Author: Editor

(002MG)စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့သည် စစ်မှုထမ်းရန်အတွက် နေ့စဉ်ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်ရှိနေသောကြောင့် မြို့ခံပြည်သူများအကြား စိုးရိမ်မှုမြင့်တက်လာသည်ဟု ကလေးမြို့များထံမှ သိရသည်။ ယခုလဆန်းပိုင်းက ကလေးမြို့ ကြို့သုံးပင်ရပ်ကွက်တွင် လူငယ်အမျိုးသား ၆ ယောက်ကို အရပ်ဝတ် ဝတ်ဆင်ထားသော စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်ရွေးထုတ်၍မရခဲ့ကြောင်း ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။ “တူလေးရဲ့အသက်က နှစ်ကျော်ပဲရှိသေးတာနော်၊ သူအဖမ်းခံရတာက သောကြာနေ့ ညနေပိုင်းမှာ ဒီကြို့သုံးပင်ရပ်ကွက်ဖက်မှာပဲ သူတို့ (စကစ) တွေက ယူနီဖောင်းအပြည့်နဲ့မဟုတ်ဘူး၊ အရပ်ဝတ်၊ အိမ်စီးကားနဲ့ လမ်းဘေး မှာ ကားထိုးရပ်ပြီးလာတဲ့လူငယ်တွေကို ဖမ်းတာ အဲ့မှာ သူလဲပါသွားတာ။ အဲ့နေ့ညနေက (၆) ယောက်ပါတယ်။ သူတို့တွေကို စုပေါင်းရုံမှာထားကြတယ်။ စနေနေ့မနက်မှပဲ လာခဲ့ကြဆိုပြီး တာဝန်ရှိတဲ့သူကပြောတော့ မနက်သွားတယ်၊ ဟိုရောက်တော့ ကျမတို့လဲ ငွေပေးတာ လက်မခံဘူး၊ တကယ်လွတ်ချင်ရင် လူအစားထိုးခေါ်လာခဲ့ ဒါဆိုရင် အဆင်ပြေတယ် လွတ်ပေးမယ်ဆိုပြီး ပြောတာနော်။ အခြေအနေတွေက အရင်ထက် ကြပ်လာတဲ့သဘောလို့မြင်တယ်” ဟု ၎င်းကပြောသည်။ အဆိုပါ လူငယ်သည် ပြီးခဲ့သည့် ဇူလိုင် (၄) ရက်နေ့က ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်တွင် ဆေးဝယ်ထွက်ရင်း ဖမ်းဆီးခံရပြီး ၎င်းနှင့်အတူ အသက် (၂၀) ဝန်းကျင်အရွယ် လူငယ် (၆) ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကလေးမြို့ပေါ်တွင် ဖမ်းဆီးခံရသူများစုကို စစ်ကောင်စီတပ်ဖွဲ့သည် စုပေါင်းရုံးတွင် ကြာရှည်စွာမထားတော့ဘဲ အခြားဒေသက စစ်သင်တန်းရှိရာကို ပို့ဆောင်လေ့ရှိသည်ဟု ကလေးမြို့က စစ်မှုထမ်းဟောင်း အမျိုးသားတဦးကပြောသည်။ “အခုမြို့ထဲမှာ လိုက်ဖမ်းတဲ့အဖွဲ့က မူးယစ်ရုံးက…

Read More

(006SV) မလေးရှားနိုင်ငံမှ ချင်းဒုက္ခသည်များသည် ဒုက္ခသည်များအဖြစ် ရပ်ဆဲခြင်းကာလအတွင်း UNHCR ကတ်များ အသိမ်းခံ ရပြီးနောက် ယနေ့အထိ ကတ်ပြန်လည်ရရှိခြင်း မရှိသူများအနေဖြင့် ဇူလိုင်လ ၃၁ ရက်နောက်ဆုံးထား၍ ICC အဖွဲ့ဝင် ချင်းအဖွဲ့အစည်းတစ်ခုထံတွင် အမည်စာရင်း ပြန်လည်ပေးအပ်ကြရန် ကြေညာထားသည်။ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များ၏ UNHCR ချင်းဒုက္ခသည်များ ဒုက္ခသည်အဖြစ်မှ ရပ်ဆဲခြင်းကာလ (Chin Cessation policy) အတွင်း UNHCR ကတ် မတရားအသိမ်းခံရပြီးနောက် ကတ်ပြန်ပေးရန် မိမိတို့အဖွဲ့အစည်းမှာ အသနားခံစား ပြန်လည်တင် ထားသော်လည်း ယနေ့အထိ UNHCR ကတ်ဒ် ပြန်လည်ရရှိခြင်း မရှိသူများ အမည်စာရင်း ပြန်လည်ပေးအပ်ရန် ICC က ဇူလိုင်လ ၈ ရက်မှာ ထုတ်ပြန်သည်။ 13C – UNHCR ကတ်ကိုင်ဆောင်ထားသည့် မလေးရှားရောက်ချင်းဒုက္ခသည်များအနေဖြင့် Independent Chin Communities – ICC အဖွဲ့ဝင်များဖြစ်သော Alliance Of Chin Refugees (ACR)၊ Chin Refugees Committee (CRC)၊ DAI Community Malaysia (DCM)၊ Falam Refugees Organization (FRO) နှင့် Zomi Association of Malaysia (ZAM) ထံသို့ စာရင်းပေး ကြရန် အသိပေးထုတ်ပြန်သည်။ ICC အဖွဲ့ဝင်ထားသော ချင်းအဖွဲ့အစည်းများထဲက မိမိအဖွဲ့အစည်း သို့မဟုတ် အသနားခံစာ တင်ခဲ့သော အဖွဲ့အစည်းထံသို့…

Read More

(006SV) ချင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အချင်းချင်းကြား မတူကွဲပြားသည့် သဘောထားအမြင်များ၊ ပဋိပက္ခများကို ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် အမြန်ဆုံးအဖြေရှာကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မ ဒူဝါလရှီးလက လေးနက်စွာ တိုက်တွန်းသည်။ ဇူလိုင်လ ၈ ရက် ရက်စွဲဖြင့် ချင်းအမျိုးသားတပ်ဦး (CNF/ CNA) ၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဟွာလ်ငိုးရမ်းအဖွဲ့တို့ကို လိပ်မှုပြီး ပေးပို့သော စာတွင် ဖော်ပြထားသည်။ ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအကြား မတူကွဲပြားမှုကို စစ်ရေးနည်းလမ်းဖြင့် အဖြေရှာရန် လုပ်ဆောင်မှုများကို သက်ဆိုင်ရာ ပါဝင်ပတ်သက်သည့် ချင်းလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးက ချက်ခြင်းရပ်တန့်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံသမ္မတရုံးက ပေးပို့သော စာတွင် တိုက်တွန်းသည်။ ချင်းလူထု တစ်ရပ်လုံး လိုလားသည့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် နိုင်ငံရေး စားပွဲဝိုင်းတွင်သာ ညှိနှိုင်းအဖြေရှာကြရန် အမျိုးသားညီညွတ်ရေးအစိုးရက အထူးတိုက်တွန်းလိုသည်ဟု ဆိုသည်။ ချင်းပြည်နယ်အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများအကြား အမြန်ဆုံး ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် အဖြေရှာနိုင်၍ စုစည်းညီညွတ်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီး ချင်းလူထုအကျိုး၊ တော်လှန်ရေးအကျိုး ဆက်လက် သယ်ပိုးနိုင်ကြပါစေကြောင်း ထုတ်ပြန်သည်။ ဇူလိုင်လ ၄ ရက်မှစတင်၍ ချင်းတော်လှန်‌ရေး လက်နက်ကိုင်များဖြစ်သော CNF/ CNA ၊ HPO/ CDF – ဟွာလ်ငိုးရမ်း နှင့် CNO/CNDF တို့ကြာ တိုက်ပွဲများ ဖြစ်ပွားခြင်းနှင့် စစ်ရေးတင်းမာမှုများ ဆက်တိုက်ဖြစ်ပွားနေသည်ကို NUG အစိုးရမှ ဝမ်းနည်းဖွယ်ကြားသိရသည်ဟု ထုတ်ပြန်သည်။ တော်လှန်ရေးအင်အားစုများကြားတွင်…

Read More

(006SV) ချင်းတော်လှန်ရေးအင်အားစုအချင်းချင်ကြား လက်နက်ဖြင့် ဖြေရှင်းမှုကို အမြန်ဆုံးရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ – NUCC က ပါဝင်ကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ကြေညာသည်။ ယနေ့ ဇူလိုင်လ ၈ ရက်တွင် ချင်းပြည်တော်လှန်‌ရေး မိတ်ဖက်အင်အားစုများနှင့် ပတ်သက်၍ ပန်ကြားချက်ဟူ၍ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ – NUCC က ထုတ်ပြန်လာခြင်းဖြစ်သည်။ ချင်းပြည်တော်လှန်ရေး မိတ်ဖက်အင်အားစုများအနေဖြင့် တော်လှန်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ အချင်းချင်းကြား လက်နက်စွဲကိုင် ဖြေရှင်းမှုများကို အမြန်ဆုံးရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြပါရန် NUCC က မေတ္တာရပ်ခံ တောင်းဆိုသည်။ လိုအပ်ပါက ပဋိပက္ခဖြေရှင်းရေး ညှိနှိုင်းမှုများတွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေဖြင့် ပါဝင်ကူညီဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်းလည်း ပဋိပက္ခဖြစ်ပွားနေသော ချင်းအင်အားစုများကို အသိပေးသည်။ ချင်းပြည်တော်လှန်ရေး မိတ်ဖက် အင်အားစုများအကြား လတ်တလော ဖြစ်ပွားနေသော သဘောထားကွဲလွဲမှုများနှင့် နောက်ဆက်တွဲ ပွတ်တိုက်မှုမျာကို NUCC အနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်မိသည်ဟု ထုတ်ပြန်သည်။ ဇူလိုင်လ ၂ ရက်မှ စတင်ခဲ့သည့် ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF – ဟွာလ်ငိုးရမ်း နှင့် ချင်းညီနောင်အဖွဲ့ဝင် CNDF တို့ကြားက မျိုးနွယ်စုနှင့် ဒေသအရေးပဋိပက္ခသည် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ချင်းအင်အားစုများအကြား နယ်မြေများ အပြန်အလှန်သိမ်းလာကြကာ စစ်ရေးပဋိပက္ခမှာ ပိုမိုကျယ်ပြန့် ပြင်းထန်လာနေသည်။

Read More

အခြေခံစစ်သင်တန်းကို အဖက်ဖက်မှ ကူညီပေးသော ULA/AA ကို ကျေးဇူးတင်ဟု CDF – ကန်ပက်လက်ဆို (006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့အတွင်းရှိ အသက် ၁၈ နှစ်အထက် လူငယ်များ အားလုံးကို စစ်မှုထမ်းရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် ခေါ်ယူနေကြောင်း ကြေညာသည်။ အသက် ၁၈ နှစ်အထက် လူငယ်အမျိုးသား၊ အမျိုးသမီးများအားလုံးသည် အမျိုးသားရေးတာဝန်များကို ရှောင်လွှဲခြင်းမပြုရန်နှင့် CDF – ကန်ပက်လက်၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၃ တွင် အမျိုးသားရေး တာဝန်သိစိတ်ဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်တက်ရောက်ပေးရန် CDF – ကန်ပက်လက်က ဇူလိုလ ၈ ရက်မှာ ထုတ်ပြန်သည်။ ၄ လကျော်ကြာမြင့်သည့် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၂ ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းဆင်း ရဲဘော်၊ ရဲမေများ၏ ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားကိုလည်း ကျင်းပပြီးစီးပြီဖြစ်သည်ဟု သိရသည်။ စစ်သင်တန်းတက်ရန် နှင့် အပတ်စဉ် သင်တန်းများအကြောင်း မေးမြန်းရန် CDF ကန်ပက်လက်ကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရသေးပေ။ CDF – ကန်ပက်လက်၏ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းကို အောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီပေးခဲ့သော မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) ကို အထူးကျေးဇူးတင်ရှိကြောင်းလည်းဖော်ပြထားသည်။ ယင်းသင်တန်းအတွက် ပြည်တွင်း/ပြည်ပသို့ ရောက်ရှိနေသော CDF – ကန်ပက်လက်၏ ထောက်ပံ့ပြည်သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိသည်ဟု ဆိုသည်။ ကျင်ဒွေးမြို့နှင့် ကန်ပက်လက်မြို့နယ်က…

Read More

(002MG)စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နှောညောင်ပင် (ကံပုလဲအရှေ့) ပျူကျေးရွာ စစ်ကောင်စီ အထိုင်ချ စခန်းတခုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့်ပူး ပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက် ခိုက်သိမ်းပိုက်ခဲ့သည်။ နှောညောပင်ပျူကျေးရွာက စစ်ကောင်စီအထိုင်စခန်းကို ဇူလိုင် (၅) ရက်နေ့ နံနက် ၁ နာရီ မိနစ် ၂၀ တွင် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဦးဆောင်မှုဖြင့် ဒေသခံကျေးရွာ ပကဖအဖွဲ့များ၊ RAW (Kalay) ဆေးအဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ထုတ်ပြန်သည်။ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးနှင့် ပျူစောထီး (၄) ဦး သေဆုံးခဲ့ပြီး ပျူစောထီး (၁) ဦး အရှင်ဖမ်းဆီးရမိကာ ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁) ဦး (မစိုးရိမ်) ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ထို့အပြင် ကာဘိုင် (၄) လက်၊ BA-100 (၆၀ မမ) – (၁) ပြောင်း၊ G-3-(၂) လက်၊ ၆၀ ဖူး (၁၂) ဖူး၊ MG-1 ပလတ်စတစ် လက်ပစ်ဗုံး (၂) လုံး၊ i-con (၂) လုံး၊ ၃၀ လက်မ ကာဘိုင်ကျည် – (၁၁၇၅) တောင့်၊ 7.62 ကျည် (၅၀၉) တောင့်၊ (ကပစ) 5.56 ကျည် (၅၈) တောင့်၊ G-3 ကျည်ဘောက်…

Read More

(006SV) ချင်းလူမျိုးအချင်းချင်းကြား ဘုံရန်သူကို တိုက်ထုတ်နေသော တော်လှန်ရေးကာလအတွင်း လူမျိုးနွယ်စုနှင့် ဒေသကိစ္စရေးများတွင် ဝင်ရောက်စွက်ဖက်မှုကို အားမပေးဘဲ ယင်းသို့လုပ်ဆောင်သော ချင်းအဖွဲ့အစည်းကို အားပေးထောက်ခံမည်မဟုတ်ကြောင်း ပလက်ဝကောင်စီနှင့် CDF – ပလက်ဝက ကြေညာသည်။ အာဏာသိမ်းစစ်ကောင်စီနှင့် အာဏာရှင်စနစ်အဖွဲ့ဟူသမျှကိုသာ တိုက်ထုတ်သွားမည်ဖြစ်ပြီး ချင်းလူမျိုးအချင်းချင်းကြား ဘုံရန်သူကို တိုက်ထုတ်နေသော တော်လှန်ရေး ကာလအတွင်း လူမျိုးနွယ်စု၊ ဒေသကိစ္စရေးများတွင် လုံးဝဝင်ရောက်၊ စွက်ဖက် ပူးပေါင်းပါဝင်မှုကို အားမပေးကြောင်း CDF – ပလက်ဝက ယနေ့ ဇူလိုင်လ ၇ ရက်မှာ ထုတ်ပြန်သည်။ အချင်းချင်းပဋိပက္ခဖြစ်စေသော မည်သည့်ချင်းတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းကိုမျှ အားပေးထောက်ခံမည်မဟုတ်ကြောင်း အသိပေးသည်။ ချင်းပြည်လွတ်မြောက်ရေး၊ အမျိုးသား တည်ဆောက်ရေးလမ်းစဉ်နှင့် အာဏာရှင်စနစ်ဟူသမျှ တိုက်ဖျက်ရေးတို့တွင် ရည်မှန်းချက်တူ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်လက်ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဟု CDF- ပလက်ဝက ဆိုသည်။ လက်ရှိ ချင်းပြည်အတွင်းဖြစ်ပွားနေသော လူမျိုးချင်းတူညီ အစ်ကိုကြား သွေးထွက်သံယိုမှုကိစ္စသည် ချင်းလူမျိုးများ၏ သွေးစည်းညီညွတ်ရေးလမ်းစဉ်ကို လွန်စွာထိခိုက်စေသည်ဟု ပလက်ဝကောင်စီက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ CDF – ပလက်ဝထံ ဆက်သွယ်မေးမြန်းသော်လည်း မရသေးပါ။ ဇူလိုင်လ ပထမပတ်အတွင်း ချင်းလဲန်းကောင်စီအဖွဲ့ဝင် HPO / CDF – Hualngoram နှင့် ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုုး သားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) တို့က လူမျိုးနွယ်စုနှင့် ဒေသအရေးကိစ္စအခြေခံသော စစ်ရေးပဋိပက္ခကြောင့် အရှိန်မြင့်လာချိန်တွင် CDF – ပလက်ဝ၏ ယခု ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ မရာဒေသတွင်လည်း ချင်းလဲန်းကောင်စီအဖွဲ့ဝင်…

Read More

(006SV) ကလေးမြို့ဘက်မှ ချင်းတောင်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်ကို ချင်းပူးပေါင်းတပ်က တစ်လကျော်ကြာ ပိတ်ဆို့တိုက်ခိုက်နေရာ အထိအခိုက်အကျအဆုံးများစွာဖြင့် ကလေးဘက်သို့ ပြန်ဆုတ်ခွာသွားသည်ဟု ချင်းတော်လှန်ရေးပူးပေါင်းမှ သိရသည်။ “လက်ရှိတော့ စကစတွေက ကလေးမြို့ကို အကုန်ရောက်ကြပြီး ထွက်ပြေးကြကုန်တာ။ တစ်ရွာပြီး တစ်ရွာ ရှင်းလင်းရေး လုပ်ပြီး နောက်ဆုံးမှာ မွာလ်ပီးရွာအထိ ကျနော်တို့ ရောက်သွားတာပေါ့။ မွာလ်ပီးရွာကို အထိုင်ပုံစံနဲ့ ချထားတော့ ကတုတ်ကျင်းတွေ ကောင်းကောင်းတူးထားတာတွေ့တယ်။ ကိုယ်ဘက်ကလည်း ထိခိုက်ဒဏ်ရာ ရတဲ့ လူတွေများလာတဲ့အခါမှာ ကိုယ့်ဘက်က အင်အား မမျှတာတော့ ရှိတာပေါ့။ သို့ပေမယ့် ကိုယ့်ရှိတဲ့ လူနဲ့ မရ၊ မက ထိုးစစ်ဆင်ပြီးမှ ကျနော်တို့ သိမ်းနိုင်ခဲ့တယ်။ အခုချိန် မွာလ်ပီးကျေးရွာမှာတော့ ရှင်းလင်းရေး လုပ်နေတုန်း၊ စစ်ကောင်စီက မရှိတော့ဘူး။ ဒီဘက် ရွာတွေမှာလည်း မိုင်းရှင်းလင်းရေးတွေ ဆက်လက်ပြီး လုပ်ဖို့တော့ ရှိပါသေးတယ်” ဟု ချင်းပူးပေါင်းတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မေလ ၁၈ ရက်မှစတင်၍ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ အင်အား ၅၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မေလ ၂၁ ရက်တွင် ချင်းပူးပေါင်းတပ်က စတင်ပိတ်ဆို့ တိုက်ခိုက်နေခဲ့ပြီး ဇူလိုင်လ ၅ ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်သည် မွာလ်ပီးကျေးရွာတွင် အထိုင်ချထားသော စစ်ကောင်စီတပ်ကို တစ်နေကုန်နီးပါး ထိုးစစ်ဆင်တိုက်ခိုက်၍ သိမ်းပိုက်နိုင်ခဲ့သည်။ ဇူလိုင်လ ၅ ရက် တိုက်ပွဲမှာပင် CNA ရဲဘော် ၃ ဦး၊ CDF…

Read More

(005MK) မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော Advocacy Group for peace ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့သည် CNO/CNDF နှင့် CDF-Hualngoram တို့တိုက်ပွဲဖြစ်ပွားရာ ချင်းပြည်နယ် ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့သို့ သွားရောက်ခဲ့ကြသည်ဟုသိရသည်။ မီဇီုရမ်ဝန်ကြီးချုပ်အကြံပေးပုဂ္ဂိုလ် ပြည်နယ်လွတ်တော်အမတ် Pu Lalmuanpuia Punte ဦးဆောင်သော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့သည် ဇူလိုင် ၆ ရက်နေ့က ရိခေါဒါရ်မြို့နှင့် ဇိုခေါထာရ်ကျေးရွာသို့သွားရောက်ပြီး CNDF နှင့် CDF-Hualngoram တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်ဟု All India Radio News က ဖော်ပြသည်။ ထိုသို့တွေ့ဆုံရာမှာ ညီအကိုအချင်းချင်းကြား ပြန်လည်ခြေဖျက်၍မရသော အမှားမျိုးကျူးလွန်ခြင်းမပြုကြရန် နှင့် အမျိုးသမီးနှင့် ကလေးငယ်များအပေါ် အပြစ်ကျူးလွန်ခြင်းမလုပ်မိစေရန် ငြိမ်းချမ်းရေးအကျိုး ဆောင်အဖွဲ့ခေါင်းဆောင် Pu Lalmuanpuia Punte က မှာကြားခဲ့သည်ဟုသိရသည်။ ထို့အပြင် မီဇိုရမ်အစိုးရအနေဖြင့်လည်း အဖွဲ့အစည်း ၂ ခုအကြား ပဋိပက္ခများအဆုံးသတ်ကာ ငြိမ်းချမ်းရေးပြန်လည် ရရှိစေရေးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးရန်အဆင်သင့်ရှိကြောင်း ဝန်ကြီးချုပ်အကြံပေးပုဂ္ဂိုလ်က ပြောဆိုခဲ့သည်။ ယခုခရီးစဉ်တွင် Pu Lalmuanpuia Punte နှင့်အတူ မီဇိုးကျောင်းသားသမဂ္ဂ (MZP) ဥက္ကဌ Pu H. Lalthianghlima, တွဲဖက်အတွင်းရေးမှူး Lalhmingsanga တို့လည်း ပါဝင်သည်ဟု သိရသည်။ HPO/CDF-Hualngoram ထိန်းချုပ်ထားသော အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့ကို CNO/CNDF က ဝင်ရောက်တိုက်ခိုက်ရာမှာ ဇူလိုင် ၅ ရက်နေ့က ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲကြောင့် ရိခေါဒါရ်မြို့က ပြည်သူ ၃၀၀၀…

Read More

(005MK) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့တွင် CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် ရိခေါဒါရ်မြို့နှင့် အနီးပတ်ဝန်းကျင်ရွာက ဒေသခံပြည်သူ ၃၀၀၀ ကျော် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလုံနေကြရသည်ဟု သိရသည်။ CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့တို့သည် ဇူလိုင်လ ၂ ရက်နေ့ကစ၍ ဟွာလ်ငိုးရမ်းဒေသ Satawm, Tuichirh, Lianhna ကျေးရွာတို့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြပြီးနောက် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေး စခန်းတည်ရှိရာ ရိခေါဒါရ်မြို့မှာလည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားကာ ဇူလိုင်လ ၅ ရက်နေ့က CNO/CNDF တပ်ဖွဲ့ က ရိခေါဒါရ်မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။ အဆိုပါတိုက်ပွဲကြောင့် ရိခေါဒါရ်မြို့အမှတ် ၁ နှင့် အမှတ် ၂ (တီအိုချောင်း) ရပ်ကွက်ကပြည်သူအားလုံးသည် တဖက်ကမ်း မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ ထွက်ပြေးခိုလုံခဲ့ကြရပြီး လက်ရှိတွင် စစ်ဘေးရှောင်အဖြစ် ဝင်ရောက်လာသူအယောက် ၃၀၀၀ ကျော်ရှိသွားပြီဟု မီဇိုရမ်ဘက်က ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလုံသူထဲက စစ်ဘေးရှောင်တစ်ဦးသည် ချောင်းရေဖြတ်ကူးနေစဉ်တွင် ရေထဲမျောပါပျောက်ဆုံးသွားပြီး ယနေ့ချိန်ထိအလောင်ရှာမတွေ့ကြသေးကြောင်းသိရသည်။ စစ်ဘေးရှောင်အများစုသည် ဇိုခေါထာရ်ကျေးရွာထဲက ဆွေမျိုးအသိမိတ်ဆွေသူငယ်ချင်းများထံ ခေတ္တခိုလုံကြရပြီး ဆွေမျိုးမရှိသူများအတွက် ဇိုခေါထာရ်ကျေးရွာတာဝန်ရှိသူများက ယာယီခိုလုံမည့်နေရာများပြင်ဆင်ပေးထားကြောင်း သိရသည်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးစခန်းတည်ရှိရာဖြစ်မြို့ဖြစ်သည့် ရိခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်မတော် CNA, CDF-Hualngoram, PDA-Tidem, CDF-Thantlang နှင့် CDF-Zanngiatram စသည့် ချင်းလဲန်းကောင်စီအဖွဲ့ဝင်ပူး ပေါင်းတပ်ဖွဲ့က ၂၀၂၃ ခုနှစ်နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။…

Read More