Author: Editor

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း- တီးတိန်မြို့သို့ ဆက်သွယ်သောကားလမ်းပိုင်း၌ စစ်တပ်၏ စစ်ရေးဂိတ်များတွင် ဂိတ်ကြေးအများအပြားပေးဆောင်နေရသောကြောင့် ကားခများမြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။ အာဏာသိမ်းစစ်တပ်သည် ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်း အဓိကဆက်သွယ်ထားသည့် ကားလမ်းမကြီးအား ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ယာဉ်အအသွားအလာပြန်လည်ခွင့်ပြုလိုက်သော်လည်း စစ်ဆေးရေးဂိတ်အများအပြား ထားရှိကာ ဂိတ်ကြေးအဆမတန်ကောက်ခံခြင်းများ ပြုလုပ်နေသည်ဟု တီးတိန်မြို့ခံကပြောသည်။ တီးတိန်မြို့ခံက “ကလေးနဲ့ တီးတိန်ကြားပုံမှန်လမ်းသုံးလို့ရပေမယ့် စစ်ကော်မရှင်တွေက လမ်းတလျှောက်လုံး နေရာယူ တော့လေ ဂိတ်ကြေးတွေက ပေးနေရတာ၊ ၁ ဂိတ်မှာ ၂ သောင်းစီပေးရင်တောင်မှ ၇ ဂိတ်လောက်ရှိရင်တောင် တစ်သိန်း လေးသောင်းလောက်ဖြစ်နေပြီဆိုတော့ ကားသမားတွေကို အပြစ်ပြန်တင်လို့မရပြန်ဘူး ဘာလို့လဲဆိုရင် သူတို့ကလည်း လမ်းမှာက ဂိတ်ကြေးထိုးတဲ့ဟာတွေက များတော့လေ။ ကလေးနဲ့ တီးတိန်ကြားမှာ ဂိတ်က ၉ ခုလောက်ကို ရှိတာ။” ဟုပြောသည်။ လက်ရှိတွင် ကလေးမြို့မှ တီးတိန်မြို့သို့ မော်တော်ယာဉ်စီးခ လူတစ်ဦးလျှင် ငွေကျပ် တစ်သိန်းခွဲမှ တစ်သိန်းရှစ်သောင်း အထိရှိပြီး ကလေးမြို့မှ ဖလမ်းကားခမှာ ကျပ် နှစ်သိန်းခန့်ရှိသည်ဟု သိရသည်။ ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း ဆက်သွယ်ရာတွင် အဓိက အသုံးပြုနေကြသည့် ကလေး-သိုင်းငင်း လမ်းပိုင်း ပုံမှန်အသုံးပြု၍ရပြီဖြစ်သော်လည်း ဂိတ်ကြေးနှင့် တန်ဆာခမြင့်တက်နေခြင်းကြောင့် အခြေခံကုန်ဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်သည်ဟု သိရသည်။ “တီးတိန်မြို့ပေါ်က ကုန်စုံဆိုင်တွေ၊ အလှပြင်ဆိုင်တွေ ဖွင့်ကြတယ် ပုံမှန်လည်ပတ်နေပြီ ကုန်ဈေးက အကျတော့မရှိဘူး အတက်ပိုင်းပဲရှိတယ်။ ဆိုင်ဖွင့်တဲ့သူတွေအတွက် တန်ဆာခက တော်တော်လေးများတာပေါ့ ကလေးကနေ တီးတိန် အထိကို ပါဆယ်သေးသေးလေး တစ်ဗူးကို ၁ သောင်း၊…

Read More

ရုပ်အလောင်းတွင် ရင်ခွဲစစ်ဆေးထားသည့် ချုပ်ကြောင်းဒဏ်ရာများ ပြည့်နှက်နေ (004SS) စစ်ကိုင်းတိုင်း၊ ကလေးဝမြို့တွင် မန္တလေးမှ ထွက်ခွာလာသည့် မော်တော်ယာဉ်တစ်စီးကို စစ်တပ်က တားဆီးစစ်ဆေးစဉ် ဖမ်းဆီးခံခဲ့ရသည့် ချင်းအမျိုးသား ယာဉ်နောက်လိုက်ဖြစ်သူသည် ဖမ်းဆီးခံရစဉ်အတွင်း သေဆုံးသွားခဲ့ကြောင်းသိရသည်။ သေဆုံးသူသည် အသက် ၂၇ နှစ်အရွယ်ရှိ ဦးဒိုးရှမ်းမန်ဖြစ်ပြီး ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Heilei ကျေးရွာဇာတိဖြစ်ကာ ကလေးမြို့တွင်နေထိုင်သူဖြစ်သည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ် ၂၂ ရက် (စနေနေ့) က ကလေးဝတံတား စစ်ဆေးရေးဂိတ်တွင် မန္တလေးမှထွက်ခွါလာသော ကားတစ်စီးကို စိတ်ကြွဆေးပြား (Methamphetamine) များ ပါရှိသည်ဟုဆိုကာ စစ်တပ်က တားဆီးစစ်ဆေး ဖမ်းဆီးခဲ့ တယ်လို့သိရပါတယ်။ အဆိုပါ ကားပေါ်တွင် မူးယစ်ဆေးဝါးတွေ့ရှိရာ ပစ္စည်းပိုင်ရှင်များမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကားပေါ်တွင် ပါလာသည့် ယာဉ်နောက်လိုက် ဦးဒိုးရှမ်းမန်၊ ယာဉ်မောင်း (ယာဉ်ပိုင်ရှင်) မိသားစုဝင် ၃ ဦးနှင့် ပစ္စည်းပိုင်ရှင်၏ ကိုယ် စားလှယ် အမျိုးသားတစ်ဦး အပါအဝင် စုစုပေါင်း ၅ ဦးကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။ သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက “ကားပိုင်ရှင်က သူ့ကို နင်အားရင် လိုက်ခဲ့မလားဆိုပြီး ခေါ်တာ။ သူလဲ အလုပ်မရှိတဲ့ အချိန်ဆိုတော့ လိုက်သွားတာပေါ့။ အဲဒီကားကလည်း သူများပစ္စည်းသယ်ဖို့ ငှါးထားတာ။ မန္တလေးကနေ လာတာ ကလေးဝတံတားမှာ စစ်ဆေးခံရပြီး ဖမ်းဆီးသွားတာ။ ပစ္စည်းပိုင်ရှင်တွေကတော့ ထွက်ပြေးသွားတယ်။ အခု ဆုံးသွား တဲ့သူရယ်၊ ကားပိုင်ရှင် မိသားစု အပါအဝင် ၅ ယောက်…

Read More

MDF ရဲဘော်နှင့် ဒေသခံ ၄ ဦး သေဆုံးဟုဆို (006SV) အိန္ဒိယ- မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) ၏ စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ရဲဘော်အပါအဝင် ဒေသခံ ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိနေကြောင်း ဒေသခံတချို့ထံ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၅ ရက် ည ၁၁ နာရီခန့်မှာ ချင်းပြည်နယ်၊ မရာဒေသရှိ MTC/ MDF ၏ စခန်းတစ်ခုကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂လုံး ကြဲချသွားသည်ဟု သိရသည်။ “နယ်စပ်က ရွှေလိုက်ဝရွာအနီးမှာ ရှိတဲ့ MDF စခန်းကုန်းကို ကြဲတာလို့တော့ သိရတယ်။ ဒါပေမယ့် သေဆုံးသွားတဲ့ ၄ ဦးမှာ ၂ ဦးကတော့ ဒေသခံတွေလို့တော့ ပြောကြတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ၅ ယောက်လောက် ရှိတယ်လို့ လောလောဆယ် သိထားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ MTC/ MDF တပ်ဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခုကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် Hrala ရွာသား ၂ ဦး၊ Patheitlâh ရွာသား ၁ ဦးနဲ့ Tido ရွာသား ၁ ဦး စသည့် ရဲဘော် ၄ ဦး ကျဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းများကို ဖော်ပြပေးနေ သော…

Read More

(004SS) ချင်းပြည်နယ် ဖလမ်းမြို့အား ဘုရားသခင်ထံ ဆုတောင်းအပ်နှံပွဲ (Sathi Luan) အစီစဉ်ကို လာမည့်ဩဂုတ်လ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်ကြမည်ဟု သိရသည်။ “ဖလမ်းမြို့အား ဘုရားသခင်ထံ အပ်နှံခြင်း” အစီစဉ်တွင် အစုအဖွဲ့လိုက် ဆုတောင်းပွဲ၊ ဝတ်ပြုစည်းဝေးပွဲ၊ တွေ့ဆုံပွဲနှင့် စားသောက်ဖွယ်ရာ အတူတကွ သုံးဆောင်ခြင်းတို့ပါဝင်မည်ဖြစ်သည်။ လူဦးရေ ၃၀၀၀ ခန့်ပါဝင်နိုင်မည့်အဆိုပါအစီစဉ်အတွက် နွာနောက်တစ်ကောင်၊ ဝက်သားပိသာ ၄၀၀ ပြင်ဆင်ထားပြီး စုစုပေါင်းကုန်ကျစရိတ်ကျပ်သိန်း ၂၀၀ ခန့်လျာထားကြောင်းသိရသည်။ “ဒီပွဲရဲ့ အထူးခြားဆုံးအစီအစဉ်ကတော့ ဖလမ်းမြို့ပေါ်မှာရှိတဲ့ မြို့ခံပြည်သူ ၃,၀၀၀ ကျော် တစ်နေရာတည်းမှာ အတူတကွ စုဝေးပြီး ညစာ လက်ဆုံစားကြမှာပါ။ မြို့ခံတွေ စည်းလုံးညီညွတ်မှုရရှိဖို့နဲ့ ဘုရားသခင်ဆီ အတူတကွ ဆုတောင်းဖို့အတွက် စီစဉ်တာဖြစ်ပါတယ်” ဟု ဖလမ်းဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ အစီအစဉ်ကို အပိုင်း ၃ ပိုင်းခွဲကာ ကျင်းပသွားမည်ဖြစ်ပြီး နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ မြို့အတွက် စုပေါင်း ဆုတောင်းပွဲ၊ မွန်းလွဲ ၁၂ နာရီမှ ၁ နာရီခွဲအထိ စုပေါင်းဝတ်ပြုကိုးကွယ်ခြင်း၊ မွန်းလွဲ ၁ နာရီခွဲမှ ၃ နာရီအထိ မြို့နေပြည်သူ များအပြန်အလှန်တွေ့ဆုံဆွေးနွေး ဆုတောင်းခြင်း နှင့် ညစာအတူသုံးဆောင်ခြင်းအသီးသီး ကျင်းပသွားမည်ဟုသိရသည်။ အဆိုပါ ဆုတောင်းပွဲသို့ ဟားခါးမြို့ရှိ စစ်တပ်ခန့် ချင်းပြည်နယ် အစိုးရအဖွဲ့မှ လူကြီးများ တက်ရောက်ရန်ရှိသည့်အပြင် ရာသီဥတု သာယာကောင်းမွန်၍ ရဟတ်ယာဉ် ဆင်းသက်နိုင်ပါက နေပြည်တော်မှ ဒုတိယသမ္မတကိုယ်တိုင် လာရောက်…

Read More

ချုံကျုံးရွာနဲ့ မလှမ်းမကမ်းမှာ ကင်းထောက်ဖို့ တာဝန်ကျတဲ့ ဒယ်နီရယ်ထန်းတစ်ယောက် မနက် မှောင်ရီဝိုးတဝါးအချိန်မှာ သူငယ်ချင်းနှစ်ယောက်နဲ့အတူ စခန်းကနေ ထွက်လာခဲ့ပါတယ်။ လသာတဲ့ညဖြစ်ပေမယ့် သစ်ပင်အရိပ်တွေကြောင့် လမ်းတစ်လျှောက်ဟာ မှောင်မည်းနေပြီး လရောင်က ဟိုတစ်ကွက် ဒီတစ်ကွက်သာ ထိုးဖောက်ကျနေပါတယ်။ အလင်း‌နောက်ကိုလိုက်ရင်း အရှေ့ကသွားနေတဲ့ သူငယ်ချင်းရဲ့ ခြေလှမ်းအတိုင်း ဂရုတစိုက်နဲ့ နောက်ကနေ သူ လိုက်ပါလာခဲ့တယ်။ ဒါပေမယ့် အလင်းကိုရှောင်ပြီး အမှောင်ဘက်ကို လှမ်းလိုက်တဲ့ ခြေတစ်လှမ်းမှာတော့ “အုံး” ခနဲ အသံနဲ့အတူ အထိတ်တလန့်နဲ့ ကြောက်အားလန့်အား ထွက်ပြေးခဲ့ပေမယ့် ဒယ်နီရယ်ကတော့ မြေပြင်ပေါ် လဲပြိုကျခဲ့ရပါပြီ။ “ကျနော့် ညာဖက်ခြေထောက် မရှိတော့ဘူး” ဂျိုင်းထောက်ကို ဘေးမှာ ချထားရင်း ခပ်ပြတ်ပြတ်လေသံနဲ့ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို အသက် ၂၀ နှစ်အရွယ် လူငယ်လေး ဒယ်နီရယ်ထန်းက ပြန်ပြောပြနေတာပါ။ ၂၀၂၃ ခုနှစ် မေလအတွင်းမှာပဲ ချင်းပြည်နယ်၊ ဟားခါး-ထန်တလန် သီးမြစ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ သီးမြစ်တိုက်ပွဲ စစ်ဆင်ရေးအပြီး အပြန် ချွန်ကျုံးရွာမှာ စစ်ကူဖို့အတွက် သွားရောက်ခဲ့ရင်း ၃ ရက်မြောက်နေ့မှာတော့ ကင်းထောက်ဖို့သွားတဲ့ ဒယ်နီရယ်ထန်းဟာ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံခဲ့ရတာပါ။ သူဟာ စစ်တပ် အာဏာစသိမ်းချိန်က ၁၀ တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ကိုဗစ်ကြောင့် ကျောင်းတွေပိတ်ချိန်မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့က သူရဲ့ဇာတိကျေးရွာကိုပြန်ကာ အဘိုးအဖွားတွေရဲ့ တောင်ယာလုပ်ငန်းကို ဝိုင်းကူလုပ်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့သူတစ်ဦးပါ။ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ချင်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေ စတင်ချိန်မှာတော့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီး ရှေ့တန်းမှာ သက်စွန့်စံဖျားတိုက်ခိုက်ရင်း မိုင်းနင်းမိတာကြောင့် အခုလို…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းရွာတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် (၄) ဦး ကျဆုံးခဲ့ရသည်ဟု ကလေး မြို့ မြို့ပြစီမံချက် UG တပ်ဖွဲ့က ယနေ့ ဩဂုတ်လ (၂၅) ရက်နေ့တွင် ထုတ် ပြန်သည်။ဩဂုတ်လ (၁၅) ရက်နေ့က ကလေး-ဂန့်ဂေါလမ်းမပေါ်ရှိ နတ်ချောင်းရွာတိုက်ပွဲတွင် စစ်တပ်၏ ထိုးစစ်အား ရဲဝင့်စွာ ခုခံကာကွယ်ရင်း အသက် (၂၇) နှစ် အရွယ် ရဲဘော် ကျော်မိုးဝင်း(ခ) မုဆိုး၊ အသက် (၂၈) နှစ်အရွယ် ရဲဘော် ဇင်ကိုလတ်၊ အသက် (၄၃) နှစ်အရွယ် ရဲဘော် အောင်မြင့်ဝင်း နှင့် အသက် (၂၈) နှစ်အရွယ် ရဲဘော် ကျော်စိုးအောင် တို့သည် ကျဆုံးခဲ့ရသည်ဟု ကလေး မြို့ မြို့ပြစီမံချက် UG တပ်ဖွဲ့ကဆိုသည်။ကျဆုံးတပ်ဖွဲ့ဝင်ရဲဘော်များ၏ တိုက်ပွဲဝင်စိတ်ဓာတ်နှင့် နိုင်ငံ၊ လူမျိုးအပေါ် အနစ်နာခံပေးဆပ်မှုတို့အား ဂုဏ်ယူလေးစား စွာ ဦးညွှတ်အလေး ပြုသည့်အပြင် ကျန်ရစ်သူ မိသားစုနှင့်တကွ တပ်တူထပ်မျှဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။ထို့အပြင် ကျဆုံးရဲဘော်များ၏ ဂုဏ်ကို အစဉ်အမြဲအောက်မေ့လျှက် ၎င်းတို့၏ နောက်ဆုံးထွက်သက်အထိ ဆန့်ကျင် တော်လှန်ခဲ့သော အကြမ်းဖက် စစ်ကောင်စီနှင့် စစ်အာဏာရှင်စနစ်အား ကျန်ရှိနေသော ရဲဘော်များမှ အမြစ်ဖြတ်ချေ မှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တော် တည်ဆောက်နိုင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ လေဆင်းရွာတွင် ချင်းပြည်သူ့ အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) က ဂိတ်ဆောက်လုပ်ခြင်းကို လက်မခံသည့်အတွက် ဒေသခံပြည်သူများက ကန့်ကွက်ဆန္ဒပြကြောင်း သိရသည်။ မတူပီမြို့မှ ၂၇ မိုင်အကွာ မတူပီ – ပလက်ဝကားလမ်းပေါ်ရှိ လေဆင်းရွာတွင် ပြီးခဲ့သော ရက်သတ္တပတ်ထဲမှာ CPU/ CPA က ဂိတ်ကို စတင်ဆောက်လုပ်ခြင်းနှင့် တပ်သားသစ် စုဆောင်းမှုများကြောင့် ဩဂုတ်လ ၂၃ ရက်မှာ လေဆင်းရွာ ဒေသခံများက ဆန္ဒပြခြင်းဖြစ်သည်ဟု သိရသည်။ “သူတို့ ဂိတ်ထိုးဖို့ လုပ်တဲ့ဟာကို စစ်ကောင်စီလည်း မရှိပဲနဲ့ ဘာကြောင့် ဂိတ်ထိုးတာလည်းဆိုတာကို ပြည်သူတွေက မသိဘူး။ လိုလည်း မလိုအပ်ဘူးပေါ့။ ဘာရန်သူမှလည်း မရှိဘူး။ ဘာကြောင့်ထိုးတယ်ဆိုတဲ့ ကိစ္စတွေ မသိတဲ့ အခါကြတော့ ပြည်သူတွေက ကန့်ကွက်တာပေါ့။ အဓိက က ဘာအတွက် ဂိတ်ထိုးတာကို ကျနော်တို့လည်း ကောင်းကောင်း မသိပါဘူး” ဟု မတူပီမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF- မတူပီ၏ ဧရိယာ ၃ ထိန်းချုပ်နယ်မြေအတွင်းရှိ လေဆင်းရွာတွင် CPU/ CPA တပ်ဖွဲ့က ဒေသခံလူငယ်များကို တပ်သားအဖြစ် ဖမ်းဆီးခြင်းနှင့် ရွာထဲတွင် ဂိတ်ထိုးခြင်းတို့ကြောင့် ဒေသခံပြည်သူများက ဆန္ဒဖော် ထုတ်ပြန်သည်ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဩဂုတ်လ ၂၃ ရက်မှာ ထုတ်ပြန်ထားသည်။ မတူပီပအဖအဖွဲ့က ထုတ်ပြန်ထားသော ရုပ်သံဖိုင်တွင် လေဆင်းရွာထဲတွင် CPA က ဂိတ်ဆောက်လုပ်ခြင်းကို သဘောမတူကြောင်း…

Read More

(006SV) အရှိုချင်းတော်လှန်ရေးအင်အားစုမှ CDF – Asho ၏ တပ်ဦးချုပ် ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသား တော်လှန်ရေး အတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီးဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ပြောသည်။ CDF – အရှို တပ်ဦးချုပ် ဆလိုင်းရိုးနှင့် တပ်ဖွဲ့ဝင်များ ကျဆုံးမှုသည် CDF – အရှိုအတွက်သာမက ချင်းအမျိုးသားတော်လှန်ရေးနှင့် တပြည်လုံးအတိုင်းအတာဖြင့် ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီးဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) က ဩဂုတ်လ ၂၂ ရက်မှာ ထုတ်ပြန်သည်။ ပြည်သူ့တော်လှန်ရေးအတွက် အမြင့်မြတ်ဆုံး ပေးဆပ်တိုက်ပွဲဝင်ပြီး ကျဆုံးခဲ့သော ဆလိုင်းရိုးချင်းနှင့် တပ်ဖွဲ့ဝင်များကို လေးစား ဂုဏ်ပြုပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF – အရှိုနှင့်တကွ တော်လှန်ရေး ရဲဘော်ရဲဘက်များ အားလုံးနှင့် ထပ်တူ ဝမ်းနည်းကြေကွဲ ရသည်ဟု CNF က ဆိုသည်။ ဆလိုင်းရိုးချင်းနှင့် တပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်ပေးဆပ်မှုများကို အောက်မေ့အမှတ်ရပြီး မိမိတို့ ဆင်နွှဲလျက်ရှိသော ပြည်သူ့တော် လှန်ရေး ပန်းတိုင်ရောက်ရှိသည်အထိ ရှေ့ဆက်တိုက်ပွဲဝင်သွားမည်ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်သည်။ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ကလည်း CDF – အရှို တပ်ဦးချုပ် ကျဆုံးမှုသည် တန်ဖိုးဖြတ်မရသော ဆုံးရှုံးခြင်း၊ ဖော်ပြ၍ မရသော ဝမ်းနည်းခြင်းတို့ကို ဖြစ်စေသည်ဟု ဩဂုတ်လ ၁၉ ရက်မှာ ထုတ်ပြန်သော ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ ဖော်ပြထားသည်။ “ဆလိုင်းရိုးချင်းသည် မိမိတို့နှင့် ချင်းကာကွယ်ရေး- အရှိုတပ်ဖွဲ့ကြား လုပ်ငန်းဆိုင်ရာ…

Read More

၈ လအတွင်းမှာ ကလေးမြို့မှာ မူးယစ်ဆေးဝါးအလုံးအရင်းဖြင့် ၆ ကြိမ်ထက်မနည်းဖမ်းဆီး (004SS) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ သန်းကျော်ဖမ်းဆီးရမိ ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC MYANMAR) က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၅ ရက်နေ့ ည ၇ နာရီခွဲအချိန်က ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ မျိုးမြင့်နိုင်(ခ)ကိုမျိုး နှင့် ထွန်းထွန်းနိုင်(ခ)ဗန်လျန်းမွန်နာ(ခ)ဆန်းဒယ်ဘတယ်(ခ)ဗဒင် တို့အား စိတ်ကြွဆေးပြား ၆ ဒသမ ၂ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁၅ ဒသမ ၅ ဘီလီယံ)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းCCDAC က ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။ ကွင်းဆက်စစ်ဆေးချက်များအရ အဆိုပါ မူးယစ်ဆေးဝါးများကို စစ်ကိုင်းမြို့မှ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူမှာ နမ့်စန်မြို့နယ်၊ ပန်လင်းဆိုင်ရွာနေ ကျော်မြင့်(ခ)သာရှည်ကောဖြစ်ပြီး ကလေးမြို့၊ စမ်းမြို့ရပ်ကွက်နေ လာလ်ရိုဒင်းငါ (ခ)ဒင်းသဲ၊ ရန်ကုန်မြို့နေ မောင်သန်း နှင့် တီးတိန်မြို့နေ အင်းဆွင်းပုမ်းတို့ ၃ ဦးမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင် ဖော်ပြထား သည်။ ကလေးမြို့သည် နယ်စပ်ထွက်ပေါက် လမ်းဆုံလမ်းခွ၌ တည်ရှိနေခြင်းကြောင့် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုရာတွင် အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး မကြာခဏ ဖမ်းဆီးရမိမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ “ကလေးမြို့က ရှမ်းပြည်ဘက်ကနေရော၊ မန္တလေးဘက်ကရော၊ ထိုင်းဘက်ကနေရော ဘယ်ကလာလာ…

Read More

(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အမှတ် ၃ နယ်မြေအတွင်းရှိ ကျေးရွာ ၈ ရွာမှ ဒေသခံပြည်သူများက ချင်းပြည်သူ့ အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) ၏ ကာကွယ်ရေးအသုံးစရိတ်အတွက် ကျပ်သိန်း ၂၀ ထောက်ပံ့ ကူညီခဲ့ကြောင်း သိရသည်။ CPU/ CPA ၏ ချင်းပြည်နှင့် ပြည်သူလူထုအား ကာကွယ်ရေးတိုက်ပွဲတွင် အသုံးပြုရန်အတွက် ပလက်ဝမြို့နယ်၊ အမှတ် ၃ နယ်မြေအတွင်းရှိ ကျေးရွာ ၈ ရွာမှ ဒေသခံပြည်သူများက ပါဝင်လှူဒါန်းကြသော ရန်ပုံငွေ ကျပ်သိန်း ၂၀ ကို ဩဂုတ်လ ၂၃ ရက်မှာ ချင်းပြည်သူ့အစည်းအရုံး၏ ဘဏ္ဍာရေးကော်မရှင်က လက်ခံရရှိကြောင်း သိရသည်။ “ခုလို အခက်အခဲပေါင်းစုံနဲ့ ရုန်းကန်နေရချိန်မှာ ပလက်ဝက ချင်းညီအစ်ကိုတွေအနေနဲ့ ဒရုန်းသံ၊ လေယာဉ်သံ၊ ဗုံးသံ၊ လက်နက်ကြီးသံတွေ မကြားရဘဲ ဝေးနေပေမယ့်လည်း၊ ကိုယ်နဲ့မဆိုင်သလို မနေဘဲ တသားတည်းရပ်တည်ပြီး တတ်နိုင်သမျှ ခြစ်ကုတ်စုစည်းပြီး ချင်းပြည်ကာကွယ်ရေးမှာ ပါဝင်ကူညီကြတာကို ကျေးဇူးအထူးတင် အမှတ်တရ ရှိပါတယ်” ဟု CPU/CPA ၏ အတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောသည်။ လက်ရှိ ကျပ်တည်းနေချိန်မှာ တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကူညီ ရုန်းကန်သည့် ပလက်ဝမှ မိဘပြည်သူများကို ကျေးဇူးတင်ရှိကြောင်း၊ နောင်ကို အခွင့်အခါ ကြုံသောအချိန်တွင် မိမိတို့အနေဖြင့် ပြန်လည်ကူညီနိုင်အောင် ကြိုးစားသွားမည်ဟု ဆလိုင်းယောမာန်က သူ၏ လူမှုကွန်ယက်မှာ ရေးသားထားသည်။ မေလလယ်မှ စတင်၍ ချင်းတောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ ဦးတည်၍…

Read More