ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စစ်ကောင်စီလက်ထဲကနေအလုံးစုံသိမ်းပိုက်လိုက်ပြီးနောက် အာရက္ခအစိုးရအုပ်ချုပ်ရေးလည်ပတ်နေတာ ခုဆိုရင် ၁ နှစ် ကျော်ရှိလာပြီဖြစ်ပါတယ်။ စစ်ကောင်စီ ကင်းစင်ပြီဖြစ်တဲ့ ပလက်ဝမြို့နယ်မှာ ULA/AA က အုပ်ချုပ်ရေးလုပ်ငန်းဖော်ဆောင်နေတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ပလက်ဝဒေသခံပြည်သူတွေဟာ လူ့အခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်တွေ ချိုးဖောက်ခံနေရပြီး ယနေ့ချိန်ထိ အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရဆဲလို့ ပလက်ဝမြို့နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။ ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် ULA/AA ဟာ ပလက်ဝမြို့နယ်မှာ လူစုလူဝေးပြုလုပ်ခွင့် ပိတ်ပင်တာ၊ ခရစ်ယာန်ဘုရားကျောင်းဝတ်ပြုမှုဆိုင်ရာ ကိစ္စတွေကို ကန့်သတ်တာ၊ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကို ပံ့ပိုးတယ်ဆိုပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးထိန်းသိမ်းတာအပြင် ဒေသခံအမျိုးသမီးတွေကို မုဒိမ်းပြုကျင့်တာနဲ့ တရားခံမပေါ်တဲ့ သုံးလောင်းပြိုင် လူသတ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် MBC က အသိအမှတ်ပြုထားတဲ့ အမှုတော်ဆောင်ဆရာလည်းဖြစ်၊ ပလက်ဝမြို့နယ် ခဝဲကျေးရွာနှစ်ခြင်းအသင်းတော်ရဲ့ သင်းအုပ်ပါစတာတစ်ပါးဖြစ်သူ သိက္ခာတော်ရ ဆရာ ဦးလိုဒိန်းကို ULA/AA ဗိုလ်ကြီးတစ်ဦးဆိုသူက အပြင်းအထန် ထိုးကြိတ်ရိုက်နှက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သိက္ခာတော်ရဆရာ ဦးလိုဒိန်းကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ဆရာက ခဝဲကျေးရွာမှာ ဘယ်လိုပုံစံမျိုးနဲ့ အမှုတော်ဆောင် တာလဲ? ဘယ်လောက်ကြာပြီလဲ? ဖြေ။ ကျွန်တော်က ခရစ်ယာန်အမှုတော်ဆောင်တစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန် အသင်း ချုပ် ဓမ္မဝန်ဆောင်ကဒ်အမှတ်- ၁၂၁၂၄ ကို ကိုင်ဆောင်တဲ့ သိက္ခတော်ရ ပါစတာတစ်ပါးဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် ကျမ်းစာ ကျောင်းဆင်းပြီးကတည်းက…
Author: Editor
(006SV) ကလေးမြို့မှ ချင်းတောင်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကြောင့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသော တီးတိန်ဒေသခံပြည်သူ ၁၃၀၀ ကျော်သည် အခြေခံစားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှ ချင်းတောင်ဘက်သို့ မေလ ၁၈ ရက်မှ စတင်၍ စစ်ကောင်စီသည် အင်အားရာချီဖြင့် စစ်ကြောင်းထိုးလာရာ တီးတိန်မြို့နယ် ကလေး- သိုင်းငင်းကားလမ်းပေါ်က မွှလ်မီး၊ ထေးဇန်၊ ဟိန်ဇိန်နှင့် ဗွန်ဆမ်ကျေးရွာက ဒေသခံပြည်သူ အားလုံးသည် နီးစပ်ရာကျေးရွာများ၊ တောင်ယာတဲများတွင် နှစ်ပတ်နီးပါးကြာ စစ်ဘေးရှောင်နေကြရသည်။ “အဲဒီ ၄ ရွာက ပြည်သူတွေက အကုန်လုံး အဲဒီမှာ မနေ့တော့ဘူး။ စစ်ဘေးရှောင်ကြတယ်။ သူတို့က နီးစပ်ရာ ရွာတွေကို သွားတယ်။ တောထဲ၊ တောင်ယာထဲမှာ နေတဲ့ လူတွေ ရှိတယ်။ လောလောဆယ်တော့ အကူအညီက အများကြီး လိုနေတာပေါ့နော။ အခုစစ်ရှောင်တွေက အစားအသောက်အတွက် အရမ်းလိုတယ်။ ဆေးဝါးကလည်း လိုတယ်။ အမိုးအကာတွေလည်း လိုတယ်။ မိုးလည်း တအားရွာတယ်” ဟု တီးတိန်မြို့ခံတဦးက ပြောသည်။ စစ်ဘေးရှောင်ထဲတွင် ကလေးငယ်က အများအပြား ပါဝင်ပြီး သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်း ပါဝင်သည်ဟု သိရသည်။ ကလေးမြို့နှင့် ချင်းမြောက်ပိုင်းမြို့များကို ဆက်သွယ်ထားသော အဓိက လမ်းဖြစ်သည့် ကလေး – သိုင်းငင်း ကားလမ်း၏ အတက်၊ အဆင်း အားလုံးကို မေလ ၂၀ ရက်မှစတင်၍ ယာယီပိတ်လိုက်ကြောင်း CDF – CDM Siyin…
(006SV) အာရက္ခတပ်တော် ULA/AA က ရခိုင်ပြည်နယ်ထဲက ချင်းကျောင်းသား/သူများအပါအဝင် လူငယ် ၆၃ ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်သင်တန်းပေးနေခြင်းမှ ပြန်လည် လွှတ်ပေးရန် ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ (ရခိုင်ပြည်နယ်) – CPSC က ယနေ့ မေလ ၂၈ ရက်မှာ ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုသည်။ မိသားစုစားဝတ်နေရေးအတွက် ပြည်မထွက် အလုပ်လုပ်မည့် ချင်းလူငယ်များနှင့် အသက်မပြည့်သေးသော ချင်းကျောင်းသား/သူ ၆၃ ဦးထက်မနည်းကို အာရက္ခတပ်တော် ULA/AA က ဖမ်းဆီးပြီး စစ်သင်တန်း ပို့ဆောင်သည်ကို မိသားစုဝင်များထံမှ သိရသည်ဟု CPSC က ထုတ်ပြန်သည်။ “ဘယ်လို ဖမ်းဆီးခေါ်ဆောင်သွားကြလဲဆိုတော့ တချို့က နောင်တော်ကြီး နောင်တော်လေး မြစ်ထဲမှာ ၊ တချို့က ရခိုင်ရိုးမကို ကျော်တဲ့အချိန်၊ တချို့က ကျောက်ဖြူမြို့နယ်ရဲ့ တဖက်ကမ်း သဲချောင်း ကူးတို့ဆိပ်မှာ၊ တချို့က ပြည်မသွားဖို့ ပွဲစားလုပ်လို့ ဆိုပြီး ရွာထဲ့ ဝင်ဖမ်းတာပါဗျ။ ကျနော်တို့ သတင်းမရတဲ့ ၊ဆက်သွယ်ရေး အခက်ခဲရှိတဲ့ သူတွေ လည်း အများကြီး ရှိနိုင်ပါသေးတယ်” ဟု CPSC ဗဟိုအလုပ်အမှုဆောင် Salai Kyro က ပြောသည်။ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ်ထဲက ချင်းလူငယ်များ ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ပြီး ယင်းတို့မှာ အသက် အရွယ်အားဖြင့် ၁၃ နှစ်မှ ၄၅ နှစ်ကြား အရွယ်များဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးမှုများသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ၊ ၂၀၂၄ ခုနှစ်…
(006SV) စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့ အင်အားရာချီဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ချင်းလဲန်းကောင်စီ (CC) ပူးပေါင်းတပ်နှင့် ချင်းညီနောင် (CC) တပ်တို့က ပူးပေါင်းစုဖွဲ့ပြီး ခုခံတိုက်ခိုက်နေသည်ဟု သိရသည်။ တပ်ဖွဲ့ဝင်အင်အား ရာချီပါဝင်နေသည့် စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-CDM-Siyin၊ PDF – Zoland နှင့် CDF – KKG တို့က မေလ ၂၁ ရက်မှစတင်၍ ၂၃ ရက်အထိ တီးတိန်မြို့နယ်ထဲ ခုခံတိုက်ခိုက်နေခဲ့ပြီး ယင်းနောက် ချင်းတော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းစုစည်းကာ ဆက်လက်ခုခံတိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ဒီနေ့ ဒီအချိန်မှာ သူ့အဖွဲ့ ကိုယ့်အဖွဲ့ဆိုတာမျိုး မဟုတ်ပဲနဲ့ ဦးတည်ချက်ခြင်းတူညီတဲ့ စစ်ကောင်စီ အပြုတ်တိုက်ရေးဆိုတဲ့ ရည်မှန်းချက် တူညီနေတဲ့ အဖွဲ့အစည်းအားလုံးကတော့ အဲဒီမှာ အခုက CC နဲ့ CB ဆိုတာ မဟုတ်တော့ပဲနဲ့ ပူးပေါင်းစစ်ဆင်ရေးအနေနဲ့ ကျနော်တို့ အခု ဖော်ဆောင်နေတာဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာ ကျနော်တို့ ရည်မှန်းချက်တူညီနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအားလုံး ဝိုင်းပြီးတော့ လုပ်မှရမယ်ပေါ့။ အဲဒီလိုမျိုး မလုပ်ပဲနဲ့ အခု သူအဖွဲ့၊ ကိုယ့်အဖွဲ့ဆိုတာမျိုး ရှိနေသေးရင် ဒီတိုက်ပွဲက ပြန်ပြီးတော့ တွန်းလှန်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ကျနော်တို့ အားကောင်းကောင်းနဲ့ အဲဒီလိုလုပ်မှရမယ်။ သူတို့ရဲ့ ရည်မှန်းချက်၊ ဦးတည်ချက် မအောင်မြင်ဖို့က အဓိကဆိုတော့ ကျနော်တို့ ရှိရှိသမျှအားနဲ့ပဲ ကျနော်တို့ တိုက်ပွဲဝင်ဖို့ လိုပါလိမ့်မယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။…
(006SV) ချင်းပြည်သစ်ကွန်ဂရက်ပါတီကို နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ပြီး ပါတီတည်ထောင်ခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညိ ညီညွတ်ကြောင်း စိစစ်တွေ့ရှိရ၍ မေလ ၂၆ ရက်တွင် ပါတီ တည်ထောင်ခွင့် လျှောက်ထားခြင်းကို ခွင့်ပြုလိုက်သည်ဟု ရွေးကော်ပွဲ ကော်မရှင်က ထုတ်ပြန်သည်။ ပါတီတည်ထောင်ခွင့် ရရှိထားသော ချင်းပြည်သစ်ကွန်ဂရက်ပါတီသည် ခွင့်ပြုချက် ရရှိသည့်နေမှ စ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဟု သိရသည်။ မေလ ၂၆ ရက်အထိ ပါတီ တည်ထောင်ခွင့် ပြုထားသည့် နိုင်ငံရေးပါတီ ၁၆ ပါတီရှိပြီဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ပါတီအမည်ကို ဖော်ပြ၍ ယင်းကော်မရှင်ကို လျှောက်ထားနေရာ ပါတီ တည်ထောင်ခွင့် လျှောက်လာသည့်အဖွဲ့ ၂၇ ဖွဲ့ ရှိသည်ဟု သိရသည်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့မှာ ချင်းလူငယ်များ ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မည်သူဆိုသည်ကို အတိအကျ အတည်မပြုနိုင်သေးပါ။ ယင်းပါတီသည် ပါတီတည်ထောင်ခွင့်ကို ယခုနှစ် မတ်လ ၆ ရက်က စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခြင်းဖြစ်သည်။ စစ်ကောင်စီသည် ရွေးကောက်ပွဲကို လာမည့် ယခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္တပတ်နှင့် ၂၀၂၆…
(006SV) မြန်မာနိုင်ငံတွင် ပြန့်နှံ့စွာ နေထိုင်နေသော အရှို (ချင်း) တိုင်းရင်းသားများသည် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရရှိရေးကို အကောင်အထည်ဖော်နိုင်ရန်အတွက် အရှို (ချင်း) အမျိုးသားပြည်နယ် တည်ထောင်နိုင်ရေးကို အရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ – ACNFC က လက်တွေ့ကျကျ လုပ်ဆောင်သွားမည်ဟု သိရသည်။ နွေဦးတော်လှန်ရေးတွင် အရှို (ချင်း) တိုင်းရင်းသားများ၏ အခန်းကဏ္ဍသည် ပျောက်ကွယ်မနေဘဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တွန်း လှန်နိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် လက်တွဲပြီး အရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီက ဆောင်ရွက်နေသည်ဟု ACNFC ထံမှ သိရသည်။ “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးမှာ အရှိုချင်းတိုင်းရင်းသားတွေအနေနဲ့ ဥပဒေပြုရေး အာဏာ၊ တရားစီရင်ရေး အာဏာနဲ့ အုပ်ချုပ်ရေးအာဏာတို့မှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်သွားမယ်။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်တို့ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီး ပြည်ထောင်စုကြီး ပေါ်ထွန်းဖို့ ကျနော်တို့ ဆောင်ရွက်မယ်” ဟု အရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ – ACNFC ပြောရေးဆိုခွင့်ရှိသူ Salai Black Hole က ပြောသည်။ ACNFC သည် ၎င်း၏ မူဝါဒပါ ရည်ရွယ်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတော်လှန်ရေးကာလတွင် အရှို (ချင်း) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သို့မဟုတ် အရှို(ချင်း) အမျိုးသားပြည်နယ် တည်ထောင်နိုင်ရန် လုပ်ဆောင်နေသည်ဟု သိရသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း လုပ်ငန်းစဉ်တစ်ရပ် ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကိုလည်း…
(004SS) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာတွင် မြေမြှုပ်မိုင်း နင်းမိပြီး အမျိုးသားတစ်ဦး ပွဲချင်းသေဆုံးကာ နောက်ထပ်အမျိုးသားတစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မိုင်းနင်းမိ၍ သေဆုံးသူမှာ ကျောက်တော်မြို့နယ်၊ ဝပြန်ကျေးရွာမှ ရှင်းလက်ဝကျေးရွာသို့ ရွှေ့ ပြောင်းနေထိုင်လာသူ အသက် ၄၆ နှစ်အရွယ် ဦးဝင်းနိုင်ဟု သိရပြီး မြေမြှုပ်မိုင်းနင်းမိချိန် ခြေထောက်နှစ်ဖက် ပြတ်ထွက် သွားတာကြောင့် သွေးထွက်လွန်ကာ သေဆုံးခဲ့ရသည်ဟု ပလက်ဝဒေသခံတစ်ဦးထံမှ သိရသည်။ ဒဏ်ရာရရှိသူမှာ မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာမှ ရှင်းလက်ဝရွာသို့ ရွှေ့ပြောင်းနေထိုင်လာသူ အသက် ၃၈ နှစ်အရွယ် ဦးကျော်လှိုင်ဟု သိရပြီး မိုင်းပေါက်ကွဲစများကြောင့် မျက်နှာတစ်ခုလုံးဒါဏ်ရာရရှိသည့်အပြင် လက်အရိုးပွင့်ထွက် သော ကြောင့် ရှင်းလက်ဝတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး အသက်အန္တရာယ် စိုးရိမ်နေရကြောင်း သိရသည်။ ဖြစ်စဉ်မှာ မေလ ၂၂ ရက်နေ့၊ ညနေ ၃ နာရီ ကျော်တွင် ဦးဝင်းနိုင် နှင့် ဦးကျော်လှိုင် တို့နှစ်ဦးသည် ပလက်ဝမြို့နယ် ရှင်းလက်ဝ စစ်ကောင်စီ စခန်းဟောင်းအနီးသို့ ဟင်းထွက်ရှာချိန် မြေမြှုပ်မိုင်းနင်းမိကြခြင်းဟု သိရသည်။
(004SS) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့ မူကြိုကျောင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးခံရသူများနှင့် လုံးဝ (လုံးဝ) ပတ်သက်မှုမရှိကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပညာရေးဌာနက ယနေ့ မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။ HPO/CDF-Hualngoram တပ်ဖွဲ့မှ မေလ ၂၂ ရက်နေ့က ရိခေါဒါရ်မြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးခံရသူ၏ ခင်ပွန်းဖြစ်သူ TPCE Nursery ကျောင်းပိုင်ရှင် ဆရာငွန်ဆွီးထန်းသည် ချင်းအမျိုးသားအဖွဲ့ချုပ် ပညာရေးဌာန၏ ဘုတ်အဖွဲ့ဝင်ဟု အွန်လိုင်းပေါ်တွင် ပြန့်နှံ့ခဲ့ပြီးနောက် ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပညာရေးဌာနက ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။ ဆရာငွန်ဆွီးထန်းသည် ချင်းအမျိုးသားအဖွဲ့ချုပ် ပညာရေးဌာန၏ ဘုတ်အဖွဲ့ဝင် လုံးဝ မဟုတ်ကြောင်းနှင့် ရိခေါဒါရ်မြို့ရှိ CNO ပညာရေးဌာန၏ အသိအမှတ်ပြု အသင်းတော်တစ်ပါးမှ ဖွင့်လှစ်သော မူလတန်းကျောင်းတွင် ပြီးခဲ့သည့် ၂၀၂၃ – ၂၀၂၄ မှ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွင်း စေတနာ့ဝန်ထမ်းအဖြစ် ကျောင်းအုပ်တာဝန်ကို ထမ်းဆောင်ခဲ့သော်လည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆက်လက်တာဝန်ထမ်းဆောင်ရန် လျှောက်ထားခဲ့ခြင်းမရှိကြောင်း CNO ပညာရေးဌာနက ဆိုသည်။ ထို့အပြင် မူးယစ်ဆေးဝါးရှာဖွေတွေ့ရှိခဲ့သည့် TPCE Nursery ကျောင်းသည်လည်း ဆရာငွန်ဆွီးထန်း တစ်ဦးတစ်ယောက်တည်း ဦးဆောင်မှုဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ကာ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပညာရေးဌာနအနေဖြင့် သိရှိခြင်းမရှိသည့်အပြင် အသိအမှတ်ပြုထားခြင်းလည်းမရှိကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ချင်းအမျိုးသားအဖွဲ့ချုပ်တစ်ခုလုံးနှင့် ပညာရေးဌာန၏ ဂုဏ်သိက္ခာပျက်ပြားစေရန် ရည်ရွယ်ချက် သက်သက်ဖြင့် မဟုတ်မမှန် လုပ်ကြံ စွက်စွဲရေးသား ဖြန့်ဝေခြင်းသာဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပညာရေးဌာနက…
စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု CDF-CDM Siyin က ပြောသည်။ စစ်ကောင်စီတပ်သည် အင်အား ၂၀၀ ကျော်ဖြင့် ကလေးမြို့ဘက်မှ ချင်းတောင်ပေါ်သို့သို့ မေလ ၁၈ ရက်ကစ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ စစ်ကောင်စီ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖြစ်သော CDF-CDM Siyin ၊ PDF Zoland နှင့် CDF-KKG တို့က ကလေး-သိုင်းငင်းကားလမ်းမပေါ် မွှလ်ပီးကျေးရွာအနီးမှာ မေလ ၂၁ ရက် နံနက်မှ ယနေ့ (မေလ ၂၃ ရက်)အထိ ခုခံတိုက် ခိုက်နေကြောင်း CDF-CDM Siyin က ထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲများကြောင့် ကလေး-သိုင်းငင်း ကားလမ်းပေါ်က မွှလ်မီး၊ ထေးဇန်၊ ဟိန်ဇိန်နှင့် ဗွန်ဆမ်ကျေးရွာတို့က ဒေသခံပြည်သူတစ်ထောင်ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ ကလေး – သိုင်းငင်း လမ်းပိုင်းသည် ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းကို ဆက်သွယ်သော အဓိကလမ်းမကြီးဖြစ်သည်။
(005MK) မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ မြန်မာနိုင်ငံသား နှစ်ဦးထံမှ ရူပီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ အိုင်ဇောလ်မြို့က မှုခင်းစုံစမ်းရေးဌာန (CID) နဲ့ မူးယစ်အထူးရဲတပ်ဖွဲ့ (Special Narcotics Police Station) ပူးပေါင်းတပ်ဖွဲ့သည် ကြိုတင်ရရှိထားသော သတင်းအချက်အလက်များအရ “ဂျင်း” တင်ဆောင်လာသော ကုန်ကားတစ်စီးကို ရပ်တန့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ စိတ်ကြွဆေးအများအပြားကို မေလ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု Bengvarna ဒေသတွင်သတင်းဌာနကဖော်ပြသည်။ အဆိုပါကားကို မှုခင်းစုံစမ်းရေးဌာန (CID) ရုံးမှာ သေချာစစ်ဆေးမှုပြုလုပ်ရာမှာ ဂျင်းထည့်ထားသော အိတ်အောက်က ကားကိုယ်ထည်ထဲမှာ ၃၉.၁၅၁ ကီလိုဂရမ် အလေးချိန်ရှိသော စိတ်ကြွဆေးပြား အထုပ်ပေါင်း ၄၀ ကိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းစိတ်ကြွဆေးပြားများမှာ ကာလပေါက်စျေးအရ ရူပီးငွေ သိန်း ၅၀၀ ကျော် တန်ဖိုးရှိသည်ဟု ဆိုသည်။ မူးယစ်ဆေးဝါးနှင့်အတူ စစ်ကိုင်းတိုင်းကလေးမြို့နယ်၊ လက်ပံချောင်းရွာ ဒေသခံ လက်ရှိ Tiau (Khawmawi) ရပ်ကွက်မှာ နေထိုင်သူ Lalkrossmawia နှင့် ယာဉ်မောင်းသူ ကလေးမြို့၊ တာဟာန်းရပ်ကွက်နေ Ramropuia တို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။ နောက်ထပ် စုံစမ်းစစ်ဆေးမေးမြန်းမှုအရ အဆိုပါစိတ်ကြွဆေးပြားများကို အိန္ဒိယနိုင်ငံ အာသံပြည်နယ် Silchar မြို့သို့ ပို့ဆောင်ရန်ဖြစ်ပြီး မြန်မာနိုင်ငံက မူးယစ်ကုန်သည်များက ၎င်းတို့ကို ရူပီးငွေ တစ်သိန်းခွဲပေးကာ ပိုဆောင်ခိုင်းခြင်းဖြစ်သည်ဟု သိရသည်။
