Author: Editor

(006SV) ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) ကို ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ချက်များ ပြုလုပ်ခဲ့ရာတွင် ချင်းပြည်ကောင်စီ အတွက် အစုအဖွဲ့ ၃ ခုက ကိုယ်စားလှယ် ပါဝင်မှုတွင် ချင်းအမျိုးသားတပ်ဦး CNF က ကိုယ်စားလှယ် ပါဝင်မှုကို လျော့ချပြီး လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်နှင့်ဒေသအဖွဲ့ ကိုယ်စားလှယ်ပါဝင်မှုလည်း အပြောင်းအလဲ ပြုလုပ်သည်။ ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက်က ချင်းလုံမြို့တွင် ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့၏ အစည်းအဝေးကို ကျင်းပပြီး အစုအဖွဲ့ ၃ ခုမှ ကိုယ်စားလှယ်များ တက်ရောက်၍ ချင်းပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်မှုများကို ပြုလုပ်သည်ဟု သိရသည်။ ယခင်ပြဌာန်းချက်တွင် ချင်းပြည်ကောင်စီကို ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခြင်းခံရပြီး စစ်အာဏာရှင်တော် လှန်ရေးတွင် ပူးပေါင်းဆောင်ရွက်နေသော ချင်းလွတ်တော်ကိုယ်စားလှယ် ၂၇ ဦး၊ ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ် ၂၇ ဦး၊ မြို့နယ်နှင့်ဒေသ အဖွဲ့ ကိုယ်စားလှယ် ၈၆ ဦး စသဖြင့် ကိုယ်စားလှယ် ၁၄၀ ဦးဖြင့် ဖွဲ့စည်းသည်ဟု ဆိုသည်။ ပြင်ဆင်ချက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး စစ်အာဏာရှင်တော်လှန်ရေးတွင် ပူးပေါင်းဆောင်ရွက်နေသော ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ် ၁၅ ဦး၊ ဒေသသီးခြား မရှိသော မြို့နယ်တစ်ခုမှ ကိုယ်စားလှယ် ၈ ဦးစီ၊ ဒေသသီးခြားရှိသော မြို့နယ်တစ်ခုမှ ကိုယ်စားလှယ် ၅ ဦးစီနှင့် ဒေသတစ်ခုမှ ကိုယ်စားလှယ် ၃…

Read More

ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် ဘုံရန်သူကိုသာ ပထမဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စု အရေးကို တော်လှန်ရေးကာလ အလွန်မှာ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာကြရန် ချင်းတော်လှန်ရေးတပ်ဖွဲ့ ၁၈ ဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်သည်။ “အချင်းချင်းကြား နားလည်မှုလွဲမှားစေသော အပြောအဆို၊ အပြုအမူများအားလုံးကို ရှောင်ရှား၍ ဘုံရန်သူကိုသာ ပထမဦးစားပေးတော်လှန်တိုက်ပွဲဆင်ကြရန်နှင့် မိမိတို့ချင်းပြည်အတွင်းရှိ နယ်မြေဒေသ/မျိုးနွယ်စုအရေးများကို တော်လှန်ရေးကာလအလွန်တွင် နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာကြရန်ဖိတ်ခေါ်လိုပါသည်” ဟု ချင်းနွေဦးတော်လှန်ရေးလက်နက်ကိုင် ၁၈ ဖွဲ့က ယနေ့ဇွန်လ ၁၉ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ချင်းနွေဦးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့အနေဖြင့် နွေးဦးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား လေးစားမှုရှိပြီး စည်းလုံးညီညွတ်ရေးအတွက်အမြဲမျှော်လင့်လျှက်ရှိသည်ဟုဆိုသည်။ ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူကို တော်လှန်တိုက် ထုတ်ရန်၊ ချင်းလူမျိုးနှင့် ပိုင်နက်နယ်မြေများကို ခုခံကာကွယ်စောင့်ရှောက်ရန်နှင့် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေး၊ ချင်းပြည်တည်ဆောက်ရေးအတွက် ချင်းပြည်သူလူထုနှင့်အတူ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ကြရန် အဆင်သင့်ရှိ သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ လက်ရှိချင်းပြည်အတွင်း တော်လှန်ရေးအဖွဲ့များအကြား မကြာခဏ အချင်းချင်းပွတ်တိုက်မှုဖြစ်ခြင်း၊ အငြင်းပွားမှု များကို လက်နက်ဖြင့် ဖြေရှင်းရန်ကြိုးစားခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူများအကြား စည်းလုံး ညီညွတ်မှုအားနည်းလာခြင်းတို့သည် ပြည်သူ့တော်လှန်ရေးခရီးကို နှောင့်နှေးမှေးမှိန်သွားစေနိုင်သည့်အပြင် ချင်းလူ မျိုးများ၏ တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင်လည်း ကျရှုံးသွားနိုင်သည်ဟု ဖော်ပြထားသည်။ ယခုထုတ်ပြန်ကြေညာချက်ကို Zotung Federal Council/ CDF-Zotung, CDF-Matupi, CDF-Kalay-Gabaw-Gangaw, CDF-Hakha Central Council, CDF-Thantlang, Lautu Region People Administration/ CDF-Lautu, Zopheiram Council/ CDF-Zophei, Maraland Council/ CDF-Mara, Paletwa Council/…

Read More

(004SS) ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (ULA/AA) က ရခိုင်ပြည်နယ်၏ ၈ ခုမြောက်ခရိုင်အဖြစ် ဖွဲ့စည်းထည့်သွင်းမှုကို Global Khumi Organization (GKO) က ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်သည်။ ULA/AA သည် ရခိုင်ပြည်နယ်အား ခရိုင် ၈ ခုဖြင့် ပြန်လည်ဖွဲ့စည်းရာတွင် ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင် တစ်ခုအဖြစ် ထည့်သွင်းခဲ့သည်ဟု ရခိုင်အခြေစိုက် Narinjara သတင်းဌာနက ဇွန်လ ၁၂ ရက်နေ့က ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ Global Khumi Organization (GKO) က ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။ ဒေသခံချင်းတိုင်းရင်းသားများ၏ သဘောထားမပါဘဲ ပလက်ဝခရိုင်ကို ရခိုင်ပြည်ထဲသို့ ထည့်သွင်းခြင်းသည် ဒေသခံ ခူမီး(ချင်း) ပြည်သူများနှင့် ချင်းတစ်မျိုးသားလုံးကို စော်ကားခြင်းဖြစ်သောကြောင့် ULA/AA ၏ လုပ်ရပ်ကို ပြင်းထန်စွာ ရှုပ်ချကြောင်း Global Khumi Organization – GKO က ဖော်ပြထားသည်။ ပလက်ဝခရိုင်သည် ၁၈၇၆ ခုနှစ်၊ အင်္ဂလိပ်လက်အောက်ကျရောက်စဉ်က ရခိုင်မြောက်ပိုင်း တောင်တန်းခရိုင်ဟု သတ်မှတ်ခဲ့ သော်လည်း ခူမီးလူမျိုးများက သီးခြားလွပ်လပ်စွာ အုပ်ချုပ်ခဲ့သောနယ်မြေဖြစ်သည်ဟု သိရသည်။ ပလက်ဝခရခိုင်သည် ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ ချင်းပြည်နယ်ရှိ မြို့နယ် ၉ ခုထဲက တစ်ခုဖြစ်သည်။ ပလက်ဝ၏ တည်ရှိမှုသည် ခူမီးလူမျိုးတို့၏ ဖြစ်တည်မှုနှင့် တစ်ထပ်တည်းဖြစ်ကာ ဝိသေသလက္ခဏာ၊ လူမျိုးဖြစ်တည်မှုနှင့် ခွဲခြား၍မရနိုင်သော ဘိုးဘွားပိုင်နယ်မြေဖြစ်ပြီး ခူမီး(ချင်း) လူမျိုးများ၏…

Read More

(006SV) အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ၄ နှစ်ကျော်ကာလအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၁ ဦး ကျဆုံးခဲ့ပြီး ယင်းအထဲ ၂၉ ဦးသည် မြေမြုပ်မိုင်းကြောင့် ကျဆုံးခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် – ICA က ထုတ်ပြန်ကြေညာသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်အထိ ချင်းပြည်နယ်နှင့် ချင်းလူမျိုးများသည် စစ်ကောင်စီတပ်ဖွဲ့များ ကြောင့် သေဆုံးမှု ၁၀၉၉ ဦးအထိ ရှိခဲ့ပြီး ယင်းတို့အထဲ တိုက်ပွဲအတွင်း ကျဆုံးသွားသော တော်လှန်ရေး တပ်ဖွဲ့ဝင်များ အကြောင်းကို ချင်းရေးရာအဖွဲ့ချုပ်က ဇွန်လ ၁၈ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မြေမြှုပ်မိုင်းကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၃၀ နီးပါး ကျဆုံးမှုသာမက အရပ်သားပြည်သူ ၅၄ ဦးလည်း သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိသူ အရပ်သားနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃၅ ဦးထက်မနည်း ရှိခဲ့သည်ဟု သိရသည်။ “ကျနော်တို့ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူငယ်ချင်းရဲ့ အလောင်းကို ပြန်သွားယူတာ၊ စစ်တပ်က အလောင်းအောက်မှာ မိုင်းထောင် ထားခဲ့တာ၊ ကြိုနဲ့ ဆွဲပေမယ့် ကြိုးက နဲနဲတိုနေတော့ ကျနော်တို့ ၁၀ ယောက်လောက် အကုန် လွင့်စင်ကုန်တာ၊ သေတဲ့ သူလည်းရှိ တယ် ကျနော်နဲ့ သူငယ်ချင်းတယောက်ကတော့ မျက်စိထိပြီး မျက်စိပြန်မမြင်တော့ဘူး” ဟု ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦးက ၎င်း၏ ၂၀၂၁ ခုနှစ် ကိုယ်တွေ့ဖြစ်ရပ်ကို…

Read More

(006SV) ချင်းပြည်ကောင်စီ (CC) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ပြန်လည်ပေါင်းစည်း နိုင်ရေး အတွက် ချင်းအမျိုးသား ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းရေးဆွဲနိုင်ရေးကို မူကြမ်းကော်မတီဖွဲ့စည်းဆောင်ရွက်သွားမည် ဟု သိရသည်။ ချင်းပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ ဇွန်လ ၁၈ ရက်တွင် အွန်းလိုင်းမှ တဆင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။ “ဒီရက်ပိုင်းဆိုရင်လည်း CNC ဖွဲ့ဖို့အတွက် သဘောတူခဲ့ကြတဲ့ ICNCC နဲ့ CC က သဘောတူတဲ့အရာက Chin National Constitution အတွက် မူကြမ်းကော်မတီကို တဖက်ကနေ ၂၇ ဦးစီ ဖွဲ့ပြီးမှ အဲဒီကနေ အကြောင်းအရာလိုက် Constitution (ဖွဲ့စည်းပုံအခြေခံဥပဒေ) ဖြစ်မြောက်လာဖို့အတွက်ကို ရေးဆွဲပြီမှ အားလုံး သဘောတူညီတဲ့ ကိစ္စတွေကို စုစည်းသွားဖို့ ဖြစ်တယ်။ မီဇိုရမ်အစိုးရရဲ့ ဦးဆောင်မှုနဲ့ မူကြမ်းဆွဲမယ့် ကိစ္စတွေလည်း သွားတော့ သွားနေတယ်၊ ဒါပေမယ့် တော်တော်တော့ နှေးနေတယ်” ဟု ချင်းညီနောင်အဖွဲ့နှင့် ချင်းအမျိုးသားအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဝီလီယံချင်းက ပြောသည်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် Advocacy Team ထံသို့ CC နှင့် ICNCC ကြားတွင် Chin National Constitution (ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေ) မူကြမ်းရေး ဆွဲမည့် ကော်မတီဝင်စာရင်းကို ပို့ထားပြီဖြစ်၍ အချင်းချင်းတွေ့ဆုံ ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုမှ…

Read More

(004SS) မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ထဲက ပလက်ဝမြို့နယ်စစ်ဘေးရှောင်စခန်း (၃) ခုမှ ရေဘေးသင့် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် အရေးပေါ်ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်ခဲ့ကြောင်း ပလက်ဝ စစ်ဘေးရှောင်နှင့် လူသားချင်းစာနာကူညီရေးအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။ ဇွန်လ ၁၄ ရက်နေ့တွင် ပလက်ဝကောင်စီ၊ စစ်ဘေးရှောင်နှင့် လူသားစာနာကူညီရေးဌာနမှ စစ်ဘေးရှောင်နှင့် ရေဘေး သင့်ပြည်သူများအား ဆန် ၁၈၀ အိတ်၊ မိုးကာ ၁၀၀ ချပ်နှင့် အိမ်သာခွက်ပိုက် ၁၀၀ အပါအဝင် အခြေခံလိုအပ်ချက် ပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ဒီတစ်‌ခေါက် ဒုတိယအကြိမ်အနေနဲ့ ရေဘေးသင့်ပြည်သူတွေတွက် အဖွဲ့အစည်းတွေ အလှူရှင်တွေရဲ့ အကူအညီတွေကို သွားရောက် ဖြန့်ဖြူးတာဖြစ်ပါတယ်။ ပစ္စည်း ၃ မျိုးကို camp leader တွေဦးဆောင်ပြီး စာရင်းဇယားနဲ့ မျှမျှတတပေးသွားမှာပါ။ ဒီတစ်ခေါက်တော့ ဆန်ရယ်၊ မိုးကာရယ်၊ အိမ်သာသုံးပိုက်ရယ် ဖြန့်ဖြူးပေးတာပါ။ အခုကပြန် လည်ထူထောင်ရေးအတွက် အမိုးရပြီဆိုတော့ အဖွဲ့အစည်း၊ အလှူရှင်တွေအနေနဲ့ အကာအတွက် လိုအပ်နေသေး တယ်ဆိုတာ ပြောပြချင်ပါတယ်။ အလှူရှင်များအားလုံးအပေါ် ကျေးဇူးတင်ပါတယ်” ဟု ပလက်ဝမြို့နယ်၊ လူသားစာနာကူညီရေးဌာနမှ ဌာနမှူးက ပြောသည်။ လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအတွက် နေအိမ်ပြန်လည်တည်ဆောက်ရန် သစ်၊ ဝါး၊ ရေပုံးများနှင့် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးများ အရေးပေါ်လိုအပ်နေဆဲဖြစ်သည်။ ပြည်တွင်းပြည်ပမှ အလှူရှင်များအနေဖြင့် ကူညီလှူဒါန်းနိုင်ရန် ခန့်မှန်းခြေကုန်ကျစရိတ်များကိုလည်း ဖော်ပြထားပြီး အိမ်တစ်လုံးတန်ဖိုး – အိန္ဒိယရူပီး ၂၀,၀၀၀ မှ ၂၅,၀၀၀ ၊ အိမ်သာတစ်လုံးတန်ဖိုး အိန္ဒိယရူပီး ၂,၅၀၀ မှ…

Read More

(006SV) ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းများကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့်အတူ ACDF ပူးပေါင်းတိုက်ခိုက်နေရာ စစ်ကောင်စီမှ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးနှင့် ရဲမှူးအပါအဝင် တပ်သားအများအပြား သေဆုံးကြောင်း ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) တပ်ဖွဲ့ထံမှ သိရသည်။ ဇွန်လ ၁၆ ရက် ညနေ ၄ နာရီ မီနစ် ၂၀ ခန့်တွင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆင်အိုင်ချောင်းပေါက်ကျေးရွာကို အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော ခလရ – ၁ နှင့် ပျူစောထီးပါတို့၏ စစ်ကောင်စီတပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ရာ ၄၅ မီနစ်ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်းက ဇွန်လ ၁၇ ရက် ထုတ်ပြန်သည်။ တိုက်ပွဲတွင် စစ်ကောင်စီက အထိနာ၍ ပြန်ဆုတ်သွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။ ယင်းတိုက်ပွဲတွင် တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) လက်အောက်ခံ PDF တပ်ရင်းများဖြစ်သည့် သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း၊ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း၏ တပ်ခွဲ (၆)/ဧရာညီနောင်PDF ၊ MDF (Special Force) နှင့် Asho Chin Defense Force (ACDF) တပ်ဖွဲ့ ပါဝင်တိုက်ခိုက်သည်ဟု သိရသည်။ ဇွန်လ ၁၆ ရက် ညနေ ၅ နာရီခန့်တွင်လည်း ရန်ကုန်- ပြည်လမ်းပိုင်း၊…

Read More

ပလက်ဝအရေး စားပွဲဝိုင်းပေါ် အဖြေရှာရမည်ဟု ချင်းညီနောင်ပြော (006SV) အာရက္ခတပ်တော် ULA/AA က သိမ်းပိုက်ထိမ်းချုပ်ထားသည့် ပလက်ဝမြို့နယ်သည် ချင်းပြည်ဆိုသည်ကို ချင်းညီနောင်အဖွဲ့ဝင် အားလုံးက တညီတညွတ်ထဲ လက်ခံထားသည်ဟု ချင်းညီနောင် – CB က ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။ ချင်းပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ ဇွန်လ ၁၈ ရက်တွင် အွန်းလိုင်းမှတဆင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။ “အရှင်းလင်းဆုံး ပြောချင်တာက ကျနော်တို့ ချင်းညီနောင် အကုန်လုံးက ပလက်ဝသည် ချင်းပြည်ဆိုတာကို ကျနော်တို့ အကုန် လုံးက တညီညွတ်ထဲ ယုံကြည်ကြတယ်၊ လက်ခံပါတယ်၊၊ ဒါက ညီနောင်တခုထဲမှ မဟုတ်ပါဘူး။ တနိုင်ငံလုံးကလည်း သိပါတယ်။ ဒီလိုပဲ ရပ်တည်လာတာပေါ့နော်၊၊ တဆက်ထဲမှာပဲ ULA / AA ဟာ ကျနော်တို့ရဲ့ အိမ်နီးချင်းကောင်းဖြစ်တယ်။ အိမ်နီးချင်းကောင်း ထက်ပိုတဲ့ တကယ့် ရဲဘော်ရဲဖက်တွေ ဖြစ်တယ်၊၊ ဒီလိုမျိုး တော်လှန်ရေးကာလမှာ တချို့ဟာတွေကို အချင်းချင်း နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ သဘောမျိုးနဲ့ ဒါမှမဟုတ် လူမျိုးရေး မုန်းတီးမှုတွေ ပွားနေအောင် ဆွတဲ့ အပိုင်းတွေကို ဒီကာလမှာ သတိထားရမယ်” ဟု ချင်းညီနောင်အဖွဲ့ နှင့် မင်းတပ်- ပအဖ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။ ယခင်က သတင်းမီဒီယာများတွင်လည်း အာရက္ခတပ်တော် ULA/ AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပလက်ဝသည် ချင်းပြည်ဆိုသည်ကို ဖြေကြားဖူးကြောင်း၊…

Read More

(006SV) ချင်းပြည်နယ်၊ လောက်တူနယ်ဒေသအတွင်း ဒေသခံပြည်သူများအပေါ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့် အင်တာ နက်တပ်ဆင်အသုံးပြုမှုများကို ကန့်သတ်လိုက်ကြောင်း လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၁၆ ရက်တွင် ကြေညာသည်။ လောက်တူနယ်ဒေသတွင် နေထိုင်သော ပြည်သူများအနေဖြင့် ဆက်သွယ်ရေးစက်ကိရိယာများ တပ်ဆင်အသုံးပြုခြင်း၊ လူမှုကွန် ယက်အသုံးပြုခြင်းနှင့် စပ်လျဉ်ပြီး တော်လှန်ရေးဆိုင်ရာ သတိတရားဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဟူ၍ ကန့်သတ်ချက်များ ကျယ်ပြန့်သော အချက် ၈ ချက်ကို လောက်တူနယ်ဒေသပအဖက ထုတ်ပြန်သည်။ ပြည်သူလူထုအကြား စည်းလုံးညီညွတ်မှု ပျက်ပြားစေနိုင်သော မည်သည့်လှုံ့ဆော် ရေးသားခြင်းမျှ မပြုလုပ်ရန်၊ တော်လှန်ရေး လုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေနိုင်သော မည်သည့်အကြောင်းအရာမျှ ရေးသားဖြန့်ဝေခြင်း မပြုရန်တို့ကို ထုတ်ပြန်သည်။ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက် မရှိဘဲ ကိုယ်ရေးကိုယ်တာ အသုံးအတွက်ဖြစ်စေ၊ စီးပွားဖြစ် လုပ်ငန်းအတွက် ဖြစ်စေ WiFi ဆက်သွယ်ရေးပစ္စည်းများ တပ်ဆင်အသုံးပြုခြင်းကို ခွင့်မပြုကြောင်း၊ မိမိကိုယ်ရေး ကိုယ်တာ အသုံးအတွက် တပ်ဆင်ထားသည့် WiFi ဆက်သွယ်ရေး စက်ပစ္စည်းများကို လောက်တူပအဖအဖွဲ့က သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီသာ တပ်ဆင်သုံးစွဲရမည်ဟုဆိုသည်။ မည်သည့်အဖွဲ့အစည်း၊ ဌာနများ၏ ရုံးစာများကိုဖြစ်စေ၊ ၎င်းတို့ လုပ်ငန်းကိစ္စနှင့်စပ်လျဉ်းသော အခြားမှတ်တမ်းဓါတ်ပုံများကို ဖြစ်စေ၊ သက်ဆိုင်ရာမှ တရားဝင် ထုတ်ပြန်ဖော်ပြခြင်းမှလွဲ၍ ဖြန့်ဝေခြင်း လုံးဝမပြုလုပ်ရန် တားမြစ်ထားသည်။ လုံးခြုံရေးဆိုင်ရာ ထိပါးစေနိုင်သော အချက်အလက်၊ မှတ်တမ်းဓါတ်ပုံနှင့် တည်နေရာများကို ဖော်ပြရေးသားခြင်း၊ ဖြန့်ဝေးခြင်း မပြုလုပ်ရဟု စည်းကမ်းသတ်မှတ်ပြီး ကန့်သတ်တားမြစ်ထားသော နေရာများတွင် မှတ်တမ်းဓါတ်ပုံ ရယူခြင်း၊ အသံဖမ်းယူခြင်း၊ ဗီဒီယိုရိုက်ယူခြင်းများ မပြုလုပ်ရဟူ၍လည်း…

Read More

(006SV) မလေးရှားနိုင်ငံ၊ ကွာလလမ်ပူမြို့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းက တရားမဝင် အထောက်အထားမဲ့ နေထိုင်ကြသည့် မြန်မာနိုင်ငံသား ၃၂၀ အပါအဝင် နိုင်ငံခြားသား ၁၇၀၀ ကျော်ကို ပြည်နှင်ဒဏ် ပေးလိုက်သည်ဟု သိရသည်။ ကွာလာလမ်ပူမြို့ ဧရိယာ တစ်ခုထဲတွင် မြန်မာအပါအဝင် နိုင်ငံ ၅ နိုင်ငံက နိုင်ငံခြားသားများကို မလေးရှားလူဝင်မှု ကြီးကြပ် ရေးက ယခုနှစ်ပိုင်းတွင် ဖမ်းဆီးရမိထားမှုများကို ယနေ့ဇွန်လ ၁၆ ရက်တွင် ပြည်နှင်ဒဏ် ပေးခြင်းဖြစ်သည်ဟု မလေးရှားရောက် ချင်းလူမျိုးများကို ကူညီပေးနေသူ ဦးအိုက်လွင်က ပြောသည်။ “မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဧရိယာတစ်ခုထဲမှာပဲ အဖမ်းခံရတဲ့ လူတွေပေါ့နော်။ အဲဒါက ဒီမှာ ရှိတဲ့ လဝကတွေက ဖမ်းပြီးမှ ပြည်နှင်ဒဏ်ပေးတာပါ။ ဒီမြို့နယ်တခုထဲကိုမှ မြန်မာနိုင်ငံသား ၃၂၀ ဦး ပါတယ်။ အဲဒီမှာ ကျနော်တို့ ချင်းတွေလည်း အများကြီး တော့ ပါမယ်၊၊ ဒါပေမယ့် စာရင်းဇယားနဲ့ ပြောဖို့တော့ ခက်လိမ့်ယ်” ဟု ဦးအိုက်လွင်က ပြောသည်။ မြန်မာနိုင်ငံသား ၃၂၀ ဦး၊ အင်ဒိုနီးရှား ၆၆၁ ဦး၊ ဘင်္ဂလားဒေရှ့် ၃၀၉ ဦး၊ ထိုင်း ၁၂၀ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁၀၃ ဦးကို ပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။ မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးခံပါက ဖမ်းဆီးခံရချိန်တွင် ၁၄ ရက် ရမန်ယူကာ တရားရုံးတင်ကြောင်း၊ တရားရုံးမှ ထောင်ဒဏ်များ ချမှတ်၍ ပြစ်ဒဏ်ခံယူပြီးပါက လူဝင်မှုကြီးကြပ်ရေး…

Read More