Author: Editor

(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့အနီးရှိ တောတောင်ဒေသများအတွင်း အများပြည်သူများ သွားလာလှုပ်ရှားခြင်း မပြုကြရန် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ – ဟားခါး (CDF-Hakha) က ယမန်နေ့၊ ဖေဖော်ဝါရီ ၈ ရက်တွင် အရေးပေါ် သတိပေးချက် ထုတ်ပြန်သည်။ အဆိုပါ ကန့်သတ်ချက်မှာ ယနေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့မှ စတင်ကာ နောက်ထပ် ထုတ်ပြန်ချက် တစုံတရာ မထုတ်ပြန်မချင်း အတည်ဖြစ်ကြောင်း သိရသည်။ လတ်တလော နယ်မြေအတွင်း ဖြစ်ပေါ်နေသော လုံခြုံရေး အခြေအနေများကြောင့် ပြည်သူများ၏ အသက်အန္တရာယ်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ သွားလာမှု ကန့်သတ်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ” ဒီလို ထုတ်ပြန်ချက်မျိုးက ကျွန်မတို့ ပြည်သူတွေအနေနဲ့ လိုက်နာသင့်တယ်။ သူတို့ဘာကြောင့်ထုတ်ပြန်တာလဲ ဆိုတာ မသိပေမဲ့ ပြည်သူ့အသက်အန္တရယ်အတွက် စိုးရိမ်စရာရှိလို့ဖြစ်မှာပဲ။ ဟားခါးကတော့မထင်မှတ်တဲ့ချိန် တိုက်ပွဲငယ်တွေလဲ ဖြစ်ဖြစ်သွားတယ်ဆိုတော့ သတိထားသင့်တယ်။” ဟု ဟားခါးမြိုဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ဟားခါးမြို့နယ်အတွင်း မိဘပြည်သူများအနေဖြင့် အဆိုပါ ထုတ်ပြန်ချက်ကို လေးနက်စွာ လိုက်နာပြီး ပူးပေါင်းဆောင်ရွက် ပေးကြရန်လည်း CDF-Hakha က မေတ္တာရပ်ခံထားသည်။ ယခင်ကလည်း ဟားခါးမြို့ပေါ်နှင့် အနီးအနားဝန်းကျင်များတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲငယ်များ ဖြစ်ပွါးလေ့ရှိသည်။

Read More

(002MG)စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း အမျိုးသမီး (၅၅) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၄ ဦးအထိ ရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂမှ ယနေ့ ဖေဖော် ဝါရီလ (၉) ရက်တွင် သတင်းထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်ကော်မရှင်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၄၆) ဦး၊ လက်နက်ကြီးကြောင့် (၇) ဦး နှင့် မတရား သတ်ဖြတ်ခံရမှုကြောင့် (၂) ဦး စုစုပေါင်း ၅၅ ဦး တို့ အသက်ဆုံးရှုံးခဲ့ကြရသည်ဟု သိရသည်။ အဆိုပါသေဆုံးသူများထဲတွင် အသက် (၁၈) နှစ်အောက် အမျိုးသမီးငယ် (၄) ဦး နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး (၂) ဦး ပါဝင်သည်ဟု ဖော်ပြထားသည်။ ထို့အပြင်လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၄၁) ဦး၊ လက်နက်ကြီးကြောင့် (၃) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၅) ဦး၊ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် အမျိုး သမီး (၅) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြ သည်ဟု သိရသည်။ စစ်ကိုင်းတိုင်းသည် အမျိုးသမီးသေဆုံးမှု (၂၀) ဦးဖြင့် အမြင့်ဆုံးဒေသဖြစ်ပြီး ရခိုင်ပြည်နယ်တွင် (၁၀) ဦး၊ ကချင်ပြည် နယ်တွင် (၈) ဦး၊ ပဲခူးတိုင်း တွင် (၄) ဦး၊ မကွေးတိုင်းတွင် (၃)၊ မန္တလေးတိုင်းတွင် (၃) ဦး၊ တနသ်ာရီတိုင်းတွင် (၃) ဦး၊…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့အနီးက ချန်းပြန်း (က) ရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ CDM တတိယတန်းကျောင်းသား ၁ ဦး သေဆုံးပြီး ကျောင်းသား/သူအပါအဝင် ဒေသခံပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု မတူပီဒေသခံနှင့် မတူပီမြို့နယ်ပညာရေးအဖွဲ့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၈ ရက်က မတူပီမြို့နယ်၊ ချန်းပြန်း (က) ရွာတွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျောင်းသူ၊ ကျောင်းသား ၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိရာ ကျောင်းသား ၁ ဦး သေဆုံးပြီး ပညာရေးမှ စေတနာ့ဝန်ထမ်း ၁ ဦးနှင့် ဒေသခံပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာများရရှိကြောင်း သိရသည်။ “လေကြောင်း တိုက်ခိုက်မှုအတွင်းမှာ ကျောင်းသား/သူ ၆ ဦးထဲက ၁ ဦးကတော့ ကွယ်လွန်သွားပါပြီ။ ဒဏ်ရာရတဲ့ ဒေသခံပြည်သူက ၆ ဦး ရှိနေပါတယ်။ စေတနာ့ဝန်ထမ်း ၁ ဦးလည်း ဒဏ်ရာ ရပါတယ်။ ဒဏ်ရာ ရတဲ့ ဒေသခံတွေထဲမှာ ၂ ဦးကတော့ စိုးရိမ်ရတယ်” ဟု မတူပီမြို့နယ်ပညာရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ထိခိုက်ဒဏ်ရာ ရရှိသူများထဲတွင် ၂ ဦး၏ အခြေအနေသည် စိုးရိမ်ရပြီး ချန်းပြန်း(က)ရွာ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ဒေသခံ စုစုပေါင်း ၁၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခြင်းဖြစ်သည်ဟု သိရသည်။ မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့ကလည်း ချန်းပြန်း (က) တွင် နေထိုင်သော…

Read More

(004SS) မလေးရှားနိုင်ငံရှိ ဒုက္ခသည်များ တရားဝင်အလုပ်လုပ်ကိုင်ခွင့်နှင့် ကလေးငယ်များ ပညာသင်ကြားခွင့် ရရှိနိုင်ရေးအတွက် လွှတ်တော်အတွင်း ဥပဒေမူကြမ်းများ တင်သွင်းနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်အချို့က ကြိုးပမ်းသွားမည်ဟု သိရသည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့က မလေးရှားလွှတ်တော် (Parliament) တွင် ကျင်းပပြုလုပ်သည့် ဒုက္ခသည်များအရေးဆိုင်ရာ Parliamentary Symposium ဆွေးနွေးပွဲ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ UNHCR တာဝန်ရှိသူများနှင့် ဒုက္ခသည်အဖွဲ့ အစည်းများ တွေ့ဆုံစဉ် ယင်းကဲ့သို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် Alliance of Chin Refugees (ACR) ဥက္ကဋ္ဌ ဆလိုင်းဂျဲမ်းစ် (James Bawi Thang Bik) က လက်ရှိတွင် ဒုက္ခသည်များမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အဖမ်းအဆီးများကို ရင်ဆိုင်နေရပြီး ကလေးငယ်များ၏ ပညာရေးမှာလည်း ဥပဒေကြောင်းအရ အကာအကွယ်မဲ့နေကြောင်း ထောက်ပြပြောဆိုခဲ့သည်။ “မလေးရှားမှာက ဒုက္ခသည်ကလေးတွေ တရားဝင်ကျောင်းတက်လို့မရတဲ့အခါ ကိုယ်ထူကိုယ်ထ အခြေခံကျောင်းတွေ ဖွင့်ပေးတယ်၊ အဲဒါတောင်မှ ရဲ၊ လဝကနဲ့ စည်ပင်တွေက လိုက်ပိတ်ပင်တာတွေ ရှိပါတယ်။ မလေးရှားအစိုးရရဲ့ Child Right Convention (CRC) အဖွဲ့ဝင်ဖြစ်ရဲ့သားနဲ့ ဥပဒေအရ အနိုင်ကျင့်ခံရတဲ့ကိစ္စတွေကို ကျွန်တော်တင်ပြခဲ့တယ်။ အချို့ MP တွေက ဒီဥပဒေမူကြမ်းတွေကို တင်သွင်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ တုံ့ပြန်တဲ့အတွက် ဒါဟာ ဒုက္ခသည်အရေး မူဝါဒ အပြောင်းအလဲဖြစ်လာနိုင်မယ့် ခြေလှမ်းအစလို့ မြင်ပါတယ်” ဟု Alliance of Chin Refugees (ACR) ဥက္ကဋ္ဌ ဆလိုင်းဂျဲမ်းစ်က ပြောသည်။…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီမြို့နယ်များကို ယနေ့တွင် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများကြောင့် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ၁၀ ဦးခန့်ထိခိုက်ဒဏ်ရာများ ရရှိသကဲ့သို့ နေအိမ်နှင့် အစိုးရအဆောက်အဦး အများအပြား ထိခိုက်ပျက်စီးကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီခွဲခန့်က ကန်ပက်လက်မြို့ တစ်နေရာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ဗုံး ၂ လုံး ကြဲချခဲ့ကြောင်း ဒေသခံတစ်ဦးဖြစ်သူ Hkl mindat ထံမှ သိရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန်ပက်လက်မြို့မှ ပြည်သူနေအိမ်များနှင့် အစိုးရရုံးတချို့ ထိခိုက်ပျက်စီးမှု ရှိကြောင်း သိရသည်။ ယနေ့ နံနက် ၁၀ နာရီခန့်မှာလည်း မင်းတပ်မြို့ပေါ် တစ်နေရာကို စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၂ လုံး အသုံးပြု၍ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဈေးဆိုင်များ၊ ဓမ္မရုံ၊ ခန်းမဆောင်ဟောင်းနှင့် နေအိမ်တချို့ထိခိုက်ပျက်စီးသည်ဟု သိရသည်။ အလားတူ ယနေ့ မွန်လွဲ ၁၂ နာရီခွဲခန့်တွင် မတူပီမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို နေ့လည် ၂ နာရီ ၄၆ မီနှစ်ခန့်မှာလည်း ဂျက်ဖိုက်တာ ၁ စီးဖြင့် ၁ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့်…

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ဦးတည် ထိုးစစ်ဆင်နေသော စစ်ကော်မရှင်တပ်များနှင့် ချင်းပူးပေါင်းတပ်တို့ကြား ဖြစ် ပွားသော ၄ လတာတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်မှ အရာရှိ ၉ ဦးအပါအဝင် ၂၀၀ ကျော် သေဆုံးကြောင်း သိရသည်။ စစ်ကိုင်း၊ ကလေးမြို့မှ ချင်းတောင်၊ ဖလမ်းမြို့သို့ ဦးတည်၍ စစ်ကော်မရှင်တပ်သည် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းများမှ ထုတ်နုတ်စုဖွဲ့ထားသော တပ်ရင်း ၉ ရင်းဖြင့် စစ်အင်အား ထောင်ချီ အသုံးပြုပြီး ထိုးစစ်ဆင်နေသည်မှာ ၄ လကျော် ရှိနေပြီ ဖြစ်ကြောင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဌာနက ယနေ့ ဖေဖော်ဝါရီလ ၈ ရက်မှာ ထုတ်ပြန်သည်။ စစ်ကော်မရှင်တပ်၏ စစ်ကြောင်းများကို ချင်းလဲန်းအစိုးရတပ်ဖွဲ့၏ စစ်ကြောင်း ၂ ၊ စစ်ကြောင်း ၃ နှင့် စစ်ကြောင်း ၄ စသော စစ်ကြောင်း သုံးကြောင်းဖြင့် ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။ “ ချင်းလဲန်အစိုးရတပ်ဖွဲ့၏ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုကြောင့် အရာရှိ (၉) ဦး အပါအဝင် ရန်သူ (၂၀၀) ကျော်ကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည” ဟု ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဌာနက ထုတ်ပြန်သည်။ ပြီးခဲ့သော နှစ်လကျော်အတွင်း ဖလမ်းမြို့နယ်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလာခဲ့ရာ စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ၊ Y – 12 တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်…

Read More

(006SV) ချင်း- မကွေးအစပ်၊ ဆောမြို့နယ်၊ ကျောက်ထုဒေသရှိ မိအယ်ကျေးရွားကို စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရာ ကလေးငယ် ၂ ဦးအပါအဝင် ဒေသခံပြည်သူ ၅ ဦး သေဆုံးပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ဖေဖော်ဝါရီလ ၅ ရက် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က ကျောက်ထုတိုက်နယ်အရှေ့ခြမ်းရှိ မိအယ်ကျေးရွာကို စစ်ကော်မရှင်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မကွေးလေတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်သည်ဟု သိရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အောက်နှင့် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးကလေးငယ် ၂ ဦး၊ အသက် ၇၀ ဝန်းကျင် အမျိုးသမီး ၁ ဦး၊ အသက် ၅၀ ကျော်နှင့် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးတို့ သေဆုံးခဲ့ရပြီး အမျိုးသမီး ၂ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။ ဒေသခံပြည်သူနေအိမ် ၄၀ ခန့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ရာမှာ နေအိမ် ၅ အိမ်မှာ လုံးဝပျက်စီးသွားကြောင်း သိရသည်။ “လတ်တစ်လောကတော့ အိမ်တွေ ၄၀ လောက်ပျက်ဆီးတာတွေရှိတယ်ဗျ။ ပြည်သူတွေကတော့ ထိန်လန့် နေတာပေါ့လေ။ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေ စိုးရိမ်လို့ ရွာထဲမှာ မနေရဲသူတွေလည်းရှိပါတယ်။ မနေ့ညကဆို တောထဲတွေမှာ သွာအိပ်ကြတာမျိုးတွေရှိပါတယ်ဗျ ။…

Read More

(002MG) ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော ဆဲန်ထန်းဗဟိုကောင်စီထိန်းချုပ်ထားသည့်နယ်မြေအတွင်းရှိ လူငယ်များ ထောက်ခံစာမပါဘဲ နယ်မြေဖြတ်သန်းခွင့်မပြုကြောင်း ဖေဖော်ဝါရီ ၅ ရက် ယနေ့တွင် ထုတ်ပြန်ထားသည်။ ဆဲန်ထန်းဗဟိုကောင်စီထိန်းချုပ်နယ်မြေအတွင်းရှိ အသက် ၁၅ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ လူငယ်များအနေဖြင့် ဆဲန်ထန်းနယ်မြေအတွင်းမှ နယ်မြေဖြတ်ကျော်လိုပါက ကာကွယ်ရေး၊ပြည်ထဲ ရေးဌာနများထံ (၇) ရက်ကြိုတင် တရား ဝင် ထောက်ခံစာတောင်းခံရမည်ဖြစ် ကြောင်း ဖော်ပြထားသည်။ သက်ဆိုင်ရာဌာနထောက်ခံချက်များမရှိပါက နယ်စပ်ဂိတ်များတွင်ဖြတ်သန်းခွင့်ပြုမှာမဟုတ်သည့်အပြင် တော်လှန် ရေးကာလဆဲန်ထန်း ကာ ကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအမိန့်ညွှန် ကြားချက်အတိုင်း ဆောင်ရွက်သွားမည် ကြောင်း ဆဲန်ထန်းဗဟိုကောင်စီက ထုတ်ပြန်ထားသည်။ ဆဲန်ထန်းဗဟိုကောင်စီသည် နွေဦးတော် လှန်ရေးအတွင်း အကြမ်းဖက်စစ်အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေး အတွက် ဆဲန်ထန်းတော်လှန်ရေးတပ်ဖွဲ့ ( Senthang Revolution Force ) အားဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်သူများထောက်ခံမှုဖြင့် (CDM) မှ နွေဦးတော်လှန် ရေးအောင်နိုင်ရေးသို့ ဦးတည်ကာ တစိုက်မတ်မတ်ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Read More

ကချင်ပြည်သူ အယောက်စီတိုင်းအတွက် တရားမျှတမှု ပြန်လည်း ရရှိစေရန် ဆောင်ရွက်မည်ဟု NUG ပြော (006SV) ညီရင်းအစ်ကိုဖြစ်သော ကချင်လူမျိုးတို့နှင့် တော်လှန်တွဲလက်များ ပိုမိုခိုင်မြဲစေပြီး ကချင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်များ အောင်မြင်သည်အထိ ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး (CNF/ CNA) က ကြေညာသည်။ ယနေ့ ဖေဖော်ဝါရီလ ၅ ရက်မှာ ကျရောက်သည့် ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ ပေးပို့သော ချင်းအမျိုးသားတပ်ဦး၏ သဝဏ်လွှာတွင် အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။ ကချင်တော်လှန်ရေး စတင်သော အချိန်မှစတင်၍ ယနေ့အချိန်အထိ တော်လှန်ရေးအင်အားစု မြောက်များစွာကို ဖေးမတွဲကူကာ စံနမူနာကောင်းဖြင့် ဦးဆောင်တိုက်ပွဲဝင်လျက်ရှိသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)ကို ဂုဏ်ယူလေးစားပါကြောင်း CNF က ထုတ်ပြန်သည်။ ကချင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက်နှင့် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြကုန်သော တော်လှန်ပြည်သူ တရပ်လုံး၏ ရည်မှန်းချက်များ ပြည့်မြောက်သည်အထိ KIO/ KIA အနေဖြင့် ဆက်လက်ဦးဆောင် တိုက်ပွဲဝင် နိုင်ပါစေကြောင်း ဆန္ဒပြု ဆုမွန်ကောင်း တောင်းအပ်သည်ဟု သဝဏ်လွှာတွင်ဖော်ပြထားသည်။ တော်လှန်ရေးကာလအတွင်း အသက်သွေးချွေးနှင့် ကိုယ်လက်အင်္ဂါပေးလှူခဲ့ရသော ကချင်အာဇာနည်း ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းကို ဂုဏ်ယူလေးစားမှု အပြည့်ဖြင့် ဦးညွှတ်အလေးပြုပါကြောင်း CNF/ CNA က ထုတ်ပြန်သည်။ တော်လှန်ရေးခရီးတလျှောက် ပေးဆပ်ခဲ့ကြသော အာဇာနည်သူရဲကောင်းများ၊ မိသားစုဝင်များနှင့် စစ်ပွဲကြောင့် အိုးအိမ်စွန့်လွှတ်ခဲ့ရသည့် ကချင်စစ်ဘေးရှောင်ပြည်သူများ အယောက်စီတိုင်းအတွက် ထိုက်တန်သည့် တရားမျှတမှု ပြန်လည်း ရရှိစေရန်…

Read More

(005MK) အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်သည် ဗဟိုအစိုးရ၏ စီမံကိန်းဖြစ်သောကြောင့် ပြည်နယ်အစိုးရအနေဖြင့် ဆန့်ကျင်ကန့်ကွက်နိုင်သော အခွင့်အာဏာမရှိကြောင်း မီဇိုရမ်ပြည်နယ်အစိုးရကပြောသည်။ ယနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ဦးဆောင်သော အစိုးရအဖွဲ့ ဝန်ကြီးများ အစည်းအဝေးတွင်နယ်စပ်အရေးနှင့်ပတ်သက်၍ ပြည်နယ်အစိုးရသဘောထားကို ထုတ်ပြောလာခြင်းဖြစ်သည်။ အိန္ဒိယ နှင့် မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့်ပတ်သက်၍ ပြည်နယ်အစိုးရသည် နဂိုရပ်တည် ချက်အတိုင်း ဆက်လက်ရပ်တည်ပြီး သို့သော်လည်း ဗဟိုအစိုးရစီမံကိန်းဖြစ်သောကြောင့် ပြည်နယ်အစိုးရက ဆန့်ကျင် ကန့်ကွက်နိုင်သည့် အခွင့်အာဏာမရှိဟု မီဇိုရမ်အစိုးရကပြောသည်။ ကီလိုမီတာ ၁၆၀၀ ကျော်ရှည်လျားသော အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးခတ်ရန် အိန္ဒိယဗဟိုအစိုးရ စီစဉ်နေခြင်းဖြစ်ပြီး မီဇိုရမ် နှင့် ချင်းပြည်နယ် နယ်စပ်တချို့မှာ မြေပြင်ကွင်းဆင်းတိုင်းတာမှုများလည်းဆောင်ရွက်နေပြီ ဖြစ်သည်။ မီဇိုရမ်ပြည်နယ်က အင်အားကြီး အရပ်ဖက်အဖွဲ့ အစည်းများဖြစ်ကြသော ဗဟိုမီဇိုးလူငယ်အသင်း CYMA၊ မီဇိုးကျောင်းသားသမဂ္ဂ MZP နှင့် ZORO အဖွဲ့များကတော့ ဆန့်ကျင်ကန့်ကွက်ထားကြသည်။ ထို့အပြင် မီဇိုရမ်ပြည်နယ် လွှတ်တော်မှာလည်း အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ကန့်ကွက်ကြောင်း ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလမှာကျင်းပသော လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခဲ့ကြသည်။ မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာပင် ထိုကဲ့သို့ ကန့်ကွက်ကြောင်း အဆိုကို အတည်ပြုထားကြပြီးဖြစ်သော်လည်း ဗဟိုအစိုးရ၏ စီမံကိန်းဖြစ်သည့်အတွက်ဟုဆိုကာ ပြည်နယ်အစိုးရတွင် ကန့်ကွက်နိုင်သော အခွင့်အာဏာမရှိကြောင်း မီဇိုရမ်ပြည်နယ်အစိုးရက လေသံပြောင်းပြောဆိုလာခြင်းဖြစ်သည်။

Read More