Author: Editor

(005MK) မီဇိုရမ်ပြည်နယ်တွင် ဝင်ရောက်ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်မှတ်တမ်း ကောက်ယူမည့်အစီစဉ်ကို မကြာခင်စတင်နိုင်ဖွယ်ရှိသည်ဟု သိရသည်။ မြန်မာစစ်ဘေးရှောင်များ ဇီဝသွင်ပြင်အချက်အလက်မှတ်တမ်းကောက်ယူမည့်အစီစဉ်နှင့်ပတ်သက်၍ မီဇိုရမ်ပြည်ထဲ ရေးဝန်ကြီးဌာန နှင့် အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူများသည် မေလ ၁၆ ရက်နေ့က အွန်လိုင်း ကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းဆွေးနွေးပွဲတွင် ယခင်ကတည်းက လုပ်ဆောင်ရန်စီစဉ်ထားသော စစ်ဘေးရှောင်များဇီဝအချက်အလက်ကောက်ယူ ရေးကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရန် နှင့် အမြန်ဆုံးစတင်နိုင်ဖွယ်ရှိသည်ဟု All India Radio News က ဖော်ပြပါတယ်။ အိန္ဒိယဗဟိုအစိုးရသည် မြန်မာစစ်ဘေးရှောင်များအား ဇီဝအချက်အလက်ကောက်ယူရေးကို ယခင်မီဇိုရမ်အစိုးရ လက် ထက်ကတည်းက လုပ်ဆောင်ရန်စီစဉ်ခဲ့သော်လည်း ပူးဇိုးရမ်းထန်းငါဦးဆောင်တဲ့ Mizo National Front (MNF) အစိုးရက ကန့်ကွက်ခဲ့သည်။ မီဇိုရမ်ပြည်နယ်တွင် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာ ဦးဆောင်သော Zoram People Movement (ZPM) အစိုးရ တက်လာသည့်နောက်ပိုင်းတွင် ထိုအစီစဉ်ကို ပြန်လည်စတင်ရန်ဆောင်ရွက်ခဲ့ပြီး ဇီဝအချက်အလက်များကောက်ရန် အသုံးပြုမည့် နည်းပညာ (Online Portal) သည် တရားမဝင်နိုင်ငံခြားသားများ နေရပ်ပြန်ပို့သည့် Portal ဖြစ်နေသည့် အတွက် အခြားသောနည်းပညာအသုံးပြုရန် မီဇိုရမ်အစိုးရက ပြန်လည်တိုက်တွန်းခဲ့သည်။ ယခုအခါ အိန္ဒိယဗဟိုအစိုးရဘက်က ဇီဝအချက်အလက်များကောက်ယူရာတွင် အသုံးပြုမည့် Portal ကို ပြန်လည်ပြင် ဆင်ပြီး အသုံးပြုရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည့်အတွက် အမြန်ဆုံးစတင်လာဖွယ်ရှိသည်ဟု မီဇိုရမ်ပြည်ထဲရေးဝန် ကြီးဌာနတာဝန်ရှိသူများကပြောသည်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်းတွင် မြန်မာနိုင်ငံသား အထူး သဖြင့် ချင်းလူမျိုးများသည် မီဇိုရမ်ပြည်နယ်သို့…

Read More

(004SS) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာတွင် သိက္ခာတော်ရ ပါစတာတစ်ဦးကို အရက္ခတပ်တော် (AA) အရာရှိတစ်ဦးမှ အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့ည‌ ၈ နာရီဝန်းကျင်တွင် သိက္ခာတော်ရ ပါစတာ ဦးလိုဒိန်းသည် ဘုရားကျောင်းမှ ဝတ်ပြုပြီးအပြန်လမ်းတွင် အာရက္ခတပ်တော် (AA) တပ်သား ၁ ဦးမှ ဗိုလ်ကြီးကခေါ်ခိုင်းသည်ဟုဆိုကာ ၎င်းတို့စခန်းသို့ ခေါ်ဆောင်ကာ ရိုက်နှက်ခံရခြင်းဖြစ်သည်ဟု ပါစတာ ဦးလိုဒိန်းက ပြောသည်။ “ကျွန်တော်ရိုက်နှက်ခံရတဲ့‌နေ့က ဧပြီလ ၁၇ ရက်နေ့ညမှာပါ ဘုရားဝတ်ပြုပြီးပြန်လာတာ ရွာလယ်ရောက်တော့ AA တပ်သားတစ်ယောက်က ဗိုလ်ကြီးကတွေ့ချင်တယ်ပြောပြီး လာခေါ်တာ ကျွန်တော်လဲ လိုက်သွားတယ်။ စခန်းရောက်တော့ ခဏ‌ေစာင့်ခိုင်းပြီး သူတို့ဗိုလ်ကြီးပေါ့ တပ်ရင်းမှူးလို့ခေါ်ကြတယ်၊ သူဆင်းလာပြီးတော့ ဘာမှလဲမပြောတော့ဘူးလေ၊ တစ်ခါတည်း‌ကျွန်တော့ကို သူရဲ့ပစ္စတိုထုတ်ပြီးတော့မှ ကျည်ထိုးပြီးတော့ ကျွန်တော့်ကို ပစ်ဖို့ပေါ့လုပ်နေတာ ဒါပေမဲ့ ပစ်တော့ မပစ်ဘူးပေါ့။ ကျွန်တော့်ကို ထိုင်ခုံအပျက်ပေါ်မှာထိုင်ခိုင်းတယ်။ ထိုးတယ်၊‌ကန်တယ်၊ဆဲတယ်။ ငါ့အကြောင်း သိလား၊ ကြောက်ပြီလား၊ မကြောက်သေးဘူးလားပြောရင်းနဲ့ လက်သီးနဲ့ထိုးတယ်။ ကျွန်တော်မခံနိုင်လို့လဲကျရင်လဲသူတို့ ၃၊၄ ယောက်ကပြန်ထူပေးပြီးရင် ပြန်ထိုး၊ ကျွန်တော်လဲ ဘာမှ မလှုပ်နိုင်တော့ အဲလိုနဲ့ သူကျေနပ်တဲ့အထိထိုးတာပေါ့၊ ပြန်မထနိုင်တော့မှ တပ်သားနှစ်ယောက်က အိမ်ပြန်ပို့ပေးတယ်။ ဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာ ကျွန်တော်နား မလည်နိုင်ဘူး။ အကြောင်းမဲ့သက်သက် ကျွန်တော့်ကို စော်ကားတာ” ဟု သိက္ခာတော်ရဆရာ ဦးလိုဒိန်းက ခိုနူမ်းသုန်သတင်းဌာနကိုပြောပြသည်။ တပ်ရင်းမှူးခေါ်၊ AA ဗိုလ်ကြီးက ဆရာလိုဒိန်းကို ည ၈ နာရီ ၁၅ ဝန်းကျင်မှ…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ ထဲက ကျေးရွာများကို စစ်ကောင်စီက ၂ ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ မေလ ၁၆ ရက် နံနက် ၉ နာရီ ခွဲခန့်တွင် မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၁ ထဲက ကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီသည် လေကြောင်းမှ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု မင်းတပ်မြို့ဒေသခံထံမှ သိရသည်။ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ မင်းတပ်မြို့ပအဖထံ ဆက်သွယ်မေးမြန်းသော်လည်း မရသေးပါ။ ယနေ့လေကြောင်းထပ်မံတိုက်ခိုက်ခံရသော ကျေးရွာသည် ယမန်နေ့ မေလ ၁၅ ရက်က တိုက်ခိုက်ခံရသော ကျေးရွာမဟုတ်ကြောင်း ဒေသခံတချို့က ပြောသည်။ ယမန်နေ့က တိုက်နယ် ၁ ထဲက ကျေးရွာ တစ်ရွာကို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။ ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကျောင်းသား ၁ ဦး၊ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ၁၁ ဦး ထိခိုဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ကျေးရွာ စာသင်ကျောင်း အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပြီး ကျေးရွာအိမ်ခြေ ၄၂ အိမ် ထိခိုက်ပျက်စီးကာ တချို့အိမ်များမှာ မီးလောင်ပြကျသည်ဟု သိရသည်။ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလမှ…

Read More

(006SV) ချင်းတော်လှန်ရေး အင်အားစု ချင်းညီနောင်အဖွဲ့ကို ဖွဲ့စည်းပြီး တနှစ်ကျော်အကြာမှာ ဧပြီလကုန်ပိုင်းက ချင်းပြည်နယ်ရဲ့ လွတ် မြောက်နယ်မြေ တနေရာမှာ ချင်းညီနောင်အဖွဲ့ဝင်ခေါင်းဆောင်တွေ မြေပြင်ဆွေးနွေးမှုတရပ်ကို ကျင်းပပြီး အနာဂါတ် စစ်ရေး၊ နိုင်ငံရေး အပါအဝင် ကျယ်ပြန့်တဲ့ သဘောတူဆုံးဖြတ်ချက်အသစ်တွေကို မေလ ၁၁ ရက်မှာ တရားဝင်ကြေညာပါတယ်။ စစ်ရေးမှာ ချင်းပြည်နဲ့ ချင်းတမျိုးသားလုံးကို ကာကွယ်ပေးမယ့် One Army ဖြစ်စေမယ့်တပ်မတော်တစ်ရပ် (Standard Army) ဖွဲ့စည်းဖို့ အခြေခံမှုတွေ ချမှတ်ခဲ့သလို နိုင်ငံရေးမှာလည်း ICNCC လမ်းကြောင်းကနေ ချင်းအစိုးရဖွဲ့စည်းနိုင်ရေး ချင်းချာတာကို ပြန်သုံးသပ်နေပြီဖြစ်ပါတယ်။ ပြည်တွင်းပြည်ပမဟာမိတ်ဆက်ဆံရေးအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး စတဲ့ မူဝါဒတွေ ရေးဆွဲဖို့ အခြေခံ သဘောတူညီချက်တွေလည်း ချမှတ်နိုင်ခဲ့ပြီလို့ ချင်းညီနောင်က ကြေညာပါတယ်။ ချင်းညီနောင်အဖွဲ့ထဲမှာ CDF – Mindat ၊ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF၊ PDF – Zoland ၊ CDF – Matupi ၊ CDF – Kanpetlet နှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF တို့ ပါဝင်ပါတယ်။ ချင်းညီနောင်ရဲ့ အနာဂါတ်မှာ လုပ်ဆောင်မယ့် အကြောင်းချင်းရာတွေနဲ့ ပတ်သက်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF နဲ့ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး – ချင်းညီနောင်အဖွဲ့ဝင်တွေ ပေါင်းပြီးတော့ ချင်းပြည်နဲ့ ချင်းတမျိုးသားလုံးကို အကာအကွယ်ပေးနိုင်တဲ့ တပ်မတော် တစ်ရပ်ကို တိုးမြှင့်…

Read More

မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁) အတွင်းရှိ ကျေးရွာတစ်ရွာကို ယနေ့ နံနက် ၉:၃၀ ဝန်းကျင်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားရာမှာ အသက် (၁၃) နှစ်အရွယ်ကျောင်းသားတစ်ဦးနှင့် အသက် (၄၀) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်သည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာစာသင်ကျောင်းလည်း အကြီးအကျယ် ထိခိုက်ပျက်စီးသည့်အပြင် အိမ်ခြေ ၄၀ ကျော်ထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်။ သေဆုံးသူမိသားစုဝင်များ၊ ထိခိုက်ဒဏ်ရာရသူများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် မြေပြင်တွင် သွားရောက် ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ မင်းတပ်မြို့နယ်အတွင်း (မြို့သိမ်းတိုက်ပွဲနောက်ပိုင်း ၂၀၂၅ ဖေဖော်ဝါရီမှ မေလအတွင်း) စစ်ကောင်စီက (၁၃) ကြိမ် တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးကြဲဒဏ်ခံရသော ပြည်သူများအနေဖြင့် လူသားချင်းစာနာ ထောက်ပံ့မှုများ လိုအပ်လျက်ရှိပါသည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်သည်။

Read More

(004SS) ဖလမ်းမြို့သိမ်းစစ်ဆင်ရေး ၅ လအတွင်းမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု နှင့် မြေပြင်တိုက်ပွဲများကြောင့် ဖလမ်းမြို့ပေါ်က ဘုရားကျောင်းအပါအဝင် ပြည်သူနေအိမ် နှင့် အစိုးရအဆောက်အအုံပေါင်း ၅၀၀ ခန့် ပျက်စီးခဲ့ရကြောင်း CNO/CNDF တာဝန်ရှိသူကပြောသည်။ “ကျွန်တော်တို့ ဖလမ်းမြို့က ပျက်စီးသွားတဲ့ နေအိမ်တွေက ဂျက်ဖိုက်တာနဲ့ပစ်လို့ လုံးလုံးလျားလျား ပျက်စီးတာ၊ ပြင်လို့ မရတာ ၆၈ လုံးရှိတယ်။ တခြားပြင်လို့ရတဲ့ဟာ Y-12 ကနေပစ်လို့ ခေါင်မိုးပျက်စီးတာမျိုးက ၂၁၇ လုံးရှိပါတယ်။ ကျန်တဲ့ ဟာတွေကတော့ အစိုးရအဆောက်အအုံတွေပါ။ နောက် ဘုရားကျောင်းက ၁၀ ကျောင်း ပျက်စီးတယ်။ အစိုးရ အဆောက်အအုံတွေနဲ့ ဆိုရင် အကုန်လုံးပျက်စီးတာက ၄၀၀ ကျော် ၅၀၀ ကြားလောက် ပျက်စီးသွားပါတယ်” ဟု CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။ နေအိမ်ပျက်စီးမှု အများဆုံးမှာ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့်ဖြစ်ပြီး မီးလောင်ဗုံးပစ်ခတ်မှုကြောင့်လည်း နေအိမ်များ မီးလောင်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။ “ပျက်စီးသွားတဲ့အရာက အထူးသဖြင့် လေကြောင်းကနေအများဆုံးဖြစ်မယ်။ နောက်ပြီးတော့ အဲလိုလေကြောင်းပစ်တော့ တစ်ခါတစ်လေ ဂက်စ်တွေ ပေါက်ပြီးတော့ မီးလောင်သွားတာတွေ ရှိတယ်။ တစ်ချို့က မီးလောင်ဗုံးကြောင့် အိမ်မီးလောင် သွားတာတွေရှိတယ်။ နောက်ပြီးလို့ရှိရင် Y- 12 နဲ့ ၆၀ မမ တခါတလေ ၁၂၂ တွေနဲ့ ချတဲ့အခါကျတော့ အဲဒါတွေကြောင့် ပျက်စီးသွားတဲ့ဟာတွေပါ” ဟု ဆလိုင်းတီမီက ပြောသည်။ လက်ရှိတွင် မိဘပြည်သူများ နေရပ်ပြန်လာနိုင်ရန် မြို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ထဲက ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု မင်းတပ်ဒေသခံထံမှ သိရသည်။ ယနေ့ မေလ ၁၅ ရက် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် -၁ ထဲက ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့သက်သက်ဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။ “အမှတ် ၁ ဘက်မှာ ရှိတဲ့ ရွာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကြားသိရပါတယ်။ သေဆုံးသူက ၃ ဦး၊ ၁၀ ဝန်းကျင်း ထိခိုက်ဒဏ်ရာရရှိတယ်။ လောလောဆယ်က အကုန်အတည်မပြုနိုင်သေးတော့ အသေးစိတ်ဖြေဖို့ အဆင်မပြေသေးပါဘူး” ဟု မင်းတပ်ဒေသခံက ပြောသည်။ သေဆုံးသူများမှာ ၆ တန်အရွယ် ကလေးငယ် ၁ ဦး၊ ကလေး၏ အမေဖြစ်သည့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးနှင့် လူငယ်အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့သည်ဟု သိရသည်။ ဗုံးဒဏ်ကြောင့် လူနေအိမ် ၁၀ လုံးကျော်လည်း ထိခိုက်ပျက်စီးခဲ့ပြီး တချို့အိမ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ မေလ ၉ ရက်ကလည်း မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ…

Read More

(004SS) ၅ လကြာဆင်နွှဲခဲ့သော ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း မိဘပြည်သူများ၏ အိုးအိမ် စည်းစိမ်များအားလုံး လုံခြုံအောင် ကာကွယ်စောင့်လျှောက်မပေးနိုင်သည့်အပေါ် လွန်စွာစိတ်မကောင်းဖြစ်ရပြီး မိဘပြည်သူများအား ဘုရားနာမတော်အားဖြင့် အနူးအညွှတ်တောင်းပန်‌ကြောင်း CNO/CNDF က ယနေ့တွင် ထုတ်ပြန်သည်။ CNO/CNDF အနေဖြင့် ဗန်‌ကာအိုးတောင်ရှိ ခလရ ၂၆၈ တပ်ကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေးကိုသာ ဦးစားပေးကာ စိတ်နစ်ခဲ့ရသောကြောင့် စစ်ဆင်ရေးကာလ ၅ လအတွင်း မြို့ထဲ ကင်းစောင့်အဖွဲ့ထားရှိသော်လည်း ပြည်သူပိုင် အိုးအိမ် စည်းစိမ်များကို လုံခြုံစွာ ကာကွယ်စောင့်လျှောက်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း CNO/CNDF က ဆိုသည်။ ပြည်တွင်း၊ ပြည်ပရှိ မိဘပြည်သူများ၏ စည်းလုံးမှု၊ တော်လှန်ရေးသမားများ၏ မဆုတ်မနစ်ဘဲ ရှေ့သို့ချီတက်ကာ ကြိုးစား အားထုတ်မှုနှင့် အားလုံး၏ ဆုတောင်းပေးမှုကြောင့် ဖလမ်းမြို့ကို စစ်ကောင်စီထံမှ ပြန်လည် သိမ်းပိုက်ရယူနိူင်ခဲ့ပြီဖြစ်သော် လည်း ဖလမ်းမြို့ပေါ်ရှိ နေအိမ်များ၊ ဘုရားကျောင်းများ အချို့ ပျက်စီးမှုအပေါ် မှာလည်း လွန်စွာ စိတ်မကောင်းဖြစ်၍ ဝမ်းနည်းကြောင်းလည်း ဖော်ပြထားသည်။ CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက “ကျွန်တော်တို့ စစ်ဆင်ရေး ၅ လလောက် လုပ်တဲ့အခါမှာ ကျွန်တော်တို့ဘက်ကနေတော့ အတတ်နိုင်ဆုံး မိဘပြည်သူရဲ့ အိမ်၊ ယာတွေကိုကာကွယ်စောင့်လျှောက်ဖို့တာဝန်ရှိတယ်။ ဒါပေမဲ့ ဂျက်ဖိုက်တာတို့ Y 12 တို့ကနေ ပစ်ပြီးတော့ ပျက်စီးတဲ့ အိမ်တွေရှိတယ်။ ဒီဟာတွေကို ကျွန်တော်တို့ အားလုံးမကာကွယ်နိုင်တဲ့အခြေအနေရှိတာပေါ့။ နောက်ပြီး တော့ ကျွန်တော်တို့ မြို့တွင်းစစ်ဆင်ရေးလုပ်တဲ့အခါမှာ ကျွန်တော်တို့ ရဲဘော်တွေက အိမ်ရှင်ခွင့်ပြုချက်မရှိဘဲနဲ့ ပစ္စည်း ယူသုံးတာတွေရှိတာပေါ့လေ၊ အဲဒါတွေကြောင့်ခုလိုထုတ်ပြန်ရတာဖြစ်ပါတယ်”…

Read More

(004SS) ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်တွင် CDF-Tonzang က စစ်သင်သန်းတက်ရောက်ရန် အိမ်တိုင်ရာရောက် အတင်းအဓ္မ ခေါ်ယူနေသည့်အတွက် စစ်သင်တန်းမတက်လိုသော လူငယ်အများအပြား ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။ တွန်းဇန်မြို့နယ်တွင် CDF-Tonzang နှင့် ZRA တို့ မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အသက် ၁၈ နှစ်အထက် အမျိုးသားများကို မဖြစ်မနေ တစ်အိမ်တစ်ယောက်နှုန်းဖြင့် အခြေခံစစ်သင်တန်း တက်ရောက်ခိုင်းခြင်းဖြစ်သည်ဟု တွန်းဇန်မြို့ဒေသခံတစ်ဦးကပြောသည်။ “CDF-Tonzang က တွန်ဇံမြို့ပေါ်နဲ့ အနီးက ရွာတွေပေါ့၊ သူတို့ ထိန်းချုပ်တဲ့ဒေသက သူတို့တက်သင့်တယ်ထင်တဲ့ လူငယ်တွေကို စစ်သင်တန်းတက်ဖို့ အတင်းခေါ်ယူနေတယ်။ သူတို့အိမ်အထိသွားပြီးတော့ ခေါ်နေတာပါ။ သူတို့ပြောတာ တော့ ၁၈ နှစ်ပြည့်ပြီးသားသူတွေလို့ပြောတယ် ဒါပေမဲ့ ပြည့်ပြီးသားလူတွေရှိသလို မပြည့်သေးတဲ့သူတွေလဲ ပါတယ်။ အခုထိတော့ အမျိုးသားတွေကိုပဲခေါ်တာပါ။ အမျိုးသမီးတွေ မပါပါဘူး။ လက်ရှိသူတို့က လက်နက်ကိုင်ဆိုတော့ ပြည်သူ တွေက ဘာမှတော့ မပြောကြပေမဲ့ လူငယ်တွေ အများစုကတော့ သူတို့နဲ့ ဝေးရာကို တိမ်းရှောင်နေကြတယ်။ ပုံမှန်ခေါ်တာ ကတော့ ဧပြီလမှာ အခုလို အတင်းခေါ်တာကတော့ ပြီးခဲ့တဲ့အပါတ်ကစပြီးခေါ်တာပါ” ဟု ၎င်းကပြောသည်။ CDF-Tonzang က ပြီးခဲ့သည့် ဧပြီလမှာ အခြေခံစစ်သင်တန်းအပတ်စဉ် ၁ ကို ခေါ်ယူကာ လူငယ်အယောက် ၁၀၀ ခန့်တက်ရောက်ခဲ့ကြပြီး ယခုအခါ အပတ်စဉ် ၂ အတွက် ပြန်လည်ခေါ်ယူခြင်းဖြစ်သည်ဟု သိရသည်။ “လူငယ်တွေ သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့သူတို့ လက်နက်ကိုင်ဖို့ ဝင်လာတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အခုလို အတင်း…

Read More

(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် အရက်သောက်ကာ မူးယစ်ရမ်းကာသည့် မြန်မာနိုင်ငံသား ၇ ဦးကို မီဇိုးလူငယ်အသင်း YMA က ဖမ်းဆီးပြီး ချင်းအမျိုးသားတပ်ဦး CNF/A တပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု သိရသည်။ ကျန်ဖိုင်းမြို့ Dinthar ရပ်ကွက်တွင် စစ်ရှောင်အဖြစ်နေထိုင်သူ Bawineisuma ခေါ် Lalneihchhunga သည် မိမိ ကိုယ်ကို တော်လှန်ရေးတပ်သား ဖြစ်သည်ဟုဆိုကာ ဓားကိုင်ဆောင်ကာ လမ်းမပေါ်ရမ်းကာနေသည့်အတွက် Dinthar ရပ်ကွက် YMA က ဖမ်းဆီးခဲ့သည်ဟု မီဇိုရမ်ဒေသတွင်း သတင်းဌာနမှာ ဖော်ပြထားသည်။ Lalneihchhunga သည် ယခင်ကလည်း စစ်ဝတ်စုံများဝတ်ဆင်လေ့ရှိပြီး YMA က ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့လက်ထဲသို့ အပ်နှံကာ ရဲတပ်ဖွဲ့က ရိခေါဒါရ်မြို့မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF တပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု သတင်းစာက ဆိုသည်။ အလားတူ နယူးကျန်ဖိုင်းရပ်ကွက်တစ်နေရာမှာ အရက်သောက်နေကြသော စစ်ရှောင်ဟုယူဆရသည့် မြန်မာနိုင်ငံသား ၆ ဦး Vanlalrinchhana, Bawiliana, Siangthachung, KD Liana, Vanbawih နှင့် Sangbawithang တို့ကိုလည်း YMA က ဖမ်းဆီးခဲ့ပြီးနောက် ချင်းအမျိုးသားတပ်ဦး CNF ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု မီဇိုရမ်သတင်းစာတွင် ဖော်ပြထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အဆိုပါဖြစ်စဉ်မှာ မှန်ကန် ကြောင်း စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ အရေးယူဆောင်ရွက်မှုများဆက်လုပ်သွားမည်ဟု ပြောဆိုသည်။

Read More