စစ်ကောင်စီက ၁၀ ဦးခန့် သေဆုံးပြီးနောက် ကင်းစခန်းတချို့ ပြန်ရုပ်သိမ်း (006SV) ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲကို စစ်ကူနှင့်ထောက်ပို့ပေးနေသည့် ရခိုင်- မကွေးနယ်စပ် အမ်း- ပဒါန်းလမ်းပိုင်းပေါ်က စစ်ကောင်စီ ကင်းစခန်း ၂ ခုကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – ACDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးကြောင်း သိရသည်။ နိုဝင်ဘာလ ၅ ရက် မနက် ၁၁ နာရီခန့်တွင် ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် ၁၁ တို့ရှိ အမ်း – ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားသည့် စစ်ကောင်စီ ကင်းစခန်း ၂ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တပြိုက်နက် စီးနင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း PRA-Magway စစ်ဦးစီးချုပ် နောင်သူရိန်က ပြောသည်။ “ဒီကင်းစခန်း ၂ ခုက အမ်း- ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူပေးတဲ့ ကင်းစခန်းတွေ ဖြစ်တယ်။ ကျနော်တို့ အနေနဲ့ စစ်ဆင်ရေးတွေကို အဆင့်တစ်ခုချင်းစီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်တယ်။ ဒီကင်းစခန်းတွေကို တိုက်ခိုက်လိုက်ခြင်းက အမ်း- ပဒါန်းလမ်းပိုင်း စိုးမိုးရေးကို စတင်အကောင်အထည်ဖော်လိုက်တာ ဖြစ်တယ်လို့ ပြောလို့ရတယ်” ဟု စစ်ဦးစီးချုပ် နောင်သူရိန်က ပြောသည်။ စီးနင်းတိုက်ပွဲမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝတ်ခန့် ကြာမြှင့်ပြီး စစ်ကောင်စီ စစ်ကူများ ရောက်ရှိလာကာ နှစ်ဖက်ညှပ်ပစ်ခတ်လာခြင်း၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းမှ ဟောင်ဝစ်ဇာများဖြင့် ပစ်ကူ တိုက်ခိုက်လာခြင်းတို့ကြောင့် ကင်စခန်းများကို အပြီးသတ်ရှင်းလင်းရေး မလုပ်ဆောင်နိုင်ဘဲ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။ လက်ရှိတွင်…
Author: Editor
(002MG)ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ CNDF တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြို့ပေါ်နေပြည်သူ (၉၀) ရာခိုင်နှုန်းခန့်မှာ မြို့ကိုစွန်ခွါ၍ ဘေးလွတ်ရာကို တိမ်းရှောင်နေကြသည်ဟု သိရသည်။ ဖလမ်းမြို့ပေါ်တွင် အောက်တိုဘာလ ၂၅ ရက်နေ့ကစ၍ ၂၇ ရက်နေ့အထိ ၃ ရက်ခန့် တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားအနည်းဆုံး ၄ ဦးဒဏ်ရာရရှိကာ ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့သည်။ ယခုလက်ရှိ ဖလမ်းမြို့ပေါ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသည့်အတွက် မြို့ခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသောကြောင့် မြို့လူဦးရေ၏ ၉၀ ရာခိုင် နှုန်းမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဖလမ်းမြို့ဒေသ ခံတစ်ဦးကပြောသည်။ “မြို့ထဲမှာ တော်တော်လေးနည်းသွားပြီးမရှိသလောက်ဖြစ်နေကြပြီ။ (၉၀) ရာခိုင်နှုန်း တော့ထွက်သွားပြီ ၊အခြေအနေတွေက ဘာမှ ခန့်မှန်းလို့မရတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် အတွင်းအပြင်စိုးရိမ်နေရတယ်၊ အတွင်းက စစ်တပ်ဖက်က ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့လူ ပစ်ခတ်တဲ့အခါကျတော့မနေရဲတာနဲ့ အပြင်ကလူတွေလည်း ဝင်ရင် ကြောက်နေရတယ်လေ၊ မြို့ထဲမှာက ညအိပ်ရင်တောင် နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရဘူးလေ။ စစ်ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာ ဘယ်သူမှ မသိဘူးလေ စိုးရမ်နေရတာ” ဟု ဖလမ်းမြို့မှ ကျေးရွာဘက်သို့ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။ လူဦးရေ တစ်သောင်းဝန်းကျင်နေထိုင်ကြသည့် ဖလမ်းမြို့ပေါ်တွင် ဒေသခံပြည်သူအများစုသည် ဖလမ်းမြို့အနီးအနား ကျေးရွာများ၊ ဟားခါးမြို့၊ ကလေး၊ ရန်ကုန်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်ဘက်တွင် စစ်ဘေးတိမ်းရှောင်နေကြရပြီး လက်ရှိ ဖလမ်းမြို့မှာ ပြည်သူအနည်းစုမှာ နေအိမ်ကြည့်ရှုရန်အတွက်သာ ကျန်ခဲ့ကြသူများဖြစ်သည်ဟု သိရသည်။ ဖလမ်းမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေသော…
(002MG) ချင်းတောင်ခြေ၊ စစ်ကိုင်းတိုင်း ကလေးမြို့မှာ အခြေခံစားသောက်ကုန်ပစ္စည်းများနေ့စဉ်နှင့်အမျှ ဈေးနှုန်း မြင့်တက်နေပြီး ဒေသခံပြည်သူများအထွေထွေကြပ်တည်းမှုနှင့်ရင်ဆိုင်နေကြရသည်ဟု သိရသည်။ ကလေးမြို့ခံ ကုန်စိမ်းအရောင်းအဝယ်သူ အမျိုးသမီးတဦးက “ကုန်စိမ်းတွေက မဝင်တာမဟုတ်ဘူး၊ ဝင်တယ် တန်ဆာခက ဈေးတက်တာ အရင်က ကုန်စိမ်းအိတ်တအိတ်ဆိုရင် တန်ဆာခက ၁ သောင်းလောက်ပဲရှိတာ၊ အခုက နှစ်သောင်းကျော် ရှင်းရတာကိုး၊ ကျမတို့က တန်ဆာခနဲ့ အလုပ်သမားခတွေ တွက်ပြီးတော့ ပြန်ရောင်းရတာဆိုတော့ ဈေးတွေက ပိုမြင့်သွားပြီလေ။ အစစအရာရာ အတက်တွေကြီးပါပဲ။ ကုန်းစိမ်းတွေဝယ်ရင် ဒီနေ့ဈေးနဲ့ နောက်ရက်ယူတဲ့ ဈေးနှုန်းတွေတောင် မတူတော့ဘူးလေ ပစ္စည်းစုံအောင်လို့တာ ယူရောင်းနေရတာ ကုန်စိမ်းရောင်းရတာလည်း မလွယ်လာတော့ဘူး” ဟု ပြောသည်။ လက်ရှိ ကလေးမြို့တွင် အခြေခံစားကုန်များဖြစ်သည့် အာလူး တပိဿာ ၁၀,၀၀၀ ကျပ်၊ ကုလားပဲ တပိဿာ ၁၂,၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တပိဿာ ၈၀၀၀ ကျပ်၊ ခရမ်းသီး တပိဿာ ၈၀၀၀ ကျပ်၊ ဂေါ်ရခါးသီး တပိဿာ ၃၀၀၀ ကျပ်၊ ကြက်သွန်နီ တပိဿာ ၈၀၀၀ ကျပ်၊ ရုန်းပတီးသီး တပိဿာ ၆၀၀၀ ကျပ်၊ ရွှေဖရုံသီး တပိဿာ ၇၀၀၀ ကျပ်၊ အမဲသား တပိဿာ ၂၈,၀၀၀ ကျပ်၊ ဝက်သား တပိဿာ ၃၂,၀၀၀ ကျပ်၊ ကြက်သား တပိဿာ ၃၀,၀၀၀ ကျပ်ရှိသည်ဟု သိရသည်။ ယင်းသို့ အခြေခံစားသုံးကုန်များ နေ့စဉ်နှင့်အမျှ မြင့်တက်နေသောကြောင့် ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် အခက်ကြုံနေကြရပြီး…
(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်ကို ပို့ဆောင်မည့် ဖောက်ကွဲရေးပစ္စည်းတချို့ကို မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့မနက်ပိုင်းမှာ ဖမ်းဆီးရမိသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ် Serchhip ခရိုင် ရဲတပ်ဖွဲ့ နှင့် အာသံရိုင်ဖယ်ပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့မနက်ပိုင်း ၄ နာရီခန့်တွင် Sailiamkawn နေရာတွင် Pick-up ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာမှာ ဖောက်ခွဲရေးတွင်အသုံးပြုသော Gelatin ၄၈ ထုတ်၊Detonator ၉၄ ထုတ် နှင့် Coils fuse ၅ ခု ကို ကားထဲမှ ဖမ်းဆီးရမိသည်ဟု ဒေသတွင်းသတင်းမှာဖော်ပြထားသည်။ အဆိုပါပစ္စည်းများနှင့်အတူ ဒေသခံ ၂ ဦးကိုလည်းဖမ်းဆီးပြီး မည်သူမည်ဝါဖြစ်သည်ကို အတည်ပြု၍မရသေးဘဲ ယင်း ပစ္စည်းများကို မြန်မာဘက်သို့ပို့ဆောင်ရန်ဖြစ်သည်ဟု သိရသည်။ Serchhip ခရိုင်ရဲတပ်ဖွဲ့က ယင်းအမှုကိစ္စနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အဖမ်းခံရသူနှစ်ဦးကို ယနေ့တွင် တရားရုံးသို့ခေါ်ဆောင်သွားမည်ဟုသိရသည်။
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၃ ထဲက ကျေးရွာ ၁ ရွာကို ယနေ့ မနက်အစောပိုင်းတွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့ရာ နေအိမ် ၇ လုံးခန့်နှင့် ဘုရားရှစ်ခိုးကျောင်း ၂ ကျောင်း ပျက်စီးသွားကြောင်း သတင်းရရှိသည်။ တိုက်နယ် ၃ ထဲက ကျေးရွာ ၁ ရွာကို နိုဝင်ဘာလ ၆ ရက် မနက် ၂ နာရီ ၁၁ မီနစ်ခန့်တွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ပေါင် ၅၀၀ ဗုံးကိုပါ အသုံးပြု တိုက်ခိုက်သကဲ့သို့ ရော့ကစ်များ၊ ပွိုင့်ဖိုက်များဖြင့်ပါ ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။ “လူနေအိမ်တွေနဲ့ ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးက ဆိုးဝါးတယ် ပြောပါတယ်။ အရပ်သားထိခိုက်မှု ရှိ၊ မရှိကတော့ မေးမြန်းနေတုန်းပါ။ အသေးစိတ်ထပ်မံ သိရဖို့ကလည်း မေးနေတုန်းပါ” ဟု မင်းတပ်မြို့ ဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့ နိုဝင်ဘာလ ၅ ရက် မနက် ၁ နာရီ ၄၀ မီနစ်ခန့်ကလည်း မင်းတပ်မြို့အနီး တနေရာကို စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ ဗုံး ၄ လုံးကျော်ဖြင့် တိုက်ခိုက်သွားသကဲ့သို့ ပွိုင့်ဖိုက်များဖြင့်ပါ ပစ်ခတ်သွားကြောင်း သိရသည်။ အောက်တိုဘာလအတွင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီသည် ဂျက်ဖိုက်တာ ၊ ထောက်ပို့ကင်းထောင် Y- 12…
(006SV) စစ်ကောင်စီ၏ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လုပ်ဆောင်ချက်မှန်သမျှကို လုံးဝ ငြင်းပယ်၍ ဆန့်ကျင်တိုက်ဖျက်နေပြီး စစ်ကောင်စီ နှင့် ဆွေးနွေးစရာအကြောင်းမရှိကြောင်း ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ လက်ထောက်အထွေထွေ အတွင်းရေးမှူး – ၂ ဆလိုင်းထက်နီက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့၏ ယမန်နေ့ နိုဝင်ဘာလ ၅ ရက်တွင် ကျင်းပ ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။ “ယနေ့ နိုင်ငံရေးပြသနာကို ကြည့်ရင် ဘုံသဘောထား ရပ်တည်ချက်ထဲက တစ်ခုကို တင်ပြလိုပါတယ်။ ယနေ့ နိုင်ငံရေး ပြသနာဟာ စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားကို အကာအကွယ်ပြုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံက အရင်းခံဖြစ်ပါတယ်။ အဲဒါကြောင့် ဒီ ၂၀၂၁ ကနေ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ပယ်ဖျက်ထားပြီးလည်း ဖြစ်ပါတယ်။ နိုင်ငံရေးမှာ စစ်တပ်ရပ်တည်ရေးကို ခိုင်မာစေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေ လှုပ်ရှား ဆောင်ရွက်မှု၊ စစ်ကောင်စီကို သက်ဆိုးရှည်စေမယ့် လုပ်ဆောင်မှု မှန်သမျှ ဆန့်ကျင်တိုက်ဖျက်နေတာ အားလုံးအသိဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ လတ်တလော မီဒီယာတချို့တွင် ချင်းအမျိုးသားတပ်ဦး CNF သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေးကို အချက် ငါးချက်နှင့် စဉ်းစားမည်ဟု ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ ဆလိုင်းထက်နီက နားလည်မှု လွဲမှားနေခြင်းသာဖြစ်ကြောင်း ဖြေကြားသည်။…
(006SV) ချင်းပြည်နယ် ပလက်ဝမြို့နယ်ချင်းတော်လှန်ရေးအင်အားစုဖြစ်သည့် ပလက်ဝကောင်စီ (PC) ၏ ဒေသန္တရအစိုးရဌာနများအတွက် အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ကျပ်သိန်း ၃၀၀၀ ရန်ပုံငွေ ရှာဖွေနိုင်ရေး “အရှိန်အဟုန်မြှင့်တင် ကီမိုတခွင်” ကမ်ပိန်းကို ပြုလုပ်နေကြောင်း သိရသည်။ “လက်ရှိမှာ အားလုံံးက ဒေသန္တရအစိုးရအနေနဲ့ လည်ပတ်ပြီးဆိုတော့ ဘက်ပေါင်းစုံက ပါရတဲ့ အခန်းကဏ္ဍရှိတဲ့အတွက် ဒီအရာတွေကို လိုအပ်ချက် ရှိနေတဲ့အတွက် ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်ရေးတွေကော IDPs စခန်းတွေက စစ်ဘေး ရှောင်တွေလည်း လိုအပ်ချက်တွေ ရှိနေတဲ့အတွက် ဒီကဏ္ဍတွေမှာ အခက်အခဲရှိတဲ့အတွက် ကမ်ပိန်း ပြုလုပ်ရ ခြင်းဖြစ်ပါတယ်” ဟု ယင်းကမ်ပိန်းကို တာဝန်ယူဆောင်ရွက်နေသည့် Project Kimo Team မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ယခု နိုဝင်ဘာလ ၅ ရက်မှ ၂၀၂၅ ဇန်နဝါရီလ ၅ ရက်အထိ ကြားကာလခူမီး (ချင်း) မျိုးနွယ်စုများ ရေးရာအတိုင်ပင်ခံကောင်စီ (IKACC) နှင့် ပလက်ဝကောင်စီ (PC) တို့ ဦးဆောင်ပြီး “အရှိန်အဟုန်မြှင့်တင် ကီမိုမြေတခွင်” ကမ်ပိန်းကို ကျပ်သိန်း ၃၀၀၀ ရန်ပုံငွေရရှိရေး ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ ကမ်ပိန်းမှ ရရှိသော ဘဏ္ဍာငွေများကို ဒေသန္တရအစိုးရဖြစ်သည့် ပလက်ဝကောင်စီ၏ ဌာနများဖြစ်သော ကာကွယ်ရေး၊ ရဲတပ်ဖွဲ့၊ ပညာရေး၊ ကျန်းမာရေး၊ IDPs စခန်းမှ လူသားစာနာအကူအညီ စသည့် ကဏ္ဍစုံတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။ ကာကွယ်ရေးဌာနဖြစ်သည့် CDF – ပလက်ဝအတွက် စစ်ရေးအသုံးစရိတ်အပါအဝင် မြေပြင်မှာ အရေးပေါ်…
ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက် NCCD က ချင်းပြည်နယ် ရိခေါဒါရ်မြို့တွင် အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ၅ ရက်ကြာ ဝန်ထမ်းမွမ်းမံသင်တန်းပြုလုပ်ခဲ့သည်ဟု သိရသည်။ အဆိုပါမွမ်းမံသင်တန်းတွင် ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်၊ ချင်းတောင်သူများကွန်ယက်၊ မြွေတောင်ဒေသ စောင့်ကြည့်ရေးအဖွဲ့၊ ဒေသခံအရပ်ဖက်အဖွဲ့အစည်းများ နှင့် အခြားဒေသများမှ အဖွဲ့အစည်းတချို့မှ ဝန်ထမ်းများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ မွမ်းမံသင်တန်းတွင် ဖွံ့ဖြိုးရေးအကြောင်း၊ NCCD ၏ အခြေခံမူများနှင့် ရည်ရွယ်ချက် ရည်မှန်းချက်များအကြောင်း၊ လက်ရှိမြန်မာ့နိုင်ငံရေးအကြောင်း၊ ဖက်ဒရယ်အကြောင်း၊ ဒီမိုကရေစီအကြောင်း၊ ချင်းနိုင်ငံရေး အကြောင်း၊ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးအကြောင်း၊ မိုင်းအန္တာရယ်မှကြိုတင်ကာကွယ်ရေး၊ စိတ်ပိုင်းဆိုင်ရာကနဦးကူညီစောင့်ရှောက်ခြင်းအကြောင်း၊ မြေယာဥပဒေအကြောင်း၊ မြေယာပေါ်လစီ၊ UNDRIP အကြောင်း၊ FPIC အကြောင်း မြေလွတ်မြေလပ်မြေရိုင်းများအကြောင်းတို့တို့ လေ့လာသင်ယူခဲ့ကြသည်ဟု သိရသည်။
(004SS) ချင်းပြည်နယ်မြောက်ပိုင်း တွန်ဇံမြို့ပေါ်တွင် နေထိုင်သော ဒေသခံပြည်သူများအနေဖြင့် ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA က တွန်းဇံမြို့ကို သိမ်းမည်ဟု သတင်းထုတ်လွှင့်သည့်အပေါ် မစိုးရိမ်ကြရန်နှင့် မြို့ကို စွန့်ခွာခြင်းမပြုကြရန် CDF-Tonzang က ယနေ့တွင် အသိပေးချက် ထုတ်ပြန်သည်။ “ ZRA က တွန်ဇံမြို့ပေါ်မှာ မြို့သိမ်းတော့မယ်ဆိုပြီး သတင်းတွေလွှင့်တယ်၊ အဲဒီသတင်းကြောင့် ပြည်သူတွေ စစ်ဘေးရှောင် ဖို့ ထွက်ပြေးနေကြတယ်။ ပြည်သူတွေကို ခြောက်လှန့်နေတယ်” ဟု CDF-Tonzang က ချင်းလိုထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။ CDF-Tonzang တပ်ဖွဲ့နှင့် CNA တပ်ဖွဲ့များသည် တွန်ဇံမြို့နယ်၏ လုံခြုံရေးအတွက်ပူးပေါင်းဆောင်ရွက်နေပြီး ZRA တပ်ဖွဲ့မှ လာရောက်တိုက်ခိုက်ပါကလည်း ပြန်လည်တိုက်ထုတ်မည်ဖြစ်ကြောင်း CDF-Tonzang က ဆိုသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ဘေးတိမ်းရှောင်ခြင်းမပြုကြရန်နှင့် စစ်ဘေးတိမ်းရှောင်သူရှိပါက ZRA နှင့် ပူးပေါင်း သည်ဟု မှတ်ယူကာ လိုအပ်ပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု CDF-Tonzang က ထုတ်ပြန်ထားသည်။ CDF-Tonzang တပ်ဖွဲ့အပါအဝင် ချင်းလဲန်းကောင်စီပူးပေါင်းတပ်ဖွဲ့သည် တွန်းဇံမြို့ နယ်တစ်ခုလုံးကို ယခုနှစ် မေလ ၂၃ ရက်နေ့က သိမ်းပိုက်ခဲ့ကြသည်။ ထိုသို့သိမ်းပိုက်ပြီးနောက် တွန်းဇံမြို့ပေါ်နဲ့အနီးတဝိုက်တွင်သာ အခြေချတပ်စွဲကြပြီး ကျီခါးမြို့တွင်တပ်စွဲနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ နောက်ပိုင်းတွင် ဇိုမီးတော်လှန်ရေးတပ်ဖွဲ့သည် ကျီခါးမြို့ပေါ်သို့ ပြန်လည်အခြေချတပ်စွဲလာပြီး တွန်းဇံမြို့ကိုသိမ်းပိုက်မည် ဟု သတင်းလွှင့်လေ့ရှိသည်ဟု သိရသည်။ ထိုမှတဆင့် တွန်းဇံမြို့နှင့် ၁၅ မိုင်ခန့်သာကွာဝေးသော မွလ်ကွေးကျေးရွာသို့ နယ် မြေချဲ့လာကြပြီးနောက် တွန်းဇံမြို့သို့ သိမ်းရန်စစ်ရေးပြင်ဆင်လာကြသောကြောင့် CDF-Tonzang နှင့် CNA…
(004SS) ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့၏ လက်နက်ကြီးပိုင်းတာဝန်ယူထားသော ဒု-စိတ်မှူးသည် ရောဂါကြောင့် ယနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်တွင် ရုတ်တရက် ကွယ်လွန်သွားကြောင်း PDF-Zoland က ထုတ်ပြန်သည်။ PDF-Zoland မှ ဒုစိတ်မှူး အသက် ၄၀ အရွယ် ဦးပေါင်ခန့်ခိုင် (ခ) ကိုစစ်သားသည် နေမကောင်းခြင်းကြောင့် တစ်လနီးပါးခန့် ဆေးကုသမှုခံယူနေရသော်လည်း ဆေးဝါးမလုံလောက်မှု၊ ထိရောက်စွာကုသနိုင်မှုမရရှိခြင်းတို့ကြောင့် မီဇိုရမ်ပြည် ယ်သို့ ဆေးဝါးကုသရန် သွားရောက်နေစဉ် အိန္ဒိယ-မြန်မာနယ်စပ် တီအိုချောင်းတွင် ယနေ့မနက်ပိုင်းက သေဆုံးခဲ့သည်ဟု သိရသည်။ “သူက နေမကောင်းတာ တစ်လလောက်ရှိပြီ၊ ဆေးရုံမှာကုတာ နဲနဲသက်သာပြီဆိုတာနဲ့ မီဇိုရမ်ဘက်ကို ဆေးကုသဖို့ နယ်စပ်တောင်ရောက်နေပြီ၊ ဒီမနက်ဆိုလဲ သူ့ဟာသူထနိုင်တယ်၊ မုန့်လဲစားတယ်၊ စားပြီးတော့ ခေါင်းမူးသလိုပဲဆိုပြီး အိပ်ယာပေါ်လှဲတာ အဲလိုနဲ့ အသက်ထွက်သွားတာ။ ကျွန်တော်တို့ဆီမှာက ဆေးဝါးလည်း စုံစုံလင်လင်မရှိဘူး ပြန်ကောင်း လိုက် ပြန်ဖြစ်လိုက်နဲ့ဆိုတော့ ထိထိရောက်ရောက် ကုသနိုင်အောင်ဆိုပြီး မီဇိုရမ်ဘက် ထွက်လာတာပါ။ ရောဂါကတော့ တိတိကျကျမသိရဘူး” ဟု PDF-Zoland Central Council မှ ပြောရေးဆိုခွင့်ရှိသူ ကိုအာပီက ပြောသည်။ ကွယ်လွန်သွားသူ ကိုစစ်သားသည် ယခင်က စစ်တပ်တွင် လက်နက်ကြီး ကြီးကြပ်တာဝန်ယူထားသူတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် CDM လှုပ်ရှားမှုတွင် ပါဝင်လာကာ PDF-Zoland ၏ လက်နက်ကြီးပိုင်း တာဝန်ယူထမ်းဆောင်သူဖြစ်ကြောင်း သိရသည်။ စစ်အာဏာရှင်စနစ်တော်လှန်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် တက်တက်ကြွကြွပါဝင်ပြီး အမြင့်ဆုံးပေးဆပ်ခဲ့သော သူရဲကောင်းတစ်ဦး ဆုံးရှုံးလိုက်ရသည့်အပေါ် အလွန်ပင် ဝမ်းနည်းကြောင်းနှင့်…