(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇောင်ကောင်ရွာတွင် ယာယီတပ်စွဲထားသော ချင်းတော်လှန်ရေးတပ်ဖွဲ့သည် ဖလမ်းသို့ စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်၏ စီးနင်းတိုက်ခိုက်ခံရမှုကြောင့် ချင်းတော်လှန်ရေး ရဲဘော် ၄ ဦး ကျဆုံးရသည်ဟု သိရသည်။ နိုဝင်ဘာလ ၂၆ ရက် မနက် ၃ နာရီခန့်တွင် သိုင်းငင်းရွာမှ ဆုတ်ခွာထားရသော CDF – CDM Siyin တပ်ဖွဲ့သည် ဇောင်ကောင်ရွာဝန်းကျင်တွင် နေရာယူထားစဉ် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် ဝိုင်းပြီး စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု CDF – CDM Siyin တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဒီကီက ပြောသည်။ “၂၆ ရက်နေ့ နံနက် ၃ နာရီလောက်မှာ အလုံးခံရတဲ့ တိုက်ပွဲမှာပါ။ သူတို့က အင်အားအလုံးအရင်းနဲ့ ဇောင်ကောင်ကို ဝိုင်းလာပြီး ပစ်ကြတာပါ။ အဲဒီနေရာမှာ ကျနော်တို့ ရဲဘော် ၄ ယောက်က ပါသွားပါတယ်။ တီးတိန်ကနေ ထွက်လာတဲ့ စစ်ကြောင်းက သိုင်းငင်း ရောက်တဲ့အခါမှာ ကလေးကနေ တက်လာတဲ့ မွာလ်ပီးမှာ သောင်တင်နေတဲ့ စစ်ကြောင်းက သိုင်းငင်းကို ပေါင်းလာပြီးတော့မှ အဲဒီကနေ ဖလမ်းဘက်ကို တဖြည်းဖြည်းချင်းနဲ့ စစ်ကြောင်းထိုးလာတာပါ။ ကျနော်တို့က လောလောဆယ် ယာယီသိုင်းငင်းကနေ ဆုတ်ရတဲ့အချိန်မှာ ကျနော်တို့က ဇောင်ကောင်ရွာဝန်းကျင်မှာ ခဏ နေရာယူတာပေါ့နော်”ဟု ဆလိုင်း ဒီကီက ပြောသည်။ ကျဆုံး ရဲဘော်များ၏ အလောင်းကို ပြန်လည် ရယူနိုင်ခြင်း မရှိသေးကြောင်း၊ ယနေ့ နိုဝင်ဘာလ ၂၈ ရက်တွင် တိုက်ပွဲများ…
Author: Editor
(004SS) မလေးရှားတွင် ဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဥ် (DPP) ကို လာမည့်နှစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှစတင်၍ အကောင်အထည်ဖော်မည်ဟု ဒုပြည်ထဲရေးဝန်ကြီး Shamsul Anuar Nasarah က ကြေညာခဲ့ကြောင်း Alliance of Chin Refugees ၏ဖော်ပြချက်အရ သိရသည်။ ဤအစီအစဥ်သည် နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန်၊ ဒေတာကွာဟချက်များကို ဖြေရှင်းရန်နှင့် လက်ရှိ UNHCR ၏ ဒုက္ခသည်များ မှတ်ပုံတင်ခြင်းစနစ်ကို အစားထိုးရန် ရည်ရွယ်ပြီး နိုင်ငံတော်လုံခြုံရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက် မည်ဟု ဒုဝန်ကြီးက ရှင်းပြခဲ့ကြောင်း သိရသည်။ DPP အစီအစဥ်အရ ဒုက္ခသည်များ၏ အချက်အလက်များနှင့် လက်ဗွေစသည့် ဇီဝမှတ်တမ်းများ ကို စနစ်တကျ မှတ်တမ်းတင်သိမ်းဆည်းသွားမည့်အပြင် အစိုးရမှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုသူများကို တရားဝင်အထောက် အထားစာရွက်စာတမ်းများ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဒုဝန်ကြီး Shamsul Anuar Nasarah က အစိုးရပါဝင်မှုမရှိဘဲ UNHCR မှ မိမိဘာသာ ဒုက္ခသည်များမှတ်ပုံတင်ခြင်း သည် နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေသည် ဟု ထောက်ပြခဲ့ပြီး DPP အစီအစဥ်သည် အစိုးရအနေဖြင့် ဒုက္ခသည်များကို ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်ရန်အတွက် ရှင်းလင်းတိကျသော အချက်အလက်များနှင့် ဇီဝမှတ်တမ်း များကို ရရှိစေမည်ဟုလည်း အလေးပေးပြောကြားခဲ့ကြောင်း ACR က ဖော်ပြထားသည်။ DPP အောက်ရှိ ဒုက္ခသည်များ၏ အချက်အလက်များကို ၎င်းတို့ တတိယနိုင်ငံသို့ ပြောင်းရွှေ့သည့်အချိန်၊ နေရပ်ပြန် သည့်အချိန် သို့မဟုတ် အစိုးရမှ…
(006SV) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး တာဝန်ယူထားသူ ဒေါက်တာ ဆာဆာသည် အစိုးရအဖွဲ့မှ နုတ်ထွက်ရန် တင်ပြထားကြောင်း NUG အစိုးရအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “ဒေါက်တာ ဆာဆာအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ဌာန ပြည်ထောင်စု ဝန်ကြီးတာဝန်ကနေ နှုတ်ထွက်ဖို့ တင်ပြထားတာ ရှိပါတယ်။ ဒီနှုတ်ထွက်မှုကို NUG ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတာဖြစ်တယ်။ အဲတော့ NUG ပြုပြင်ပြောင်းလဲရေးကတော့ on the process ပေါ့နော်၊ လုပ်ငန်းစဉ်ထဲ လုပ်ကိုင်ဆောင်ရွက်နေတုန်းပဲ ရှိတဲ့အတွက်ကြောင့် ဒီလုပ်ငန်းစဉ် ပြီးဆုံးတဲ့ အချိန်ကြရင်တော့ သက်ဆိုင်ရာ အစုအဖွဲ့ကနေ အများပြည်သူ သိအောင် ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြောသည်။ NUG အစိုးရက ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသော အစိုးရသစ်အဖွဲ့တွင် ဒေါက်တာ ဆာဆာသည် ပါဝင်တော့မည် မဟုတ်ကြောင်း သိရသည်။ NUG အစိုးရအဖွဲ့ထံသို့ နုတ်ထွက်စာကို စက်တင်ဘာလကတည်းက ဒေါက်တာဆာဆာက တင်ထားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ခေါ်နုမ်းသုန်အနေဖြင့် သီးခြားအတည်ပြုချက် မရသေးပါ။ NUG အစိုးရအဖွဲ့ကို ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန ၁၇ ခု ဖွဲ့စည်းထားပြီး ဝန်ကြီး ၁၆ ဦးနှင့် ဒုဝန်ကြီး ၁၇ ဦးတို့ဖြင့် လည်ပတ်ဆောင်ရွက်နေရာ နွေဦးတော်လှန်ရေး ၅ နှစ် ရှိလာချိန်တွင် NUG အစိုးရအဖွဲ့ကို ကျစ်လစ်စွာ ပြန်လည်…
(004SS) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သည် နိုင်ငံတစ်ဝှမ်းရှိ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအား နှစ်ပါတ်ကြာ ရလဒ်များ စောင့်ကြည့်လေ့လာရေး (Results Monitoring Survey – RMS) RMS စစ်တမ်းကောက်ယူမည်ဟု နိုဝင်ဘာလ ၂၄ ရက်နေ့က ကြေညာသည်။ RMS စစ်တမ်းကောက်ယူခြင်းလုပ်ငန်းစဉ်ကို UNHCR ၏ မိတ်ဖက်ဖြစ်သည့် SATTVA Consulting က အဓိကတာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ဖြန်မှစ၍ ၂ ပါတ်ကြာ ကောက်ယူသွားမည် ဖြစ်သည်။ UNHCR ၏ လုပ်ငန်းစဉ် အားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် RMS စစ်တမ်းကို ကောက်ယူခြင်းဟု သိရပြီး ၎င်းတို့ပေးအပ်ခဲ့သော အကူအညီ/ ဝန်ဆောင်မှုများအပေါ် အိန္ဒိယနိုင်ငံတစ်ဝန်းရှိဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်း ခံသူများ၏ တုန့်ပြန်မှု (feedback) များကို တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ မေးမြန်းသွာ မည်ဟု ကြေညာထားသည်။ UNHCR ဘက်မှ စစ်တမ်းတွင် ပါဝင်ဖြေကြားရန်အတွက် နိုင်ငံတစ်ဝှမ်းရှိ ဒုက္ခသည်များကို ကျပန်းရွေးချယ်သွားမည်ဟု သိရသည်။ ထို့အပြင် ဒုက္ခသည်များအနေဖြင့် စစ်တမ်းတွင် ပါဝင်ရန် ငြင်းပယ်ပိုင်ခွင့် အပြည့်အဝရှိသလို ဖြေဆိုသူများ၏ လျှို့ဝှက်ချက်များကိုလည်း အပြည့်အဝထိန်းသိမ်းရန် အာမခံပေးထားကြောင်း အလေးပေးဖော်ပြထားသည်။ UNHCR နှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများမှ ပေးအပ်သော ဝန်ဆောင်မှုအားလုံးသည် အခမဲ့ ဖြစ်ပြီး မလျော်ကန်သော အပြုအမူများ (ငွေကြေးတောင်းခံခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ) ကြုံတွေ့ရပါက…
(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ စီးယင်းဒေသ၊ သိုင်းငင်းရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကော်မရှင် တပ်ဖွဲ့သည် သိုင်းငင်းမှ ဖလမ်းမြို့ဘက်ကို ဦးတည်စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်ဟု CDF – CDM Syin ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ နိုဝင်ဘာလ ၂၃ ရက်က သိုင်းငင်းအနီး တဝိုက်ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ပြီး နိုဝင်ဘာလ ၂၄ ရက်တွင် ဖလမ်းမြို့ဘက်ကို ဦးတည်၍ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု သိရသည်။ “သိုင်းငင်းအနီးမှာက တိုက်ပွဲက နေ့တိုင်းဖြစ်နေတာပါ၊၊ သိုင်းငင်းကနေ ဖလမ်းသွားတဲ့ဘက်ကိုပဲ စစ်ကြောင်း ထိုးလာတာ ဖြစ် တယ်။ အခုက ကလေးမြို့ကနေလည်း လက်နက်ကြီးနဲ့ ထုပြီး ပစ်ကူပေးတယ်။ သူတို့က သိုင်းငင်းကနေ တစ်ဖြည်းဖြည်းနဲ့ ဖလမ်းဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတာ ကျနော်တို့က မိုင်းဆွဲတာ၊ ကြားဖျက် တိုက်ခိုက်တာတွေ လုပ်တာပါ” ဟု CDF – CDM Syin ပြောရေးဆိုခွင့်ရှိသူက ဆလိုင်း ဒီကီက ပြောသည်။ ဖလမ်းမြို့ဘက်ကို ဦးတည်လာနေသော စစ်ကော်မရှင်စစ်ကြောင်းကို ချင်းလဲန်းအစိုးရတပ်ဖွဲ့နှင့် မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်း ခုခံတိုက်ခိုက်နေရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်ဟု သိရသည်။ တီးတိန်မြို့မှ သိုင်းငင်းသို့ အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုလာသော စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားပြီးနောက် အထိအခိုက်အကျအဆုံးများစွာဖြင့် စစ်ကော်မရှင်တပ်သည် နိုဝင်ဘာလ ၉ ရက်တွင် သိုင်းငင်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။…
(004SS) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိနေကြသော မြန်မာဒုက္ခသည်များသည် တတိယနိုင်ငံသို့ ထွက်ခွါခွင့် ဗီဇာရရှိပြီးနောက် Exit Permit အတွက် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန (Home Affairs) မှ လူတစ်ဦးလျှင် အိန္ဒိယရူပီး (၅) သိန်း တောင်းခံခြင်းကြောင့် ကြီးမားသော စိန်ခေါ်မှုနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရင်မဟာမင်းကြီးရုံး(UNHCR) ကတဆင့် တတိယနိုင်ငံ ထွက်ခွါခွင့်ဗီဇာရပြီးသား အသက် ၁၈ နှစ်နဲ့ အထက်လူတစ်ဦးမှာ ရူပီးငွေ ၅ သိန်းနှင့် အသက် ၁၈ နှစ်အောက်လူတစ်ဦးမှာ ရူပီးငွေ ၃ သိန်းအထိပေးဆောင် ရန် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက တောင်းခံနေခြင်းဖြစ်သည်။ ယခင်က ဒုက္ခသည်များသည် သတ်မှတ်ကာလထက် ကျော်လွန်နေထိုင်မှု (Overstay) အတွက်သာ ဒဏ်ကြေးပေး ဆောင်ရသော်လည်း ယခုအခါတွင် “Illegal Boarding Pass”လျော်ကြေးအဖြစ် တစ်ဦးလျှင် ရူပီး တစ်သိန်းမှ ၁၀ သိန်း အထိ တောင်းခံနိုင်သည့် ယခင်ရှိနှင့်ပြီးသား ဥပဒေကို ယခု ၂၀၂၅ ခုနှစ် စက်တင်ဘာလ မှ စတင်ကာ ပြန်လည်အသက် ဝင်စေခြင်းဖြစ်သည်ဟု ချင်းဒုက္ခသည်များကော်မတီ CRC အဖွဲ့ဝင်တစ်ဦးက ပြောသည်။ “အထူးသဖြင့် ဒေလီရောက် မြန်မာနိုင်ငံသားတွေက သူတို့နိုင်ငံထဲကို တရားမဝင်တဲ့နည်းနဲ့ နယ်စပ်ကို ဖြတ်ကျော်ပြီး ဝင်ရောက်လာတယ် ဆိုပြီးတော့ လူတစ်ယောက်ရူပီ ၅ သိန်းတောင်းတာဖြစ်တယ်။ India Home Affairs ကနေ တရားဝင်တောင်းတာ ဖြစ်တယ်။ အာဖ္ဖဂန်တို့၊ ဆူမာလီတို့၊ ဆီးရီးယားတို့ဆိုရင် သူတို့က လေယာဉ်နဲ့…
(006SV) ချင်းပြည်နယ်မြောက်ပိုင်းဒေသ နှင့် ကလေး-ဂန့်ဂေါဒေသများတွင် စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေး ပူးပေါင်း တပ်တို့ တိုက်ပွဲများ တစ်လနီးပါး ဆက်လက်ပြင်းထန်နေရာ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၅၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းများကိုလည်း ဖမ်းဆီးရမိထားသည်ဟု ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။ “အခုလက်ရှိ အခြေအနေ ဒီနေ့အထိပေါ့၊၊ နေ့စဉ်နဲ့အမျှ တိုက်ပွဲ ဖြစ်နေတာပါ။ တိုက်ပွဲက ဘယ်လိုဆက်ဖြစ်မလဲ ဆိုတာက ကျနော်တို့က နားမှာတော့ မဟုတ်ပါဘူး။ မရမက တိုက်ထုတ်သွားမှာပါ။ ရန်သူဘက်ကလည်း လေယာဉ်တွေ အလွန်အကျွံ သုံးတဲ့ ဟာတွေ အခုတလော ရှိတယ်။ ဒရုန်း၊ လေယာဉ် Y 12 တွေနဲ့ ကျနော်တို့ကို ဗုံးလာကြဲတာတွေ တော်တော်လေးတော့ များတယ်။ ကျနော်တို့ကတော့ ခုခံနိုင်သလောက် ခုခံပြီး ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်” ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးတာဝန်ခံ Salai Nai John Kim က ပြောသည်။ စစ်ကော်မရှင်တပ်သည် လေကြောင်းနှင့် ဒရုန်းများကို အဓိက အားပြု၍ ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း နိုဝင်ဘာလ ၁၈ ရက်မှ ၂၂ ရက်၏ ၅ ရက်တာ တိုက်ပွဲများအတွင်း စစ်ကော်မရှင်မှ အင်အား ၅၀ ခန့် သေဆုံးသည်ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်သည်။ စစ်ကော်မရှင်သည် ဒဏ်ရာရသူများကို Mi – 17 ဖြင့်…
(006SV) အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲ မဲဆွယ်ဟောပြောမှုတွင် ချင်းပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခ ရပ်စဲရေးအတွက် သက်ဆိုင်သူ အားလုံးနှင့် ကြိုးပမ်းညှိနှိုင်း အဖြေရှာမည်ဟု ချင်းပြည်သစ် ကွန်ဂရက်ပါတီက ဟောပြော မဲဆွယ်နေသည်။ လာမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ချင်းပြည်သစ်ကွန်ဂရပ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တို့ကို နိုဝင်ဘာလ ၂၂ က စစ်ကော်မရှင်လက်အောက်ခံ မီဒီယာများမှတစ်ဆင့် မဲဆွယ်ရာတွင် ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။ “ချင်းပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခ ရပ်စဲရေးအတွက် သက်ဆိုင်သူအားလုံးနဲ့ ကြိုးပမ်းညှိနှိုင်း အဖြေရှာကြဖို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွက်လာမယ့် အစိုးရသစ်က ဦးဆောင်ရမှာဖြစ်ပြီး ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင်ရမှာဖြစ်ပါတယ်။ ယာယီအပစ်အခတ်ရပ်စဲကာ တွေ့ဆုံဆွေးနွေးရာကနေ ပဋိပက္ခ လုံးဝရပ်စဲနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းကြ ရမှာ ဖြစ်ပါတယ်။ ယာယီနေရပ်စွန့်ခွာသူများ ဂုဏ်သိက္ခာရှိရှိ မိမိနေရပ်ပြန်လာနိုင်ရေး၊ လုံခြုံရေး အာမခံချက် ရအောင် ဖန်တီးပေးရေး၊ စားဝတ်နေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများ ပြန်လည်ကုစားရေး၊ အရေးပေါ် ရေတို၊ ရေရှည်အထောက်အပံ့များ ရရှိရေး ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်” ဟု ချင်းပြည်သစ် ကွန်ဂရက်ပါတီ ဥက္ကဌ ဦးစိုးထက် (ခ) ဆလိုင်းမဲလုက ပြောသည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အများပြည်သူပိုင် အဆောက်အအုံများ၊ လူနေအိမ်ရာများ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းကို လုပ်ဆောင်မည်ဖြစ်ပြီး ကုန်ကျစရိတ်ကို အစိုးရအပြင် ပြည်တွင်းပြည်ပ အလှူရှင်များထံမှ အကူအညီများ ရရှိရေးအတွက် ပြည်သူနှင့် ပူးပေါင်းလုပ်ဆောင်မည်ဟု…
(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်းဒေသ၊ ထုတ်လိုင်ကျေးရွာကို ယမန်နေ့ညက စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရ သည်။ နိုဝင်ဘာလ ၁၉ ရက် ည ၁၂ နာရီဝန်းကျင်တွင် စစ်ကော်မရှင်တပ်က တီးတိန်မြို့နှင့် သိုင်းငင်းရွာအကြားရှိ ထုတ်လိုင်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်ပြီး ဘုရားကျောင်းနှင့် စာသင်ကျောင်းဆောင်တို့ကို ဗုံးထိခိုက်၍ ထိခိုက်ပျက်စီးမှုတချို့ ရှိကြောင်း ဒေသခံတချို့က ပြောသည်။ “ထုတ်လိုင်ရွာကို မနေ့ညက သန်းခေါင်ယံ ၁၂ နာရီဝန်းကျင်မှာ ဗုံးကြဲတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ အဲဒီမှာ ဘုရားကျောင်းနဲ့ စာသင်ဆောင် တချို့ ပျက်စီးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ တီးတိန်မြို့နှင့် ခိုင်ကမ်းမြို့အကြားရှိ စစ်ကော်မရှင်တပ်များ၊ ဖလမ်းမြို့နှင့် ဝေဘူလမြို့အကြားရှိ စစ်ကော်မရှင်တပ်များ ကို ချင်းလဲန်းအစိုးရတပ်ဖွဲ့ စစ်ကြောင်း (၂) နှင့် ချင်းညီနောင်အဖွဲ့မှ ချင်းအမျိုးသားကာကွယ်ရေးဖွဲ့ (CNDF) ၊ PDF – Zoland ပူးပေါင်းတပ်တို့သည် လက်တွဲ၍ တိုက်ခိုက်နေကြောင်း ချင်းလဲန်းအစိုးရထံမှ သိရသည်။ သိုင်းငင်းရွာတွင် တပ်စွဲနေသော စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့လည်း နိုဝင်ဘာလ ၁၇ ရက်က ဖလမ်းမြို့ဘက်ရှိ သိုင်းငင်းရွာအထွက်ဝန်းကျင်းတွင် ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။ ချင်းမြောက်ပိုင်းမြို့များကို ထိုးစစ်ဆင်လာနိုင်သော စစ်ကော်မရှင်တပ်များကို တော်လှန်ရေးပူးပေါင်းတပ်များသည် ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါမြို့တို့တွင် ခုခံစစ်နှင့် တန်ပြန်ထိုးစစ်များ ပြုလုပ်နေကြောင်း သိရသည်။
(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်တွင် စစ်ကော်မရှင်စစ်ကြောင်းထိုးမှုကြောင့် ကလေးငယ် ၃၀၀၀ ကျော် အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော်သည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး လက်ရှိမှာ အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။ “၁၀ နှစ်အောက်ကလေးငယ်တွေက ၃၀၀၀ လောက်ရှိတယ်။ စစ်ရှောင်လူဦးရေးက ၂၀၀၀၀ ကျော်ပြီး။ ဖလမ်းရဲ့ အရှေ့ဘက်နဲ့ မဏီပူရ တစ်လျှောက်က အကုန်လုံးက စစ်ရှောင်ရတယ်။ စစ်ကြောင်းက ၃ ကြောင်းလောက် ထိုးတဲ့အခါကြတော့ အကုန်လုံးက လွတ်မြောက်ရာကို ပြေးကြရတဲ့ အခြေအနေမှာ ရှိပါတယ်” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF)မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။ ကလေးမြို့မှ စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်များကြောင့် ကလေးမြို့တောင်ပိုင်းက ဒေသခံများသည် ချင်းတောင်ပေါ်ကို စစ်ဘေးရှောင်လာကြောင်း၊ စစ်တပ်က ဆက်လက်၍ စစ်ကြောင်းထိုးလာသောအခါ ယင်းစစ်ဘေးရှောင်များအပါအဝင် ဖလမ်းအရှေ့ဘက်ဒေသနှင့် မဏီပူရနယ်စပ်ဒေသက ပြည်သူများပါ စစ်ဘေးရှောင်ကြရသည်ဟု သိရသည်။ စစ်ဘေးရှောင်ပြည်သူများသည် အခြေခံစားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ စောင်များ၊ မိုးကာများ လိုအပ်နေကြောင်း၊ တချို့စစ်ဘေးရှောင်များသည် ကျေးရွာများမှာပင် မနေထိုင်ရဲဘဲ တောင်ယာထဲတွင် စစ်ဘေးရှောင်ရသည်ဟု သိရသည်။ “အခုချိန်က မိုးရာသီကျော်လွန်ပြီးတော့ ဆောင်းရာသီ ရောက်လာတဲ့အခါကြတော့ အတော် အေးတဲ့ အခြေအနေမှာ ရှိတယ်။ စောင်တွေ၊ စားစရာတွေ ၊ ဆေးဝါးတွေကတော့ လိုအပ်ပါတယ်၊၊ ဒီဟာတွေ အကူအညီ လိုအပ်တဲ့ အခြေ အနေမှာ ရှိပါတယ်။ ဒီဟာတွေကို ကူညီထောက်ပံ့ဖို့ရန်အတွက် ကျနော်တို့ တောင်းဆိုပါတယ်။ ကူညီထောက်ပံ့ ချင်တယ်ဆိုရင်…
