(002MG) စစ်ကိုင်တိုင်း၊ ကလေးမြို့ပေါ်တွင် သင်္ကြန်ကာလပြီးဆုံးသည့်နောက်ပိုင်းတွင် စစ်ကောင်စီက အဖမ်းအဆီးများ ပိုမိုပြု လုပ်လာသည်ဟု ကလေးမြို့ ဒေသခံများထံမှ သိရသည်။ ကလေးမြို့ခံတဦးက “ပြီးခဲ့တဲ့ သင်္ကြန်မှာ လူကြီး၊လူငယ်၊ စစ်မှုထမ်းနိုင်တဲ့ အရွယ် အမျိုးသမီးတွေရော ကားတွေ အများကြီးနဲ့ ထွက်လာကြတယ်။ (၄) နှစ်ကာလရှိပြီမပျော်ရတော့ လမ်းပေါ်ထွက် သီချင်းဖွင့် ပျော်လိုက် လည် လိုက်၊ တချို့တွေက စတုဒီတာလာသမျှလူတွေကို တိုက်တော့ တချို့တွေလည်း Video တွေရိုက်ပြီး တင်ကြဆို တော့ သူတို့(စကစ) လည်းသိတာနေမှာ။ သင်္ကြန်အတွင်းရော၊ သင်္ကြန်ပြီးရော အခုအချိန်ထိ တောက်လျှောက် စစ်မှုထမ်း ဖို့ဖမ်းတာအရင်က ထက်ပိုများလာတယ်။ သင်္ကြန်မှာ မနေနိုင်ကြပဲ ပျော်ကြတဲ့ အကျိုး အဆက်ပေါ့။ ပိုဖမ်းတယ် နေ့တိုင်းကိုကြားနေရတယ်၊ ခါတိုင်းစစ်မှုထမ်းဖို့ဖမ်းတာထက်ကိုပိုများတယ်” ဟု ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့ပေါ်က ရပ်ကွက်အတွင်း လမ်းကြိုလမ်းကြား နှင့် လူအများအသုံးပြုနေသော အပန်းဖြေနေရာ၊ အရက်ဆိုင်များသို့ ဝင်ရောက်ကာ တွေ့သမျှလူကြီးလူငယ်များကို ဖမ်းလေ့ရှိသည်ဟုသိရသည်။ ဧပြီလ (၁၆) ရက်နေ့ကလည်း စစ်ကောင်စီသည် ကလေးမြို့ပေါ်ရှိ ဧဒင် ရေကူးကန်အနီးတွင် PDF များရောက်ရှိ လာ သည်ဟုဆိုကာ အင်အား အများအပြားဖြင့် လုံခြုံရေးယူ စစ်ဆေးမှုများပြုလုပ်ကာ အမျိုးသား လူငယ် (၃) ဦးဖမ်းဆီးသွားသည်။ ထို့အပြင် ဧပြီလ (၁၂) ရက်နေ့ကလည်း အောင်သစ္စာရပ်ကွက်တွင် လူငယ် (၇) ဦး၊ မဂ်လာဉ ယျာဉ်ရပ်ကွက်တို့နှင့် ကျီးကုန်းကျေးရွာတို့တွင်လည်း အိမ်နေအတွင်းထိ ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်ခဲ့ သည်…
Author: Editor
Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို အရေးပေါ်ဆင်းသက်ရသည်အထိ ပစ်ခတ်နိုင်ခဲ့ဟုဆို (006SV) စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ် ထိန်းချုပ်ထားသည့် ကြံသာရွာမှာ စစ်ကောင်စီစစ်ကြောင်း နှင့် တကျော့ပြန် တိုက်ပွဲများ ပြင်ထန်းခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ခန့် သေဆုံးကြောင်း ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ဧပြီလ ၂၅ ရက်က အင်အား ၃၀၀ ခန့်ရှိသော စစ်ကောင်စီတပ်သည် စစ်ကြောင်း ၂ ကြောင်းဖြင့် ကလေးနှင့် မကွေးအစပ်ရှိ ဟံသာဝတီကျေးရွာဘက်မှ တော်လှန်ရေးတပ် စိုးမိုးထိန်းချုပ်ထားသော ကြံသာရွာကို စစ်ကြောင်းထိုးလာရာမှ ဧပြီလ ၂၇ ရက် ညနေပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ “ကြံသာကို တို့က စိုးမိုးနေတာဆိုတော့ သူတို့က အဲဒီနေရာကို ပြန်ပြီး စိုးမိုးချင်တဲ့ သဘောမှာ ရှိတယ်။ အဓိကက ကလေးနဲ့ ဂန့်ဂေါကြား မိန်းလမ်းမကြီးရှိတယ်။ အဲဒါကိုပြန်စိုးမိုးချင်တာ ရှိတယ်။ ပြီးတော့ အဲဒီနေရာက ဒီနှစ် ကျင်းပမယ့် ရွေးကောက်ပွဲကို အဲဒီမှာ လုံလုံခြုံခြုံနဲ့ လုပ်မယ်လို့ မျှော်မှန်းထားနေတာ ဖြစ်လို့ အခုလိုမျိုး ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ပျူစောထီး အင်အားကောင်းတဲ့ နေရာဆိုတော့ အင်မတန်မှ သူတို့ မျှော်လင့်ထားတဲ့ နေရာဖြစ်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီမှ ၂၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိနေသူများကို အဝေးမှ လှမ်းမြင်နေရသော်လည်း အတိအကျ မသိရသေးကြောင်း၊ လက်နက် ၈ လက်အပါအဝင် ခဲယမ်းတချို့ကိုလည်း…
(004SS) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က မြန်မာဒုက္ခသည်များ၏ အခက်အခဲများနှင့်ပတ်သက်၍ UNHCR နှင့် အိန္ဒိယအာဏာပိုင်များထံ တင်ပြဆွေးနွေးပေးမည်ဟု မီဇိုရမ်ပြည်နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ် Pu Richard Vanlalhmangaiha က ပြောသည်။ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ရှိ လွှတ်တော်အမတ် Pu Richard Vanlalhmangaiha နှင့် ချင်းဒုက္ခသည်ကော်မတီ (CRC) တို့သည် ၎င်း၏ရုံးခန်းတွင် ဧပြီလ ၂၆ရက်နေ့ကတွေ့ဆုံခဲ့ကြပြီး နယူးဒေလီရှိ မြန်မာဒုက္ခသည်များကြုံတွေ့ရသည့် အခက်အခဲ အခြေအနေများကို တင်ပြဆွေးနွေးရာတွင် လွှတ်တော်အမတ်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ချင်းဒုက္ခသည်ကော်မတီ ဥက္ကဌဦးဆောင်သော အဖွဲ့ဝင်ကွန်မြူနတီအသီးသီးမှ ဥက္ကဌများသည် လွှတ်တော်အမတ်အား ၎င်း၏ ရုံးခန်းတွင် သွားရောက်တွေ့ဆုံခဲ့ကြပြီး ဒုက္ခသည်များ ကြုံတွေ့နေရသော အခက်အခဲများကို ၃ နာရီကြာ တင်ပြဆွေးနွေးခဲ့ကြသည်ဟု CRC က ယမန်နေ့တွင် ထုတ်ပြန်သည်။ နယူးဒေလီရောက် မြန်မာဒုက္ခသည်များသည် ကျောင်း ၊ အလုပ်ရုံများတွင် ဒေသခံများမှ နှောက်ယှက် စော်ကားမှုများ နှင့် ခရစ်ယာန်ဘုရားကျောင်းများအထိ ရဲများ ဝင်ရောက်စစ်ဆေးခံခဲ့ရခြင်း စသည့် လုံခြုံရေး နှင့် ပါတ်သက်သော ကိစ္စရပ်များ တင်ပြပေးရန် တောင်းဆိုခဲ့ကြသည်။ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နယူးဒေလီသို့ တိမ်းရှောင်လာခဲ့သူများကို ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုက္ခသည် အဆင့်အတန်း အသိအမှတ်ပြုရန် နှောင့်နှေးကြန့်ကြာနေသဖြင့် UNHCR တာဝန်ရှိသူများထံ ဒုက္ခသည် စီစစ်ရေးလုပ်ငန်းများ အမြန်ဆုံးပြုလုပ်ပေးလည်း တောင်းဆိုခဲ့ကြသည်ဟု သိရသည်။ အိန္ဒိယနိုင်ငံ နိုင်ငံခြားသားများမှတ်ပုံတင်ရေးရုံး (FRRO) မှ…
မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်ရေးမှသည် စစ်အနိုင်တိုက်ရေးကို မဟာမိတ်များနှင့် လက်တွဲတိုက်ပွဲဝင်မည်ဟု SF/ SAF ထုတ်ပြန် (006SV) အာဏာရှင်စနစ်မှန်သမျှကို တိုက်ဖျက်ပြီး အမျိုးသားတန်းတူရေးအတွက် ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/ SAF) နှင့်အတူ ပူးပေါင်းကာ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ကပြောသည်။ဧပြီလ ၂၇ ရက်တွင် ကျရောက်သော ကျောင်းသားတပ်ဦး/ ကျောင်းသား လက်ရုံးတပ်တော် ဖွဲ့စည်း တည်ထောင်ခြင်း ၄ နှစ်ပြည့်မှာ ပေးပို့သည့် ချင်းညီနောင်အဖွဲ့၏ သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။ အာဏာရှင်စနစ်မှန်သမျှကို တိုက်ဖျက်ပြီး လူထုအားလုံး အဖိနှိပ်ခံ ဘဝမှ လွတ်မြောက်ရေးအပါအဝင် လူမျိုးကြီးဝါဒနှင့် အမြင် ကျဉ်းမြောင်းသော အစွန်းရောက် အမျိုးသားရေး ဝါဒကို ဆန့်ကျန်ပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ကျောင်းသားလက်ရုံးတပ်တော်နှင့် ပူးပေါင်းကာ တိုက်ပွဲဝင်သွားမည်ဟု ချင်းညီနောင်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးတွင် ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်၏ နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်ပါစေကြောင်းလည်း ချင်းညီနောင်က သဝဏ်လွှာတွင် ဆုတောင်းပေးထားသည်။ လေးနှစ်တာအတွင်း စစ်အာဏာရှင်စန် အမြစ်ဖြတ်ရေး တိုက်ပွဲပေါင်း များစွာကို မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆင်နွှဲရာမှာ အသက်ပေးလှူသွားသော အာဇာနည်များ၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသော ရဲဘော်များကို လေးစားဦးညွတ်ပါကြောင်း ချင်းညီနောင် ထုတ်ပြန်သည်။ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်၏ ၄ နှစ်ပြည့်ကိုလည်း ချင်းကာကွယ်ရေးတပ် – အရှိုက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး ရည်မှန်းထားသော နိုင်ငံရေး၊ စစ်ရေး မျှော်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်နိုင်ပါစေကြောင်း ထုတ်ပြန်သည်။ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်နေ့ကို…
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ချင်းအမျိုးသမီးတစ်ဦးကို မုဒိမ်းပြုကျင့်ကာ သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သော ULA/ AA တပ်ဖွဲ့ဝင် ၂ ဦးကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး ပွင့်လင်းမြင်သာစွာ တရားစွဲ အရေးယူ အပြစ်ပေးရန် နိုင်ငံတကာ ခူမီးလူငယ်များ အသင်း (GKYA) က တောင်းဆိုသည်။ အာရက္ခတပ်တော် ULA/ AA အနေဖြင့် တပ်ဖွဲ့ဝင် ၂ ဦး ကျူးလွန်သော အမှုကို အပြစ်ပေး အရေးယူနိုင်ရေးနှင့် ပတ်သက်၍ အချက် ၅ ချက်ကို နိုင်ငံတကာ ခူမီးလူငယ်များအသင်း (GKYA) က ဧပြီလ ၂၇ ရက် ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုခြင်းဖြစ်သည်။ အမှုကို လျင်မြန်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှု အမြန်ဆုံး ဖော်ဆောင်ပေးရန်၊ ကျူးလွန်သူများ၏ အမည်ကို ဖော်ထုတ်၍ ပြည်တွင်း၊ နိုင်ငံတကာ ဥပဒေများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ တရားစွဲအရေးယူ အပြစ်ပေးရန် GKYA အဖွဲ့က တောင်းဆိုသည်။ ကျူးလွန်ခံရသူအတွက် လိုအပ်သော စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု၊ လုံခြုံမှု၊ ဥပဒေ အကာအကွယ် နှင့် အခြားလိုအပ်သော အကူအညီများ ပံ့ပို့ဆောင်ရွက်ရန်၊ ULA/ AA အနေဖြင့် ဒေသခံပြည်သူများ၏ လုံခြုံမှုနှင့် ပတ်သက်၍ နောက် နောင်တွင် ကျူးလွန်မှု မရှိစေရေး ဆောင်ရွက်ပေးရန် စသည့်အချက်များလည်း ပါဝင်သည်။ ကျူးလွန်ခံရသူ အမျိုးသမီး၏ တရားမျှတမှု ရရှိရေးတွင် လူ့အခွင့်အရေးနှင့် အမျိုးသမီးရေး…
မြေပြိုခြင်း၊ လေပြင်းတိုက်ခတ်ခြင်းကို သတိပြုကြရန် မိုးဇလဆို (006SV) ယနေ့ ဧပြီလ ၂၈ ရက်မှ မေလ ၃ ရက်အထိ ချင်း၊ ရခိုင်နှင့် မကွေးအပါအဝင် တိုင်းနှင့်ပြည်နယ် အားလုံးတွင် အချိန်အခါမဟုတ် မိုးထစ်ချုန်း ရွာနိုင်ပြီး မြေပြိုခြင်း၊ လေပြင်းတိုခတ်ခြင်းများကို သတိပြုကြရန် စစ်ကောင်စီ လက် အောက်ခံ မိုးဇလဌာနက ထုတ်ပြန်ထားသည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းတို့တွင် နေရာ ကျဲကျဲမှ နေရာစိပ်စိပ် ၊ မိုးထစ်ချုန်း ရွာနိုင်ပြီး တချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလဌာနက ထုတ်ပြန်သည်။ ဧပြီလ ၂၇ ရက် ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားနည်း ရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း ယနေ့မှစတင်၍ တပတ်နီးပါးကြား မိုးရွာသွန်းခြင်းဖြစ်သည်ဟု သိရသည်။ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်း စသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြရန် နှိုးဆော်ထားသည်။ ယခုနှစ် မိုးဦးကာလသည် မြန်မာနိုင်ငံအတွင်းသို့…
(005MK) အိန္ဒိယ-မြန်မာနှစ်နိုင်ငံနယ်စပ်အကြား လွတ်လပ်စွာသွားလာခွင့် FMR ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို ဆန့်ကျင်ရန် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ထံ Zo Reunification Organization (ZORO) တောင်းဆိုလိုက်သည်။ ZORO ခေါင်းဆောင်များသည် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာကို သူ၏ ရုံးခန်း၌ ယနေ့ဧပြီလ ၂၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြပြီး FMR နှင့် နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ် လက်မခံရန် တင်ပြခဲ့ကြသည်ဟု သိရသည်။ အိန္ဒိယဗဟိုအစိုးရ၏ နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်ပြီး နှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် FMR စနစ်ကိုလည်း နဂိုပုံစံအတိုင်းပြန်ထားရှိနိုင်ရေး ဆောင်ရွက်ပေးရန် နှင့် မိမိတို့ နယ်မြေ နှင့်လူမျိုး အတွက် အဆုံးတိုင် ဆန့်ကျင်လက်တွဲသွားကြရန် မီဇိုရမ်ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့ကြသည်။ မီဇိုရမ်ဝန်ကြီးချုပ်ကလည်း FMR စနစ်ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ပြည်နယ်အစိုးရအနေဖြင့် မလိုလားသည့်အတွက် ကန့်ကွက်ထားကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ZORO ၏ဆောင်ရွက်ချက်များကို ပံ့ပိုးကူညီမည်ဟု ပြောဆိုသွားကြောင်း ZORO ထုတ်ပြန်ချက်တွင်ပြထားသည်။ မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော ZORO သည် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့်စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ကြသော ချင်း-လူရှိုင်း-ကူကီးအနွယ်ဝင် မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်ပေါင်း စည်းနေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသောအဖွဲ့ဖြစ်သည်။ အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်ရန် နှင့် နှစ်နိုင်ငံကြားလွတ်လပ်စွာသွားလာခွင့် FMR စနစ် ဖျက်သိမ်းသည့်အပေါ်မှာလည်း အပြင်းအထန်ကန့်ကွက်သည့်အဖွဲ့ဖြစ်ပြီး အဆုံးတိုင် ဆက်လက်ဆန့်ကျင်သွားမည်ဟု ဧပြီလ ၂၂ ရက်နေ့ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အိန္ဒိယဗဟိုအစိုးရသည် ပြီးခဲ့သည့်ဧပြီလ ၁၅ ရက်နေ့က မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြ…
(005MK) ဗဟိုမီးဇိုးလူငယ်အသင်း (Central YMA) လက်အောက်တွင် ဖွဲ့စည်းထားသော မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ (CADS) က မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ရူပီးငွေ သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ဧပြီလ ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။ အိန္ဒိယ-မြန်မာနယ်စပ်ကတဆင့် ကားနှစ်စီးဖြင့်သယ်ဆောင်ကြလာကြသော အလေးချိန် ၄ ကေဂျီ ၈၂၁ ဂရမ်(ဆပ်ပြာဗူး ၄၀၀) ရှိသော ဘိန်းဖြူများကို Saitual မြို့မှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ (CADS) အနေဖြင့် ကာလအတော်ကြာစောင့်ကြည့်ခဲ့ပြီးနောက် အဆိုပါဘိန်း ဖြူများကို ဖမ်းဆီးရမိခြင်းဖြစ်သည်။ မီဇိုရမ်ပြည်နယ် Farkawn ကျေးရွာသား လက်ရှိ Ramhlun North ရပ်ကွက်တွင်နေထိုင်သူ အသက် ၂၈ နှစ်အရွယ် Thangsangpuia မောင်းနှင်းလာသော ကားတွင် ဘိန်းဖြူ ဆပ်ပြာဗူး ၂၀၀ ဖမ်းဆီးခဲ့ပြီး Farkawn ရွာသား ချင်းပြည်နယ် Khawmawi တွင်နေထိုင်သူ အသက် ၂၉ နှစ်အရွယ် Malsawmdawnga မောင်းနှင်လာသော ကားတွင် ဘိန်းဖြူ ဆပ်ပြာဗူး ၂၀၀ စုစုပေါင်း ဘိန်းဖြူ ဆပ်ပြာဗူး ၄၀၀ ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။ အဖမ်းခံရသူ ၂ ဦး၏ ထွက်ဆိုချက်အရ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ် နှင့် ချင်းပြည်နယ် ရိခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက် (Khawmawi) ကျေးရွာတို့တွင် ကြင်လည်ကျက်စားနေထိုင်သူ ကျန်ဖိုင်းခရိုင် Ngur ကျေးရွာသား Lalhmingmawia ဆိုသူက တစ်ယောက်ကိုရူပီးငွေ…
(004SS) ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော CDF CDM- Siyin တပ်ဖွဲ့အမည်ကို အလွဲသုံးကာ ပြည်သူထံ ငွေကြေးကောက်ခံ နေသော အမျိုးသား ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း CDF CDM- Siyin က ထုတ်ပြန်သည်။တပ်ဖွဲ့အမည် အလွဲသုံးကာ ငွေကြေးကောက်ခံသူ ၂ ဦးမှာ အသက် ၃၄ နှစ်ရှိ မင်ပုမ်းကိမ်းနှင့် အသက် ၃၃ နှစ်ရှိ ပုမ်းငင့် တို့ဖြစ်ပါတယ်။ ဧပြီလ ၂၀ ရက်နေ့တွင် တီးတိန်မြို့ထဲသို့ ဝင်ရောက်ပြီး အဖွဲ့အစည်းနာမည်ကို အလွဲသုံးစားလုပ်တောင်းရမ်းသည့်အပြင် ဧပြီလ ၂၁ ရက်နေ့တွင်လည်း Akluai ကျေးရွာအတွင်း ခရီးသွားပြည်သူများကို တားဆီး တောင်းရမ်းခြင်းများ ထပ်မံပြုလုပ်ခဲ့သည်ဟု CDF CDM- Siyin က ဖော်ပြထားသည်။ ထို့အပြင် ၎င်းတို့ ၂ ဦးက သိုင်းငင်းတိုက်ပွဲအပြီးတွင် အဖွဲ့ပိုင်ပစ္စည်းအချို့အား ခိုးယူရောင်းစားခဲ့သောကြောင့် ပထမအကြိမ် ဖမ်းဆီးထိန်းသိမ်းကာ သတိပေးခဲ့ပြီး ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။ ထို့ကြောင့် ၎င်းတို့၂ ဦး၏ ဒေသခံ ကျေးရွာလူကြီးများနှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် နောက်ဆုံးကြိမ်အဖြစ် သတိပေး ဖမ်းဆီးထိန်းသိမ်းခဲ့ရခြင်းဟု CDF CDM-Siyin က ဆိုသည်။ နောက်နောင်တွင်လည်း ထိုကဲ့သို့သော အဖွဲ့အစည်းနှင့် တော်လှန်ရေးအား ထိခိုက်စေမည့် ပြုမှုဆောင်ရွက်ချက်များ ရှိလာပါက မိဘပြည်သူများနှင့် ပူးပေါင်းကာ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း CDF CDM-Siyin က သတိပေးထားသည်။
တီးတိန်အပြင် ဟားခါး၊ ထန်တလန် စစ်ဆင်ရေးမှာလည်း ပူးပေါင်းမည်ဟု ကမ်းလှမ်း (006SV) ယခုနှစ်အတွင်း ချင်းပြည်နယ် တပြည်နယ်လုံးကို စစ်ကောင်စီ လက်အောက်က လွတ်မြောက်ပြီး ကိုယ့်ကြမ္မာကို ဖန်တီးခွင့် အပြည့်အဝ ရရှိရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ချင်းညီနောင်အဖွဲ့၏ စစ်ရေးကော်မတီ တာဝန်ခံက ပြောသည်။ ယမန်နေ့ ဧပြီလ ၂၄ ရက် ကျရောက်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်၏ တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ်ဖြစ် ပြောကြားသော မိန့်ခွန်းတွင် ချင်းညီနောင်အဖွဲ့၏ စစ်ရေးကော်မတီဥက္ကဌလည်းဖြစ်၊ CDF – မင်းတပ်၏ စစ်ဦးစီးချုပ်လည်း ဖြစ်သူ ထန်းချွမ်ဖေက ပြောသည်။ “ကျနော်တို့ ဒေသတွင်းမှာ ရှိနေကြတဲ့ ကျနော်တို့နဲ့ ချိတ်ဆက်နေကြတဲ့ ဒေသအသီးသီးမှာလည်း စစ်အာဏာရှင်စနစ်နေ လွတ်မြောက်ပြီးတော့ ကျနော်တို့ အားလုံးလိုချင်နေတဲ့ ပန်းတိုင် ကိုယ့်ကြမ္မာကို ဖန်တီးခွင့် အပြည့်အဝ ရှိတဲ့ ပန်းတိုင်ကို ဆက်ပြီးတော့ ချီတက်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ၅ နှစ်ပြည့်မှာတော့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင် ရောက်ဖို့အတွက် လာမယ့် ၁ နှစ်အတွင်း မှာလည်း ကြိုးစားပြီး တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ထန်းချွမ်ဖေက ပြောသည်။ ချင်းပြည်နယ် တခုလုံးသည် အာဏာရှင်စနစ်မှ လွတ်မြောက်ပြီး ကိုယ့်ကံကြမ္မာကို အပြည့်အဝ ဖန်တီးခွင့်ရှိသော စနစ်တခုဆီကို သွားမည်ဟု ဆိုသည်။ ဒေသတွင်း ချိတ်ဆက်နေသော နယ်မြေဒေသအသီးသီးတွင် ရှေ့ဆက်ရမည့် စစ်ဆင်ရေးများမှာ ပူးပေါင်းရဖို့ ရှိနေပြီး ယင်း…
