(004SS) ချင်းပြည်နယ်၊ မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ယနေ့မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ်ထဲအိပ်နေသော အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။ ယနေ့မနက်အစောပိုင်း ၃ နာရီဝန်းကျင်တွင် ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်ရှိ ပြည်နယ်အစိုးရရုံးအနီးမှာ ပစ်ခတ်မှု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မနက် ၅ နာရီခန့်တွင် ပစ်ခတ်မှုရပ်သွားကြောင်း သိရသည်။ ထိုပစ်ခတ်မှုကြောင့် မြန်မာ့စီးပွားရေးဘဏ်ရုံးအနီးရှိ သက်ကြီးပိုင်း အမျိုးသားတစ်ဦးသည် နေအိမ်ထဲအိပ်နေစဉ် ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဟားခါးမြို့ဒေသခံတစ်ဦးကပြောသည်။ “သေဆုံးတဲ့သူက အိပ်နေတဲ့ချိန် သေနတ်မှန်တာ ခေါင်းတည့်တည့်မှာထိတယ်လို့ပြောတယ်၊ ကျွန်တော့်အမျိုးသမီးက အခု အသုဘသွားနေတာ” ဟု ဟားခါးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ သေဆုံးသူမှာ ချင်းဦးစီးရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်အနောက်ဘက်တွင်နေထိုင်သော အသက် ၆၀ ဝန်းကျင်အရွယ်ခန့်ရှိသည့် Pu Ngun Thio ဟု သိရသည်။ ဟားခါးမြို့ ရုန်းတောင်မှာ အခြေစိုက်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များသည် ထိုကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားနေစဉ်တွင် လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။ “ဒီမနက်အစောကြီးပဲ ပစ်ကြတာ၊ သေနတ်သံ၊ ဒရုန်းသံတွေနဲ့ ဗုံးသံကတော့ ဆက်တိုက်ပဲကြားနေရတယ်၊ အရမ်းကျယ်တယ်၊ ကျွန်မတို့အိမ်တောင်တုန်တယ်၊ ဒါပေမဲ့ အခုထိသိရသလောက်တော့ နေအိမ်ကျည်ထိတာရှိတယ်၊ လုံးလုံး ပျက်ဆီးသွားတာတော့ မရှိဘူး” ဟု ဟားခါးမြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ပစ်ခတ်မှု ဖြစ်ပွားရသည့် အကြောင်းစုံအား သိရှိနိုင်ရန် CDF-Hakha တာဝန်ရှိသူများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရသေးပေ။ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လက်ရှိ ဟားခါးမြို့ပေါ်တွင် လမ်းသွားလမ်းလာနည်းပါးပြီး တိတ်ဆိတ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
Author: Editor
(005MK) မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာက လူငယ် ၂ ဦး ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့်ပတ်သက်၍ CDF-Hualngoram နှင့် ဇိုခေါထာရ်ရပ်ရွာလူထုကိုယ်စားလှယ်တို့ မျက်နာချင်းဆိုင်ဆွေးနွေးကာ နှစ်ဦးနှစ်ဖက် သဘောတူနာလည်းကြေအေးခဲ့ကြပြီဟု သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့က ချင်းပြည်နယ် ဟွာလ်ငိုရမ်ဒေသ ရိခေါဒါရ်မြို့မှာ CDF-Hualngoram တပ်သားတဦးကို ကိုယ်ထိလက်ရောက် စော်ကားခဲ့သည့်အတွက် ဇိုခေါထာရ်ကျေးရွာက လူငယ် ၂ ဦးကို စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းကြသည်။ ယင်းဖြစ်စဉ်အပေါ် နှစ်ဖက်တာဝန်ရှိသူများ စက်တင်ဘာလ ၁၁ ရက်နေ့က မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြပြီး နှစ်ဦးနှစ်ဖက် သဘောတူကြေအေးခဲ့သည့်အတွက် အလွန်ပင်ဝမ်းမြောက်ကြသည်ဟု ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။ ယင်းပူးတွဲကြေညာချက်ကို ဇိုခေါထာရ်ရပ်ရွာကိုယ်စား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ မီဇိုးလူငယ်အသင်း (YMA)၊ MHIP နှင့် CDF-Hualngoram ဘက်မှ ဦးဆောင်သူ ၄ ဦးတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ မိမိတို့သည် နယ်နိမိတ်စည်းခြားထားသော်လည်း စားဝတ်နေရေးနှင့် လူမှုအဖွဲ့အစည်းအရ အပြန်အလှန် အမှီသဟဲပြုရသည်ဖြစ်သောကြောင့် ကွဲမရ၊ ခွဲမရဖြစ်ကြောင်းကို နားလည်လက်ခံကြသည်ဟုဆိုသည်။ ဇိုခေါထာရ် နှင့် ရိခေါဒါရ် ဒေသ ၂ ခုသည် အုပ်စိုးသည့်အစိုးရမတူသော်ငြား လည်း သွေးချင်းညီအစ်ကိုများ ဖြစ်သည် နှင့်အညီ မိမိတို့ဘိုးဘွားအစဉ်အဆက် ကတည်းက သာရေး၊ နာရေးကိစ္စရပ်များတွင် တစည်းတလုံး ပူးပေါင်းလုပ်ေဆာင်ခဲ့ကြသည့် ဓလေ့ကောင်းကို စောင့်ထိမ်းလျှက်ရှိကြပြီး ယင်းဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်ကာ ဆက်ဆံရေးပျက်ပြားစေသည့် မဟုတ်မမှန်သတင်းများ Social Media ပေါ်မတင်ကြရန် ပြည်သူများကို ပန်ကြားအပ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ နယ်နိမိတ်ပိုင်းခြားထားသော်ငြားလည်း ရပ်ကွက်တခုတည်းအလား ကူးလူးသွားလာကြသည့်အတွက် တဖက်ဖက်တွင် ပြသနာတစ်စုံတရာ…
(004SS) အိန္ဒိယဗဟိုအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၏ တွဲဖက်အတွင်းရေးမှူး B Shyam နှင့် ဗဟိုလိုင်လူငယ်အဖွဲ့ (CYLA)တို့ယနေ့ တွေ့ဆုံခဲ့ကြပြီး အိန္ဒိယအစိုးရ၏ နယ်စပ်ခြံစည်း ရိုးခတ်မည့် အစီအစဉ်အား CYLA က သဘောတူကြောင်းသိရသည်။ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး B Shyam နှင့် ဗဟိုလိုင်လူငယ်အဖွဲ့ (CYLA) ခေါင်းဆောင်များသည် ယနေ့စက်တင်ဘာလ ၁၂ ရက်နေ့တွင် အိုင်ဇောလ်မြို့ State Guest House ၌ တွေ့ဆုံခဲ့ကြပြီး ကုလာတန်းဘက်စုံသယ်ယူပို့ ဆောင်ရေး စီမံကိန်းနှင့် ဇိုးရင့်ပွီ နယ်စပ်ကုန်သွယ်ရေးအခြေအနေများ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ CYLA ခေါင်းဆောင်များက အိန္ဒိယ၏အရှေ့မျှော်ဝါဒ India Act East Policy ကို ထောက်ခံကြောင်းနှင့် အိန္ဒိယအစိုးရ၏ နယ်စပ်ခြံစည်းရိုးခတ်မည့် အစီအစဉ်သည်လည်း အရေးကြီးပြီး CYLA အနေဖြင့် ထောက်ခံကြောင်း ပြောဆိုခဲ့ကြသည်ဟု The Lawngtlai Post က ဖော်ပြသည်။ ထို့နောက် လက်ရှိ ကုန်သွယ်ရေးအခြေအနေကို အိန္ဒိယအစိုးရက ပိုမိုအရေးစိုက်လုပ်ဆောင်နိုင်ရန် လိုလားကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးဂိတ်ထားရှိရန်၊ နယ်စပ်ကုန်သွယ်ရေးဂိတ် Border Commercial Haat ထားရှိမည့်အစီစဉ်များကို လည်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြခဲ့ကြသည်ဟု သိရသည်။ ထို့အပြင် ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း၊ လောင်တလိုင်နှင့် ဇိုးရင့်ပွီကြား ကားလမ်းပျက်စီးမှုအခြေအနေ နှင့် ထိုဒေသရှိ နစ်နာကြေးမရရှိကြသေးသောမြေပိုင်ရှင်များအား လျော်ကြေးရရှိနိုင်ရန် တောင်းဆိုခဲ့ကြသည်။ B Shyam ကလည်း CYLA ၏ တင်ပြဆွေးနွေးချက်များသည် အရေးကြီးကြောင်းပြောဆိုခဲ့ပြီး အဆိုပါတင်ပြဆွေးနွေး ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အကြောင်း၊…
(004SS) ချင်းပြည်နယ် ဟားခါးမြို့က ဒုရဲအုပ်တစ်ဦးသည် လက်နက်နှင့်အတူ အလင်း ဝင်လာ ကြောင်း CDF-Hakha က ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ အဆိုပါအလင်းဝင်လာသူ ရဲအရာရှိသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိ တော့ဘဲ ပြည်သူ နှင့်အတူ တော်လှန်ရေးတွင် ပါဝင်မည်ဟုဆိုကာ ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် CDF- Hakha ထံ အလင်းဝင်လာခြင်းဖြစ်သည်ဟု သိရသည်။ လက်နက်နှင့်အတူ အလင်းဝင်လာရဲအရာရှိကို CDF-Hakha မှ ဝမ်းအမြာက်စွာ ကြိုဆိုကြောင်း၊ ဆုငွေ ချီးမြှင့်ပြီးနောက် လုံခြုံသောနေရာရောက်သည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ စစ်အာဏာရှင်လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူနှင့်အတူ ရပ်တည်ကာ တော်လှန်ရေးတွင် ပါဝင်ချင်သော မည်သူမဆို အလင်းဝင်လိုပါက CDF- Hakha ထံ အချိန်မရွေးဆက်သွယ်နိုင်ကြောင်းနှင့် လုံခြုံသောနေရာရောက်သည်အထိ တာဝန်ယူပေးမည်ဖြစ်ကြောင်း CDF-Hakha က အသိပေးထားသည်။ စက်တင်ဘာလဆန်းပိုင်း ၂ ရက်နေ့တွင် ရဲတပ်သား ၁ ဦး နှင့် ၄ ရက်နေ့တွင် ရဲသား ၂ ဦး စုစုပေါင်း ရဲတပ်သား ၃ ဦး သည်လည်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိေတာ့ဘဲ ပြည်သူနှင့်အတူ တော်လှန်ရေးတွင် ပါဝင်မည်ဟုဆိုကာ လက်နက်နှင့်အတူ CDF – Hakha ထံ အလင်းဝင်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ဟားခါးမြို့ ခြောက်လမ်းဆုံတွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲတပ်သားတစ်ဦး CDF-Hakah ထံ လက်နက်နှင့်အတူ…
|| မြေပြိုခြင်း သဘာဝဘေးအန္တရာယ်များကို သတိပြုနေထိုင်ကြရန် မိုးဇလပညာရှင်များ သတိပေး (006SV) လေပွေလှိုင်းအတွင်း ကျရောက်နေသော ချင်းပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ် ၄ ခုတွင် နောက် ၂ ရက်ဆက် မိုးသည်း ထန်စွာ ရွာသွန်းနေမည်ဖြစ်ပြီး လျှပ်တပြတ် ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ သတိပြုနေထိုင်ကြရန် မိုးဇလပညာရှင်များက သတိပေးနှိုးဆော်နေသည်။ “အလယ်ပိုင်းကနေ ဖြတ်လာတဲ့ ရာဂီရဲ့ အကြွင်းအကျန် လေပွေလှိုင်းပေါ့။ အရှေ့ကနေ အလယ်ပိုင်း၊ အဲဒီနေက အနောက် မြောက်ပိုင်းကို ရောက်နေတယ်။ သူက ရွေ့တဲ့ နှုန်းကလည်း တော်တော်လေး နှေးတယ်။ သူ့အရှိန်ရယ်၊ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုန်ကလည်း ကောင်းနေတဲ့အရှိန်ကြောင့် ပြီးခဲ့တဲ့ ရက်တွေက အလယ်ပိုင်းတွေ မိုးများတယ်။ အခုလည်း ဆက်များဦးမယ်။ နောက် ချင်းပြည်နယ်လည်း များလာဖို့ ရှိတယ်။ ဒီနေ့နဲ့ မနက်ဖြန် ၁၃ ရက်က အဓိက ပေါ့နော်။ လေပွေးလှိုင်းက ချင်း၊ ရခိုင်၊ မကွေးကို အဲဒီအစပ်မှာ ရောက်နေတယ်” ဟု မိုးဇလဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ လေပွေလှိုင်းသည် ချင်းနှင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်းတို့တွင် ဆက်လက်တည်ရှိ နေကြောင်း၊ လေပွေလှိုင်းသည် အနောက်- အနောက်မြောက်ဘက်ကို ဖြည်းညှင်းစွာ ရွေ့လျားနေပြီး ယနေ့ စက်တင်ဘာလ ၁၂ ရက်၊ ၁၃ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ကာ ၁၄ ရက်၊ ၁၅ ရက်တို့တွင်လည်း အတန်အသင့် မိုးရွာသွန်းနေမည်ဖြစ်ကြောင်း…
(006SV) ဘေးဖြစ်ရန် အလွယ်ကူဆုံး ရပ်ရွာလူထုများဖြစ်သည့် ချင်းအပါအဝင် နိုင်ငံအလယ်ပိုင်းနှင့် ပြည်နယ်တချို့ရှိ ပဋိပက္ခဒဏ်ခံနေရသော ဒေသများကို သွားရောက်ပံ့ပိုးကူညီနိုင်ရန်သန္နိဌာန်ချထားကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က စက်တင်ဘာလ ၁၀ ရက်က သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၅ ရက်မှ ၉ ရက်အထိ ICRC ဥက္ကဌ Mirjana Spoljari သည် မြန်မာနိုင်ငံသို့ ၅ ရက်ကြာခရီး လာရောက်ခဲ့ပြီးနောက် မြန်မာတွင် ပိုမိုများပြားလာနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ အဆောတလျင် ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်နေကြောင်း ICRC က ထုတ်ပြန်သည်။ “မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုတော်တော်များများက အခြေခံဆေးဝါးတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမရှိဘဲ နေထိုင်နေကြပြီ အစားအစာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အပြင် သန့်ရှင်းတဲ့ရေနဲ့ မိလ္လာစနစ် ရရှိအသုံးပြုနိုင်မှုမှာလည်း အကန့်အသတ်တွေရှိနေတယ်။ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းတွေ ဆက်လက်မဆောင်ရွက်နိုင်မှုကြောင့် မရေမတွက်နိုင်အောင်များပြားတဲ့ လူထုဟာ အသက်ရှင်ရပ်တည်နိုင်ဖို့နည်းလမ်းတွေ မရှိတော့ပါဘူး” ဟု ICRC ဥက္ကဌက ပြောသည်။ ချင်းအပါအဝင် နိုင်ငံတဝန်းက အကူအညီလိုအပ်နေသော လူထုထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ ပိုမိုသွားရောက်ပေးအပ်နိုင်ရန် တောင်းဆိုခဲ့ကြောင်း၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပဋိပက္ခဒဏ်ခံနေရသော ဒေသများကို သွားရောက်ခွင့် ပိုမိုရရှိရန်လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။ အထူးသဖြင့် ရှမ်း၊ ကချင်၊ ရခိုင်၊ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ချင်း၊ ကယားနှင့် ကရင်ပြည်နယ်တို့ရှိ ပဋိပက္ခဒဏ်ခံနေရသည့် နေရာဒေသများတွင် နေထိုင်လျက်ရှိသူများကို သွားရောက်၍ ကူညီပံ့ပိုးနိုင်ရန် ICRC က သန္နိဌာန်ချထားသည်ဟု ဆိုသည်။ ချင်းအပါအဝင် နိုင်ငံတဝန်းမှာ ကြိုတင်ကာကွယ်နိုင်သောရောဂါများ…
(006SV) စစ်အာဏာသိမ်းပြီးနောက် ချင်းလက်နက်ကိုင်တော်လှန်ရေးရဲ့ ၃ နှစ်ကျော်အချိန်မှာ နိုင်ငံရေး သဘောထား ကွဲလွဲမှုတွေနဲ့အတူ ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ကို CNF ဦးဆောင်တဲ့ ချင်းအင်အားစုတွေက ဖွဲ့စည်းလိုက်ပါတယ်။ ချင်းပြည်အစိုးရကို ဖွဲ့စည်းပြီး ၈ လအကြာမှာတော့ ချင်းပြည်ပညာရေးကဏ္ဍကို ဦးဆောင်သူတွေဟာ ချင်းတော်လှန်ရေးနှင့်အတူ ချင်းပြည်ပညာရေးအပြောင်းအလဲကိုလည်း လျင်လျင်မြန်မြန် အကောင်အထည် ဖော်လာနေပါတယ်။ မိသားစုတွေနဲ့အတူ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ချင်းကလေးငယ်နဲ့ လူငယ်တွေ၊ CDM ပြုလုပ်လိုက်တဲ့ ချင်းကျောင်းသူ/သားတွေ၊ လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ရောက်သွားတဲ့လူငယ်တွေ စသဖြင့် ထောင်နဲ့ချီတဲ့ ချင်းလူငယ်တွေရဲ့ ပညာဆက်လက်သင်ယူမှု အခွင့်အလမ်းတွေ မဆုံးရှုံးစေဖို့နဲ့ သူတို့ ထိခိုက်မှုအနည်းဆုံးဖြစ်အောင်လည်း ဖော်ဆောင်နေတယ်လို့ ချင်းပြည်ပညာရေးကဏ္ဍ ဦးဆောင်နေသူတွေက ပြောပါတယ်။ ချင်းပြည်ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၅- ၂၀၃၀) ရေးဆွဲအကောင်အထည်ဖော်နေသလို အဆင့်မြင့်ပညာကဏ္ဍမှာ ချင်းအမျိုးသားတက္ကသိုလ်ကို စတင်တည်ထောင်ပြီး ကျောင်းသူ/ကျောင်းသားတွေကို မကြာမီ ခေါ်ယူတော့မှာဖြစ်ပါတယ်။ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ချင်းပညာရေးဝန်ကြီးဌာနအောက်မှာ ကနဦး စာရင်းအရ ကျောင်းသူ/ ကျောင်းသား ငါးသောင်းကျော် ပညာသင်ယူနေသလို မကြာမှီဖွင့်လှစ်မယ့် အဆင့်မြင့်ပညာတက္ကသိုလ်မှာလည်း ကျောင်းသူ ကျောင်းသား ရာချီကို လက်ခံသင်ကြားရတော့မှာ ဖြစ်ပါတယ်။ ချင်းပြည်တည်ဆောက်ရေးနဲ့အပြိုင် လိုအပ်လာမယ့် လူသားအရင်းအမြစ်တွေကို မွေးထုတ်ပေးမယ့် ချင်းတော်လှန်ရေး အင်အား စုတွေရဲ့ ချင်းပြည်ပညာရေးအပြောင်းအလဲနဲ့ ဖြစ်ပေါ်တိုးတက်နေမှုတွေ၊ စိန်ခေါ်မှုတွေကို ချင်းပြည်ပညာရေးဝန်ကြီး Salai Cross Thang ကို ခိုနူမ်းသုန်းသတင်းဌာနက Salai Vakok က ဆက်သွယ်မေးမြန်းထားပါတယ်။ မေး – တော်လှန်ရေးကာလမှာ ချင်းအမျိူးသား တက္ကသိုလ် (CNU)…
|| ဒိုင်ရ်ဒေသ ဓါတ်ဆီ တစ်ဂါလံ ကျပ်ငါးသောင်း၊ ကော်ဖီမစ် အထုပ်ကြီး ၁ ထုတ် ကျပ်သုံးသောင်း ပေးဝယ်ရ (006SV) ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ပလက်ဝမြို့နှင့် ဒိုင်ရ်ဒေသ များကို မကွေးတိုင်း၊ ဆောမြို့မှတစ်ဆင့် ကုန်စည်များသယ်ယူရာတွင် ဆိုင်ကယ်ကယ်ရီခမှာ တစ်စီးလျှင် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိပေးနေရကြောင်း ကုန်သည်တချို့ထံက သိရသည်။ ယင်းဒေသများတွင် လမ်းပြိုခြင်း၊ ရေးကြီး၍ တံတားများ ပျက်စီးခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲလာပြီး ကုန်စည်စီးဆင်းမှုများ အင်မတန် နည်းပါးလာကြောင်း၊ အနီးစပ်ဆုံး ကုန်ပစ္စည်းများ ဝယ်ယူနိုင်သည့် ဆောမြို့နယ်ထဲကို ပစ္စည်းဝယ်ယူနိုင်ရေးသွားလျှင်ပင် အသွားအပြန် ၅ ရက်မှ ၁၀ ရက်အထိကြာမြင့်ကြောင်း သိရသည်။ “အဲ့ဒီအခက်ခဲမှုတွေကြောင့် ဆိုင်ကယ်ကယ်ရီခလည်း ဆောမြို့ ကနေ ဒိုင်ရ်ဒေသ- ဟုမ်းရွာ အထိ ပုံမှန်အားဖြင့် ကျပ် ၁၀သိန်း နဲ့ ၁၅ သိန်းအထိပေးရတယ်၊ ၊ မိုးတွင်းဆိုတော့ ကားမရောက်နိုင်ဘူး၊ ဆိုင်ကယ်ပဲရတာ၊ ဒါတောင် ဆိုင်ကယ် ကယ်ရီရဖို့ မလွယ်ကူဘူး၊ ခက်ခက်ခဲခဲ သွားလာရတာမို့ မလိုက်ချင်ကြဘူး။ အဲ့ဒီ ခက်ခဲမှုကြောင့် စားနပ်ရိက္ခာ ပြတ်တောက်လာပြီး၊ စျေးနှုန်း အဆမတန် မြင့်တက်လာတယ်” ဟု ဒိုင်ရ်ဒေသကို ကုန်ကူးနေသူ တစ်ဦးက ပြောသည်။ ပလက်ဝမြို့နယ်ထဲက ဒေသများနှင့် ဒိုင်ရ်ဒေသကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဘက်၊ ရခိုင်ပြည်နယ် ကျောက်တော်တို့မှ ကုန်စည်များ သွင်းယူနိုင်သော်လည်း လမ်းကြောင်းများ ပိတ်ခံထားရသောကြောင့် မကွေးတိုင်း၊…
(004SS) ချင်းပြည်နယ် မြို့တော် ဟားခါးမြို့သိမ်းပိုက်နိုင်ရေးအတွက် ဖော်ဆောင်နေသော ရုန်းစစ်ဆင်ရေးသည့် အဆင့် ၁ သာရှိသေးပြီး ပြည်သူများအနေဖြင့်မြို့ကိုစွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ခြင်းမပြုကြရန် CDF-Hakha ဥက္ကဌက အသိပေးထုတ်ပြန်လာသည်။ ဟားခါးမြို့သိမ်းပိုက်နိုင်ရေးအတွက် CDF- Hakha အနေဖြင့် စစ်ကောင်စီအင်အားချိနဲ့အောင်ပြုလုပ်ခြင်း၊ မြို့သိမ်းပိုက်ခြင်း နှင့် မြို့ထိန်းချုပ်ခြင်းဟူ၍ အဆင့် ၃ ဆင့်သတ်မှတ်ကာ ရုန်းစစ်ဆင်ရေးကို ဆင်နွဲလျက်ရှိ ကြသည်ဟု CDF-Hakha ဥက္ကဋ္ဌ ဆလိုင်းဟရမ်လျန် (Salai Hram Lian) က စက်တင်ဘာလ ၈ ရက်နေ့က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ လက်ရှိတွင် အဆိုပါ ရုန်းစစ်ဆင်ရေးအဆင့် ၃ ဆင့်အနက် ပထမအဆင့်ဖြစ်သော စစ်ကောင်စီတပ်အင်အားချိနဲ့အောင် ပြုလုပ်သည့်အဆင့်သာရှိသေးပြီး ဒုတိယအဆင့်အား ဆောင်ရွက်မည့်အချိန်တွင် အများပြည်သူသိရှိနိုင်ရန် လိုအပ်သလို အသိပေးသွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုမလွန်ကဲကြရန်နှင့် စစ်ရေးအခြေအနေ စောင့်ကြည့်တတ်ရန် CDF- Hakha ဥက္ကဌကပြောသည်။ ဟားခါးမြို့သည် အမှုတော်ဆောင်များအသုံးပြုပြီး ဘုရားသခင်သတ်မှတ်ပေးထားသော မြို့ဖြစ်သည့်နည်းတူ ပြည်သူနှင့် မြို့အား အထိအခိုက်မရှိ သိမ်းပိုက်နိုင်ရေးဆောင်ရွက်လျှက်ရှိကာ ဟားခါးမြို့တော်ပျက်စီးမည်ကို မလိုလားသော ပြည်သူ များအနေဖြင့် ဟားခါးမြို့ကိုစွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်ခြင်းမပြုကြရန် CDF-Hakha ဥက္ကဌက တိုက်တွန်းထားသည်။ ထို့အပြင် စစ်ကောင်စီနှင့် အဆက်အသွယ်မပြုရန်၊ ပြည်သူအားနစ်နာစေမည့် မူးယစ်ဆေး ရောင်း/ဝယ် သုံးဆွဲခြင်းမပြုရန်၊ ခွေးမမွေးရန်နှင့် ဟားခါးတက္ကသိုလ်ဘက် သွားလာခြင်းမပြုကြရန် စသည့်တော်လှန်ရေးတပ်ဖွဲ့မှ သတိပေးချက်များအား လိုက်နာပေးကြရန်လည်း CDF-Hakha ဥက္ကဌက တောင်းဆိုထားသည်။ မိမိကိုယ်ကို လုံခြုံစေရန် ဗုံးခိုကျင်းများတူးထားခြင်း၊ ပေါက်ကွဲမှုရှိပါက မိမိလုံခြုံရေးအတွက် ဦးစားပေးပြီး…
(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စက်တင်ဘာလ ၆ ရက်မှ ၉ ရက်နေ့အထိ (၃) ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီသည် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၄) ဘက်ရှိ ရှိမ်းကျေးရွာ၊ တိုက်နယ်အမှတ် (၂) ချပ်ကျေးရွာ၊ (၃၇) မိုင်ကြားတနေရာနှင့် ယနေ့စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း တိုက်နယ် (၃) တနေရာအား MIG-29 ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးအပြင် ဗုံးအသေး ၃ လုံးခန့် ကြဲချကာလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ မင်းတပ်မြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတဦးက “ချပ်ရွာရဲ့ ရွာပြင်ဖက်မှာ ကျတာ၊ လူထိခိုက်မှုမရှိဘူး၊ ကားလမ်း တွပျက်စီးတယ်၊အခုက တိုက်ပွဲ မဖြစ်ဘူးဒီအတိုင်းရမ်းသမ်းပြီးကြဲတာနဲ့ အရင်က စစ်ဘေးရှာင်စခန်းတွေ အဓိက ကြဲခဲ့ပေမယ့်အခုနောက်ပိုင်း ကာကွယ်ရေးစခန်းတွေဖက်ကို ကြဲတာစိပ်လာတယ်” ဟု ပြောသည်။ အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စက်တင်ဘာလ (၆) ရက်က အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စက်တင်ဘာလ (၇) ရက်နေ့တွင် ပေါင် ၅၀၀ ဗုံးနှစ်လုံးအပြင် ပေါင် ၂၀၀ အားရှိသည့် ဗုံးသီး ရှစ်လုံးအထိ အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့်ကားလမ်းနှင့် အခြားပျက်စီးမှုများလည်းရှိကြောင်း သိရသည်။ စစ်ကောင်စီသည် မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းကိုလည်း ထောက်ပို့လေယာဉ်မှတဆင့် လေထီးများဖြင့် လက်နက်ခဲယမ်းအပါအဝင် ရိက္ခာပစ္စည်းများလည်း အဆက်မပြတ် ဖြည့်တင်းနေကြောင်း မင်းတပ်မြို့ခံက ပြောသည်။ မင်းတပ်မြို့ခံကတဦးက “ရိက္ခာက တရက်ခြား၊…