Author: Editor

(006SV) နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခိုင်းထားသည့် တွန်းဇန်မြို့အနီး တွီးတူမ်း (TuiTum) ရွာသူ၊ ရွာသားများကို ၎င်းတို့ ရပ်ရွာတွင် ပြန်လည်နေထိုင်ခွင့်ပြုလိုက်ဖြစ်ကြောင်း တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌ ပူးထန်ဆွင်းမုန်က ပြောသည်။ ဇိုမီးတော်လှန်ရေးတပ် (ZRA – EC) က တွန်းဇံမြို့ကို ထပ်မံလာရောက်တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် မေလ ၈ ရက်နောက်ဆုံးထား၍ တွီးတူမ်း ရွာသူ၊ ရွာသားများ စစ်ဘေးရှောင်ပေးရန် CDF – တွန်းဇန်မှ အမိန့်ထုတ်မှုနှင့် ပတ်သက်၍ တွန်းဇန်ကောင်စီ ဥက္ကဌက ပြောဆိုခြင်းဖြစ်သည်။ “မနေ့ညကဆိုရင် တွီးတူမ်းရွာ အောက်ဘက်မှာ ZRA က အဲဒီနားတဝိုက် ရောက်လာပြီးလို့ ကြားတယ်။ ZRA က ခြောင်း မြောင်းပစ်နေသ၍ တွန်းဇံမြို့ကို လာတိုက်နေသ၍ သူတို့အတွက် ခက်ခဲဦးမယ် ထင်တယ်။ ဒါပေမယ့် ဒီမှာ စစ်ကြောင်းမှူးနဲ့ တိုင်ပင်ပြီးတော့ ပြည်သူတွေ ပြန်လည်နေထိုင်ချင်ရင် နေထိုင်ခွင့် ပေးလိုက်ရအောင်ဆိုပြီးတော့ စီစဉ်ထားတာ ရှိတယ်။ ကျနော်ကတော့ ခင်ဗျာတို့ ZRA လာတာနဲ့ ချက်ချင်းအကြောင်းကြား ၊ ချက်ချင်း စစ်ဘေးရှောင်ပေးကြ၊ ZRA မလာခင်လေးမှာ ပြန်နေကြပါလို့ ကျနော်ကိုယ်တိုင် တွီးတူမ်း ရွာသားတွေကို ပြောထားတာ ရှိတယ်” ဟု တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌ ပူးထန်ဆွင်းမုန်က ပြောသည်။ အိမ်ခြေ ၆၀ ကျော်ရှိသည့် တွီးတူမ်းရွာမှ ဒေသခံရွာသူရွာသားများသည် တွန်းဇန်မြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာမှ အသိဆွေမျိုးများ အိမ်တွင် စစ်ဘေးရှောင်နေရသည်ဟု သိရသည်။ လတ်တလောတွင်လည်း…

Read More

(006SV) အိန္ဒိယက မြန်မာပိုင်နက်အတွင်း ၆ နေရာခန့်မှာ ကျူးကျော်၍ ခြံစည်းရိုးကာရံနေမှုကို ရပ်ဆိုင်းရန် နှင့် ဆက်လက်ကာရံလိုပါက NUG ဗဟိုအစိုးရနှင့်သာ ညှိနှိုင်းဆောင်ရွက်ရန် တမူးဒေသအခြေစိုက်တော်လှန်ရေးအင်အားစုများက အိန္ဒိယအစိုးရထံ တောင်းဆိုထားကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် ဇွန်လမှစတင်၍ အိန္ဒိယအစိုးရသည် အိန္ဒိယ၊ မဏိပူရပြည်နယ်နှင့် မြန်မာ- တမူးမြို့နယ်စပ်အကြား ခြံစည်းရုံး ကာရံမှုကို ဆောင်ရွက်ခဲ့ရာမှာ တမူးမြို့နယ်အတွင်း ၆ နေရာခန့်မှာ မြန်မာပိုင်းနက်ထဲ ဝင်ရောက်၍ နယ်မြေကျူးကျော်ကာ ခြံစည်းရိုး ခတ်နေခြင်းဖြစ်ကြောင်း တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နာယကတဦးက ပြောသည်။ “နယ်မြေကျူးကျော်ခြံခတ်တာကို အားလုံးသဘောထားအရ လက်မခံတဲ့အတွက်ကန့်ကွက်ထားတယ်၊ မြေပြင်က ရဲဘော်တွေက ကိုယ်တိုင်သွားရောက်တားမြစ်ထားတယ်။ India ဘက်က ဆက်လုပ်ချင်တယ်၊ ၂ နိုင်ငံတာဝန်ရှိသူတွေ နယ်မြေကွင်းဆင်းပြီး သဘောတူတဲ့ နေရာမှာ ခြံစည်းရိုးဆက်ကာဖို့ ပြောပါတယ်၊ ကျနော်တို့က အခုလို တိုက်ပွဲကာလမှာ အခြေအနေမပေးသေးဘူး၊ ဒီအတိုင်းပဲရပ်ထားဖို့ပဲလိုလားပါတယ်၊ ကွင်းဆင်းမယ်၊ ဆွေးနွေးမယ် ဆိုရင်လည်း NUG ဗဟိုအစိုးရနဲ့ပဲညှိနှိုင်းတိုင်ပင်ရမယ် ပြောထားပါတယ်” ဟု တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နာယကတဦးက ပြောသည်။ လက်ရှိ စစ်အာဏာရှင်ကို တော်လှန်နေသည့်ကာလတွင် အိန္ဒိယအနေဖြင့် ခြံစည်းရိုးကာရံနေမှုကို ဆက်မလုပ်စေချင်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးထံကိုလည်း အိန္ဒိယဘက်မှ မြေပြင်ကျူးကျော်ထားမှုကို ပုံများနှင့်တကွ တင်ပြထားကြောင်း ၎င်းက ဆိုသည်။ နယ်မြေကျော်၍ ခြံစည်းရိုးခတ်မှုများမှာ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နှင့် မြန်မာပိုင်နက် တမူးမြောက်ပိုင်း၊ မြို့သစ်မြို့၊ ဖိုင်ရန်ကျေးရွာ အနောက်ဘက် နယ်စပ် ဝမ်လီကျေးရွာအနီးမှာလည်း ဖြစ်ပွားကြောင်း၊ ဒုတိယနေရာမှာ တမူးမြို့နှင့် မြို့သစ်မြို့အကြားတည်ရှိသည့်…

Read More

(006SV) ချင်းကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့ ပေါင်းစည်းထားသော ချင်းညီနောင်အဖွဲ့ကို ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကို အကာအကွယ် ပေးနိုင်သည့် တပ်မတော်တစ်ရပ်အဖြစ် တိုးမြှင့်ဖွဲ့စည်းနိုင်ရေး စတင်လုပ်ဆောင်နေပြီဟု ချင်းညီနောင်အဖွဲ့က ကြေညာသည်။

Read More

(006SV) လွတ်လပ်သော မြန်မာသတင်းမီဒီယာများ အကျပ်အတည်းကြားမှ ရှင်သန်တည်တံ့ရေးကို မြန်မာနိုင်ငံပြည်ပ တစ်နေရာတွင် ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်ဟု နိုင်ငံတကာ မြန်မာသတင်း – BNI က မေလ ၁၀ ရက်မှာ ထုတ်ပြန်သည်။ မေလ ၅ ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံ ပြင်ပတစ်နေရာမှာ နိုင်ငံတကာ မြန်မာသတင်း – BNI က ကြီးမှုး၍ နဝမအကြိမ်မြောက် တိုင်ရင်းမီဒီယာညီလာခံကို ကျင်းပပြုလုပ်ရာမှာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ညီလာခံတက်ရောက်လာသူ သတင်းသမားများက လတ်တလော ကြုံတွေ့နေရသည့် ဘဏ္ဍာရေး အပါအဝင် အခြားအခက်အခဲ များကို တင်ပြဆွေးနွေးမှုအပေါ် အလှူရှင်များနှင့် တက်ရောက်လာသော အဖွဲ့အစည်းများကလည်း အကြံပြု ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ လွတ်လပ်သော သတင်းမီဒီယာများ ရေရှည် ရပ်တည်နိုင်ရေးအတွက် နိုင်ငံတကာကူညီထောက်ပံ့မှုများအပြင် သတင်းမီဒီယာ တစ်ခုချင်းစီက နည်းလမ်းများ ရှာဖွေကြိုးစားသင့်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ တိုင်းရင်းမီဒီယာညီလာခံမှာ မြန်မာနိုင်ငံအတွင်း ဖြစ်တည်နေသော ကြားကာလ အုပ်ချုပ်ရေးဆိုင်ရာ ရှုပ်ထွေးမှု အခြေအနေများ၊ နိုင်ငံရေး ရှုပ်ထွေးမှုများကြားက သတင်းတင်ဆက် ထုတ်လွှင့်မှု အခြေအနေများနှင့် အနာဂါတ် အုပ်ချုပ်ရေးဆိုင်ရာ အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ညီလာခံတွင် နိုင်ငံတကာ မြန်မာသတင်း – BNI က စုစည်းနေသော သတင်းမီဒီယာဆိုင်ရာ ဥပဒေများအပေါ် ပြင်ဆင်ဖြည့်စွက် အကြံပြုရန် လိုအပ်ချက်များကို ထပ်မံ ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးချက်များတွင် မီဒီယာ ကောင်စီနှင့် သတင်း မီဒီယာ ဥပဒေ၊…

Read More

(004SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဆက်သွယ်ရေးအော်ပရေတာ MPT ဖုန်းလိုင်းတခုသာရရှိပြီး ဖုန်းငွေဖြည့်ကဒ်များကို ဈေးပိုပေးကာ ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလကုန်၊ မေလဆန်းပိုင်းမှစတင်ကာ MPT ဖုန်းလိုင်းတခုတည်းသာရပြီး အခြားသော ဆက်သွယ်ရေးဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများ အားလုံးပြတ်တောက်နေခြင်းဖြစ်ကာ MPT ဖုန်းငွေဖြည့်ကဒ် ၁၀၀၀ ဖိုးကို ၁၂၀၀ ပေးကာ ဝယ်ယူနေရသည်ဟု ကလေးမြို့က ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။ “အခုက ကလေးမြို့မှာ MPT လိုင်းတခုပဲရတယ်။ ဒါတောင် ဖုန်းလိုင်းက မကောင်းချင်ဘူး။ ဒါပေမဲ့ MPT ပဲရတယ်ဆိုတော့ အဲဒါပဲ သုံးကြပြန်တော့အခု ဖုန်ဘေလ်ငွေ ၁၀၀၀ တန်ကဒ်ကို ၁၁၀၀၊ ၁၂၀၀ ပေးပြီး ဝယ်ယူနေရတယ်။ ဒါတောင် မြို့ထဲမှာ ဝယ်စရာမရှိတော့ဘူး။ ကျွန်မတို့ကတော့ Kpay နဲ့ပဲ ဖြည့်ကြတော့ အဆင်ပြေသေးတယ်” ဟု ဒေသခံအမျိုးသမီးက ပြောသည်။ အခြားသော ဆက်သွယ်ရေးလိုင်းများဖြစ်သည့် Oreedoo, Atom နှင့် Mytel အောပရေတာများသည် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအားလုံး သုံး၍မရသေးပေ။ ထို့အပြင် ကလေးမြို့တွင် MPT ဖုန်းလိုင်းတခုတည်းသာ အသုံးပြုနေကြရတာကြောင့် MPT ဆင်းကဒ်များမှာလည်း ၁,၅၀၀ ကျပ်တန် ဆင်းကဒ်တစ်ကဒ်ကို ယခုတွင် ၄၅,၀၀၀ ကျပ်ဖြင့် ဝယ်ယူနေရကြောင်းလည်း သိရသည်။ “MPT simcard က အရင် ၁,၅၀၀ ကနေ ၃,၀၀၀, ၅,၀၀၀ကနေ အခုဆိုရင် ၄၀,၀၀၀၊ ၄၅,၀၀၀ အဲလိုရောင်းကြတာပေါ့နော်။ တော်တော်များများကလဲ MPT ကဒ်ပဲ…

Read More

(006SV) ချင်းပြည်နယ်က ကျန်းမာရေးကဏ္ဏမှာ ပြန်လည်တာဝန်ထမ်းဆောင်မည့် ကျောင်းသူ၊ ကျောင်းသားတချို့ကို အိန္ဒိယနိုင်ငံက တက္ကသိုလ်တစ်ခုမှာ Nursing နှင့် Lab Science ဘာသာရပ် တက်ရောက်သင်ယူနိုင်ရေးအတွက် ပညာသင်ဆု ပေးသွားမည်ဟု ချင်းကျန်းမာရေးအဖွဲ့ – CHO က သတင်းထုတ်ပြန်သည်။ အနည်းဆုံး အသက် ၁၇ နှစ် ပြည့်ထားပြီး လက်ရှိမှာ အိန္ဒိယနိုင်ငံ၏ ၁၂ တန်း သို့မဟုတ် မြန်မာနိုင်ငံ၏ ၁၂ တန်း တို့ကို သိပ္ပံတွဲဖြင့် အောင်မြင်ထားသူများသည် အိန္ဒိယက တက္ကသိုလ်တစ်ခုမှာ တက်ရောက်ခွင့်ရနိုင်မည်ဟု CHO က မေလ ၈ ရက်မှာ ထုတ်ပြန်သည်။ “ကျောင်းပြီးတဲ့အခါမှာ ချင်းပြည်နယ်တွင် ပြန်လည်တာဝန်ထမ်း ဆောင်မည့်သူများဖြစ်ပါက ချင်းကျန်းမာရေး အဖွဲ့အစည်းကနေ Application process ကို ကူညီဆောင်ရွက်ပေးမှာ ဖြစ်တဲ့အပြင် ချင်းပြည်နယ်က ကျန်းမာရေးလုပ်သားအင်အား လိုအပ်ချက် ကြီးမားပြီး ခက်ခဲ ဝေးလံဒေသက ကျောင်းသား/သူများအတွက် စကောလာရှစ်များ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကျောင်း လျှောက်ပြီးနောက် ကျောင်းက acceptance letter ရပြီးနောက်မှ စကောလာရှစ်ကို ပေးမှာ ဖြစ်ပါတယ်” ဟု CHO အဖွဲ့က ဆိုသည်။ ပညာသင်ဆု (Scholarship) လျှောက်ထားမည့်သူများအနေဖြင့် ပညာသင်ဆုလျှောက်လွှာအဆင့်ဆင့်ကို ချင်းကျန်းမာရေးအဖွဲ့၏ ပညာသင်ဆုဘုတ်အဖွဲ့က သတ်မှတ်ထားသည့်အတိုင်း ဆက်လက်လျှောက်ထားရမည်ဖြစ်ကြောင်း၊ အသေးစိတ်ကို ပြန်လည် အကြောင်းကြားပေးသွားမည်ဟု သိရသည်။ သူနာပြု (Nursing) အတွက် အစီအစဉ် ၂ ခု ရှိပြီး General…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်က အစိုးရအဆောက်အဦးနှင့် လူနေအိမ်နေရာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူများ သေဆုံးမှုရှိသည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ ယမန်နေ့ မေလ ၇ ရက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို နေ့လယ် ၁ နာရီခွဲခန့်တွင် မင်းတပ်မြို့အနီးဝန်းကျင်ကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လူနေအိမ်တချို့ ထိခိုက်ပျက်စီးမှု ပမာဏ ကြီးမားကြောင်း ဓါတ်ပုံသက်သေဖြင့် မင်းတပ် -ပအဖက မေလ ၇ ရက်က သတင်းထုတ်ပြန်သည်။ နေ့လယ် ၂ နာရီ ၄၀ ခန့်တွင်လည်း မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အစိုးရ အဆောက်အဦးနှင့် ဝန်းထမ်းအိမ်ရာများ ထိခိုက်ပျက်စီးပြီး အရပ်သားပြည်သူများ အသက်ဆုံးရှုံးမှု ရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ အမျိုးသား ၃ ဦး သေဆုံးသွားကြောင်း ချင်းဒေသတွင်း သတင်းဌာနတချို့က ဖော်ပြထားသော်လည်း သီးခြားအတည်ပြု၍မရသေးပေ။ မင်းတပ်မြို့ပေါ်လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ပြည်သူထိခိုက်သေဆုံးမှု၊ အဆောက်အဦးပျက်စီးမှုများအကြောင်း မင်းတပ်မြို့ပအဖ တာဝန်ရှိသူများထံ မေလ ၈ ရက် နေ့လယ်ပိုင်းအထိ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရသေးပါ။ ဧပြီလ ၁၆ ရက်ကလည်း မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီသည် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အစိုးရရုံး အဆောက်အဦး ၁ ခုနှင့် ဝန်ထမ်း အိမ်ရာ ၂ လုံး၊ လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။ စစ်ကောင်စီသည် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နှင့်…

Read More

(004SS) စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း ချင်းအပါအဝင် နိုင်ငံတစ်ဝှမ်းလုံးက အမျိုးသမီး ၇၀ ကျော်သေဆုံးကာ အယောက် ၅၀ ထိခိုက်ဒါဏ်ရာများ ရရှိခဲ့ကြသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်သည်။ဧပြီလ ၁ ရက်နေ့ မှ ၃၀ ရက်နေ့အတွင်း နိုင်ငံတစ်ဝှမ်းရှိ ချင်းပြည်နယ်အပါ အဝင် တိုင်းနှင့်ပြည်နယ် ၁၀ ခုမှ အမျိုးသမီး ၇၁ ဦး သေဆုံးခဲ့သည်ဟုဆိုသည်။ စစ်ကောင်စီ၏ လက်ချက်ကြောင့် ချင်းပြည်နယ်မှ အမျိုးသမီး ၄ ဦး၊ စစ်ကိုင်း တိုင်းဒေသကြီးမှ ၃၀ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ၁၄ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၄ ဦး၊ ရခိုင်ပြည်နယ်မှ ၄ ဦး၊ ရှမ်းပြည်နယ်မှ ၁ ဦး၊ ကရင်နီပြည်နယ်မှ ၃ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၅ ဦး၊ ကရင်ပြည်နယ်မှ ၄ ဦးနှင့် မွန်ပြည်နယ်မှ ၂ ဦး သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အသက်သေဆုံးခဲ့ရသည့် အမျိုးသမီး၇၁ ဦးထဲတွင် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၁၃ ဦး ပါဝင်သည်ဟု မြန်မာ့အမျိုးသမီးများ သမဂ္ဂအဖွဲ့က ပြောသည်။ အဆိုပါ သေဆုံးသူနှင့် ထိခိုက်ဒါဏ်ရာရရှိသူ အမျိုးသမီးများသည် စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၉ ဦးနှင့် ထိခိုက်ဒါဏ်ရာရသူ ၄၀ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ ၇ ဦးနှင့်…

Read More

(005MK) မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးခံရသူ စစ်ဘေးရှောင် ၄ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို မီဇိုးလူငယ်အသင်း YMA က ရပ်ကွက်ထဲမှာ နေခွင့်မပြုတော့ဘဲ မြန်မာနိုင်ငံကိုပြန်ရန် နှင်ထုတ်လိုက် သည်ဟု သိရသည်။ ပြီးခဲ့သည့် မေလ ၃ ရက်နေ့က ကျန်ဖိုင်းခရိုင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနက ဘိန်းဖြူ ၄ ဟောင်ကို ပိုင်ရှင်ဟုဆရသော Siangremthanga၊ Hrangthanpuia၊ Siangremmawii နှင့် Nokhenthanga တို့ထံမှ ဖမ်းဆီးရမိခဲ့ပြီး စုံစမ်းစစ်ဆေးမေးမြန်းပြီးနောက် Nokhenthanga မှအပ ကျန် ၃ ဦးစလုံးကို အကျဉ်းထောင်သို့ပို့ဆောင်ခဲ့ကြသည်ဟု မီဇိုရမ်ဒေသတွင်သတင်းဌာနမှာ ဖော်ပြထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျန်ဖိုင်းမြို့ ကာနန်ရပ်ကွက် မီဇိုးလူငယ်အသင်း YMA က ကြေညာချက်ထုတ်ပြန်ကာ မူးယစ်ဆေးဝါးကြောင့် အဖမ်းခံရသည့် ၄ ဦးမှာ ၎င်းတို့ရပ်ကွက်အတွင်း စစ်ဘေးရှောင်များအဖြစ် လာရောက် နေထိုင်သူများဖြစ်ကြပြီး အစိုးရနှင့် YMA တို့မှတိုက်ဖျက်နေသော မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်မှုရှိကြသည့်အတွက် ၎င်းတို့၏ မိသားစုဝင်များသည် စစ်ဘေးရှောင်များဖြစ်ကြသော်လည်း မြန်မာနိုင်ငံ သို့ ပြန်ကြရန် အသိပေးခဲ့ကြသည်ဟု ဖော်ပြထားသည်။ မေလ ၇ ရက်နေ့မကုန်ဆုံးမီ မြန်မာနိုင်ငံသို့ ပြန်သွားကြရန် အသိပေးထားပြီး အကျဉ်းထောင်ထဲ ရောက်ရှိနေသူများလည်း ထောင်မှလွတ်မြောက်လာသည့်အခါ မြန်မာနိုင်ငံသို့ ချက်ချင်းပြန်သွားရန် အသိပေးထား သည်ဟု ဖော်ပြထားသည်။ မူးယစ်ဆေးဝါးမှုကြောင့် အဖမ်းခံရသူ ၄ ဦးမှာ ချင်းလူမျိုးများဖြစ်ကြပြီး မြန်မာနိုင်ငံ မည်သည့်ဒေသတွင်နေထိုင်ကြသည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

Read More

(004SS) မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့တွင် နေထိုင်သော ချင်းအမျိုးသားတစ်ဦးသည် သုံးထပ်တိုက်ပေါ်မှ ပြုတ်ကျ၍ သေဆုံးခဲ့ကြောင်း Falam Pawlpi Malaysia (FPM-FRO) က ဖော်ပြသည်။ မေလ ၄ ရက် တနဂ်နွေနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်တွင် ၎င်းနေထိုင်ရာ Jalan Sungai Besi အိမ်သုံးထပ်တိုက်ပေါ်ကနေ လမ်းမပေါ်ကိုပြုတ်ကျ‌သည်ကို တွေ့ရှိပြီး ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေခဲ့ကြသော်လည်း ဒဏ်ရာပြင်ထန်သောကြောင့် အသက်သေဆုံးခဲ့ရကြောင်း သိရသည်။ သေဆုံးသူမှာ ချင်းပြည်နယ်၊ ဖလမ်းမြို့ နယ်၊ရာလ်လန်းကျေးရွာသား၊ အသက် (၃၁) နှစ်အရွယ် Lal Hram Luai ဖြစ်ပြီး တိုက်ပေါ်ကနေ ပြုတ်ကျရသည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။

Read More