(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်နေချိန်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် PDF – Zoland ၏ အပတ်စဉ် ၁၅ စစ်သင်တန်းမှာ အမျိုးသမီးရဲဘော် ၁၀ ဦးထက်မနည်း ပါဝင်တက်ရောက်ခဲ့သည်ဟု သိရသည်။ PDF – Zoland ၏ အခြေခံစစ်သင်တန်း အပတ်စဉ် ၁၅ တွင် သင်တန်းသား၊ သင်တန်းသူ ၅၀ ကျော် တက်ရောက်ခဲ့ပြီး ယင်းတို့ အထဲတွင် အမျိုးသမီးရဲဘော် ၁၀ ဦးကျော် ပါဝင်ခြင်းဖြစ်သည်ဟု PDF – Zoland ပြောရေးဆို ခွင့်ရှိသူ ကိုရိုဘတ်က ပြောသည်။ “ကျနော်တို့က တော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ အဖွဲ့အစည်းဆိုတော့ ကျနော်တို့က လူမျိုးရေး မခွဲခြားဘူးပေါ့နော။ ဘာသာရေး မခွဲခြားဘူး။ အဲဒီအတွက် အမျိုးသမီးတွေလည်း ပါဝင်ချင်တဲ့ လူတွေ အကုန်လုံး ပါဝင်ဖို့ လက်ခံထားတယ်။ သူတို့ရဲ့ ခံယူချက်ကတော့ အများကြီး တယောက်နဲ့တယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ အဓိကက တော်လှန်ရေးမှာ ပါဝင်လာတဲ့ ရဲဘော်တွေဆိုတော့ ဒီတော်လှန်ရေးအကြောင်းပဲ အာရုံစိုက်တာပေါ့နော်။ အဓိကက တီးတိန်မြို့သိမ်းစစ်ဆင်ရေးအတွက် အများ ကြီး ပြင်ဆင်ထားတာ ရှိတယ်။ ဒီအတွက်ကြောင့် အများကြီး ပါဝင်လာတာလည်း ရှိပါတယ်။ တော်လှန်ရေးကို အားပေးတာ ဆိုတာထက် ဒီတီးတိန်မြို့ကို သိမ်းဖို့ ဝင်လာတဲ့ ရဲဘော်တွေ အများကြီးရှိတာပေါ့နော်” ဟု PDF – Zoland ပြောရေးဆိုခွင့်ရှိသူ ကိုရိုဘတ်က ပြောသည်။ သင်တန်းကို စစ်ကိုင်းတိုင်း၊ ကလေးဒေသဘက်အပါအဝင် ချင်းပြည်နယ်ထဲက…
Author: Editor
(004SS) ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က စာသင် ကျောင်းများဖွင့်လှစ်ရန်ပြင်ဆင်နေပြီး ယင်းအတွက် ပညာသင်ကြားပေးရန် မီဇိုရမ်ဘက်ကို စစ်ဘေးရှောင်နေကြသော ပလက်ဝဒေသခံ ကျောင်း ဆရာ၊ ဆရာမများကို ပလက်ဝမြို့နယ် အကျိုးဆောင်ကော်မတီက ကမ်းလှမ်းစာပေးပို့ကာ ဖိတ်ခေါ်နေကြောင်း သိရသည်။ လွန်ခဲ့သော ဖေဖော်ဝါရီလ ၇ ရက်နေ့က ပလက်ဝမြို့နယ် အကျိုးဆောင်ကော်မတီသည် မြို့နယ်အတွင်းရှိ ကျောင်းများအားလုံးဖွင့်လှစ်နိုင်ရေးကို လက်ရှိ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ ပညာရေးဦးဆောင်ကော်မတီ နာယကအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးကြသည်ဟုသိရသည်။ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ ပညာရေးဦးဆောင်ကော်မတီ နာယကအဖွဲ့ဝင်များ၏ အကြံပေးညွန်ကြားချက်အရ ပလက်ဝမြို့ ပေါ်နှင့် ကျေးရွာများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လာမည့် ဇွန်လတွင် အခြေခံ အထက် တန်းကျောင်း G-12 အထိ ဖွင့်လှစ်ရန်စီစဉ်နေကြသည်ဟု ဆိုသည်။ ထို့အတွက် ခူမီး(ချင်း) ဘာသာစကားဖြင့် သင်ကြားပို့ချနိုင်မည့် အထက်တန်းပြ ကျောင်းဆရာ/ဆရာမ များအထူးလိုအပ်ပြီး မီဇိုရမ်ရောက် ပလက်ဝစစ်ဘေးရှောင်ကျောင်းများအနေဖြင့် စေလွှတ်ပေးနိုင်ရန်နှင့် မရှိပါကလည်း မြန်မာ ဘာသာဖြင့်သင်ကြား ပို့ချပေးနိုင်မည့် ဆရာ၊ဆရာမများကို စေလွှတ်ပေးနိုင်ရန် ပလက်ဝမြို့နယ် အကျိုးဆောင်ကော်မတီက စာပေးပို့ကာ တောင်းဆိုထားခြင်းဖြစ်သည်။ မီဇိုရမ်ပြည်နယ်အတွင်းရှိ ပလက်ဝစစ်ဘေးရှောင်ကျောင်း တစ်ခုထံ သိပ္ပံဘာသာရပ် ကျွမ်းကျင်သူ ဆရာ၊ဆရာမ ၅ ဦးလိုအပ်ကြောင်း၊ ၎င်းတို့အတွက် တစ်ဦးလျှင် လစဉ်ထောက်ပံ့ကြေး ၄ သိန်းမှ ၅ သိန်းပေးအပ်မည့်အကြောင်း ကမ်းလှမ်းထားသည်ဟုလည်း သိရသည်။ အဆိုပါ ကမ်းလှမ်းတောင်းဆိုချက်နှင့် ပါတ်သက်၍ မီဇိုရမ်ရောက် ပလက်ဝ စစ်ဘေးရှောင်အထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက “အခုအေအေက စစ်မှုထမ်းဥပဒေလဲခေါ်တာပေါ့…
စစ်ကောင်စီက ဖလမ်းမကျစေရေး လေကြောင်းပစ်ကူ အများပြားဖြင့် ခုခံ (006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို အပြီးသတ်သိမ်းနိုင်ရေးအတွက် ခလရ – ၂၆၈ တပ်ကုန်းတွင် ယနေ့ တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်ပစ်ကူအများအပြားဖြင့် ခုခံလျက်ရှိသည်ဟု သိရသည်။ယနေ့ မတ်လ ၁၂ ရက်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေရာ စစ်ကောင်စီက မနက်ပိုင်းကတည်းက ဂျက်ဖိုက်တာများ၊ Y -12 နှင့် Y – 8 လေယာဉ်များအသုံးပြုပြီး ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းမှ တနေကုန် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ – CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။ “ဒီနေ့ကတော့ နှစ်ဖက်တိုက်ပွဲက တော်တော်ပြင်းထန်ပါတယ်။ ပြင်းထန်တော့ တနေ့ကုန်ပါပဲ။ မနက်မိုးလင်းကတည်းကနေ အခုထိ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတွေ ချပြီး တိုက်ခိုက်နေတယ်။ တော်တော်လေး များပါတယ်။ ဂျက်အစီးရေနဲ့ လာနေ တာတောင် ၁၀ ခေါက်ထက် ကျော်တယ်။ Y- 12 နဲ့ရော၊ ကင်းထောက်လေယာဉ်တွေ Y – 8 တို့လည်း အခုထိ လာနေတုန်းပါ။ တော်တော်ပြင်းထန်တဲ့ တိုက်ပွဲဖြစ်ပါတယ်” ဟု ဆလိုင်းတီမီက ပြောသည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် သတ်မှတ်၍ ချင်းညီနောင်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှ စတင်ထိုးစစ်ဆင်နေရာ နောက်ဆုံးလက်ကျန်စခန်းကုန်ကို သိမ်းနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။ ချင်းပူးပေါင်းတပ်ဖွဲ့သည်…
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် အသက်မပြည့်သေးသူအပါအဝင် လူငယ်များကို စစ်ကောင်စီက စစ်မှုထမ်းသင်တန်းတက်ရောက်ရန် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု ကလေးမြို့ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ကလေးမြို့ပေါ်က နေရာအသီးသီးကနေ လူငယ်အယောက် ၃၀ နီးပါးခန့်ကို စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဖြစ်ပြီး လူငယ်တချို့မှာ အားကစားပြုလုပ်နေစဉ်အတွင်း ဖမ်းဆီးခံခဲ့ရသည်ဟု အဖမ်းခံရသူနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။ “အိမ်ဘေးက ကလေးတယောက်တော့ သူ့သူငယ်ချင်းတွေနဲ့ ခြင်းလုံးခတ်တဲ့အချိန် စစ်သားတွေက ဝင်ဖမ်းတာ။ အဲ့နေ့က (၁၀) ယောက်လောက် ပါသွားတယ်။ သူက အသက်မပြည့်သေးတော့ ပြန်ရွေးလို့ရမလားတော့ မသိဘူး။ ဒကစကို သူ့မိသားစုတွေ သွားကြတယ်။ ကျန်တဲ့သူတွေလည်း ဘယ်လိုလုပ်ကြမလဲဆိုတာ စောင့်ကြည့်နေရသေးတယ်” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူက ပြောပြသည်။ ဆက်လက်ပြီး ၎င်းက “အဲ့မတိုင်ခင်မှာလည်း ၁၃ နှစ်အရွယ်လောက်ပဲရှိသေးတဲ့ ယောကျ်ားလေးတွေ ဆယ်ယောက်လောက် အုပ်စုလိုက် ပျောက်တယ်လို့ ကြားမိတယ်။ အသက်မပြည့်သေးတဲ့ စစ်သားစုဆောင်းမှု ခံရလားမသိဘူး အခုအထိ သူတို့အကြောင်း ထပ်မကြားရသေးဘူး” ဟု ဆက်ပြောသည်။ စစ်ကောင်စီသည် ကလေးမြို့ပေါ်ရပ်ကွက်တွင် Probox ကားအဖြူဖြင့် နေ့စဉ် အဖမ်းအဆီးများ ပြုလုပ်နေသည့်အပြင် မြို့ပေါ်က လူခြေတိတ်သည့် ရပ်ကွက်တချို့တွင် တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းစစ်ဟန်ပြုကာ နေအိမ်အတွင်းထိ ဝင်ရောက်ဖမ်းဆီးခြင်းများ ပြုလုပ်လာသည်ဟု ဒေသခံတို့ပြောဆိုမှုအရ သိရသည်။ ကလေးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်သစ္စာ၊ အောင်မင်္ဂလာ၊ မင်္ဂလာဥယျာဉ်၊ ချမ်းမြေ့အောင်စည်၊ သဇင်ရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက်နှင့် တာဟန်းရပ်ကွက်တို့တွင် အဖမ်းဆီးများရှိနေပြီး ယခင်ထက် အဖမ်းအဆီးပြုလုပ်နေကြောင်း ကလေးမြို့က…
(005MK) ချင်း(ဇို) မျိုးနွယ်စု အချင်းချင်းကြား စည်းလုံးညီညွတ်ရေး နှင့် စိတ်ဝမ်းကွဲစေနိုင်မည့် အမုန်းစကားများ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ဖြန့်ဝေခြင်းမပြုကြရန် Zo-Reunification Organiation (ZORO) က တောင်းဆိုလိုက်သည်။ ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာ Facebook နှင့် Youtube တွင် စာဖြင့်သော်လည်းကောင်း၊ ရုပ်သံဖြင့် သော်လည်းကောင်း စည်းလုံးညီညွတ်မှုပြိုကွဲစေနိုင်သည့် စိတ်ဝမ်းကွဲစေနိုင်သော အမုန်းစကားများ ပေါပေါက်ခဲ့မှု အပေါ် စိတ်မကောင်းဖြစ်ရသည်ဟု ZORO က ယနေ့မတ်လ ၁၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။ ထိုကဲ့သို့အမုန်းစကားများဖြန့်ဝေမှုများကြောင့် ချင်း(ဇို) မျိုးနွယ်စုများအကြား မလိုလားအပ်သော ဆိုးကျိုးများသက် ရောက်နိုင်သည့်အတွက် လူမှုကွန်ယက်စာမျက်နှာပေါ်ကတဆင့် အပြန်အလှန် ဝေဖန်တိုက်ခိုက်သောအရေးအသား နဲ့ ရုပ်သံများ ထုတ်လွှင့်ခြင်းမပြုကြရန် ZORO က တောင်းဆိုထားသည်။ပြီးခဲ့သည့်ရက်ပိုင်းကစ၍ မီဇိုရမ်ပြည်နယ်က နာမည်ကြီးအဆိုတော်တစ်ယောက်က မီဇိုရမ်ပြည်နယ်အတွင်းနေထိုင်ကြ သော မြန်မာနိုင်ငံက စစ်ဘေးရှောင်အရေး ပြောဆိုထောက်ပြမှုနှင့်ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်တိုက်ခိုက်မှုများ အပြင်းအထန်ထွက်ပေါ်ခဲ့သည်။ မီဇိုရမ်ပြည်နယ်တွင်ရောက်ရှိနေကြသော ချင်းစစ်ဘေးရှောင်များ၏ နေပုံထိုင်ပုံများနှင့်ပတ်သက်၍ ယင်းအဆိုတော်က ဝေဖန်ထောက်ပြ ပြောဆိုခဲ့ပြီးနောက် ထောက်ခံသူ နှင့် မထောက်ခံသူများအကြား လူမှုကွန်ယက်စာမျက်နှာဖော်တွင် အပြန်အလှန်တိုက် ခိုက်မှုများ ပြင်းထန်စွာထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာအရပ်ရပ်က ချင်း(ဇို)မျိုးနွယ်စုများပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးပမ်းနေသည့်ကာလတွင် ယခုကဲ့သို့ စည်းလုံးမှုပြိုကွဲစေနိုင်သော အမုန်းစကားများဖြန့်ဝေပြောဆိုမှုများကို ရပ်တန့်ကြရန် ZORO ကတောင်းဆိုသည်။မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ZORO သည် ၁၈၉၂ ခုနှစ် ချင်း-လူရှိုင်းညီလာခံ သဘော တူညီ ချက် အပိုဒ် ၁ နှင့် ၂၀၀၇ ခုနှစ် ဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေးဆိုင်ရာကုလသမဂ္ဂကြေငြာစာတမ်းအရ…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးတိမ်းရှောင် နေရသည့် ဒေသခံပြည်သူများသည် နေရပ်ပြန်နိုင်ခြင်းမရှိကြသေးဘဲ စားနပ်ရိက္ခာများ ပြတ်လပ်လာခြင်းကြောင့် အကူအညီများလိုအပ်နေသည်ဟု သိရသည်။ “၁ လပိုင်း ၃၁ ရက်နေ့ကစပြီးလေယာဉ်် ကြဲတာအခု ၃ လပိုင်းရှိပြီ ဘယ်က မှအလှူရှင်မှလည်းမရောက်လာဘူး၊ အခြေခံလူတန်းစားတွေက တော်တော်လေးခက်ခဲနေပြီ။ တောကြိုတောင် ကြားထဲ၊ ချောင်းဘေး မြောင်းဘေးတွေမှာ နေရတယ်ဆိုတော့ ရေကမသန့် အခက်အခဲ တွေကိုမှ တော်တော် လေးဖြစ်နေကြပြီ။ ကျန်းမာရေးကမကောင်း ရေကအခက်အခဲဖြစ်၊ စားဝတ် နေရေးက ပိုလိုအပ်နဲ့။ အခြေခံ လူတန်းစားတွေက တော်တော်လေးခက် ခဲနေတာ။ ဆန်တပြည်စ နှစ်ပြည်စနဲ့ တော့ ရှိပေမယ့် လောက်ငှမှုမရှိတော့ဘူး” ဟု စစ်ဘေးတိမ်းရှောင်နေသည့် ကုက္ကိုလ် ကျေးရွာဒေသခံတဦးက ပြောသည်။ ကလေးမြို့နယ်တောင်ပိုင်းတွင် ဇန်နဝါရီလ (၃၁) ရက်နေ့စပြီး စစ်ကောင်စီသည် လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာ (၁၅) ရွာခန့်က ဒေသခံပြည်သူတစ်သောင်းကျော်သည် အရေးပေါ်စစ်ဘေး တိမ်းရှောင်နေကြသည်မှာ (၃) လနီးပါးရှိလာပြီဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆက်သွယ်ရေးဖုန်းကြိုးများ ပြတ်တောက်၍ စားနပ်ရိက္ခာများအကူအညီရရှိရန် အလှူရှင်များ၊ ကလေးမြို့နယ် စစ်ဘေးရှောင်ကူညီသူများနှင့် ဆက်သွယ်ရန် အခက်အခဲများကြုံတွေ့နေကြရသည်ဟု စစ်ဘေးရှောင်သူများထံမှသိရသည်။ လက်ရှိတွင်လည်း ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီသည် နေ့စဉ်နီးပါး လေကြောင်းဖြင့် ကင်း လှည့် နေကာ ဗုံးကြဲခြင်းများပြုလုပ်နေသေးသောကြောင့် ကျေးရွာအတွင်း ပြန်လည်နေထိုင်ရန် ခက်ခဲခြင်းဖြစ်ကြောင်း ၎င်းစစ် ဘေးရှောင်က ပြောသည်။ “အခုလောလောဆယ်အထိတော့ ကုက္ကိုလ်၊ ရှားတော၊ ရေရှင် မြစ်သာအရှေ့ဖက်ကတော့ အကုန်လုံးရှောင် နေရ…
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) ၏ ထိန်းချုပ်နယ်မြေအတွင်း ဒိုင်ရ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF- ဒိုင်ရ်တို့ကို စတားလင့်ခ် အင်တာနက် အခမဲ့သုံးစွဲခွင့်ပြုရန် ညွှန်ကြားထားသည်ဟု သိရသည်။ ဒိုင်ရ်ဒေသအတွင်းရှိ စတားလင့်ခ် အင်တာနက်ပိုင်ရှင်များအနေဖြင့် ဒိုင်ရ်အုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရဲဘော်၊ ရဲမေများကို အခမဲ့အသုံးပြုခွင့်ပြုရန် မတ်လ ၅ ရက်က ဒိုင်ရ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ “တိုင်းပြည် နှင့် ဒေသ၊ အများအကျိုးအတွက် လစာမဲ့ ခက်ခက်ခဲခဲပေးဆပ် အနစ်နာခံနေကြတဲ့ ရဲဘော်တွေ၊ ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့တွေ၊ ကောင်စီဝင်တွေအတွက် လုပ်ငန်းအဆင်ပြေချောမွေ့မှု ရှိအောင် ဒိုင်ရ်ဒေသတစ်ခုလုံးကို ညွှန်ကြားထား တာဖြစ် ပါတယ်။ တပ်ရင်းတပ်ဖွဲ့တိုင်းမှာလည်း wifi တပ်ဆင်ပေးထားတာဖြစ်လို့ လမ်းကြုံမှ၊ အရေးပေါ်မှ သုံးစွဲဖြစ်ကြမှာပါ။ wifi ပိုင်ရှင်တွေအတွက်လည်း အများကြီး နစ်နာစရာ ရှိပါဘူး။ အဖွဲ့အစည်း နှင့် လူထုက အမြဲအမှီသဟဲပြုကြရမှာ ဖြစ်ပါတယ်” ဟု ဒိုင်ရ်ဒေသန္တရကောင်စီ ပြောရေးဆိုခွင့်ရှိသူ Salai Chris Born က ပြောသည်။ ဒိုင်ရ်ဒေသန္တရအစိုးရ၊ ဒိုင်ရ်ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ယူထားသော ပုဂ္ဂိုလ်များ၊ ဌာနအသီးသီးတွင် တာဝန် ပေးထားသော ပုဂ္ဂိုလ်များနှင့် CDF – ဒိုင်ရ်မှ တပ်ရင်း၊ တပ်ဖွဲ့များ လုပ်ငန်းကိစ္စ ဆောင်ရွက်လိုပါက စတားလင်ခ့် (Starlink) အင်တာနက်ကို အခမဲ့ သုံးစွဲခွင့်ပြုရမည်ဟု ဆိုသည်။ ဒိုင်ရ်ဒေသအတွင်း ဒေသခံပြည်သူများအနေဖြင့် စတားလင်ခ့် အင်တာနက်ကို အသုံးပြုလိုပါက တနာရီလျှင် ကျပ် ၂၀၀၀ မှ…
(005MK) အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာနယ်စပ်ဖြတ်ကျော်သွားခွင့်ကြောင့် ဆိုးကျိုးများသက်ရောက်လာသည့်အတွက် ဗဟိုအစိုးရက FMR ကိုဖျက်သိမ်းပြီး နှစ်နိုင်ငံဝင်ထွက်သွားလာမှုကန့်သတ်ခြင်းသည် အတိုင်းတာတစ်ခုထိ ကောင်းသည့်အချက်များလည်းရှိသည်ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။ ယနေ့မတ်လ ၁၀ ရက်နေ့တွင်ကျင်းပတဲ့ မီဇိုရမ်ပြည်လွှတ်တော် ၉ ကြိမ်မြောက်အစည်းအဝေးတွင် အတိုက်အခံပါတီ ခေါင်းဆောင် MNF ပါတီလွှတ်တော်အမတ် Pu Lalchhandama Ralte က နယ်စပ်အရေးနဲ့ပတ်သက်ပြီး မေးမြန်း ရာမှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က ထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ စစ်ဘေးကြောင့် ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်ပြည်သူများကို လက်ခံကူညီရမည်ဖြစ်သော်လည်း နယ်စပ်မှာ လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ရှိနေခြင်းသည် မကောင်းမှုဒုစရိုက်များ ပိုမိုဖြစ်စေပြီး အိန္ဒိယဗဟိုအစိုးရက ကန့်သတ် လာမှုသည် အတိုင်းတာတစ်ခုအထိ လိုအပ်မှုရှိသည်ဟု ယူဆကြောင်း မီဇိုရမ်ဝန်ကြီးချုပ်ကပြောဆိုသည်။ “ လွတ်လွတ်လပ်လပ်နဲ့ သွားလာခွင့်ရှိတဲ့အခါမှာ ဆိုးကျိုးသက်ရောက်မှုတွေများလာတယ်၊ မူးယစ်ဆေးဝါး၊ သေနတ် တွေ၊ ကျည်ဆံတွေကအစ၊ ဒီဘက်မှာ လူသတ်မှုတွေဖြစ်ရင်လည်း တဖက်ကမ်းကို ထွက်ပြေးသွားလို့ရတယ် အဲဒါ ကြောင့် လွတ်လပ်စွာသွားလာခွင့်ရှိတာဟာ မီဇိုရမ်ပြည်သူအများစုကလည်း သိပ်မလိုလားကြတော့ဘူး၊ ဗဟိုအစိုးရက ခုလိုလုပ်ဆောင်လာတာဟာ လိုအပ်ချက်အရဆောင်ရွက်ရတာဖြစ်တယ်ဆိုတာမျိုး ပြည်နယ်အစိုးရမှာလည်း သဘောထားရှိပါတယ်” ဟု မီဇိုရမ်ဝန်ကြီးချုပ်ကပြောပါတယ်။ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ နိုင်ငံခြားသားဝင်ရောက်လည်ပတ်မှု ၂၀၀၀ ကျော် ရှိခဲ့သော်လည်း ၎င်းတို့အနက် တချို့မှာ နယ်စပ်ဖြတ်ကျော်ကာ ချင်းပြည်နယ်ထဲသို့ဝင်ရောက်ကာ သင်တန်းများပေး အပ်ခဲ့သည့်အပြင်၊ အမေရိကန်သံအမတ်မှာလည်း ပြည်နယ်အစိုးရထံ အကြောင်းမကြားဘဲ မီဇိုရမ်ပြည်နယ်သို့ နေ့ချင်း ပြန်လာရောက်ခဲ့သည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ကပြောသည်။ မီဇိုရမ်ပြည်နယ်သည် နိုင်ငံခြားသားများ၏ အဓိကလမ်းကြောင်းတစ်ခုဖြစ်လာပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ မဟုတ်သော…
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အခြေစိုက် ချင်းတော်လှန်ရေးအင်အားစုသည် နွေဦးတော်လှန်ရေး ၄ နှစ်ရှိလာချိန်တွင် ပလက်ဝ ကောင်စီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း (Charter of Paletwa) ကို ရေးဆွဲအတည်ပြု ပြဌာန်းလိုက်ပြီဖြစ်သည်။ မတ်လ ၆ ရက်နှင့် ၇ ရက်တွင် ကျင်းပခဲ့သော ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) / ပလက်ဝကောင်စီ (PC) တို့၏ တတိယအကြိမ် ညီလာခံမှာ အတည်ပြုနိုင်ခြင်းဖြစ်သည်။ “ပြည်သူနဲ့ ပူးပေါင်းပြီး ဒီချာတာကို ချမှတ်တာဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုနဲ့ ပြည်သူရဲ့ သဘောထား၊ တော်လှန်ရေး အင်အားစုရဲ့ သဘောထား ၊ ဘာသာရေးအဖွဲ့ရဲ့ သဘောတွေ စတဲ့ အကုန်လုံးစုပေါင်းပြီးမှ ပလက်ဝ မြို့နယ်မှာ အကောင်းဆုံး ၊ ဘယ်လိုမျိုးဆောင်ရွက်ကြမလဲ၊ ဘယ်လိုခိုင်မာအောင် တည်ဆောက်ကြမလဲဆိုတဲ့ အဖြေရှာတဲ့အခါမှာ ဒီချာတာလေးနဲ့ ကျနော်တို့က ချမှတ်ခဲ့တာဖြစ်ပါတယ်။ တဖက်ကို ဆိုးဆိုးဝါးဝါးတုန့်ပြန်မယ့် ဟာလည်း မရှိပါဘူး။ အခုချိန်မှာ အများကြီး စိန်ခေါ်မှုတွေ ရှိတယ်။ ဒီချာတာအရ ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်း လည်း ဖြစ်နိုင်ရင် ဖြစ်နိုင်မယ်လို့ ရည်ရွယ်ပြီးမှ ပလက်ဝပြည်သူလူထုတွေ အကောင်းဆုံး လိုလားတဲ့ ပလက်ဝရဲ့ နဂိုမူလ ပလက်ဝဖြစ်စေချင်တဲ့ ချာတာပဲဖြစ်ပါတယ်” ဟု IKACC/ PC ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ လက်ရှိပလက်ဝချာတာသည် KACC/ PC တို့က ယခင်က ရေးဆွဲထားသော အခြေခံဖွဲ့စည်းပုံမူကြမ်းများကို အခြေခံပြီး ယနေ့အခင်းအကျင်ဖြင့် သွားနိုင်မည့် လမ်းကြောင်းကို ပြင်ဆင်ရေးဆွဲချမှတ်၍…
(002MG)ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် ဝဥ ဈေးကောင်းပြန်ရလာသော် လည်း လမ်းခရီးတွင် ဂိတ်ကြေးအခွန်ဆောင်ရမှု များနေသောကြောင့် ဝဥကုန် သည်နှင့် ဝဥ စိုက်တောင်သူများ အခက်ခဲကြုံတွေ့နေကြရသည်ဟု သိရသည်။မင်းတပ်မြို့က ဝဥစိုက်တောင်သူတဦးက “ဂိတ်ကြေးက ကောက်တာများတယ်။ ဟိုထောက်ခံစာ ဒီ ထောက်ခံစာနဲ့ ဒုက္ခ ရောက်တဲ့သူကရောက်တယ်။ ဘယ်လောက်တင်မယ်ဆိုပြီးတော့ လက်ဖက်ရည်ဖိုးဘာညာ ပေးပြီးတော့ ပြောထား တဲ့သူတွေဆိုရင် အဆင်ပြေတယ်။ ဒီတိုင်းဘာမှ ကြိုမပြောထားပဲနဲ့ ဒီတိုင်းတင်ပို့တဲ့ သူကခက်ခဲတာပေါ့။ အခုက ဝဥက အစိုကမရှိတော့ဘူး။ အားလုံးက အခြောက်ခံနေကြပြီ” ဟု ပြောသည်။ လက်ရှိ ဝဥ အစိုတစ်ပိဿာလျှင် ကျပ်ငွေ ၁၂၀၀ ခန့်ရှိပြီး အရည်အသွေးကောင်းမွန်သည့် ဝဥ အခြောက်တစ်ပိဿာ လျှင် ကျပ်ငွေ ၁၅၀၀၀ အထိ ဈေးမြင့်တက်လာသည်ဟုသိရသည်။ ဝဥကုန်သည်များသည် ကျေးရွာများအထိ ကိုယ် တိုင်လာရောက်ဝယ်ယူနေကြသည့်အတွက် ဝဥဈေး ပြန်ရလာခြင်းဖြစ်သည်ဟုသိရသည်။ မင်းတပ်မြို့နယ်တွင် ဝဥဈေးကောင်းရလာပြီဖြစ်သော်လည်း ကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေခြင်းကြောင့် စားဝတ် နေရေးအခက်အခဲများ ဆက်လက်ပြီး ကြုံနေရကြောင်း မင်းတပ်မြို့က စစ်ဘေး ရှောင် ကူညီပေးနေသူတဦးက ပြောသည်။ “ကုန်ဈေး နှုန်းမြင့်မားမှုပေါ့။ အခုက ဆန် တစ်တင်းဆိုရင် ခုနှစ်သောင်းခွဲ၊ ဒါက သယ်ယူပို့ဆောင်ခ မပါသေးဘူး။ အိမ်အရောက်ဆိုရင် ၁၆ ပြည်အိတ်ကို တသိန်းဝန်းကျင်ရှိတယ်။ ဆန်၊ဆီ၊ ဆား အကုန်လုံးက သုံးဆလောက်ဈေး တက်တယ်။ အရင်တုန်းကတော့ ဝဥခြောက်တပိသာနဲ့ ဆန်တတင်းနဲ့က ဈေးတူညီတယ်။ အခုက ဝဥခြောက် ဆယ်ပိဿာမှ ဆန်တတင်းနဲ့ သွားတူညီနေတယ်။ တောင်ပေါ်ဒေသမှာ…
