Author: Editor

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၃ ထဲက ကျေးရွာ ၁ ရွာကို ယနေ့ မနက်အစောပိုင်းတွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့ရာ နေအိမ် ၇ လုံးခန့်နှင့် ဘုရားရှစ်ခိုးကျောင်း ၂ ကျောင်း ပျက်စီးသွားကြောင်း သတင်းရရှိသည်။ တိုက်နယ် ၃ ထဲက ကျေးရွာ ၁ ရွာကို နိုဝင်ဘာလ ၆ ရက် မနက် ၂ နာရီ ၁၁ မီနစ်ခန့်တွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ပေါင် ၅၀၀ ဗုံးကိုပါ အသုံးပြု တိုက်ခိုက်သကဲ့သို့ ရော့ကစ်များ၊ ပွိုင့်ဖိုက်များဖြင့်ပါ ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။ “လူနေအိမ်တွေနဲ့ ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးက ဆိုးဝါးတယ် ပြောပါတယ်။ အရပ်သားထိခိုက်မှု ရှိ၊ မရှိကတော့ မေးမြန်းနေတုန်းပါ။ အသေးစိတ်ထပ်မံ သိရဖို့ကလည်း မေးနေတုန်းပါ” ဟု မင်းတပ်မြို့ ဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့ နိုဝင်ဘာလ ၅ ရက် မနက် ၁ နာရီ ၄၀ မီနစ်ခန့်ကလည်း မင်းတပ်မြို့အနီး တနေရာကို စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ ဗုံး ၄ လုံးကျော်ဖြင့် တိုက်ခိုက်သွားသကဲ့သို့ ပွိုင့်ဖိုက်များဖြင့်ပါ ပစ်ခတ်သွားကြောင်း သိရသည်။ အောက်တိုဘာလအတွင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီသည် ဂျက်ဖိုက်တာ ၊ ထောက်ပို့ကင်းထောင် Y- 12…

Read More

(006SV) စစ်ကောင်စီ၏ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လုပ်ဆောင်ချက်မှန်သမျှကို လုံးဝ ငြင်းပယ်၍ ဆန့်ကျင်တိုက်ဖျက်နေပြီး စစ်ကောင်စီ နှင့် ဆွေးနွေးစရာအကြောင်းမရှိကြောင်း ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ လက်ထောက်အထွေထွေ အတွင်းရေးမှူး – ၂ ဆလိုင်းထက်နီက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့၏ ယမန်နေ့ နိုဝင်ဘာလ ၅ ရက်တွင် ကျင်းပ ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။ “ယနေ့ နိုင်ငံရေးပြသနာကို ကြည့်ရင် ဘုံသဘောထား ရပ်တည်ချက်ထဲက တစ်ခုကို တင်ပြလိုပါတယ်။ ယနေ့ နိုင်ငံရေး ပြသနာဟာ စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားကို အကာအကွယ်ပြုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံက အရင်းခံဖြစ်ပါတယ်။ အဲဒါကြောင့် ဒီ ၂၀၂၁ ကနေ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ပယ်ဖျက်ထားပြီးလည်း ဖြစ်ပါတယ်။ နိုင်ငံရေးမှာ စစ်တပ်ရပ်တည်ရေးကို ခိုင်မာစေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေ လှုပ်ရှား ဆောင်ရွက်မှု၊ စစ်ကောင်စီကို သက်ဆိုးရှည်စေမယ့် လုပ်ဆောင်မှု မှန်သမျှ ဆန့်ကျင်တိုက်ဖျက်နေတာ အားလုံးအသိဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ လတ်တလော မီဒီယာတချို့တွင် ချင်းအမျိုးသားတပ်ဦး CNF သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေးကို အချက် ငါးချက်နှင့် စဉ်းစားမည်ဟု ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ ဆလိုင်းထက်နီက နားလည်မှု လွဲမှားနေခြင်းသာဖြစ်ကြောင်း ဖြေကြားသည်။…

Read More

(006SV) ချင်းပြည်နယ် ပလက်ဝမြို့နယ်ချင်းတော်လှန်ရေးအင်အားစုဖြစ်သည့် ပလက်ဝကောင်စီ (PC) ၏ ဒေသန္တရအစိုးရဌာနများအတွက် အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ကျပ်သိန်း ၃၀၀၀ ရန်ပုံငွေ ရှာဖွေနိုင်ရေး “အရှိန်အဟုန်မြှင့်တင် ကီမိုတခွင်” ကမ်ပိန်းကို ပြုလုပ်နေကြောင်း သိရသည်။ “လက်ရှိမှာ အားလုံံးက ဒေသန္တရအစိုးရအနေနဲ့ လည်ပတ်ပြီးဆို‌တော့ ဘက်ပေါင်းစုံက ပါရတဲ့ အခန်းကဏ္ဍရှိတဲ့အတွက် ဒီအရာတွေကို လိုအပ်ချက် ရှိနေတဲ့အတွက် ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်ရေးတွေကော IDPs စခန်းတွေက စစ်ဘေး ရှောင်တွေလည်း လိုအပ်ချက်တွေ ရှိနေတဲ့အတွက် ဒီကဏ္ဍတွေမှာ အခက်အခဲရှိတဲ့အတွက် ကမ်ပိန်း ပြုလုပ်ရ ခြင်းဖြစ်ပါတယ်” ဟု ယင်းကမ်ပိန်းကို တာဝန်ယူဆောင်ရွက်နေသည့် Project Kimo Team မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ယခု နိုဝင်ဘာလ ၅ ရက်မှ ၂၀၂၅ ဇန်နဝါရီလ ၅ ရက်အထိ ကြားကာလခူမီး (ချင်း) မျိုးနွယ်စုများ ရေးရာအတိုင်ပင်ခံကောင်စီ (IKACC) နှင့် ပလက်ဝကောင်စီ (PC) တို့ ဦးဆောင်ပြီး “အရှိန်အဟုန်မြှင့်တင် ကီမိုမြေတခွင်” ကမ်ပိန်းကို ကျပ်သိန်း ၃၀၀၀ ရန်ပုံငွေရရှိရေး ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ ကမ်ပိန်းမှ ရရှိသော ဘဏ္ဍာငွေများကို ဒေသန္တရအစိုးရဖြစ်သည့် ပလက်ဝကောင်စီ၏ ဌာနများဖြစ်သော ကာကွယ်ရေး၊ ရဲတပ်ဖွဲ့၊ ပညာရေး၊ ကျန်းမာရေး၊ IDPs စခန်းမှ လူသားစာနာအကူအညီ စသည့် ကဏ္ဍစုံတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။ ကာကွယ်ရေးဌာနဖြစ်သည့် CDF – ပလက်ဝအတွက် စစ်ရေးအသုံးစရိတ်အပါအဝင် မြေပြင်မှာ အရေးပေါ်…

Read More

ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက် NCCD က ချင်းပြည်နယ် ရိခေါဒါရ်မြို့တွင် အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ၅ ရက်ကြာ ဝန်ထမ်းမွမ်းမံသင်တန်းပြုလုပ်ခဲ့သည်ဟု သိရသည်။ အဆိုပါမွမ်းမံသင်တန်းတွင် ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်၊ ချင်းတောင်သူများကွန်ယက်၊ မြွေတောင်ဒေသ စောင့်ကြည့်ရေးအဖွဲ့၊ ဒေသခံအရပ်ဖက်အဖွဲ့အစည်းများ နှင့် အခြားဒေသများမှ အဖွဲ့အစည်းတချို့မှ ဝန်ထမ်းများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ မွမ်းမံသင်တန်းတွင် ဖွံ့ဖြိုးရေးအကြောင်း၊ NCCD ၏ အခြေခံမူများနှင့် ရည်ရွယ်ချက် ရည်မှန်းချက်များအကြောင်း၊ လက်ရှိမြန်မာ့နိုင်ငံရေးအကြောင်း၊ ဖက်ဒရယ်အကြောင်း၊ ဒီမိုကရေစီအကြောင်း၊ ချင်းနိုင်ငံရေး အကြောင်း၊ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးအကြောင်း၊ မိုင်းအန္တာရယ်မှကြိုတင်ကာကွယ်ရေး၊ စိတ်ပိုင်းဆိုင်ရာကနဦးကူညီစောင့်ရှောက်ခြင်းအကြောင်း၊ မြေယာဥပဒေအကြောင်း၊ မြေယာပေါ်လစီ၊ UNDRIP အကြောင်း၊ FPIC အကြောင်း မြေလွတ်မြေလပ်မြေရိုင်းများအကြောင်းတို့တို့ လေ့လာသင်ယူခဲ့ကြသည်ဟု သိရသည်။

Read More

(004SS) ချင်းပြည်နယ်မြောက်ပိုင်း တွန်ဇံမြို့ပေါ်တွင် နေထိုင်သော ‌ဒေသခံပြည်သူများအနေဖြင့် ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA က တွန်းဇံမြို့ကို သိမ်းမည်ဟု သတင်းထုတ်လွှင့်သည့်အပေါ် မစိုးရိမ်ကြရန်နှင့် မြို့ကို စွန့်ခွာခြင်းမပြုကြရန် CDF-Tonzang က ယနေ့တွင် အသိပေးချက် ထုတ်ပြန်သည်။ “ ZRA က တွန်ဇံမြို့ပေါ်မှာ မြို့သိမ်းတော့မယ်ဆိုပြီး သတင်းတွေလွှင့်တယ်၊ အဲဒီသတင်းကြောင့် ပြည်သူတွေ စစ်ဘေးရှောင် ဖို့ ထွက်ပြေးနေကြတယ်။ ပြည်သူတွေကို ခြောက်လှန့်နေတယ်” ဟု CDF-Tonzang က ချင်းလိုထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။ CDF-Tonzang တပ်ဖွဲ့နှင့် CNA တပ်ဖွဲ့များသည် တွန်ဇံမြို့နယ်၏ လုံခြုံရေးအတွက်ပူးပေါင်းဆောင်ရွက်နေပြီး ZRA တပ်ဖွဲ့မှ လာရောက်တိုက်ခိုက်ပါကလည်း ပြန်လည်တိုက်ထုတ်မည်ဖြစ်ကြောင်း CDF-Tonzang က ဆိုသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ဘေးတိမ်းရှောင်ခြင်းမပြုကြရန်နှင့် စစ်ဘေးတိမ်းရှောင်သူရှိပါက ZRA နှင့် ပူးပေါင်း သည်ဟု မှတ်ယူကာ လိုအပ်ပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု CDF-Tonzang က ထုတ်ပြန်ထားသည်။ CDF-Tonzang တပ်ဖွဲ့အပါအဝင် ချင်းလဲန်းကောင်စီပူးပေါင်းတပ်ဖွဲ့သည် တွန်းဇံမြို့ နယ်တစ်ခုလုံးကို ယခုနှစ် မေလ ၂၃ ရက်နေ့က သိမ်းပိုက်ခဲ့ကြသည်။ ထိုသို့သိမ်းပိုက်ပြီးနောက် တွန်းဇံမြို့ပေါ်နဲ့အနီးတဝိုက်တွင်သာ အခြေချတပ်စွဲကြပြီး ကျီခါးမြို့တွင်တပ်စွဲနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ နောက်ပိုင်းတွင် ဇိုမီးတော်လှန်ရေးတပ်ဖွဲ့သည် ကျီခါးမြို့ပေါ်သို့ ပြန်လည်အခြေချတပ်စွဲလာပြီး တွန်းဇံမြို့ကိုသိမ်းပိုက်မည် ဟု သတင်းလွှင့်လေ့ရှိသည်ဟု သိရသည်။ ထိုမှတဆင့် တွန်းဇံမြို့နှင့် ၁၅ မိုင်ခန့်သာကွာဝေးသော မွလ်ကွေးကျေးရွာသို့ နယ် မြေချဲ့လာကြပြီးနောက် တွန်းဇံမြို့သို့ သိမ်းရန်စစ်ရေးပြင်ဆင်လာကြသောကြောင့် CDF-Tonzang နှင့် CNA…

Read More

(004SS) ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့၏ လက်နက်ကြီးပိုင်းတာဝန်ယူထားသော ဒု-စိတ်မှူးသည် ရောဂါကြောင့် ယနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်တွင် ရုတ်တရက် ကွယ်လွန်သွားကြောင်း PDF-Zoland က ထုတ်ပြန်သည်။ PDF-Zoland မှ ဒုစိတ်မှူး အသက် ၄၀ အရွယ် ဦးပေါင်ခန့်ခိုင် (ခ) ကိုစစ်သားသည် နေမကောင်းခြင်းကြောင့် တစ်လနီးပါးခန့် ဆေးကုသမှုခံယူနေရသော်လည်း ဆေး‌ဝါးမလုံလောက်မှု၊ ထိရောက်စွာကုသနိုင်မှုမရရှိခြင်းတို့ကြောင့် မီဇိုရမ်ပြည် ယ်သို့ ဆေးဝါးကုသရန် သွားရောက်နေစဉ် အိန္ဒိယ-မြန်မာနယ်စပ် တီအိုချောင်းတွင် ယနေ့မနက်ပိုင်းက သေဆုံးခဲ့သည်ဟု သိရသည်။ “သူက နေမကောင်းတာ တစ်လလောက်ရှိပြီ၊ ဆေးရုံမှာကုတာ နဲနဲသက်သာပြီဆိုတာနဲ့ မီဇိုရမ်ဘက်ကို ဆေးကုသဖို့ နယ်စပ်တောင်ရောက်နေပြီ၊ ဒီမနက်ဆိုလဲ သူ့ဟာသူထနိုင်တယ်၊ မုန့်လဲစားတယ်၊ စားပြီးတော့ ခေါင်းမူးသလိုပဲဆိုပြီး အိပ်ယာပေါ်လှဲတာ အဲလိုနဲ့ အသက်ထွက်သွားတာ။ ကျွန်တော်တို့ဆီမှာက ဆေးဝါးလည်း စုံစုံလင်လင်မရှိဘူး ပြန်ကောင်း လိုက် ပြန်ဖြစ်လိုက်နဲ့ဆိုတော့ ထိထိရောက်ရောက် ကုသနိုင်အောင်ဆိုပြီး မီဇိုရမ်ဘက် ထွက်လာတာပါ။ ရောဂါကတော့ တိတိကျကျမသိရဘူး” ဟု PDF-Zoland Central Council မှ ပြောရေးဆိုခွင့်ရှိသူ ကိုအာပီက ပြောသည်။ ကွယ်လွန်သွားသူ ကိုစစ်သားသည် ယခင်က စစ်တပ်တွင် လက်နက်ကြီး ကြီးကြပ်တာဝန်ယူထားသူတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် CDM လှုပ်ရှားမှုတွင် ပါဝင်လာကာ PDF-Zoland ၏ လက်နက်ကြီးပိုင်း တာဝန်ယူထမ်းဆောင်သူဖြစ်ကြောင်း သိရသည်။ စစ်အာဏာရှင်စနစ်တော်လှန်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် တက်တက်ကြွကြွပါဝင်ပြီး အမြင့်ဆုံးပေးဆပ်ခဲ့သော သူရဲကောင်းတစ်ဦး ဆုံးရှုံးလိုက်ရသည့်အပေါ် အလွန်ပင် ဝမ်းနည်းကြောင်းနှင့်…

Read More

ဘုရားကျောင်းထဲ အထိုင်စခန်းချတာမရှိကြောင်း CDF- မတူပီ၊ တပ်မဟာ – ၁ ငြင်းဆို (006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလိုင်ကျေးရွာ ဘုရားကျောင်း အပါအဝင် ကျေးရွာအတွင်း ခြေကုတ်ယူတပ်စခန်းချခြင်းများကို အမြန်ဆုံးရုပ်သိမ်းပေးရန် CDF- မတူပီ၊ တပ်မဟာ – ၁ နှင့် မဟာမိတ်အဖွဲ့များကို ကမ္ဘာလုံးဆိုင်ရာ ငလိုင်အဖွဲ့အစည်း – GNO က တောင်းဆိုကြောင်း ထုတ်ပြန်သည်။ စစ်ရှောင်ပြည်သူများ နေရပ်ဒေသ မပြန်နိုင်အောင် ရည်ရွယ်လျက် CDF – မတူပီ၊ တပ်မဟာ – ၁၊ ချင်းညီနောင်နှင့် အာရက္ခ တပ်တော် (AA) တို့သည် ငလိုင်ကျေးရွာ သမိုင်းဝင် ခရစ်ယာန်ဘုရားကျောင်းဝန်း၊ ဆေးရုံဆေးပေးခန်းနှင့် နေရာအနှံ့တွင် ကတုတ်ကျင်းတူး၊ အခိုင်အမာ ခြေကုတ်ယူ တပ်စခန်းချခြင်းများကို ပြုလုပ်နေသည်ဟု GNO က နိုဝင်ဘာလ ၁ ရက်က ထုတ်ပြန်သည်။ စစ်ဘေးရှောင်ပြည်သူများ လုံခြုံစိတ်ချမှု ရှိမှာသာလျှင် အိမ်ပြန်နိုင်မည်ဖြစ်သောကြောင့် အကြောင်းပြချက် တစုံတရာ မပြုဘဲ ချင်းညီနောင်မဟာမိတ်အဖွဲ့များ ငလိုင်ကျေးရွာအတွင်း ခြေကုတ်ယူ တပ်စခန်းချခြင်းကို အမြန်ဆုံး ရုပ်သိမ်းပေးရန် GNO အဖွဲ့က တောင်းဆိုသည်။ ယခုကိစ္စနဲ့တပ်သက်၍ CDF – မတူပီ၊ တပ်မဟာ – ၁၊ ပြောရေးဆိုခွင့်ရှိ သူက ငလိုင်ကျေးရွာက ဘုရားကျောင်းဝန်းများအတွင်း အထိုင်စခန်းချခြင်း မရှိကြောင်း ငြင်းဆိုသည်။ “ဘုရားကျောင်းထဲ အထိုင်စခန်းချတာ၊ ဘုရားကျောင်းဖျက်ဆီးတာ မရှိဘူး။ ငလိုင်ရွာကို CB နဲ့ မဟာမိတ်က…

Read More

(002MG)ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀ နီးပါးပြုလုပ်ခဲ့ကြောင်း CDF-Mindat က ထုတ်ပြန်သည်။စစ်ကောင်စီသည် ဂျက်ဖိုက်တာ၊ ထောက်ပို့ကင်းထောက် Y-12 လေယာဉ်များအသုံးပြုကာ အောက်တိုဘာလ (၁၈) နေ့တွင် မင်းတပ်မြို့တိုက်နယ် အမှတ်(၄) နေရာအား (၄) ကြိမ်နှင့် အောက်တိုဘာလ (၁၉) ရက်တွင် (၃) ကြိမ် နှင့် အောက်တိုဘာ (၂၆) ရက်နေ့တွင် (၇၀) ကြိမ် စုစုပေါင်း (၇၇) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မူကြောင့် CDF-Mindat တပ်ရင်း (၂)မှ ဆလိုင်း ယောမောင်းကီး၊ တပ်ရင်း (၅) မှ ဆလိုင်းတဲ့ကီး နှင့် တပ်ရင်း (၆) မှ ဆလိုင်းချွဲဟုန်းတို့ကျဆုံးခဲ့ရပြီး မင်းတပ် တပ်ရင်း (၅) မှ ဆလိုင်း နိုင်းလိန်းသည်လည်း ယာဉ်မတော်တဆကြောင့် ကျဆုံးခဲ့ရကြောင်း သိရသည်။မင်းတပ်မြို့ဒေသခံတစ်ဦးက “လေကြောင်းက မြို့ထဲတော့ မဝင်ဘူး မြို့ပြင် ပတ်ပတ်လည်တော့ ဗုံးလာကြဲတာ၊ ပျက်စီးမှု ကတော့ တဲ၊ဥယျာဉ်ခြံတွေထိတာ ကျန်တာတော့ မကြားရဘူး၊ လူငယ်ဖက်က ကြားသလောက်တော့ (၃) ယောက် လောက်ကျတယ် လို့ကြားတယ်၊ တိုက်နယ် အမှတ် (၄) ဖက်အရှေ့ခြမ်း ပတ်ဝန်းကျင်တွေကိုလည်း လာကြဲတယ်” ဟု ပြောသည်။စစ်ကောင်စီသည် အောက်တိုဘာလအတွင်း မင်းတပ်မြို့ အနောက်ရပ်ကွက်ရှိ အရပ်သားနေအိမ် ၂၈ လုံး၊ အရှေ့ ပြင်ရပ်ကွက်ရှိ နေအိမ် ၂ လုံး စုစုပေါင်း…

Read More

(006SV) အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာစစ်ဘေးရှောင် ၁ ဦးသည် ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိသောကြောင့် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း India for Myanmar တည်ထောင်သူ ဆလိုင်းဒိုရ်ခါက ပြောသည်။ မဏိပူရ် အကျဉ်းထောင်တွင်း ဖမ်းဆီးခံထားရသည့် အသက် ၅၀ ကျော်အရွယ် ဦးအောင်မင်းသည် နာတာရှည် အဆုပ်ရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးကုသမှု ခံယူရန် လိုအပ်နေကြောင်း ဆလိုင်းဒိုရ်ခါက ပြောသည်။ “ဦးအောင်မင်းဟာ အဆုပ်ထဲမှာ ရေရှိတော့ စုပ်ထုတ်ဖို့ အရေးပေါ် အကူအညီ လိုအပ်နေတာပါ။ အရင်က တည်းကနေ ထုတ်ပေးနေကြလူဆိုတော့ သူက ထောင်ထဲ ရောက်သွားတော့ ပုံမှန် မစုပ်ဖြစ်တော့ သူ တော်တော်လေး ဒုက္ခရောက်နေတဲ့ အခြေအနေလို့ ကျနော်တို့ကို သတင်းပို့လာတာပါ” ဟု ဆလိုင်းဒိုရ်ခါက ပြောသည်။ လာမည့် သောကြာနေ့တွင် ဦးအောင်မင်းကို ခွဲစိတ်ကုသမှုပြုလုပ်ရန် စီစဉ်ထားပြီး ခွဲစိတ်မှု မပြုလုပ်မှီ ကြိုတင်ပြင်ဆင် မှုအနေဖြင့် သောက်သုံးရမည့် ဆေးဝါးများလည်း လိုအပ်နေကြောင်း၊ အကျဉ်းထောင်မှလည်း ဆေးဝါးကူညီထောက်ပံ့မှုများ မရရှိ၍ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ မဏိပူရ်အကျဉ်းထောင်ထဲက စစ်ဘေးရှောင် ဦးအောင်မင်းသည် အိန္ဒိယ၏ နိုင်ငံခြားသားအက်ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထား ရသည့်မှာ နှစ်ချီကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။ အိန္ဒိယပြည်နယ်ထဲက အကျဉ်းထောင်များအတွင်း ဦးအောင်မင်းကဲ့သို နာတာရှည်ရောဂါများဖြင့် ဆေးဝါးကုသရန် အကူအညီများ လိုအပ်နေသူ ၁၃ ဦးထက်မနည်းရှိကြောင်း India For Myanmar ၏ စာရင်းများအရ သိရသည်။…

Read More

(006SV) ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်သည် ချင်းပြည် ဒေသန္တရအုပ်ချုပ်ရေးဥပဒေကို ယခုလ နိုဝင်ဘာလအတွင်းကျင်းပမည့် ပဥ္စမအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးတွင် အတည်ပြုပြဌာန်းတော့မည်ဖြစ်ကြောင်း သိရသည်။ တော်လှန်ရေးကာလ ချင်းပြည်နယ်၊ မြို့နယ်နှင့် ဒေသများတွင် အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းရာတွင် ဒေသခံများ၏ စုပေါင်း ခေါင်းဆောင်မှုပုံစံဖြင့် အုပ်ချုပ်ရေးယန္တရာ လည်ပတ်နိုင်ရေးအတွက် ရေးဆွဲပြဌာန်းထားကြောင်း ချင်းပြည်လွှတ်တော်ဥက္ကဌ Pu Hung Naing က ပြောသည်။ “ဒီဥပဒေက ချင်းပြည် (Chinland) အစိုးရအဖွဲ့ကို အာဏာပေးတာတစ်ခုမှ မပါဘူး။ သက်ဆိုင်ရာ မြို့နယ်နှင့်ဒေသရဲ့ ဥပဒေအတိုင်းပဲ ရွေးကောက်တင်မြှောက်ခွင့်၊ ခန့်အပ်ပိုင်ခွင့်ပေးထားတယ်။ ဒါ့အပြင် မြို့နယ်နှင့်ဒေသမှာလည်း တိုက်နယ်/ ဧရိယာ/ တောင်ကျောအလိုက် အုပ်ချုပ်ရေးမှာ ပါဝင်နိုင်ခွင့်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဥက္ကဌနှင့် အတွင်းရေးမှူးစနစ်နဲ့ Local Administration Law ပြဋ္ဌာန်းဖို့ဖြစ်မယ်” ဟု ၎င်းက ပြောသည်။ လက်ရှိ မြို့နယ်နှင့် ဒေသအသီးသီးတွင် ချင်းတော်လှန်ရေးအင်အားစုများသည် ၎င်းတို့၏ ဥပဒေများဖြင့် အုပ်ချုပ်နေကြပြီး တနေရာနှင့် တနေရာ မတူညီမှုများရှိနေသည်၊ ယင်းဥပဒေကို ပြဌာန်းပြီးပါက မြို့နယ်နှင့်ဒေသ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများ အချင်းချင်းကြားတွင်ဖြစ်စေ၊ ချင်းပြည်အစိုးရနှင့်ဖြစ်စေ လုပ်ငန်းဆောင်ရွက်မှုများတွင် ပိုမိုအဆင်ပြေချောမွေ့လိမ့်မည်ဟု သိရသည်။ ဒေသန္တရအုပ်ချုပ်ရေးဥပဒေမတိုင်ခင်ကလည်း သက်ဆိုင်င်ရာမြို့နယ်နှင့် ဒေသအကြီးအကဲများကို ဖိတ်ခေါ်ပြီး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် ဥပဒေကြမ်းကော်မတီကို ဖွဲ့စည်းပြီး ရေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။ အောက်တိုဘာလက ပထမအကြိမ်၊ ချင်းပြည်(Chinland) လွှတ်တော်၊ စတုတ္ထပုံမှန် အစည်းအဝေးတွင်လည်း ဒေသန္တရအုပ်ချုပ် ရေးဥပဒေကြမ်းကို ချင်းလွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ချင်းပြည်လွှတ်တော်၏ ဥပဒေမူကြမ်းရေးဆွဲရေးကော်မတီသည်…

Read More