(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်တွင် ဆိုင်ကယ်ခိုးမှု ပြန်များလာပြီး ၂ လအတွင်း ဆိုင်ကယ် ၅ စီးပျောက်ဆုံးခဲ့သည်ဟု တီးတိန်မြို့ဒေသခံများထံမှသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှာ ဆိုင်ကယ် ၃ စီး နှင့် စက်တင်ဘာလ ၂၇ ရက်နေ့ တစ်ရက်တည်းတွင် ဆိုင်ကယ်အသစ် ၂ စီး ပျောက်ဆုံးခဲ့သည်ဟု သိရသည်။ တီးတိန်မြို့လူငယ်များက ဆိုင်ကယ်ခိုးသူတစ်ဦးဖြစ်သော ဦးမန်ပီဆိုသူကို ဖမ်းမိထားပြီး သူသည် ဩဂုတ်လ ၁၀ ရက်နေ့ နှင့် စက်တင်ဘာလ ၂၇ ရက်နေ့က ဆိုင်ကယ် ၂ စီးခိုးယူခဲ့သည်ဟု သိရသည်။ “သူ (ဦးမန်ပီ) ခိုးတာကို တွေ့တဲ့သူရှိပါတယ်။ အဲဒီဆိုင်ကယ်က ပြည်သူ့ဆေးရုံရှေ့ ပါကင်မှာရပ်ထားခဲ့တာ။ သူကခိုးသွား တာ။ သူ့ကို ဖမ်းပြီး စစ်ဆေးတဲ့အခါ ဆိုင်ကယ်ဘယ်မှာထားလဲ မပြောပြချင်ဘူး။ အခုထိ ဆိုင်ကယ်လည်း ပြန်မရ သေးဘူး။ အဲဒီ ဆိုင်ကယ်ဆို ဝယ်တာ တစ်လတောင်မရှိသေးဘူး အသစ်နီးပါးပါ၊ သူတို့ဝယ်တုန်းက ၄၅ သိန်းနဲ့ ဝယ်ထားတာလေ။ သူများ အတွက် ဘာမှအမဟုတ်ရင်တောင်၊ ကိုယ့်အတွက်က ဆိုင်ကယ်ဝယ်ဖို့ဆိုတာ အချိန်အကြာကြီးစုပြီးမှ ဝယ်နိုင်တာဆိုတော့ တော်တော်ဝမ်းနည်းတယ်” ဟု ဆိုင်ကယ်ပျောက်ဆုံးသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဆိုင်ကယ်ခိုးမှုကြောင့် ဖမ်းဆီးခံရသူ ဦးမန်ပီသည် တွန်ဇံမြို့ မှ တီးတိန်မြို့သို့ စစ်ရှောင်အဖြစ်ရောက်ရှိလာသူဖြစ်ကာ စီမံကိန်းရုံးတွင် တာဝန်ထမ်းဆောင်နေသူဟု Tedim Times က ဖော်ပြထားသည်။ ၎င်းသည် အသက်အရွယ်ကြီးရင့်သူဖြစ်သောကြောင့် တီးတိန်လူငယ်များအနေဖြင့် ဖမ်းဆီးထိန်းသိမ်း ရိုက်နှက်ခြင်းမပြုလုပ်ပဲ နှုတ်ဖြင့်သာ…
Author: Editor
(004SS) အာရက္ခတပ်တော် AA က နှစ်ပတ်ကျော်ကြာဖမ်းဆီးထိန်းသိမ်းထားသော ပလက်ဝမြို့နယ်က ချင်းအမျိုးသား ဦးစနီအောင်သည် အောက်တိုဘာလ ၆ ရက် တနင်္လာနေ့မနက်ပိုင်းက အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သိရသည်။ ပလက်ဝမြို့နယ် ဒလက်မေချောင်း၊ ဒလက်စာကျေးရွာ(ယခင် အောက်နှုံးဘူးကျေးရွာ)နေ ဦးစနီအောင်(ခ) Beung Kang သည် အာရက္ခတပ်တော် AA က ထုတ်ပေးသည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Border Pass) ကို အွန်လိုင်းပေါ် ပေါက် ကြားစေသည်ဟုဆိုကာ စက်တင်ဘာလ ၂၀ ရက်နေ့မှာ AA က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဦးစနီအောင်ဖမ်းဆီးခံရသည့်ကိစ္စနှင့်ပတ်သက်၍ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC/PC) က AA တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာလ ၆ ရက်နေ့က ပြန်လွှတ်ပေးခဲ့ ခြင်းဖြစ်သည်။ “ဒီဟာက ကြီးမားတဲ့အမှုလဲမဟုတ်တော့ လွှတ်ပေးသင့်ပါတယ်။ နိုင်ငံရေးလဲမဟုတ်ဘူး။ ဒလန်လဲ မဟုတ်ဘူးပေါ့။ နောက် ဆွေမျိုးတွေကလဲ တွေ့ခွင့်မရဘူးဆိုတာတွေ ဖြစ်လာတော့။ ဖမ်းဆီးတာမဟုတ်ဘူးဆိုလို့ရှိရင် သူ့ကိုပြစ်ဒါဏ်ပေးတာ မဖြစ်သင့်ဘူး။ ညှင်းပန်းနှိပ်စက်တာတွေ၊ နောက် မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးတာတွေ မဖြစ်သင့်ဘူး။ လွှတ်ပေးပါဆိုပြီး ညှိနှိုင်းတော့ တနဂ်လာနေ့၊ မနေ့ကပေါ့ မနက်ပိုင်းမှာ လွှတ်ပေးလိုက်ပြီ။” ဟု IKACC/PC မှ တာဝန်ရှိသူက ပြောသည်။ လက်ရှိတွင် ဦးစနီအောင်သည် ၎င်း၏မိသားစုရှိရာ နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဟုသိရသည်။ အာရက္ခတပ်တော် AA က ဦးစနီအောင်ကို အာမခံဖြင့်သာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး၊ လောလောဆယ်တွင် ကျေးရွာပြင်ပသို့ ခရီးထွက်ခွင့်မပြုကြောင်းသိရသည်။ အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားသည့်…
(006SV) မလေးရှားနိုင်ငံတွင် ချင်းလူမျိုးဒုက္ခသည် အများစုပါဝင်သည့် မြန်မာနိုင်ငံသား ၁၀၀၀ ကျော်သည် “Café Bustelo” ၏ ကျားဖြန့် လိမ်လည်ခံရမှုကြောင့် ငွေကြေးပမာဏများစွာ ဆုံးရှုံးမှုများ တွေ့ကြုံနေရသည်ဟု မလေးရှားနိုင်ငံမှ ချင်းလူမျိုးများက ပြောသည်။ လွန်ခဲ့သော ၃ လခန့်မှစတင်၍ မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည် အသိုင်းအဝိုင်းတွင် ငွေကြေးထည့်ဝင် ရင်နှီးမြှုပ်နှံမှုဖြင့် နေ့စဉ် အမြတ်ငွေ အများအပြား ရနိုင်သည်ဟူသော မက်လုံးဖြင့် “Café Bustelo” ငွေကြေးလုပ်ငန်းအဖွဲ့က စည်းရုံးသည်ဟု သိရသည်။ “တော်တော်များများက ဒုက္ခသည်တွေကနေ ဝင်တဲ့ ၊ လုပ်တဲ့ ချင်းတွေ လူဦးရေ ထောင်ကျော် ရှိတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက အနည်းဆုံး ရင်းဂစ် ၆၀ ထည့်ရတယ်။ ရင်းဂစ် ၆၀ ထည့်ရင် တစ်ရက်မှာ ၃ ရင်းဂစ်ပြန်ရတယ်။ အဲဒါက အနည်းဆုံး။ နောက် တစ်ဆင့်မှာက ရင်းဂစ် တစ်ထောင်ထည့်ရတယ်။ အဲလို အဆင့်ဆင့်ရှိတယ်။ အဓိကက အွန်လိုင်းမှာ တစ်ယောက် ဝင်သွားတယ် ဆိုရင် နောက်တစ်ယောက် ဝင်ဖို့ Customer တွေ လိုက်ရှာကြတယ်။ လူတစ်ယောက်ဝင်ရင် သူတို့မှာ ရင်းဂစ် ၂၀၊ ၃၀ ဘောနပ် ပေးတာ ရှိတယ်။ ကျနော်တို့ သိသလောက်က တော်တော် များများ ချင်းအသိုင်းအဝိုင်းထဲမှာ ရင်းဂစ် ၅၀၀၀ ကနေ သောင်း ဂဏန်းအထိ ရင်းနှီးမြှုပ်ကြတဲ့ လူတွေ ရှိတယ်” ဟု မလေးရှားမှ ချင်းတစ်ဦးက ပြောသည်။…
(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ဘုရားကျောင်းမှအပြန် ဖမ်းဆီးခံရသူများအနက် (၁၀) ဦးကို စစ်ကော်မရှင်က ယမန်နေ့က ပြန်လည်လွှတ်ပေးလိုက်သည်ဟုသိရသည်။ ယမန်နေ့ အောက်တိုဘာလ (၅) ရက် တနင်္ဂနွေနေ့ညတွင် အဆိုပါ လူငယ် ၁၀ ယောက်ကို စစ်ကော်မရှင်က လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ လူငယ် (၆) ဦးသာ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။ ဟားခါးမြို့ဒေသခံတစ်ဦးက “မနေ့ညက (၁၀) ယောက် လွှတ်ပေးတယ်။ အခုက (၆) ယောက် ကျန်သေးတယ်။ အခုလွှတ် ပေးလိုက်တဲ့သူတွေကတော့ ဘာအပြစ်မှမရှိလို့ လွှတ်ပေးတာပေါ့နော်။ နောက်ကျန်တဲ့ (၆) ယောက်ကလဲ ဘာအပြစ်မှ လုပ်ထားတာတော့ မဟုတ်ဘူးဗျ။ ဒီတိုင်းမြို့ထဲမှာ နေနေတဲ့လူငယ်တွေပေါ့နော်။ သူတို့ကိုလဲ နောက်အချိန်တန်ရင် ပြန် လွှတ်ပေးမှာပါ။ တစ်ခါတည်းနဲ့ အကုန်လွှတ်မပေးချင်တဲ့ သဘောထင်ပါတယ်” ဟု ပြောသည်။ ဟားခါးမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ (၃) ရက် တနင်္ဂနွေနေ့လည်ပိုင်းက HBC ဘုရားကျောင်းမှ ပြန်လာသည့် လူငယ်များနှင့် ဟားခါး-ဂန့်ဂေါလမ်းမရှိ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြသော မြို့ခံလူငယ် စုစုပေါင်း (၄၀) ခန့်ကို စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများအနက် ကျောင်းသား (၇) ဦးနှင့် ဆေးရုံဆင်းလာခါစ လူငယ် (၁) ဦးတို့ကို ပထမအသုတ်အဖြစ် ဩဂုတ်လအတွင်းမှာပဲ ပြန်လွှတ်ပေးခဲ့ပြီးနောက် အခြားသူများကိုလည်း အသုတ်လိုက်ဖြင့်ပြန်လွှတ်ပေးခဲ့ရာမှာ (၆) ဦးသာ ကျန်ရှိတော့သည်ဟု သိရသည်။
(006SV) စစ်အာဏာသိမ်းပြီး ၄ နှစ်ဝန်းကျင်အကြာ ချင်း၊ ကရင်၊ စစ်ကိုင်းနှင့် တနင်္သာရီတို့တွင် လူငယ်များ ကျောက်ထွက်နှုန်း အမြင့်ဆုံး ဖြစ်နေသည်ဟု ကမ္ဘာ့ကုလ သမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ယနေ့မှာ ထုတ်ပြန်ကြေညာသည်။ ယနေ့ အောက်တိုဘာလ ၆ ရက်တွင် မြန်မာ့လူငယ်များ၏ အလုပ်အကိုင်နှင့် ပညာရေးအခြေအနေနှင့်ပတ်သက်၍ နိုင်ငံလုံးဆိုင်ရာ သုတေသနပြုလုပ်မှုဖြစ်သည့် မြန်မာလူငယ် သဘောထား စစ်တမ်း ၂၀၂၄ ကို အခြေခံပြီး အနာဂါတ်ရပ်တန့်ခံ မျိုးဆက်သစ် အမည်ဖြင့် ထုတ်ပြန်သော စာတမ်းတွင် UNDP က ပြောဆိုသည်။ အသက် ၁၈ – ၂၄ နှစ်ကြား လူငယ် ၄ ဦးတွင် ၃ ဦးသည် ပညာရေး သို့မဟုတ် သင်တန်းတစ်ခုခုမှာ တက်ရောက်ခြင်း မရှိတော့ကြောင်း၊ အဆိုပါအရေအတွက်မှာ လူငယ် ငါးသန်းဖြစ်သည်ဟု UNDP ထံမှ သိရသည်။ အထူးသဖြင့် ကျေးလက်နေ လူငယ်များသည် အတားအဆီးအမျိုးမျိုးကို ပိုမိုရင်ဆိုင်နေရပြီး တနင်္သာရီ၊ ချင်း၊ ကရင်နှင့် စစ်ကိုင်းတို့တွင် လက်ရှိမှာ ကျောင်းထွက်နှုန်း အမြင့်ဆုံး အခြေအနေဖြစ်နေသည်ဟု သိရသည်။ မြန်မာ့လူငယ်စစ်တမ်းကို ဖြေဆိုထားသော လူငယ်အမျိုးသမီး လေးပုံ၊ တစ်ပုံနီးပါးသည် အိမ်တွင်းတာဝန်များ လုပ်ဆောင်ရခြင်းမှာ ပညာရေးမှ ကျောင်းထွက်ရသော အကြောင်းအရင်းဖြစ်ကြောင်း၊ အမျိုးသားလူငယ်များတွင် ယင်းအခြေအနေမျိုး ငါးရာခိုင်နှုန်း ရှိကြောင်း သိရသည်။ စီးပွားရေးဆိုင်ရာ လိုအပ်ချက်များ၊ ပဋိပက္ခများကြောင့် လုံခြုံမှုမရှိခြင်း၊ ပညာရေး လက်လှမ်းမီဖြစ်ခြင်းနှင့် လူမှုရေးဆိုင်ရာ စံနှုန်းများသည် လူငယ်…
(006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၂၇ ဦးကို ဖမ်းဆီးရမိ ကြောင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA – မကွေး) က အောက်တိုဘာလ ၂ ရက်မှာ ထုတ်ပြန်သည်။ စစ်ကော်မရှင်၏ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကို အာရက္ခတပ်တော် ULA/ AA နှင့် PDF ပူးပေါင်းတပ် များက ဝိုင်းဝန်းတိုက်ခိုက်လျက်ရှိရာ စစ်မှုထမ်းဥပဒေအရ အဓမ္မ စစ်မှုထမ်းရသော အပတ်စဉ် ၇ မှ ၁၂ အထိ သင်တန်းဆင်း တပ်သားများဖြစ်သည့် တပ်မ ၉၉ နှင့် စကခ ၁၇ လက်အောက်ခံ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိခြင်းဖြစ်သည်။ အဆိုပါ စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု သိရသည်။ PRA – မကွေးတပ်ဖွဲ့သည် ငဖဲမြို့နယ်၊ ပဒါန်းလမ်းမတလျှောက်နှင် ပုသိမ်း-မုံရွာလမ်းဝန်းကျင်တွင် စစ်ဆင်ရေးများကို မဟာမိတ် များနှင့် ပူးပေါင်းဖော်ဆောင်နေပြီး လက်ရှိတွင် ရန်သူထိုးစစ်ကို ကြံ့ကြံ့ခံ ခုခံလျက်ရှိကာ စစ်နောက်ပိုင်းဒေသများတွင်လည်း ပြောက်ကျားဒေသများ တိုးချဲ့ဖော်ဆောင်နေသည်ဟု သိရသည်။ ယနေ့အချိန်သည် တော်လှန်ရေး အင်အားစုအသီးသီး၏ တပ်ပေါင်းစု မူဝါဒကို လက်တွေ့ကျကျ ကျင့်သုံးအကောင် အထည် ဖော်ရမည့် ကာလဖြစ်သည်ဟု PRA – မကွေးက သတိပေးထုတ်ပြန်လာသည်။ လူထုတော်လှန်ရေး ၅ နှစ်တာ ကာလအတွင်း ဖိနှိပ်မှု ပေါင်းစုံကို ခါးစည်းခံလာရသော လူထုမျက်နှာကို ငဲ့ကာ…
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ချင်းဒုက္ခသည်များအရေးဆွေးနွေးသည့် ချင်း Consultation အစည်းအဝေးတရပ်ကို နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကြသည်ဟု Alliance of Chin Refugees (ACR)က ထုတ်ပြန်သည်။ အောက်တိုဘာလ ၁ ရက်မှ ၂ ရက်နေ့အထိ နှစ်ရက်ကြာကျင်းပပြုလုပ်သော ချင်း Consultation အစည်းအဝေးမှာ လတ်တလော ဖြစ်ပေါ်နေသည့် အထောက်ပံ့များလျှော့ချခံနေရသည့် UNHCR ၏ အခြေနေများနှင့် ချင်းဒုက္ခသည် များအရေးအဖြေရှာပြင်ဆင်မှုများအား အဓိကထားဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အဆိုပါအစည်းအဝေးတွင် ဗြိတိန် (UK) မှ ဆရာ Jeremy Hoipangs နှင့် အမေရိကန် (USA) မှ Dr Ro Dinga တို့ ကိုယ်တိုင်တက်ရောက်ခဲ့ကြသည့်အပြင် USA နိုင်ငံမှ BACI CEO ဆရာ Elaisa Vahnie၊ BAG မှ ဆရာ Van Kio နှင့် ကနေဒါ (Canada) နိုင်ငံမှ ဆရာ Plato Van Rung Mang တို့သည်လည်း အွန်လိုင်းမှတစ်ဆင့် ပါဝင်ဆွေးနွေးခဲ့ကြသည်ဟုသိရ သည်။ ချင်း Consultation အစည်းအဝေးမှ ရရှိသော ဒုက္ခသည်အရေးနှင့်ပတ်သက်သည့်သဘောတူညီချက်များကိုလည်း UNHCR ထံ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ပြီးခဲ့သည် စက်တင်ဘာလ ၈ ရက်နေ့ကလည်း အမေရိကန်အခြေစိုက် BACI ၏ CEO ဖြစ်သူ Mr. Elaisa Vahnie နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်း/အသင်းတော် ခေါင်းဆောင်များသည် ၂၀၂၆…
(006SV) ချင်း၊ ရခိုင်၊ ကချင် အပါအဝင် လွတ်မြောက်ဒေသများကို အခြေခံပြီး စစ်အာဏာရှင် တော်လှန်ရေးအားကောင်းအောင် စီစဉ်ဆောင် ရွက်ကြရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။ ယနေ့ အောက်တိုဘာလ ၃ ရက်က NUG အစိုးရ၏ သတင်းဌာနတစ်ခုဖြစ်သော Public Voice TV နှင့် သီးသန့် အင်တာဗျူးတွင် NUG အစိုးရ၏ ဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။ “ကျနော်တို့တစ်တွေ အခုချိန်မှာ လွတ်မြောက်ဒေသတွေ ရှိပါတယ်။ ရခိုင်မှာလည်း ရှိတယ်၊ ချင်းမှာလည်း ရှိတယ်၊ ကချင်မှာလည်း ရှိတယ်၊ ရှမ်းမြောက်မှာလည်း ရှိတယ်၊ ကရင်နီမှာလည်း ရှိတယ်၊ ကရင်မှာလည်း ရှိတယ်။ စစ်ကိုင်း၊ မကွေး၊ မန္တလေးမှာလည်း ရှိတယ်။ ဒီလွတ်မြောက်ဒေသတွေကို အခြေခံပြီး ကျနော်တို့ တော်လှန်ရေးကို အားကောင်းတဲ့ တော်လှန်ရေးအနေနဲ့ ဆက်တက်နိုင် အောင် စီစဉ်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီဒေသတွေရဲ့ စိုက်ရေး၊ ပျိုးရေး၊ မွေးမြူးရေး၊ သယံဇာတအရေးတွေကနေ ရရှိလာတဲ့ ဘဏ္ဍာငွေနဲ့ တော်လှန်ရေးကို နောက်တစ်ဆင့်တက်ရမှာ ဖြစ်ပါတယ်။ ဒီဒေသတွေမှာ ခိုင်မှာတဲ့ အခြေခံကောင်းတွေ တည်ဆောက်ကြရမှာဖြစ်ပါတယ်” ဟု NUG အစိုးရ၏ ဝန်ကြီးတစ်ဦးဖြစ်သူ ဒေါက်တာဇော်ဝေစိုးက ပြောသည်။ လက်ရှိတွင် NUG အစိုးရနှင့် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်စိုးမိုးထားသော နယ်မြေများသည် မလေးရှားနိုင်ငံ၏ အကျယ်အဝန်းနီးပါး ရှိနေပြီးဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ အဆိုပါဒေသများတွင် သယံဇာတတွေ ၊…
Headline…
(006SV) ချင်းအမျိုးသားတပ်ဦး (CNF) တာဝန်ရှိသူများနှင့် နယူးဇီလန်လွှတ်တော် ကိုယ်စားလှယ် (MPs) အဖွဲ့တို့ ထိုင်းနိုင်ငံတစ်နေရာမှာ လူသားစာနာမှု အကူအညီကိစ္စအပါအဝင် အချက် ၃ ချက်ကို အဓိကထား တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်က ထိုင်းနိုင်ငံတစ်နေရာမှာ နယူးဇီလန်လွှတ်တော်ကိုယ်စားလှယ် (MPs) ၃ ဦး နှင့် ချင်းအမျိုး သားတပ်ဦး (CNF) ၏ နိုင်ငံခြားဆက်ဆံရေးဌာန တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။ တွေ့ဆုံမှုတွင် စစ်ကော်မရှင်က ကျင်းပမည့်ရွေးကောက်ပွဲနှင့် ရလဒ်များကို ချင်းတော်လှန်ရေး အင်အားစုများက လက်ခံ အသိအမှတ်ပြုမည်မဟုတ်သည့်အပြင် နိုင်ငံတကာကလည်း လက်မခံရန် တောင်းဆိုဆွေးနွေးသည်ဟု သိရသည်။ “ဒီဟာက မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို ပိုပြီးတော့ ရှုပ်ထွေးစေမယ်။ ဒီဟာက ငြိမ်းချမ်းစေမယ့် အဖြေလည်း မဟုတ်ဘူး။ ဒီရွေးကောက်ပွဲကိစ္စဟာ မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံက သဘောတူထုတ်ပြန်ထားတဲ့ ငါးချက်မှာလည်း မပါတဲ့ ဟာဖြစ်တယ်။ တကယ်ဆိုရင် အဲဒီ ငါးချက်ကို အရင်ဦးဆုံး အကောင်အထည်ဖော်သင့်တယ်ဆိုတာတွေ ဆွေးနွေးတယ်။ ပြီးတော့ ဒီရွေးကောက်ပွဲက ထွက်လာတဲ့ ရလဒ်တွေကို ကျနော်တို့ အသိအမှတ် လက်ခံမှာ မဟုတ်ဘူး။ အဲဒီအတိုင်း နိုင်ငံတကာကနေလည်း အသိအမှတ်ပြု လက်မခံဖို့ ဆွေးနွေးတာတွေ ရှိတယ်” ဟု CNF ပြောရေးဆိုခွင့်ရှိသူ Salai Van က ပြောသည်။ ဒုတိယအချက်မှာ တိုင်းနှင့်ပြည်နယ်များတွင် ပြည်နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom – up Federalism) ချဉ်းကပ်မှုဖြင့်…
