Author: Editor

(002MG)စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းဒေသကို အဓိက ဆက်သွယ်ထားသည့် ကလေး- သိုင်းငင်း ကားလမ်းမကြီးအား ဇူလိုင် (၁၇) ရက်မှ စတင်ပြီးပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း CDF- CDM Siyin ထုတ်ပြန်ထားသည်။စစ်ရေးကြောင့် (၁) လကျော်ပိတ်ထားသည့် ကလေး- သိုင်းငင်း လမ်းမအား ဇူလိုင် ၁၇ ရက်နေ့မှစပြီး ခရီးသွား ပြည်သူများ ပြန်လည်အသုံးပြုသွားလာနိုင်ပြီ ဖြစ်ကြောင်း ယနေ့ ဇူလိုင် (၁၆) ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ပြီးခဲ့သည့် မေလ (၁၈) ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့မှ ချင်းပြည်နယ်သို့ စစ် ကြောင်း ထိုးလာ သည့်အတွက် ကလေး-သိုင်းငင်း လမ်းမကြီးအား မေလ (၂၀) ရက်နေ့ကစ၍ အတက်အ ဆင်းအားလုံးကို CDF CDM Siyin က ယာယီ ပိတ်ထားခဲ့ခြင်းဖြစ်သည်။မေ (၂၁) ရက် နေ့မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့သည် ကလေး- သိုင်းငင်းလမ်း ပေါ်ရှိ မွှာလ်ပီးကျေးရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင်လ (၅) ရက်တွင် မွှာလ်ပီးကျေးရွာရှိ စစ် ကောင်စီ တပ်စခန်းအား ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့အားလုံးသည် ကလေးမြို့ဘက်သို့ ပြန်လည်ဆုတ်ခွါသွားကြသည်။

Read More

(004SS) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ဟွာလ်ငိုရမ်းဒေသတွင် HPO/CDF-Hualngoram က ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းများ ပြန်လည်ဖော်ဆောင်လျက်ရှိပြီး ရိခေါဒါရ်မြို့မှ စစ်ဘေးရှောင်ပြည်သူများအားလုံး နေရပ်သို့ ပြန်လည်ရောက်ရှိလာကြပြီ ဟု HPO/ CDF-Hualngoram ထံမှ သိရသည်။ “လက်ရှိအခြေအနေကတော့ ငြိမ်သက်တယ်။ ပြည်သူတွေလဲ အကုန် ၁၀၀ မှာ ၁၀၀ ပြန်လာကြပြီ။ သူတို့လုပ်ငန်းကိုင်ငန်း‌ တွေ ပုံမှန်ပြန်လည်ပါတ်နေပြီ။ နောက် ကျွန်တော်တို့ ဒေသန္တရအုပ်ချုပ်ရေး ပညာရေး၊ ကျန်းမာရေးတွေလဲ ပုံမှန်လည်ပါတ် ဖို့ ကျောင်းတွေလဲ ကျွန်တော်တို့ ပြန်ဖွင့်ပြီ။ နောက် ကျနမာရေးဝန်ဆောင်မှုတွေလဲ စတင်လည်ပါတ်‌နေပြီ” ဟု HPO/CDF-Hualngoram မှ တာဝန်ရှိသူက ပြောသည်။ ပညာရေးဝန်ဆောင်မှုများကို ဇူလိုင် ၁၄ ရက်နေ့၊ တနင်္လာနေ့တွင် ပြန်လည်စတင်ခဲ့ပြီဟု သိရသည်။ သို့သော် ကျန်းမာရေးဝန်ဆောင်မှုအတွက် ဆေးရုံ ပျက်စီးမှုများကြောင့် ရေနှင့်လျှပ်စစ်စနစ်များ ပြန်လည်ပြင်ဆင်နေရဆဲ ဖြစ်ကာ လူငယ်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆေးကုသမှုပေးနိုင်သည့် အခြေအနေရောက်ရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် အမှတ် (၂) အထက်တန်းကျောင်း၌ ပြင်ပလူနာဌာန (OPD) ဖွင့်လှစ်၍ လူနာများအား စတင်ကုသပေးလျက်ရှိ‌နေကြောင်း HPO/CDF- Hualngoram မှ တာဝန်ရှိသူက ပြောသည်။ ဟွာလ်ငိုးရမ်းဒေသမှာ ဇူလိုင် ၂ ရက်မှစတင်၍ CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ရိခေါဒါရ်မြို့ ဒေသခံ ၃,၀၀၀ ကျော် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ CNO/CNDF က ဇူလိုင် ၅…

Read More

(006SV) ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့နယ်အခြေစိုက် MRO/ Chin Defense Force – မတူပီနှင့် Chinland Defense Force – မတူပီ စသည့် ချင်းတော်လှန်ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်မှုမရှိသော သီးခြားအဖွဲ့အစည်းတစ်ခုဖြစ်သည့် ချင်းအမျိုးသားကောင်စီ – မတူပီ (CNC – မတူပီ) ဟူ၍ မတူပီ ချင်းတော်လှန်ရေးအဖွဲ့တစ်ခု ထပ်မံပေါ်ပေါက်လာသည်ဟု သိရသည်။ မတူပီမြို့နယ်ထဲက ချင်းအင်အားစုများ တည်ထောင်လိုက်သည့် ချင်းအမျိုးသားကောင်စီ – မတူပီကို ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင်လ ၁၄ ရက်တွင် ကြေညာသည်။ CNC – မတူပီတွင် Chin Defense Force မတူပီမှ တပ်ဖွဲ့ဝင်များ၊ မတူပီမြို့နယ်ပြည်သူအုပ်ချုပ်ရေးမှ ၄ ဦးထက်မနည်း၊ ပြည်တွင်း ပြည်ပပညာရှင်များ၊ ထောက်ပို့အစုအဖွဲ့များ ပါဝင်သည်ဟု CNC – မတူပီ ဖွဲ့စည်းမှုတွင် ပါဝင်သည့် Global Matu Organization – GMO မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “မတူပီမြို့နယ်ကို အရပ်သား ဒီမိုကရေစီ စနစ်နဲ့ CNC Matupi က ဦးဆောင်ဖို့ သဘောတူထားကြပါတယ်။ အဲ့တုန်းက ပြန်ကြား ရေးမှာ တာဝန်ယူထားတဲ့ ဘွေအုပ်နဲ့ တပ်မဟာ ၁ စစ်ဗျူဟာမှူး ဟောရှေ အပါဝင် လက်ရှိ စစ်ဦးစီးချုပ် ကမ်စ်လျန် တို့ အားလုံး ပါပါတယ်။ လူထုကို အတူတူချပြဖို့ အစည်းဝေးကို တပ်မဟာ ၁ ဖက် က…

Read More

(006SV) ချင်းတော်လှန်ရေးအင်အားစုများ၏ ကိုယ်ပိုင်အမျိုးသားတက္ကသိုလ်ဖြစ်သည့် ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော ချင်းအမျိုးသားတက္ကသိုလ် (The Chin National University- CNU) က ပညာရပ်နယ်ပယ်ပေါင်း ၂၀ ကျော်အတွက် တက္ကသိုလ်ဆရာ၊ ဆရာမ အများအပြားကို ခေါ်ယူနေကြောင်း ကြေညာသည်။ ချင်းအမျိုးသားတက္ကသိုလ်တွင် လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခရာထူးများ လစ်လပ်လျက်ရှိပြီး မြေပြင်မှာ တာဝန်ထမ်းဆောင်နိုင်သူများကို ခေါ်ယူနေသည်ဟု ဇူလိုင်လ ၁၅ ရက်မှာ ထုတ်ပြန်သည်။ ဘွဲ့ကြို၊ ဘွဲ့လွန်လက်မှတ်ရသူများသည် လက်ထောက်ကတိကရာထူး၊ ပါရဂူဘွဲ့ရသူများသည် ကတိကရာထူး၊ တက္ကသိုလ်/ ကောလိပ်၊ သိပ္ပံတစ်ခုခု သို့မဟုတ် အစိုးရဌာနတစ်ခုခုတွင် တာဝန်ထမ်းဆောင်ဖူးသူများသည် မူလရာထူးထက် မနိမ့်သော ရာထူးများကို ဩဂုတ်လ ၃၀ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်သည်ဟု သိရသည်။ လျှောက်ထားနိုင်သော အထူးပြုဘာသာရပ်များမှာ အင်္ဂလိပ်စာ၊ ဆေးပညာ၊ သူနာပြုပညာ၊ ပညာရေးဘွဲ့၊ အင်ဂျင်နီယာ၊ စိုက်ပျိုးရေး၊ သစ်တောပညာ၊ တိရစ္ဆာန်ဆေးပညာ၊ ကွန်ပျူတာသိပ္ပံ၊ အတွေးအခေါ်၊ ဥပေဒေ၊ သမိုင်း၊ နိုင်ငံရေး၊ ပထဝီဝင်၊ စိတ်ပညာ၊ စီးပွားရေး၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒ၊ဘူမီဗေဒ၊ ရုက္ခဗေဒ တို့ဖြစ်သည်။ အဆိုပါဘာသာရပ်နယ်ပယ်ပေါင်းစုံအတွက် သတ်မှတ်အရည်အချင်းနှင့် ပြည့်မှီသူများသည် moe.goc@chinlandcouncil.org သို့ လျှောက်ထားနိုင်သည်ဟု သိရသည်။

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်းရှိ ဒိုင်ရ်ဒေသန္တရကောင်စီအုပ်ချုပ်ရေးနယ်မြေ ဒေသ (၁) အတွင်း CDF – ကန်ပက်လက်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေမှုကို ပြန်လည်ဆုတ်ခွာပေးရန် ဒိုင်ရ်ဒေသန္တရကောင်စီ – DRC က ကြေညာသည်။ ချင်းညီနောင်အဖွဲ့ဝင် CDF – ကန်ပက်လက်အနေဖြင့် မကြားအိမ်နူးကျေးရွာအနီး တပ်စွဲခဲ့သော ချင်းအမျိုးသား တပ်မတော် (CNF/CNA) တပ်ဖွဲ့ဝင်များကို အကြောင်းပြု၍ DRC နှင့် ကြိုတင်ညှိနှိုင်းမှု မပြုပဲ မိမိတို့နယ်မြေကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည်ဟု ဒိုင်ရ်ဒေသန္တရကောင်စီ – DRC က ဇူလိုင်လ ၁၅ ရက်မှာ ထုတ်ပြန်သည်။ ယင်းတို့ ဝင်ရောက်လာမှုကြောင့် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာမည်ကို ပြည်သူများ စိုးရိမ်နေကြသည်ဟု DRC က အသိပေးသည်။ ဒိုင်ရ်ဒေသန္တရကောင်စီ အုပ်ချုပ်ရေးနယ်မြေ ဒေသ (၁) မကြားအိမ်နူးကျေးရွာအပါအဝင် ဒေသတစ်ခုလုံး၏ ကာကွယ်ရေးနှင့် လုံခြုံရေးကို CDF – Daai မှ တာဝန်ယူဆောင်ရွက်နေသည်ဟု DRC ထံမှ သိရသည်။ ယင်းကြောင့် CDF – ကန်ပက်လက် ညီအစ်ကိုတော်လှန်ရေး အင်အားစုများအနေဖြင့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကို ရှေးရှုပြီး ဒိုင်ရ်ဒေသန္တရကောင်စီအုပ်ချုပ်ရေး နယ်မြေအတွင်း ရောက်ရှိနေသော စစ်ကြောင်းများကို အမြန်ဆုံး ပြန်လွတ်ဆုတ်ခွာပေးရန် DRC က ထုတ်ပြန်သည်။ မကြားအိမ်နူးကျေးရွာ နယ်နိမိတ်အတွင်း တပ်စွဲနေရာယူထားသော ချင်းအမျိုးသားတပ်မတော် (CNF/ CNA) တပ်ဖွဲ့ဝင်များသည် ဒေသတွင်း အခြေအနေအရပ်ရပ်ကြောင့် တပ်ရုတ်သိမ်းစခန်းစွန့်သွားကြသည်ဟု သိရသည်။…

Read More

(002MG) စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ခမ်းပတ်မြို့တွင် ၂နှစ်နီးပါး ပိတ်ထားခဲ့သည့် (Ooredoo) အူရီဒူးဖုန်းလိုင်းများကို ဇူလိုင်လအတွင်း စစ်ကောင်စီက အချိန်ပိုင်းဖြင့် ပြန်လည်ဖွင့်ပေးကြောင်း သိရသည်။ ခမ်းပတ်မြို့ကအမျိုးသားတဦးက “အူရီဒူးကပဲပြန်ဖွင့်တယ်။အဲ့တာပဲဖုန်းပြောသုံးနေကြတာ။ ခမ်းပတ်အပြင် ကာနန်၊ တခြားနေရာတွေလဲ ဖုန်းခေါ်လို့ရပြီ။ အင်တာနက် ဒီဖက်မှာ စတားလင့်ပဲသုံးတာ။ မြို့တွင်းကတော့ ကောင်းပါတယ် ပုံမှန်အတိုင်းပဲ လည်ပတ်နေပါတယ်” ဟု ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကလေး-တမူး ကားလမ်းပေါ်တွင်တည်ရှိသော ခမ်းပတ်မြို့က စစ်ကောင်စီတပ်စခန်းများကို ပြည်သူ့ ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီသည် ဖုန်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။ ခမ်းပတ်မြို့ပေါ်တွင် ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်ခဲ့သည့် တနှစ်ကျော်အချိန်တွင် မြို့ခံပြည်သူများသည် အိန္ဒိယ Sim Card နှင့် Starlink (စတားလင့် (လ်) အင်တာနက်များကိုသာ အဓိကအားထားနေကြရပြီး အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း ခမ်းပတ်ဒေသခံ အမျိုးသမီးတဦးက ပြောသည်။”ဖုန်းလိုင်းကပြန်တော့ရပြီ ဖုန်းလိုင်းရတာ အိမ်မက်နေသလားလို့ ထင်နေတာလေ ။ ဒါပေမယ့် ဒီလိုမျိုးဆက်တိုက်ရ တာမျိုးမဟုတ်ဘူး ညနေပိုင်းပိတ်ရင် မနက်ပိုင်းရတယ်၊ တခါတလေ ရလိုက်မရလိုက်ပါပဲ အချိန်ပိုင်းပုံစံလိုမျိုးပဲ။ ဘာဖုန်းလိုင်းမှ မရတုန်းကဆို တော်တော်ခက်ခဲတယ်။ လိုင်းသုံးချင်ရင် ၁ နာရီ လောက်ဝေးတဲ့နေရာကိုသွားပြီး စတားလင့်သွား သုံးရတယ်၊အခုက ဒေတာမရရင်တောင်မှ ဖုန်းပြောလို့ရတော့ မရတာထက်စာရင်တော့ ကောင်းတယ်ပြောရမှာ” ဟု ၎င်းကပြောသည်။ လက်ရှိတွင် (Ooredoo) အူရီဒူးဖုန်းလိုင်းတစ်ခုသာ အသုံးပြုနိုင်ပြီး မိုဘိုင်းဒေတာ၊ Wifi အင်တာနက်နှင့် MPT၊ Atom…

Read More

တော်လှန်ရေးအတွင်း ကိုင်ဆီးတပ်ရင်းမှ ရဲဘော် ၇ ဦး၊ ဒေသခံပြည်သူ ၆ ဦး ကျဆုံးဟုဆို (006SV) မတူပီမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် လမ်းမကြီး နှစ်ခုပေါ်တွင် စစ်ရေးလှုပ်ရှားသည် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ၊ တပ်ရင်း – ၃ (ကိုင်ဆီးတပ်ရင်း) သည် တော်လှန်ရေးကာလအတွင်း ရဲဘော် ၇ ဦး၊ ဒေသခံပြည်သူ ၆ ဦး ကျဆုံးသည်ဟု သိရသည်။ တော်လှန်ရေး ၄ နှစ်တာ ကာလအတွင်း ကိုင်ဆီးတပ်ရင်းမှ တပ်ဖွဲ့ဝင် ၃ ဦးနှင့် ပြည်သူ ၄ ဦးတို့လည်း ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရပြီး ဒေသခံပြည်သူများ၏ အိုးအိမ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခံရမှုကြောင့် အိုးအိမ်ပစ္စည်းများ ဆုံးရှုံးမှုနှင့်အတူ ကျေးရွာ စွန့်လွှတ်ရသည်အထိရှိသည်ဟု ကိုင်ဆီးတပ်ရင်းက ဇူလိုင်လ ၁၄ ရက်မှာ ထုတ်ပြန်သည်။ တပ်ရင်း – ၃ သည် မတူပီ- ပလက်ဝ ပြည်ထောင်စုလမ်းနှင့် မတူပီ- လိုင်လင်းပီ လမ်းမများတွင် လုံခြုံရေးတာဝန်ယူရင်း မြို့နယ်အတွင်းသာမက ချင်းပြည်ချင်းလဲန်း၏ စခန်းသိမ်းတိုက်ပွဲများနှင့် စစ်ကြောင်းတိုက်ပွဲများတွင် အကြိမ်ပေါင်းများစွာ ပါဝင်တိုက်ခိုက်သည်ဟု သိရသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်က ထိန်းချုပ်နယ်မြေ ထယ်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း ဝီဘေားခ် (Vui Baawk) စစ်ဆင်ရေးဖြင့် မဟာမိတ်တပ်ဖွဲ့များဖြင့် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။ ကိုင်ဆီးတပ်ရင်းကို မတူပီမြို့နယ်၊ ဒုမ်းဇုံနယ် (ကိုင်းဆီး၊ လုံပဲလ်၊ ကောင်လောင်၊ စင်ကီ) တောင်ကျောရှိ…

Read More

၂၀၂၅ ခုနှစ်အတွင်း CDF- Hakha ထံ အလင်းဝင်လာသူ စစ်သားနှင့်ရဲ အယောက် ၂၀ ရှိ (004SS) ချင်းပြည်နယ်၊ ဟားခါးမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦးသည် ဇူလိုင် ၆ ရက်က ပြည်သူ့တော်လှန်ရေး ဘက်သို့ ပူးပေါင်းရန် လက်နက်ခဲယမ်းများနှင့်အတူ Chinland Defense Force – Hakha (CDF–Hakha) ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ ဟားခါးကို ဝိုင်းထားတယ်ဆိုတော့ စစ်သားတွေ၊ ရဲတွေ ထွက်ပြေးလာတာနဲ့ ကျွန်တော်တို့ဆီ အလိုလို ရောက်တယ်။ ထွက်လာတဲ့သူအများစုကတော့ သူတို့ စကစရဲ့ လုပ်ရပ်ကို မကြိုက်လို့ သဘောမကျလို့ အလင်းဝင် လာကြတာများပါတယ်။ အခုနောက်ဆုံးထွက်လာတဲ့ သူကတော့ G3 တစ်လက်နဲ့ Talkie တစ်ခုကို ယူဆောင်လာပါတယ်။ ဒီလို အလင်းဝင်တဲ့သူကို ကျွန်တော်တို့ CDF- Hakha ကနေ ဆုကြေးငွေချီးမြင့်ပါတယ်။ သူတို့ လုံခြုံတဲ့နေရာ၊ သွားချင်တဲ့ နေရာကို သူတို့အချိတ်အဆက်နဲ့ သူတို့အသိတွေနဲ့ ပူးပေါင်းပြီး လိုက်ပို့ပေးတာတွေရှိတယ်။” ဟု CDF-Hakha အထွေထွေအတွင်းရေးမှူးက ပြောသည်။ ယခု အလင်းဝင်လာသူ ရဲတပ်သားကိုလည်း CDF–Hakha မှ နွေးထွေးစွာ ကြိုဆိုပြီး ငွေသားဆုကြေး ချီးမြှင့်သည့်အပြင် လုံခြုံရာနေရာသို့ ရောက်ရှိသည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဟု သိရသည်။ ထို့အပြင် စစ်ကောင်စီဘက်မှ ဘက်ပြောင်းလာလိုသူများအား CDF–Hakha က အမြဲဖွင့်လှစ်ကြိုဆိုပြီး လုံခြုံမှုအပြည့်အဝ ပေးသွားမည်ဟု ဆိုသည်။ ယခုနှစ် ၂၀၂၅ ခုနှစ်တွင် ဟားခါးမြို့ရှိ…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်က မတူပီ- လိုင်လင်းပီလမ်းမဘက်ရှိ Chinland Defense Force – မတူပီ၊ တပ်ရင်း – ၃ ထိန်းချုပ်ဒေသတွင် MRO / Chin Defense Force- မတူပီနှင့် မဟာမိတ်များက စစ်ကြောင်းထိုး၊ တပ်စခန်းချနေခြင်းကို အမြန်ဆုံးပြန်လည်ရုတ်သိမ်းပေးရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ကြေညာသည်။ ဇူလိုင်လ ၁၀ ရက် MRO/ CDF – မတူပီနှင့် မဟာမိတ်တို့သည် အင်အားအလုံးအရင်းဖြင့် မိမိတို့ထိန်းချုပ်နယ်မြေအတွင်း ရုတ်တရက် စစ်ကြောင်းထိုးလာခြင်း၊ တပ်စခန်းချခြင်းနှင့် ရဲဘော်များကို ခေတ္တဖမ်းဆီးထိန်းသိမ်းခြင်းတို့ ပြုလုပ်သည်ဟု CDF – မတူပီက ဇူလိုင်လ ၁၃ ရက်မှာ ထုတ်ပြန်သည်။ MRO/ CDF – မတူပီနှင့် မဟာမိတ်တို့အနေဖြင့် လက်ရှိတပ်စခန်းချထားခြင်းနှင့် တပ်ဖွဲ့ဝင်များကို အမြန်ဆုံးပြန်လည် ရုတ်သိမ်းပေးရန် Chinland Defense Force – မတူပီက တောင်းဆိုသည်။ ယင်းကို မလိုက်နာပါက နောက်ဆက်တွဲပြဿနာများသည် MRO/ Chin Defense Force – မတူပီ၏ တာဝန်သာဖြစ်ပြီး မိမိတို့အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း Chinland Defense Force – မတူပီထံမှ သိရသည်။ဇူလိုင်လ ၁၀ ရက်က ဖမ်းဆီးခံထားရသော Chinland Defense Force – မတူပီ တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၁၁ ရက် ညပိုင်းက ပြန်လွတ်လာပြီဟု…

Read More

(006SV) ချင်းတော်လှန်ရေးအင်အားစု ညီအစ်ကိုများအကြား စစ်ရေးပဋိပက္ခများသည် ချင်းတော်လှန်ရေးကို ချိနဲ့စေရုံသာမက လူထု၏ နှလုံးသားကို ကုစားမရနိုင်သော ဒဏ်ရာများ ဖြစ်ပေါ်စေသောကြောင့် ညီအစ်ကိုကြား စစ်ရေးပဋိပက္ခကို ချက်ချင်းရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် Chin Civil Movement – CCM က ကြေညာသည်။ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းသော အနာဂါတ်ချင်းပြည်တည်ဆောက်ရေးအတွက် CCM ၏ မေတ္တာရပ်ခံ ပန်ကြားချက်ဟူ၍ ဇူလိုင်လ ၁၃ ရက်က ချင်းအရပ်ဖက်အသံများကို စုစည်း၍ တောင်းဆိုချက် ၄ ချက်ကို Chin Civil Movement – CCM ထုတ်ပြန်သည်။ “ကျနော်တို့ ချင်းပြည်နယ်မှာ ထိန်းချုပ်နယ်မြေတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေက အသီးသီးရှိလာကြပြီ။ အဲလိုအခြေအနေမှာ နိုင်ငံရေးပလက်ဖောင်း ပိုကျယ်လာဖို့ ကြိုးစားကြတာကို ပိုလိုလားတယ်လို့ ပြောချင်တယ်။ အဲလို လုပ်ရမယ့်အစား သူတို့က နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့‌ ရောက်လာနေတဲ့အချိန်မှာ တခုခုဆိုရင် လက်နက်နဲ့ ဖြေရှင်းကြတယ်။ စစ်ရေးနဲ့ ဖြေရှင်းတဲ့ အတိုင်းအတာတွေကို လျော့ပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတဲ့ လမ်းကြောင်းမျိုးကို ရွေးဖို့ အချိန်တန်နေပြီ။ ချင်းအမျိုုးသား တည်ဆောက်ရေးအတွက်။ နိုင်ငံရေးနည်းနဲ့ တည်ဆောက်ရပါမယ်။ လက်နက်နည်းနဲ့ တည်ဆောက်ရမယ်ဆိုရင် တချိန်လုံး ကျနော်တို့ လက်နက်တွေ ကိုင်ထားမယ်ဆိုရင် အဆင်မပြေမှုတွေကို ပိုတွန်းပို့နိုင်တယ်” ဟု CCM မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ချင်းပြည်အနာဂါတ်အတွက် ချင်းညီအစ်ကိုများအကြား လက်နက်ဖြင့် ဖြေရှင်းသော ပဋိပက္ခအားလုံးကို ချက်ချင်းရပ်တန့်ပြီး တော်လှန်ရေးအင်အားများကို ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်…

Read More