနွေးချက် အရ ပြည်နယ် ပညာရေးမှူးကို ချင်းအမျိုးသားနေ့ မှာ ကျောင်းသားတွေ စာမေးပွဲမဖြေဖို့၊ ရက်ရွှေ့ပေးဖို့ ကျတော် ဆွေးနွေးတယ်၊ ပညာရေးမှူးက အထက်ညွန်ကြား ချက်ဖြစ်တယ်လို့ပဲ တုံ့ပြန် တယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Pu Lal Maung Cung က ယနေ့ ပြောသည်။
ချင်းအမျိုးသားနေ့ဖြစ် ပေါ်လာပုံအကျဉ်းကို ချင်းရေးရာဝန်ကြီး ပူးဝမ္မသူးမောင်း၏ ၁၉၅၁- ခုနှစ်။ ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့ မှ (၂၂) ရက်နေ့အထိ ချင်းဝိဒေသတိုင်း၊ တောင်ပိုင်းခရိုင်၊ မင်းတပ်မြို့တွင် ကျင်းပသော ချင်းအမျိုး သား နေ့ အောင်ပွဲသဘင် အခမ်းအနားနှင့် ချင်းဝိသေသ တိုင်းလုံးဆိုင်ရာ ပတ်လည်ညီလာခံသဘင် အခမ်းအနား မြွက်ကြား ချက် – “ အခုလိုတောင်တန်းဒေသများ အပါအ၀င် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တ၀ှမ်းလုံး အချုပ်အခြာ အာ ဏာပိုင်တဲ့ လုံးဝလွတ်လပ်ရေးရတာနဲ့တစ်ပြိုင်နက် ရှေးယခင်က ချင်းတောင် တန်းမှာ ဗြိတိသျှ စီမံဖန်တီးပေး ထားတဲ့ခေတ် နောက်ပြန်အုပ်ချုပ်ရေးစနစ်အရ လက်တစ်ဆုပ်သာ ရှိတဲ့သူတို့ရဲ့ နယ်ချဲ့ လက်ပါးစေများ ဖြစ် ကြတဲ့တိုက်အုပ်များ ကမတရားသဖြင့် အခွင့်အရေးနှင့် အာဏာယူပြီး “သခင်အားရ ကျွန်ဒါဏ်ဝ” ဆိုသလို အမျိုးမျိုးအဖုံဖုံ လက်ဝါးကြီးအုပ် သွေးလည်း စုပ်သလို ဆင်းရဲသား လူတန်းစားများကို နလံမထနိုင်အောင် ဖိနှိပ်ချုပ်ချယ်မှုတွေကို အမြစ် ကနေပြီးတွန်း လှန်ဖြိုဖျက်ရန် ကိစ္စကို ချင်းရေးရာဌါနရဲ့ ပဌမဆုံးလုပ်ငန်းအနေနဲ့ လူထုတစ်ရပ် လုံးရဲ့ ဆန္ဒအရအပြင်းအထန် ဆောင်ရွက် ရပါတယ်။ ဗြိတိသျှခေတ်က ဘုရင်ခံ မင်းကြီးကစပြီး အဆင့် ဆင့်တိုက်သူကြီးများအထိ အာဏာဆင်းသက် လာတဲ့ အုပ်ချုပ်ရေးစနစ် ကို ပြောင်းပြန် ပြန်ပြီး လူထုမှ ပြည်ထောင်စုမြန်မာနိုင်ငံ တော်အစိုးရတိုင်အောင် အဆင့်ဆင့် အာဏာ တက်လာတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကို ထည့်သွင်းပြီးအစားထိုးဖို့လိုပါတယ်” “သံဃာအားဘုရားသော်မှမလွန်ဆန်နိုင် ”ဆိုတဲ့စကားပမာ ချင်းအမျိုးသားလူထုတစ်ရပ်လုံး က အော့နှ လုံးနာ…
ဇန္န၀ါရီ ၂၃ ဗုဒ္ဒဟူးနေ့ နံနက် ၁၀ နာရီခန့် က နောင်ချိုအခြေစိုက် အစိုးရစစ်တပ် အင်အား ၅၀၀ ခန့်သည် ချင်းလူမျိုး များနေထိုင်သည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါ အုပ် စု၊ မှော်ဖီ ရွာအား လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ် ခတ် သဖြင့် ရွာသား (၄) ဦးသေဆုံးပြီး အိမ်ငါးလုံး လက်နက်ကျည်ဆံထိ မီးလောင်သွားသည်ဟု သိရသည်။
ဇန္န၀ါရီလ ၂၉ ရက်နေ့က ချင်းပြည်နယ်ဝန်ကြီးချုပ် ပူး ဟုန်းငိုင်းနှင့် ၀န်ကြီးများ သည် ဒေသ ခံ ပြည်သူ လူထုထံ ရှေ့လုပ် ငန်းစဉ်များကို ရှင်းလင်းချပြကြသည်ဟု သိရသည်။ ဟားခါးမြိ့တော်ခန်းမတွင် ပြုလုပ်သော အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် များ ၊ မြို့မိမြို့ဖများ၊ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက် အဆင့် အုပ်ချုပ်ရေးမှူးများ စုံလင်စွာ တက်ရောက်ကြကြောင်း သိရသည်။ တနှစ်ခွဲတာ အုပ်ချုပ်ရေးကာလ သက်ဆိုင်ရာအလိုက် လုပ်ငန်းဆောင်ရွက်မှု၊ ရှေ့လုပ်ငန်း စဉ်တွေ ကို ၀န်ကြီးချုပ်နှင့် ၀န်ကြီးအသီးသီး က ရှင်းလင်းချပြကြောင်း ဒေသထုတ် သတင်းစာ တွင် ဖော်ပြ ထားသည်။ “ ၀န်ကြီးချုပ်က လာမည့် ဘတ်ဂျက်နှစ်မှာ ဟားခါးမြို့ပေါ် လျှပ်စစ်မီးအတွက် ကျပ်ငွေ သိန်း ပေါင်း ၁၉၇၊ ချင်းပြည်နယ် တခုလုံးအတွက် ကျပ်ငွေ သန်းပေါင်း ၃၈ ကို ဗဟိုသို့တောင်း ဆိုထား တယ် လို့ ပြောတယ်” ဟု တက်ရောက်သူတဦးက ပြောသည်။ ပြီးခဲ့တဲ့ ဇန္န၀ါရီ ဒုတိယပတ်က ဟားခါးမြို့ပေါ်ဒေသခံများ မြိ့ပေါ် လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒဖော် ထုတ်ခဲ့ကြသည်။ အဆိုပါ ရှင်းလင်းပွဲတွင် ချင်းပြည်နယ်တခုလုံးကျေးရွာ၊ ရပ်ကွက်အဆင့် ရွေးကောက်ပွဲ ၊ အာဏာ နှင့်လုပ်ပိုင်ခွင့်တွေကို ၀န်ကြီးချုပ်က ရှင်းလင်းခဲ့ သည်ဟု သိရသည်။ ချင်းပြည်နယ် ကျေးရွာ၊ ရပ်ကွက် အဆင့် ရွေးကောက်ပွဲကို အပြီးသတ်ကျင်းပပြုလုပ်ပြီးဖြစ်သော်…
မတူပီမြို့နယ် မားဒူ အလယ်တန်းကျောင်း အမျိုးသမီးအဆောင်မှူး ဒေါ်သင်းသင်းမာသည် အဆောင်နေ ကျောင်းသူများ အပေါ် မတရား ဆက်ဆံပြုမှုနေကြောင်း သိရသည်။ အဆောင်မှူးသည် ကျောင်းစည်းကမ်းသတ်မှတ်ချက်ကို ကျူးလွန်ပြီး အဆောင်ပရ၀ဏ် တွင် ဈေးရောင်းခြင်း၊ အရက်၊ လောင်စာ ဆီများ ရောင်းချခြင်းများပြုလုပ်သည့် အပြင် မိမိဆိုင်ခန်း တွင်သာ လျှပ်စစ်မီးထွန်းနေကြောင်း ပြောကြသည်။ “ အဆောင်မှာ မီးမဖွင့်တဲ့အတွက် ကျောင်းသူတွေနဲ့ ပြသနာဖြစ်ခဲ့တယ်၊ အဲဒါကို အဆောင် ကနေ နှင်ထုတ်လိုက်တယ်” ဟု ကျောင်း သားမိဘ တဦးက ပြောသည်။ ဖေဖေါ်ဝါရီလတွင် ချင်းပြည်နယ်တခုလုံး ကျောင်းတွင်းအတန်းတင် စာမေးပွဲများဖြေဆိုရတော့ မည်ဖြစ်သော်လည်း ဇန္န၀ါရီ ၉ ရက်နေ့ကတည်းက အနှင်ထုတ်ခံ ကျောင်းသူတွေဟာ ယနေ့ အထိ အဆောင်ပြန်ဝင်ခွင့် မရသေးကြောင်း ဆက်ဆို သည်။ ယင်းကိစ္စနှင့် ပါတ်သက်ပြီး မားဒူ ကျောင်းသားမိဘတွေက မြို့နယ်ပညာရေးမှူးထံ တိုင်ကြားသော် လည်း သက်ဆိုင်ရာက လစ်လှူရှု ထားရကြောင်းပြောသည်။ ကျတော်တို့ မြို့နယ်ပညာရေးမှူးထံ စာသွားတင်တော့ ခင်ဗျားတို့ ကျောင်းဆရာမကို လွန်ဆန် ယင် နောက်ထပ် ကျောင်း ဆရာ နစ်နာသွားမည်ဟု သာ တုံ့ပြန်ကြောင်း ဒေသခံ တဦးက ပြော သည်။ “ ပြသနာကို မားဒူ လယ်အုပ်ကနေ ညှိနှိုင်းဖို့ ခေါ်တော့ ဒေါ်သင်းသင်းမာက ကလန်ကဆန်လုပ်ပြီး ရုံးထဲ ကနေ ပြန်ထွက် သွားတယ် ” ဟု မိဘ တဦးက ပြောသည်။…
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ယခုနှစ်ဆန်းပိုင်းကစပြီး ၀ဥ နှင့် ဂမုန်းဈေး အဆမ တန်ကျဆင်း မှုကြောင့် ဒေသ ခံတောင်သူများ စားဝတ်နေရေးအတွက် ပိုမိုကျပ်တည်း ခက်ခဲလာကြ သည်ဟု သိရသည်။ ပလက်ဝမြို့ပေါ် နှင့် ကျေးလက်ဒေသတွင် နေထိုင်ကြသော ဒေသခံများသည် ၀ဥ နှင့် ဂမုန်း စိုက် ပျိုးရေးလုပ်ငန်းကို အသက်မွေး ၀မ်းကျောင်းအတွက် အဓိက မှီခို အားထားနေရကြသည်။ သို့သော် ယခုနှစ်ဆန်းပိုင်းကစပြီး ယခင်က ၀ဥအခြောက် ၁ပိသာ ကျပ်ငွေ ၄၅၀၀ ခန့်ရှိရာကနေ လက်ရှိ ကျပ် ၂၅၀၀ ၊ ဂမုန်း ၁ ပိသာ ကျပ်ငွေ ၃၀၀၀ ကနေ ၁၀၀၀ ခန့်အထိ ကျဆင်းသွားခဲ့သည်ဟု ပလက်ဝမြို့နယ်မှ ၀ဥ တောင်သူတဦး ကပြောသည်။ “ အရင် ဈေးကောင်းတုန်းကတော့ ကျနော်တို့ ၀ဥ နဲ့ ဂမုန်း ရောင်းရတဲ့ဝင်ငွေနဲ့ မိသားစု စား ၀တ်နေရေး အတွက် သိပ် မပူရဘူး ၊ ဒါပေမယ့် ခုတော့ ဈေးကအဆမတန်ကျဆင်းနေတော့ စားဖို့သောက်ဖို့ နဲ့ ကလေးတွေကျောင်းစရိတ်တွေနဲ့ ဆိုတော့ အရင်တုန်းကလို မဟုတ်တော့ဘူး အတော်လေးကို ဒုက္ခရောက်ကုန်ကြတယ်’’ ဟု အဆိုပါဝဥတောင်သူက ပြောသည်။ ဒေသခံများသည် မိမိတို့တောင်ယာတွင် စိုက်ထားသော ၀ဥများကို မြေကြီးထဲမှာ ပြန်လည်တူးဖော် အခြောက်လှမ်းပြီး နောက် ပလက်ဝမြို့ပေါ်ရှိ ကုန်သည်များထံ သွားရောက်ရောင်းလေ့ရှိသည်။ ယခုကဲ့သို့ ၀ဥ နှင့် ဂမုန်းဈေး…
CNF အဓိပတိကောင်စီဝင် ဒေါက်တာလျန်မှုန်းဆာခေါင်းသည် ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်မြို့ များတွင် ဒီမိုကရေစီ အခြေခံမူ သင်တန်းပို့ချခဲ့ကြောင်း သိရသည်။ ဇန္န၀ါရီ ၁၈ – ၁၉ တွင် ထန်တလန်မြို့၌၄င်း၊ ၂၁- ၂၂ ရက်နေ့တွင် ဟားခါးမြို့၌၄င်း၊ ၂၄ ရက်နေ့တွင် ဖလမ်းမြို့၌၄င်း၊ ၂၈ – ၂၉ ရက်နေ့တွင် တီးတိန်မြို့ ၌၄င်း သင်တန်း ကို ပြုလုပ်ကြခြင်းဖြစ် သည်။ “ သင်တန်းတိုင်းမှာ ၇၀ နဲ့၁၀၀ ၀န်းကျင်တက်ရောက်ကြပါတယ်၊ ဟားခါးမြို့မှာက ဆရာဖြစ်သင်တန်း ပုံစံမျိုးနဲ့ လုပ်ခဲ့ တယ်၊ တက်တက်ကြွကြွပါပဲ” ဟု CNF ထန်တလန်ဆက်ဆံရေးရုံး လက်ထောက် တာဝန်ခံ က ပြောသည်။ ဒေါက်တာလျန်မှုန်းဆာခေါင်းသည် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာ နောက်ဆုံးပတ်တွင် ဟားခါးမြို့၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ၊ ဖက်ဒရေ ဆိုင်ရာ သင်တန်းကို တကြိမ်ပို့ချခဲ့ပြီးဖြစ်သည်။ “ ဒီမိုကရေစီ အစိုးရပြောင်းလဲလာပေမဲ့ ကျတော်တို့ ချင်းပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီမျိုး မဖြစ်သေးဘူးဆိုတာ နား လည်လာတယ်၊ ဒီလို သင်တန်း မျိုးက အင်မတန်မှ တန်ဖိုးရှိတယ်” ဖလမ်းမြို့မှ သင်တန်းတက်ရောက်သူတဦးက ပြော သည်။ ချင်းပြည်နယ်တောင်ပိုင်းဖက်ကိုလည်း လာလုပ်ပေးသင့်ကြောင်း၊ အခုလိုသင်တန်းတွေမကဘူး၊ အဖက်ဖက်မှာ ကျတော် တို့ ဖက်က ဒုတိယနေ ရာ ဖြစ်နေ တာကိုတော့ စိတ်မကောင်းကြောင်း မင်းတပ်မြို့မှ ဒေသခံ…
