(004SS) ချင်းအမျိုးသားတပ်မတော် CNA က တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့သော ZRA-EC တပ်သား ဦးဆွပ်လမ်းခိုင် သည် သေဆုံးခြင်းမရှိဘဲ အသက်ရှင်လျှက် ကျန်းမာစွာရှိနေကြောင်း သိရသည်။ ဦး ဆွပ်လမ်းခိုင်သည် ဧပြီလ ၃ ရက်နေ့က တီးတိန်မြို့နယ် ဒါရ်ခိုင်ကျေးရွာတိုက်ပွဲတွင် CNA နှင့် ချင်းပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် CNA က သတ်ဖြတ်၍ သေဆုံးသွားပြီး မေလ ၁၄ ရက်နေ့က အလောင်းမပါပဲ သဂြိုလ်ခဲ့ကြသည်ဟု ဓာတ်ပုံနှင့်တကွ ZRA ကိုအားပေးထောက်ခံသော သတင်းဌာန နှင့် လူမှုကွန်ယက်စာမျက်နှာတချို့က ဖော်ပြခဲ့ကြသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဆွပ်လမ်းခိုင်ကိုယ်တိုင်ရှင်းလင်းပြောဆိုခဲ့သည့် ရုပ်သံကို Chinland Information Center က ယနေ့ထုတ်ပြန်ခဲ့သည်။ “ကျနော့ကို မေလ ၁၄ ရက်နေ့မှာ သဂြိုလ်လိုက်တယ်ဆိုပြီး ဖော်ပြကြတယ်၊ ဒါပေမဲ့ ကျွန်တော်က မသေပါဘူး။ ဒီမှာ (CNA ) မှာ ကျန်းကျန်းမာမာနဲ့ ရှိနေပါတယ် ဆိုတာ ကျွန်တော့မိဘတွေကို ပြောပြချင်ပါတယ်၊ ဒီကြားထဲ ကျွန်တော်က ဗိုက်နာ၊ ခေါင်းကိုက် ဖြစ်တယ်၊ ဆေးခန်းလည်း ၂ ကြိမ်သူတို့ လိုက်ပို့ပေးတယ် သူတို့ကျွန်တော့ကို ကောင်းကောင်းပြုစု ပေးကြတယ်။ အခုလို တိတိကျကျမသိဘဲနဲ့ မသေသေးတဲ့သူကို သေသွားပြီလို့ မီဒီယာပေါ်မှာ သတင်းလွှင့်ခြင်းခံရတဲ့အပေါ် ကျနော်အားငယ်ရတယ်၊ စိတ်မကောင်းဘူး၊ မိသားစုအတွက် နစ်နာမှုရှိပါတယ်၊ ဒါမျိုးမလုပ်သင့်ဘူးလို့ မှာချင်ပါတယ်” ဟု ဦးဆွပ်လမ်းခိုင်ကိုယ်တိုင်က ပြောဆိုခဲ့သည်။ ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်နှင့် ZRA-EC…
Author: Editor
(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် အမျိုးသမီးနှင့် ကလေးငယ် အများစုပါဝင်သော ဒေသခံ ၄၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ၃ ရက်ကြာအထိ အဆက်အသွယ် ပြတ်တောက်နေကြောင်း သတင်းရရှိသည်။ မေလ ၁၄ ရက်က အုံရွာတွင် ရောက်ရှိနေသော စစ်ကောင်စီတပ်သည် အုံရွာဒေသခံများ စစ်ဘေးရှောင်နေသော တောတောင်ထဲအထိ လိုက်လာပြီးနောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဟိုဘက်ကဟာနဲ့ပတ်သက်လို့ ဘာမှ သတင်းမရဘူး။ လူသားတံတိုင်း လုပ်သလား၊ သေကြသလား၊ ရှင်ကြသလား ဘာမှကို မကြားရသေးပါဘူး။ စစ်ကြောင်းက စစ်ရှောင်တွေနေရာကို ဝင်လာပြီးတော့ ဖမ်းသွားတယ်။ အများစုက အမျိုးသမီးနဲ့ ကလေးတွေများတယ်။ လေးနှစ်၊ ငါးနှစ်သားတွေ” ဟု ၎င်းကပြောသည်။ အဖမ်းခံရသော စစ်ဘေးရှောင်များသည် အမျိုးသမီးနှင့် ကလေးငယ်များက အများစုဖြစ်ကြပြီး အမျိုးသားထဲတွင် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် (၂) ဦး၊ ၇၀ ကျော်အရွယ် အမျိုးသား (၁) ဦး၊ ၆၀ ကျော်အရွယ် ကိုယ်အင်္ဂါမသန်စွမ်း အမျိုးသား (၁) ဦး၊ ၅၅ နှစ်အရွယ် စိတ်ကျန်းမာရေး အားနည်းသူ (၁) ဦးတို့ဖြစ်ကာ စုစုပေါင်း ၃၈ ဦးဖြစ်ကြောင်း သိရသည်။ လွီးစုံ၊ ကောက်စောင်းရွာဘက်တွင် အုံရွာမှ ဒေသခံပြည်သူအားလုံးသည် စစ်ဘေးရှောင်နေကြစဉ် စစ်ကောင်စီ၏ လာရောက်ဖမ်းဆီးမှုကြောင့် ဒေသခံပြည်သူ ၁၀၀ နီးပါးသည်လည်း ထပ်မံ၍ ပိုဝေးသောနေရာသို့ စစ်ဘေးရှောင်ကြရကြောင်း…
(005MK) အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် FMR စနစ်ဖျက်သိမ်းမှုနှင့် နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယ ဗဟိုအစိုးရအစီစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် Zo Reunification Organization (ZORO) အဖွဲ့က ဦးဆောင်ပြီး အိန္ဒိယ-မြန်မာ နယ်စပ်တွင် ယနေ့ မေလ ၁၆ ရက်နေ့၌ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ယနေ့ဆန္ဒဖော်ထုတ်မှုကို အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်း ဇိုခေါထာရ်ကျေးရွာတွင် ပြုလုပ်ခဲ့ကြပြီး ရာနှင့်ချီသော မီဇိုရမ်နှင့် ချင်းပြည်နယ်က ပြည်သူများက FMR ဖျက်သိမ်းမှုကို ဆန့်ကျင်ကြောင်း၊ နယ်စပ်ခြံစည်းရိုး ခတ်မည့်အစီစဉ်ကို ဆန့်ကျင်ကြောင်း၊ ညီအကိုများအား ပိုင်ခြား၍မရကြောင်း စသည့် စာတမ်းများကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ Zo Reunification Organization (ZORO) ဥက္ကဌ Pu R. Sangkawia က အိန္ဒိယ-မြန်မာ-ဘဂ်လားရှေ့်နိုင်ငံတွင် နေထိုင်ကြသော ဇိုး(ချင်း) မျိုးနွယ်စုများသည် တအူတုံဆင်းညီရင်းအကိုများဖြစ်ကြပြီး မိမိတို့မျိုးနွယ်စုများအား မည်သည့်အရာကမှပိုင်ခြား၍မရကြောင်း၊ အိန္ဒိယဗဟိုးအစိုးရက FMR ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်ရန် စီစဉ်ခြင်းသည်ဟု ကုလသမဂ္ဂဌာနေတိုင်းရင်းသားဆိုင်ရာကြေညာစာတမ်းအား ချိုးဖောက်ခြင်းဖြစ်သည်ဟု ယနေ့ပြုလုပ်သော ဆန္ဒဖော်ထုတ်မှုတွင် ပြောဆိုခဲ့သည်။ ထို့အပြင် ယနေ့ဆန္ဒဖော်ထုတ်မှုသည် မိမိတို့၏ အခွင့်အရေးအား ထိန်းသိမ်းကာကွယ်ခြင်းဖြစ်ကြောင်း ZORO ဥက္ကဌက ပြောဆိုသည်။ အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် Free Movement Regime အစီအစဉ်ကို ၁၉၇၀ ခုနှစ်များအတွင်း ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ဒေသခံများအနေဖြင့် တဘက်တချက်စီ၏ နိုင်ငံအတွင်းကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိ ဝင်ရောက် သွားလာခွင့် ပြုထားခြင်းဖြစ်သည်။…
(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ အစွန်းဆုံးရှိ တွန်းဇံမြို့စစ်ကောင်စီစခန်းကို CNA ဦးဆောင်သည့် ချင်းပူပေါင်းတပ်များက ယနေ့တွင် စတင်တိုက်ခိုက်ပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ယနေ့ မေလ ၁၆ မနက်ပိုင်းတွင် တွန်းဇံမြို့၊ စစ်ကောင်စီတပ် ခလရ – ၂၆၉ တပ်စခန်းကို ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ချင်းကာကွယ်ရေးပူးပေါင်းတပ်က စုပေါင်း၍ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။ “တွန်းဇံ ၂၆၉ စခန်းကုန်းကို တိုက်တာပါ။ ဒီနေ့မနက်မှ စတိုက်တာပါ။ စစ်ကောင်စီက ဖိုက်တာနဲ့ သုံးကြိမ် ဗုံးလာကြဲတယ်။ အခုက ZRA နဲ့ တိုက်နေတာ မဟုတ်ပါဘူး” ဟု ဆလိုင်းထက်နီက ပြောသည်။ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဂျက်ဖိုက်တာဖြင့် သုံးကြိမ် လာရောက် ပစ်ကူပေး၍ တိုက်ခိုက်နေသော်လည်း ချင်းပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိကြောင်း ဆလိုင်းထက်နီက ပြောသည်။ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၊ မီဇိုရမ်၊ မဏိပူရ်ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည် တွန်းဇံမြို့က စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ရေးအတွက် ချင်းပူးပေါင်းတပ်များက စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “CNA နဲ့ ချင်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဖော်ဆောင်တဲ့ စစ်ဆင်ရေးပါ၊ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြပါ” ဟု ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ မေလ ၁၁ ရက် တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်း (၂) ကျောင်း၊ အရပ်သားနေအိမ် (၅)…
(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဝင်ရောက်ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များ၏ ဇီဝအချက်အလက် ကောက်ယူမှုကို မကြာခင်စတင်အကောင်အထည်ဖော်ဆောင်နိုင်မည်ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။ ယနေ့ မေလ ၁၅ ရက်နေ့တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာကို မီဇိုးလူငယ်အသင်း (CYMA) ခေါင်းဆောင်များက သူ၏ရုံးခန်းတွင်သွားရောက်တွေ့ဆုံကာ မီဇိုရမ်ပြည်နယ်အတွင်းရှိ အထောက်အထားမဲ့နေထိုင်မှု များ၊ မူးယစ်ဆေးဝါး နှင့် စစ်ဘေးရှောင်များအရေးဆွေးနွေးရာတွင် ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုတွေ့ဆုံမှုတွင် CYMA ခေါင်းဆောင်များက မီဇိုရမ်ပြည်နယ်တွင် အိန္ဒိယနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသော Adhaar Card, ID Card နှင့် မွေးစာရင်းစသည့်အထောက်အထားများကို နိုင်ငံသားမဟုတ်သူများက ပိုင်ဆိုင်ရန်ကြိုးပမ်းမှုနှင့် ပိုင်ဆိုင်သူများရှိနေသောကြောင့် ယင်းကိစ္စကို သေချာကိုင်တွယ်ရန် အကြံပြုခဲ့ကြသည်။ စစ်ဘေးရှောင်များအရေးဆွေးနွေးရာတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်မှတ်တမ်းကောက်ယူရန် အသုံးပြုမည့် Biometric Enrolment Portal ကိုပြုလုပ်ထားပြီးဖြစ်ကာ မကြာခင်ကာလအတွင်း လက်တွေ့ အကောင်အထည်ဖော်ဆောင်နိုင်မည်ဟု ပြောဆိုခဲ့ကြောင်း All India Radio News ကဖော်ပြသည်။ အိန္ဒိယဗဟိုအစိုးရသည် မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များကို ဇီဝအချက်အလက်မှတ်တမ်းကောက်ယူရန် ညွန်ကြားခဲ့သော်လည်း ယခင်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါဦးဆောင်သော MNF အစိုးရက ငြင်းဆန်ခဲ့သည်။ ထို့နောက် မီဇိုရမ်ပြည်နယ်တွင် ပူးလာလ်ဒိုအောမ်မာဦးဆောင်သော ZPM အစိုးရတက်လာပြီးနောက်တွင်လည်း ဇီဝအချက်အလက်များကောက်ယူရန် အိန္ဒိယဗဟိုအစိုးရက ထပ်မံ ဖိအားပေးခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောလ်မာက မြန်မာစစ်ဘေးရှောင်များအား မြန်မာ နိုင်ငံကိုပြန်မပို့ဘူးဟု ကတိပြုပါက ဇီဝအချက်အလက်များကောက်ယူမှုကိုဆောင်ရွက်နိုင်မည်ဟု အိန္ဒိယဗဟိုအစိုးရကို တင်ပြခဲ့ရာမှာ အိန္ဒိယပြည်ထဲရေးဝန်ကြီးက ကတိပေးခဲ့သည်။ ထို့ကြောင့် ယခုအခါ မြန်မာစစ်ဘေးရှောင်များအား…
(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက် CDF – မတူပီ၊ တပ်မဟာ (၂) သည် နိုင်ငံရေး ရပ်တည်ချက်တွင် ချင်းလဲန်း ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ဧပြီလ ၁၁ ရက်မှ ၁၂ ရက်ထိ CDF- မတူပီ၊ တပ်မဟာ – ၂၏ တပ်ရင်း တပ်မှူးများနှင့် ဒေသ အုပ်ချုပ်ရေးအဖွဲ့ များဖြင့် ညီလာခံ ကျင်းပခဲ့ပြီး ရပ်တည်ချက်နှင့် အခြေခံမှုများ ရေးဆွဲနိုင်ခဲ့ကြပြီးနောက် ချင်းပြည်နိုင်ငံရေး ရပ်တည်ချက်တွင် မတူပီမြို့နယ် ပြည်သူလူထု အများသဘောတူ ချင်းလဲန်းကောင်စီကို ထောက်ခံသည်ဟု CDF-မတူပီ တပ်မဟာ (၂) သတင်းနှင့် ပြန်ကြား ရေးဌာနက ယမန်နေ့ မေလ ၁၄ ရက်က ထုတ်ပြန်သည်။ CDF -မတူပီ၊ တပ်မဟာ (၂) တွင် တပ်ရင်း (၂) (အောက်ချင်းတပ်ရင်း)၊ တပ်ရင်း (၃) ( ကိုင်ဆီတပ်ရင်း)၊ တပ်ရင်း – ၄ (လီစန်တပ်ရင်း) နှင့် တပ်ရင်း- ၆ (အိုင်ခါခ်တပ်ရင်း) တို့ပါဝင်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလထဲတွင် CDF – မတူပီ၏ တတိယအကြိမ် ညီလာခံမှာ နိုင်ငံရေးရပ်တည်ချက်တွင် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့နှင့် ICNCC ၊ ချင်းညီနောင်အဖွဲ့ဟူ၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး CDF – မတူပီသည် တပ်မဟာ (၂) ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ CDF – မတူပီ၊…
(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နှင့် မကွေးတိုင်း ပခုက္ကူမြို့ကြား မော်တော်ယာဉ်စီးခ ကျပ်ငွေ (၂) သိန်းကျော်အထိ မြင့်တက်လာပြီး ဒေသခံပြည်သူများ အခက်ကြုံနေကြရကြောင်း သိရသည်။ စစ်ရေးအခြေအနေကြောင့် မတူပီ-မင်းတပ်လမ်းပိုင်းအသုံး၍မရသောကြောင့် မတူပီ-ရေဇွာ-ဂန့်ဂေါလမ်းမှတဆင့် ပခုက္ကူမြို့သို့ သွားနေရသည့်အတွက် ယာဉ်စီးခမှာလည်း လူတစ်ဦးလျှင် ငွေကျပ် (၂၃၀,၀၀၀) ထိမြင့်တက်သွားသည် ဟု မတူပီမြို့ဒေသခံတစ်ဦးက ပြောသည်။ မတူပီမြို့ခံတစ်ဦးက “ခရီးသည်ကားတွေ ဈေးနှုန်း မြင့်လွန်းတယ်၊ ကုန်ပစ္စ ည်းတွေလဲ ဈေးများလွန်းတယ်လို့ ခရိုင်မှူး ဆီဆွေးနွေးကြပေမယ့် သိပ်ပြီးတော့ အဆင်မပြေချင်ဘူးခက်ခဲတဲ့ကြားထဲမှာ၊ ခရီးသွားတဲ့သူတွေရော အများကြီးပဲ ဆေးရုံ၊ ဆေးကုဖို့ ဆင်းတဲ့သူနဲ့ ၊ ရန်ကုန် ဆင်းတဲ့ သူနဲ့ လမ်းကြောင်းမကောင်းတော့ လိုင်းကားတွေက ၃ ရက် တကြိမ်လောက်ပြေးဆွဲနေတယ်” ဟု ပြောသည်။ ယခင်က မတူပီမြို့နှင့် ပခုက္ကူကြား ကားခမှာ လူတစ်ဦးလျှင် ကျပ်ငွေတစ်သောင်းခွဲခန့်သာရှိသည်ဟုသိရသည်။ ယခုကဲ့သို့ ယာဉ်စီးခများဈေးတက်ရခြင်းမှာ ပခုက္ကူ-မတူပီကြားလမ်းပိုင်းတွင် ဂိတ်ကြေးများ ကောက်ခံမှုများပြားခြင်းနှင့် ဒီဇယ်ဆီဈေးနှုန်းများ မြင့်တက်ခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။ ယခုလက်ရှိ မတူပီမြို့တွင် ကုန်တင်ကားများ ပုံမှန်ဝင်ရောက်လာမူများရှိနေသော်လည်း ဆန်အပါအဝင် စားသောက်ကုန် ကုန်ခြောက်ပစ္စည်းဈေးနှုန်းများ မြင့်တက်နေပြီး ပေါ်ဆန်းမွှေးဆန်တအိတ်လျှင် (၁၉၀,၀၀၀) အထိရှိကာ ဒီဇယ်ဆီများ၊ ဆေးဝါးများ ပြတ်လပ်သည်အထိ ဝယ်ယူရန် ရှားပါးသည်ဟု သိရသည်။ ထို့အပြင် မတူပီမြို့ပေါ်တွင် အလုပ်ကိုင်ရှားပါးလာသောကြောင့် ပင်စင်စားအစိုးရဝန်ထမ်းများမှအပ တနေ့လုပ် တနေ့စား သာမာန်ပြည်သူအများစုမှာ မတူပီမြို့ စွန့်ခွာကာ တခြားဒေသနှင့် နယ်စပ်ဘက်ကို ပြောင်းရွေ့နေထိုင်သူ များပြားလာသည်ဟု သိရသည်။
(004SS) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်လာကြသော ကျောင်းသူ/သားများ ပညာဆက်လက်သင်ယူနိုင်ရန် အိန္ဒိယ-မြန်မာနယ်စပ်တနေရာတွင် Paletwa Education Centre ကျောင်းဖွင့်လှစ်လိုက်ပြီဟု သိရသည်။ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ကျောင်းသူ/သားများ ပညာဆက်လက်သင်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင် နယ်စပ်ကျေးရွာတနေရာမှာ ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု Paletwa Education Centre ကျောင်း ဒါရိုက်တာ ဆရာမောဆက်ကပြောသည်။ “ပလက်ဝမှာ ကျောင်းဖွင့်မဲ့ အစီစဉ်လဲ မရှိတော့တဲ့အတွက်ကြောင့်ပေါ့နော်၊ နောက်ပြီးတော့ ကျောင်း ဆရာ ဆရာမလဲ ဘယ်သူမှ မရှိတော့ဘူးပေါ့၊ အဓိက ဒီစစ်ဘေးရှောင်ကလေးတွေ ကျောင်းတက်လို့ရမဲ့နေရာ မရှိတော့တဲ့အတွက် ကြောင့် ဒီမှာ တက်လို့ရနိုင်အောင် စီစဉ်ပေးရတာပါ” ဟု ဆရာမောဆက်ကပြောသည်။ မေလ ၁ ရက်နေ့ကစ၍ ကျောင်းအပ်နှံခြင်းလက်ခံခဲ့ပြီးနောက် မေလ ၂၀ ရက်နေ့ကစ၍ ဖွင့်လှစ်သင်ကြားသွားမည်ဟု သိရသည်။ အစကနဦးပိုင်းတွင် အလယ်တန်းနှင့် အထက်တန်းကိုသာ ဖွင့်လှစ်ရန် စီစဉ်ထားခဲ့ သော်လည်း မိဘပြည်သူများ တောင်းဆိုမှုကြောင့် သူငယ်တန်းမှ အထက်တန်း ၁၂ တန်းအထိ ဖွင့်လှစ်သွားမည်ဟု သိရသည်။ ယနေ့ မေလ ၁၃ ရက်နေ့အထိ ကျောင်းတက်ရန် အမည်စာရင်းပေးသွင်းသူ အယောက် ၁၉၀ ကျော်နှင့် ရွာဘက်မှ ထပ်မံရောက်ရှိမည့် ကျောင်းသူကျောင်းသားများအပါအဝင် စုစုပေါင်း အယောက် ၄၀၀ ကျော်ရှိပြီဖြစ်ကာ သင်ကြားပေးမည့် ဆရာ၊ ဆရာမအင်အား ၂၅ ဦးရှိကြောင်း တာာဝန်ရှိသူထံမှ သိရသည်။…
မကွေးတိုင်း၊ ဆောမြို့နယ်၊ တောမကျေးရွာကို ယနေ့ မေလ ၁၄ ရက်မွန်းလွဲပိုင်း ၃ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦးသေဆုံးကာ ၉ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီသည် ယနေ့မွန်းလွဲပိုင်း ၃ နာရီခန့်တွင် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောမကျေးရွာကို ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၁၀ လုံးခန့်ပျက်စီးသွားခဲ့သည်ဟု ယောအလင်းတန်းကဖော်ပြသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်နှင့် ၅ နှစ်သားအရွယ်ကလေးငယ် ၂ ဦးနှင့် အမျိုးသမီး ၄ ဦးအပါအဝင် စုစုပေါင်း ၇ ဦးသေဆုံးကာ ၉ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ယခုလေကြောင်းတိုက်ခိုက်မှုသည် ဆောမြို့နယ်ထဲ တပတ်အတွင်း ဒုတိယအကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခံ ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် မေလ ၉ရက်နေ့ မနက် ၁၁ နာရီခန့်က ဆောမြို့နယ် အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၁၆ ဦး သေဆုံးကာ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ဓာတ်ပုံ – ယောအလင်းတန်း
(006SV) ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီ၏ စစ်ကြောင်းထိုးခြင်းနှင့်လေကြောင်းတိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေး (၃)နှစ်အတွင်း ဒေသခံပြည်သူ ၁၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး ထောက်ပံ့ကူညီမှု မရရှိသလောက် နည်းပါးကြောင်း သိရသည်။ CDF ကန်ပက်လက်၏ တော်လှန်ရေး (၃) နှစ်ပြည့်သည့် မေလ ၁၃ ရက်နေ့တွင် ကန်ပက်လက်ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရ သော အခြေအနေများ ထုတ်ပြန်ရာမှာ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။ “စားဝတ်နေရေးက ကူညီနိုင်တဲ့ အဖွဲ့အစည်း ကြီးကြီးမာမား မရှိဘူး။ ကိုယ့်ဟာနဲ့ကိုပဲ။ တခါတလေမှာတော့ NGO အဖွဲ့အစည်း အသေးတွေ ဝင်တာမျိုးတော့ ရှိတယ်။ အခက်အခဲကတော့ အများကြီးပဲ” ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး၊ လူသားစာနာဌာနမှ တာဝန်ရှိသူက ပြောသည်။ ကန်ပက်လက်စစ်ဘေးရှောင်များသည် စားဝတ်နေရေးအတွက် ဆန်ဆီဆားတို့ကို အဓိက လိုအပ်နေပြီး ဆေးဝါးအကူအညီလည်း အများအပြားလိုအပ်ကြောင်း သိရသည်။ မိုးရာသီရောက်လျှင် လမ်းပန်းဆက်သွယ်ရေး ပိုခက်ခဲလာနိုင်သာကြောင့် ဒေသခံပြည်သူများ၏ အခက်အခဲမှာ ပိုတိုးလာရန် သာရှိကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဌာနမှ သိရသည်။ “ထောက်ပံ့တဲ့အဖွဲ့ အစည်းတွေ နည်းပါးတဲ့အတွက် အဖွဲ့အစည်းတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေး၊ လူသားစာနာနဲ့ ချိတ်ဆက်ပြီး အကူအညီပေးကြစေချင်ပါတယ်။ လာမယ့် ပညာသင်နှစ် ကျောင်းလည်း မကြာခင် ဖွင့်တော့မှာ ဆိုတော့ ကိုယ်ထူ ကိုယ်ထ ပညာရေးစနစ်ကို ဖော်ဆောင်မှာ၊ ခုပြည်သူတွေက ထွက်ပြေးရတာ ကြာပြီးဆိုတော့ ပညာရေးနဲ့ ပတ်သက်တဲ့ အထောက် အပံ့လုပ်နေတဲ့ အဖွဲ့တွေရှိရင် ကူညီထောက်ပံ့မှုတွေ ပေးစေချင်ပါတယ်” ဟု မြို့နယ်…