Author: Editor

(005MK) မီဇိုရမ်ပြည်နယ်က နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Peoples’ Conference (PC) ပါတီဥက္ကဌ Pu Vanlalruata က စစ်ဘေးရှောင်များအားလုံးကို စစ်ရှောင်စခန်းများတွင်သာထားရှိပြီး အစိုးရအနေဖြင့် စနစ်တကျကိုင်တွယ်သင့်သည်ဟု ပြောဆိုလိုက်သည်။ PC ပါတီသည် ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် အထွေထွေညီလာခံကျင်းပပြုလုပ်ပြီး ပါတီဥက္ကဌဖြစ်သူ Pu Vanlalruata က မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလုံကြသည့် စစ်ဘေးရှောင်များသည် မည်သည့်လူမျိုးဖြစ်ပါစေ ကူညီစောင့်ရှောက်ရမည်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း စစ်ဘေးရှောင်များအားလုံးကို စစ်ရှောင်စခန်းမှာသာထားရှိပြီး အဓိပ္ပါယ်ရှိစွာ စနစ်တကျဖြင့် ကိုင်တွယ်သင့်သည်ဟု ပြောကြားခဲ့ကြောင်း မီဇိုရမ်ပြည်နယ်ကနေ့စဉ်ထုတ်သတင်းစာ Zalen News က ဖော်ပြသည်။ အစိုးရအနေဖြင့် စစ်ဘေးရှောင်များကို စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ခြင်းမရှိဘဲ လွတ်လပ်စွာ နေထိုင်ခွင့်ပြုသည့်အတွက် အကျိုးဆက်ရိုက်ခတ်မှုများရှိလာပြီး အခြေအနေများ ပို၍မဆိုးလာခင်မှာ စစ်ဘေးရှောင်များကို စနစ်တကျ ကိုင်တွယ်သင့်သည်ဟု Pu Vanlalruata က ပြောသည်။ Peoples’ Conference (PC) ပါတီသည် မီဇိုရမ်ပြည်နယ်တွင် ဝါရင့်နိုင်ငံရေးပါတီတစ်ခုဖြစ်သော်လည်း ယခုနောက်ပိုင်းတွင်အင်အားနည်းလာပြီး လူထုထောက်ခံမှုလည်း သိသိသာသာလျော့နည်းသွားပြီဟု သိရသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကကျင်းပသော မီဇိုရမ်ပြည်နယ် အထွေထွေရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

Read More

(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူငယ်အသင်း (YMA) ၏ ၄ ကြိမ်မြောက် အစည်းအဝေးတွင် စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Mualpui, Salem ရပ်ကွက် R. Dengthuama ခန်းမတွင် ယနေ့ အောက်တိုဘာလ ၂၄ ရက်တွင် ကျင်းပပြုလုပ်သော ၄ ကြိမ်မြောက် အစည်းအဝေးတွင် YMA မှ ကိုင်တွယ်မည့် အကြောင်းအရာ ၈ ခုနှင့် အစိုးရကိုင်တွယ်မည့် အကြောင်းအရာ ၃ ခုကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။ အစိုးရမှ ကိုင်တွယ်ဆောင်ရွက်ရန် ဆုံးဖြတ်ထားကြသော အကြောင်းအရာ ၃ ခုထဲတွင် မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလုံနေကြသော စစ်ဘေးရှောင်များအရေးကို ထည့်သွင်းခဲ့ကြသည်ဟု သိရသည်။ ယင်းမှာ အစိုးရအနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်များနေထိုင်မည့်နေရာ၊ ကြည့်ရှုစောင့်ရှောက်မည့် အစီစဉ်နှင့် စနစ်တကျဖြင့် ကိုင်တွယ်နိုင်မည့်နည်းလမ်းများ ရေးဆွဲချမှတ်ကာ တင်းကြပ်စွာ ဆောင်ရွက်သွားရန်ဖြစ်သည်ဟု သိရသည်။ မီဇိုးလူငယ်အသင်း (YMA) သည် မီဇိုရမ်ပြည်နယ်အတွင်းရှိ အစိုးရမဟုတ်သော အရပ်ဖက်အဖွဲ့အစည်းထဲတွင် ဩဇာအာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်သည်။ ယနေ့ကျင်းပသော မီဇိုးလူငယ်အသင်း၏ ၄ ကြိမ်မြောက်အစည်းအဝေးတွင် ကိုယ်စားလှယ် ၁၂၀၀ ကျော် တက်ရောက်လာခဲ့ကြသည်ဟု သိရသည်။ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် ၃ သောင်းကျော်၊ မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်ဘေးရှောင်လာသူ ထောင်ဂဏန်းထိရှိသည်ဟု သိရသည်။

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF – မတူပီ၏ တပ်မဟာ – ၁ နှင့် တပ်မဟာ – ၂ ကြားက ပဋိပက္ခဖြစ်ပွားနေမှုကို ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့၏ ညှိနှိုင်းပေးမှုဖြင့် ဆွေးနွေးအဖြေရှာမည်ဖြစ်ကြောင်း တပ်မဟာအဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။ မတူပီမြို့နယ် ဘာသာရေးခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) သည် CDF – မတူပီ၊ တပ်မဟာ – ၁ အဖွဲ့မှ တာဝန်ရှိသူများနှင့် ကနဦး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားပြီဖြစ်ကြောင်း တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က ပြောသည်။ “မတူပီ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ Peace Commission နဲ့ တပ်မဟာ (၁) က တွေ့ဆုံဆွေးနွေးတာ ရှိပါတယ်။ ဆွေးနွေးတာက ဆုံးဖြတ်ချက်တွေတော့ မရှိဘူး။ ကျနော်တို့ရဲ့ မူဝါဒ လမ်းစဉ်တွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ အခင်းအကျင်းတွေကို ကနဦးအနေနဲ့ အပြန်အလှန် ဆွေးနွေးညှိနှိုင်းတဲ့သဘောပဲ ရှိပါတယ်။ ဆုံးဖြတ်ချက်ချပြီးတော့မှ Work Plan (လုပ်ငန်းစီမံချက်) ဆွဲတာမျိုး မရှိသေးဘူး။ ပဋိပက္ခဖြစ်သွားပြီးဆိုလည်း ပြေလည်တာက အကောင်းဆုံးပါ။ ဒါကတော့ (၁) ရော၊ (၂) ရော၊ အုပ်ချုပ်ရေးရော၊ ပြည်သူတွေ အားလုံးရော လိုချင်တဲ့ဟာ ဖြစ်မှာပါ။ ဒီဟာကတော့။ အဲဒါကြောင့်ပဲ ကျနော်တို့က လက်တွေကျကျပေါ့လေ။ စာမထုတ်ပြန်သည့်တိုင်း Peace commission နဲ့ တွေ့ဆုံခြင်းသာဖြစ်ပါတယ်” ဟု ကိုဘွေအုပ်က ပြောသည်။…

Read More

ရေး – သြသနီရယ်လ် တင်မ်ပို (၁) ယခုဆင်နွဲနေသောတော်လှန်မှုကနေ ချင်းတို့ ဘာတွေလိုချင်သနည်း။ ချင်းတို့ လိုချင်သောအရာကို ချင်းတွေကိုယ်တိုင် ရှင်းလင်းခိုင်မာစွာ သိရှိကြပြီလား။ ပြည်မဘက်က သို့မဟုတ် အခြားသော တိုင်းရင်းသားများပြောသောအရာများကို သံယောင်လိုက်၍ ဆင်တူယိုးမှားလိုက်နေကြခြင်းလား။ ဤမေးခွန်းကို မေးလိုက်သည့်အတွက် စာရေးသူအား တယ်ညံ့သေးတာပဲဟု ပြောလျှင်လည်း ခံပါ မည်။ ကျွန်ုပ်တို့ ဘာလိုချင်တာလဲ။ ဘာရဖို့အတွက် အသက်တွေပေး၍ တော်လှန်နေကြတာပါလဲ။ (၂) စစ်ကောင်စီကို မကြိုက်လို့၊ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို မကြိုက်လို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ချင်လို့၊ ချင်းတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် နိုင်ငံရေးတန်းတူ ညီမျှမှုလိုချင်လို့ အကြမ်းဖက်စစ်ကောင်စီကို လက်နက်စွဲကိုင်သည်အထိတော်လှန်နေကြခြင်းဖြစ် သည်စသည်ဖြင့် ပြောကြပါလိမ့်မည်။ ယင်းအချက်များတွင် အမှားမရှိပါ။ ယင်းအချက်များသည် ချင်းတော်လှန်ရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်နေကျ ထုတ်ပြန်ချက်များတွင် အမြဲ တွေ့မြင်နေကျ စာသားများဖြစ်ပါသည်။ သို့သော် ထိုထက်ပို၍ ရှင်းလင်းတိကျဖို့လိုအပ်ပါလိမ့်မည်။ လက်ရှိနွေဦးတော်လှန်ရေးဟုခေါ်ကြသော ၂၀၂၁ ခုနှစ် မြန်မာ့တပ်မတော် တနည်း စစ်တပ်က နိုင်ငံ တော်အာဏာကို သိမ်းယူလိုက်ခြင်းကိုအကြောင်းပြု၍ ပေါ်ပေါက်လာသည့် ဗဟိုအာဏာချုပ်ကိုင်သူ အား ဆန့်ကျင်တော်လှန်မှုသည် ဦးဆောင်သူနှင့်ဦးဆောင်မှုအဖွဲ့အစည်းအပြောင်းအလဲ (Regime Change) မဟုတ်၊ စနစ်ပြောင်းခေတ်ပြောင်း (System Change) ဖြစ်ကြောင်း ပြောခဲ့ကြပါသည်။ သို့ ဖြစ်လျှင် မည်သို့သော စနစ်မျိုး၊ ခေတ်မျိုးကို မိမိတို့ချင်းတွေက လိုချင်ပါသနည်း။ ပြည်မအပါအဝင် အခြားတိုင်းရင်းသားတို့၏ စဥ်းစားချက်များကိုကြည့်ပါမည်။ NUG က စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန်ဖြစ်သည်ဟုဆိုပါသည်။ သို့သော် မည်သို့သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမျိုးလဲဟု ပြန်မေးလျှင် အဖြေသည်မျိုးစုံဖြစ်ပါလိမ့်မည်။…

Read More

(006SV) ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လာသည့် မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့ နံနက်ပိုင်းမှ အောက်တိုဘာလ ၂၄ ရက်အထိ ချင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၂ ခုမှာ ဒေသအလိုက် မိုးကြီးနိုင်ပြီး မြေပြိုခြင်းနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်း တိုင်ထွားချက်များအရ မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့မှစ၍ ၃ ရက်ကြာအထိ ချင်း၊ ရခိုင်၊ ကရင်၊ မွန်၊ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ စသည့် တိုင်းနှင့်ပြည်နယ်တို့တွင် နေရာစိပ်စိတ်မှ နေရာအနှံ့အပြား မိုးထစ်ချုပ်ရွာမည်ဖြစ်ကြောင်း သိရသည်။ အချို့ ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း စစ်ကောင်စီ၊ မိုးဇလဌာနက ထုတ်ပြန်သည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုပ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စစ်လက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဌာနက ထုတ်ပြန်သည်။ ယင်းတိုင်းနှင့် ပြည်နယ်တို့ရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများသည် မြေပြိုမှုအန္တရာယ်၊ မြစ်ချောင်းများအနီးတွင် နေထိုင်ကြသူများသည် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် သတိပေးနှိုးဆော်ထားသည်။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအာား နည်းရပ်ဝန်းသည် အနောက်၊ အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းသော မုန်တိုင်ငယ်အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့နောက် ဟိုင်းကြီးကျွန်း၏ အနောက်၊…

Read More

(006SV) စစ်ကောင်စီတပ်စွဲထားသည့် ထန်တလန်မြို့ပေါ် ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပြည်အစိုးရပူးပေါင်းတပ်များအကြား ယနေ့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ယနေ့ အောက်တိုဘာလ ၂၂ ရက် မနက် ၃ နာရီမှစတင်၍ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီခွဲအထိ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။ “ဒီနေ့ ထန်တလန်မှာ တိုက်ပွဲ ပြင်းထန်နေတာက ဟုတ်ပါတယ်။ ဒါပေမယ့် တိုက်ပွဲက အခုထိ မပြီးသေးဘူး။ အခုထိတော့ အထိအခိုက် အခြေအနေ အသေးစိတ်က မသိရသေးပါဘူး။ အခုက ရဲစခန်းမှာ ဖြစ်နေတာပါ” ဟု ဆလိုင်းထက်နီက ပြောသည်။ စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့်လည်း လေးကြိမ်ခန့် တိုက်ပွဲဖြစ်ပွားနေသောနေရာကို လာရောက်ပစ်ကူပေးခဲ့ကြောင်း သိရသည်။ ထန်တလန်မြို့ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံး အဆောက်အအုံနှင့် ရဲစခန်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားဆဲဖြစ်ပြီး ချင်းပြည်အစိုးရပူးပေါင်းတပ်များက မြို့ကို အလုံစုံသိမ်းနိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။ ဟားခါး- ထန်တလန်ကြားတွင်လည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ချင်းပြည်အစိုးရ ပူးပေါင်းတပ်များအကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်ရှိ ၃ ရက်အတွင်းက ဟားခါး- ထန်တလန်ကြား တိုက်ပွဲတွင် စစ်ကောင်စီဘက် အထိအခိုက်များကြောင်း ဆလိုင်းထက်နီက ပြောသည်။ စစ်ကောင်စီသည် ဟားခါး- ထန်တလန်ကြားက လက်လွှတ်ခဲ့ရသော ဗျူဟာအရ အရေးပါသော စစ်စခန်းများကို ပြန်လည်သိမ်းနိုင်ရေး အောက်တိုဘာလ ၁၃…

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF – မတူပီ၏ တပ်မဟာအချင်းချင်း ပြေလည်မှုရရှိရေးအတွက် တတိယအဖွဲ့အစည်းနှင့်အတူ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF- မတူပီ၊ တပ်မဟာ – ၂ က ထုတ်ပြန်သည်။ အောက်တိုဘာလ ၁၉ ရက်နှင့် ၂၀ ရက်တွင် ကျင်းပပြုလုပ်သော CDF- မတူပီ၊ တပ်မဟာ – ၂ ၏ ၆ လပတ်အစည်းအဝေးကို ကျင်းပပြီးနောက် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ CDF- မတူပီ၊ တပ်မဟာအချင်းချင်း ပြေလည်ပြီး နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများ မိမိမြို့၊ ရွာကို အပူအပင်မရှိ ပြန်လည် ဝင်ရောက်လာနိုင်အောင် ကြားခံ တတိယအဖွဲ့အစည်းနှင့်အတူ ကြိုးစားဆောင်ရွက်သွားမည်ဟု တပ်မဟာ – ၂ အဖွဲ့က အောက်တိုဘာလ ၂၁ ရက်မှာ ထုတ်ပြန်လာခြင်းဖြစ်သည်။ တပ်မဟာ – ၂ ခုကြား ပြေလည်နိုင်ရေးအတွက် တတိယအဖွဲ့ဖြင့် မည်သို့ ရှေ့ဆက်ဆောင်ရွက်မည်ကို သိရှိနိုင်ရေး တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းနေသော်လည်း ဆက်သွယ်၍မရသေးပါ။ ပြည်သူ့ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ချင်းပြည်ဝန်ကြီးဌာနများနှင့်အတူ ချိတ်ဆက်ဆောင်ရွက်မည်ဟု CDF- မတူပီ၊ တပ်မဟာ – ၂ ကဆိုသည်။ လက်ရှိ ၆ လအတွင်း တပ်မဟာ – ၂ တွင် တာဝန်ထမ်းဆောင်နေကြသော ရဲဘော်များထဲမှ တိုင်းပြည်နှင့် လူမျိုးအတွက်…

Read More

(004SS) ချင်းပြည် မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့် မိမိတို့ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာအကြောင်းအရာများကို သတင်းပေးပို့ရမည်ဖြစ်ပြီး သတင်းပေးပို့ခြင်းမရှိသော အဖွဲ့အစည်းများကို မရာနယ်မြေအတွင်း လှုပ်ရှားသွားလာခွင့်ပြုမည်မဟုတ်ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ MTC/MDF က ထုတ်ပြန်သည်။ မရာနယ်မြေအတွင်း NGO/ INGO များအနေဖြင့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ကာ လုံခြုံမှုအပြည့်အဝ ခံစားစေရန် ရည်ရွယ်ချက်ဖြင့်ဟုဆိုကာ နိုဝင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထားကာ ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးအမှုဆောင် အတွင်းရေးမှူးထံသို့ NGO/ INGO ဆိုင်ရာ သတင်းအချက်အလက်များနှင့်အတူ သတင်းပေးပို့ရမည်ဟု MTC/MDF က အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်သည်။ သတင်းပေးပို့ရာတွင် စီမံကိန်းတာဝန်ခံ၊ ပြုလုပ်မည့် စီမံကိန်းအမျိုးအစား၊ စီမံကိန်းကာလ၊ သုံးဆွဲ့မည့်ရံပုံငွေ၊ ပံ့ပိုးမည့်အဖွဲ့အစည်းများကို သတင်းပေးပို့ရမည်ဟု ထုတ်ပြန်ချက်မှာဖော်ပြထားသည်။ “NGO/ INGO တွေအနေနဲ့ ကျွန်တော်တို့ မရာဒေသမှာ လှုပ်ရှားပေးတာကို ကျေးဇူးတင်တယ်။ အခုလိုမျိုး ကောင်း ကောင်းမွန်မွန်ပြုလုပ်ပေးတာကိုလဲ ကျွန်တော်တို့ဘက်က တစ်ဘက်တစ်လမ်းကနေ ထောက်ပံ့ပေးနိုင်တာ မရှိခဲ့ ဘူးခင်ဗျ။ ဆိုတော့ နောက်ပိုင်း NGO/ INGO တွေအနေနဲ့ ဆက်လက်လှုပ်ရှားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ တစ်ဘက်တစ်လမ်းကနေ အကူအညီပေးနိုင်တာမျိုးရှိလို့ရှိရင်လဲ ပေးလို့ရအောင် ရည်ရွယ်ချက်တစ်ခုပေါ့နော်။ ဒုတိယအချက်က သူတို့အနေနဲ့ ဒီမရာဒေသမှာ NGO လုပ်ငန်းကို လုပ်ကိုင်တဲ့အခါမှာ လုံခြုံ စိတ်ချမှုရှိတယ်၊ လွတ်လွတ်လပ်လပ် စိတ်ခံစားမှု အပြည့်အဝရှိတယ်ဆိုတာကို ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်တဲ့နည်းလမ်းတစ်ခု ရရှိအောင် ရည်ရွယ်ပြီး လုပ်တာဖြစ်ပါတယ် ခင်ဗျာ” ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ MTC ပြည်ထဲရေးနှင့်…

Read More

ရေး – သြသနီရယ်လ် တင်မ်ပို (၁) ဦးနုနှင့် ဖဆပလအစိုးရကြောင့် ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်ထဲသို့ ပါဝင်လာခြင်း မဟုတ်ပါ။ ပလက်ဝမြို့နယ် (ထိုစဥ်က ရခိုင်တောင်တန်းနယ်များ – Arakan Hill Tracts) ရှိ ပြည်သူများ၏ လွတ်လပ်သောရွေးချယ်မှုနှင့် ကျန်မြို့နယ်များ (ထိုစဥ်က ချင်းတောင်များ ခရိုင် – Chin Hills District) ရှိ ပြည်သူများ၏ တူညီသောသဘောထားဆန္ဒများကို အခြေခံလျှက် ချင်းလူမျိုးများ၏အထူးတိုင်း – Special Division of the Chins) ကို အတူတကွ ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်းသာဖြစ်ပါသည်။ (၂) ၁၉၄၇ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ချင်းဝိသေသတိုင်း (Special Division of the Chins) (အင်္ဂလိပ်လိုအရေးအသားကို တိုက်ရိုက်ဘာသာပြန်ရလျှင် ချင်းလူမျိုးများ၏အထူးတိုင်း) ကို ချင်းတောင်များခရိုင် (The Chin Hills District) နှင့် ရခိုင် တောင်တန်းနယ်များ (The Arakan Hill Tracts) ဟူသော နယ်မြေနှစ်ခုဖြင့် ဖွဲ့စည်းခဲ့ပါသည် (၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၉၆)။ ချင်းတောင်များခရိုင်တွင် လက်ရှိချင်းပြည်နယ်၏ မြို့နယ် ၈ ခု (တွန်းဇန်၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက် မြို့နယ်များ) ပါဝင်ပြီး၊ ရခိုင်တောင်တန်းနယ်များသည် ပလက်ဝမြို့နယ်ဖြစ်လာပါသည်။ ၁၉၃၅ ခုနှစ်၊ ဗမာပြည်အစိုးရအက်ဥပဒေ (Government of Burma Act,…

Read More

(006SV) ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်က ချင်းပြည်အစိုးရပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများအတွင်း CDF – Zotung မှ ဒုတပ်ရင်းမှူးနဲ့ တပ်စုမှူးတို့ ကျဆုံးသွားကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၁၆ ရက်က ဟားခါး- ထန်တလန်ကြားက တိုက်ပွဲများတွင် CDF – Zotung မှ ဒု-တပ်ရင်းမှူး ဆလိုင်းထွန်မာန်းနှင့် တပ်စုမှူး ဆလိုင်းအာလျန်တို့ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း CDF- Zotung က အောက်တိုဘာလ ၁၇ ရက်က ထုတ်ပြန်သည်။ အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေ့တန်းတစ်နေရာတွင် တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးသွားသော ၎င်းတို့ကို လေးစားဂုဏ်ပြုကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြောင်း CDF- Zotung ကထုတ်ပြန်သည်။ စစ်ကောင်စီသည် ဟားခါး- ထန်တလန်ကြားက လက်လွှတ်ခဲ့ရသော ဗျူဟာအရ အရေးပါသော စစ်စခန်းများကို ပြန်လည်သိမ်းနိုင်ရေး အောက်တိုဘာလ ၁၃ ရက်က ဟားခါးမှ စစ်ကား ၇ စီးဖြင် စစ်ကြောင်းထိုးလာခဲ့ရာ ၁၄ ရက်မှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၁၅ ရက်တွင် စစ်ကောင်စီသည် ဂျက်ဖိုက်တာ၊ ဒရုန်း၊ လက်နက်ကြီးပစ်ကူများ အသုံးပြု၍ ချင်းပူးပေါင်းတပ်နှင့် တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးကျော် ကျဆုံးကာ ထိခိုက်ဒဏ်ရာများ များပြားခဲ့ကြောင်း ချင်းပူးပေါင်းတပ်က ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။ သို့ရာတွင် အောက်တိုဘာလ ၁၆ ရက်စတင်၍ ဟားခါး- ထန်တလန်ကြားက…

Read More