Author: Editor

(006SV) ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးထားသည့် CDF-Hakha နှင့် CNA အကျဉ်းသားများကို အထူးစစ်ဆင်ရေးတစ်ခု ဖော်ဆောင်ပြီး ကယ်ထုတ်နိုင်ကြောင်း CDF – ဟားခါးက ယနေ့ အောက်တိုဘာလ ၁၆ ရက်မှာ ကြေညာသည်။ အောက်တိုဘာလ ၁၆ ရက် မနက် ၂ နာရီခွဲမှစတင်၍ CDF – ဟားခါး စစ်ဦးစီးချုပ်နှင့် တပ်မဟာ (၄) တပ်မဟာမှူးတို ကိုယ်တိုင် ကြီးကြပ်ကွက်ကဲမှုဖြင့် အထူးမစ်ရှင်တစ်ခု ဖော်ဆောင်ကာ CDF – ဟားခါး တပ်ဖွဲ့ဝင်များသည် ဟားခါးမြို့မရဲစခန်းကို စီးနင်းတိုက်ခိုက်၍ CDF – ဟားခါး ရဲဘော် ၃ ဦး၊ ချင်းအမျိုးသားကာကွယ်ရေတပ်မတော် (CNA) ရဲဘော် ၂ ဦးတို့ကို ကယ်ထုတ်နိုင်သည်ဟု သိရသည်။ အဆိုပါ ကယ်ထုတ်ရေး အထူးမစ်ရှင်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦးကို ရှင်းလင်းနိုင်ပြီး ချင်းတော်လှန်ရေး ရဲဘော် အကျဉ်းသား ၅ ဦးအပြင် အခြားအကျဉ်းသား ၁၀ ဦးတို့ကိုလည်း ကယ်ထုတ်နိုင်သည်ဟု သိရသည်။ ဟားခါးမြို့မရဲစခန်းကို ၁ နာရီခွဲကြာ စီးနင်းတိုက်ခိုက်မှုတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များသည် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ စစ်ဆင်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သော်လည်း တပ်ဆုတ်ပြီး ဆုံမှတ်နေရာအရောက်တွင် မထင်မှတ်သော စစ်ကော်မရှင်တပ်မှ ကျည်တစ်ထောင့် ထိမှန်၍ CDF – ဟားခါး ရဲဘော် ၁ ဦးက ကျဆုံးရသည်ဟု သိရသည်။ CDF ဟားခါး…

Read More

(004SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် တစ်လကျော်ကြာ ပြတ်တောက်နေခဲ့သည့် ဆက်သွယ်ရေးလိုင်းများအနက် U9 (ယခင် Ooredoo) အင်တာနက်လိုင်းသည် ယမန်နေ့ အောက်တိုဘာ ၁၄ ရက် နေ့လည် ၁ နာရီခန့်က ပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် ဖုန်းဒေတာဖြင့်သာ အင်တာနက်လိုင်းသုံးနိုင်ခြင်းဖြစ်ပြီး Wifi လိုင်းများမရသေးကြောင်း သိရသည်။ ကလေးမြို့ဒေသခံတစ်ဦး၏ ပြောကြားချက်အရ ” လိုင်းပြန်ရပြီ။ ဒါပေမဲ့ Oreedoo ခေါ် U9 လိုင်းရတာ။ လိုင်းက မဆိုးဘူး ကောင်းတယ်။ တစ်ခြားဟာတော့ မရသေးဘူး။ Mytel လဲ လိုင်းတော့ တက်ပြီ ဒါပေမဲ့ သုံးလို့ သိပ်မရဘူး။ အခုကျွန်မတို့ ဝိုင်ဖိုင်ကတော့ မရသေးဘူး။ sim data ပဲရတာ။” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ထို့အတူ Mytel သည်လည်း 4G လိုင်း ပြန်လည်တက်လာကြောင်း သိရသော်လည်း လိုင်းသုံး၍မရကြောင်း မရသေးပေ။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့မှစ၍ ကလေးမြို့တွင် အင်တာနက် ဝိုင်ဖိုင်လိုင်းနှင့် မိုဘိုင်းဒေတာလိုင်းများအပြင် ဖုန်းခေါ်ဆိုမှုများပါ အလွန်ခက်ခဲသည်အထိ ဆက်သွယ်ရေးများ ဖြတ်တောက်ခံခဲ့ရခြင်းဖြစ်သည်။ ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသည့် MPT၊ Mytel နှင့် Ooredoo (U9) တို့၏ ဝိုင်ဖိုင်လိုင်းနှင့် ဖုန်းလိုင်းများအားလုံးကို ဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး၊ အချို့လိုင်းများမှာ 2G အဆင့်သာ ရရှိခဲ့သည်။ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေချိန်တွင် ဒေသခံပြည်သူများသည် ၎င်းတို့၏ လုပ်ငန်း၊ စီးပွားရေးနှင့် နေ့စဉ်လူမှု ဘဝများတွင်…

Read More

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် CNO/CNDF တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံ့ပန်းများထဲက အယောက် ၂၀ ကျော်သည် မီဇိုရမ် ပြည် နယ်ဘက်သို့ ထွက်ပြေးသွားကြပြီးနောက် အိန္ဒိယစစ်တပ်က ရဟတ်ယာဉ် ဖြင့်ခေါ်ထုတ်သွားသည်ဟုသိရသည်။ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Saikhumphai ကျေးရွာမှာ ထွက်ပြေးခိုလုံနေကြသော စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၅ ယောက်ဝန်းကျင်ကို ယနေ့အောက်တိုဘာ လ ၁၅ ရက်နေ့မနက်ပိုင်းတွင် အာသံရိုင်ဖယ်တပ်ဖွဲ့က ရဟတ်ယာဉ် ဖြင့်ခေါ် ထုတ်သွားသည်ဟု မီဇိုရမ်ပြည်နယ်က စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF သည် ဖလမ်းမြို့သိမ်းတိုက်ပွဲတုန်းက စစ်ကော်မရှင်တပ်သား နှင့် ရဲ အပါအဝင် စစ်သုံ့ပန်းအများအပြားကို ဖမ်းဆီးခဲ့ပြီး တချို့ကို ၎င်းတို့ဌာနချုပ် Camp Rihli တွင် ထိန်းသိမ်းခဲ့သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လဆန်းပိုင်းက CNDF နှင့် CDF-Hualngoram တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ Camp Rihli ဝင်တိုက်ခံရသည့်အချိန်မှာ အဆိုပါစစ်သုံ့ပန်းများသည်လည်း မီဇိုရမ်ပြည်နယ် Saikhumphai ကျေးရွာဘက်သို့ ထွက် ပြေးခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။ “ Camp Rihli ဝင်တိုက်ခံရတဲ့အချိန်မှာ အဲဒီစစ်သုံ့ပန်းတွေက မီဇိုရမ်ဘက်ထွက်ပြေးသွားတယ်၊ အဲဒီကနေ သူတို့နည်းသူတို့ဟန်နဲ့ အချိတ်အဆက်တွေလုပ်ပြီး မြန်မာသံရုံးကနေတဆင့် အိန္ဒိယစစ်တပ်က ခေါ်ထုတ်သွား တာ ဖြစ်တယ်” ဟု CNDF နှင့်နီးစပ်သူတစ်ဦးကပြောသည်။ ၎င်းတို့ကို ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်သွားပြီးနောက် မဏိပူရ်ပြည်နယ် မိုးရေး-တမူးနယ်စပ်ကတဆင့် စစ်ကော်မရှင်ထံ လွှဲပြောင်းမည်ဟု သတင်းရင်းမြစ်ကပြောသည်။

Read More

(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်ပြီး အပြင်းအထန်ရှုတ်ချသည်ဟု CDF-Hakha Central Council က ထုတ်ပြန် သည်။ အောက်တိုဘာလ ၁၃ ရက်နေ့ကဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုတွင် အသက် ၈ နှစ်အရွယ်ကျောင်းသားတစ်ဦး နှင့် အသက် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦးတို့သေဆုံးခဲ့ရပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CDF-Hakha Central Council က အောက်တိုဘာ ၁၄ ရက်ကထုတ်ပြန်သည်။ ဗန်ဟားကျေးရွာသည် CDF-Hakha ရဲ့ တပ်စခန်းမဟုတ်ဘဲ အရပ်သားပြည်သူ ကလေးများ ပညာသင်ကြားရာနေရာ ဖြစ်သည့် ကျောင်းကို စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ဤတိုက်ခိုက်မှုသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများ၊ အခြေခံ လူ့အခွင့်အရေးဆိုင်ရာ နိယာမများနှင့် လက်နက်ကိုင်ပဋိပက္ခဥပဒေများကို ဆိုးရွားစွာ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု CDF-Hakha က ဖော်ပြထားသည်။ စစ်ကော်မရှင်တပ်ဖွဲ့၏ လုပ်ရပ်များအပေါ် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် တာဝန်ရှိသူများကို အရေးယူနိုင်ရေး ဖိအားပေးရန်လည်း CDF-Hakha Central Council က တိုက်တွန်းထားသည်။

Read More

(006SV) မလေးရှားနိုင်ငံ၊ ကင်မရွန်ဟိုထ်လန်းတွင် နေထိုင်သော ချင်းလူမျိုးဇနီးမောင်နှံ ၂ ဦးကို အခြားချင်းလူမျိုး ၂ ဦးက ဓါးထိုးမှု ဖြစ်ပွားခဲ့ရာ ခင်ပွန်းဖြစ်သူ သေဆုံးပြီး ဇနီးသည်မှာ ဒဏ်ရာ အပြင်းအထန်ဖြင့် ဆေးကုသနေရကြောင်း သိရသည်။ အောက်တိုဘာလ ၁၃ ရက် ည ၁၁ နာရီခန့်တွင် ကင်မရွန်ဟိုထ်လန်းတွင် နေထိုင်သော ချင်းဇနီးမောင်နှံ၏ နေအိမ်တွင် လူသတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူ ချင်းအမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ဟိုင်ထ်လန်းချင်းလူမှုအဖွဲ့အစည်း (HCC) က အဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ဖြစ်စဉ်က အဲ၂ ယောက်ကို သူဌေးက အလုပ်ဖြုတ်လိုက်တယ်။ ကိုအရွှေဖေကနေ ဂျိုးဟိုကနေ ကင်မရွန် ဟိုင်ထ်လန်းကို ပြန် သွားခေါ်တယ်။ သူအိမ်မှာ အိပ်ခိုင်းပြီးတော့ သူက မင်းတို့ နှစ်ယောက် အလုပ်နဲ့ပတ်သက်ပြီးတော့မှ သူဌေး မကြိုက်တာတွေ မလုပ်ဖို့၊ ဆုံးမစကားတွေ ပြောတယ်။ အဲဒါ တအားဆုံးမလွန်တာ မကြိုက်ဘူး။ အဲဒါကြောင့် သတ်ချင်လို့ ဓါးနဲ့ ထိုးလိုက်တာဆိုပြီး ဝန်ခံထားတယ်။ အဲဒါ မကြိုက်လို့ ဓါးနဲ့ ထိုးလိုက်တယ်လို့ သူတို့ကိုယ်တိုင် ထွက်ဆိုထားတယ်” ဟု HCC အဖွဲ့ဝင်တစ်ဦးက ပြောသည်။ သေဆုံးသူတွင် လည်ပင်၊ မျက်နှာ၊ ရင်ဘတ် စသည့် နေရာများတွင် ဓါးထိုးသွင်းဒဏ်ရာအများအပြားကို တွေ့ရှိရပြီး အမျိုးသမီးတွင် ဒဏ်ရာ အများအပြား ရရှိ၍ ဆေးကုသနေရသည်ဟု သိရသည်။ အသက် ၅၅…

Read More

(006SV) ချင်းပြည်အပါအဝင် နိုင်ငံတဝန်းရှိ စာသင်ကျောင်းများနှင့် ကျောင်းနေအရွယ်ကလေးသူငယ်များကို စစ်အုပ်စုက စစ်ရေးပစ်မှတ်အဖြစ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းက တားဆီးအရေး ယူပေးရန် ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက တောင်းဆိုသည်။ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး စာသင်ကျောင်းနှင့် ကျောင်းနေအရွယ် ကလေးငယ်များကို လေကြောင်းပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်နေသော စစ်အုပ်စု၏ လုပ်ရပ်များကို ချင်းပြည် အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုံ့ချသည်ဟု အောက်တိုဘာလ ၁၅ ရက်မှာ ထုတ်ပြန်သည်။ အပြစ်မဲ့ အရပ်သားများ၊ ကျောင်းသား/သူများနှင့် ဆရာ/မများအပေါ် ကျူးလွန်နေသော စစ်အုပ်စု၏ လုပ်ရပ်များ၊ အထူးသဖြင့် စာသင်ကျောင်းများကို စစ်ရေးပစ်မှတ်အဖြစ် သာလွန်အင်အားသုံး တိုက်ခိုက်နေခြင်းကို ပြင်းထန်စွာ တားဆီးအရေးယူပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တာဝန်ရှိသည်ဟု ထုတ်ပြန်သည်။ အောက်တိုဘာလ ၁၃ ရက်က ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာရှိ စာသင်ကျောင်းကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ၈ နှစ်အရွယ် ကျောင်းသား ၁ ဦးနှင့် ၁၂ နှစ်အရွယ် ကျောင်းသူ ၁ ဦးတို့ သေဆုံးပြီး ဆရာ/မ ၅ ဦးနှင့် ကျောင်းသား ကျောင်းသူ ၁၆ ဦး ၊ စုစုပေါင်း ၂၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။ အောက်တိုဘာလ ၉ ရက်ကလည်း မင်းတပ်မြို့နယ်ရှိ ဘော်ဒါဆောင် စာသင်ကျောင်းကို စစ်အုပ်စု လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းသား ၃ ဦး နှင့်…

Read More

ပျက်စီးနေသည့်ကာလမ်းများကို ကိုယ်ထူကိုယ်ထဖြင့်ပြုပြင်နေကြရ (004SS) စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်၊ တီးတိန်မြို့တို့ကို ဆက်သွယ်ထားသော အဓိကလမ်းမကြီးအသုံးပြု၍ မရသောကြောင့် ရှောင်ကွင်းလမ်းများမှသွားလာနေရသည့်အတွက် ခရီးသွားလာစရိတ်သည်လည်း အဆမတန်မြင့်တက်နေပြီး လူတစ်ဦးလျှင် ယာဉ်စီးခ ကျပ် ၂ သိန်းခန့်ရှိသည်ဟု သိရသည်။ ကလေးမြို့မှ တီးတိန်မြို့သို့ ကားဖြင့်သွားမည်ဆိုပါက ခရီးသည်တစ်ဦးလျှင် အတက်- ကျပ် ၂ သိန်း၊ အဆင်း- ကျပ် တစ်သိန်း ရှစ်သောင်းအထိပေးရပြီး ဆိုင်ကယ်အငှားဖြင့် သွားပါကလည်း တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲ မှ တစ်သိန်းရှစ်သောင်းအကြားပေးရသောကြောင့် အခြေခံလူတန်းစားများအတွက် အခက်အခဲများစွာ ကြုံတွေ့နေကြရသည်ဟု ဒေသခံများကပြောသည်။ တီးတိန်မြို့ဒေသခံ အမျိုးသားတစ်ဦးက “ကားခတွေတက်တော့ တန်ဆာခတွေတက်လာတယ်၊ ကုန်းဈေးနှုန်းတွေ တက်လာ တယ်။ အရေးပေါ် အခြေအနေတွေမှာဆိုရင် အချိန်မမှီနိုင်တာမျိုး‌တွေကြုံရတယ်။ အခုချိန် အားလုံး ဝင်ငွေရှားပါနေတဲ့ အချိန်ဆိုတော့ Daily Worker တွေဆိုရင် အရမ်းခက်ခဲနေကြတယ်။ ပြီးတော့ ကားတွေ ပုံမှန်မဝင်နိုင် တော့ အခြေခံကုန် ပစ္စည်းတွေနှင့် ဆေးဝါးတွေ ပြတ်လတ်တာမျိုးလည်းကြုံတွေ့နေရတယ်” ဟု ပြောသည်။ ကလေးမြို့မှ တီးတိန်မြို့သို့ဆက်သွယ်ရာတွင် အဓိကအသုံးပြုနေကြသည့် ကလေး-သိုင်းငင်း-တီးတိန်ကားလမ်းမကြီးသည် စစ်ကော်မရှင်တပ်က ကလေးမြို့အထွက် ၉ မိုင်တွင် ပိတ်ထားသောကြောင့် ခရီးသွားပြည်သူများသည် ရှောင်ကွင်းလမ်း ရွာချင်းဆက် မြေနီလမ်းများမှတဆင့် သွားရာနေရသည်ဟု သိရသည်။ ထို့ကြောင့် ယခင်က ခရီးသည်တင်ကားဖြင့် ၃ နာရီခန့်သာ ကြာမြင့်ခဲ့သည့် ကလေး-တီးတိန် ပုံမှန်ခရီးသည် ယခုအခါ တစ်ညအိပ် ခရီးသွားရသည်အထိ အချိန်ကြာမြင့်လာ‌နေပြီး၊ ကုန်တင်ကားများမှာမူ ဝေဘူလလမ်းဘက်မှတဆင့် သွားလာ ကြသည့်အတွက်…

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်ကော်မရှင်တပ်က ယနေ့ မနက်ပိုင်းတွင် ထပ်မံ၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ် သွားကြောင်း ဒေသခံတချို့ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီသည် မတူပီမြို့ပေါ်ကို ဂျက်ဖိုက်တာ တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ မတူပီပြည်သူ့ဆေးရုံအနီးကို ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ ဗုံး ၂ နှစ်လုံးဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် မတူပီပြည်သူ့ဆေးရုံး ထိခိုက်ပျက်စီးမှုတချို့ ရှိပြီး ပြည်သူများ ထိခိုက် သေဆုံးမှု မရှိကြောင်း သိရသည်။ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မတူပီမြို့နယ်ရှိ ချင်းတော်လှန်ရေးအင်အားစုများထံ အသေးစိတ်သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။ အောက်တိုဘာလ ၁၀ ရက်ကလည်း စစ်ကော်မရှင်သည် မတူပီမြို့ပေါ်ရှိ မီးသတ်ရုံးအနီးဝန်းကျင်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အဆောက်အဦးများ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်မှာလည်း ဟားခါးမြို့၊ Vanha ကျေးရွာ မူလတန်းကျောင်းကို ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်ရာ ကျောင်းသန့်ရှင်းရေး လုပ်နေသော ကလေးငယ်များ ဗုံးထိမှန်ခဲ့ပြီး ကလေးငယ် ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူများ အများအပြား ရှိခဲ့သည်။ အောက်တိုဘာလ ၈ ရက်က မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာနှင့် ထင်ချောင်းကျေးရွာက စာသင်ကျောင်းနှင့် ဘော်ဒါဆောင်များကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကျောင်းသား ၃ ဦးနှင့်…

Read More

(006SV) အာဏာသိမ်းစစ်ကော်မရှင်ကဖွဲ့စည်းထားသော ချင်းပြည်နယ်စစ်အစိုးရအဖွဲ့ကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက ခေတ္တပြည် နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဗိုလ်မှူးကြီး ခင်မောင်ထွေး (ကြည်း – ၃၀၂၈၄) သည် ချင်းပြည်နယ် စစ်အစိုးရအဖွဲ့ကို ခေတ္တ ဝန်ကြီးချုပ်အဖြစ် အောက်တို ဘာလဆန်းမှ စတင်၍ တာဝန်ယူထားရာ နှစ်ပတ်နီးပါးရှိလာပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် (Dr. Vung Suan Thang) သည် ကျန်းမာရေး မကောင်း၍ ဆေးကုသနေရသည်ဟု CDF – ဟားခါးနှင့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။ “အဲဒီဝန်ကြီးချုပ်က ကျန်းမာရေး မကောင်းလို့ ဆေးရုံးတက်ဖို့ အောက်ပြည်ကို ဆင်းသွားတယ်။ အောက်တိုဘာလ ၅ ရက်က စစ်တပ်ရဲ့ ဟတ်စကီးနဲ့ အောက်ပြည်ဘက်ကို သွားတယ်။ လတ်တလောမှာ ဖျားလို့ ဆေးကုသဖို့ ဆင်းသွားတယ်လို့ပဲ သိထားပါတယ်” ဟု CDF – ဟားခါးမှ တာဝန်ရှိသူက ပြောသည်။ ချင်းပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီ လုပ်ငန်းအစည်းအဝေးကို ဟားခါးမြို့ရှိ ချင်းပြည်နယ်စစ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၁၁ ရက်က ကျင်းပရာ ဗိုလ်မှူးကြီး ခင်မောင်ထွေးက ခေတ္တ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ကျင်းပသည်ဟု သိရသည်။ အဆိုပါအစည်းအဝေးတွင် ချင်းပြည်နယ်စစ်အစိုးရအဖွဲ့ ဝန်ကြီးများအပါအဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်ဟု စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ အာဏာသိမ်းစစ်ကော်မရှင်က…

Read More

(006SV) ချင်းပြည်နယ်၊ ဟားခါးမြို့နယ် Vanha ကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်းကို စစ်ကော်မရှင်တပ်က ယနေ့မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ မူလတန်းကလေးငယ် ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ကလေးငယ် များပြားကြောင်း သိရသည်။ အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် စစ်ကော်မရှင်တပ်သည် ဟားခါးမြို့မှ မိုင် ၃၀ ခန့်ကွာဝေးသော Vanha ကျေးရွာက မူလတန်းကျောင်းကို ဂျက်ဖိုက်တာဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ပြီး ကျောင်းသန့်ရှင်းရေး လုပ်နေသော ကလေးငယ်များနှင့် အရပ်သား မိဘပြည်သူများ ဗုံးဒဏ် ထိမှန်ခြင်း ခံရသည်ဟု သိရသည်။ “၁၀ နာရီခွဲ ဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခံလိုက်ရပါတယ်။ သူတို့က ကျောင်းဆောင် အဆောက်အဦးကို ကြဲချတာ၊ အဆောက်အဦးပေါ်မှာတော့ မကျဘူး။ အဆောင်ရဲ့ အနောက်ကို ကျသွားတယ်။ ကလေးတွေလည်း ကျောင်းသန့်ရှင်းရေး လုပ်နေတုန်း တော်တော်လေးလေး ထိခိုက်ဒဏ်ရာ ရတယ်။ လူဦးရေကတော့ အတိအကျ မသိသေးဘူး။ ကလေး ၂ ဦးက သေဆုံးသွားတယ်။ ပြင်းထန် ဒဏ်ရာ တွေလည်း ရှိနေတယ်” ဟု CDF – ဟားခါးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်အရွယ် မူလတန်းကျောင်းသား ၂ ဦး သေဆုံးပြီး ကလေးငယ် အများအပြား ထိခိုက်ဒဏ်ရာများ ရရှိကြောင်း၊ တချို့ကလေးငယ်များမှာ ဒဏ်ရာ ပြင်းထန်မှု ရှိနေကြောင်း၊…

Read More