(006SV) ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်မှ ပြန်ဌာန်းသည့် အခွန်အကောက်ဥပဒေကို ဇိုဖေရမ်ဒေသအတွင်း စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း ဇိုဖေရမ်ကောင်စီထံမှ သိရသည်။ အောက်တိုဘာလ ၁၁ ရက်မှ ၁၂ ရက်အထိ ဇိုဖေရမ်ကောင်စီဌာနချုပ်တွင် ဒုတိယညီလာခံသက်တမ်း၊ ဒုတိယအကြိမ် ဇိုဖေရမ်ကောင်စီ အစည်းအဝေးကို ကျင်းပပြီး ဆုံးဖြတ်အတည်ပြုချက်များ ချမှတ်နိုင်ခဲ့ကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။ ချင်းပြည်လွှတ်တော်မှ ပြဌာန်းသည့် အခွန်အကောက်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ယင်းအစည်းအဝေးတွင် ရှင်းလင်းခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ပြီး စတင်အကောင်အထည်ဖော်ရန် ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။ ဇိုဖေရမ်ဒေသအတွင်း အခွန်အကောက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းစီမံချက်များ ထပ်မံရေးဆွဲပြီး စတင်ဖော်ဆောင်နိုင်ရန် တာဝန်ပေးအပ်ခြင်းများလည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။ ဇိုဖေရမ်အက်ဥပဒေကိုလည်း ဇိုဖေရမ်ဒေသတွင် ပြည်သူ့အုပ်ချုပ်ရေး ယန္တရားများ ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်ရန် ယင်းအစည်းအဝေးတွင် အတည်ပြုနိုင်ထားပြီ ဖြစ်ကြောင်း ဇိုဖေရမ်ကောင်စီထံမှ သိရသည်။ ချင်းပြည်နယ်အတွင်းက လက်ရှိ စစ်ရေးနှင့် နိုင်ငံရေး အခြေအနေများကိုလည်း သုံးသပ်ချက်များပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်နိုင်ခဲ့သည်ဟု သိရသည်။ ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ မဏ္ဍိုင်ကြီး ၃ရပ်တို့နှင့် ချိတ်ဆက်ဆောင်ရွက်ပြီး စစ်ရေး၊ နိုင်ငံရေး ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဇိုဖေရမ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆုံးခန်းတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ချင်းပြည်လူထုအပါအဝင် Zopheiram Council Supporting Committee of Global တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။ ဇိုဖေရမ်ကောင်စီ နှင့် CDF- Zophei…
Author: Editor
(004SS) ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် ULA/ AA ၏ ခွင့်ပြုချက်မပါဘဲ ဒေသခံပြည်သူများသည် တောင်ယာပင် သွားခွင့်မရှိကြောင်း ဒေသခံများကပြောသည်။ ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားသော အာရက္ခတပ်တော် AA သည် မြို့ပေါ်နှင့် ကျေးရွာအဝင်များတွင် စစ်ဆေးရေးဂိတ်များထားရှိကာ ဒေသခံများခရီးသွားရာတွင်သာမက တောင်ယာသွားရာတွင်ပင် ၎င်းတို့ထံ မှတ်ပုံတင်ပြ၊ အစစ်အဆေးခံနေရသည်ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။ “အပြင်ကိုလုံးဝမထွက်ခိုင်းတာတော့မဟုတ်ဘူး ဒါပေမဲ့သူတို့ဆီမှာအကြောင်းကြားရတယ်။ ခရီးထွက်ချင်ရင် သူတို့ဆီမှာ သတင်းပို့ရတယ်၊ ပြန်ရောက်တဲ့အချိန်မှာလဲ သူတို့ဆီမှာသတင်းပို့ရတယ်၊ အဲလိုသူတို့ပြောထားတာရှိတယ်။ ကျွန်တော်တို့ တောင်ယာ ခုတ်ရတာဆိုတော့ တောင်ယာသွားချင်ရင်လဲ သူတို့ဆီအကြောင်းကြားရတယ်။ မနက်ပိုင်းသွား ညနေပိုင်းရွာကို ပြန်ရောက်ရမယ်ဆိုပြီးသူတို့ကပြောထားတာ၊ ဒါပေမဲ့ ကျွန်တော်တို့က ၃ မိုင် ၄ မိုင်မှာ တောင်ယာလုပ်တာဆိုတော့ ညလဲ အိပ်ချင်တာပေါ့ ညအိပ်လို့လဲ မရဘူး။ အကြောင်းကြားပြီးမှ ရွာကိုပြန်ရတာ၊ ဒီလိုတော့ သိပ်အခက်အခဲရှိပါတယ်” ဟု ပလက်ဝမြို့နယ်က အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးကပြောသည်။ ပလက်ဝဒေသခံများသည် တောင်ယာစပါးရိတ်ချိန်တန်ပြီဖြစ်သော်လည်း တောင်ယာတွင် ညအိပ်ခွင့်မရသည့်အတွက် အခက်ကြုံနေရသည်ဟု သိရသည်။ ခရီးသွားရာတွင်လည်း ရွာအထွက်က စစ်ဆေးရေးဂိတ်အပါအဝင် လမ်းတစ်လျှောက်ရှိ AA စစ်ဆေးရေးဂိတ်များတွင် အစစ်အဆေးခံရပြီး စစ်ဆေးပြီးကြောင်း လက်မှတ်ထုတ်ပေးခြင်းမရှိသောကြောင့် ရှိသမျှဂိတ်များတွင် ထပ်ခါထပ်ခါ စစ်ဆေးခံနေရသည်ဟု သိရသည်။ “ကျွန်တော်တို့ ပလက်ဝမြို့နယ်ကနေ ဆမီးဘက်သွားတဲ့လမ်းမှာ AA ဂိတ် ၆ ခုလောက်ရှိတယ်။ ဂိတ်ရောက်တိုင်းသူတို့ စစ်ဆေးတယ်။ မှတ်ပုံတင်ပြရတယ်။ ဘယ်သွားမလဲ။ ဘယ်ရက်ပြန်မလဲ၊ ဘယ်လောက်ကြာမလဲမေးတယ်။ နောက် ရွာနာမည်တွေမေးတယ်။ အဝတ်ထုပ်တွေကို ဖြည်ပြီးကြည့်တယ်၊…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီက လူငယ်များကို လိုက်လံဖမ်းဆီးနေပြီး စစ်သင်တန်းထဲပို့ဆောင်နေပြီး စစ်ထဲအပို့မခံရအောင် မိသားစုဝင်များက ကျပ်ငွေသိန်း ၁၀၀ ဖြင့် ပြန်ရွေးနေရသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ကလေးမြို့ထဲက ဗိုလ်ချုပ်လမ်းမပေါ်နှင့် လမ်းကြိုလမ်းကြားများတွင် ဆိုင်ကယ်တစ်စီးအား အမျိုးသား ၂ ဦးမောင်းနှင်သူများကို အဓိကထား ဖမ်းဆီးလေ့ရှိပြီး ထိုကဲ့သို့ဖမ်းဆီးပြီးနောက် စစ်သင်တန်းထဲ အတင်းအဓမ္မပို့ဆောင် လေ့ရှိသည်ဟု ကလေးမြို့ဒေသခံများထံမှ သိရသည်။ ထိုသို့အဖမ်းခံရသောလူငယ်များကို ကလေးမြို့မြောက်ပိုင်း၊ စခန်းကြီးရွာ၊ ကလေးမြို့ထောင်အနီးရှိ လေ့ကျင့်ရေးတပ်သို့ ပို့ဆောင်လေ့ရှိပြီး စစ်သင်တန်းထဲအပို့မခံရအောင် မိသားစုများက သိန်း ၁၀၀ ဖြင့် ပြန်ရွေးထုတ်ရသည်ဟု ယင်းအခြေအနေကို သိရှိသူတစ်ဦးကပြောသည်။ မကြာသေးခင်ရက်ပိုင်းကလည်း ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်ထဲက လမ်းကြားထဲမှာ ဆိုင်ကယ်တစ်စီးပေါ် အမျိုသား ၂ ဦးလိုက်ပါမောင်းနှင်သည်ကို စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီးနောက် မိသားစုဝင်များက သိန်းတစ်ရာစီဖြင့် ပြန်ရွေးထုတ်ခဲ့ရသည်ဟု ကလေးမြို့ ဒေသခံတစ်ဦးကပြောသည်။ “ချမ်းမြေ့အောင်စည်ရပ်ကွက်ဆိုရင်ပိုဆိုးတယ် ပင်လုံလမ်းမကြီးပေါ်မဟုတ်ပဲနဲ့ အတွင်းတလမ်းမှာ စီးနေတာ လှည့်နေတဲ့သူတွေနဲ့တွေ့ပြီးဖမ်းသွားတာ။ အခုနောက်ပိုင်းက ဖမ်းတာက နိုင်ငံရေးပုဒ်မကြောင့် ဖမ်းတာမဟုတ်ဘူး ယောကျာ်းလေး နှစ်ယောက်စီးရင် ဖမ်းတာ တခါတည်း စစ်မူထမ်းဖို့ ထည့်လိုက်တော့တာ၊ ပထမတော့ ရွေးလို့မရဘူးကြားတာ နောက်နေ့မနက်တော့ တယောက်ကို သိန်း (၁၀၀) စီပေးရတာ” ဟု ၎င်းကပြောသည်။ အောက်တိုဘာလ (၁၆) ရက်နေ့ကလည်း ကလေးမြို့လမ်းဆုံအနီးတွင် ဆိုင်ကယ်တစ်စီးပေါ် အမျိုးသားနှစ်ဦး မောင်းနှင်လာသည်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ယင်းလူငယ်နှစ်ဦးအား စစ်မှုထမ်းရန် လေ့ကျင့်ရေးစခန်းသို့ မပို့မီ အသက်မပြည့်သေးသည့် လူငယ်များဖြစ်ကြောင်း မိဘများက…
(006SV) မလေးရှားနိုင်ငံ၊ ကလန်တန် (KELANTAN) ပြည်နယ်၊ ဂျလီ (JELI) ခရိုင်ထဲက စိုက်ပျိုးရေးလုပ်ငန်းတနေရာတွင် ကျားဆွဲခံရသည့် ချင်းတိုင်းရင်းသား ၁ ဦး၏ ရုပ်အလောင်းကို ပြန်တွေ့ပြီး ၎င်း၏ မိသားစုဆွေမျိုးများနှင့်လည်း အဆက်အသွယ်ရပြီဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။ အောက်တိုဘာလ ၁၆ ရက်၊ မလေးရှားစံတော်ချိန်ည ၈ နာရီ ၁၅ ခန့်မှာ မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် အသက် ၂၈ နှစ်ခန့်အရွယ် မင်းတပ်မြို့နယ်သား ကိုဟုန်းရှိန်ဖေသည် အလုပ်သိမ်းချိန် ညစာချက်ပြုတ်ရန် ပြင်ဆင်နေစဉ် ကျားဆွဲခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများက ပြောသည်။ “မနေ့က အလုပ်သိမ်းချိန်မှာ ထမင်းချက်နေကြတာပေါ့။ သူဌေးကလည်း လစာထုတ်ပေးတယ်။ အဲအချိန်မှာ သူကလည်း ရေစင်မှာ သွားပြီး ကြက်သားခုတ်တဲ့အချိန် ကျားက လာဆွဲသွားတာ။ သူ့အခန်းရဲ့ကပ်ရပ်မှာ နေတဲ့လူက လာပြောတော့ ကျနော်တို့ သွားရှာတယ်။ မတွေ့ဘူး။ သူဌေးကလည်း တဖက်ကပတ်ပြီး ထပ်ရှာတယ်။ မတွေ့ဘူး။ ဒီနေ့ မနက်ပိုင်းမှာ ပြန်သွားရှာတော့ ကျနော်တို့နေတဲ့နေရာရဲ့ တမိုင်နီးပါးမှာ သူကို ပြန်တွေ့တယ်။ ပြန်တွေ့ချိန်မှာ ပေါင်တစ်ဖက်က ဘာမှမရှိတော့ဘူး” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ကိုဟုန်းရှိန်ဖေသည် မင်းတပ်မြို့နယ်၊ စွန်တောင်ကျေးရွာသားဖြစ်ပြီး မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည်မှာ နှစ်ဆယ်ချီရှိနေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကိုဟုန်းရှိန်ဖေ၏ မိဘများ၊ ဆွေမျိုးအသိုင်းအဝိုင်းများနှင့် အဆက်အသွယ်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။ “မနေ့ညက ကိုဟုန်းရှိန်ဖေရဲ့ အဒေါ်ရဲ့သားနဲ့လည်း အဆက်အသွယ်ရတယ်။ မလေးစံတော်ချိန်ည ၂ နာရီခွဲလောက်မှာ သူရဲ့ညီလေးနဲ့လည်း အဆက်အသွယ်ရတယ်။…
(004SS) ချင်းပြည်နယ် မြို့တော် ဟားခါးမြို့တွင် ဒေသခံများအနေဖြင့် ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှစ၍ ည ၆ နာရီမှ မနက် ၆ နာရီအတွင်း အိမ်ပြင်ထွက်ခြင်းမပြုကြရန် Chinland Defense Force – Hakha က ယနေ့တွင် သတိပေးချက်ထုတ်ပြန်သည်။ ဟားခါးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက “ကျွန်မတို့ဆို ည အပြင်မသွားတာကြာပြီး၊ အခု CDF ရဲ့ ထုတ်ပြန်တာကတော့ တချို့က ညမှာ အပြင်ထွက်ကြလို့နေမှာ၊ စကစ မရှိတဲ့ဘက်ဆိုရင် ညမှာ အပြင်ထွက်တဲ့သူတွေရှိတယ်။ ပြီးတော့ ခွေးမမွေးဖို့လဲ ထုတ်ထားတယ်။ လူငယ်တွေ လှုပ်ရှားချင်ရင် ခွေးဟောင်တော့ စကစက ရမ်းပစ်တော့တာ။ အခုလို သတိပေးထားတာတွေကိုတော့ လိုက်နာသင့်တယ်” ဟု ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သော ဒေသခံများအနေဖြင့် ခွေးမမွေးကြရန် ထုတ်ပြန်ချက်ကိုလည်း ပြည်သူများအနေဖြင့် လိုက်ကြရန်လည်း CDF – Hakha က ထပ်မံ အသိပေးထားသည်။ CDF- Hakha အနေဖြင့် တော်လှန်ရေးလှုပ်ရှားရာတွင် အနှောက်အယှက်ဖြစ်စေခြင်းကြောင့် ဟားခါးမြို့တွင် အိမ်မွေးခွေးများကို ရောင်းကြရန်၊ ရောင်း၍မရပါက သတ်ကြရန် ဇူလိုင် ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ခွေးမမွေးကြရန် သတိပေးချက်ကို လိုက်နာခြင်းမရှိသူများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ပြီး ညအပြင်မထွက်ရန် ထုတ်ပြန်ချက်အား မလိုက်နာသူများကို အသက်အန္ဓာရယ်တစ်စုံတစ်ခု ကြုံတွေ့ပါက CDF-Hakha အနေဖြင့် တာဝန်ယူမည်မဟုတ်ကြောင်း အသိပေးထားပါသည်။ လက်ရှိ ဟားခါး -…
|| ပလက်ဝမြို့ (ခေတ္တ)ဆေးရုံတာဝန်ခံ ဒေါက်တာအေးကျော်ကို ULA/ AA ပြန်လွှတ် (006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ဝက်မကျေးရွာက ဒေသခံ ၅ ဦးကို CDF – ပလက်ဝနှင့် ပတ်သက်သည်ဟူ၍ စွပ်စွဲပြီး ULA/ AA က ထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပလက်ဝဒေသခံတချို့က ပြောသည်။ အောက်တိုဘာလ ၁၄ ရက် မနက် ၁၀ နာရီခန့်မှာ ဆမီးမြို့ ဝက်မကျေးရွာက အသက် ၃၀ မှ ၄၀ အရွယ် မြိုချင်းလူမျိုးများဖြစ်သည့် ဦးအေးလွန်၊ ဦးကြာလုံး၊ ဦးဝင်းကြည်၊ ဦးကျင်ဝပ်၊ ဦးမနော့တို့ကို CDF – ပလက်ဝနှင့် ပတ်သက်သည်ဟူ၍ စွပ်စွဲပြီး ဆမီးမြို့က ULA/ AA စခန်းကို ဟွန်ဒါစက်လှေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတချို့က ပြောသည်။ “ဝက်မရွာကို ရောက်လာတဲ့ CDF ပလက်ဝဘက်က လူတွေက တခြားဒေသက ပြန်လာတော့ အသိမိတ်ဆွေတွေရှိတဲ့အတွက် အသိမိတ်ဆွေအိမ်ကို ခဏဝင်တာပေါ့နော်။ အဲဒါကို AA/ ULA က CDF ကို ထောက်ပံ့ကူညီတယ်ဆိုပြီး ဖမ်းတာဖြစ်ပါတယ်။ ဖမ်းတဲ့အထဲမှာ အကုန်လုံးက CDF ပလက်ဝကအဖွဲ့ဝင်တွေ ခဏဝင်လည်တဲ့ အိမ်ကလူတွေ မဟုတ်ဘူး။ အဲမှာ ၂ ဦးလောက်ပဲ ဖြစ်တယ်။ အသိမိတ်ဆွေသဘောအရ ဝင်လည်တာဖြစ်တယ်” ဟု ပလက်ဝ ဒေသခံတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူများသည် CDF ပလက်ဝတပ်ဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုမရှိဘဲ သာမန်အရပ်သားပြည်သူများသာဖြစ်ကြောင်း ဒေသခံများက ပြောသည်။…
ချင်းပြည်နယ် ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်ဘက်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပြည်အစိုးရတပ်ဖွဲ့တို့ ယမန်နေ့က တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က ၁၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။ ဟားခါး-ထန်တလန်ကြားက ချင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသော C3 နေရာကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာလ ၁၅ ရက်မနက် ၆ နာရီကနေ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်လာခဲ့ပြီးနောက် တနေကုန်နီးပါး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။ “မနေ့ကတော့ တနေကုန်နီးပါးပဲ မနက် ၆ နာရီကတည်းကနေ၊ ညနေပိုင်းလောက်မှာပဲ နည်းနည်းရပ်သွားတယ်၊ သူတို့ဘက်က ၁၀ ယောက်ကျော်တော့ကျတယ်” ဟု ဆလိုင်းထက်နီကပြောသည်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားသည့်အချိန်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် C3 နှင့် အော်တိုတောင်ဘက်ကို ၃ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဝေဟင်ကနေ Machine-Gun စက်သေနတ်ဖြင့်လည်း လှည့်ပတ်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ မနေ့ကဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီက မြေပြင်နှင့် ဝေဟင်ကနေပါ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီသည် ဟားခါး-ထန်တလန်ကြားက ၎င်းတို့လက်လွှတ်ခဲ့ရသောဒေသများကို ပြန်လည်သိမ်းပိုက်နိုင်ရန် အောက်တိုဘာလ ၁၃ ရက်နေ့က ဟားခါးကနေ စစ်ကား ၇ စီးဖြင့် စစ်ကူစေလွှတ်ကာ အောက်တိုဘာ ၁၄ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ အောက်တိုဘာလ ၁၄ ရက်နေ့ကဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က အထိနာခဲ့ပြီး ခဏတပ်ပြန်ဆုတ်ကာ ဒဏ်ရာရရှိသော စစ်ကောင်စီတပ်သား အယောက် ၃၀ ခန့် ဟားခါးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။ ဟားခါးမြို့မှ…
(006SV) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက ချင်းရွာများတွင် အရေပြားရောဂါ ကူးဆက်ပြန့်ပွားမှုများဖြစ်ပွားနေပြီး ဆေးဝါးကုသမှုရရှိနိုင်ရန် ခက်ခဲနေကြကြောင်း ယင်းရွာများကို ကူညီပေးနေသူများထံမှ သိရသည်။ စက်တင်ဘာလအတွင်းက မင်းပြားမြို့နယ် ပန်းမြောင်းချောင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် ဒိုင်းသား၊ ခွဆုံ၊ ထိန်ပင်-ပေါက်တော၊ င/တာ၊ ချောင်းတိုစသည့် ချင်းကျေးရွာများတွင် ကလေးအပါအဝင် လူကြီးလူငယ်များသည် ပွေးယားနာဖြင့် ပုံစံတူ ကူးဆက်တတ်သော ယားနာများ ဖြစ်ပွားနေခဲ့ကြောင်း ဆေးဝါးစောင့်ရှောက်မှု ကူညီပေးနေသူက ပြောသည်။ “ဆေးဝါးပြတ်လတ်တာရယ်၊ ဆေးဝါးဈေးကြီးတဲ့အခါကြတော့ လူနာပြည်သူတွေဟာ မဝယ်နိုင်ဘူး။ မဝယ်နိုင်တော့ ဒီ့အတိုင်း တိုင်းရင်းဆေးတွေနဲ့ ကုလိုက် လုပ်နေကြရတယ်။ ကျန်းမာရေး စောင့်ရှောက်မှုကလည်း နဂိုကတည်းက အားနည်းတယ်။ အဲဒီမှာ ကျန်းမာရေး ဝန်ထမ်းကလည်း ဘယ်အစိုးရ၊ ဘယ်အဖွဲ့အစည်းအောက်မှာမှ မရှိကြဘူး ပြောရမယ်။ သူတို့က ကိုယ်ထူကိုယ်ထ ပြောရမှာပေါ့။ လစာတွေလည်း မရဘူးထင်တယ်။ သူတို့က ကုသချင်ပေမယ့် ဆေးဝါး မရှိတာရယ်၊ ဥပမာ ကျေးရွာ ၂ ရွာ၊ ၃ ရွာမှ ကျန်းမာရေးဝန်ထမ်းတစ်ယောက်ပဲ ဆိုတော့ အဆင်မပြေဘူးပေါ့လေနော်။ ဒါတွေက တော်တော်ခက်ခဲနေတယ်” ဟု ၎င်းက ပြောသည်။ ယင်းချင်းကျေးရွာများတွင် ဆေးဝါးမရှိခြင်းအပါအဝင် လိုအပ်သည့်ဆေးဝါးများ ဝယ်ယူနိုင်ရန် ခက်ခဲနေပြီး ဆေးဝါးများရှိပါကလည်း ရန်ကုန်တွင် တစ်ထောင်ခန့်ရှိသော ဆေးဝါးမှာ ယင်းရွာကိုရောက်ပါက အနည်းဆုံး ခုနှစ်ထောင်ခန့် ပေးဝယ်နေရကြောင်း သိရသည်။ မင်းပြားမြို့နယ် ပန်းမြောင်းချောင်းတကြောက ချင်းကျေးရွာများတွင် လက်ရှိတွင် အရေပြားရောဂါဖြစ်ပွားမှု ၃၀၀ ခန့် ရှိနိုင်ပြီး ယင်းဒေသတကြောက ချင်းရွာများအပါအဝင် ရခိုင်ရွာများတွင်…
(006SV) လက်နက်ကိုင်တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည်မဟုတ်ဘဲ နိုင်ငံရေးစားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ ဖြေရှင်းနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ယနေ့ အောက်တိုဘာလ ၁၅ ရက်မှာကျရောက်သော တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ၉ နှစ်ပြည့် နှစ်ပတ်လည်ကို ပေးပို့သော ရုပ်သံမိန့်ခွန်းတွင် အာဏာသိမ်းခေါင်းဆောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ “လက်နက်ကိုင်နည်းနဲ့ မိမိတို့လိုလာချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်ပါတယ်။ ကျနော်အနေနဲ့ လက်နက်ကိုင်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ NCA ကနေတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပပျောက်သွားအောင် အရောက်သွားနိုင်မှာဖြစ်ကြောင်း၊ ယနေ့အချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အာဏာသိမ်းစစ်တပ်က ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်းပြီး မိမိတို့၏ လိုလာချက်များကို တွေ့ဆုံဆွေးနွေးမှုများမှ ညှိနှိုင်းကြဖို့၊ တောင်းဆိုကြဖို့ တိုက်တွန်းပြောကြားလိုကြောင်း စစ်ခေါင်းဆောင်က ပြောသည်။ သန်းခေါင်စာရင်းကောက်ယူပြီး ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲဆိုင်ရာ အကြိုလုပ်ငန်းများတွင် EAO များ၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကပါ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စစ်ခေါင်းဆောင်က တိုက်တွန်းထားသည်။ NCA ကို စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊…
(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ကြားကာလတော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြား၊ ဒေသအသီးသီးရှိ အုပ်ချုပ်ရေးနယ်မြေအတွင်း သဘောထားကွဲလွဲမှုများကို ညှိနှိုင်းရေးလမ်းစဉ်ဖြင့်သာ ဆက်လက်အဖြေရှာကြရန် အချက် ၅ ချက်ပါသော သဘောထားကြေညာချက်ကို မတူပီမြို့နယ်၊ ဒေသ ၃ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ အောက်တိုဘာလ ၁၁ ရက်က မတူပီမြို့နယ်၊ ဒေသ ၃ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာလူထုကိုယ်စားလှယ်များ ပုံမှန်အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ သဘောထား ၅ ချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း အောက်တိုဘာလ ၁၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည်။ “ဒေသ ၃ က ပြည်သူတွေ အားလုံးက ချင်းလဲန်းကောင်စီကို ထောက်ခံတဲ့ ပြည်သူတွေလို့ ပြောလို့ရတယ်။ တပ်မဟာ ၁ ကနေ ကျနော်တို့ကို CB ဘက်ကို မထောက်ခံဘူးဆိုပြီးတော့ ပိတ်ပင်တားဆီးတာတွေ ခရီးသွားလာတာတွေကို ပိတ်ပင်တာတွေရှိတယ်။ အဲဒါတင် မကပဲ ဈေးဝယ်၊ ဈေးထွက်တာတွေရော အကုန်လုံး ပိတ်ပင်တာရှိတယ်။ အဲဒါကတော့ သူတို့ ထုတ်ပြန်ချက်အချက်ထဲမှာလည်း ပါတယ်” ဟု CDF – မတူပီ၊ တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်က ပြောသည်။ မတူပီမြို့နယ် စည်လုံးညီညွတ်ရေးကို ရှေ့ရှုလျက် CDF – မတူပီ၊ တပ်မဟာ – ၁ နှင့် တပ်မဟာ ၂ တို့ကြား သဘောထားကွဲလွဲမှုကို ညှိနှိုင်ရေးလမ်းစဉ်ဖြင့် တိုက်တွန်းအဖြေရှာရန်၊ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖော်ဆောင်နေသည့် ညှိနှိုင်းရေးလမ်းစဉ်ဖြင့် အောင်မြင်မှုမရှိသော်လည်း အခြားမည်သည့် ဖြန်ဖြေရေးအဖွဲ့အစည်းကိုမဆို…