Author: Editor

(ခွါနင်း လေသောင်) ၂၀ ရာစုကာလက ကမ္ဘာ့နိုင်ငံ အသီး သီးပေါ်ပေါက်နေချိန်မှာ ကျနော်တို့ ချင်းအမျိုးသားများ (၀ါ) ဇိုအမျိုး သားများဟာနိုင်ငံ တစ်ခုအနေနဲ့ ရပ်တည်မလာတော့ပဲ အိန္ဒိယ၊ မြန် မာနှင့် ဘင်္ဂလားဒေရှ့်  သုံးနိုင်ငံမှာ အပိုင်းလိုက် ကျရောက် သွားခဲ့ ပါတယ်။ ချင်းအမျိုးသားတို့ဟာ ဗမာပြည် လွတ်လပ်ရေး လှုပ်ရှားမှုနဲ့ ဆက်စပ် လာပြီး ပင်လုံစာချုပ်အရ မြန်မာနိုင်ငံထဲသို့၎င်း၊ မီိဇိုရမ်ခေါ် လူရှိုင်းတောင်တန်းဟာ အိန္ဒိယထဲသို့ ၄င်း၊  စစ်တကောင်း တောင်တန်း ဒေသကတော့ အရှေ့ပါကစ္စတန်ခေါ် ဘင်္ဂလားနိုင်ငံထဲသို့၎င်း သွတ်သွင်း ခံရပါတယ်။ ဒီသုံးခုအနက် မီဇိုရမ်က ဘာကြောင့် အိန္ဒိယထဲ ပါဝင်သွားသလဲ ဆိုတာကို ဒီ ဆောင်းပါးမှာ တင်ပြလိုပါတယ်။ ဒုတိယ ကမ္ဘာစစ်ကာလက ဖက်ဆစ်ဂျပန်ဟာ ၀င်ရိုးစွန်း နိုင်ငံများဖက်ပါသွားတဲ့အခါ မဟာမိတ် အဖွဲ့ဖြစ်ကြ တဲ့ ယူကေနှင့် ယူအက်စ်အဖွဲ့တို့ဟာ အတ္တလန်တစ် သဘောတူညီချက်အရ မဟာမိတ်တိုးပွါးစေရန် ဆိုပြီး လူရှိုင်းတောင်တန်း ကြီးကြပ်ရေးမှူး တာဝန်ယူထားတဲ့ မေဂျာ မက်ကောလ် သည် ဒေသခံ သူကြီးနှင့် လူကြီး ၃၀၀ ကို ၁၉၄၂ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ခေါ်ယူ ရှင်းလင်းမှုပြုလုပ်ခဲ့သည်။ (၃) ရက်နေ့မှာ ဗြိတိသျှ အလံကိုကိုင်ပြီး မဟာမိတ်တပ်တို့နှင့် အတူ ဖက်ဆစ်နှင့် ၀င်ရိုးစွန်းတပ် များကို တိုက်ခိုက်ဖို့ ကတိပြုလာကြပါတယ်။ အပြန်အလှန်အားဖြင့် သူတို့ ဆန္ဒအတိုင်း မဟာ မိတ် အစိုးရတွေက…

Read More

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအစိုးရမှ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ကုလားတန် ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်း၏ အိန္ဒိယ ဘက်ခြမ်း ကားလမ်း တူးဖော်ရေးလုပ်ငန်းကို မီဇိုရမ်ပြည်နယ်မှ ဒေသ ခံလယ် ယာမြေပိုင် ရှင်များက နစ်နာကြေး မရသော ကြောင့်ဟု ဆိုကာ ယခု လ ၂၁ ရက်နေ့ ကစပြီး အဆိုပါကားလမ်းတူးဖော်မှုကို ရပ်တန့်ခိုင်း လိုက် သည်ဟုသိရ သည်။ မီဇိုရမ်ပြည်နယ် Public Work Department (PWD) လက်အောက် တွင် အကောင် ထည်ဖော်နေသော မီဇိုရမ် ပြည် နယ် တောင်ပိုင်း Lawngtlai  နှင့် Zochhachhuak ရွာအထိ ကားလမ်းတူးဖော်ရာတွင် ဆုံးရှူံးသွားသော ဒေသခံပိုင် လယ် ယာ မြေအတွက် နစ်နာကြေး မရရှိသောကြောင့် Lawngtlai to Indo-Myanmar Border Road Land Owners Asso ciation ဟုခေါ်သော အိန္ဒိယ-မြန်မာနယ်စပ် လယ်ယာမြေ ပိုင်ရှင်များအဖွဲ့က ယခုကဲ့သို့ ကားလမ်းတူးဖော်မှုကို ရပ်ဆိုင်းခိုင်း လိုက်ခြင်းဖြစ်ကြောင်း လယ်ယာမြေ ပိုင်ရှင်များအဖွဲ့ဥက္ကဌက ပြောသည်။ “ အဲဒီကားလမ်းဖောက်လုပ်တဲ့နေရာမှာ ပါသွားတဲ့ ကျနော်တို့ရဲ့ လယ်ယာမြေတွေအတွက် နစ်နာကြေး ပေးဖို့ မနှစ် အောက်တိုဘာလကတည်းက အစိုးရကို ကျနော်တို့တင်ပြပြီးသားဖြစ် တယ်၊ ဒါပေမယ့် ခုချိန်ထိ အစိုးရက နစ်နာကြေး မပေးသေးတာကြောင့် ကျနော်တို့ လယ်ယာမြေ ပိုင်ရှင်များ အဖွဲ့အနေနဲ့ လောင်တလိုင်အုပ်ချူပ်ရေးမှူး(DC) ထံကို Stay…

Read More

ချင်းအမျိုးသားတပ်ဦး၏ အဓိပတိကောင်စီဝင် Pu Thang Ning Kee သည် ဒေသစည်းရုံးရေး တာဝန်ခံ Salai AungLing Thang နှင့်အတူ ၄င်း၏ မွေးဇာတိ ချင်းပြည်နယ် မင်းတပ်မြို့ နယ် Zophaung, Hla Tui ရွာမှ ဒေသခံများနှင့် ၂၄ ဇန္န၀ါရီ ၂၀၁၃ ခုနှစ်က တွေ့ဆုံခဲ့သည်ဟု သိရသည်။ Pu Thang Ning Kee သည် ၂၀၁၂ ဒီဇင်ဘာ ၇-၉ အကြား ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်း ချမ်းရေးဆွေးနွေးပွဲအပြီး လက်ရှိ အခြေစိုက် ကနေဒါ နိုင်ငံ အပြန်ခရီးတွင် ယခုကဲ့သို့ ဒေသခံ များ နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ “ တွေ့ဆုံပွဲမှာ ပူး ထန်းနိန်းကီး က ၂၇ ချက်ပါ ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေကို ရှင်းလင်းပြီး ကျတော်က ချင်းအမျိုးသား သမိုင်းနဲ့ CNF ပေါ်ပေါက်လာပုံတွေကို ရှင်းလင်းပါ တယ်”  ဟု ဆလိုင်းအောင်လိန်းထန်းက ပြောသည်။ ဒေသခံပြည်သူလူထုက ဒေသခံ ခရစ်ယန်အသင်းတော်က ချင်းရိုးရာ ၀က်တကောင်ဖြင့် ကြိုဆို ဧည့်ခံမှုပြုကြကြောင်း ကျေးရွာနှစ်ရွာ ပူးပေါင်းပြီး ၄င်းတို့ လာမည့် ကားလမ်းကို ပြပြင်ခြင်းပေါင်း ရှင်းခြင်းများပြုလုပ်ပေးကြကြောင်းထပ်မံ ဆို သည်။

Read More

ယခုလ ဇန္န၀ါရီလ တတိယပတ်အတွင်း ချင်းပြည်နယ် ၀န်ကြီးချုပ် ပူး ဟုန်းငိုင်း နှင့် သက်ဆိုင် ရာ ပြည်နယ် ၀န်ကြီး များ သည် ထန်တလန်၊ ဟားခါး၊ ဖလမ်းမြို့များသို့ သွားရောက် ပြီး ဒေသ အတွင်း ဆင်းရဲမွဲတေမှုလျှော့ချရေး လုပ်ငန်းအ ကောင် အထည်ဖော်နေ ပြီဟု သိရသည်။ ဇန္န၀ါရီလ ၂၃ ရက်နေ့က ၀န်ကြီးချုပ်၊ နယ်စပ်ဒေသရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ ဘဏ္ဍာရေး ၀န်ကြီး နန်ဇမုန်၊ စိုက်ပျိုးရေးဝန်ကြီး ပူး ဗန်ထောင်း၊ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စား လှယ်များ၊ အစိုးရ ဌာနဆိုင်ရာအရာရှိများ၊ ကျေးရွာ အုပ်စု ဥက္ကဌတို့သည် ထန်တလန် မြို့၊ မြို့နယ်အုပ်ချုပ်ရေးရုံးတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ၀န်ကြီးချုပ်က ထန်တလန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လယ်ထွန်စက် (၆) လုံးကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ တရားဝင်လွှဲအပ်လိုက်ကြောင်း လယ်ထွန် စက်အမျိုးအစားကိုတော့ မသိကြောင်း ပြောသည်။ “ဂျပန် JICA က ချင်းပြည်နယ် စိုက်ပျိုးမွေးမြူရေးအတွက် ကျပ်သန်းပေါင်း ၉၉၀၀ ထောက်ပံ့ခဲ့ တယ်လို့ကြားရပါတယ်၊ ဒါပေမဲ့ အခုပံ့ပိုးပစ္စည်းတွေက ဘယ် ဘတ်ဂျက် ခေါင်းစဉ်ထဲ က လည်း ဆိုတာ အသေးစိပ်တော့ မသိရပါ” ဟု ဒေသခံ တဦးက ပြောသည်။ ထန်တလန်မြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ပူး လာလ်မောင်း ကျုံး နှင့် ပူး ရိုဘင်တို့မှလည်း…

Read More

မပြောမဖြစ်လို့ ပြောရတာပါ၊ ဘယ်သူ့အပေါ်မှာမှ အမုန်းမပွားလိုပါ၊ ကိုယ့် ပညာရေး ၀န်ထမ်းအကြား ကြီးနိုင်ငယ် ညှဉ်း ပြုမူဆက်ဆံနေတာ မခံမ ရပ်နိုင်လွန်းလို့ပါ။ ၁။ ရုံးစာရေး(၁) ဒေါ်အေးရွှေဟာ ၀န်ထမ်းတချို့ရဲ့ လစာကို ပုံမှန်ထုတ်ပေးခြင်းမပြုပဲ အဆိုပါငွေကို ဘဏ်သို့ မသွင်းသည့် အပြင် ရုံး ၀န်ထမ်းအတွင်း  နီးစပ်သူများအား  ထုတ်ချေးခြင်း၊ လစာဘီလ် နှစ်မျိုးထားရှိခြင်းများ ပြုလုပ်နေသည်။ ၂။  မြို့နယ် ပညာရေးမှူးရုံးမှ တွဲဖက် စာရေးတာဝန်ထမ်းဆောင်နေသူ ဦးလွှချိုင်သည် ကျောင်းဆရာလုပ်သက် နှစ်နှစ် ရှိသူ၏ ဘီအီးဒီ ၀င်လျှောက် ခွင့်ပြုပြီး လုပ်သက် လေးနှစ်ခွဲရှိပြီးသူ၏ လျှောက်လွှာကို ပစ်ပယ်ထားသည်။ ၃။ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဟာရှိန်းကီးသည် နယ်သို့ ကျောင်းများ စစ်ဆေးရာတွင် တချို့ကျောင်းတွေ ကို မစစ်ဆေးပဲ မူလ တန်းကျောင်း ဆရာထံမှ ကျပ်ငွေ တသိန်းလက်ခံရယူခဲ့ကြောင်း ထို့အပြင် မူလတန်းကျောင်းတိုင်း ၄င်း၏ တံဆိပ်တုံးကိုထားရှိပြီး အလုပ်ဖြစ် ရုံသက်သက် လုပ်ဆောင် လျက်ရှိသည်။ တချို့ကျေးရွာများတွင်မူ ကျောင်းတွင် အိပ်ပြီး မိဘပြည်သူများ အလုပ်ရှုပ်အောင်လုပ်ခဲ့သည်။ ၄။ ဇိုတုန်နယ်မူလတန်းကျောင်းတကျောင်းမှ ကျောင်အုပ်ကြီး ဦး ဒေါ်အုပ်သည် ၂၀၁၂ ခုနှစ်အတွင်း ၃ လ တိတိ ကျောင်းတက် ပျက်ကွက်ခဲ့ခြင်းအတွက် ၄င်း၏ တလစာ ကျပ်ငွေ ၁၄၀၀၀၀ ထဲက ကျပ်ငွေ ၄၀၀၀၀၀ အား လက်ထောက် မြိ့နယ်ပညာရေးမှူးထံ လဒ်ထိုးခဲ့သည်။ ၅။ ထို့အပြင် မြို့နယ်ပညာရေးမှူး၊ ရုံးဝန်ထမ်းများသည် ချင်းပြည်နယ်…

Read More

မင်္ဂလာပါ၊ အားလုံးကို လေးစားပါတယ်၊ ကျတော်တို့ ချင်းအမျိုး သားတပ်ဦးအနေနဲ့ ခုလို ချင်းစာပေနဲ့ ယာဉ်ကျေး မှု ကောင်မီတီ (ခစယ) ကျောင်းသာ ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံရ တာ ဂုဏ်ယူ တယ်၊ ၀မ်းလည်း ၀မ်းသာ တယ်။ ကျတော်တို့ ကိုယ် တိုင်ကလည်း ကျောင်းသားဟောင်းတွေဖြစ်ပါတယ်၊ ကျတော်တို့ရဲ့ အတွေ့အကြုံအရ ပြောရမယ် ဆို လို့  ရှိ ယင်တော့ ကျောင်းသား ဘ၀ဟာ အရိုးသားဆုံးဘ၀ပါ၊ အသက်ကလည်း ငယ်သေးတယ်၊ ရည်ရွယ်ချက်တွေ အပြည့် အ၀ရှိတဲ့ အချိန်မှာ ကိုယ့်လူမျိုးကိုယ့်နိုင်ငံအတွက် ဘာဖြစ်ချင်တယ်၊ ညာဖြစ်ချင် တယ် ဆိုပြီး အတ္တကြီးနေတဲ့အ ချိန်ပါ၊ ဒီချိန်မှာ အချိန်လည်း အများဆုံးပေးရတယ်၊ ဒီတော့ ဒီအသက်အ ရွယ်မှာ ရှေ့ဆက်အနာဂါတ်အတွက် ဘာလုပ် မယ်ဆို တာ ပုံဖော်သွားကြပါ၊ ဒီအရွယ်မှာမှ မလုပ် ယင် နောင်အနာဂါတ် ချင်းအရေးဟာ မှေးမှိန်သွားမှာဖြစ်ပါတယ်၊ ဒီအ ရွယ်မှာ လုပ်ယင် လုပ်သလို ပဲ အနာဂါတ်ချင်းအရေးဟာ လှပသွား မှာဖြစ် တယ်၊ ကျောင်းသား ဘ၀မှာ ဘာပဲလုပ်လုပ် တယောက် ထဲ တဖွဲ့ထဲ လုပ်သွား လို့မရဘူး၊ လက်ဆင့်ကမ်းသွားရမှာဖြစ်တယ်၊ ကျတော်တို့ခေတ်တုန်းက အတွေ့အကြုံကို ပြောချင်တယ်၊ အဲဒီတုန်းက ပူးလျန်အုပ်၊ အခု သူ ဒီမှာ မလာဘူး၊ အဲဒီအချိန် ကာလတုန်းက ဗိုလ်ချုပ်နေ၀င်း က နေမှ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့…

Read More

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် အစိုးရတပ် မတော် တို့အကြား ဆက်လက်ဖြစ် ပွားနေသော တိုက်ပွဲများကို အမြန်ဆုံး ရပ်ပြီး နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် အိန္ဒိယ နှင့် မလေးရှားနိုင်ငံအခြေစိုက်ချင်းကျောင်းသား သမဂ္ဂအဖွဲ့ က တောင်း ဆိုလိုက်သည်။ အိန္ဒိယ နှင့် မလေးရှားနိုင်ငံအခြေစိုက် ချင်းကျောင်းသားများအဖွဲ့က ကချင်တိုက်ပွဲအရေး နှင့်ပတ် သက်ပြီး ယခုလ ၁၉ ရက်နေ့က အချက် ၅ ချက်ပါသော တောင်းဆိုချက်တရပ်ကို ထုတ်ပြန် လိုက် ကြခြင်းဖြစ်သည်။ အစိုးရ နှင့် KIA အကြား ဖြစ်ပွားလျက်ရှိသော အပြင်းအထန် တိုက်ခိုက်မှုများကို လွတ်လပ်ပြီး ဘက်လိုက်မှုမရှိသော စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး လေ့လာသုံးသပ်ရန် နှင့် တပ်မတော် ဘက်မှ လက်နက်ကြီးများအသုံးပြုကာ KIA အပေါ် တိုက်ခိုက်နေခြင်းကြောင့် ဒေသ ခံပြည်သူ များအား အိုးမဲ့၊ အိမ်မဲ့ အဖြစ် မွေးထုတ်ပေးနေသည် သာမက နေ့စဉ် နေ့တိုင်း ကြောက်ရွံ့မှု များနှင့် ရင်ဆိုင်နေကြသည်ကို စာနာသနားပြီး အမြန်ဆုံးတပ်မတော်မှထိုးစစ်များရပ်တန့်ပေးရန် ချင်းကျောင်း သားများအဖွဲ့၏ ပူးပေါင်းကျေညာချက်တွင်ဖော်ပြထားသည်။ ပြီးခဲ့သော ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက စပြီး တပ်မတော်က လက်နက်ကြီးများ နှင့် လေကြောင်း မှတဆင့် KIA အပေါ် အပြင်းအထန် ထိုးစစ်ဆင်ခဲ့သောကြောင့် သောင်းနှင့်ချည်သော ဒုက္ခသည် များဖြစ်ပေါ်လာပြီး၊ လူ့အခွင့်အရေးချိုး ဖောက်မှုများ လည်း ၎င်းဒေသတွင် ပိုမိုဆိုးရွားလာခဲ့သည် ဟုချင်းကျောင်းသားများဆိုသည်။

Read More

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် အစိုးရတပ်မတော်တို့အကြား ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကို အမြန်ဆုံးရပ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် အိန္ဒိယ နှင့်မလေးရှားနိုင်ငံအခြေစိုက်ချင်းကျောင်းသား သမဂ္ဂအဖွဲ့က တောင်းဆိုလိုက်သည်။

Read More

၂၀၁၂-၁၃ ပညာသင်နှစ်၊ ဒုတိယအကြိမ် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲတွင် ပထမ အဆင့် ရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးဘော်လုံးအသင်းတွင် ချင်းကျောင်းသား နှစ်ဦးပါဝင်သည်ဟု သိရသည်။

Read More

ချင်းပြည်နယ် ထန်တလန်မြို့ပေါ် လူထုခေါင်းဆောင် ၄၅ ဦးက မြို့ပေါ်တွင် တရားမ၀င် အရက်ခိုးရောင်းနေ သူများအား တရားစွဲဆိုရေး မြို့နယ်ထွေအုပ်ထံ ယခုလ၁၇ ရက်နေ့က တင်ပြကြသည်ဟု ဒေသထုတ် ဟားခါးပို့စ်တွင်ဖော်ပြထား သည်။

Read More