Author: Editor

(002MG)စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းဒေသကို အဓိက ဆက်သွယ်ထားသည့် ကလေး -သိုင်းငင်း ကားလမ်းမကြီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-CDM Siyin ကပြန်လည်ဖွင့်ပေးလိုက်သော်လည်း စစ်ကောင်စီတပ် ဖွဲ့က အသုံးပြုခွင့်မပြုဘဲ ကလေးမြို့အထွက်မှ ပိတ်ထားသည်ဟုသိရသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့ နှင့် ချင်းပြည်နယ်အစပ် ခိုင်းကမ်းမြို့အလွန် ရှုခင်းသာနေရာတွင် တပ်စွဲနေရာယူထားကြပြီး ယင်းလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည်ဟု ဒေသခံများထံမှသိရသည်။တီးတိန်မြို့ခံ အမျိုးသားတစ်ဦးက “သောကြာနေ့ တီးတိန်ကနေ ကားတစ်စီး ကလေးကို ဆင်းလာတာ ကလေးမြို့ ရှုခင်းသာမှာရှိတဲ့ စကစ က အဲ့ဒီရှုခင်းသာမှာ စခန်းချပြီးတော့မှ ဘယ်သူမှ ပေးမလွှတ်ဘူး၊ ဆင်းလာတဲ့ သူတွေလဲ ရှုခင်းသာကနေ ပြန်လှည့်ရတာပေါ့၊ အဝင်မခံတာပေါ့။ ဘာအကြောင်းပြချက်မှမပြောဘူး ဝင်လို့မရဘူး လို့ပဲပြောတယ် ။ ဘာမှကိုမဝင်ခိုင်းတာ” ဟု ပြောသည်။စစ်ရေးအခြေအနေကြောင့် (၁) လကျော်ပိတ်ထားခဲ့ရသည့် ကလေး- သိုင်းငင်း လမ်းမကြီးကို ဇူလိုင် ၁၇ ရက်နေ့မှ စတင်ပြီး ပြန်လည်အသုံးပြုသွားလာနိုင်ပြီဖြစ်ကြောင်း CDF- CDM Siyin က ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ဖက်က ဆက်လက် ပိတ်ထားဆဲဖြစ်သည်။လက်ရှိတွင် ကလေး- သိုင်းငင်းလမ်းပိုင်းအား အသုံးပြုနိုင်ခြင်းမရှိသေးသောကြောင့် ချင်းတောင်ဖက် တက်သည့် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်ငယ်များသည် ကွင်းလမ်းဖြစ်သည့် ပိမ်းပိလမ်းသို့လည်းကောင်း၊ ကုန်ပစ္စည်း တင်ဆောင်သည့် ကုန်ကားကြီးများသည် ဝေဘူလ- ဗားရ် လမ်းပိုင်းကိုအသုံးပြုနေရဆဲဟု သိရသည်။မွှာလ်ပီးကျေးရွာမှ တပ်ဆုတ်လာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခိုင်ကမ်းမြို့နှင့် (၅) မိုင်အကွာနှင့် ကိုးမိုင် စစ်ဆေးဂိတ်အနီးအနားရှိ လူမနေထိုင်သော ပြည်သူပိုင်နေအိမ်အချို့တို့ တွင် တပ်စွဲနေရာယူထားကြသည်ဟု ခိုင်ကမ်းမြို့ဒေသခံ…

Read More

(006SV) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုငဟားခရိုင်ထဲမှာ မရာလဲန်းနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့(MTC/ MDF) ၏ ဒုတိယဥက္ကဌ BN Sila နှင့် ဒေသခံလူငယ် ၂ ဦးကို စစ်အသုံး အဆောင်ပစ္စည်းများနှင့်အတူ အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးထားသည်ဟု သိရသည်။ ဇူလိုင်လ ၁၇ ရက်က ဆိုင်ဟားခရိုင် Tipa ကျေးရွာတွင် ချင်းညီနောင်အဖွဲ့ဝင်၊ ချင်းတော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် MTC/ MDF ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးနှင့် မီဇိုရမ်ဒေသခံ လူငယ် ၂ ဦးတို့ကို မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်တို့က ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။ ဖမ်းဆီးရမိမှုမှာ ကားပေါ်တွင် ကျည်ကာဦးထုပ်များ၊ ကျည်ကာအင်္ကျီများ၊ ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က နေပြည်တော်မှာ စစ်အာဏာသိမ်း ဒုတိယခေါင်းဆောင် စိုးဝင်းနှင့်အတူ အိန္ဒိယတပ်မတော် ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားရေးမှူး Lieutenant General Shrinjay Pratap Singh, AVSM, YSM ဦးဆောင်သော အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံမှုတွင် နှစ်နိုင်ငံစစ်တပ် ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးရေးတို့ကို ဆွေးနွေးထားသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

Read More

(004SS) ချင်းပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများအကြား ဖြစ်ပေါ်နေသော အမြင်ကွဲလွဲမှုများနှင့် ပဋိပက္ခများကို လက်နက်စွဲကိုင်တိုက်ခိုက်ခြင်းထက် “ချင်းဟူသည့်” အမည်နာမအောက်တွင် ညီအကိုဖြစ်ခြင်းကို အခြေခံကာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ချင်းလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့က တိုက်တွန်းသည်။ ချင်းပြည်နယ်အလယ်ပိုင်းရှိ ဟားခါး၊ ထန်တလန်၊ မတူပီမြို့နယ်တို့တွင် အခြေစိုက်သော CDF-Zotung, CDF-Zophei, CDF-Lautu, CDF-Mara နှင့် Senthang Revolution Force တို့ စုစည်းထားသည့် ZZLMS အဖွဲ့က ဇူလိုင် ၂၀ ရက်တွင် ယခုကဲ့သို့ ထုတ်ပြန်ကာ တိုက်တွန်းထားခြင်းဖြစ်သည်။ ချင်းပြည်အတွင်း လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တော်လှန်ရေးရဲဘော်များ အသက်ဆုံး ရှုံးရခြင်း၊ ပြည်သူများ စစ်ဘေးရှောင်တိမ်းရွှေ့ပြောင်းရခြင်းများကို စိတ်မကောင်းဖွယ်တွေ့ရှိရကြောင်း ZZLMS က ဖော်ပြထားသည်။ ထို့အပြင် ချင်းအချင်းချင်း လက်နက်စွဲကိုင် တိုက်ခိုက်မှုများသည် စစ်ကောင်စီ၏ အလိုအတိုင်း တော်လှန်ရေးကို အားနည်းစေခြင်း၊ ပြည်သူများအား စိတ်ဓာတ်ကျစေခြင်း၊ ညီညွတ်မှုကို ပျက်ပြားစေခြင်း စသည့် ဆိုးကျိုးများဖြစ်စေ ကြောင်း အသိပေးထားသည်။ ZZLMS က မိမိတို့၏ လက်နက်ကိုင်တိုက်ပွဲသည် စစ်ကောင်စီနှင့် အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန်သာ ဖြစ်ပြီး၊ အချင်းချင်း ပဋိပက္ခမဟုတ်ကြောင်းကိုလည်း ထပ်လောင်း ဖော်ပြထားသည်။

Read More

(002MG)စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ တမူးမြို့ဘက်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါး WY ဆေးပြား ၈ သိန်း နှင့် ငွေသား သိန်း ၁၅၀ ကို Chin National Organization (Upper Chindwin Region ) က ဇူလိုင်လ (၁၈) နေ့တွင် ဖမ်းဆီးရမိခဲ့ သည်ဟု သိရသည်။အဆိုပါ မူးယစ်ဆေးဝါးများကို လူ ၅ ဦးက ဆိုင်ကယ် (၄) စီးဖြင့် သယ်ဆောင်လာကြသည်ကို ကလေးမြို့ နှင့် ရာဇဂြိုလ် မြို့ကြားတွင် CNO-UCR က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဇူလိုင် ၂၀ ရက်နေ့က ထုတ်ပြန်သည်။ မူးယစ်ဆေးဝါးများကို အိန္ဒိယနိုင်ငံ EM ဆိုသူထံပေးပို့ရမည်ဟု သိရပြီး လက်ရှိတွင် ဖမ်းဆီးရမိ သည့် မူးယစ်ဆေးဝါး နှင့် သယ်ဆောင်သူများကိုလည်း ဥပဒေအတိုင်း အရေးယူနိုင်ရန် အမူဖွင့်ထားသည့်အပြင် ဥပဒေအတိုင်း အရေးယူနိုင် ရန်ဆောင်ရွက်နေသည်ဟု သိရသည်။CNO-UCR အနေဖြင့် မူးယစ် ဆေးဝါးသယ်ဆောင်သူ၊ ဖြန့်ဝေသူ၊ သုံးစွဲသူနှင့် ရောင်းချသူများသိရှိပါက ဆက်လက်ဖမ်းဆီးကာ ပြင်းပြင်းထန်ထန် အရေး ယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ကလေးကဘော်ဒေသ CNO-UCR လှုပ်ရှားနယ်မြေအတွင်း လူငယ်များမူးယစ်ဆေးဝါးသားကောင်မဖြစ်ရန် နှင့် ရပ်ရွာသာယာလှပရန် မိဘပြည်သူများ အနေဖြင့်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ကြ ရန် တိုက်တွန်းထားပါသည်။

Read More

(006SV) ချင်းအမျိုးသားတပ်ဦး (CNF/ CNA) နှင့် အာဏာသိမ်းစစ်ကောင်စီတို့ကြား တွေ့ဆုံညှိနှိုင်းပြီး “နှစ်ဖက် သဘောတူစာချုပ်” ချုပ်ဆိုထားသည်ဟု လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့လာမှုသည် လုပ်ကြံရေးသားထားသည့် အတုဖြစ်သည်ဟု ချင်းအမျိုး သားတပ်ဦး (CNF/ CNA) က ပြောသည်။ ယနေ့ ဇူလိုင်လ ၂၀ ရက်တွင် “သတင်းအမှား ဖြန့်ဝေမှု တုန့်ပြန်ခြင်း” ဟူ၍ ချင်းအမျိုးသားတပ်ဦး (CNF/ CNA) က ပြည်သူလူထုကို တရားဝင်အသိပေးလာခြင်းဖြစ်သည်။ ဖေ့ဘွတ်ဆိုရှယ်မီဒီယာအကောင့်များဖြစ်သော Aung N Htwe (ဂိုလ်ရှယ်လေး)၊ Chin Net၊ Meifar thuthang စသည့်တို့က “နှစ်ဘက်သဘောတူစာချုပ်” ဟူသော သတင်းဓာတ်ပုံဖြင့် စစ်ကောင်စီနှင့် ချင်းအမျိုးသားတပ်ဦး (CNF/ CNA)တို့ အကြား စာချုပ်ချုပ် ဆိုသည်ဟု လုပ်ကြံရေးသားမှုသည် လုံးဝ မဟုတ်မှန်ကြောင်း မိဘပြည်များသို့ CNF/ CNA က ထုတ်ပြန်အသိပေးသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ချင်းအမျိုးသားတပ်ဦးသည် NCA လမ်းကြောင်းကို စွန့်လွှတ်လိုက်သည့်အပြင် စစ်ကောင်စီ တပ်ဖွဲ့တချို့ကို စစ်မြေပြင်တွင် စစ်ရေးဗျူဟာအရ လက်နက်ချ၊ အလင်းဝင်စေရေး ဖိအားပေး ပြောဆိုမှုမှအပ စစ်ကောင်စီ၏ မည်သည့်အဖွဲ့ ၊ ပုဂ္ဂိုလ်နှင့်မျှ ဆက်သွယ်စကားပြောခြင်း၊ စာချုပ်ချုပ်ဆိုခြင်းများ မရှိခဲ့ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်သည်။ ထိုစာအတုသည် ချင်းအမျိုးသားတပ်ဦး၏ ဂုဏ်သိက္ခာကို ကျဆင်းရန် ရည်ရွယ်ချက် ရှိရှိ လုပ်ကြံရေးသားခြင်းသာ ဖြစ်ပြီး အသက် ပေးစွန့်လွှတ်ခဲ့ကြသော တော်လှန်ရေး ရဲဘော်များကို လေးစားသောအားဖြင့် နောင်နောက်တွင်…

Read More

(004SS) ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ လူငယ်များသည် ကျန်းမာရေးနှင့်အခြားသောအရေးပေါ်ကိစ္စရပ်တစ်ခုခုကလွဲ၍ ဟားခါးမြို့နယ်ပြင်ပသို့ထွက်ခွါခွင့်မပြုဘဲ အကယ်၍မြို့နယ်ပြင်ပထွက်ခွါသူများအနေဖြင့် ပြန်လာခြင်းမရှိပါက တော်လှန် ရေးကာလအလွန်တွင်လည်း ဟားခါးမြို့သို့ဝင်ရောက်ခွင့်ပြုတော့မည်မဟုတ်ကြောင်း CDF-Hakha က ပြော သည်။ CDF-Hakha ၏ ပြောရေးဆိုခွင့်ရှိသူက “ကျွန်တော်တို့ ဟားခါးမြို့သိမ်းဖို့ အစီအစဉ်ရှိတော့ ဒီဟာမပြီးမချင်းလူငယ်တွေ အပြင်ထွက်ခွင့်ကို ပိတ်တာဖြစ်တယ်။ နောက်အိန္ဒိယရောက်နေတဲ့သူတွေ၊ ပြည်တွင်းက မြို့နယ်ပြင်ပရောက်နေတဲ့သူတွေ ဇူလိုင်လ မကုန်ခင် အားလုံး ပြန်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ အခုတော်လှန်ရေး ကာလအတွင်းဖြစ်ဖြစ်၊ အခုတာမြစ်ထားတဲ့ အချိန်တွင်းဖြစ်ဖြစ် ပြင်ပထွက်ခွာပြီး ပြန်မလာတဲ့သူကို ဟားခါးမြို့သိမ်းပြီးရင် ပြန်ဝင်ခွင့် ပိတ်မှာဖြစ်တယ်” ဟု ပြောသည်။ CDF-Hakha အနေဖြင့် ဟားခါးမြို့နယ်ပြင်ပထွက်ခွါခွင့်ကို ချွင်းချက်အနေဖြင့် နာတာရှည်ရောဂါသည်များ၊ ဆေးကုသရန် လိုအပ်သောသူများ သို့မဟုတ် မိသားစုဆိုင်ရာ အရေးကိစ္စများအတွက်သာ ခွင့်ပြထားပြီး ယင်းအတွက် ဆရာဝန်၏ ထောက်ခံစာ သို့မဟုတ် သက်ဆိုင်ရာ ရပ်/ကျေး၏ အတည်ပြုချက်နှင့် ခရီးသွားသူအတွက် အာမခံပေးမည့်သူ တစ်ဦးလို အပ်မှာဖြစ်သည်ဟု ဆိုသည်။ အဆိုပါထောက်ခံချက်များပြည့်စုံ၍ ဟားခါးမြို့နယ်ပြင်ပသို့ ထွက်ခွါခွင့်ပြုသူသည် သတ်မှတ်ကာလအတွင်း ပြန်မလာပါက အာမခံပေးသူအား အရေးယူခံရမည်ဟု CDF-Hakha က ဇူလိုင် ၁၆ ရက်နေ့က ထုတ်ပြန်သည်။ အလားတူ စစ်ကောင်စီနှင့် ပတ်သက်မှုမရှိသော အဖွဲ့အစည်းများဖြစ်သည့် အသင်းတော်၊ NGO နှင့် အခြားအဖွဲ့ အစည်းများ မှ တာဝန်ဖြင့် ခရီးထွက်သူများကို သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထောက်ခံစာနှင့် ခရီးသွားလာခြင်းအကြောင်းအရင်းကို ရှင်းလင်းစွာ ဖော်ပြမည်ဆိုပါက ခွင့်ပြုမည်ဖြစ်ကာ ဟားခါးသို့ ပြန်လာရမည်ဟု ဆိုသည်။…

Read More

ယောနယ်က ပဋိပက္ခကို ချင်းလက်နက်ကိုင်အဖွဲ့များ ပါဝင်ပတ်သက်ခြင်းမပြုရန် မကွေးဖက်ဒရယ်ယူနစ်မှ တာဝန်ရှိသူသတိပေး (006SV) မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း Generation Z Army (GZA) ထိပ်ပိုင်းခေါင်းဆောင်များနှင့် Yaw Defense Force (YDF) ရဲဘော်များ လုပ်ကြံပစ်ခတ်ခြင်း ခံရမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ချင်းညီနောင် (CB) က ကြေညာသည်။ ယင်းလုပ်ကြံမှုတွင် ပါဝင်ပတ်သက်မှု ရှိသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ချင်းညီနောင်အနေဖြင့် ပြင်းပြင်း ထန်ထန်ရှုတ်ချကြောင်း ဇူလိုင်လ ၁၇ ရက်တွင် ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည်။ ဘုံရန်သူ စစ်ကောင်စီကို တော်လှန်တိုက်ထုတ်ရမည့်အချိန်တွင် ယခုကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ စစ်ဦးစီးချုပ်အဆင့် နှင့် ခေါင်းဆောင်ပိုင်းများကို ပစ်ခတ်လုပ်ကြံမှုသည် တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေသည်ဟု ချင်းညီနောင်က ဆိုသည်။ ယင်းအမှုမှန်ပေါ်ပေါက်ရေးအတွက် ချင်းညီနောင်အနေဖြင့် အိမ်နီးချင်း မဟာမိတ်များဖြစ်သည့် GZA နှင့် YDF နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အသိပေးထုတ်ပြန်သည်။ စစ်ရေးမဟာမိတ်ခေါင်းစဉ်အောက်တွင် စစ်ကောင်စီကို တိုက်သည့် ကိစ္စသာမဟုတ်ဘဲ ဒေသအချင်းချင်း ကျော်လွန်စွက်ဖက်မှု များနှင့် မကွေးဖက်ဒရယ်ယူနစ်အတွင်း ယောနယ်မှာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခကို ချင်းပြည်က လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအနေဖြင့် မည်သည့်အဖွဲ့ဘက်မှ ပါဝင်ပါတ်သက်ခြင်း မပြုုလုပ်ရန် ဒေါက်တာရဲထွန်းဇော်က ၎င်း၏ လူမှုကွန်ရက်မှတဆင့် ပြောဆိုထားသည်။ “ချင်းပြည်မှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်အချင်းချင်းကြားက ပဋိပက္ခကို ချင်းပြည် တော်လှန်ရေး၊ နိုင်ငံရေး ခေါင်းဆောင်များရဲ့ ဉာဏ်အမျှော်အမြင်ကြီးမားမှု ၊ အချင်းချင်းကြား ညှိနှိုင်းဆွေးနွေးမှုများနဲ့ သာ အဓိက ဖြေရှင်းကြရမှာပါ။…

Read More

(006SV) ချင်းပြည်နယ်၊ မရာဒေသတွင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ် (MTC/ MDF) နှင့် မဟာမိတ်တပ်များသည် IMC/ CDF – မရာ ဌာနချုပ်ကို သိမ်းနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။ ယမန်နေ့ ဇူလိုင်လ ၁၆ ရက်အထိ MTC/ MDF နှင့် အာရက္ခတပ်တော် ULA/ AA ပူးပေါင်းတပ်ဖွဲ့သည် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရာ IMC/ CDF – မရာ ဌာနချုပ် မကျစေရေးအတွက် ပြည်သူများနှင့် ပူးပေါင်းပြီး ရရာလက်နက်များဖြင့် ခုခံကာကွယ်လျက်ရှိသည်ဟု IMC/ CDF – မရာက ဇူလိုင်လ ၁၆ ရက်မှာ ထုတ်ပြန်သည်။ CDF – မရာဌာနချုပ်ကို သိမ်းပိုက်နိုင်ရန်နှင့် ချင်းပြည်မြောက်ပိုင်းသို့ ထိုးစစ်ဆင်ရန် လမ်းကြောင်း ဖောက်ထွင်းနိုင်ရေး ရည်ရွယ်၍ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု IMC/ CDF – မရာထံမှ သိရသည်။ MDF နှင့် ULA/ AA တပ်ဖွဲ့များသည် မူလယာယီစခန်းဖြစ်သော အောက် လာအိုကျေးရွာမှ အင်အားအလုံးအရင်းဖြင့် တက်လာပြီး ဇူလိုင်လ ၃ ရက်တွင် အထက်လာအိုကျေးရွာအနီးရှိ CDF – မရာစခန်းနှင့် ၁ မိုင်ခန့်အထိ စစ်ကြောင်းထိုးလာသည်ဟု သိရသည်။ MDF နှင့် ပူးပေါင်းတပ်ဖွဲ့သည် IMC/ CDF – မရာ ဌာနချုပ် ဧရိယာသို့ အင်အား ၂၀၀ ခန့်ကို စစ်ကြောင်း ၃ ကြောင်းဖြင့်…

Read More

(005MK) အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးခတ်မည့်စီမံကိန်းနှင့်ပတ်သက်၍ နယ်စပ်ဒေသတစ်လျှောက် စစ်တမ်းကောက်ယူရေးဆောင်ရွက်ရန် မီဇိုရမ်ပြည်အာဏာပိုင်များနှင့် နယ်စပ်လမ်းများအဖွဲ့ (BRO)၊ အာသံရိုင်ဖယ်တပ်ဖွဲ့များ စတင် ဆွေးနွေးနေကြပြီဟုသိရသည်။ မီဇိုရမ်ပြည်နယ် Hnahthial ခရိုင်အုပ်ချုပ်ရေးမှူး K.Vanlalruati ဦးဆောင်မှု ဖြင့် Border Roads Organisation (BRO)၊ Assam Rifles နဲ့ ရဲတပ်ဖွဲ့အရာရှိတို့သည် ဇူလိုင် ၁၅ ရက်နေ့က အစည်းအဝေးတရပ်ကျင်းပကာ နယ်စပ်ဒေသ စစ်တမ်းကောက်ယူရေးဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်အွန်လိုင်းသတင်းဌာန Bengvarna ကဖော်ပြသည်။ ယင်းအစည်းအဝေးတွင် Hnahthial ခရိုင် နှင့် မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်မည်ဆိုပါက နယ်စပ်တစ်လျှောက် အနေအထားများ သိရှိနိုင်ရန် ကွင်းဆင်းလေ့လာမှု၊ စစ်တမ်းကောက်ယူမှုများ လိုအပ်မည်ဟု ဆွေးနွေးခဲ့ကြသည်။ Hnahthial နှင့် မြန်မာနယ်စပ်တစ်လျှောက်တွင် ဝင်ထွက်ပေါက်(Entry-Exit point) တစ်ခုသာ Thingsai ကျေးရွာမှာ တည်ရှိပြီး နယ်စပ်ခြံစည်းရိုးကို အမှန်တကယ်ခတ်ရန်လိုအပ်မှုရှိမရှိ သိရှိနိုင်ရေးနှင့် ဒေသခံပြည်သူများ၏ သဘောထားများသိရှိနိုင်ရေးအတွက် စစ်တမ်းများကောက်ယူသွားမည်ဟု သိရသည်။ ပဏာမစစ်တမ်းကောက်ယူမှုများကို Thingsai ကျေးရွာတွင် ကနဦးစတင်ရန်စီစဉ်ထားကြပြီး ယင်းအတွက် ခရိုင်အုပ်ချုပ်ရေးရုံး၊ BRO၊ အာသံရိုင်ဖယ်နှင့် ရဲတပ်ဖွဲ့ရုံးမှ တစ်ဦးစီးပါဝင်မည်ဟု ဆိုသည်။ ပဏာမစစ်တမ်း ကောက်ယူပြီးသွားပါက BRO အဖွဲ့က ပုံမှန်စစ်တမ်းကောက်ယူမှု ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး မြန်မာနှင့် ထိစပ်နေသော Hnahthial ခရိုင်ထဲက ကျေးရွာများအားလုံးကို စစ်တမ်းကောက်ယူမည်ဟု ဖော်ပြထားသည်။ မြန်မာနှင့် မီဇိုရမ်ပြည်နယ် နယ်စပ်တစ်လျှောက်မှာ ဝင်ထွက်ပေါက် (Entry-Exit point) နေရာ ၁၄ ခုရှိပြီး Hnahthial ခရိုင်ထဲတွင် တစ်ခုတည်းသာရှိသည်ဟု…

Read More

(005MK) စစ်ရေးပဋိက္ခကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများ ၏ ဇီဝအချက်အလက်မှတ်တမ်းကောက်ယူမှုကို ယခုဇူလိုင်လကုန်ပိုင်းတွင် စတင်မည်ဟုသိရပြီး ယင်းအတွက် ရူပီးငွေ ၃၈ သိန်းကို လတ်တလောလျာထားသည်ဟု သိရသည်။ မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတချို့၏ ပြောဆိုချက်အရ ဇီဝအချက်အလက်ကောက်ယူနိုင်ရေးအတွက် လိုအပ်သောပစ္စည်းကိရိယာများနှင့် လုပ်ဆောင်ရမည့်အရာများမပြီးပြတ်သေးသည့်အတွက် အလျင်စလိုစတင်၍မရနိုင်ဘဲ ဗဟိုအစိုးရဘက်ကတော့ ဇီဝအချက်အလက်မှတ်တမ်းကောက်ယူမှုကို အွန်လိုင်းဖြင့်ဆောင်ရွက်ရန်ညွန်းကြားလာခြင်းကြောင့် အင်တာနက်ဝန်ဆောင် မှုကောင်းမွန်သော နေရာဒေသများတွင် ဦးစားပေးဆောင်ရွက်သွားမည်ဟု ဒေသတွင်းသတင်းဌာနတွေကဖော်ပြကြပါတယ်။ တချိန်တည်းမှာပဲ မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်အများစုနေထိုင်ကြသည့်နေရာဒေသသည် အင်တာနက်ဝန်ဆောင်မှု အားနည်းသည့်ဒေသများဖြစ်သည့်အတွက် အခက်အခဲများကြုံတွေ့လာနိုင်ပြီး အင်တာနက်ကောင်းမွန်သည့်နေရာများ ကို ဦးစားပေးဆောင်ရွက်ကာ အင်တာနက်မရှိသည့်နေရာများမှာလည်း အော့ဖ်လိုင်းဖြင့်မှတ်တမ်းများကောက်ယူရဖွယ် ရှိနေသည်ဟု ဖော်ပြထားသည်။ “မြန်မာစစ်ရှောင်တွေ ဇီဝအချက်အလက်ကောက်ယူဖို့ ကွန်ပျူတာ၊ ဝဘ်ကင်မရာ နဲ့ အခြားကိရိယာတွေဝယ်ဖို့လိုမယ်၊ ကုန်ကျစရိတ်က ဗဟိုအစိုးရဘက်က ကုန်ကျမယ်ဆိုပေမယ့်လည်း ဗဟိုအစိုးရဘက်က တွန်းအားပေးလာပြီဖြစ်တာကြောင့် ပြည်နယ်အစိုးရဘတ်ဂျက်ထဲကနေ လောလောဆယ်ထုတ်သုံးပြီး လုပ်ငန်းစတင်ဖို့ဖြစ်ပါတယ်၊ လတ်တလော ဘတ်ဂျက်လျာထားချက် ရူပီး ၃၈ သိန်းနဲ့တော့ လောက်ငှမှာမဟုတ်ဘူး ဒါကြောင့်အစိုးရဘက်ကလည်း ထပ်မံစဉ်းစား လာမယ်လို့ယူဆရပါတယ်” လို့ မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အိန္ဒိယဗဟိုအစိုးရသည် မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်မှတ်တမ်းများကောက်ယူ ရန် ယခင် MNF အစိုးရလက်ထက်ကတည်းက ဖိအားပေးခဲ့ပေမယ့် မီဇိုရမ်အစိုးရက အကြောင်းအမျိုးမျိုးပြ၍ ငြင်းဆိုခဲ့သည်။ မီဇိုရမ်ပြည်နယ်မှာ ZPM အစိုးရတက်လာသည့်နောက်ပိုင်းတွင်လည်း အိန္ဒိယဗဟိုအစိုးရက မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်မှတ်တမ်းကောက်ယူရန် ထပ်မံဖိအားပေးခဲ့ပြီး လက်ရှိအစိုးရက လွန်ဆန်၍မရသည့်အဆုံးတွင် မြန်မာစစ်ဘေးရှောင်များအား ဇီဝအချက်အလက်ကောက်ယူရာမှာ အသုံးပြုမည့် နည်းစနစ်သည် စစ်ဘေးရှောင်များ အတွက် လုံခြုံမှုအာမခံချက်မရှိသောကြောင့် မှတ်တမ်းကောက်ယူမည့်ပုံစံအသစ်ဖန်တီးပေးရန်တောင်းဆိုခဲ့သည်။…

Read More